← Chapters

လင်းယွမ်၏ စွမ်းအား...

Vol. 68 Ch. 969

လင်းယွမ်၏ စွမ်းအား...

Vol. 68 Ch. 969

" ဒါဆိုလည်း မင်းရဲ့ စွမ်းအားကို ကြည့်ရသေးတာပေါ့။ " လင်းယွမ်က ပတ်ဝန်းကျင်တွင် ပြောင်းလဲနေသော အချိန်လေဟာနယ်ကို စောင့်ကြည့်နေလိုက်သည်။

အမြင့်ဆုံး နတ်ဘုရားအရှင်သခင်တစ်ယောက်က ဖရိုဖရဲဟင်းလင်းပြင်မှ အနှိုင်းမဲ့မဟာသူတော်စင်အဆင့်နှင့် နီးစပ်နေပြီး ထိုသို့သော ပြိုင်ဘက်မျိုးက လင်းယွမ်အတွက် စိတ်ဝင်စားစရာဖြစ်နေသည်။ ယခင် စိတ်ဝိညာဉ်အကျဉ်းထောင်ကို ဖောက်ခွဲနိုင်ခဲ့ခြင်းမှာ လင်းယု၏ ပေါ့ဆမှုကြောင့်သာဖြစ်ပြီး လင်းယွမ်က ၎င်းကို အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။

ဝုန်း ဝုန်း...

ထိုခဏတွင် အချိန်လေဟာနယ်နှစ်ခုက ပြင်းထန်စွာ ရင်ဆိုင်မိသွားကြသည်။ လင်းယု၏ ဘယ်ဘက်မျက်လုံး စိတ်ဝိညာဉ်အကျဉ်းထောင်နှင့် လင်းယွမ်၏ ပြင်ပကမဖဘာတို့က အဆက်မပြတ် ရောယှက်နေကြပြီး ထိုကြောက်စရာကောင်းသော စွမ်းအားကြောင့် အချိန်လေဟာနယ်များက ပျက်စီးသွားကြသည်။

" လင်းယုက တကယ်ဒေါသထွက်နေပြီ။ " အဝေးတွင် အမြုတေကို သန့်စင်တော့မည့် တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက အဝေးသို့ ဆုတ်ခွာသွားကြသည်။

ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံ၏ နတ်ဘုရားအရှင်သခင်များကို အဆင့်လေးဆင့်ဖြင့် ခွဲခြားနိုင်သည်။ သာမန်နတ်ဘုရားအရှင်သခင်များ၊ အထွတ်အထိပ်နတ်ဘုရားအရှင်သခင်များ၊ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များနှင့် ဖုရှုကဲ့သို့ အသန်မာဆုံးနတ်ဘုရားအရှင်သခင်များဖြစ်ကြသည်။

ဖုရှုက အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များထက် သာလွန်နေခြင်းမှာ ဘိုးဘေးထံမှ ဆင်းသက်လာသော အမြင့်ဆုံးအမွေအနှစ်ကို ကျွမ်းကျင်ထားသောကြောင့် ဖြစ်သည်။

ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံမှ ဘိုးဘေးများက အမြင့်ဆုံးအမွေအနှစ်များကို ချန်ထားခဲ့ပြီး နတ်ဘုရားအရှင်သခင်များစွာက ၎င်းကို လေ့ကျင့်ရန် ကြိုးစားကြသော်လည်း အောင်မြင်သူမှာ အလွန်နည်းပါးလှသည်။

တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ စိတ်ထဲတွင် မသက်မသာ ဖြစ်သွားကြသည်။ လင်းယွမ်နှင့် လင်းယုတို့၏ ထိပ်တိုက်ရင်ဆိုင်မှုမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းတစ်ခုတည်းကပင် သူတို့၏ စွမ်းအားအားလုံးကို ထုတ်ဖော်ခြင်းနှင့် ညီမျှလေသည်။

" နဂါးငွေ့တန်းက အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်ရမယ်။ " သူတို့က စောင့်ကြည့်ရင်း ကောက်ချက်ချလိုက်ကြသည်။

ဝုန်း....

နတ်ဘုရားအရှင်သခင်နှစ်ယောက်၏ ထိပ်တိုက်ရင်ဆိုင်မှုမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းများက ပတ်ဝန်းကျင်သို့ အဆက်မပြတ် ပျံ့နှံ့သွားခဲ့သည်။

" အထွတ်အထိပ် နတ်ဘုရားအရှင်သခင်တွေ တိုက်ခိုက်နေကြတာလား။ " ကျင်းလဲ့ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်က အမြုတေတစ်ခုကို သန့်စင်ပြီးနောက် ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။ " ရတနာနယ်မြေထဲ ခုမှဝင်တာ တိုက်ခိုက်နေကြပြီလား။ "

တဖုရှေးဟောင်းနိုင်ငံမှလွဲ၍ အခြားရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များ၏ တိုက်ခိုက်ရေးစွမ်းအားက အကန့်အသတ်ရှိသည်။ ရတနာနယ်မြေအတွက် အစောပိုင်းလုယက်မှုတွင် သူတို့က တစ်ယောက်နှင့် တစ်ယောက်တွေ့ဆုံကြလျှင်တောင် အလွယ်တကူ တိုက်ခိုက်ကြမည်မဟုတ်ပေ။

" တိုက်ခိုက်နေကြတဲ့သူတွေထဲက တစ်ယောက်က လင်းယုပဲ။ နောက်တစ်ယောက်က ဘယ်သူလဲ။ ထားလိုက်တော့။ သူတို့ပိုပြီးပြင်းပြင်းထန်ထန် တိုက်ခိုက်လေ ငါ့အတွက် အမြုတေတွေ သန့်စင်ဖို့ အခွင့်အရေးပိုရလေပဲ။ " ကျင်းလဲ့ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်က အမြုတေများကို ဆက်လက်ရှာဖွေရန် အခြားအရပ်သို့ ပျံသန်းထွက်ခွာသွားသည်။

ထိုအချိန်တွင် ရတနာနယ်မြေအတွင်းရှိ အခြားနတ်ဘုရားအရှင်သခင်များက တိုက်ပွဲကို အာရုံခံမိကြသည်။

" အဲ့ဒါ လင်းယုလား။ သူက ရန်သူနဲ့ ဒီလောက်မြန်မြန် တွေ့သွားတာလား။ "

" လင်းယုနဲ့ တိုက်ခိုက်နေတဲ့ နတ်ဘုရားအရှင်သခင်က ဘယ်သူလဲ။ အရင်က ဒီလိုအော်ရာမျိုး တစ်ခါမှမခံစားဖူးဘူး။ "

" ဒီစွမ်းအားက ပူပြင်းပြီး ပြင်းထန်လွန်းတယ်။ အဲ့ဒါက လီယန်ရှေးဟောင်းနိုင်ငံက နတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူက ချီယန်၊ ဟန်ယန်၊ ကွမ်လဲ့တို့နဲ့ တစ်ယောက်မှမတူသလိုပဲ။ "

နတ်ဘုရားအရှင်သခင်များက သူတို့၏ အာရုံအနည်းငယ်ကို တိုက်ပွဲဆီသို့ ပို့ထားကြသည်။ သို့သော် သူတို့က နေရာအသီးသီးမှ ရတနာနယ်မြေအမြုတေများကို ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်သည်။

" ထာဝရစိတ်ဝိညာဉ်အကျဉ်းထောင်...." လင်းယု၏ ဘာဘက်မျက်လုံးက ဟောင်းလောင်းဖြစ်နေပြီး ဘယ်ဘက်မျက်လုံးက အဆုံးမရှိနက်ရှိုင်းသွားကာ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က သိမ်မွေ့စွာ တွန့်လိမ်လည်ပတ်သွားသည်။

ထိုတိုက်ကွက်က အခြားသူများအတွက် အထူးပြင်ဆင်ထားသော သူ၏ အဆုံးသတ် တိုက်ကွက်ဖြစ်သော်လည်း ယခု လင်းယွမ်အပေါ် အသုံးပြုလိုက်ရပြီဖြစ်သည်။

" အဲ့ဒါဘာလဲ။ " လင်းယွမ်၏ အမူအရာက လေးနက်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်း လီယန်မျိုးစေ့များက စတင်တောက်ပလာသည်။

သူ၏ ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော ပြင်ပကမ္ဘာတွင် လီယန်နေမင်းများစွာ မြင့်တက်လာပြီး ခဏအတွင်း လီယန်နေမင်း ၃၃၃၃၃ခုက ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ လင်းယွမ်က အခြားသူများရှေ့တွင် ကမ္ဘာနတ်စွမ်းရည်ကို အပြည့်အဝ အသုံးပြုခြင်းဖြစ်သည်။

" ဒီနည်းစနစ်ကို ထပ်သုံးပြန်ပြီလား။ "လင်းယု၏ အမူအရာက မဲမှောင်နေသည်။ သူ၏ ညာဘက်မျကိလုံးက ထိုစွမ်းအားဖြင့် ဖောက်ခွဲခံခဲ့ရခြင်းဖြစ်သည်။

လီယန်နေမင်းများ၏ အလင်းရောင်များအောက်တွင် လင်းယု၏ စိတ်ဝိညာဉ်အကျဉ်းထောင်က လျင်မြန်စွာ အရည်ပျော်သွားပြီး ခဏအတွင်း ထိုနယ်ပယ်၏ ခြောက်ဆယ်ရာခိုင်နှုန်းမှာ ပျက်စီးသွားခဲ့သည်။

" ဒီနည်းစနစ်မျိုးကို လီယန်ရှေးဟောင်းနိုင်ငံရဲ့ သမိုင်းမှာ ဘယ်သူမှမသုံးဖူးသေးဘူး။ " လင်းယုက အခက်တွေ့နေပြီး ယုံကြည်ရန်ပင် ခက်ခဲနေသည်။

ယခုအချိန်တွင် လင်းယွမ်က သူ၏ ညာဘက်မျက်လုံးကို ဖောက်ခွဲခဲ့သည့်နည်းလမ်းမှာ ပြင်ပစွမ်းအားမဟုတ်ဘဲ သူကိုယ်တိုင်၏ စွမ်းအားဖြစ်ကြောင်း သေချာသွားခဲ့သည်။

" လင်းယု ခုထိမပြေးသေးဘူးလား။ "

လင်းယွမ်က စကြာဝဠာတစ်ခုလုံးကို လင်းထိန်စေသည့် ကြီးမားသော လီယန်နေမင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

" ပြေးရမှာလား။ " လင်းယုက နာကျည်းမှုကို ခံစားလိုက်ရသော်လည်း အမှန်တကယ် ပြေးသင့်သည်ကို သူသိနေသည်။ အကယ်၍ သူသာ ဆက်နေနေလျှင် ထွက်ခွာနိုင်ရန်အတွက် တန်ဖိုးတစ်ခု ပေးဆပ်ရပေလိမ့်မည်။

" နဂါးငွေ့တန်း မင်းက မင်းရဲ့ စွမ်းအားကို ဖုံးကွယ်ပြီး ငါ့ရဲ့ စိတ်ဝိညာဉ်အကျဉ်းထောင်ကို ဖျက်စီးခဲ့တယ်။ မဟုတ်ရင် ငါမင်းကို မယှဉ်နိုင်စရာ အကြောင်းမရှိဘူး။ " လင်းယုက ကျန်ရှိနေသော မျက်လုံးနှင့် လင်းယွမ်ကို စိုက်ကြည့်နေပြီး ယခုထိ အရှုံးကို လက်မခံနိုင်သေးပေ။

အကယ်၍ သူ၏ ညာဘက်မျက်လုံးသာ ရှိနေလျှင် လင်းယွမ်ကို အနိုင်မယငနိုင်လျှင်တောင် တစ်ယောက်ကိုတစ်ယောက် ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ဘဲ ယခုကဲ့သို့ ဆုတ်ခွာရမည်မဟုတ်ပေ။ သေချာသည်မှာ လင်းယွမ်ပြသခဲ့သော စွမ်းအားအရ သူ၏ ညာဘက်မျက်လုံး ပြန်ကောင်းနေလျှင်တောင် သူ့ကို အနိုင်ယူရန် ခက်ခဲနေဦးမည်ဖြစ်သည်။

" ထွက်သွားစမ်း။ " လင်းယွမ်က ငုံ့ကြည့်လိုက်ပြီး သူ၏ လက်ရှိစွမ်းအားဖြင့် လင်းယုကို ဖိနှိပ်ထားရန် စိန်ခေါ်မှုတစ်ခုဖြစ်ပေလိမ့်မည်။ထိုသူ၏ ဝှက်ဖဲအားလုံကို ထုတ်သုံးလျှင်တောင် အချိန်များစွာ ယူရမည်ဖြစ်သည်။ ထိုအချိန်အတွင်း တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များ ဝင်ရောက်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်။

ထိုအခြေအနေမျိုးက လီယန်ရှေးဟောင်းနိုင်ငံနှင့် တလင်းရှေးဟောင်းနိုင်ငံတို့၏ အင်အားဖြုန်းတီးမှုသာဖြစ်ပြီး အခြားရှေးဟောင်းနိုင်ငံလေးခုကို အကျိုးအမြတ်များ ရရှိသွားစေပေလိမ့်မည်။ လင်းယွမ်က ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက်မရှိပေ။

လင်းယုကို မောင်းထုတ်လိုက်ခြင်းကပင် လုံလောက်နေပြီဖြစ်သည်။ အမှန်တကယ်တွင် လင်းယပြ အရှုံးကို လက်မခံဘဲ လင်းယွမ်၏ စွမ်းအားကို စမ်းသပ်လိုစိတ် မရှိခဲ့လျှင် သူတို့နှစ်ယောက်က တိုက်ခိုက်ဖြစ်ကြမည်မဟုတ်ပေ။

" ထွက်သွားမယ်။ " လင်းယုက မကျေမနပ်ဖြစ်နေသော်လည်း စိတ်ဝိညာဉ်အကျဉ်းထောင်နယ်ပယ်ကို အသုံးပြုပြီး လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။ တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက အစောကတည်းက ဆုတ်ခွာသွားကြပြီဖြစ်သည်။

၎င်းကို မြင်သောအခါ လင်းယွမ်က လိုက်လံခြင်းမရှိဘဲ အမြုတေဆီသို့ ပြန်လာပြီး သန့်စင်လိုက်သည်။

" ဒီတိုင်တွေက ရတနာနယ်မြေရဲ့ အမြုတေတွေပဲ။ ဒီတိုင်တွေကို သန့်စင်ရင် ရတနာနယ်မြေကို အတိုင်းအတာတစ်ခုအထ ထိန်းချုပ်နိုင်လိမ့်မယ်။ " လင်းယွမ်က သန့်စင်နေစဉ် တိုင်နှင့် ရတနာနယ်မြေကြားရှိ ဆက်သွယ်မှုကို အနည်းငယ် အာရုံခံမိလာသည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ သီးခြားဟင်းလင်းပြင်တွင် လင်းယွမ်နှင့် အခြားနတ်ဘုရားအရှင်သခင်များ ရှိနေကြသည်။

" နဂါးငွေ့တန်း မင်းရှာတွေ့တဲ့ အမြုတေဆီက တိုက်ခိုက်မှုလှိုင်းတွေ ဘာလို့ထွက်ပေါ်လာတာလဲ။ " ချီယန်က လင်းယွမ်ကို ကြည့်လိုက်သည်။

အခြားသူများကလည်း ထိုစကားကို ကြားသောအခါ လင်းယွမ်ကို ကြည့်လိုက်ကြသည်။ အထွတ်အထိပ် နတ်ဘုရားအရှင်သခင်နှစ်ယောက်၏ တိုက်ပွဲကို အခြားသူများက အာရုံခံနိုင်ပြီး အာရုံမခံမိလျှင်တောင် အခြားသူများထံမှ ကြားနိုင်လေသ်။

" နဂါးငွေ့တန်း လင်းယုနဲ့ တိုက်ခိုက်နေတာဘယ်သူလဲ။ " ကွမ်လဲ့က သိလိုစိတ်နှင့် မေးလိုက်သည်။

ဟန်ယန်ကလည်း သံသယအချို့နှင့် လင်းယွမ်ကို ကြည့်လိုက်သည်။ လင်းယုနှင့် တိုက်ခိုက်နေသူ၏ အော်ရာက ပူပြင်းပြီး ပြင်းထန်သည်ကို သူတို့ အာရုံခံမိကြလေသည်။

" လင်းယုနဲ့ ငါနဲ့ ထိပ်တိုက်တွေ့သွားတာပဲ။ ပြီးတော့ သူက သူ့ရဲ့ ညာဘက်မျက်လုံး စိတ်ဝိညာဉ်အကျဉ်းထောင်ကို ဆုံးရှုံးသွားတယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏ စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။ သူတို့က တစ်စုံတစ်ခုကို ကြိုတင်ခံစားမိခဲ့သည်မှာ ကြာပြီဖြစ်သည်။

" နဂါးငွေ့တန်း မင်းရဲ့စွမ်းအားက..." ချီယန်က လင်းယွမ်ကို ကြည့်လိုက်သည်။ သူမမေးမီကပက် လင်းယုနှင့်တိုက်ခိုက်နေသူမှာ လင်းယွမ်ဖြစ်နိုင်သည်ကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်သည်။

အကြောင်းမှာ ထိုကဲ့သို့ ပြင်းထန်လှသော လီယန်နေမင်း၏ အော်ရာက အတုလုပ်၍ မရသောကြောင့်ဖြစ်သည်။ ၎င်းက လီယန်ရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူတစ်ယောက်ဖြစ်ပြီး ထိုနေရာတွင် လင်းယွမ်တစ်ယောက်သာ ထိုနေရာတွင် ရှိနေသည်။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ လင်းယွမ်က အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက် ဖြစ်နေခြင်းဖြစ်သည်။

All Chapters