← Chapters

အေးအေးလူလူ နေ့ရက်များ

Vol. 13 Ch. 125

အေးအေးလူလူ နေ့ရက်များ

Vol. 13 Ch. 125

နေ့သစ်တစ်ခုသို့ ရောက်ရှိလာလေပြီ။

နံနက်စောစောစီးစီးတွင် ကျုံးချင်သည် တောင်ပေါ်အပန်းဖြေစံအိမ်မှ ထွက်ခွာလာခဲ့သည်။ သူ ပေါက်စီဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသည်။ ဆေးမြို့တော်တွင် ဆွဲဆောင်မှုများစွာရှိပြီး အစားအစာသည်လည်း ထိုအရာများအနက်မှ တစ်ခုပင်။

ရှောင်ဟယ်ပေါက်စီဆိုင်သည် ဆေးမြို့တော်၏ အထူးအစားအစာများအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ တစ်ကြိမ်မြည်းစမ်းဖူးပြီးကတည်းက ကျုံးချင်သည် နေ့စဥ်နေ့တိုင်း ပေါက်စီအနည်းငယ် လာဝယ်လေ့ရှိသည်။ ဤသည်မှာ အဆင့်မြင့် ဟင်းလျာပါဝင်ပစ္စည်းများက ရိုးရှင်းသော ချက်ပြုတ်နည်းများကိုသာ လိုအပ်လေ့ရှိသည်ဟူသော သဘောတရားနှင့် ထပ်တူထပ်မျှပင်။

ဤပေါက်စီဆိုင်ကို လျှော့မတွက်သင့်ချေ။ ဆိုင်ရှေ့တွင် နေရာအနှံ့အပြားမှ ရောက်ရှိလာကြသော အစားအသောက်ချစ်သူများနှင့် ပြည့်နှက်နေပြီး လူပင်လယ်ကြီး ဖြစ်နေသည်။ ကျိုးဆန်းသည် ထိုနေရာတွင် စောစောစီးစီး ရောက်နှင့်နေလေပြီ။

"ညီအစ်ကိုကျုံး... မင်း ဒီကို လာမယ်ဆိုတာ ငါ သိနေတယ်"

ကျုံးချင် ရောက်လာသည်နှင့် ကျိုးဆန်းက သူ ဝယ်ထားပြီးသော အစားအစာများကို လက်ကမ်းပေးလိုက်သည်။ ထိုအရာများအနက် အသားပေါက်စီများနှင့်သောက်စရာများ ပါဝင်သည်။

"မင်းက တော်တော် စေ့စပ်သေချာတာပဲ"

ကျုံးချင်က အပြုံးနှင့် လှမ်းယူလိုက်သည်။ ပေါက်စီဆိုင်သည် အလွန်သေးငယ်ပြီး ထိုင်စရာနေရာမရှိသဖြင့် သူတို့နှစ်ယောက်သည် လမ်းဘေးတွင်သာ မတ်တတ်ရပ်၍ စားလိုက်ကြရာ အလွန်ရိုးရှင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေ၏။

"ညီအစ်ကိုကျုံး... ဒီနေ့ ဘယ်သွားချင်လဲ"

"ငါက ငယ်ငယ်ကတည်းက ဒီဒေသမှာ နေလာတာဆိုတော့ ဒီနေရာကို ကောင်းကောင်း ကျွမ်းကျင်တယ်"

ကျိုးဆန်းက ရှုခင်းကြည့်စရာနေရာများနှင့် စားသောက်ပျော်ပါးစရာ နေရာများစွာကို စိတ်အားထက်သန်စွာ အကြံပြုလေသည်။

"ဒီနေ့တော့ ရှုခင်းကြည့်ဖို့ စိတ်မပါဘူး... ညီအစ်ကိုကျိုးအားတယ်ဆိုရင် လေလံအိမ်ကို အတူတူ သွားကြမလား"

ဆေးပညာဆိုသည်က ဆေးလိပ်သောက်သည်နှင့် တူညီပြီး လူကိုစွဲလမ်းစေနိုင်သည်။ တစ်နေ့ကို ဆေးမီးဖိုနှစ်ဖိုစာခန့် မသန့်စင်ရလျှင် သူ နေရထိုင်ရ ခက်နေတတ်သည်။ သူ၏ဆေးပညာ စွမ်းရည်များကို အဆက်မပြတ်လေ့ကျင့်ပြီး တိုးတက်စေရန်အတွက် ဆေးမီးဖိုနှင့် ဆေးဖက်ဝင်ပစ္စည်းတချို့ ဝယ်ယူရန် သူ လေလံအိမ်သို့သွားရပေမည်။

ကျုံးချင်က ပြောလာချိန်တွင် ကျိုးဆန်းက ငြင်းဆန်ခြင်းမပြုဘဲ သူက အနီးဆုံး လေလံအိမ်ကို ညွှန်ပြပေးလိုက်သည်။ ဆေးမြို့တော်ရှိ လေလံအိမ်များသည် လင်းမြို့ သို့မဟုတ် ဖုန်မြို့ရှိ လေလံအိမ်များနှင့် နှိုင်းယှဉ်၍မရအောင် ကောင်းမွန်သည်ဟု ဆိုရပေမည်။ ကုန်ပစ္စည်း စုံလင်မှုနှင့် အမျိုးအစားစုံလင်မှုတို့က လူကို မူးဝေသွားစေနိုင်သည်။

ကျုံးချင်သည် လိုအပ်သော ပစ္စည်းများကို ရွေးချယ်ပြီးနောက် ငွေရှင်းချိန်တွင် သူ့ထံ၌ ၅၀ ရာခိုင်နှုန်း လျှော့ဈေးရနိုင်သော ဧည့်အကြီးအကဲ တံဆိပ်ပြား ရှိသည်ကို ရုတ်တရက် သတိရလိုက်သည်။ သူက ချက်ချင်းဆိုသလိုပင် ယဲ့ကျန်း ပေးထားသော ဧည့်အကြီးအကဲ တံဆိပ်ပြားကို ထုတ်လိုက်ပြီး ငွေကောက်ခံသောဝန်ထမ်းကို ပေးလိုက်သည်။

"ဒါကို ကြည့်ပေးပါအုံး... ဒီ ဧည့်အကြီးအကဲ တံဆိပ်ပြားနဲ့ လျှော့ဈေး ရနိုင်မလား"

တံဆိပ်ပြားကို ထုတ်လိုက်သည်နှင့် သူ၏နံဘေးရှိ ကျိုးဆန်းနှင့်လေလံအိမ်ဝန်ထမ်းတို့သည် အံ့အားသင့်သွားကြ၏။ ဧည့်အကြီးအကဲ တံဆိပ်ပြားများ ရှိနေခြင်းသည် လျှို့ဝှက်ချက် မဟုတ်ပေ။ အမှန်အားဖြင့် ထိုတံဆိပ်ပြားများ၏ ထူးခြားသော လုပ်ဆောင်ချက်များကြောင့် လူပြောများကြသည်။

လူအများစု၏အမြင်တွင် ဧည့်အကြီးအကဲ တံဆိပ်ပြားသည် ဂုဏ်ဒြပ်နှင့် ရာထူး၏ သင်္ကေတပင်။ ထို့ပြင် ထိုအရာသည် အဆုံးမရှိသော ကြွယ်ဝချမ်းသာမှုကိုလည်း ကိုယ်စားပြုသည်။ အကြောင်းအရင်းမှာဤတံဆိပ်ပြားကို ပိုင်ဆိုင်ထားခြင်းက တန်ထင်းခန်းမဆောင် ၏လက်အောက်ရှိ လေလံအိမ်များတွင် ရောင်းချသော ပစ္စည်းများအားလုံးကို ၅၀ ရာခိုင်နှုန်းလျှော့ဈေး ရရှိနိုင်သောကြောင့်ပင်။ အခြားကိစ္စများကို ဘေးဖယ်ထားပြီး ဤတံဆိပ်ပြားကို အသုံးပြုကာ ပစ္စည်းပြန်ရောင်းစားလျှင်ပင် အချိန်တိုအတွင်း ကြွယ်ဝချမ်းသာမှုများစွာ ရရှိနိုင်သည်။

သို့သော် ကျိုးဆန်း၏အံ့အားသင့်မှုမှာ အချိန်တခဏသာ ကြာမြင့်ခဲ့သည်။ ကျုံးချင်၏ လက်အောက်တွင် ထိပ်တန်းဆေးဘုရင်နှစ်ပါး ရှိနေကြောင်း သူ သိထားသည်။ ထိုကဲ့သို့ သာလွန်ထူးကဲသော ပုဂ္ဂိုလ်တစ်ဦးက ဧည့်အကြီးအကဲ တံဆိပ်ပြား ပိုင်ဆိုင်ထားခြင်းသည် သဘာဝကျပြီး အံ့အားသင့်စရာမရှိဟု သူ ထင်မြင်မိသည်။

ဝန်ထမ်းသည် ပေါ့ဆရဲခြင်း မရှိပေ။ ဤပစ္စည်းသည် တန်ထင်းခန်းမဆောင်အတွင်း၌ပင် ရှားပါးသည်။ သူ တွေ့ရှိရသော တံဆိပ်ပြားတိုင်းက ပိုင်ရှင်သည် တန်ထင်းခန်းမဆောင်၏ အရေးကြီးသော ဧည့်သည်ဖြစ်ကြောင်း ဖော်ပြနေသည်။

"ခဏစောင့်ပါ လူကြီးမင်း... ဧည့်အကြီးအကဲ တံဆိပ်ပြား အစစ် ဟုတ်မဟုတ် စစ်ဆေးဖို့ လိုအပ်လို့ပါ"

ကျုံးချင်၏ခွင့်ပြုချက်ကို ရပြီးနောက် သူက ဧည့်အကြီးအကဲ တံဆိပ်ပြားကို ကိုင်လျက် နောက်ဖက်ရှိ ခန်းမထဲသို့ ဝင်သွားသည်။ မကြာမီ သူ ပြန်ထွက်လာပြီး ကျုံးချင် အံ့အားသွားစေသည့် သတင်းတစ်ခု ပြောပြသည်။

"လူကြီးမင်း... တောင်းပန်ပါတယ်... လူကြီးမင်းရဲ့ ဧည့်အကြီးအကဲ တံဆိပ်ပြားက သုံးလို့မရပါဘူး"

"ဒီ ဧည့်အကြီးအကဲ တံဆိပ်ပြားက အတုလား"

ကျုံးချင် အံ့အားသင့်သွားသည်။

"အစစ်ပါ... ဒါပေမဲ့ အဲဒီတံဆိပ်ပြားရဲ့ လုပ်ဆောင်ချက်တွေကို ပိတ်ပင်ထားလို့ ပုံမှန်အတိုင်း သုံးလို့မရတော့တာပါ"

လေလံအိမ်ဝန်ထမ်းက တုံ့ပြန်အဖြေပေးသည်။

ကျုံးချင်က မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

"ဘာလို့ ပိတ်ထားလဲဆိုတာ သိလား"

"အဲ့ဒါက ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်နေလို့ ကျွန်တော်လည်း မသိပါဘူး... အဆင်မပြေဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် လူကြီးမင်း"

"ကိစ္စမရှိပါဘူး"

ကျုံးချင်သည် အလေးအနက် မထားတော့ချေ။ ဤကိစ္စသည် သူ့အတွက် ကြားဖြတ်ဇာတ်လမ်းတိုလေး တစ်ခုသာ ဖြစ်ပေ၏။ သူနှင့်ကျိုးဆန်းတို့ လေလံအိမ်မှ ထွက်ခွာလာကြသည်။ ကျိုးဆန်းသည်လည်း လိမ္မာပါးနပ်သူဖြစ်သောကြောင့် အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ထပ်မပြောတော့ပေ။ ထိုအစား သူက စကားလမ်းကြောင်းလွှဲပြီး ပြောဆိုလိုက်သည်။

"ညီအစ်ကိုကျုံး... ညက မင်းတည်းတဲ့ စားသောက်ဆိုင်ကို ငါ လာရှာသေးတယ်... ဒါပေမဲ့ မင်းကို မတွေ့ဘူး... နေရာပြောင်းလိုက်တာလား... ငါ့မှာ ဆေးမြို့တော်က ပိုင်ဆိုင်မှုတချို့ ရှိတယ်... ညီအစ်ကိုကျုံး စိတ်မရှိရင် ငါ့ရဲ့အိမ်မှာ ရက်နည်းနည်းလောက် လာတည်းပါလား"

ထိုစကားကို ကျုံးချင်က အပြုံးနှင့် တုံ့ပြန်အဖြေပေးလိုက်သည်။

"ငါ့မှာ တည်းစရာနေရာ ရှိပါတယ်... တောင်ပေါ် အပန်းဖြေစံအိမ်မှာပါ... ညီအစ်ကိုကျိုး ဒုက္ခခံစရာ မလိုပါဘူး"

"အဲ့ဒီနေရာမှာ ရှုခင်းက ကောင်းပြီး ပတ်ဝန်းကျင်လည်း သာယာတယ်... ကျွန်တော် အဲ့ဒီမှာပဲ ခဏလောက် နေအုံးမယ်... ညီအစ်ကိုကျိုးက ငါ့ကို ရှာချင်ရင် တောင်ပေါ် အပန်းဖြေစံအိမ်ကို လာခဲ့လို့ ရပါတယ်"

"အရက်သောက်တာနဲ့ ပတ်သက်ပြီး ပြောရရင် တန်ထင်းခန်းမဆောင်က တာဝန်ရှိသူ ယန်ထျန်းချောင်က မနက်ဖြန်ည စားပွဲကြီးတစ်ခု ကျင်းပမယ်လို့ ပြောတယ်... ငါ့ကိုလည်း ဖိတ်ထားတယ်...သူက အစ်ကိုကျုံးကို အသိပေးပေးပါလို့ မှာလိုက်တယ်... အစ်ကိုကျုံး ဘယ်လိုသဘောရလဲ"

ဤအကြောင်း ပြောရလျှင် ကျိုးဆန်းသည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ ထိုနေ့က သူသည် လက်ဆောင်ကောင်းများ ပြင်ဆင်ထားပြီး အချိန်ကိုက်တွင် ဤသြဇာကြီးမားသောပုဂ္ဂိုလ် ယန်ထျန်းချောင်ကို ပေးကာ မျက်နှာလုပ်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူ လက်ဆောင်မပေးနိုင်လိုက်ဘဲ ယန်ထျန်းချောင်က သူ့ကို ပစ္စည်းကောင်းများ ပြန်ပေးလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

ထို့ပြင် ယန်ထန်ချောင်က သူ၏မြေးမလေးကို ကျိုးဆန်းဖြင့် ပေးစားမည်ဟု အရိပ်အမြွက် ပြောဆိုခဲ့သည်။ သူ့ဘက်မှ တင်တောင်းလက်ဆောင် ပြင်ဆင်စရိတ်မလိုဘဲ မိန်းကလေးဘက်က ပါလာမည့် ဓနအင်အားသည် အတော်အသင့်များပြားပေ၏။

ဤကိစ္စနှင့် ပတ်သက်ပြီး ကျိုးဆန်းက သူသည် ထိုမျှထိ တုံးအသူတစ်ယောက်လောဟု တွေးမိသည်။ ခံစားချက်မပါသော အိမ်ထောင်ရေးသည် ပျော်ရွှင်နိုင်မည်လော။ ထို့နောက် ယန်ထျန်းချောင်က သူ့မြေးမလေး၏ ပုံတူပန်းချီကားကို ထုတ်ပြလိုက်ချိန်၌ ကျိုးဆန်းက အလေးအနက် စဥ်းစားကြည့်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ဟု ပြောလိုက်မိသည်။

ဤသည်က သူ့ထံ၌ ကျောရိုးမရှိ၍ မဟုတ်ချေ။ သာမန်ဟုထင်ရသော အဘိုးကြီးယန်တွင် အမှန်တကယ်ကို လှပသော မြေးမလေးတစ်ယောက် ရှိနေလို့သာ ဖြစ်သည်။ ဤအဘိုးကြီးသည် သူ၏အဖိုးယောက္ခမ ဖြစ်လာနိုင်ခြေရှိသည်ဟု တွေးမိပြီး ကျုံးချင်တို့နှင့်တွေ့ဆုံကာ ဆက်ဆံရေးကောင်းမွန်အောင် ကူညီစီစဉ်ပေးရန် တောင်းဆိုလာချိန်၌ ကျိုးဆန်းသည် သဘောတူလိုက်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ချေ။ သူ သတင်းစကား ပါးပေးနိုင်သည်ဟု သူ ပြောဆိုလိုက်၏။

သူ၏စိတ်ထဲတွင် ဤကိစ္စကို မလိုလားကြောင်း ဝန်ခံရမည်။ မည်သို့ပင်ဆိုစေကာမူ ထိုအဘိုးကြီးသည် သူတို့နှင့် စတွေ့တုန်းက အလွန်မာနကြီးခဲ့သည်။ ကျုံးချင်၏ ယန်ထန်းချောင်အပေါ် အမြင်က သိပ်မကောင်းလှဟု သူ ခံစားရသည်။ သို့ရာတွင် တဖက်လူက သူ၏မြေးမလေးကိုသုံးပြီး အလှထောင်ချောက် ဆင်လာလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။ အလှထောင်ချောက်ဆိုလျှင် သူ ခံနိုင်ရည် လုံးဝမရှိသည်ကို ထိုအဘိုးကြီး မသိသလော။

မူလက ကျုံးချင် ငြင်းဆန်လိမ့်မည်ဟု သူ တွေးထင်ထားခဲ့သည်။ သို့သော် တစ်ဖက်လူက ချက်ချင်းသဘောတူလိုက်လိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

"ကောင်းပြီလေ"

ဤမျှထိ ကျုံးချင် မြန်မြန်ဆန်ဆန် သဘောတူလိုက်ခြင်းက ကျိုးဆန်းကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။

"ညီအစ်ကိုကျုံး... စဉ်းစားအုံးမှာ မဟုတ်ဘူးလား... ဘာပဲဖြစ်ဖြစ် အဲ့ဒီအဘိုးကြီးက အဲဒီနေ့တုန်းက မင်းကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တာလေ... ငါက သူ့ကို မနိုင်လို့... မဟုတ်ရင် သူ့ကိုဒူးထောက်ပြီး တောင်းပန်ခိုင်းလိုက်ပြီ"

ဤစကားများက ကျုံးချင်၏နှုတ်ခမ်းကို တွန့်ကွေးသွားစေသည်။ ဤကောင်စုတ်သည် အမှန်တကယ်ကို သက်ရှိပြက်လုံးပင်။

"ကဲပါ... ပေါက်ကရတွေ ပြောမနေနဲ့တော့... တစ်ယောက်ယောက်က အလကား ကျွေးတာပဲ... ဘာလို့ မသွားဘဲ နေရမှာလဲ"

"မင်းက သူ့ရဲ့မြေးမလေးကို အလကားရမယ်... ငါက အစားအသောက် အလကားရမယ်... မကြိုက်စရာ ဘာရှိလဲ"

ဤစကားများက ကျိုးဆန်းကို လန့်ဖျပ်သွားစေသည်။

"ကျုံး... ညီအစ်ကိုကျုံး... ငါနဲ့ သူ့ရဲ့မြေးမလေး အကြောင်းကို မင်း ဘယ်လိုသိတာလဲ... မင်းက စိတ်ဖတ်နိုင်လို့လား"

ကျုံးချင်က ပြုံးလိုက်ပြီး မည်သည့်စကားမျှ မပြောချေ။ ကောင်းကင်ဘုံမျက်လုံး၏ စွမ်းအားက တစ်ဖက်လူ၏လျှို့ဝှက်ချက်များကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သည်။ ဤလုပ်ဆောင်ချက်က စိတ်ဖတ်သည်ထက် အဆပေါင်းရာနှင့်ချီပြီး ပို၍နက်နဲသိမ်မွေ့သည်။

တခြားလူများ၏လျှို့ဝှက်ချက်လေးများကို ရံဖန်ရံခါ ချောင်းကြည့်ရသည်က သူ့ကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် စွဲလမ်းစေသည်။

သူတို့နှစ်ယောက်သား နောက်ပြောင်နေရင်း တောင်ပေါ် အပန်းဖြေစံအိမ်သို့ ပြန်ရောက်လာကြသည်။ ယဲ့ကျန်းသည်လည်း သူတို့နှင့်အတူ တစ်ချိန်တည်းဟပြန်ရောက်လာသည်။ သူတို့နှစ်ဖွဲ့သားသည် တောင်ပေါ်အပန်းဖြေစံအိမ်၏ ဝင်ပေါက်တွင် ဆုံမိကြသည်။

မူလက စိတ်ဓာတ်ကျနေသော ယဲ့ကျန်းသည် ကျုံးချင်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာကို ပွတ်သပ်ပြီး အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

"စီနီယာကျုံး"

ယဲ့ကျန်းကို မြင်တွေ့ချိန်၌ ကျုံးချင်သည် ဧည့်အကြီးအကဲတံဆိပ်ပြား အသုံးမပြုနိုင်သည်ကို သတိရသွားသည်။ သူက ချက်ချင်းပြောဆိုလိုက်၏။

"ဒါနဲ့... ဒီဧည့်အကြီးအကဲ တံဆိပ်ပြားက ဘာဖြစ်နေလဲဆိုတာ မင်း သိလား... လေလံအိမ်က လူတွေက အဲ့ဒါက အပိတ်ခံထားရလို့ သုံးမရတော့ဘူးလို့ ပြောတယ်"

ထိုစကားကိုကြားချိန်၌ ယဲ့ကျန်း၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။

All Chapters