တဖုရှေးဟောင်းနိုင်ငံ...
Vol. 68 Ch. 966
ကွမ်လဲ့၏ ဖရိုဖရဲဆင့်ကဲပြောင်းလဲမှုစွမ်းအားက ထူးခြားပြီး သူ၏ ကိုယ်ပွား၃၃ခုက မူလခန္ဓာကိုယ်၏ စွမ်းအားနှင့် နီးစပ်သောကြောင့် သူက ရတနာနယ်မြေ၏ အမြုတေများကို စောင့်ရှောက်ရန် အသင့်တော်ဆုံးဖြစ်သည်။
စကားပြောပြီးနောက် နတ်ဘုရားအရှင်သခင်များက ထိုင်လိုက်ကြသည်။ လင်းယွမ်က အာရုံများကို စုစည်းပြီး အဝေးမှ ရတနာနယ်မြေကို စောင့်ကြည့်ရင်း ကျင့်ကြံခြင်းကို ဆက်လုပ်နေသည်။
တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင် ဆယ့်နှစ်ယောက်က စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့ကို လင်းယု နတ်ဘုရားအရှင်သခင်က ဦးဆောင်နေပြီး သူက အလွန်ရှေးကျသော နတ်ဘုရားအရှင်သခင်တစ်ယောက် ဖြစ်သည်။
လင်းယု၏ မျက်လုံးများက နက်ရှိုင်းသော အကျဉ်းထောင်ကြီးနှစ်ခုကဲ့သို့ ဖြစ်နေပြီး အဝေးမှ တောင်တန်းများကို စိုက်ကြည့်နေသည်။ သူ၏ ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားများက သူ၏ မျက်လုံးများထဲတွင် ရှိနေပြီး ထိုမျက်လုံးများကို စိတ်ဝိညာဉ်အကျဉ်းထောင်ဟု ခေါ်လေသည်။
" လင်းယု မင်းဘယ်လိုခံစားရလဲ။ ယုံကြည်ချက်ရော ရှိရဲ့လား။ " လင်းယု၏ ဘေးမှ လင်းကန်က မေးလိုက်သည်။
" ယုံကြည်မှုအကြောင်းပြောဖို့က စောလွန်းပါသေးတယ်။ " လင်းယုက ခေါင်းခါလိုက်သည်။ " တဖုရှေးဟောင်းနိုင်ငံက လူတွေရောက်မလာသေးဘူး။ "
တဖုရှေးဟောင်းနိုင်ငံက ရှေးဟောင်းနိုင်ငံခြောက်ခုအနက် တစ်ခုဖြစ်သော်လည်း အခြားငါးနိုင်ငံနှင့်မတူဘဲ ပထမဆုံး ထွက်ပေါ်လာသော ရှေးဟောင်းနိုင်ငံဖြစ်ပြီး သူတို့၏ ဘိုးဘေးက ပခမဆုံး အချိန်သက်ရှိဖြစ်သည်။
တဖုရှေးဟောင်းနိုင်ငံ၏ အခြေခံမှာ အတိုင်းအဆမရှိ နက်ရှိုင်းလှပြီး ရှေးဟောင်းနိုင်ငံငါးခုအနက် အချိန်သက်ရှိနှစ်ယောက်က တဖုရှေးဟောင်းနိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်သည်။
ရင်းမြစ်ကမ္ဘာ၏ ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံကြားတွင် ယှဉ်ပြိုင်နေကြသည်ဟု ထင်ရသော်လည်း တဖုရှေးဟောင်းနိုင်ငံက အားလုံးထက် သာလွန်သော အနေအထားတွင် ရှိနေသည်။ တဖုဘိုးဘေးအပြင် ရှေးဟောင်းနိုင်ငံ၏ ကြောက်စရာကောင်းသော နတ်ဘုရားအရှင်သခင်များကြောင့်လည်း ဖြစ်သည်။ အရေအတွက်အရဖြစ်စေ စွမ်းအားအရဖြစ်စေ သူတို့က အခြားရှေးဟောင်းနိုင်ငံများထက် သာလွန်နေသည်။
" တဖုရှေးဟောင်းနိုင်ငံ..." လင်းကန်က ဖိအားများကို ခံစားလိုက်ရသည်။
သူက လင်းယု၏ ဆိုလိုရင်းကို နားလည်လေသည်။ အကယ်၍ တဖုရှေးဟောင်းနိုင်ငံက သူတို့၏ အစွမ်းထက်ဆုံး နတ်ဘုရားအရှင်သခင်များကို စေလွှတ်လိုက်လျှင် လင်းယုက ယုံကြည်ချက်ရှိမည်မဟုတ်ပေ။
" တဖုရှေးဟောင်းနိုင်ငံကလွဲရင် ကျန်တဲ့ ရှေးဟောင်းနိုင်ငံလေးခုက မင်းအတွက် ပြဿနာမရှိလောက်ပါဘူး။ " လင်းကန်က ဆက်ပြောလိုက်သည်။
" ကျန်တဲ့ ရှေးဟောင်းနိုင်ငံလေးခုလား။ " လင်းယုက အဝေးသို့ ကြည့်နေသည်။ ထိုနေရာတွက် လီယန်၊ ရွှမ်ယင်၊ မန်ဟွမ်းနှင့် ကျင်းလဲ့ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များ ရှိနေကြသည်။
အတိတ်က စွမ်းဆောင်ရည်များအရဆိုလျှင် လင်းယုက သဘာဝအတိုင်း ယုံကြည်မှုရှိပေသည်။ သို့သော် အဆင့်တစ်ရတနာနယ်မြေအတွက် ယှဉ်ပြိုင်မှုတွင် ရှေးဟောင်းနိုင်ငံမျာယက လျို့ဝှက်ချက်များစွာကို အသုံးပြုကြသည်။
ရွှမ်ယင်ရှေဟောင်းနိုင်ငံဘက်တွင် နတ်ဘုရားအရှင်သခင်များကလည်း အခြားသူများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
" တလင်းရှေးဟောင်းနိုင်ငံက လင်းယုကို စေလွှတ်လိုက်တာပဲ။ ဒါက အတော်လေး ဒုက္ခများလိမ့်မယ်။ " စုယင်က တလင်းရှေးဟောင်းနိုင်ငံဘက်သို့ ကြည့်ပြီး ပြောလိုက်သည်။
ရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များထဲတွင် လင်းယုက ကိုင်တွယ်ရန် အခက်ခဲဆုံးသူဖြစ်သည်။ ၎င်းက လင်းယု၏ သတ်ဖြတ်နိုင်စွမ်းကြောင့်မဟုတ်ဘဲ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များကိုပင် ချုပ်နှောင်ထားနိုင်သည့် သူ၏ မျက်လုံးများကြောင့် ဖြစ်သည်။
ပုံမှန်အချိန်များတွင် ထိုစွမ်းရည်က ဘာမှမဟုတ်ပေ။ နတ်ဘုရားအရှင်သခင်များ၏ စွမ်းအားဖြင့် ရုန်းထွက်နိုင်သောကြောင့် အချိန်ဆွဲနိုင်ရုံမျှသာဖြစ်သည်။ သို့သော် ရတနာနယ်မြေ၏ အမြုတေများကို သန့်စင်ရာတွင် ထိုအချိန်ခဏလေးကို အတိအကျ လိုအပ်ခြင်းဖြစ်သည်။
" လင်းယုရဲ့ စိတ်ဝိညာဉ်အကျဉ်းထောင်နှစ်ခုက တကယ် ဒုက္ခပေးနိုင်ပေမယ့် အနိုင်မယူနိုင်တာ မဟုတ်ပါဘူး။ သူက ချုပ်နှောင်နိုင်ရင်တောင် ရှေးဟောင်းနိုင်ငံတွေက နတ်ဘုရားအရှင်သခင် ၇၀၊ ၈၀ လောက်မှာ သူက ဘယ်နှစ်ယောက်ကို ချုပ်နှောင်နိုင်မှာလဲ။ သူက အားလုံးကို ချုပ်နှောင်ထားနိုင်မှာမဟုတ်တာတော့ သေချာတယ်။ " ဒီယင်က မှတ်ချက်ပေးလိုက်သည်။
ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ နတ်ဘုရားအရှင်သခင် ၁၂ ယောက်ထဲတွင် စုယင်နှင့် ဒီယင်တို့က အသန်မာဆုံးလေးယောက်ထဲတွင် ပါဝင်ကြသည်။
" သတိထားဖို့တော့ လိုသေးတယ်။ " စုယင်က ပြောလိုက်သည်။
ကျင့်လဲရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူများက အခြေခံအားဖြင့် မိုးကြိုးစွမ်းရည်ဖြင့် မွေးဖွားလာသူများ ဖြစ်ကြသည်။ ကျင်းလဲ့ဘိုးဘေးက ရင်းမြစ်ကမ္ဘာတွင် မိုးကြိုးမှ အသက်ဝင်လာသော ပထမဆုံး သက်ရှိဟု ဆိုကြသည်။
နောက်ပိုင်းတွင် သူက တဖုဘိုးဘေး၏ တပည့်ဖြစ်လာခဲ့ပြီး အဆုံးတွင် အလွှာဆယ့်သုံးကို တက်လှမ်းကာ ကျင်းလဲ့ရှေးဟောင်းနိုင်ငံကို တည်ထောင်ခဲ့သည်။
" ဒီရတနာနယ်မြေပြိုင်ပွဲမှာ ငါတို့က ဒီနယ်မြေကို သိမ်းပိုက်နိုင်အောင် ကြိုးစားရမယ်။ ငါတို့မရရင် တဖုရှေးဟောင်းနိုင်ငံကို ဒီရတနာနယ်မြေရဖို့ ကူညီပေးရမယ်။ " နတ်ဘုရားအရှင်သခင်တစ်ယောက်က ပြောလိုက်သည်။
တဖုရှေးဟောင်းနိုင်ငံနှင့် ကျင်းလဲ့ရှေးဟောင်းနိုင်ငံတို့က ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။ ကျင်းလဲ့ဘိုးဘေးက ရှေးဟောင်းနိုင်ငံကို တည်ထောင်ရန် ခွဲထွက်သွားခဲ့သော်လည်း တဖုရှေးဟောင်းနိုင်ငံနှင့် ပက်သက်မှုများရှိနေဆဲ ဖြစ်သည်။
" ပြဿနာမရှိဘူး။ " အခြားနတ်ဘုရားအရှင်သခင်များက ခေါင်းညိမ့်လိုက်ကြသည်။
ရတနာနယ်မြေပြိုင်ပွဲကို နှစ်ပေါင်းနှစ်ထောင်ကန့်သတ်ထားသည်။ နှစ်ပေါင်းနှစ်ထောင်ကြာပြီးနောက် ရတနာနယ်မြေ၏ အမြုတေများကို အများဆုံး သန့်စင်နိုင်သူက ရတနာနယ်မြေကို အုပ်ချုပ်ခွင့်ရရှိမည်ဖြစ်သည်။
အကယ်၍ ကျင်းလဲ့ရှေးဟောင်းန်ုင်ငံက ရတနာနယ်မြေ၏ အမြုတေအနည်းငယ်ကိုသာ သန့်စင်နိုင်ပြီး ထိပ်ဆုံးသုံးနိုင်ငံစာရင်းထဲမဝင်ခဲ့လျှင် သူတို့က ထိုအမြုတေများကို တဖုရှေးဟောင်းဟောင်းနိုင်ငံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ အနည်းဆုံးတော့ တဖုရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို ရရှိနိုင်ပေလိမ့်မည်။
အမှန်တော့ ထိုသို့ပြုလုပ်ခြင်းက သူတို့သာ မဟုတ်ပေ။ အခြားရှေးဟောင်းနိုင်ငံများကလည်း သူတို့သန့်စင်ထားသော အမြုတေများက ပထမရရှိရန် အခင့်အရေးမရှိကြောင်းသိခဲ့လျှင် သူတို့က အမျိုးမျိုးသော စျေးနှုန်းများဖြင့် ရောင်းချကြပေလိမ့်မည်။
" ဒီတစ်ခါ တဖုရှေးဟောင်းနိုင်ငံက ဘယ်သူတွေကို စေလွှတ်မလဲ ငါသိချင်မိတယ်။ " ခေါင်းဆောင်ဖြစ်သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် ရှေးဟောင်းနိုင်ငံငါးနိုင်င့်မှ နတ်ဘုရားအရှင်သခင်များအားလုံး ရောက်ရှိနေပြီဖြစ်ပြီး တဖုရှေးဟောင်းနိုင်ငံ တစ်ခုတည်းသာ ကျန်ရှိတော့သည်။
မန်ဟွမ်းရှေးဟောင်းနိုင်ငံ၏ နေရာတွင် အရပ်ရှည်ရှည်နှင့် ပုံရိပ်ဆယ့်နှစ်ခုရပ်နေပြီး သူတို့၏ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်တို့က အနည်းငယ် ပျက်စီးနေသည်။
" ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံထဲမှာ တဖုရှေးဟောင်းနိုင်ငံက အဆင့်တစ် ရတနာနယ်မြေတွေကို အများဆုံး ပိုင်ဆိုင်ထားတယ်။ " ခေါင်းဆောင် နတ်ဘုရားအရှင်သခင်တစ်ယောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ " ဒါပေမယ့် ငါတို့ရှေးဟောင်းနိုင်ငံက အဆင့်တစ် ရတနာနယ်မြေ ဆယ်ခုကျော်လောက်ပဲ သိမ်းပိုက်ထားပြီး အနည်းဆုံး ဖြစ်နေတယ်။ "
အဆင့်တစ်ရတနာနယ်မြေတစ်ခုက နတ်ဘုရားအရှင်သခင်များအတွက် အကျိုးရှိသော အရင်းအမြစ်များကို ထုတ်ပေးသည်။ အဆင့်တစ်ရတနာနယ်မြေများကို ပိုမိုသိမ်းပိုက်ထားနိုင်ခြင်းက ချက်ချင်း ထူးခြားမှုမရှိနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏ အကျိုးသက်ရောက်မှုက ကြီးမားလှသည်။
ရှေးဟောင်းနိုင်ငံများ၏ ဘိုးဘေးနျားက အမွေအနှစ်များနှင့် လျို့ဝှက်နည်းစနစ်များကိုသာ ချန်ခဲ့ကြသည်။ တဖုရှေးဟောင်းနိုင်ငံက အလွန်ရှေးကျပြီး သဘာဝအတိုင်း နတ်ဘုရားအရှင်သခင်များက ပိုမိုထွက်ပေါ်လာကြသည်။ ၎င်းက အကြောင်းရင်းတစ်ခုဖြစ်သော်လည်း အဓိကအကြောင်းရင်းတော့မဟုတ်ပေ။
တဖုရှေးဟောင်းနိုင်ငံ၏ အင်အားက အလွန်ကြီးမားနေခြင်းမှာ သူတို့က ရတနာနယ်မြေများကို အများဆုံး သိမ်းပိုက်ထားသောကြောင့်ဖြစ်ပြီး အထူးသဖြင့် အဆင့်တစ် ရတနာနယ်မြေများကြောင့် ဖြစ်သည်။ တဖုရှေးဟောင်းနိုင်ငံက ရင်းမြစ်ကမ္ဘာရှိ အဆင့်တစ် ရတနာနယ်မြေများ၏ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားကြသည်။
" အဲ့ဒါကြောင့် အခု အဆင့်တစ် ရတနာနယ်မြေက ငါတို့ရှေးဟောင်းနိုင်ငံအတွက် မဖြစ်မနေလိုအပ်တယ်။ "
ယခုအချိန်တွင် ရတနာနယ်မြေများကို ရရှိရန် ရှေးဟောင်းနိုင်ငံများက အလုံးစုံစစ်ပွဲကို စတင်ရန် လိုအပ်ပြီး ပြိုင်ဘက်၏ အဆင့်တစ် ရတနာနယ်မြေများ၏ တည်နေရာများကို သိမ်းပိုက်ရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်မှသာ အဆင့်တစ်ရတနာနယ်မြေ၏ အုပ်ချုပ်ခွင့်ကို ရရှိနိုင်သည်။
၎င်းနှင့်ယှဉ်လျှင် ယခု အသစ်ထွက်ပေါ်လာသော အဆင့်တစ် ရတနာနယ်မြေအတွက် ယှဉ်ပြိုင်မှုမှာ ပို၍ သက်သာသည်။ အချိန်ကို နှစ်ပေါင်းနှစ်ထောင် ကန့်သတ်ထားပြီး ရှေးဟောင်းနိုင်ငံတစ်ခုစီက အထွတ်အထိပ် နတ်ဘုရားအရှင်သခင် ၁၂ ယောက် ပါဝင်ခွင့်ရှိသည်။
အဓိကအချက်မှာ အဆင့်တစ် ရတနာနယ်မြေကို ရယူရာတွင် စွမ်းအားတစ်ခုတည်းသာမက ကံကောင်းမှုလည်း ပါဝင်နေသည်။ ကံကောင်းလျှင် ရတနာနယ်မြေ၏ အမြုတေများကို အမှတ်မထင် ရှာတွေ့နိုင်သည်။
ရတနာနယ်မြေ၏ အမြုတေများကို ဝယ်ယူနိုင်သော်လည်း ကုန်ကျစရိတ် အနည်းဆုံး ဖြစ်နိုင်ရန် သူတို့ကိုယ်တိုင်လည်း ရတနာနယ်မြေ၏ အမြုတေများကို ပိုမိုရရှိရန် ကြိုးစားရမည်ဖြစ်သည်။ မန်ဟွမ်းရှေးဟောင်းနိုင်ငံက ထိုရတနာနယ်မြေကို အလွန်လိုချင်သော်လည်း လူမိုက်များတော့မဟုတ်ကြပေ။