← Chapters

အခကြေးငွေ မယူခြင်း

Vol. 6 Ch. 67

အခကြေးငွေ မယူခြင်း

Vol. 6 Ch. 67

ဝမ်ရှောက်ထျန်း ပေးလိုက်သော သဲလွန်စများအတိုင်း လက်ထောက်ဖြစ်သူသည် သူ၏အဖွဲ့ကို ဦးဆောင် ကာ အနှစ် (၂၀) ကျော်သက်တမ်းရှိပြီဖြစ်သော အိုဟောင်းပျက်စီးနေသည့် လူနေတိုက်ခန်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ နံရံများမှာ ကွာကျနေလျှက်ရှိပြီး ရေနုတ်မြောင်းများကလည်း ပိတ်ဆို့နေကာ တိုက်ခန်း၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် နံစော်သော အနံ့အသက်များ ထွက်ပေါ်လျှက်ရှိသည်။

"လက်ထောက်ရှင်း၊ ဒီနေရာက နာမည်ကြီး ဆင်းရဲသားရပ်ကွက်ပဲ။ ဒီလောက် အဆင့်အတန်းမြင့်တဲ့ သူက တကယ်ပဲ ဒီလိုနေရာမှာ နေပါ့မလား….။"

ဟု မျက်မှန်နှင့်လူက နှာခေါင်းကိုပိတ်ကာ ရွံရှာစွာ ပြောလိုက်သည်။ အအဆင်တန်းဖြင့်သူဆိုလျှင် ဤကဲ့ သို့ ဟောင်းနွမ်းစုတ်ပြတ်သော နေရာတွင် နေထိုင်မည်မဟုတ်ဟု သူက ယူဆထားပုံရလေသည်။

ရှင်းရွေ့ချုန်းက ထိုသူကို စိုက်ကြည့်ကာ ဟောက်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း….။ ငါတို့က မစ္စတာချင် ခိုင်းတာကို သေချာလုပ်ဖို့ပဲ လိုတယ်….။"

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ လက်ထောက်ရှင်း၊ လက်ထောက်ရှင်း ပြောတာ မှန်ပါတယ်….။"

မျက်မှန်နှင့်လူမှာ အပြင်ပန်းတွင် ရိုသေဟန်ဆောင်နေသော်လည်း အတွင်းစိတ်တွင်မူ ချင်ဟုန်ခိုင် တစ်ယောက် လိမ်လည်လှည့်ဖြားသည့်အဖွဲ့တစ်ခု၏ အလိမ်ခံခြင်းကို ခံလိုက်ရပြီဟု လှောင်ပြောင် နေမိသည်။ ဤကဲ့သို့ စုတ်ပြတ်သတ်နေသော နေရာတွင် မည်သည့် ပညာရှင်က နေထိုင်မည်နည်း။

"လက်ထောက်ရှင်း…၊ ကျွန်တော် တံခါးသွားခေါက်လိုက်ရမလား….။"

မျက်မှန်နှင့်လူက သံချေးတက်နေသော သံတံခါးကိုကြည့်ကာ မခေါက်ချင်ခေါက်ချင်ဖြင့် မေးလိုက် သည်။

ရှင်းရွေ့ချုန်း၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ အကယ်၍ ဤလူ သည် သူ၏ဇနီးနှင့် အမျိုးနီးစပ်သူသာ မဟုတ်လျှင် ဤမျှအထိ ထင်တိုင်းကြဲခွင့် ပေးထားမည် မဟုတ် ပေ။ သူသည် ဇနီးဖြစ်သူ၏ မိသားစုနောက်ခံကို အားကိုးကာ ကုမ္ပဏီတွင် မခန့်လေးစား ပြုမူနေသူဖြစ် သည်။

"ငါပဲ လုပ်လိုက်မယ်…"

ရှင်းရွေ့ချုန်းက စိတ်ကိုလျှော့ကာ ရှေ့သို့တိုးပြီး လူခေါ်ဘဲလ်ကို တီးလိုက်သော်လည်း မည်သည့်တုံ့ပြန်မှု မျှ ရှိမလာပေ။ ဘဲလ်ပျက်နေသည်ဟု ယူဆကာ တံခါးကို စည်းချက်မှန်မှန် ခေါက်လိုက်သည်။

"ဒေါက်... ဒေါက်... ဒေါက်"

အတော်ကြာအောင် စောင့်ပြီးနောက် လူမရှိဟု ထင်မှတ်နေစဉ်မှာပင် တံခါးက အလိုလို ပွင့်လာခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ တံခါးပွင့်သွားသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထွက်မလာခြင်းပင် ဖြစ်သည်။

"ဒီတံခါးက အလိုအလျောက်စနစ်လား…."

မျက်မှန်နှင့်လူက အံ့အားသင့်ကာ စပ်စုသည့်မျက်လုံးများဖြင့် ကြည့်နေသည်။

ရှင်းရွေ့ချုန်း၏ မျက်လုံးများမှာမူ ဂဏာမငြိမ်ဖြစ်သွားသည်။ သုသာန်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စပြီးက တည်းက သူ၏ ရုပ်ဝါဒဆိုင်ရာ အမြင်များမှာ လုံးဝ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ ယခင်က ဘုရားမဲ့ဝါဒီ တစ်ဦး ဖြစ်ခဲ့သော်လည်း ထိုသရဲတစ္ဆေ မြင်ကွင်းကို ကိုယ်တိုင်တွေ့လိုက်ရပြီးနောက် ယုံကြည်ရန်မှလွဲ၍ အခြားမရှိတော့ပေ။

လူမရှိဘဲ တံခါးအလိုအလျောက် ပွင့်သွားခြင်းက ရှင်းရွေ့ချုန်းကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

"မစ္စတာ မိန်ပေါ်ထောင်း ရှိပါသလား။ ကျွန်တော်တို့ကို ဝမ်ရှောက်ထျန်းက လွှတ်လိုက်လို့ပါ….။"

ရှင်းရွေ့ချုန်းသည် ဝမ်ရှောက်ထျန်း၏ အမည်ကို အမြန်ပြောလိုက်သည်။ ဤအိမ်ထဲတွင် ဘာရှိနေမည် ကို သူ မသိသော်လည်း ဝမ်ရှောက်ထျန်းက 'ဆရာ' ဟု ခေါ်ဆိုသူမှာ သာမန်မဟုတ်သော စွမ်းအားများ ရှိမည်မှာ သေချာပေသည်။

"ဂလောက်…."

အခန်းထဲမှ ထူးဆန်းသောအသံ ထွက်ပေါ်လာသည်။ ရှင်းရွေ့ချုန်းက သတ္တိမွေးကာ တံခါးကို တွန်းဖွင့် လိုက်သည်။ အခန်းတွင်းတွင် လိုက်ကာများ ပိတ်ထားသဖြင့် မှောင်မည်းနေပြီး ဘာကိုမျှ မမြင်ရပေ။ သူ ၏ မျက်လုံးများကို အမှောင်ထဲတွင် ကျင့်သားရရန် အချိန်ခေတ္တ စောင့်လိုက်ရ၏။

"လက်ထောက်ရှင်း…၊ ဘာလို့ ဒီအခန်းက ဒီလောက်အေးနေရတာလဲ….။"

မျက်မှန်နှင့်လူက သူ၏လည်ပင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။ အခန်းတွင်းတွင် အပြင်ထက် ပိုအေး သဖြင့် သူ ခိုက်ခိုက်တုန်နေသည်။

ရှင်းရွေ့ချုန်းလည်း ထိုထူးဆန်းသော အေးစိမ့်မှုကို ခံစားမိပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွား သည်။

ရှင်းရွေ့ချုန်းက ဘာမှပြန်မပြောသဖြင့် မျက်မှန်နှင့်လူက ထပ်ပြောလိုက်သည်။

"တစ်ယောက်ယောက်က တမင်သက်သက် ပညာပြနေတာလား မသိဘူး။ ဒီဘက်ခေတ်မှာ လူလိမ်အဖွဲ့ တွေက ပေါမှပေါ။ လက်ထောက်ရှင်းက ခဲအိုဖြစ်သူရဲ့ ယုံကြည်ရတဲ့သူဆိုတော့ မျက်စိဖွင့် နားစွင့်ထား ပြီး ဘေးနားက လူယုတ်မာတွေကို ဖယ်ရှားသင့်တယ်နော်…။"

"ပါးစပ်ပိတ်ထားစမ်း…။"

ဟု ရှင်းရွေ့ချုန်းက အေးစက်စွာ ဟောက်လိုက်သည်။

မစ္စတာချင်က သူ၏သမီးမှာ သရဲနှင့် လက်ထပ်ခြင်းခံရသည်ဟု ယူဆထားသဖြင့် ဤကိစ္စကို ပြင်ပလူ များ မသိစေချင်ပေ။ ထို့ကြောင့်လည်း သူက ဤမျက်မှန်နှင့်လူကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုမျက်မှန်နှင့်လူ၏ အမည်မှာ တွမ်းဟုန် ဖြစ်သည်။ သူသည် အရည်အချင်းမရှိသော်လည်း ချင်မိသားစု အပေါ် သစ္စာရှိသူဖြစ်သည်။ သို့သော် သူက သူ၏အစ်မနှင့် ခဲအိုဖြစ်သူအကြောင်းကို လူတိုင်းသိအောင် ခဏခဏ ကြွားလုံးထုတ်တတ်သူလည်း ဖြစ်၏။

ထို့ကြောင့် ရှင်းရွေ့ချုန်းသည် များသောအားဖြင့် တွမ်းဟုန်ကို လျစ်လျူရှုထားတတ်သော်လည်း ယခုမူ သူ၏ စည်းလွတ်ဝါးလွတ် ပြောဆိုမှုများကြောင့် ဒေါသကို မထိန်းနိုင်တော့ပေ။

“ဟီးဟီးဟီးဟီး….”

ခပ်တိုးတိုးနှင့် အားနည်းသော ကလေးငယ်တစ်ဦး၏ ရယ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအသံမှာ နားနားလေးတွင် ကြားလိုက်ရသကဲ့သို့ ဖြစ်သော်လည်း သူတို့ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိနေခဲ့ပေ။

တွမ်းဟုန်က တုံ့ဆိုင်းသွားပြီး ရှင်းရွေ့ချုန်းလက်ကို ဆွဲကာ ကြောက်လန့်တကြား ပြောလိုက်သည်။

"လက်ထောက်ရှင်း တစ်ခုခု ကြားလိုက်လား။ အိမ်ထဲမှာ တစ်ခုခု မှားနေသလိုပဲ အပြင်ထွက်ရအောင် လား….။"

ရှင်းရွေ့ချုန်းက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။

"မရဘူး…။ ငါတို့ရဲ့ တာဝန်က မိန်ပေါ်ထောင်းကို ခေါ်သွားဖို့ပဲ….။"

မစ္စတာချင်၏ သမီးမှာ ဆေးရုံတွင် အသက်ကယ်မည့်သူကို စောင့်နေရသည် မဟုတ်ပါလား။

ရုတ်တရက် တွမ်းဟုန်၏ ပခုံးပေါ်သို့ အေးစက်သော လက်တစ်ဖက် ကျလာသည်။ ထိုအအေးဓာတ်မှာ ဓားနှင့် ထိုးနေသကဲ့သို့ အရိုးထဲအထိ စိမ့်ဝင်သွားသဖြင့် တွမ်းဟုန်မှာ လန့်ဖျန့်သွားပြီး နောက်သို့လှည့် ကြည့်သော်လည်း ဘာမှ တွေ့ရချင်းမရှိခဲ့။

"မင်း ဘာလုပ်နေတာလဲ။ လူကို လန့်အောင်လုပ်နေတာပဲ….။"

ရှင်းရွေ့ချုန်းက အော်လိုက်သည်။ သူကိုယ်တိုင်လည်း ထိတ်လန့်နေချိန်တွင် တွမ်းဟုန်၏ အပြုအမူ ကြောင့် မျက်နှာ ပျက်သွားသည်။

တွမ်းဟုန်မှာ ငိုမဲ့မဲ့ဖြင့် ပြောရှာသည်။

"တစ်ခုခုက ကျွန်တော့်ပခုံးကို လာကိုင်တယ်….။"

ရှင်းရွေ့ချုန်းလည်း တုန်လှုပ်သွားကာ ဟန်မပျက် နှစ်သိမ့်လိုက်သည်။

"မင်း စိတ်ထင်လို့နေမှာပါ။ ဘာမှ မရှိပါဘူး….။"

ထို့နောက် သတ္တိမွေးကာ အော်ပြောလိုက်သည်။

"မစ္စတာ မိန် ရှိပါသလား။ ကျွန်တော်တို့ကို ဝမ်ရှောက်ထျန်းက ခေါ်ခိုင်းလိုက်လို့ပါ….။"

"ဝမ်ရှောက်ထျန်း ဘယ်မှာလဲ…"

ဟု ခပ်အက်အက် အသံတစ်သံ ထွက်ပေါ်လာသည်။

ရှင်းရွေ့ချုန်းမှာ လန့်သွားသည်။ အခန်းထောင့်တွင် တစ်စုံတစ်ဦး ရပ်နေသည်ကို သူ မြင်လိုက်ရသည်။ ခုနက သူ သေချာကြည့်ခဲ့စဉ်က ဘာမှမရှိခဲ့သော နေရာတွင် ဤလူက မည်သည့်အချိန်က ရောက်နေခဲ့ သနည်း။

ရှင်းရွေ့ချုန်းက ဘာမှပြန်မပြောဘဲ ကြောင်ကြည့်နေသဖြင့် မိန်ပေါ်ထောင်း၏ မျက်လုံးများက မှုန်ကုပ် သွားသည်။

"ဝမ်ရှောက်ထျန်း ဘယ်မှာလဲ…."

ဟု သူက ထပ်မေးလိုက်သည်။

ရှင်းရွေ့ချုန်းက သတိပြန်ဝင်လာပြီး ဝမ်ရှောက်ထျန်း ပြောလိုက်သည့်အတိုင်း 'မိမိတွင် စွမ်းအားမရှိ တော့သဖြင့် မိန်ပေါ်ထောင်းထံမှ အကူအညီတောင်းရန်' ဖြစ်ကြောင်း အကျိုးအကြောင်း ရှင်းပြလိုက် သည်။

"မင်းက ဘယ်လို သက်သေပြမလဲ….။"

ရှင်းရွေ့ချုန်းက ခဏတွေဝေသွားပြီးမှ မိန်ပေါ်ထောင်းက ဝမ်ရှောက်ထျန်းနှင့် သိကြောင်း မည်သို့သော သက်သေပြမည်နည်းဟု မေးနေခြင်းဖြစ်ကြောင်း နားလည်သွားသည်။

"ခင်ဗျားကလည်း ဘာလို့ ဒီလောက် ရစ်နေရတာလဲ။ ကျွန်တော်တို့က အလကားခေါ်တာ မဟုတ်ဘူး နော်၊ ငွေနှစ်သိန်း ပေးမှာ။ မြန်မြန် လိုက်ခဲ့ပါ….။"

ဟု တွမ်းဟုန်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ သူက မိန်ပေါ်ထောင်းမှာ ဈေးကိုင်နေသည်ဟု ထင် နေခြင်းဖြစ်သည်။

"ဝါး... ဝါး..."

တွမ့်ဟုန် စကားအဆုံးတွင် သူ၏ နားထဲသို့ တစ်စုံတစ်ခုက လေမှုတ်လိုက်သကဲ့သို့ ငိုသံတစ်ခုကို ကြား လိုက်ရသည်။ ထိုခံစားချက်က အလွန်ထင်ရှားသဖြင့် သူ လျစ်လျူရှုထား၍ မရတော့ပေ။ သူ တောင့် တောင့်ကြီး လှည့်ကြည့်လိုက်သောအခါ ပုခုံးပေါ်တွင် သေးငယ်သော လက်တစ်ဖက်ကို မြင်လိုက်ရ သည်။

"သရဲ... "

ရှင်းရွေ့ချုန်းက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး သူ၏ ဖုန်းကိုထုတ်ကာ ချင်ဟုန်ခိုင်ထံ ဆက်လိုက် သည်။

"သူဌေး၊ ဝမ်ရှောက်ထျန်းကို ဖုန်းခဏပေးပေးပါခင်ဗျာ…။"

ဝမ်ရှောက်ထျန်းက ဖုန်းကိုယူလိုက်ပြီး…

“ဆရာ... ကျွန်တော် အကူအညီတစ်ခု တောင်းချင်လို့ပါ။ ဒီမှာ အရမ်းအစွမ်းထက်တဲ့ သရဲ တစ်ကောင်နဲ့ တွေ့နေရလို့ ဆရာ ကူညီပေးဖို့ အချိန်ရမလား….။”

"ရတယ်၊ ဒါပေမဲ့ ငါ အခကြေးငွေ မယူဘူး။ မင်း ငါ့ကို အကြွေးတစ်ခု တင်သွားပြီလို့ပဲ မှတ်ထားလိုက်" ဟု မိန်ပေါ်ထောင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ဝမ်ရှောက်ထျန်းမှာ ချင်မိသားစုက ငွေ (၂) သိန်း ပေးမည်ဟု ကမ်းလှမ်းထားသည်ကို မသိပေ။

မိန်ပေါ်ထောင်းက သူ့မျက်နှာကို ထောက်ထားပြီး ကူညီသည်ဟုသာ ထင်မှတ်ကာ ဝမ်းသာအားရ သဘောတူ လိုက်လေသည်။

All Chapters