မှော်ရတနာ ထွက်ပေါ်လာခြင်း
Vol. 26 Ch. 252
လီပြည်နယ်၊ လက်နက်ဂိုဏ်း
တောင်ခြေရှိ မြို့ငယ်လေးတွင် လူများ ပြည့်လျှံနေပြီး အများစုမှာ စိမ်းသက်သော မျက်နှာများ ဖြစ်ကြသည်။
ထိုလူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်ကို ကျပန်းရွေးထုတ်လိုက်လျှင်ပင် ၎င်းတို့သည် မှေးမှိန်သော်လည်း ကြောက်ရွံ့လေးစားဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြ၏။
နတ်ဆိုးနှိမ်နင်းရေးဌာနမှ အမှုထမ်းများသည် အင်အားအပြည့် ဖြန့်ကျက်ထားပြီး ငြိမ်ဝပ်ပိပြားမှု ရှိစေရန် ကြိုးစား ထိန်းသိမ်းနေရသည်။
နတ်ဆိုးများနှင့် သိုင်းပညာရှင်များကို တစ်ပြိုင်နက် ခြိမ်းခြောက်နိုင်သော ဝတ်ရုံနက်များသည် ဤလူစိမ်းတစ်သိုက်အတွက် အရေးလုပ်စရာ မဟုတ်သကဲ့သို့ ဖြစ်နေသည်။
သူတို့ကို အမှန်တကယ် ငြိမ်သက်သွားစေသည်မှာ ကောင်းကင်ယံတွင် တွဲခိုနေသော မမြင်ရသည့် ယင်ဝိညာဉ် အရှိန်အဝါကြောင့် ဖြစ်သည်။
သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း အဆင့်မြင့် သိုင်းဝိဇ္ဇာ တစ်ပါး၏ လေးလံသော ဖိအားသည် လက်နက်ဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံထားပြီး ဖြစ်သည်။
"ကျွန်တော်တို့ အခမ်းအနားကို လေ့လာကြည့်ရှုဖို့ တောင်ပေါ် တက်ချင်ပါတယ်" ဟု သူတို့က ပြောဆိုကြ၏ဈ။
မြင့်မားသောအဆင့်ရှိသည့် ကျင့်ကြံသူများသည် တောင်ခြေတွင် စုဝေးနေကြပြီး လက်နက်ဂိုဏ်းမှ တပည့်များက ယဉ်ကျေးစွာ ကြိုဆိုကာ အပေါ်သို့ ခေါ်ဆောင်သွားကြ၏။
ဟိုဝမ်ရှန်းသည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။
လက်နက်ပစ္စည်းတစ်ခု ပေါ်ထွန်းလာသည့် သတင်းသည် ကြီးမားလွန်းသဖြင့် လူအများ သိရှိသွားခဲ့ပြီ ဖြစ်သည်။ တစ်ယောက်စကား တစ်ယောက်နား ဆိုသလို တစ်ဆင့်ပြီးတစ်ဆင့် ပျံ့နှံ့သွားခဲ့၏။
မဟာချန်မင်းဆက်အတွင်း နယ်လှည့်ကျင့်ကြံသူများမှာ မရှားပါးလှပေ။ သတင်းကြားသည်နှင့် တပြိုင်နက် သူတို့အားလုံး ဒီနေရာတွင် လာရောက် စုဝေးကြတော့သည်။
ယခင်ကဆိုလျှင် ဝူသိုင်းဘုံကျောင်းမှ စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် သူတို့ကို လူစုခွဲရန် လုံလောက်သော်လည်း ယခုအချိန်တွင်မူ...
အားလုံးကို မငြိမ်မသက် မဖြစ်အောင် ထိန်းနိုင်ရုံသာ တတ်နိုင်တော့သည်။
အင်အားစု အသီးသီး ကွဲပြားနေခြင်းနှင့် မဟာချန်မင်းဆက်၏ ကျဆင်းမှု ထင်ရှားလာခြင်းတို့ကြောင့် လူအများအပြားကို ပြစ်မှားမိရန် မဖြစ်နိုင်ပေ။
"လက်နက်ဂိုဏ်းက ခင်ဗျားတို့အားလုံးအတွက် တည်းခိုဖို့ နေရာ ပြင်ဆင်ပေးထားပါတယ်။ ဒါပေမဲ့ တောင်ထိပ်ပိုင်းကတော့ တားမြစ်နယ်မြေ ဖြစ်ပါတယ်။ဘယ်သူမှ ကျူးကျော်ဝင်ရောက်ဖို့ မကြိုးစားကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်" ဟု သူတို့က သတိပေး၏။
လင်းဇနီးမောင်နှံသည် ဓားကိုယ်စီ ကိုင်ဆောင်လျက် ဝူသိုင်းဘုံကျောင်းမှ တပည့်များ အနေဖြင့် တောင်တက်လမ်းတွင် အစောင့်ချထားသည်။
ကောင်းကင်ယံကို မော့ကြည့်ပြီးနောက် လာရောက်လည်ပတ်သော ကျင့်ကြံသူများသည် မတူညီသော အတွေးများ ရှိကြသော်လည်း အားလုံး သဘောတူ ခေါင်းညိတ်လိုက်ကြ၏။
"လက်နက်ဂိုဏ်းရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်"
တောင်ထိပ်ပိုင်းတွင် ထူထပ်သော အဖြူရောင်မြူခိုးများ စုဝေးကာ တိမ်တိုက်များ ဖြစ်ပေါ်နေပြီး တောင်ကုန်းတစ်ခုလုံး ဆောင်းရာသီ အလယ်သို့ ရောက်ရှိနေသကဲ့သို့ ခံစားရစေသည်။
သစ်ပင်ထိပ်ဖျားများသည် နှင်းခဲများ ဖုံးလွှမ်းနေပြီး အေးစက်သော လေပြင်းများ တိုက်ခတ်ကာ ရေခဲရိုက်ထားသော သစ်ရွက်များကို လွင့်ပျံစေသည်။
"မဟာချန်မင်းဆက်ထဲက ဒီလို သာမန်နေရာလေးတစ်ခုမှာ လက်နက်ပစ္စည်း သွန်းလုပ်နိုင်တဲ့ နည်းလမ်း ရှိလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ" ဟု ကျင့်ကြံသူတစ်ဦးက ခေါင်းခါရင်း မှတ်ချက်ချလိုက်၏။
ဤစကားသည် အခြားသူများကို သတိရသွားစေသကဲ့သို့ ဖြစ်ပြီး မကြာမီ အခြား ကျင့်ကြံသူများလည်း အနီးနားရှိ လက်နက်ပစ္စည်းဂိုဏ်း တပည့်များနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုလာကြသည်။
"..."
သူတို့အထဲတွင် ထူးခြားသော ကိုယ်နေဟန်ထားနှင့် ဂုဏ်သတင်းကြီးသော မျိုးရိုးမှ ဆင်းသက်လာသည့် သန်မာသော ကျင့်ကြံသူအချို့ ပါဝင်၏။
သူတို့သည် ခေတ္တမျှ လှမ်းကြည့်ပြီးနောက် တောင်ထိပ်သို့ ပြန်လည် အာရုံစိုက်လိုက်ကြသည်။
လက်နက်ဂိုဏ်းကို မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် ယဉ်ကျေးပျူငှာနေရုံဖြင့် မလုံလောက်ပေ။
ထို့အပြင် စစ်မှန်သော လက်နက်ပစ္စည်းတစ်ခု အောင်မြင်စွာ သွန်းလုပ်နိုင်မည်၊ မနိုင်မည် ဆိုသည်မှာလည်း မသေချာသေးပေ။
အကယ်၍ တစ်ခုခု သွန်းလုပ်နိုင်ခဲ့လျှင် ပိုင်ဆိုင်ခွင့်ကို ဦးစွာ ဆုံးဖြတ်ရမည်။ မဟာမိတ်ဖွဲ့မည့် ကိစ္စများကို နောက်မှ ဆွေးနွေးနိုင်သည်။
"လက်နက်ဂိုဏ်းသာ မရှိခဲ့ရင် လီပြည်နယ်ထဲမှာ ဟွမ်ယွမ်အဆင့် မဟာသိုင်းပညာရှင် တစ်ယောက် ရှိနေမှန်းတောင် ငါ သိမှာမဟုတ်ဘူး" ဟု ဟိုဝမ်ရှန်းက လက်သီးကို ဖြည်းညှင်းစွာ ဆုပ်ရင်း ပြောလိုက်သည်။ သူသည် ဖိအားအနည်းငယ် ခံစားနေရ၏။
သူ့အဆင့် မြင့်မားသော်လည်း သူရဲကောင်း အားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားရန်မှာ မလွယ်ကူလှပေ။
ဤအရာတွေအားလုံးမှာ အချိန် သိပ်မကြာသေးလို့သာ ဖြစ်သည်။ အကယ်၍ တစ်လ၊ နှစ်လလောက် ကြန့်ကြာသွားခဲ့ရင် နတ်ဘုရားအသွင်ပြောင်းလဲခြင်း အဆင့်ရှိ ကျင့်ကြံသူတွေ၊ အထူးသဖြင့် ရွှမ်ကွမ်းမှ လူတွေ ကိုယ်တိုင်ကိုယ်ကျ ရောက်လာနိုင်ပေ၏။
တစ်ဖက်တွင်မူ ဝူသိုင်းဘုံကျောင်းသည် ထူးဆန်းစွာ တည်ငြိမ်နေသည်။
မည်သို့ပင်ဖြစ်စေ အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရွှေရောင်ခန္ဓာကိုယ် ပိုင်ရှင်တစ်ယောက်လောက်တော့ ခေါ်လာသင့်သည်။
လက်နက်ဂိုဏ်းအပေါ် ဖိအားမပေးဘဲ ထားလိုက်လျှင် ဤပန်းပဲဆရာများသည် လက်နက်ပစ္စည်းကို အခြား အင်အားစုတစ်ခုထံ ပေးလိုက်မည် မဟုတ်ကြောင်း မည်သူ ပြောနိုင်မည်နည်း။
ထင်ထားသည့်အတိုင်းပင် ဟိုဝမ်ရှန်းသည် တီးတိုးပြောသံ အချို့ကို ကြားလိုက်ရ၏။
"အစ်ကိုချင်းယန်... ဂိုဏ်းချုပ်ကြီးလင်းက လက်နက်ဂိုဏ်းကို ပိုပြီး သင့်တော်တဲ့နေရာ ရွှေ့ပြောင်းဖို့ စဉ်းစားဖူးလား"
"ဝူသိုင်းဘုံကျောင်း နောက်ကွယ်မှာ ရပ်တည်တာ လုံခြုံတယ်လို့ ခံစားရနိုင်ပေမဲ့ သူတို့က ယင်ဝိညာဉ် ကျင့်ကြံသူတွေလေ။ ခင်ဗျားတို့ကို အထင်ကြီးချင်မှ ကြီးမှာ"
"ခင်ဗျားက ဝူသိုင်းဘုံကျောင်းရဲ့တပည့်ဆိုတာ သိပါတယ်။ ဒါပေမဲ့ သူတို့က ခင်ဗျားကို ဘာပေးနိုင်လို့လဲ၊ ရွှေရောင်ခန္ဓာကိုယ် ကျင့်စဉ်လား။ အဲဒါက ခင်ဗျားအတွက် အသုံးမဝင်ဘူးလေ။ ဘာလို့ တခြားနည်းလမ်းကို မစဉ်းစားတာလဲ..."
သူ့ထက် အဆင့်မြင့်သော ကျင့်ကြံသူတစ်ဦးက အစ်ကိုဟု ခေါ်ဝေါ်ပြီး နားနားကပ်ကာ ပြောဆိုနေသည်ကို နားထောင်ရင်း လင်ချးင်းယန်၏ မျက်နှာထားသည် ပြောင်းလဲခြင်း မရှိသော်လည်း ရင်ထဲတွင်မူ ဖော်ပြမရနိုင်အောင် ကျေနပ်နေမိ၏။
တပြိုင်နက်တည်းမှာပင် သံသယအချို့လည်း ဝင်လာသည်။
အကယ်၍ ဝူသိုင်းဘုံကျောင်းသာ အမှန်တကယ် အားကိုးရသည့် ကျောထောက်နောက်ခံ ဖြစ်ခဲ့လျှင် ဤလူများသည် သူတို့ရှေ့၌ ထိုကဲ့သို့ ပြောရဲမည် မဟုတ်ပေ။
မဟာချန်မင်းဆက်၏ လက်ရှိ အခြေအနေကို လူတိုင်း သိကြပြီး ဖြစ်သည်။ ဤအရာများ အားလုံးသည် ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်။
သူက စိတ်မပါသလို ပြန်ဖြေလိုက်၏။
"ကျွန်တော်နဲ့ ဆွေးနွေးနေလို့ ဘာအသုံးဝင်မှာလဲ။ လက်နက်ဂိုဏ်းရဲ့ အနာဂတ်ကို ကျွန်တော့်အဖေပဲ ဆုံးဖြတ်မှာပါ"
တဖက်လူက ဆက်ပြောချင်သေးသော်လည်း လင်းကတော်က လက်မြှောက်ကာ ယဉ်ကျေးစွာ တားမြစ်လိုက်၏။
"အကြီးအကဲ... ဒီထက်ပိုပြီး ဆွေးနွေးတာမျိုး ရှောင်ကြဉ်ပေးပါ။ ဂိုဏ်းချုပ်ကြီးမှာ သူ့အစီအစဉ်နဲ့သူ ရှိပါတယ်"
"ကောင်းပါပြီ၊ ကောင်းပါပြီ"
ထိုလူက အနေခက်စွာ ပြုံးရင်း လူအုပ်ထဲသို့ ပြန်ဝင်သွားပြီး တောင်ထိပ်သို့ ဆက်လက် မျှော်ကြည့်နေ၏။
လက်နက်ဂိုဏ်းသည် ဂုဏ်သတင်း အနည်းငယ် ရရှိလာသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။
ပါးနပ်သော ပန်းပဲဆရာတိုင်း ဤအခွင့်အရေးကို မည်သို့ အသုံးချရမည်ကို သိကြသည်။
မည်သို့ပင်ဆိုစေကာမူ မျိုးနွယ်ကြီးတစ်ခု ဖြစ်လာမလား၊ ဒါမှမဟုတ် ဆွေးမြည့်နေတဲ့ သစ်တုံးကြီးနဲ့အတူ တဖြည်းဖြည်း ပျက်စီးသွားမလား ဆိုတာ ရွေးချယ်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက် မဟုတ်ပေ။
ရုတ်တရက် လူအများ စောင့်ကြည့်နေစဉ်...
ကောင်းကင်ပေါ်ရှိ အဖြူရောင်မြူခိုးများသည် အောက်ဘက်သို့ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ပျောက်ကွယ်သွား၏။
သို့သော် လူတိုင်း အရိုးခိုက်အောင် အေးစက်မှုကို ခံစားလိုက်ရသည်။
ထိုအထဲမှ ထူးခြားသော ဟန်ပန်ရှိသည့် အဆင့်မြင့် သိုင်းပညာရှင် အနည်းငယ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာ၏။
အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး အေးစက်စွာ နှာမှုတ်လိုက်ကာ ခါးကြားရှိ လက်နက်များကို ပုတ်လိုက်ကြသည်။
ထိုနေရာရှိ လေထုသည် ချက်ချင်းဆိုသလို အလွန် တင်းမာသွား၏။
မှော်ရတနာ ပြီးစီးသွားပြီ။ ဈေးပြိုင်ကမ်းလှမ်းရမည့် အချိန်ရောက်ပြီ။
အားလုံး၏ မျက်လုံးများသည် တောင်တက်လမ်းကို စူးစိုက်ကြည့်နေကြပြီး ခဏအကြာတွင် ဆံပင်စုတ်ဖွားနှင့် အဘိုးအိုတစ်ဦးသည် ကျောက်စိမ်းသေတ္တာ တစ်ခုကို ပွေ့ပိုက်လျက် အောက်သို့ ပြေးဆင်းလာ၏။
သူတို့ နှုတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် လင်စကျင်းရီသည် ခေါင်းငုံ့လျက် လက်ကို ဝှေ့ယမ်းလိုက်သည်ကို တွေ့လိုက်ရ၏။
"ဖယ်ကြ၊ ဖယ်ကြ"
ထို့နောက် မီးခိုးငွေ့တစ်အိမ်အိမ်နှင့် တောင်အောက်သို့ အလျင်စလို ဆင်းသွားလေ၏။
ကြောင်အ အံ့သြကျန်ရစ်ခဲ့သော ကျင့်ကြံသူတစ်သိုက်ကို ချန်ထားရစ်ခဲ့လေသည်။
လေထဲတွင် ပျံဝဲနေသော ဟိုဝမ်ရှန်း ပင်လျှင် အနည်းငယ် အံ့သြသွားသည်။
"..."
ဒီအဘိုးကြီးက လက်နက်ပစ္စည်းဂိုဏ်း နာမည်ကြီးလာဖို့ အသည်းအသန် ဖြစ်နေတာ မဟုတ်ဘူးလား။ ဘယ်တုန်းက ဒီလောက် ယဉ်ကျေးသိမ်မွေ့ပြီး ရိုးသားသွားရတာလဲ။
"သူ့နောက် လိုက်ကြ"
လူလတ်ပိုင်း အရွယ် သိုင်းပညာရှင်ကြီး တစ်ဦးက မျက်မှောင်ကြုတ်လျက် အမိန့်ပေးလိုက်ပြီး တောင်အောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ဆင်းသွားသည်။
လူအများအပြား ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြ၏။
လက်နက်ဂိုဏ်းက သူတို့ကို ဈေးပြိုင်ကမ်းလှမ်းခွင့် မပေးတာက တစ်ပိုင်း၊ သို့သော် မှော်ရတနာ ဘယ်လိုပုံစံ ရှိလဲ ဆိုတာတောင် ပြသဖို့ ဆန္ဒမရှိတာက သူတို့ကို အရူးလုပ်နေသလို ဖြစ်နေသည်။
တောင်ကုန်း တစ်ဝက်လောက်ရှိ အဆောက်အအုံငယ်လေးထဲတွင်...
လင်ကျင်းရီ တံခါးခေါက်လိုက်ပြီး တုံ့ပြန်သံ ရရှိပြီးနောက် တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်၏။
တရားထိုင်ဖျာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသော ဝတ်ရုံနက် လူငယ်လေးကို ကြည့်လိုက်သည်။
သူ အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ပြီး ကျောက်စိမ်းသေတ္တာကို ကမ်းပေးလိုက်၏။
"အရာရှိရှန်း... ဒီအဘိုးကြီး လူကြီးမင်းကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ ပြီးပါပြီ"
"ခင်ဗျား ပင်ပန်းသွားပြီ"
ရှန်းယီ မျက်လုံးဖွင့်လိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ပြ၏။
"မလိုပါဘူး၊ မလိုပါဘူး။ ဒါ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါ" လင်ကျင်းရီ အလျင်အမြန် ခေါင်းခါလိုက်ပြီးနောက် "လူကြီးမင်း အရင်ကြည့်လိုက်ပါဦး။ ကျွန်တော် အပြင်ထွက်ပြီး သူတို့ကို ပြန်လွှတ်လိုက်ပါမယ်" ဟု ပြောသည်။
ထိုသို့ ပြောပြီးနောက် အဘိုးအိုသည် အဆောက်အအုံထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွား၏။
သူ လှည့်ကြည့်လိုက်သောအခါ မနှစ်မြို့ဖွယ် မျက်နှာထားများနှင့် ကျင့်ကြံသူ တစ်သိုက်ကို တွေ့လိုက်ရသည်။ လင်းချင်းယန် ပင်လျှင် သူ့ဖခင်ကို နားမလည်နိုင်စွာ စိုက်ကြည့်နေ၏။
ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို ဒီအတိုင်း ဖြုန်းတီးလိုက်တာလား။
သံတွေတူတွေထုရလွန်းလို့ ဦးနှောက် ပျက်သွားပြီလား။
"လူကြီးမင်းတို့... ဒီမှာ ကြည့်စရာ ဘာမှ မရှိပါဘူး။ ကျွန်တော် စားသောက်ပွဲ တစ်ခု ချက်ချင်း ပြင်ဆင်ခိုင်းလိုက်ပါ့မယ်။ ခင်ဗျားတို့ ပျော်ရွှင်ကြရမယ်လို့ အာမခံပါတယ်" လင်းကျင်းရီ အတင်းဟန်လုပ် ပြုံးလိုက်၏။
သူ့အကြည့်က အဆင့်မြင့် သိုင်းပညာရှင် အနည်းငယ်ကို လျင်မြန်စွာ ဝေ့ကြည့်လိုက်သည်။
ဟွမ်ယွမ် မဟာသိုင်းပညာရှင်တွေ... သူတို့က ဘာအသုံးဝင်လို့လဲ။
ဒီနှစ်ယောက် သုံးယောက်လောက်နဲ့... တကယ်လို့ သူတို့သာ အရာရှိရှန်း နောက်လိုက်ပြီး မဟာချန်မင်းဆက်ကနေ ထွက်သွားဖို့ လုပ်ရင် နှစ်နာရီလောက်ပဲ ကြာမယ့် ကိစ္စ။
အဘိုးအို အနေဖြင့် ရှန်းယီဆီကနေ "ကျွန်တော်တို့ ခဏဘေးထွက်ပြီးဆွေးနွေးလို့ ရမလား" ဆိုတဲ့ စကားမျိုး လုံးဝ မကြားချင်တာ သေချာသည်။
"ပျော်ရွှင်ကြရမယ် ဟုတ်လား"
ဘေးက ကြည့်နေကြသော ကျင့်ကြံသူ အများစုက စကားမပြောကြသော်လည်း ရှေ့ဆုံးတွင် ရပ်နေသော ဟွမ်ယွမ် မဟာသိုင်းပညာရှင် အနည်းငယ်၏ မျက်နှာထားမှာ မည်းမှောင်နေ၏။
သူတို့ထဲမှ တစ်ဦးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးဖြစ်သည်။
လူအများ၏ စူးစိုက်ကြည့်ရှုမှု အောက်တွင် လင်းကျင်းရီသည် အဆောက်အအုံငယ်လေး၏ ဝင်ပေါက်တွင် အလွန် သက်သောင့်သက်သာ ရပ်နေပြီး စိုးရိမ်ပူပန်မှု အရိပ်အယောင် လုံးဝ မရှိပေ။
"..."
ဟွမ်ယွမ် မဟာသိုင်းပညာရှင်သည် မျက်လုံးကို ပင့်ကာ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်၏။
ဤအဆင့်ထိ ကျင့်ကြံနိုင်သူများသည် ရူးသွပ်သူများ၊ တုံးအသူများမဟုတ်ပေ။
အဆင့်မြင့် သိုင်းဝိဇ္ဇာ တစ်ပါးတည်းဖြင့် လက်နက်ဂိုဏ်းကို ဤမျှ ခိုင်မာသော ကျောထောက်နောက်ခံ ပေးနိုင်မည် မဟုတ်ပေ။
ထိုအဆောက်အအုံငယ်လေးထဲတွင် မည်သူများ ရှိနေသနည်း။
တစ်စုံတစ်ယောက်က ဝူသိုင်းဘုံကျောင်းမှ အလောင်းကောင်တစ်ခုခုကို အမှန်တကယ် ယူဆောင်လာခဲ့ခြင်းများ ဖြစ်နေမည်လော။(ရွှေခန္ဓာကိုယ်တွေကို ရွဲ့တာထင်)