← Chapters

ဂူဗိမာန်ပွင့်လှစ်ခြင်း

Vol. 26 Ch. 255

ဂူဗိမာန်ပွင့်လှစ်ခြင်း

Vol. 26 Ch. 255

"တောင်းပန်ပါတယ်၊ ဒီတစ်ခါတော့ မရဘူး"။

မေ့ရှီးယောင်က ညင်သာစွာခေါင်းခါလျက် အခြားမည်သည့် စကားမျှထပ်မဆိုဘဲ လူအများအပြားကို ကျော်ဖြတ်ကာ အပေါ်ထပ်သို့ တက်သွားလေ၏။

သူမ၏ ကျော့ရှင်းသော ကျောပြင်ကို ငေးကြည့်ရင်း...

ဟွမ်ယွမ်ကနဦးအဆင့် အရှင်သခင် အချို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး နေရာတွင် ပြန်ထိုင်လိုက်ကြသည်။ အခြားသော ကျင့်ကြံသူများသည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြရာမှ အကြည့်များကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်ကြရ၏။

အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓားနီကျွမ်း သည် သူ၏ ကိုယ်ပိုင် ပါဝင်ပစ္စည်းများကို ယူဆောင်လာတိုင်း သူပြန်သွားပြီးနောက် ရှစ်မျက်နှာစားသောက်ခန်းမသည် ဧည့်သည်များကို ဖိတ်ခေါ်ကာ ဟင်းပွဲများ တည်ခင်းလေ့ရှိသည်။

သို့သော် ခြွင်းချက်များတော့ ရှိပေ၏။

ဥပမာအားဖြင့် နီကျွင်းက နတ်ဆိုးတစ်ထောင်ဂူမှ နတ်ဆိုးအလောင်းများ ယူလာချိန်မျိုးတွင် ဖြစ်သည်။

တောရိုင်းနတ်ဆိုးများနှင့် မတူဘဲ ဝူထုံတောင်မှ လူများက ထိုအရာများကို စားရဲကြသော်လည်း အခြား ဂိုဏ်းငယ်လေးများမှ လူများကမူ စားရန်မဆိုထားနှင့် မေးပင် မမေးရဲကြပေ။

"အဆင်သင့် ပြင်ထားကြ၊ ဂူဗိမာန် ပွင့်တော့မယ်"

အစစ်အမှန်ပုဂ္ဂိုလ်ကျန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး တံခါးပေါက်ဆီသို့ ဦးတည်သွားလေ၏။

သူသည် အသံကိုတိုးမပြောဘဲ လူတိုင်းကြားအောင် ပြောလိုက်ခြင်း ဖြစ်သည်။

ဤကဲ့သို့ သဘောထားကြီးသော လုပ်ရပ်က လူအုပ်ကြီး၏ လေးစားမှုကို ထပ်မံရရှိစေခဲ့သည်။ အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓား၏ ကျင့်ကြံခြင်းအဆင့်က ခန့်မှန်းရခက်သော်လည်း အခြားသူများမှာမူ သူ့ထံမှ အကျိုးအမြတ်မရနိုင်ပေ။

ထိုအချက်နှင့် နှိုင်းယှဉ်လျှင် ရွှမ်ကွမ်းဂူမှ အစစ်အမှန်ပုဂ္ဂိုလ်သည် ပို၍ ပေါင်းသင်းဆက်ဆံရ လွယ်ကူပုံပေါက်သည်။

စားသောက်ဆိုင်မှ ထွက်ခွာသွားသော အစစ်အမှန်ပုဂ္ဂိုလ်ကျန်း၏ နောက်သို့...

ဆူညံနေသော လူအုပ်ကြီးက လိုက်ပါသွားကြလေ၏။

အပေါ်ထပ်သို့ တက်သွားခါစဖြစ်သော မေ့ရှီးယောင်သည် ပြန်ဆင်းလာပြီး စားသောက်ဆိုင်မှ လူအချို့နှင့်အတူ အောက်ဘက်သို့ တိတ်ဆိတ်စွာ ငုံ့ကြည့်နေမိသည်။

အောက်ထပ်ရှိ လူများ ထွက်ခွာသွားပြီး ဆိုင်ခန်း လွတ်သွားသည်အထိပင်။

သူမ သက်ပြင်းချလိုက်မိသလို အခြားသူများကလည်း ခါးသက်သော အပြုံးများဖြင့် ခေါင်းခါလိုက်ကြ၏။

အခြေအနေက ပြီးခဲ့သော အကြိမ်ကနှင့် တစ်ပုံစံတည်းပင်။

ခက်ခက်ခဲခဲ ကြိုးစားပြီး အဆင့်တက်လာကြသည့် ကျင့်ကြံသူများ ဖြစ်ပါလျက် ရွှမ်ကွမ်းဂူ၏ မသေမျိုးဂိုဏ်းဆိုသော ဂုဏ်ပုဒ်ကို သူတို့ တကယ်ကြီး ယုံကြည်နေကြသည်လော။

ထောင့်တစ်နေရာတွင် ရှန်းယီသည်လည်း မတ်တတ်ရပ်လိုက်၏။

အစစ်အမှန်ပုဂ္ဂိုလ်ကျန်း၏ ပုံမှန်မဟုတ်သော အပြုအမူများသည် ဘိုင်ယွင်ခရိုင်မှ မှူးမတ်လေးဘဝဖြင့် သတ်ဖြတ်ကာ လမ်းဖောက်ထွက်လာခဲ့ဖူးသူ တစ်ယောက်၏မျက်လုံးထဲတွင်မူ ပို၍ ထင်ရှားနေလေသည်။

သို့သော် မည်မျှပင် သတိထားရစေကာမူ သူ သွားရပေမည်။

မဟာချန်မင်းဆက်တွင် ဤမျှကြာအောင် အန္တရာယ်ကင်းကင်း နေထိုင်ခဲ့ခြင်းသည် ပြင်ပသို့ ရောက်လာသည့်အခါ အလွန်အကျွံ သတိထားစရာ မလိုအောင် ပြင်ဆင်ခဲ့ခြင်း မဟုတ်ပါလော။

"သခင်ကြီးက ဂူဗိမာန်အတွက် လာတာ မဟုတ်ဘူးလား"

မေ့ရှီးယောင်သည် ထို အနက်ရောင် ဝတ်စုံနှင့် လူငယ်ကို စောစီးစွာကပင် သတိထားမိခဲ့သည်။ ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်နေရသူများ အနေဖြင့် အင်အားကြီးသော ကျင့်ကြံသူတစ်ဦးကို မည်သို့ လျစ်လျူရှုထားနိုင်ပါမည်နည်း။

သူက အစစ်အမှန်ပုဂ္ဂိုလ်ကျန်းနှင့်အတူ လိုက်မသွားသည်ကို မြင်သောအခါ သူမက သတိပေးလိုက်၏။

"အဲဒီလိုဆိုရင် တတိယထပ်ကို ကြွပြီး သုံးဆောင်ပါလားရှင်"

"ပြန်ရောက်မှ ပြောကြတာပေါ့"

ရှန်ရီ ခေါင်းခါလိုက်ပြီး အပြင်သို့ လျှောက်ထွက်သွားလေသည်။ ဆေးလုံးများကဲ့သို့ အဖိုးတန်သော ရှားပါးအစားအစာများကို စိတ်ဝင်စားသော်လည်း အရေးကြီးကိစ္စများကို ဦးစားပေးရပေမည်။

"..."

သတိထားနေသည့်ကြားမှ ရည်မှန်းချက်က အနိုင်ယူသွားခဲ့ပြန်ပြီ။သူမက သတိပေးရုံသာ ပေးလိုက်ခြင်းဖြစ်ပြီး ဒုတိယအကြိမ် တားဆီးရန် ဆန္ဒမရှိပေ။

သို့သော် ပြန်လာနိုင်ဖို့ကတော့ သိပ်လွယ်ကူမည် မဟုတ်ပေ။

…

ရှစ်မျက်နှာတောင်ကြား၏ အနောက်ဘက်

လင်းယုန်နှုတ်သီးပုံစံ ရှိပြီး မျက်နှာချင်းဆိုင်နေသော ချောက်ကမ်းပါးနှစ်ခုကို မြင်တွေ့ရလေသည်။

၎င်းတို့သည် မြင့်မားသော မုခ်ဦးကြီးတစ်ခုသဖွယ် ဖြစ်နေ၏။

ကျန်းမင်ယန်သည် ချောက်ကမ်းပါးအောက်ခြေတွင် လက်ကိုနောက်ပစ်လျက် ရပ်နေ၏။

အကြိမ်ကြိမ် ရောက်ဖူးသော်လည်း သူ့မျက်လုံးများထဲတွင် တပ်မက်မှုများ ရှိနေဆဲပင်။

မသေမျိုးဂိုဏ်းမှ ကျင့်ကြံသူများသည် သူတို့နေရာမှ ထွက်ခွာပြီး အခြားနေရာတွင် သီးသန့်နေထိုင်လျှင်ပင် ဤမျှ ကောင်းမွန်ခမ်းနားသော ဂူဗိမာန်များကို တည်ဆောက်နိုင်ကြ၏။

နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤနေရာသည် သူ့လိုလူများကို အပြင်ဘက်တွင်သာ ရှိနေစေခဲ့ပြီး သက်ပြင်းချရုံသာ တတ်နိုင်စေခဲ့သည်။

အမှန်တကယ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများဖြစ်ရာ သူတို့၏ကျင့်ကြံမှုသည် တစ်ဖက်လူနှင့် သိပ်မကွာခြားလှပေ။

သို့သော် နည်းလမ်းများနှင့် ဗဟုသုတအပိုင်းတွင်မူ သူတို့က များစွာ နိမ့်ကျနေပေသည်။

သူသည် အချိန်ကို တိတ်တဆိတ် တွက်ချက်လိုက်၏။ဆဌမမြောက် နေ့နှင့်ည လည်ပတ်ပြီးချိန်တွင် လရောင်သည် လင်းယုန်နှုတ်သီး ကမ်းပါးများကို ပါးလွှာသော ပဝါတစ်ချပ်သဖွယ် လွှမ်းခြုံထားလေသည်။

ချောက်ကမ်းပါးနှစ်ခုကြားရှိ မုခ်ဦးဝ၌ ဖျော့တော့သော အလင်းအမြှေးပါးတစ်ခု ရုတ်တရက် ပေါ်လာလေ၏။

ဂူဗိမာန် ပွင့်သွားပြီ။

လူတိုင်း၏ မျက်လုံးများသည် အလွန်တရာ တောက်ပလာကြ၏။

သို့သော် အစစ်အမှန်ပုဂ္ဂိုလ်ကျန်းက မလှုပ်ရှားသေးသဖြင့် သူတို့လည်း စိတ်လှုပ်ရှားမှုကို အတင်းအကြပ် နှိပ်ကွပ်ထားရ၏။

"ရွှမ်ကွမ်းဂူက အနိုင်ကျင့် ဗိုလ်ကျတဲ့ နေရာမျိုး မဟုတ်ပါဘူး။ မိတ်ဆွေတို့... ကျုပ်ပြောတာကို စောင့်စရာ မလိုပါဘူး။ သဘောရှိ လုပ်နိုင်ကြပါတယ်"

ကျန်းမင်ယန်သည် လက်ကို ဝှေ့ယ

မ်းလိုက်ပြီး လူတိုင်း၏ သံသယကို ဖြေဖျောက်ပေးလိုက်၏။

ကျင့်ကြံမှု နိမ့်ပါးသူများ တုံ့ဆိုင်းနေစဉ်တွင် ဟွမ်ယွမ်ကနဦးအဆင့် အရှင်သခင် ဆယ်ယောက်ခန့်သည် လက်ကိုဆုပ်လျက် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ် အစစ်အမှန်ပုဂ္ဂိုလ်ကျန်း... ဒါဆို ကျွန်တော်တို့ အားမနာတော့ပါဘူး"

အခြေခံအုတ်မြစ် မခိုင်မာသော အင်အားစုငယ်လေးများသည် မသေမျိုးဂိုဏ်းကြီး နှစ်ခုကို ယှဉ်နိုင်မည် မဟုတ်ပေ။ သိုင်းဘုံကျောင်းတော်၏ စုဆောင်းထားရှိမှုကပင် သူတို့ကို တပ်မက်မောစေရန် လုံလောက်နေပြီ ဖြစ်သည်။

နိမ့်ကျသော မျိုးရိုးနောက်ခံရှိသည့် ဟွမ်ယွမ်ကနဦးအဆင့် အရှင်သခင်များအနေဖြင့် လမ်းဆုံးသို့ ရောက်နေပြီဟု ဆိုနိုင်သည်။

အတွင်း၌ အန္တရာယ်များ ရှိနေကြောင်း သိသော်လည်း တိုးတက်မှုမရှိဘဲ ရပ်တန့်နေရသည့် ဒုက္ခနှင့် သက်တမ်းကုန်ဆုံးတော့မည့် ဝေဒနာတို့နှင့် ယှဉ်လျှင် မည်သည့် အခွင့်အရေးကိုမျှ လက်လွှတ်ခံမည် မဟုတ်ပေ။

ထို့အပြင် ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်စဉ်တစ်ခုခုကိုသာ တွေ့ရှိခဲ့လျှင်

သူတို့၏ နောက်ကွယ်မှ အင်အားစုများသည် တစ်နေ့တွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိလာနိုင်ပြီး... မဟာချန် သိုင်းဘုံကျောင်းကိုပင် အစားထိုး နေရာယူလာနိုင်ပေမည်။

ပြောဆိုနေရင်းနှင့်ပင် သူတို့၏ ခန္ဓာကိုယ်များမှ အလင်းရောင်များ ထွက်ပေါ်လာလေ၏။

ဟွမ်ယွမ်ကနဦးအဆင့်၏ ကြီးမားသော အရှိန်အဝါများ ပျံ့နှံ့လာပြီး ကောင်းကင်သို့ ထိုးတက်သွား၏။

လူရိပ်ဆယ်ခုကျော်သည် ရှေ့သို့ တိုးဝင်သွားကြပြီး မုခ်ဦးဝရှိ အလင်းအမြှေးပါးထဲသို့ တစ်ခဏချင်း ဝင်ရောက်ပျောက်ကွယ်သွားကြလေ၏။

ဦးဆောင်သူအချို့ ဝင်သွားသည်ကို မြင်သောအခါ ကျန်ရစ်သော ကျင့်ကြံသူများသည်လည်း စမ်းကြည့်ချင်လာကြသည်။

သူတို့၏ကျင့်ကြံခြင်းက နိမ့်ကျပြီးသားဖြစ်သည်။ အကယ်၍ နောက်ကျကျန်ရစ်ခဲ့လျှင် ဘိုးဘေးများက ကောင်းချီးပေး၍ တန်ဖိုးရှိသော အရာတစ်ခုခုကို တွေ့ရှိခဲ့လျှင်တောင်မှ သူတို့ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် လူပေါင်း ဒါဇင်နှင့်ချီ၍ အထဲသို့ ပြေးဝင်သွားကြလေသည်။

ကျန်ရှိနေသော သူများမှာ လူအုပ်နောက်သို့ လိုက်ပါလာသူများဖြစ်ပြီး အစစ်အမှန်ပုဂ္ဂိုလ်ကျန်း

ကို တိတ်တဆိတ် ကြည့်နေကြ၏။ တကယ်တမ်း ရောက်လာသည့်အခါတွင်မူ သူတို့ တွေဝေသွားကြသည်။

ကျန်းမင်ယန် ပြုံးလိုက်ပြီး ဂရုမစိုက်ပုံရသည်။

သူသည် အနောက်မှ လူများကို စကားအနည်းငယ် တီးတိုးပြောလိုက်၏။

ထို့နောက် မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအို အပါအဝင် အခြားနှစ်ဦးကို ခေါ်လျက် အလင်းအမြှေးပါးကို ဖြတ်ကျော်ကာ ပေါ့ပါးစွာ ဝင်ရောက်သွားလေသည်။

"ဘာလဲဟ"

ကျင့်ကြံသူများသည် ကျန်ရစ်ခဲ့သော တစ်ယောက်ကိုကြည့်ပြီး ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။

သူတို့ မမှားဘူးဆိုလျှင် ထိုလူသည်လည်း ရွှမ်ကွမ်းဂူမှ နာမည်ကြီး အစစ်အမှန်ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး ကျန်းချန်လင်ဟု ခေါ်သည်။

သူ၏ကျင့်ကြံခြင်းသည် ယွမ်ကနဦး အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်၏။ ထိုကဲ့သို့ လူတစ်ယောက်က ဂူဝကို စောင့်နေရန် အပြင်မှာ ကျန်ရစ်ခဲ့သည်တဲ့လား။

"ဟက်"

ကျန်းချန်လင်သည် နေရာတွင် ရပ်လျက် အလင်းအမြှေးပါးကို မဲ့ပြုံးဖြင့် ကြည့်နေလေ၏။

ထိုအခြေအနေကို မြင်သောအခါ ကျင့်ကြံသူများသည် အသက်အောင့်လိုက်ကြပြီး သူတို့ မဆင်မခြင် မလုပ်မိခဲ့သည့်အတွက် သက်ပြင်းချလိုက်ကြသည်။

ရွှမ်ကွမ်းဂူကဲ့သို့ အဆင့်အတန်းရှိသော အင်အားကြီးဂိုဏ်းတစ်ခုက ဂူဗိမာန်တစ်ခုအတွက် တံခါးစောင့်အဖြစ် နေရလောက်အောင် အောက်တန်းကျလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ သူတို့မှာ အရှက်တရား မရှိကြတော့ဘူးလော။

"သွားကြစို့"

လူအုပ်ကြီးသည် တီးတိုးပြောဆိုရင်း တိတ်တဆိတ် နောက်ဆုတ်သွားကြလေ၏။

တွေ့ရှိလာသည့်အရာကို ယူဆောင်ခွင့် မရှိလျှင် အန္တရာယ်ကြားထဲ ဘာကြောင့်သွားရမည်နည်း။

အရူးများသာ ထိုသို့ လုပ်ပေလိမ့်မည်။

ထိုအချိန်မှာပင် အရူးတစ်ယောက်ကရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့လေ၏။

ရှန်းယီ မျက်ခုံးပင့်လိုက်၏။

ရွှမ်ကွမ်းဂူတွင် ကြီးမားသော လျှို့ဝှက်ကြံစည်မှု ရှိနေမည်ဟု သူထင်ထားခဲ့သော်လည်း အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် သူတို့သည် ရွာမှ လူမိုက်များထက်ပင် ပိုဆိုးသော နည်းလမ်းများကို သုံးနေကြောင်း တွေ့လိုက်ရ၏။

အချိန်ဖြုန်းနေတာပဲ။

လူအုပ်ကြီးကြောင်ငေးကြည့်နေစဉ်မှာပင် အနက်ရောင် ဝတ်စုံနှင့် လူငယ်သည် လေပေါ်သို့ ပျံတက်သွားပြီး ကျန်းချန်လင်၏ ခေါင်းပေါ်မှ ကျော်ဖြတ်ကာ အလင်းအမြှေးပါးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

"ဟင်... တကယ်ကြီးလား၊ ဝင်သွားလို့ ရသေးတာလား"

သူတို့ ကျန်းချန်လင်ကို ခိုးကြည့်လိုက်ကြရာ သူ့မျက်နှာထားသည် အလွန်အရုပ်ဆိုးနေသည်ကို တွေ့လိုက်ရ၏။

"တခြားသူတွေက ဟွမ်ယွမ်ကနဦးအဆင့် အရှင်သခင်တွေလေ... သူတို့မှာသတ္တိရှိတာပေါ့"

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်အင်အားကြီးဂိုဏ်းကများ လာတာလဲမသိဘူး"

"တကယ်လို့ အင်အားကြီးဂိုဏ်းကသာဆိုရင်... ရွှမ်ကွမ်းဂူက သူ့ကို မမှတ်မိဘူးလား"

လူအုပ်ကြီးသည် တီးတိုးပြောဆိုရင်း နောက်ဆုတ်သွားကြ၏။

ဆွေးနွေးငြင်းခုံနေကြသော်လည်း ထိုလူငယ်၏ နောက်ခံကို ဘယ်သူမှ မသိကြပေ။

အတွေးပေါင်းစုံဖြင့် အချို့က သနားကြပြီး အချို့က ကိုချင်းစာကြသည်။ အဘယ်ကြောင့်ဆိုသော် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် လမ်းကြောင်းသည် မည်မျှ တန်ဖိုးရှိပြီး အရာအားလုံးကို စွန့်စားကာ တိုက်ခိုက်ထိုက်ကြောင်း အင်အားနည်းသော ဂိုဏ်းငယ်လေးများမှ တပည့်များသာ နားလည်သောကြောင့် ဖြစ်သည်။

သို့သော် မိမိကိုယ်ကို ဉာဏ်ကောင်းသည်ဟု ထင်မှတ်သူ အများစုကမူ လှောင်ပြောင်နေကြ၏။

ကျင့်ကြံခြင်းမည်မျှမြင့်မားပါစေ သူသည် စိတ်မြန်လက်မြန်ရှိသော လူငယ်တစ်ယောက်သာ ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော်လည်း သူတို့က ထိုလူငယ်ထက် ပိုအသက်ရှည်ရှည် နေရနိုင်ချေ ရှိပေသည်။

တစ်ဖက်တွင် ဆူညံစွာ ဆွေးနွေးနေကြစဉ် ရှစ်မျက်နှာတောင်ကြား၏ အပြင်ဘက် တစ်နေရာ၌...

ကြိုးကြာဖြူတစ်ကောင်နှင့် အခြားနတ်ဆိုးအချို့သည် တိတ်ဆိတ်စွာ ရပ်နေကြလေ၏။

သူတို့၏ ရှေ့တွင် အဝတ်စတစ်စ စုတ်ပြဲသွားသကဲ့သို့ ကျဉ်းမြောင်းသော အလင်းအမြှေးပါးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာလေသည်။

ပြီးပြည့်စုံသော ပုံရိပ်ယောင်အစီအရင် ဖြစ်ပါစေကာမူ အချိန်ကာလတစ်ခု ကြာမြင့်လာသည်နှင့်အမျှ အားနည်းချက်များ ပေါ်လာတတ်စမြဲပင်။

အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်သိသော သတင်းကို နတ်ဆိုးတစ်ထောင်ဂူက မသိဘဲ နေပါမည်လော။

မသိချင်ယောင်ဆောင်နေခြင်းသည် ရွှမ်ကွမ်းဂူကို အံ့အားသင့်ဖွယ် လက်ဆောင်ပေးရန်သာ ဖြစ်ပေ၏။

All Chapters