← Chapters

သခင်ကြီး ရှိနေတယ်

Vol. 13 Ch. 121

သခင်ကြီး ရှိနေတယ်

Vol. 13 Ch. 121

ဝိုင်အရက်ဝိုင်းတွင် စားသောက်ပွဲ ဆက်လက် ၍ကျင်းပနေသည်။ ဝူယွဲနှင့်ရှီရှောင်ထျန်းတိုသည် ဆေးဘုရင်များ ဖြစ်ကြောင်း သိလိုက်ရပြီးနောက် ကျိုးဆန်း လုံးဝဂဏာမငြိမ် ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် ကျုံးချင်၏အထောက်အထားကို ပို၍သိချင်လာသည်။ မည်သိုပင်ဆိုစေကာမူ ဆေးဘုရင်နှစ်ပါးလုံးက သူ့ကို ရိုသေလေးစားကြသည် မဟုတ်လော။

အချိန်အတော်ကြာပြီးနောက် သူတိုသည် အဆင့်ငါး ဆေးဘုရင်များ ဖြစ်သည်ဟူသော အချက်ကို သူ ဖြည်းဖြည်းချင်း လက်ခံလိုက်ပြီးနောက် ထပ်မံ၍ ပြောဆိုလိုက်သည်။

"အစ်ကိုကြီးတို့နှစ်ယောက်... အစ်ကိုကျုံးနဲ့ ခင်ဗျားတိုရဲ့ ဆက်ဆံရေးက ဘာလဲဆိုတာ သိခွင့်ရမလား"

ဝူယွဲသည် ကျိုးဆန်း၏ထိတ်လန့်နေမှုကို လှိုင်းလုံးများအလား တစ်ခုပြီးတစ်ခု မြင်တွေ့လိုက်ရသည်။ ဤသည်က အလွန်စိတ်ဝင်စားစရာ ကောင်းသဖြင့် မီးလောင်ရာလေပင့်ပေးရန် သူ ဝန်မလေးချေ။

သူက ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။

"ကံကောင်းထောက်မစွာနဲ့ တောင်သခင်က ကျွန်တော်တို့ကို လက်ခံခဲ့ပြီးတော့ ဂိုဏ်းထဲမှာ အပြင်စည်းတပည့်တွေအဖြစ် ထားရှိခဲ့တယ်"

"ဝုန်း..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် ကျိုးဆန်း၏နှလုံးသားသည် ပြင်းပြင်းထန်ထန် တုန်ခါသွားသကဲ့သို ခံစားလိုက်ရသည်။ ဤသည်မှာ အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်သော သက်ရောက်မှု တစ်ခုပင်။

သူ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏မျက်လုံးများ နီမြန်းလာသည်။ သူ ထိတ်လန့်နေမှုကြောင့် သူ၏မျက်လုံးများ ပြင်ပသို့ ကျွတ်ထွက်လာတော့မည့် အလားပင်။

"ကြီးမြတ်တဲ့ ဆေးဘုရင်နှစ်ပါးက... အပြင်စည်းတပည့်တွေပဲ ရှိသေးတာလား"

'အိုး ဘုရားရေ...ဒီလောက်ထိ ချဲ့ကားဖို့ လိုအပ်တာလား...ဒီလောက်အထိ စိတ်လှုပ်ရှားအောင်လုပ်ဖို့ လိုအပ်သလား...'

ဆေးဘုရင်အဆင့် တည်ရှိမှုမျိုးသည် မည်သည့်အင်အားစု၌မဆို သူတို့သည် လူအများ အာရုံစိုက်ခံရသော ဗဟိုချက်ပင်။ လက်ရှိ အရှေ့ပိုင်းဒေသ၏ ထိပ်တန်းအင်အားစုဖြစ်သည့် တန်ထင်းခန်းမဆောင်၌ပင် သူတို့သည် တန်ထင်းခန်းမဆောင်၏ ခန်းမဆောင်သခင်ငါးယောက်နှင့် တစ်တန်းတည်းထိုင်နိုင်သည့် တည်ရှိမှုများ ဖြစ်ကြသည်။ ယခု၌မူ ထိုကဲ့သို့လူစားများသည် အပြင်စည်းတပည့်အဆင့်မျှသာ ရှိသေးသည်ဟု သူ့ကို ပြောနေကြသလော။

သူ မိတ်ဖွဲ့ခဲ့သည့် ဤညီအစ်ကိုသည် ထူးခြားသည်ဟု ကျိုးဆန်း ယခင်ကတည်းက ဝိုးတဝါး သိခဲ့သော်လည်း ဤမျှထိ ထူးခြားလိမ့်မည်ဟု သူ တွေးထင်မထားခဲ့မိချေ။ ဤသည်က အမှန်တကယ့်ကို နွားတစ်ကောင် ကြွားလုံးထုတ်နေသည့်အလား ယုံနိုင်စရာမရှိအောင် အထင်ကြီးဖွယ်ကောင်းလှသည်။

ကျိုးဆန်းကဲ့သို့ပင် သူ၏စိတ်နှလုံးသားထဲ၌ ကြီးမားသော လှိုင်းဂယက်များ ထနေသော ယန်ထျန်းချောင်သည် ကျိုးဆန်းထက် သုံးဆခန့် ပို၍နက်ရှိုင်းစွာ ထိတ်လန့်တုန်လှုပ်သွားသည်။ အဆင့်သုံး ဆေးပညာရှင်တစ်ဦးအနေဖြင့် ဆေးဘုရင်တစ်ပါး မည်မျှထိ အခွင့်အာဏာကြီးမားသည်ကို သူ သိသည်။ တန်ထင်းခန်းမဆောင် တစ်ခုလုံး သို့မဟုတ် အရှေ့ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်လျှင် ဆေးဘုရင်ဆိုသည်မှာ ဆေးပညာရှင်လောက၏ အထွတ်အထိပ်ပင်။

ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးသာ ဆန္ဒရှိလျှင် သူတစ်ယောက်တည်းဖြင့် သာလွန်ထူးကဲသော အင်အားစု တစ်ခုကို တည်ထောင်နိုင်သည်။ သူတို့အား အတွေ့အကြုံ ရင့်ကျက်လာရန် အချိန်ပေးလိုက်လျှင် အနာဂတ်တွင် အရှေ့ပိုင်းဒေသ၏ ဆဌမမြောက် သို့မဟုတ် သတ္တမမြောက် မြင့်မြတ်နယ်မြေ ထွက်ပေါ်လာနိုင်သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်များသည် အပြင်စည်းတပည့်များဖြစ်ရန် ဆန္ဒရှိကြသည်။ ထို့ပြင် သူတို့၏မျက်နှာထားများကို ကြည့်ရသည်မှာ ဤအထောက်အထားအတွက် ဂုဏ်ယူနေပုံပင် ရပေ၏။

ဤသည်က မည်ကဲ့သို့ ဂိုဏ်းမျိုး ဖြစ်သနည်း။ ထို့ပြင် ဟန်ဆောင်မှု ကင်းမဲ့ပုံရသည့် ဤလူငယ်လေးသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းအောင် စွမ်းအားကြီးမားနေမည်နည်း။ ယခုအချိန်တွင် ကျုံးချင်သည် တည်ငြိမ်စွာ ထိုင်နေသည်။ သို့သော် သူ၏ပုံရိပ်သည် ကြီးမားသော တောင်တစ်လုံးအလား ယန်ထျန်းချောင်၏စိတ်နှလုံးသားထဲတွင် စွဲထင်နေသည်။ သူသည် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ သူ့ထံမှနေ၍ နက်ရှိုင်းပြီး ခန့်မှန်းရခက်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။

ယခင်က သူသည် တစ်ဖက်လူကို သေချာပင် မကြည့်ခဲ့မိသည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းသည်။ ဤကဲ့သို့လူမျိုး၏ရှေ့တွင် ဆရာကြီးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ရန် ကြိုးစားခဲ့ခြင်းကို ပြန်တွေးမိချိန်၌ ယန်ထျန်းချောင်သည် သူ့ကိုယ်သူ လူပြက်တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ သူ့ကို ကြည့်ရသည်မှာ ရယ်ရွှင်ဖွယ်ကောင်းပြီး လှောင်ပြောင်ဖွယ်ရာ ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် လူတိုင်းအတွက် ဝိုင်အရက်ငှဲ့ပေးနေသော သူ၏ဟန်ပန်သည် ပို၍နှိမ့်ချလာပေ၏။

ဝိုင်အရက်ခွက်ချင်းတိုက်သံများကြားတွင် ကျိုးဆန်း၏မျက်လုံးများ ဝေဝါးနေလေပြီ။ သူသည်ကျုံးချင်ဘက်သို့ ကိုင်းလိုက်ပြီး လက်မထောင်ပြလိုက်သည်။ သူသည် မူးနေသောကြောင့် ရီဝေဝေဖြစ်နေသည့် မျက်လုံးများဖြင့် ပြောဆိုလိုက်သည်။

"ညီအစ်ကို... အရင်တုန်းက ငါ့ကိုယ်ငါ အံ့အားသင့်စရာ ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် အဲ့ဒီ အံ့အားသင့်စရာကောင်းတာတွေထဲက အများစုက စကားလုံးသက်သက်ပဲ... မင်းက တကယ်ကြီး အံ့အားသင့်စရာ ကောင်းလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... အနာဂတ်မှာ မင်းခြေထောက်ကို ဖက်မယ့်သူလိုရင် ငါ့ကို မမေ့နဲ့နော်"

သူ၏ နောက်ပြောင်သလိုလို အတည်လိုလို ပြောလိုက်သော ဤစကားသည် ကျုံးချင်ကို ပြုံးသွားစေသည်။ သူ လုံးလုံးလျားလျား အထင်အမြင်သေးခြင်း မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်လူသည် ရိုးသားသည်ဟုသာ သူ ခံစားရသည်။ ကျိုးဆန်း၏စကားများသည် စစ်မှန်ပြီး ဟန်ဆောင်မှု ကင်းမဲ့ပေ၏။ သူ တစ်ဖက်လူ၏ ပခုံးကိုပုတ်ပြီး ပြောဆိုလိုက်သည်။

"ငါ့မှာ ခြေထောက်ဖက်မယ့်သူ မရှားပါဘူး... ဒါပေမယ့် သူငယ်ချင်းတချို့ လိုအပ်နေတယ်... အနာဂတ်မှာ မင်း ဘာပဲလိုအပ်လိုအပ် စကားတစ်ခွန်း ပြောလိုက်ရုံပါပဲ... ငါ ကူညီနိုင်ရင် ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူး"

ဤစကားများသည် ကျိုးဆန်းကို နေ့လည်ခင်း တစ်ခုလုံး မိုက်မဲစွာ ပြုံးနေစေခဲ့သည်။ နောက်ဆုံးတွင် သူ ဝိုင်အရက်စားပွဲပေါ်သို့ တိုက်ရိုက်လဲကျသွားသည်။ အိပ်ပျော်နေစဉ်မှာပင် သူသည် အလွန်အံ့အားသင့်စရာကောင်းသည့် ညီအစ်ကိုတစ်ယောက်နှင့် တွေ့ခဲ့သည်ဟု တီးတိုးရေရွတ်နေသည်။ ကျုံးချင်က ဝူယွဲ့နှင့် ရှီရှောင်ထျန်းကို ကျိုးဆန်းအား တည်းခိုခန်းသို့ ပို့ခိုင်းလိုက်သည်။

ဤလုပ်ရပ်သည် ယန်ထျန်းချောင်ကို သူ၏စိတ်ထဲတွင် အံ့အားတသင့် ရေရွတ်မိသွားစေသည်။

'အိုး... ချစ်လှစွာသော အမေရေ... ဒီကောင်လေးက သူ ဘယ်လို ကံကောင်းမှုမျိုး ရလိုက်လဲဆိုတာ တကယ် မသိရှာဘူး... သူက ဒီလို ပုဂ္ဂိုလ်မျိုးနဲ့ ဆက်သွယ်နိုင်ခဲ့တယ်ပေါ့'

'ကြည့်ရတာတော့ ငါက အနာဂတ်မှာ ဒီကောင်လေးကျိုးဆန်းနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ရမယ့်ပုံပဲ... သူကနေတစ်ဆင့် ကျုံးချင်နဲ့ ဆက်သွယ်နိုင်ရင်... ဒါဆို ဒီခရီးစဉ်က သေချာပေါက် အချည်းနှီး မဖြစ်တော့ဘူး'

ယန်ထျန်းချောင်သည် သူ၏သားမြေးများထဲတွင် မည်သူက ရုပ်ရည်ချောမောပြီး ပါရမီ ထူးချွန်သနည်း ဆိုသည်ကိုပင် စဉ်းစားနေမိလေသည်။ ကျိုးဆန်းအတွက် သူ နေရာချထားပေးနိုင်လျှင် အနာဂတ်တွင် သူတို့သည် သေချာပေါက် မိသားစု ဖြစ်လာကြပေလိမ့်မည်။ အခြေအနေတစ်ရပ်လုံးသည် အတော်လေး ဆန်းကြယ်နေပေ၏။

မူလက ကျိုးဆန်းသည် ယန်ထျန်းချောင်ကို မျက်နှာလိုမျက်နှာရ လုပ်ရန် ဦးနှောက်ခြောက်အောင် စဉ်းစားနေခဲ့သည်။ ယခု၌မူ အခြေအနေ ပြောင်းပြန် ဖြစ်သွားပုံရသည်။ ယန်ထျန်းချောင်သည် ယခုချိန်၌ ကျိုးဆန်းနှင့် ဆက်ဆံရေး တည်ဆောက်ရန် ဦးနှောက်ခြောက်အောင် စဉ်းစားနေရသည်။ သူ သောက်စားပြီးနောက် မင်္ဂလာပွဲဆက်နွယ်မှုပင် တွေးတောခဲ့သည်။ သေချာသည်မှာ ဤသည်က နောက်ပိုင်းဇာတ်လမ်းသာဖြစ်ပြီး လောလောဆယ်တွင် ထည့်ပြောရန် မလိုသေးချေ။

...

တစ်ချိန်တည်းမှာပင်...

တန်ထင်းခန်းမဆောင် ရုံးချုပ်အဆောက်အအုံ အတွင်း၌ ခန်းမဆောင်သခင်ငါးယောက် ထပ်မံ၍ စုဝေးနေကြသည်။

"အဘိုးကြီး ရှောင်ယောက်... ဘာသတင်းမှ မရသေးဘူးလား"

လင်းပေါင်ခန်းမ၏ ခန်းမသခင်က မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။ ကျွင်းရှောင်ယောက်သည် စားပွဲထိပ်တွင် ထိုင်နေပြီး သူ၏ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်၏။ သူသည် မကြာသေးမီက ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ကို ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။ သို့သော် သူသည် သူတို့ကို မည်သို့ပင် ဆက်သွယ်ရန် ကြိုးစားပါစေ ပြန်ကြားချက် မရှိချေ။

ဤသည်က ခန်းမဆောင်သခင်များကို အကြီးအကျယ် စိုးရိမ်ပူပန်စေသည်။ တန်ထင်းခန်းမဆောင်၏ နောက်ထပ်တိုးတက်မှုသည် ဤလူနှစ်ဦးအပေါ် မူတည်နေကြောင်း သူတို့ သိထားကြသည်။ သူတို့ငါးယောက်သားအတူတူထိုင်ပြီး ဖြေရှင်းနည်းများကို ဆွေးနွေးနေကြသည်။

တစ်စုံတစ်ယောက်က သူတို့၏နေရာကို ရှာဖွေရန်အတွက် တန်ထင်းခန်းမဆောင် လက်အောက်ရှိ ဝန်ထမ်းများကို စေခိုင်းရန် အကြံပြုလိုက်သည်။ ထို့နောက် သူတို့ကို တိုက်ရိုက် မေးလိုက်ဖို့ပင်။ တခြားလူများက ဤလုပ်ရပ်သည် မသင့်လျော်ဟု ခံစားကြရသည်။ ထိုကဲ့သို့ တည်ရှိမှုများအတွက် သူတို့၏နေရာကို စုံစမ်းခြင်းသည် အလွန်တားမြစ်ထားသောကိစ္စ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ အကယ်၍ ဤလုပ်ရပ်သည် ထိုလူနှစ်ဦးကို ဒေါသထွက်စေခဲ့ပါက ဆုံးရှုံးမှုများ ဖြစ်လာပေလိမ့်မည်။

သူတို့ အပြန်အလှန် ဆွေးနွေးကြသော်လည်း ထိရောက်သော ဖြေရှင်းနည်း တစ်ခုမျှ ထွက်ပေါ်မလာချေ။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က အချိန်တခဏခန့် ထပ်စောင့်ကြည့်ရန် အကြံပြုလိုက်သည်။ သူတို့ကို ဆက်သွယ်ကြည့်ရန် ထပ်ကြိုးစားကြည့်ရမည်ဖြစ်ပြီး အကယ်၍ ဆက်သွယ်မရလျှင် တခြားအစီအစဉ်တစ်ခုကို ကြိုးစားကြည့်ပေမည်။ ဤအဆင့်၌ ခန်းမဆောင်သခင်ငါးယောက်၏ အစည်းအဝေး ပြီးဆုံးသွားခဲ့သည်။

သူတို့ငါးယောက်သား လူစုခွဲလိုက်ချိန်၌ လင်းပေါင်ခန်းမဆောင်၏ ခန်းမဆောင်သခင်ယဲ့ချင်းရှန်သည် လေးလံသော စိတ်နှလုံးသားဖြင့် လင်းပေါင်ခန်းမသို့ ပြန်လာခဲ့သည်။ ပင်မခန်းမရှိ စားပွဲရှည်ပေါ်တွင် စာလိပ်အမြောက်အများရှိနေပြီး မကြာသေးမီက လင်းပေါင်ခန်းမမှ အသစ် ခေါ်ယူထားသော အကြီးအကဲတချို့၏ အချက်အလက်များ ပါဝင်သည်။

ထိုစာလိပ်များပေါ်တွင် မှတ်တမ်းတင်ထားသော အချက်အလက် တစ်ခုမှာ အဆင့်သုံး ဆေးပညာရှင်တစ်ဦးဖြစ်ကြောင်း မြင်လိုက်ရချိန်၌ ယဲ့ချင်းရှန်၏ စိတ်ဓာတ်ကျနေသော စိတ်အခြေအနေ နောက်ဆုံးတွင် တိုးတက်လာလေသည်။ အဆင့်သုံးဆေးပညာရှင် တစ်ဦးသည် ဂိုဏ်းတစ်ဂိုဏ်းလုံးအတွင်း၌ပင် အင်အား၏မဏ္ဍိုင်တစ်ခုဖြစ်သည်။ ထိုကဲ့သို့လူမျိုးသည် သူ၏အလေးအနက်ထားမှုနှင့် လေးလေးနက်နက် ဆက်ဆံမှုကို ခံယူထိုက်သည်။

အထူးသဖြင့် ဤအဆင့်သုံးဆေးပညာရှင်သည် အလွန်ငယ်ရွယ်နေသေးသောကြောင့်ပင်။ အနာဂတ်တွင် ထိုလူငယ်သည်အဆင့်လေးသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သည့် ကိစ္စတစ်ရပ် မဟုတ်ချေ။ သို့သော် ထိုကဲ့သို့ ပါရမီရှင်ကို ထိန်းသိမ်းထားရန် သူ၏သဘောထားကို ပြသရန် အရေးကြီးပြီး အကျိုးခံစားခွင့်များလည်း ပေးရပေမည်။

"တစ်ယောက်ယောက် လာခဲ့အုံး..."

ယဲ့ချင်းရှန် ခေါ်လိုက်သည်နှင့် အပြင်ဘက်မှနေ၍ တစ်စုံတစ်ယောက်က အလျင်အမြန် ဝင်လာသည်။

"ခန်းမဆောင်သခင်... အမိန့်ရှိပါ..."

"ယဲ့ကျန်းကို ငါ့ဆီ ခေါ်လာခဲ့စမ်း...."

All Chapters