← Chapters

လင်းယုနှင့် တိုက်ခိုက်ခြင်း....

Vol. 68 Ch. 968

လင်းယုနှင့် တိုက်ခိုက်ခြင်း....

Vol. 68 Ch. 968

" ထွက်လာကြတော့။ " လင်းယုက တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်အချို့၏ ရုပ်ခန္ဓာများကို ထုတ်ပေးလိုက်သည်။ " အခုကစပြီး သန့်စင်ကြတော့။ "

" ကောင်းပါပြီ။ " နတ်ဘုရားအရှင်သခင်များက တက်ကြွလာကြသည်။

ကျင်းလဲ့ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်က လင်းယု၏ ရှေ့တွင် ခုခံနိုင်စွမ်းမရှိဘဲ ဘယ်ဘက်မျက်လုံး အကျဉ်းထောင်၏ ချုပိနှောင်မှုကို ခံလိုက်ရသည်။

မကြာမီ ရတနာနယ်မြေ၏ အမြုတေကို တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက သန့်စင်လိုက်ကြသည်။

" ဟမ် " လင်းယုက အာရုံခံနည်းစနစ်ကို အသုံးပြုပြီး နောက်ထပ် ရှာဖွေမှုတစ်ခုကို ပြုလုပ်လိုက်ပြီး သူရပ်နေသော နေရာမှ ပျောက်ကွယ်သွားသည်။

အခြားတစ်နေရာတွင် လင်းယွမ်က စူးစမ်းရှာဖွေနေရင်း သူ၏ အမူအရာက အနည်းငယ ပြောင်းလဲသွားသည်။

" အဲ့ဒါက ဘာလဲ။ " လင်းယွမ်က ချက်ချင်း မိုင်ပေါင်းဘီလီယံချီဝေးသော နေရာတွင် ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်တို့နှင့် တစ်သားတည်းဖြစ်လုနီးပါး ဖြစ်နေသော ပုံရိပ်ယောင်တိုင်ကြီးက တွေ့လိုက်ရသည်။

" ဒါက ရတနာနယ်မြေရဲ့ အမြုတေပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

ဟုန်လျန်က ရတနာနယ်မြေ၏ အမြုတေကို ရှာတွေ့ပြီးနောက် ဆက်တိုက်ဆိုသကဲ့သို့ အခြားနတ်ဘုရားအရှင်သခင်ငါးယောက်ကလည်း အမြုတေများကို ရှာတွေ့ခဲ့ကြသည်။ လင်းယွမ်၏ ရှေ့မှ ရတနာနယ်မြေအမြုတေက လီယန်ရှေးဟောင်းနိုင်ငံမှ ရှာတွေ့ခဲ့သော ခုနှစ်ခုမြောက် အမြုတေဖြစ်သည်။

ထိုရတနာနယ်မြေအမြုတေကို တွေ့လိုက်သည်နှင့် လင်းယွမ်က ချီယန်နှင့် ကွမ်းလဲ့တို့ကို ချက်ချင်း ဆက်သွယ်လိုက်သည်။

" ငါ အရင်ဆုံး သန့်စင်ကြည့်လိုက်မယ်။ " ချီယန်နှင့် ကွမ်လဲ့တို့က လာနေဆဲ ဖြစ်ပြီး အချိန်လိုအပ်လေသည်။ လင်းယွမ်က ထိုအချိန်အတွင်း အစိတ်အပိုင်းအချို့ကို သန့်စင်နိုင်လေသည်။ ၎င်းက အားလုံးကို သန့်စင်သော အချိန်ကို သက်သာစေပေလိမ့်မည်။ ထိုအတွေးဖြင့် လင်းယွမ်က ချက်ချင်း အလုပ်စလိုက်သည်။

" ဟမ် " လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားပြီး အထက်သို့ မော့ကြည့်လိုက်သည်။

ပုံရိပ်တစ်ခုက ထိုနေရာတွင် ပေါ်လာပြီး လင်းယွမ်ကို ငုံ့ကြည့်နေသည်။

" လီယန်ရှေးဟောင်းနိုင်ငံက နဂါးငွေ့တန်းလား။ " လင်းယုက ပြုံးလိုက်သည်။ သူ၏ စိတ်ဝိညာဉ်အကျဉ်းထောင်စွမ်းအားက တဖုရှေးဟောင်းနိုင်ငံမှ ဖုရှုနှင့် မတွေ့သရွေ့ အခြားနတ်ဘုရားအရှင်သခင်များကို ခဏ ပိတ်လှောင်ထားနိုင်လေသည်။

" လင်းယုလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

လင်းယု၏ စွမ်းအားက ချီယန်နှင့် ကွမ်လဲ့တို့နှင့် အဆင့်တူသော်လည်း ရင်ဆိုင်ရန် ခက်ခဲမှုအပိုင်းတွင် သူတို့ထက်ပင် ကျော်လွန်လေသည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ သီးခြားဟင်းလင်းပြင်တွင်။

" လင်းယုက အဲ့ဒီကို ရောက်လာတာလား။ " ချီယန်က လင်းယွမ်ကို ကြည့်လိုက်သည်။ " မင်း အဲ့ဒီနေရာကနေ ချက်ချင်း ဆုတ်ခွာလိုက်ပါ။ "

" အဲ့ဒီနေရာကနေ ဆုတ်ခွာရမယ်။ " လင်းယွမ်က ချီယန်ကို ကြည့်လိုက်သည်။ ရတနာနယ်မြေအမြုတေကို ရှာတွေ့ပြီးမှ လင်းယု၏ လက်ထဲသို့ ထိုအတိုင်း ထည့်ပေးလိုက်ရမှာလား။

" မင်းမဆုတ်ခွာလို့ လင်းယုရဲ့ စိတ်ဝိညာဉ်အကျဉ်းထောင်ထဲမှာ ပိတ်မိသွားရင် ငါတို့အတွက် ဆုံးရှုံးမှုပိုကြီးသွားလိမ့်မယ်။ " ချီယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ရတနာနယ်မြေအမြုတေကို စွန့်လွှတ်လိုကမရခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသော်လည်း အချိန်ဆွဲနေလျှင် လီယန်ရှေးဟောင်းနိုင်ငံ၏ ဆုံးရှုံးမှုက အမြုတေတစ်ခုသာမဟုတ်ဘဲ လင်းယွမ်ပါ ပါဝင်သွားနိုင်လေသည်။

" ဆုတ်ခွာရမှာလား။ " လင်းယွမ်က လင်းယုကို ကြည့်ပြီး တွေးလိုက်သည်။

" ငါ့ရဲ့ စိတ်ဝိညာဉ်အကျဉ်းထောင်ထဲကို ဝင်လိုက်စမ်း။ " လင်းယုက လင်းယွမ်ကို ငုံ့ကြည့်လိုက်သည်။

သူ၏ ညာဘက်မျက်လုံးက စတင်ကျယ်ပြန့်လာကာ ကောင်းကင်ထိမြင့်မားသော စိတ်ဝိညာဉ်အကျဉ်းထောင်အဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်၏ ပတ်ဝန်းကျင်ကို ပိတ်ဆို့ကာ ညာဘက်မျက်လုံးထဲသို့ စုပ်ယူလိုက်သည်။

အခြားရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များကို ဖိနှိပ်ပိတ်လှောင်ထားခြင်းက ထိုနိုင်ငံများအတွက် ပိုမိုကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေသောကြောင့် လင်းယုက ထိုအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။

" မင်းတို့ မြန်မြန်သန့်စင်လိုက်ကြ။ " နဂါးငွေ့တန်းကို ညာဘက်မျက်လုံးထဲသို့ စုပ်ယူပြီးနောက် လင်းယုက လက်ဝှေ့ရမ်းလိုက်သည်နှင့် နတ်ဘုရားအရှင်သခင်အချို့ ပေါ်လာသည်။

" ကောင်းပါပြီ။ " တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက လင်းယုကို ကြည့်ပြီး စိတ်ဓာတ်များ တက်ကြွနေကြသည်။

အချိန်တိုအတွင်း သူတို့က အခြားရှေးဟောင်းနိုင်ငံများမှ ရတနာနယ်မြေအမြုတေနှစ်ခုကို လုယူနိုင်ခဲ့ပြီး ထိုအတိုင်းဆက်သွားလျှင် သူတို့က အနိုင်ရရှိရန် စိတ်ကူးယဉ်မှုတစ်ခု မဟုတ်တော့ပေ။

သို့သော် တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက ပုံရိပ်ယောင်တိုင်ကို သန့်စင်တော့မည်အချိန်တွင် အစောပိုင်းက တည်ငြိမ်နေခဲ့သော လင်းယု၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ကိုသူ မထိန်းချုပ်နိုင်ဘဲ နေညက်သို့ ဆုတ်သွားသည်။ သူ၏ ညာလက်ကလည်း ညာဘက်မျက်လုံးကို အုပ်ကိုင်လိုက်သည်။

" လင်းယု ဘာဖြစ်လို့လဲ။ " နတ်ဘုရားအရှင်သခင်များက တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိထားမိလိုက်ပြီး ချက်ချင်း မေးလိုက်ကြသည်။

" ငါ..." လင်းယု၏ ဘယ်ဘက်မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး အခြားသူများကို ကြည့်လိုက်သည်။ " ငါ့နားကနေ ဝေးဝေးသွားကြစမ်း။ "

" ဝေးဝေးသွားရမယ်..." နတ်ဘုရားအရှင်သခင်များက အချင်းချင်း ကြည့်လိုက်ကြပြီး ဘာဖြစ်နေသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။

သူတို့မသိသည်မှာ လင်းယုဖုံးအုပ်ထားသော ညာဘက်မျက်လုံးတွင် အနီရောင်အလင်းများ စတင်ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ထိုအနီရောင်အလင်းများကို အဆပေါင်းများစွာ တိုးချဲ့ကြည့်လျှင် ၎င်းမှာ တောက်လောင်နေသော နေမင်းများစွာနှင့် တူပေလိမ့်မည်။

အဆုံးမရှိသော အနီရောင်အလင်းစက်များက လင်းယု၏ ညာဘက်မျက်လုံးမျက်နှာပြင်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထိုခဏတွက် လင်းယု၏ ညာဘက်မျက်လုံးက တိုက်ရိုက်ပေါက်ကွဲသွားသည်။

လင်းယု၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော စိတ်ဝိညာဉ်အကျဉ်းထောင်နှစ်ခု ကိန်းအောင်းနေပြီး ၎င်းတို့က သူဆင့်ကဲပြောင်းလဲထားသော ဖရိုဖရဲလမ်းစဉ်စွမ်းအားပင်ဖြစိသည်။ သူက တိုက်ရိုက်တိုက်ခိုက်မှုအပိုင်းတွင် ထူးထူးခြားခြား အစွမ်းထက်ခြင်းမရှိသော်လည်း ရန်သူကို ဖိနှိပ်ခြင်းနှင့်ပိတ်လှောင်ခြင်းတွင် ရောက်ရှိနေသော နတ်ဘုရားအရှင်သခင်များကြား ထိပ်ဆုံးသုံးယောက်တွင် ပါဝင်ပေလိမ့်မည်။

" ငါ့မျက်လုံး..." လင်းယုက အော်ဟစ်လိုက်သည်။ သူ၏ ညာဘက်မျက်လုံးက ပေါက်ကွဲသွားခဲ့ပြီး ၎င်းက သူ၏ ဖရိုဖရဲလမ်းစဉ်စွမ်းအား ပျက်စီးခြင်းနှင့် အတူတူပင်ဖြစ်သောကြောင့် သူ့ကို များစွာ ထိခိုက်စေသည်။

ထူထပ်သော အချိန်လေဟာနယ်လှိုင်းများ၏ အနက်ရှိုင်းဆုံးနေရာမှ လင်းယွမ်က ထွက်လာပြီး ညာဘက်မျက်လုံးကို အုပ်ထားသော လင်းယုကို ကြည့်လိုက်သည်။ လင်းယု၏ ညာဘက်မျက်လုံးထဲရှိ စိတ်ဝိညာဉ်အကျဉ်းထောင်အတွင်း၌ အချိန်လေဟာနယ်က ဖြစ်ပေါ်လုနီးပါး ဖြစ်နေသည်။

လင်းယွမ်က ၎င်းအတွင်း ပိတ်မိသွားသည်နှင့် ကမ္ဘာနတ်စွမ်းရည်ကို ချက်ချင်း ထုတ်ဖော်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်း လီယန်မဟာစက်ဝန်းက ပြင်ပကမ္ဘာကို ရောင်ပြန်ဟပ်ကာ လီယန်နေမင်း ၃၃၃၃၃ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ တစ်ချက်တည်းနှင့် သူက လင်းယု၏ ညာဘက်မျက်လုံး စိတ်ဝိညာဉ်အကျဉ်းထောင်ကို ဖောက်ခွဲပစ်ခဲ့သည်။

" ဒီစိတ်ဝိညာဉ်အကျဉ်းထောင်က တကယ်အစွမ်းထက်တာပဲ။ " လင်းယွမ်က တွေးလိုက်သည်။ အကယ်၍ သူက လီယန်မဟာစက်ဝန်းသာ မရှိလျှင် စိတ်ဝိညာဉ်အကျဉ်းထောင်ထဲတွင် ရက်အနည်းငယ်မှ ဆယ်ရက်ကျော်အထိ ဖိနှိပ်ခံရပေလိမ့်မည်။

" နဂါးငွေ့တန်း မင်းက အထွတ်အထိပ် နတ်ဘုရားအရှင်သခင်စွမ်းအားကို ပိုင်ဆိုင်ထားတာလား။ " လင်းယု၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသော်လည်း လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားသည်။

ညာဘက်မျက်လုံးက ပေါက်ကွဲသွားခဲ့သော်လည်း ဘယ်ဘက်မျက်လုံးက ရှိနေပြီး အခြေခံက ရှိနေဆဲ ဖြစ်သည်။ သူ၏ မျက်လုံးထဲမှ စိတ်ဝိညာဉ်အကျဉ်းထောင်ကို ချိုးဖျက်ရန် အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များထဲမှပင် အမြင့်ဆုံးအဆင့်ရှိသူဖြစ်ရပေလိမ့်မည်။ ယခု လင်းယွမ်က ထိုကဲ့သို့သော လူတစ်ယောက်ဖြစ်နေသည်။

အနီးမှ နတ်ဘုရားအရှင်သခင်များ၏ အမူအရာများကလည်း ပြောင်းလဲသွားကြသည်။ နဂါးငွေ့တန်းက အခုမှ နတ်ဘုရားအရှင်သခင်အဆင့်ကို တက်လှမ်းလာတဲ့သူ မဟုတ်ဘူးလား။

" ဟုတ်ပါတယ်။ " လင်းယွမ်က လင်းယုကို ကြည့်လိုက်သည်။ သူက တစ်ဖက်လူ၏ စိတ်ဝိညာဉ်အကျဉ်ထောင်ထဲတွင် ပိတ်မိနေစဉ် ရွေးချယ်စရာမရှိဘဲ သူ၏ စွမ်းအညးကို ထုတ်ဖော်ခဲ့ရသည်။

" မင်းရဲ့ ဘိုးဘေးသွေးမျိုးဆက်က နတ်ဘုရားအရှင်သခင်အဆင့်ကို ရောက်ခဲ့တယ်ဆိုရင်တောင် မင်းက ဒီလောက်မြန်မြန် တိုးတက်လာလိမ့်မယ်လို့ ငါမယုံဘူး။ " လင်းယုက လင်းယွမ်ကို ကြည့်လိုက်ပြီး သူ၏ ဘက်ဘယ်မျက်လုံး အနက်ရှိုင်းဆုံးနေရာတွင် ဝဲဂယက်တစ်ခုက လျို့ဝှက်စွာ လည်ပတ်နေသည်။

ခဏအတွင်း ကောင်းကင်နှင့်မြေကြီး၏ နိယာမများက ပြောင်းလဲသွားပြီး လင်းယု၏ ဘယ်ဘက်မျက်လုံးထဲမှ စိတ်ဝိညာဉ်အကျဉ်းထောင်က အပြင်ကို ကူးပြောင်းလာသကဲ့သို့ နက်ရှိုင်းသော အကျဉ်းထောင်တစ်ခု ထွက်ပေါ်လာသည်။

အဆင့်မတူညီသော ရန်သူများနှင့် ရင်ဆိုင်ရာတွင် လင်းယုက နည်းလမ်းအမျိုးမျိုးရှိသည်။ သာမန်နတ်ဘုရားအရှင်သခင်များနှင့် ရင်ဆိုင်ရာတွင် သူတို့ကို မျက်လုံးထဲမှ စိတ်ဝိညာဉ်အကျဉ်းထောင်ထဲသို့ ပိတ်လှောင်ထားလိုက်ရုံသာဖြစ်သည်။

သို့သော် အဆင့်တူများနှင့် ရင်ဆိုင်ရလျှင် ပို၍ သတိထားရမည်ဖြစ်ပြီး တစ်ဖက်က စိတ်ဝိညာဉ်အကျဉ်းထောင်ကို ဖျက်ဆီးနိုက်သော နည်းလမ်းမရှိမှသာ ပိတ်လှောင်ရန် စဉ်းစားရမည်ဖြစ်သည်။

" သူက ငါပြင်ပစွမ်းအားကို သုံးတယ်လို့ ထင်နေတဲ့ပုံပဲ။ " လင်းယွမ်က တွေးလိုက်သည်။

စိတ်ဝိညာဉ်အကျဉ်းထောင်ကို ဖောက်ခွဲရန် သူအသုံးပြုခဲ့သော စွမ်းအားက အမြင့်ဆုံး နတ်ဘုရားအရှင်သခင်အဆင့်တွင် ရှိနေသည်မှာ ရှင်းလင်းသော်လည်း လင်းယွမ်က ထိုအဆင့်သို့ ရောက်နေသည်ဟု မဆိုလိုပေ။

မည်သို့ပင်ဖြစ်စေ လင်းယု၏ ညာဘက်မျက်လုံးက ပေါက်ကွဲသွားပြီး အကြီးအကျယ် ဆုံးရှုံးခဲ့သောကြောင့် သူက လင်းယွမ်ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ။

All Chapters