← Chapters

အမြုတေတိုင်ကို သန့်စင်ခြင်း....

Vol. 68 Ch. 970

အမြုတေတိုင်ကို သန့်စင်ခြင်း....

Vol. 68 Ch. 970

" မကြာခင်က အဆင့်တက်သွားခဲ့လို့ပါ။ " လင်းယွမ်က ပြောလိုက်သည်။

၎င်းကလည်း အမှန်သာ ဖြစ်သည်။ အကယ်၍ သူက လီယန်မျိုးစေ့များနှင့် မဟာစက်ဝန်းကို မဖန်တီးနိုင်ခဲ့လျှင် သူ၏ စွမ်းအားက အရည်အသွေးပိုင်းအရ ပြောင်းလဲသွားမည်မဟုတ်ပေ။ ထိုသို့သာမဟုတ်လျှင် လင်းယွမ်က ဟုန်လျန်နှင့် အဆင့်တူလောက်သာ ဖြစ်ပေလိမ့်မည်။

" ဟားဟား ကောင်းတယ် ကောင်းတယ်။ " ကွမ်လဲ့က ရယ်မောပြီး လင်းယွမ်ကို လေးစားစွာ ကြည့်လိုက်သည်။ " နဂါးငွေ့တန်း မင်းရောဆို ငါတို့ လီယန်ရှေးဟောင်းနိုင်ငံမှာ အမြင့်ဆုံးနတ်ဘုရားအရှင်သခင် လေးယောက်ရှိသွားပြီ။ ဒီပြိုင်ပွဲမှာ ငါတို့ အခွင့်အရေး ပိုရသွားပြီ။ "

ရှေးဟောင်းနိုင်ငံများတွင် အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များက လေးယောက်ထက် ပိုများသော်လည်း အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များနှင့် အသန်မာဆုံး နတ်ဘုရားအရှင်သခင်များက အလွှာဆယ့်သုံးသို့ တက်လှမ်းရန် တံခါးပိတ် ကျင့်ကြံနေကြသည်။ အသစ်ထွက်ပေါ်လာသော အဆင့်တစ် ရတနာနယ်မြေက သူတို့ကို ဆွဲဆောင်နိုင်ရန် ခက်ခဲလေသည်။

" နဂါးငွေ့တန်းက လင်းယုရဲ့ ဘာဘက်မျက်လုံးကိုတောင် ဖောက်ခွဲနိုင်ခဲ့တာဆိုတော့ သတ်ဖြတ်နိုင်စွမ်းအပိုင်းမှာ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တွေထဲမှာတောင် သူက အသန်မာဆုံး စာရင်းဝင်လောက်တယ်။ " ဟန်ယန်က လင်းယွမ်ကို ကြည့်ပြီး တွေးလိုက်သည်။

သူက လင်းယုနှင့် ထိပ်တိုက်ရင်ဆိုင်ဖူးသောကြောင့် တစ်ဖက်လူ၏ နည်းလမ်းများကို သိထားသည်။ အကယ်၍ သူက လင်းယွမ်ကို အထင်သေးပြီး ညာဘက်မျက်လုံး စိတ်ဝိညာဉ်အကျဉ်းထောင်ထဲသို့ ဖမ်းလိုက်လျှင်တောင် ၎င်းကို ဖောက်ခွဲပစ်ရန် အလွန်ခက်ခဲလေသည်။

" ကံကောင်းသွားလို့ပါ။ " လင်းယွမ်က ပြောလိုက်သည်။

" ဟားဟားဟား နဂါးငွေ့တန်း မင်းက ပိုပြီး အစွမ်းထက်လေ ငါတို့အတွက် အခွင့်အရေး ပိုများလေပဲ။ " ချီယန်က ပြောလိုက်သည်။

ဧကရာဇ်က ထည့်ပေးလိုက်သော လင်းယွမ်က သူ့ကို ထိုမျှအံ့အားသင့်စရာပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အခြားနတ်ဘုရားအရှင်သခင်များက လင်းယွမ်ကို စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြသည်။ ယခင် လင်းယွမ်က သူတို့နှင့် အဆင့်တူဟု ထက်ခဲ့သော်လည်း ယခုအခါ လင်းယွမ်က အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်နေသည်။

" ရတနာနယ်မြေရဲ့ အမြုတေတိုင်က သန့်စင်လို့ပြီးခါနီးနေပြီ။ " လင်းယွမ်က အခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။

မူလအစီအစဉ်အရ ရှာဖွေတွေ့ရှိသော အမြုတေတိုင်များအားလုံးကို အမြင့်ဆုံး နတ်ဘုရားအရှင်သခင်များက သန့်စင်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ အခြားနတ်ဘုရားအရှင်သခင်များက အမြုတေတိုင်များကို စောင့်ရှောက်ရန်အတွက် အာရုံစိုက်ကြရမည်ဖြစ်သည်။

" နဂါးငွေ့တန်း မင်းလည်း အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက် ဖြစ်နေပြီဆိုတော့ ရှာတွေ့တဲ့ အမြုတေတိုင်တွေကို မင်းဘာသာမင်း သန့်စင်လို့ရပြီ။ " ချီယန်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လင်းယွမ်၏ မူလခန္ဓာကိုယ်က အမြုတေတိုင်၏ ကျန်ရှိနေသော အပိုင်းကို အပြီးသတ် သန့်စင်လိုက်သည်။ သန့်စင်မှုပြီးဆုံးသောအခါ လင်းယွမ်က အမြုတေတိုင်နှငိ့ ဆက်သွယ်မှုတစ်ခု တည်ဆောက်လိုက်နိုင်သည်။

" အခုဆိုရင် ငါက ဒီရတနာနယ်မြေထဲမှာ ရှိနေသရွေ့ ဒီအမြုတေတိုင်ရဲ့ ဘေးကို ချက်ချင်း ရောက်လာနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

ချီယန်နှင့် အခြားသူများက ထိုစွမ်းရည်ကို သိသောကြောင့် အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များသာ အမြုတေများကို သန့်စင်ရန် အစီအစဉ်ဆွဲခဲ့ခြင်းဖြစ်သည်။ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များက အမြုတေတိုင်များကို သန့်စင်ခြင်းဖြင့် သူတို့က မည်သည့်အမြုတေတိုင်ဘေးကိုမဆို ချက်ချင်း ရောက်သွားနိုင်သောကြောင့် အမြုတေတိုင်များကို ကာကွယ်ရာတွင် အထိရောက်ဆုံးဖြစ်သည်။

ထိုကဲ့သို့ ချက်ချင်း ရောက်ရှိနိုင်ခြင်းမှာ တည်ငြိမ်သော အချိန်လေဟာနယ်အောက်တွင်သာ ဖြစ်ပြီး အကယ်၍ အခြားနတ်ဘုရားအရှင်သခင်များက ပြင်းထန်စွာ တိုက်ခိုက်နေပြီး ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်များက ပြိုကွဲနေလျှင် အမြုတေတိုင်ကို အသုံးပြုပြီး ရောက်ရှိရန်မှာ မဖြစ်နိုင်ပေ။

" ငါ့အပေါ် ရတနာနယ်မြေရဲ့ ဖိနှိပ်မှုက အတော်လေး လျော့ပါးသွားတာပဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

အမြုတေတိုင်ကို အပြည့်အဝ သန့်စင်ပြီးနောက် သူ့ကို ပြောင်းလဲမှုများစွာ သိရှိသေခဲ့သည်။ ယခင် ကမ္ဘာနတ်စွမ်းရည်ဖြင့် ပတ်ဝန်းကျင် မိုင်ပေါင်း တစ်ရာဘီလီယံကိုသာ သေချာစူးစမ်းနိုင်ခဲ့သည်။ သို့သော် ယခုအခါ စူးစမ်ရှာဖွေနိုင်စွမ်းက ဆယ်ရာခိုင်နှုန်း ပိုမိုတိုးတက်လာခဲ့သည်။

ထိုရှာဖွေမှုက နက်ရှိုင်းလှပြီး အမြုတေတိုင် အမျိုးအစားများကိုပါ ရှာဖွေနိုင်စွမ်းရှိသည်။ အမြုတေတိုင်များ ပိုမိုသန့်စင်လာသည်နှင့်အမျှ ရှာဖွေနိုင်သော အတိုင်းအတာက ပိုမို ကျယ်ပြန့်လာမည်ဖြစ်သည်။

တလင်းရှေးဟောင်းနိုင်ငံတွင် လင်းယုက ခြေချိတ်ထိုင်နေသည်။ အခြားနတ်ဘုရားအရှင်သခင် ၁၁ ယောက်ကလည်း လင်းယုကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

" လင်းယု မင်းနဲ့ တိုက်ခိုက်ခဲ့တာ နဂါးငွေ့တန်းပေါ့။ ချီယန်၊ ကွမ်လဲ့နဲ့ ဟန်ယန်တို့ထဲက တစ်ယောက်မှမဟုတ်ဘူးလား။ " လင်းကန်က မျက်မှောင်ကြုတ်သွားသည်။ သူက ယခင် ထိုသုံးယောက်ထဲမှ တစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။

နဂါးငွေ့တန်းဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ လင်းကန်က နဂါးငွေ့တန်းကို အရေးပါသူတစ်ယောက်အဖြစ် ဘယ်တော့မှ မသတ်မှတ်ခဲ့ပေ။ သူက ဘိုးဘေးသွေးမျိုးဆက်နှင့် နတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်သော်လည်း သူ၏ တိုးတက်ချိန်က အလွန်တိုတောင်းလှသည်။

" ဟုတ်တယ်။ အဲ့ဒီနဂါးငွေ့တန်းက အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်ပဲ။ " လင်းယုက ခေါင်းညိမ့်လိုက်သည်။ "ငါ့ရဲ့ ညာဘက်မျက်လုံး စိတ်ဝိညာဉ်အကျဉ်းထောင်က အဲ့ဒီနဂါးငွေ့တန်းကြောင့် ပျက်စီးသွားခဲ့တယ်။ ငါ့ရဲ့ စွမ်းအားကလည်း အထွတ်အထိပ်မှာ မရှိတော့ဘူး။ "

" ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ။ " တတိယ နတ်ဘုရားအရှင်သခင်က မေးလိုက်သည်။

လင်းယုက ရတနာနယ်မြေ အမြုတေများကို ရှာဖွေရာတွင် အလွန်အရေးပါသူဖြစ်သည်။ အခြားနတ်ဘုရားအရှင်သခင်များကို စိတ်ဝိညာဉ်အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ထားခြင်းဖြင့် အခြားရှေးဟောင်းနိုင်ငံများ၏ အမြုတေတိုင်များကို ရှာဖွေနိုင်စွမ်းအားနည်းစေပြီး တလင်းရှေးဟောင်းနိုင်ငံအတွက် အခွင့်အလမ်းများ တိုးတက်စေပေလိမ့်မည်။

" ငါ့ရဲ့ ညာဘက်မျက်လုံး စိတ်ဝိညာဉ်အကျဉ်းထောင်ကို အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် အဲ့ဒီရတနာကို သုံးဖို့ ငါစီစဉ်ထားတယ်။ " လင်းယုက ခဏစဉ်းစားပြီးနောက် တိုးညှင်းစွာ ပြောလိုက်သည်။

" အဲ့ဒီရတနာလား။ " လင်းကန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

တလင်းရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင် ၁၂ ယောက်က ရတနာနယ်မြေအတွင်းသို့ မဝင်ရောက်မီ ရှေးဟောင်းနိုင်ငံမှ ရတနာအချို့ကို ယူဆောင်လာခဲ့သည်။ ထိုရတနာများက အလွန်တန်ဖိုးကြီးလှပြီး မဖြစ်မနေ အခြေအနေမျိုးမှလွဲ၍ အသုံးမပြုသင့်ပေ။

သို့သော် ယခု လက်းယု၏ ညာဘက်မျက်လုံး ပျက်စီးသွားခြင်းက တလင်းရှေးဟောင်းနိုင်ငံ၏ အမြုတေတိုင် ရှာဖွေမှုနှုန်းကို များစွာကျဆင်းသွားစေခဲ့သည်။

" ဒါဆိုလည်း ကောင်းပြီ။ လင်းယုက အမြန်ဆုံး ပြန်လည်ကောင်းမွန်လာရင် အဲ့ဒီရတနာတွေကို သုံးလိုက်ရတာ တန်ပါတယ်။ " လင်းကန်က ပြောလိုက်သည်။

အကယ်၍ ရတနာနယ်မြေအတွက် ယှဉ်ပြိုင်မှုက နှစ်ပေါင်းနှစ်ထောင် အကန့်အသတ်သာ မရှိခဲ့လျှင် လင်းယုအနေဖြင့် ထိုရတနာကို အသုံးပြုခွင့်ရှိမည်မဟုတ်ပေ။ သူ၏ ညာဘက်မျက်လုံး စိတ်ဝိညာဉ်အကျဉ်းထောင် ပျက်စီးသွားခဲ့သော်လည်း ဖြည်းညင်းစွာ ပြန်လည်ကုသ၍ ရသောကြောင့် ဖြစ်သည်။

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ နဂါးငွေ့တန်းက အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက် ဖြစ်နေသည့်သတင်းက အခြားနတ်ဘုရားအရှင်သခင်များကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များက ဆယ်ယောက်ကျော်သာ ရှိသောကြောင့်ဖြစ်ပြီး တလင်းရှေးဟောင်းနိုင်ငံကလည်း ၎င်းကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိပေ။

" နဂါးငွေ့တန်းလား။ သွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ မြှင့်တင်ခဲ့တဲ့ ပထမဆုံး တော်ဝင်မျိုးဆက်လား။ " တဖုရှေးဟောင်းနိုင်ငံမှ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဖုရှုက အတွေးနက်နေသည်။

လင်းယွမ်က အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက် ဖြစ်ခြင်းက သူ့ကို စိတ်မဝင်စားစေဘဲ အဓိကမှည အမြင့်ဆုံးနတ်ဘုရားအရှင်သခင်အဆင့် ဘိုးဘေးသွေးမျိုးဆက်ကို ပို၍ တန်ဖိုးထားသည်။

" ဖုရှု မင်းရဲ့ စွမ်းအားနဲ့ဆိုရင် နဂါးငွေ့တန်းက အထွတ်အထိပ်ထိ ကြီးထွားလာရင်တောင် မင်းရဲ့ ပြိုင်ဘက်ဖြစ်လာမှာမဟုတ်ဘူး။ " သူ၏ ဘေးမှ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်က ပြောလိုက်သည်။

ဖုရှုက ဘိုးဘေးချန်ခဲ့သော အမြင့်ဆုံးအမွေအနှစ်များထဲမှ တစ်ခုကို ကျွမ်းကျင်ထားသောကြောင့် သူ၏ စွမ်းအားက ကြောက်စရာကောင်းလှသည်။ ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံ၏ သမိုင်းတစ်လျှောက် အသန်မာဆုံးမဆိုနိုင်သော်လည်း အသန်မာဆုံးသူများထဲတွင် ပါဝင်လေသည်။

ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံက အချိန်အကန့်အသတ်မရှိအောင် တည်ရှိလာခဲ့ပြီး ရှေးအကျဆုံး တဖုရှေးဟောင်းနိုင်ငံရှိ နတ်ဘုရားအရှင်သခင်များကြားတွင် ဖုရှုက ထိပ်ဆုံးတွင် ရပ်တည်နေသူဖြစ်သည်။ ထိုထက်ကျော်လွန်သွားလျှင် အလွှာဆယ့်သုံး စွမ်းအားနှင့် သက်ဆိုင်သွားပေလိမ့်မည်။

All Chapters