← Chapters

အဂ္ဂိရတ်ပညာရှင် မဖြစ်ချင်သော စားပွဲထိုးသည် စားပွဲထိုးကောင်း တစ်ယောက် မဟုတ်

Vol. 9 Ch. 81

အဂ္ဂိရတ်ပညာရှင် မဖြစ်ချင်သော စားပွဲထိုးသည် စားပွဲထိုးကောင်း တစ်ယောက် မဟုတ်

Vol. 9 Ch. 81

စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်းတွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာပျက်မတတ် တိုက်ပွဲကြီးသည် လွန်ခဲ့သော ခေတ်တစ်ခေတ်မှ ပုံပြင်တစ်ပုဒ်ကဲ့သို့ ဖြစ်နေခဲ့ပြီ။

စစ်ချန်သည် ဟေးစန်း၊ ဟုန်ဖုန်းနှင့် ပဲနီလေးတို့ကို ခေါ်ဆောင်ကာ အေးအေးလူလူ လျှောက်လှမ်းနေသည်။ တိကျသော ဦးတည်ရာ မရှိဘဲ လမ်းရှိရာသို့ လျှောက်သွားနေခြင်း ဖြစ်သည်။

သူတို့၏ ခရီးစဉ်သည် ရိုးရှင်းပြီး ပျော်ရွှင်စရာ ကောင်းသည်

ဒေသအလိုက် ကျော်ကြားသော အစားအစာများကို ရှာဖွေပြီး စိတ်ကြိုက် စားသောက်ကြသည်။

ဟေးစန်းသည် ဤချက်ပြုတ်ထားသော အစားအစာလူနေမှုဘဝပုံစံကို လုံးဝ နှစ်ခြိုက်သွားပြီး နောက်ထပ် ဘာစားရမလဲဟု ကြံစည်ရခြင်းသည် သူ့အတွက် နေ့စဉ် အပျော်ရွှင်ဆုံး အလုပ်တစ်ခု ဖြစ်လာသည်။

ဟုန်ဖုန်းကမူ ဟေးစန်းလောက် ဆူညံခြင်း မရှိသော်လည်း အရသာရှိသော အစားအစာ တစ်ခုခုကို မြည်းစမ်းလိုက်ရတိုင်း သူ့မျက်လုံးများ တောက်ပသွားသည်မှာ အတုလုပ်၍ မရနိုင်ပေ။

ရက်များစွာ ပျော်ရွှင်စွာ ကုန်လွန်သွားခဲ့သည်။

သို့သော် တဖြည်းဖြည်းနှင့် တစ်ခုခု မှားနေသည်ဟု သူတို့ ခံစားလာရသည်။

ပထမပိုင်းတွင် ကျင့်ကြံသူများသည် သူတို့ကို အဝေးမှ မြင်လိုက်ရုံနှင့် ရံဖန်ရံခါ တိတ်ဆိတ်သွားတတ်ပြီး မျက်နှာလွှဲသွားတတ်ကြသည်။

နောက်ပိုင်းတွင် လူစည်ကားသော မြို့များသို့ ဝင်ရောက်လိုက်တိုင်း ထိုနေရာများသည် အလိုအလျောက် တိတ်ဆိတ်သွားပြီး လူများက လမ်းဖယ်ပေးသည်အထိ ဖြစ်လာသည်။

ထိုအကြည့်များတွင် စူးစမ်းလိုစိတ်နှင့် လေးစားမှုများပင် ပါဝင်နေသည်။

တစ်နေ့တွင် အတော်အတန် ကြီးမားသော ကျင့်ကြံသူ ဈေးတစ်ခုအတွင်း၌ အနီးဆုံး အစားအသောက်မြို့တော် ဘယ်မှာရှိသလဲဟု စစ်ချန် မေးမြန်းချင်နေသည်။

ရှေ့နားတွင် ထွက်ခွာတော့မည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရသဖြင့် သူ သဘာဝကျကျ ရှေ့တိုးသွားပြီး ယဉ်ကျေးစွာ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"တာအိုမိတ်ဆွေ... ခဏလောက် နေပါဦး။"

ထိုကျင့်ကြံသူသည် အလျင်လိုနေသူ ဖြစ်သည်။ လမ်းပိတ်ခံလိုက်ရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း စစ်ချန်၏ မျက်နှာကို သေချာ မြင်လိုက်ရသည်နှင့် ခြေသလုံးများ တုန်ရီသွားပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"စီ... စီနီယာစစ်။"

သူ့အသံမှာ အက်ကွဲနေပြီး အလျင်စလို ဦးညွှတ်ကာ အောက်ကျို့နိုင်သမျှ အောက်ကျို့လိုက်သည် "ဒီဂျူနီယာက ဘာကူညီပေးရမလဲဗျာ။"

စစ်ချန် မျက်တောင်ခတ်လိုက်သည်။ ဒီလူကို တစ်ခါမှ မမြင်ဖူးကြောင်း သူ သေချာသည်။

"ခင်ဗျား ကျုပ်ကို သိလို့လား။"

ထိုကျင့်ကြံသူ၏ ခေါင်းမှာ ပို၍ ငိုက်ကျသွားပြီး လေသံမှာ ပို၍ လေးစားသမှု ရှိလာသည် "စီနီယာက နောက်နေပါပြီ... အခုချိန်မှာ အရှေ့ပိုင်းဒေသ ကျင့်ကြံခြင်းလောကမှာ စီနီယာ့ကို မသိတဲ့သူ ဘယ်သူရှိလို့လဲ..."

“ဟင်.. ဘာလားဟ”

အသေအချာ မေးမြန်းပြီးမှသာ သူတို့အဖွဲ့ နားလည်သွားကြသည်။

စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်းမှ တိုက်ပွဲသတင်းသည် တစ်နည်းနည်းဖြင့် နေရာအနှံ့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

၎င်းသည် ချင်းရွှမ်အဆင့်သတ်မှတ်ချက်၏ အတည်ပြုချက်ကိုပင် ရရှိခဲ့ပြီး ဖြစ်သည်။ နဂါးကျဆုံးရာမြေ ကိစ္စသည် လှုပ်ခတ်မှု ဖြစ်စေခဲ့သော်လည်း ထိုစဉ်က သူ၏ အဆင့်သတ်မှတ်ချက်မှာ နိမ့်နေသေးသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် နတ်ဘုရားဝိညာဉ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူ ဖန်ယုံကို တစ်ဦးတည်း သတ်ဖြတ်ခဲ့ပြီး စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်း၏ ပင်မတောင်ထိပ်ကို မြေလှန်ပစ်ခဲ့ခြင်း ဖြစ်ရာ ဤအောင်မြင်မှုသည် လျစ်လျူရှုထား၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ချင်းရွှမ်အဆင့်သတ်မှတ်ချက်သည် စစ်ချန်၏ နေရာကို တတိယနေရာအထိ ချက်ချင်း တိုးမြှင့်ပေးလိုက်သည်။

အံမယ်သူတို့က သူ၏ပုံတူပန်းချီကားကိုပါ ထည့်သွင်းပေးထားသေးသည်။

သတိပြုရမည်မှာ စစ်ချန်ဟူသော ဘီလူးမှလွဲ၍ ချင်းရွှမ်အဆင့်သတ်မှတ်ချက်၏ ထိပ်တန်းဆယ်ဦးစလုံးသည် နတ်ဘုရားဝိညာဉ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ဟေးစန်းသည် သူ၏ ဧရာမခေါင်းကြီးကို ကုတ်လိုက်ပြီး ညည်းညူလိုက်သည် "သေစမ်း... အဲဒီ သောက်ကျိုးနည်း ချင်းရွှမ်အဆင့်သတ်မှတ်ချက်က နားပါးလိုက်တာ... တခြား အသက်ရှင်ကျန်ရစ်တဲ့ မျက်မြင်သက်သေလည်း မရှိပါဘူးကွာ။"

ထိုကျင့်ကြံသူ တုန်လှုပ်သွားသည်။

ဟေးစန်းကို လူမခြောက်ရန် စစ်ချန် လက်ဝှေ့ယမ်းပြလိုက်သည်။ သူ အဆင့်သတ်မှတ်ချက်ကို ဂရုမစိုက်သော်လည်း ဤကဲ့သို့ နာမည်ကျော်တဦးလိုဆက်ဆံခံရခြင်းသည် စိတ်ရှုပ်စရာ ကောင်းလှသည်။

သူ့လေသံကို တတ်နိုင်သမျှ နူးညံ့အောင် ပြုလုပ်လိုက်သည် "စိတ်မလှုပ်ရှားပါနဲ့... ဒီနားတစ်ဝိုက်မှာ ဘယ်ဆိုင်က အစားအသောက်ကောင်းလဲဆိုတာ မေးချင်ရုံပါ။"

ထိုကျင့်ကြံသူ၏ မျက်နှာထား ထူးဆန်းသွားသည်။ သူသည် စစ်ချန်ကို ခိုးကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့လိုက်သည်။

တကယ်ကြီး... ဒီလူက နတ်ဘုရားဝိညာဉ် နှောင်းပိုင်းအဆင့်ကို တစ်ယောက်တည်း သတ်ခဲ့တဲ့ ဘီလူးလေ။ သူ့စိတ်သဘောထားက ဘယ်လိုလဲဆိုတာ ဘယ်သူ သိမှာလဲ။ ထူးဆန်းတဲ့ အကြိုက်တွေ ရှိချင်ရှိနေမှာ။ ဘယ်သူက စိတ်အေးလက်အေး နေနိုင်မှာလဲ။

ထိုလူသည် စိတ်ထဲတွင် အော်ဟစ်နေသော်လည်း အပြင်ပန်းတွင်မူ အလွန် လေးစားစွာ ပြန်ဖြေလိုက်သည် "စီနီယာကို ပြန်ဖြေပါရစေ... အကယ်၍ အစားအသောက်ကောင်းကို ရှာနေတာဆိုရင် ဆေးပေါင်းဖိုမြို့တော်ကို သွားကြည့်သင့်ပါတယ်။"

"ဆေးပေါင်းဖိုမြို့တော် ဟုတ်လား။"

နာမည်ကို ကြည့်ရတာ အဂ္ဂိရတ်ပညာနဲ့ သက်ဆိုင်တဲ့နေရာပုံ ပေါက်နေသည်။ အစားအသောက်နဲ့ ဘာဆိုင်လို့လဲ။ သို့သော် စစ်ချန် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထိုအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သူကဲ့သို့ "မဝံ့ရဲပါဘူးဗျာ" ဟု အကြိမ်ကြိမ် ပြောဆိုကာ အပြေးအလွှား ထွက်ခွာသွားတော့သည်။

"ဆေးလုံးတွေ ရောင်းတဲ့နေရာနဲ့ တူလိုက်တာ... ဘာ အစားအသောက်ကောင်းတွေ ရှိမှာမို့လို့လဲ" ဟေးစန်း ခေါင်းကုတ်လိုက်ပြီး သံသယဝင်နေသည်။

ဟုန်ဖုန်းက သူ၏ မရှိသောအမြီးကို ဝှေ့ယမ်းလိုက်သည် "သွားကြည့်ရင် သိမှာပေါ့။ လူတွေ ချီးကျူးနေမှတော့ ထူးခြားတာ တစ်ခုခု ရှိမှာပဲ။"

စစ်ချန် ခေါင်းညိတ်လိုက်သည်။ စိတ်ဝင်စားလာပြီ။

သူတို့ လမ်းကြောင်းပြောင်းပြီး ဆေးပေါင်းဖိုမြို့တော်ဆီသို့ ဦးတည်လိုက်ကြသည်။

လမ်းတစ်လျှောက်လုံးတွင် ဟေးစန်းက ချင်းရွှမ်အဆင့်သတ်မှတ်ချက် ဆိုတာ ဘာလဲ၊ သူတို့ ညီလေးကို ဘာလို့ တတိယနေရာမှာပဲ ထားရတာလဲဟု တရစပ် ပွစိပွစိ ပြောနေတော့သည်။

"ဒီဝက်ဝံအိုကြီးကို မေးမယ်ဆိုရင်တော့ ညီလေးက သေချာပေါက် နံပါတ်တစ်ပဲ။ အဲဒီကောင်တွေ ဘာမှ မသိပါဘူး။"

All Chapters