← Chapters

ကြီးကျယ်ခမ်းနားမှု

Vol. 13 Ch. 130

ကြီးကျယ်ခမ်းနားမှု

Vol. 13 Ch. 130

သူ မည်သည့်အရာကို မြင်လိုက်ရသနည်း။

အခန်းအပြင်ဘက်ရှိ တံခါးဝတွင် တန်ထင်းခန်းမဆောင်၏ ခန်းမဆောင်သခင်ငါးယောက် မတ်တတ်ရပ်နေကြသည်။

သူတို့၏အကြည့်များသည် သူ့အပေါ်တွင် စူးစိုက်၍ ကျရောက်နေပေ၏။

မည်သည့်ကိစ္စများ ဖြစ်နေသနည်း...

ဤသည်မှာ တန်ထင်းခန်းမဆောင်၏ ခန်းမဆောင်သခင်ငါးယောက်ပင်။

ဆေးမြို့တော်တစ်ခုလုံးကို ကြည့်လိုက်လျှင် မဟုတ်သေး.... အရှေ့ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် သူတို့သည် အစွမ်းအထက်ဆုံးပုဂ္ဂိုလ်များထဲတွင် ပါဝင်နေသည်။

ယခုချိန်၌ ဤပုဂ္ဂိုလ်ကြီးငါးပါးလုံးက သူ၏အခန်းရှေ့သို့ ရောက်ရှိနေကြသည်။

သူ တစ်စုံတစ်ခုကို ပြစ်မှားမိသလော....

ကျိုးဆန်း အနည်းငယ်တုန်လှုပ်သွားသည်။

မကြာသေးမီက သူ တစ်စုံတစ်ခု အမှားလုပ်မိသလောဟု ပြန်လည်၍ စဉ်းစားမိလေ၏။

သို့သော် သူ မည်သို့ပင် စဉ်းစားကြည့်ပါစေ သူသည် စာမေးပွဲဖြေဆိုစဉ်က လက်ဆောင်ပေးခဲ့ရုံနှင့် မကြာသေးမီက တန်ထင်းခန်းမဆောင် အမှုဆောင်အရာရှိ ယန်ထျန်းချောင်နှင့် အကြည့်ချင်း ဖလှယ်ခဲ့ရုံသာ ရှိသည်။

ပထမကိစ္စအတွက် ပြစ်ဒဏ်ကြေညာချက် ထုတ်ပြန်ပြီးသားဖြစ်ပြီး ဒုတိယကိစ္စသည် ခန်းမဆောင်သခင်ငါးယောက်ကို ထိတ်လန့်သွားစေလောက်အောင် အရေးပါမည် မဟုတ်ချေ။

ဤသို့တွေးတောနေရင်း ကျိုးဆန်းက တုန်တုန်ရီရီဖြင့် မေးမြန်းလိုက်သည်။

"လူကြီးမင်းတို့... ဘာကိစ္စရှိလို့ ရောက်လာတာလဲ မသိဘူး... ကျွန်တော်... ကျွန်တော်က ဘာတွေပြစ်မှားမိလို့လဲ"

ထိုခန်းမဆောင်သခင်ငါးယောက်သည် သူ၏ကြောက်ရွံ့မှုကို သဘာဝကျကျ မြင်တွေ့လိုက်ရသည်။

သူတို့သည် သက်ပြင်းချလိုက်ကြ၏။ အရေးမပါသော ကောင်လေးတစ်ယောက်ကမူ အရေးမပါသူသာဖြစ်သည်။ ဤကောင်လေးထံ၌ လူကဲခတ်တတ်သည့် အမြင်မျိုး ရှိပုံမရချေ။ သူတို့၏ပုံစံသည် ပြဿနာလာရှာသည့်ပုံ ပေါက်နေသလော။

သူတို့သည် ဤသို့တွေးတောမိသော်လည်း ခန်းမဆောင်သခင်တစ်ယောက်က ချက်ချင်းပြောဆိုလိုက်သည်။

"ညီလေး... စိတ်မလှုပ်ရှားပါနဲ့... ငါတို့ လာတာက မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး... ဆန့်ကျင်ဘက် အနေနဲ့ ငါတို့က မင်းကို အကျိုးခံစားခွင့် အကြီးကြီးနဲ့ ကံကြမ္မာကောင်းတစ်ခု လာပေးတာပါ"

ထိုစကားကို ကြားလိုက်ရသည်နှင့် ကျိုးဆန်း ချက်ချင်းကြက်သေသေသွားသည်။

ခန်းမဆောင်သခင်ငါးယောက်က အတူပူးပေါင်းပြီး သူ့ကို ကံကြမ္မာကောင်းတစ်ခု လာပေးသည်ဟု ဆိုသလော။ ဤစကားကို နားထောင်ရသည်မှာ မည်မျှထိ အဓိပ္ပါယ်မရှိလိုက်သနည်း။

ဤအခြေအနေကို မြင်တွေ့ချိန်၌ တခြားခန်းမဆောင်သခင်များသည် မည်သည့်အရာကိုမျှ ထပ်မပြောကြတော့ချေ။

ကျွင်းရှောင်ယောက်သည် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းပါဝင်သော သိုလှောင်အိတ်ကို တိုက်ရိုက်လက်ကမ်းပေးလိုက်သည်။

"ညီလေး... အရင်တုန်းက စာမေးပွဲဖြေဆိုချိန်မှာ ဖြစ်ခဲ့တဲ့ လိမ်လည်မှုဖြစ်ရပ်က ငါတို့ တန်ထင်းခန်းမဆောင်ရဲ့ အတွင်းလူတွေက ပုံကြီးချဲ့လိုက်တဲ့ကိစ္စပါ... မင်းက လက်ဆောင်လေး ပေးရုံပဲ ရှိသေးတာကို သူတို့က မင်းရဲ့ စာမေးပွဲဖြေဆိုခွင့် အရည်အချင်းကို တိုက်ရိုက်ရုတ်သိမ်းလိုက်တယ်"

"ဒါက ငါတို့ တန်ထင်းခန်းမဆောင်က မင်းကိုပေးတဲ့ လျော်ကြေးငွေ အနည်းငယ်ပါ... မင်း လက်ခံမယ်လို့ မျှော်လင့်ပါတယ်"

ထိုစကားကို ကြားလိုက်ရသည်နှင့် ကျိုးဆန်း ချက်ချင်းစိတ်လှုပ်ရှားသွားသည်။

သူသည် သိုလှောင်အိတ်ကိုယူပြီး ဖွင့်ကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် ကျောက်ရုပ်တစ်ရုပ်အလား သူ၏ခန္ဓာကိုယ် တောင့်တင်းသွားတော့သည်။

စိတ်ဝိညာဉ်ကျောက်တုံးများ....

ဤသည်မှာ တောက်ပနေသော အဖြူရောင် စိတ်ဝိညာဉ်ကျောက်တုံးများပင်။

ထိုအရာများသည် ရေတွက်၍ မရနိုင်လောက်အောင် များပြားပြီး တောင်ကုန်းငယ်လေးတစ်ခုအလား စုပုံနေသည်။

ဤသည်က သူ့ကို ချက်ချင်းကြက်သေသေသွားစေသည်။

ကြီးမားသော ပျော်ရွှင်မှုတစ်ရပ်က သူ့ကို ချက်ချင်းလွှမ်းခြုံသွားပေ၏။

"ဒါက... စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင်လဲ"

သူသည် အတွက်အချက်ညံ့သဖြင့် ဤအချိန်တွင် စိတ်ဝိညာဉ်ကျောက်တုံးများ မည်မျှထိ ရှိသည်ကို သူ အမှန်တကယ် မရေတွက်နိုင်ခဲ့ချေ။

ဤအချိန်တွင် ကျွင်းရှောင်ယောက်က ရယ်မောလိုက်ပြီး သူ၏ပခုံးကို ပုတ်ကာ ပြောဆိုလိုက်သည်။

"မများပါဘူး... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်သိန်းတည်းပါ"

"ဝုန်း...."

ထိုစကားကို ကြားလိုက်ရသည်နှင့် ကျိုးဆန်း၏စိတ်ထဲတွင် အဆုံးမရှိသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားတော့သည်။

'အိုး ဘုရားရေ... တစ်သိန်း... အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး... ပြီးတော့ တစ်သိန်းတည်းပါတဲ့'

ယခင်က ယန်ထျန်းချောင်သည် သူ့ကို စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်း ပေးခဲ့သည်ကိုပင် သူက ရက်ပေါင်းများစွာ ထပ်ခါတလဲလဲ ရေတွက်နေခဲ့ရသည်။

ယခုချိန်၌ တစ်ဖက်လူသည် သူ့ကို စိတ်ဝိညာဥ်တစ်သိန်း ပေးလိုက်သဖြင့် သူ ရေတွက်ရန် မည်မျှထိ အချိန်ကြာလိမ့်မည်နည်း။

သူ နေမထိထိုင်မသာ ဖြစ်လာသကဲ့သို့ပင် ခံစားလိုက်ရသည်။

သူ စိတ်ဝိညာဥ်ကျောက်တုံးများကို ရေတွက်ရမည့် ပျော်ရွှင်စရာကောင်းသော ဒုက္ခတစ်ခုက သူ၏စိတ်ထဲတွင် ကိန်းအောင်းနေသည်။

သူသည် ဤကဲ့သို့ဒုက္ခမျိုးကို အလွန်ကြိုက်နှစ်သက်ပေ၏။

ဖြစ်နိုင်လျှင် ဤကဲ့သို့သော ဒုက္ခမျိုးနှင့် သူ နေ့တိုင်း ဝန်းရံခံ၍ နေချင်သည်။

ကျိုးဆန်းက အသက်ပြင်းပြင်းရှိုက်ကာ သူ၏စိတ်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်သည်။ သူ၏လက်များဖြင့် သိုလှောင်အိတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။

"ဒါက... တကယ့်ကို ကျွန်တော့်အတွက်လား"

ကျွင်းရှောင်ယောက်က ရယ်မောလိုက်သည်။

"သေချာတာပေါ့... ဒါပေမဲ့ ငါတို့က ညီလေးကို ကိစ္စတစ်ခု ကူညီစေချင်တယ်"

ကျိုးဆန်းက ချက်ချင်းဆိုသလိုပင် သူ၏ရင်ဘတ်ကိုပုတ်ပြီး အာမခံလိုက်သည်။

"ကိစ္စတစ်ခု မပြောနဲ့....ဆယ်နဲ့ရာနဲ့ချီရင်တောင် ပြဿနာမရှိဘူး... ခင်ဗျားက ကျွန်တော့်အဖေ ဖြစ်ချင်တယ်ဆိုရင်တောင် ကွယ်လွန်သွားတဲ့ မိဘတွေကို သဘောတူအောင် ကျွန်တော် ပြောပေးမယ်"

ထိုစကားများက ခန်းမဆောင်သခင်ငါးယောက်၏မျက်နှာကို မည်းမှောင်သွားစေသည်။

အကယ်၍ သူတို့၌သာ ကျိုးဆန်းကဲ့သို့ သားတစ်ယောက် ရှိလျှင် ပထမဆုံး လုပ်မည့်အလုပ်မှာ ဤသားမိုက်ကို သေအောင် ရိုက်သတ်မိပေမည်။ ကျောရိုးရှိသည့် မည်သူမဆို ဤကဲ့သို့ လွယ်လင့်တကူ အဖေခေါ်မည် မဟုတ်ပေ။

သေချာသည်မှာ ကျိုးဆန်း၏ အရှက်မရှိသော ကျောရိုးမဲ့သော စရိုက်က သူတို့ အနှစ်သက်ဆုံး အရာပင်။ ဆိုလိုသည်မှာ အကျိုးကျေးဇူးများ ရှိနေသရွေ့ ဤကဲ့သို့ လူမျိုးသည် မည်သည့်အရာကိုမဆို ပြုလုပ်ပေလိမ့်မည်။

ဤသည်ကို တွေးတောမိသဖြင့် ကျိုးဆန်းအပေါ် သူတို့၏အကြည့်များ ပို၍ဖော်ရွေလာကြသည်။

ယဲ့ချင်းရှန်က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။

"တကယ်တော့ ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး... မင်းနဲ့အတူ စာမေးပွဲဖြေဆိုခွင့် ပယ်ဖျက်ခံလိုက်ရတဲ့ ကျုံးချင်ကို သိတယ်မလား"

"သိရုံတင် ဘယ်ကမလဲ... ကျွန်တော်တို့က မိတ်ဆွေတွေပဲလေ... အရမ်း ရင်းနှီးတယ်.. ကျွန်တော်တို့က နေ့တိုင်း အတူတူ သောက်ကြ စားကြတယ်"

ထိုစကားကိုကြားချိန်၌ သူတို့ငါးယောက်သား ချက်ချင်းစိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် နေရာမှန်ကို ရောက်လာပြီဟု သူတို့၏စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတွင် သူတို့သည် လူမှန်ကို ရှာဖွေတွေ့ရှိခဲ့လေပြီ။

ယဲ့ချင်းရှန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ပြောဆိုလိုက်၏။

"အခြေအနေက ဒီလိုပါ... ငါတို့ ဒီနေရာကို လာခဲ့တာက မင်းကို လျော်ကြေးပေးဖို့ သက်သက် မဟုတ်ဘူး... မင်းရဲ့အကူအညီကို တောင်းဖို့အတွက်ပါ... မင်းက ကျုံးချင်အကြောင်း သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ငါတို့ကို ပေးနိုင်မလား... ပြီးတော့ သူ ငါတို့ တန်ထင်းခန်းမဆောင်ကို ဝင်ရောက်လာအောင် စည်းရုံးပေးနိုင်မလား"

"မင်း ဒီကိစ္စကို ပြီးမြောက်အောင် လုပ်နိုင်ရင် ဝိညာဉ်ကျောက်တုံးတစ်သိန်းက အစပဲရှိသေးတယ်... ဧည့်အကြီးအကဲရာထူးကိုတောင် မင်းအတွက် ငါတို့ ကတိပေးနိုင်တယ်... ဒီ ဧည့်အကြီးအကဲဆိုတာက ငါတို့ တန်ထင်းခန်းမဆောင်မှာ အရမ်းအစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်... အဆင့်သုံး ဆေးပညာရှင်တစ်ယောက်ရဲ့ ခံစားခွင့်တွေကို ရရှိလိမ့်မယ်"

"ဘယ်လိုလဲ...မင်း စဉ်းစားကြည့်မလား"

သူ၏စကားဆုံးသည်နှင့် သူက ကျိုးဆန်းကို စူးစိုက်၍ကြည့်လိုက်သည်။

သူ၏အမြင်အရ ဤအကျိုးခံစားခွင့်သည် လုံးဝမနိမ့်ပါးချေ။ ခေါင်းမာသည့်လူတချို့ပင် ဤအကျိုးခံစားခွင့်များကြောင့် စိတ်လှုပ်ရှားသွားနိုင်သည်။ သိက္ခာနှင့်စည်းမရှိသော ကျိုးဆန်းကဲ့သို့ အသေးအဖွဲကောင်လေးဆိုလျှင် ပြောနေရန်ပင် မလိုတော့ချေ။

သို့သော် မူလက ပြုံးရွှင်နေသော ကျိုးဆန်း၏ မျက်နှာထားသည် ချက်ချင်းတည်ကြည်လေးနက်သွားပေ၏။

သူက ချက်ချင်းဆိုသလိုပင် သိုလှောင်အိတ်ကို ကျွင်းရှောင်ယောက်ထံသို့ ပြန်ပေးလိုက်သည်။

"တောင်းပန်ပါတယ်... ကျွန်တော်က ခင်ဗျားတို့ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးနိုင်မှာ မဟုတ်ဘူး"

ဤသဘောထားက ခန်းမဆောင်သခင်ငါးယောက်ကို လုံးလုံးလျားလျား ကြောင်အမ်းသွားစေသည်။

"ဘာဖြစ်လို့လဲ... စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို မင်း စိတ်မဝင်စားဘူးလား... ဧည့်အကြီးအကဲရာထူးက နိမ့်လွန်းတယ်လို့ ထင်နေတာလား... မင်း မကျေနပ်ရင် တခြားအရာတွေကို ထပ်ပြီးတောင်းဆိုလို့ ရပါတယ်"

ခန်းမဆောင်သခင်တစ်ယောက်က မေးမြန်းလိုက်သည်။

ကျိုးဆန်းက ခေါင်းခါပြလေ၏။

"ဒါက စိတ်ဝိညာဉ်ကျောက်တုံး ကိစ္စ မဟုတ်ဘူး... အကျိုးခံစားခွင့် ကိစ္စလည်း မဟုတ်ဘူး... ဟုတ်ပါတယ်... ကျွန်တော်သာ ခင်ဗျားတို့ရဲ့ အခြေအနေကို သဘောတူလိုက်ရင် စိတ်ကူးမယဉ်နိုင်လောက်တဲ့ ကြွယ်ဝမှု လက်လှမ်းမမီနိုင်တဲ့ အဆင့်အတန်းနဲ့ ကြီးကျယ်ခမ်းနားတဲ့ နေရာကို ပျံသန်းနိုင်မယ့် အခွင့်အရေးကို ရရှိမှာပါ"

"အမှန်ပဲ... ကျွန်တော် ကျိုးဆန်းက ယုတ်မာတယ် အရှက်မရှိဘူး သိက္ခာနဲ့ စည်းမရှိဘူး... ဒါပေမဲ့ ကျွန်တော့်မှာ စည်းတစ်ခုတော့ ရှိတယ်"

"အဲ့ဒါကတော့ ကျွန်တော်ရဲ့ဘဝမှာ ညီအစ်ကိုတွေကို ဘယ်တော့မှ သစ္စာမဖောက်တာပဲ... ညီအစ်ကိုကျုံးက အဆင့်အတန်း ခွဲခြားမှုမရှိဘဲနဲ့ ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်လို့ သတ်မှတ်ပေးခဲ့တယ်... ကျွန်တော်က ဘယ်လိုလုပ်ပြီးတော့ စည်းစိမ်ဥစ္စာနဲ့ရာထူးတွေ ရဖို့အတွက် သူ့ကို သစ္စာဖောက်ရမှာလဲ"

"ခင်ဗျားတို့ အခု ကျွန်တော့်ဆီ လာတယ်ဆိုကတည်းက သူက ခင်ဗျားတို့ကို ငြင်းဆန်ပြီးသား ဖြစ်မှာပါ... သူက ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်မှာလဲ... ပြီးတော့ ကျွန်တော့်မှာ လွှမ်းမိုးနိုင်ခွင့်ရော ရှိလို့လား"

"ဒါကြောင့် ခင်ဗျားတို့မှာ ကိစ္စရှိရင် သူ့ကိုသာ သွားပြောကြပါ... ကျွန်

တော် အိပ်ချင်ပြီ... ဒါကြောင့် ဧည့်မခံတော့ဘူး"

ထိုသိုပြောဆိုပြီးသည်နှင့် သူက အခန်းထဲသို ပြန်ဝင်သွားပြီး တံခါးပိတ်လိုက်ကာ ကြောင်အမ်းနေသော လူငါးယောက်ကို ပြင်ပတွင် ချန်ထားခဲ့သည်။

ခန်းမဆောင်သခင်ငါးယောက်သည် ကြက်သေသေသွားပြီး သူတိုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ကျိုးဆန်းကဲ့သို အသေးအဖွဲ ကောင်လေးတစ်ယောက်သည် ဤကဲ့သို ကြီးမားသော ဆွဲဆောင်မှုကို ရင်ဆိုင်ရချိန်တွင် သူတိုကို ငြင်းဆန်လိမ့်မည်ဟု သူတို မည်သိုမျှ ထင်မှတ်မထားခဲ့ကြချေ။

သူတိုသည် ငြင်းပယ်ခံလိုက်ရသော်လည်း ကျိုးဆန်းကို အထင်ကြီးသွားကြသည်။

ဤကဲ့သို အသေးအဖွဲကောင်လေးသည် ကျုံးချင်နှင့် မည်သည်ကြောင့် ဤမျှထိ ရင်းနှီးနေသနည်း ဆိုသည်ကိုလည်း နောက်ဆုံးတွင် သူတို နားလည်သွားကြသည်။

သူတိုသည် ဒေါသထွက်သော်လည်း ကျိုးဆန်းအပေါ် မည်သည့်အရာမျှ မလုပ်နိုင်ကြချေ။ သူတို ပြန်သွားပြီး တခြားနည်းလမ်းရှိမရှိ ကြည့်ရှုရုံသာ ရှိတော့သည်။

ကျိုးဆန်းကမူ အခန်းထဲသို ပြန်ရောက်လာပြီးနောက် စောင်အောက်တွင် တိုက်ရိုက် ပုန်းအောင်းကာ ထိတ်လန့်တုန်လှုပ်နေသည်။

အစောပိုင်းက သူ ငြင်းလိုက်စဉ်တွင် သူ၏ခံစားချက် ကောင်းမွန်းခဲ့သည်။ သိုသော် ဤသည်မှာ အရေးပါသော ပုဂ္ဂိုလ်ကြီးများကို သူ ဗြောင်ကျကျ မလေးမစား လုပ်လိုက်ခြင်းပင်။ သူတိုသည် အခန်းထဲသိုဝင်လာပြီး သူ့ကို ပါးဖြတ်ရိုက်ကာ သတ်ပစ်နိုင်သည် မဟုတ်လော။

သူ အချိန်အနည်းငယ်ကြာသည်အထိ စိုးရိမ်ပူပန်တကြီး စောင့်ဆိုင်းနေခဲ့သော်လည်း မည်သူမျှ ဝင်မလာချေ။ သူသည် သတ္တိမွေးပြီး တံခါးကိုဟကာ အပြင်ဘက်တွင် မည်သိုဖြစ်နေသည်ကို ချောင်းကြည့်လိုက်၏။ သိုသော် တံခါး၏အပြင်ဘက်တွင် မည်သူမျှ ရှိမနေတော့ပေ။ ခန်းမဆောင်သခင်ငါးယောက် ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိသာထင်ရှားသည်။

ဤသည်က သူ့ကို သက်ပြင်းချနိုင်စေခဲ့သည်။

သိုရာတွင် သူ နောက်သိုပြန်လှည့်လာပြီး သူ၏ကုတင်ပေါ်မှာ စိတ်ဝိညာဉ်ကျောက်တုံးပုံကြီး ရှိနေသည်ကို မြင်ယောင်မိသည့်အချိန်၌ နေမထိထိုင်မသာ ပြန်ဖြစ်သွားသည်။

သူ၏နှလုံးသားသည် နာကျင်မှုကြောင့် သွေးယိုစီးနေပေ၏။

ဤသည်က စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းနှင့် အဆင့်သုံးဆေးပညာရှင် တစ်ယောက်၏ ခံစားခွင့် သိုမဟုတ် ထိုထက်ပင် ပိုမြင့်နိုင်သေးသည်။ သိုရာတွင် သူက ဤကမ်းလှမ်းမှုကို စကားတစ်ခွန်းတည်းနှင့် ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

သူ၏စကားတစ်ခွန်းက ဤမျှထိ တန်ဖိုးရှိလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့မိချေ။

သေချာသည်မှာ....

သူ နှမြောသော်လည်း အကယ်၍ ထပ်မံ၍ရွေးချယ်ခွင့် ရလျှင်ပင် သူ ဤသို့သာ ပြုလုပ်မိပေမည်။ သူ့ထံ၌ တခြားရွေးချယ်မှုမျိုး ရှိမည်မဟုတ်ချေ။ ကျုံးချင်သာ မရှိလျှင် သူကဲ့သို အညတရကောင်လေးတစ်ယောက်ကို မည်သူက သိမည်နည်း။

လူတစ်ယောက်သည် သူ၏ဘဝတွင် မည်သည့်အရာကိုမဆို လုပ်နိုင်သော်လည်း သူ၏လိပ်ပြာကို သူ မလုံစေမည့်အလုပ်မျိုးကိုမူ မလုပ်နိုင်ချေ။

All Chapters