← Chapters

ယင်းကောင်းကင်ယံမြို့ဆီ

Vol. 8 Ch. 108

ယင်းကောင်းကင်ယံမြို့ဆီ

Vol. 8 Ch. 108

ဆယ်မိနစ်အတွင်း ကောင်းကင်က နေဝင်ဆည်းဆာအလင်းက ပိုမှောင်လာပြီး ဘေးပတ်လည်က ဝိညာဉ်ချီတွေ ပိုထူလာတယ်။ တစ်ယောက်ယောက်က အထက်ထျန်းလန်လောကထဲ ဝိညာဉ်ချီတွေအများကြီး လောင်းချလိုက်သလိုပဲ။ ‌ကောင်းကင်ဝင်ရိုးစွန်းမှာ ဝိညာဉ်ချီ အမျှင်စုလေးတွေတောင် ခပ်ရေးရေးရှိနေသေး။

မသေမျိုးပြောတာ တကယ်ပဲအမှန်လား။ လူတိုင်း ကြောက်လန့်မှုနဲ့ ကြက်သီးထသွားကြတယ်။ သူတို့စောနကမြင်ခဲ့ရတဲ့ တောက်ပမှုက ကောင်းကင်တံခါးပွင့်သွားတဲ့ လက္ခဏာဖြစ်ရမယ်။ အဲဒီအလင်းတန်းတွေက တကယ်ပဲ... လောကကြီးကို ဖျက်ဆီးဖို့ရောက်လာတဲ့ မသေမျိုးတွေလား

အထက်ဘုံရဲ့ မသေမျိုးတွေက ဘာလို့ အောက်ဘုံကလူတွေကို တိုက်ခိုက်ချင်ရတာလဲ။

"ဂိုဏ်းချုပ်၊ ကျွန်မတို့ အခုဘာလုပ်သင့်လဲ" ယွီဟုန်က တည်ငြိမ်စွာမေးပြီး သူမရဲ့ စိုးထိတ်မှုကို ချုပ်ထိန်းဖို့ ကြိုးစားနေတယ်။

ရှန်းရင်က တစ်ခဏတွေးပြီးမှ ပြန်ဖြေလာတယ်။

"ဘယ်ဂိုဏ်းက လောလောဆယ် လူအများဆုံးရှိလဲ"

တစ်ခဏတာ လူတိုင်း သူ့မေးခွန်းကြောင့် ကြောင်အကုန်ပြီး တိတ်ဆိတ်သွားကြတယ်။ အဲချိန် ယိချင်းက ရှေ့တက်ပြီး ဖြေလာတယ်။

"ဆရာ၊ ဂိုဏ်းတပည့်တွေစုဆောင်းတဲ့ ရက်က ကျော်လွန်ကာစမို့ ဂိုဿ်းအသီးသီးက အခု အရည်အချင်းစစ် စာမေးပွဲတွေ ကျင်းပနေဆဲကာလ ဖြစ်လောက်ပါလိမ့်မယ်၊ လူအများဆုံးရှိမဲ့နေရာက... ဆွေကြီးမျိုးကြီးမိသားစု သုံးစုဖြစ်နိုင်ပါတယ်"

ခေါင်းညိတ်ပြီး ရှန်းရင် တစ်ခုခုပြောမလို့ ရှိသေး တပည့်တစ်ယောက်က ကျောက်စိမ်းတံဆိပ်ပြားနှစ်ခု ကိုင်ပြီး ပြေးဝင်လာလေတယ်။

"ဂိုဏ်းချုပ်၊ ကျွန်မတို့ ယင်းနဲ့ရွှမ်းယွမ်မိသားစုတွေဆီကနေ သတင်းစကားလက်ခံရရှိထားပါတယ်၊ သူတို့ အင်အားကြီးရန်သူတွေနဲ့ ကြုံနေတာမို့ အကူအညီတောင်းခံပါတယ်တဲ့"

လူတိုင်း သတင်းစကားကြောင့် ပင့်သက်ရှိုက်ကုန်တယ်။ လောကကြီးကိုဖျက်ဆီးဖို့ ရည်ရွယ်ထားတယ်ဆို ပထမဆုံးလုပ်မှာက လူအများဆုံးရှိတဲ့နေရာဆီ ဦးတည်မယ်ဆိုတာ အခုတော့နားလည်သွားပြီ။

ရှန်းရင် အမြန် သူမဂိုဏ်းသားတွေကို အမိန့်ပေးလိုက်တယ်။

"စားဖိုမှူး၊ ဟင်းသီးဟင်းရွက်မိသားစုဆီသွား၊ အဲမှာ မသေမျိုးတွေကြုံခဲ့ရင် သူတို့ကို အံတုဖို့မလုပ်နဲ့၊ ဝေးဝေးသာပြေး၊ မရဘူးဆိုရင် သူတို့ကိုအချိန်ဆွဲထား၊ ငါ ယင်းမိသားစုဆီ သွားမှာ၊ ဒါပေမဲ့ မြန်နိုင်သမျှမြန်မြန် နင်တို့ဆီလာခဲ့မယ်"

"ဟုတ်ကဲ့ဆရာ" ယိချင်းခေါင်းညိတ်လိုက်တယ်။ အချိန်က တိုတောင်းတာမို့ ဓားကိုဆင့်ခေါ်ပြီး ထံက်တော့မဲ့ဆဲဆဲ ရုတ်တရက် တစ်ခုတွေးမိပြီး ပြန်လှည့်လိုက်တယ်။

"ဆရာ၊ မုန်လာဥကိုပါ ခေါ်သွားနော်"

"... အေးပါ"

စိတ်ချသွားပြီး ယိချင်းလည်း ထွက်ခဲ့တယ်။

ရှန်းရင် နှုတ်ခမ်းတွေ တွန့်သွားတယ်။ ယွီဟုန်ဘက်လှည့်ပြီး သူမဆက်ပြောလိုက်တယ်။

"ရှောင်ဟုန်၊ ဖေဖေနျိုနဲ့ တခြားတပည့်တွေကို ယုန်ရဲ့နေရာဆီ ချက်ချင်းခေါ်သွားလိုက်၊ ငါပြန်မလာမချင်း မိစ္ဆာဘုံထဲကနေ ထွက်မလာနဲ့"

"ဟုတ်ကဲ့ဂိုဏ်းချုပ်" ယွီဟုန် တစ်ခဏစဉ်းစားပြီး ထပ်ပြောလိုက်တယ်။

"ရိမိသားစုကျတော့ရော"

"ညွှန်ကြားရေးမှူးမှာ သူ့ကို ကူညီပေးဖို့ တီကောင်ရှည်ကြီးတစ်ကောင်ရှိတယ်၊ သူတို့လောလောဆယ် အဆင်ပြေမှာပါ"

တီကောင်... ရှည်ကြီး။ အဲဒါဘာကြီးလဲ။

"မုန်လာဥ သွားကြစို့" ရှန်းရင် ခေါ်ထုတ်လိုက်တယ်။

"ကျီ" ခန္ဓာကိုယ်ကိုကျုံ့ပြီး မုန်လာဥဖြူက ချက်ချင်း မုန်လာဥဖြူပုံစံပြန်ပြောင်းကာ သူမခြေထောက်ကိုဖက်ထားတော့တယ်။

ရှန်းရင် တစ်ခဏစဉ်းစားပြီးတော့ လှည့်ပြီး မြေကြီးပေါ်က အသက်မရှိတဲ့ကိုယ်ကို တကယ်သေပြီလား စစ်ဆေးဖို့ ခြေ‌ဖနောင့်နဲ့ ပေါက်လိုက်တယ်။ အဲဒါပြီးမှပဲ သူမလှည့်ထွက်လာခဲ့တော့တယ်။ မျက်စိတစ်မှိတ်အတွင်း သူမက ပျောက်ကွယ်သွားတယ်။

ကြည့်ရတာ ဒါက ကိစ္စကြီးဖြစ်မဲ့ပုံပဲ။ စိတ်ရှုပ်စရာကောင်းလိုက်တာ။

——————

ငါးမိနစ်အကြာ။

မိန်းကလေးတစ်ယောက်နဲ့ မုန်လာဥဖြူတစ်ခု သူတို့ရှေ့က တောအုပ်ကြီးကို တွေတွေကြီး ကြည့်နေကျလေတယ်။

"မုန်လာဥဖြူ... နင်လမ်းကြောင်းသိတယ်လို့ ပြောခဲ့တယ်ထင်‌တယ်နော်" ဒီနေရာက ဘယ်ကနေရာကြီးလဲဟ။

"ကျီ..." သူ လမ်းကြောင်းတကယ်သိပေမဲ့ ကောင်းကင်က ဆည်းဆာအလင်းက ပတ်ဝန်းကျင်ရှုခင်းကို ပြောင်းပစ်မှတော့ သူ ဘာလုပ်နိုင်မှာလဲလို့။

"ကျီကျီကျီကျီကျီ..."

"လူစကားပြောစမ်းပါ"

"ဝိညာဉ်ဆေး‌ပင်တွေကို... မေးသင့်လား၊ သူတို့ ဒီနေရာကို သိမလားလို့လေ" မုန်လာဥဖြူက ချက်ချင်း သူမခြေထောက်ကနေ ခုန်ဆင်းပြီး ဘေးက မြက်ခင်းပြင်ဆီ ခုန်သွားတယ်။ သိပ်မကြာခင်ပဲ ပြန်ရောက်လာလေရဲ့။

"သူတို့က ထွက်သွားစမ်းဆိုပြီး ပြောလိုက်တယ်"

အပြင်က ဝိညာဉ်ဆေးပင်တွေက မဖော်ရွေလိုက်ကြတာ။

ရှန်းရင် နှုတ်ခမ်းတွေ တွန့်သွားပြီး ရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ မုန်လာဥဖြူက ဒီလောက်တောင် အားမကိုးရမှန်းသိခဲ့ရင် စားဖိုမှူးနဲ့ သီးသန့်တာဝန်တွေလုပ်ဖို့ စီစဉ်ခဲ့မှာမဟုတ်ဘူး။ အခု ဘယ်လိုလုပ်ရမလဲ။ ဒါက သူမ အရင်တစ်ခေါက်ကလို ကြင်နာတဲ့လူနဲ့ ကြုံရတာမဟုတ်...။

ဟမ်။

ရှန်းရင် ခဏတာ ကိုယ့်မျက်လုံးကို ကိုယ်မယုံလိုက်နိုင်ဘူး။ ဝမ်းသာစွာနဲ့ သူမရှေ့ကိုပြေးသွားပြီး အသည်းအသန် လက်ယမ်းတော့တယ်။

"မောင်လေး"

သူမ လှမ်းခေါ်တဲ့လူက မကြားသလိုမျိုး ရှေ့ဆက်သွားလေတယ်။ ရှန်းရင် အသံမြှင့်ခေါ်ရတော့တယ်။

"မောင်လေးရေ၊ မုန်လာဥဖြူလို အစိမ်းနဲ့အဖြူဝတ်ထားတဲ့ တစ်ယောက်ရေ"

ကောင်းကင်က "မုန်လာဥဖြူ" က ရုတ်တရက် ရပ်သွားပြီး ဓားပေါ်ကပြုတ်ကျလုနီးပါးဖြစ်သွားတယ်။

"..." ဘာလဲဟ။

အဲတော့မှပဲ သူ့ကို ခေါ်နေတာမှန်း နားလည်သွားတော့တယ်။ ဇဝေဇဝါနဲ့ သူ ခဏဟိုဟိုဒီဒီကြည့်လိုက်ပြီး နောက်ဆုံးတော့ ရင်းနှီးနေတဲ့ ပုံသဏ္ဌာန်တစ်ခုက သူ့ကိုလက်ယမ်းပြနေတယ်။

သူ အနီးကပ်ကြည့်ဖို့ အလိုလိုအောက်ဆင်းမိသွားတယ်။

"ခင်ဗျားက... ဟိုတစ်ခေါက်က လမ်းပျောက်တဲ့တစ်ယောက်မဟုတ်လား၊ ရှန်း..." ရှန်းဘာဆိုလားပဲလေ။

"ရှန်းရင်" ရှန်းရင် သူမကိုယ်သူမ နှုတ်ဆက်ပြီး ပျော်ရွှင်စွာရှေ့တက်လိုက်တယ်။

"မောင်လေး မတွေ့ရတာကြာပြီနော်"

"သိပ်မကြာသေးပါဘူး၊ လနည်းနည်းလေးတည်းပါ၊ မိန်းကလေးရှန်း ခင်ဗျား..." သူမကို ကြည့်ပြီး ရုတ်တရက် တစ်စုံတစ်ရာကိုတွေးမိသွားတယ်။

"လမ်းထပ်ပျောက်တာတော့... မဟုတ်ပါဘူးနော်"

"အမှန်ပဲ" ရှန်းရင်က တက်ကြွစွာ ခေါင်းညိတ်ပြတော့တယ်။

"ဟမ်..." သူ့နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။

"ဒီတောအုပ်ကိုပဲ လမ်းနှစ်ကြိမ်ပျောက်တာလား"

"ဟမ်၊ ဒါ တောအုပ်တူတူပဲလား" သူမ တကယ်ကို မသိတာ။

"အင်း၊ ဒါက ချန်းနန်တောအုပ်လေ၊ ယင်းကောင်းကင်ယံမြို့အပြင်မှာတင်ရှိတဲ့ တောအုပ်၊ ခင်ဗျားကို ပြောခဲ့တယ် မဟုတ်လား၊ ကျုပ်က ကြက်သွေးရောင်နေမင်းဂိုဏ်းက တပည့်ဆိုတာ၊ ကျုပ်ဂိုဏ်းက ယင်းကောင်းကင်ယံမြို့နယ်နိမိတ်စွန်မှာရှိတာလေ၊ ဒါကြောင့် ဒီကိုမကြာခဏဖြတ်ရတယ်"

"အော်" ခေါင်းညိတ်ပြပြီး ရှန်းရင် မေးလိုက်တယ်။

"ဒါဆို ငါ့ကိုနောက်တစ်ခေါက် လမ်းပြပေးဖို့ မောင်လေးကို အကူအညီတောင်းလို့ရမလား၊ ဒီတစ်ကြိမ် ယင်းကောင်းကင်ယံမြို့တော်ကိုလေ"

"ဒီတစ်ခေါက်တော့ မလုပ်ပေးနိုင်မှာ စိုးမိပါတယ်" မျက်မှောင်ကြုတ်ပြီး သူတောင်းပန်လိုက်တယ်။

"ဂိုဏ်း‌ဆီကနေ တပည့်အားလုံး ကြက်သွေးရောင်နေမင်းဂိုဏ်းဆီ ချက်ချင်းပြန်လာဖို့ အရေးတကြီး အမိန့် ရထားတာမို့ ခင်ဗျားကို အဲခေါ်သွားဖို့ အချိန်မရှိတာပါ"

"အော်..." ရှန်းရင်မျက်နှာညှိုးသွားတယ်။

သူမအတွက် စိတ်မကောင်းဖြစ်သွားတော့ မောင်လေးက ထပ်ဖြည့်ပြောလေတယ်။

"အရင်ဆုံး ဒီချန်းနန်တောအုပ်က ထွက်ဖို့ ကျုပ်နောက်လိုက်ခဲ့ပါလား၊ ဘယ်လိုပဲဖြစ်ဖြစ် ယင်းကောင်းကင်ယံမြိုနဲ့ နီးတယ်လေ"

"အိုး၊ ကျေးဇူးပါမောင်လေး" ရှန်းရင်က ခေါင်းတညိတ်ညိတ်။

"ဘယ်ဘက်လဲ"

"မြောက်ဘက်ပဲ ဆက်သွားရမှာ" သူက ညာဘက်ကို လက်ညှိုးထိုးပြီး လမ်းပြဖို့ ဓားပေါ်တက်ဖို့ လုပ်တော့တယ်။

ရုတ်တရက် သူ့လက်ကိုဆွဲလာတာ ခံစားလိုက်ရတယ်။ ‌လက်မောင်းကိုဆွဲဆုပ်ပြီး ရှန်းရင် ပြောလိုက်တယ်။

"အချိန်မရှိလို့ ငါ ဒီတစ်ခေါက် နင့်ကိုအဲခေါ်သွားပါရစေ"

အရာအားလုံးက ဝိုးတဝါးနဲ့ သူဘေးကနေ လျင်မြန်စွာ ရွေ့သွားသလိုမျိုးပဲ။ ခဏအတွင်း သူတို့ တောအုပ်ကနေထွက်လာပြီး လမ်းကျယ်ကြီးပေါ် ရပ်နေကြပြီ။

သူတို့... တောအုပ်အပြင်ရောက်လာတာပဲ

(⊙_⊙)

ဒါအတော့်ကိုမြန်တာပဲ

သူ့ဘေးကလူကို အံ့ဩတကြီး ကြည့်မိလိုက်တယ်။ သူက အဆင့်မြင့်‌နေရာရွှေ့ပြောင်းသိုင်းတွေ ပိုင်ဆိုင်ထားတာလား။ သူက သူမကို ရုတ်တရက် လေးစားစွာကြည့်တော့တယ်။ သူ သူမရဲ့ ကျင့်ကြံဆင့်ကို မပြောနိုင်တာ မဆန်းတော့ဘူး။ အမြန် သူမကို ဂါဝရပြုလိုက်တယ်။

"ကျေးဇူးပါ အစ်မ၊ ဒီလမ်းကိုလိုက်သွားပြီး တောင်ဘက်ကိုဦးတည်လိုက်ပါ၊ မကြာခင် ယင်းကောင်းကင်ယံမြို့ကို ရောက်ပါလိမ့်မယ်"

"ကောင်းပြီ" ခေါင်းညိတ်ပြပြီး ရှန်းရင် သူမခြေထောက်က မုန်လာဥဖြူကို ပုတ်လိုက်ရင်း သူ လမ်းမှတ်မိပါစေ ဆုတောင်းနေမိတယ်။

"ကျေးဇူးပါ မောင်လေး"

"ပြဿနာမရှိပါဘူး အစ်မ" သူပြုံးပြီးတော့ သူ့ဂိုဏ်းရဲ့ အမိန့်ကို သတိရသွားတော့ အမြန် ပြောလိုက်တယ်။

"ကျုပ်ဂိုဏ်းရဲ့ နေရာရွှေ့ပြောင်းအစီအရင်က ရှေ့မှာတင်ဆိုတော့ ကျုပ်သွားပါတော့မယ်"

"တာ့တာ့" ရှန်းရင် လက်ယမ်းပြလိုက်တယ်။

မောင်‌လေးက နောက်တစ်ကြိမ်ဂါဝရပြုပြီး လှည့်ထွက်ကာ အနားက နေရာရွှေ့ပြောင်းအစီအရင်ဆီ ဦးတည်သွားတော့တယ်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်ပြန်တော့ မိန်းကလေးပျောက်သွားပြီမှန်း မြင်လိုက်ရတယ်။ သူမကိုလေးစားမှူက တိုးလာတော့တာပဲ။ လေ့လာရေးထွက်နေတဲ့ ဂိုဏ်းတစ်ခုခုက အကြီးအကဲပဲ ဖြစ်လိမ့်မယ်။ နှစ်ကြိမ်တောင် တွေ့ခဲ့တာ မယုံကြည်နိုင်စရာပဲ။ ပြီးတော့ သူမကျင့်ကြံဆင့်အနက်ကိုလည်း သူလုံးဝ မပြောနိုင်ဘူး။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ ဟုတ်ရင်ဟုတ် မဟုတ်ရင် ခရီးသွားမသေမျိုးအကြီးအကဲပဲ ဖြစ်ကိုဖြစ်လိမ့်မယ်"

သူ့အတွေးတွေကို ဖယ်ပြီး ချက်ချင်း နေရာရွှေ့ပြောင်းအစီအရင်ကို အသက်သွင်းလိုက်တယ်။ မျက်စိတစ်မှိတ်အတွင်း သူ ကြက်သွေးရောင်နေမင်းဂိုဏ်း တောင်ထွတ်ဆီ ရောက်လာခဲ့တယ်။ နောက်အခိုက်အတန့်မှာတော့ သူ့ရှေ့ကမြင်ကွင်းကြောင့် ကြောက်လန့်တကြား တောင့်ခဲသွားလေရဲ့။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

...

All Chapters