← Chapters

ကူယွဲ့အခြေအနေပိုဆိုးလာ

Vol. 8 Ch. 112

ကူယွဲ့အခြေအနေပိုဆိုးလာ

Vol. 8 Ch. 112

ဝူတိဂိုဏ်းတွင်။

အကွာအဝေးနည်းနည်းလောက် လျှောက်ပြီးတဲ့နောက် ရှန်းရင် ရုတ်တရက် တစ်စုံတစ်ခုသောမိသားစုက သူမအကူအညီကို လိုနေသေးတာ မှတ်မိသွားခဲ့တယ်။ ဒါကြောင့် နောက်တစ်ခေါက်ပြန်လှည့်ပြီး ဖြေရှင်းရပြန်တယ်။ ကိစ္စအားလုံးပြီးသွားချိန် သူမစဉ်းစားနိုင်သမျှက အစားအသောက် ဟင်းချက်နည်းတွေပဲ။ သူမ ဒီနေ့အတွက် လေ့ကျင့်ခန်းလုပ်တာလွန်သွားပြီ။ ဖေဖေနျိုက နောက်ထပ်အဆာပြေစားတာ သဘောတူလောက်လား။ သူ နိုးပြီလား။

သူမ သူ့ကို ဝင်ကြည့်ရင်ကောင်းမလား ‌စဉ်းစားနေတုန်း သူ့နောက်ကနေ ကြောက်နေတဲ့အသံတိုးတိုးကြားလိုက်ရတယ်။

"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့နတ်ဒေဝါ" ပိထောင်က ရှန်းရင်ကို လှမ်းခေါ်လေတယ်။ သူရောက်ရောက်ချင်း မိန်းကလေးတပည့်တစ်သိုက်ရဲ့ ဝိုင်းတာခံထားရတာ။ ရှင်းပြမတတ်အောင် သူ့ကျောတစ်လျှောက် ကြက်သီးထသွားခဲ့တယ်။ သူတို့သူ့ကိုကြည့်ပုံက တစ်ခုခုတော့ ထူးဆန်းနေတယ်။ သူတို့မျက်လုံးတွေက နည်းနည်းလောက် အရမ်းကို... တောက်ပနေသလိုပဲ။

သူ တစ်ခုခုများ အမှားလုပ်မိလို့လား။

တပည့်အားလုံး ။ ဆရာက နောက်ထပ် မသေမျိုးလက်ဝှေ့အိတ်ယူလာတာပဲ

(.ᴗ.)

"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့နတ်ဒေဝါ" ပိထောင် မနေနိုင်တော့ဘဲ ထပ်ခေါ်လိုက်ရတယ်။

ရှန်းရင် သူ့ကိုလှည့်ကြည့်ပြီး စကားပြောမဲ့ဆဲဆဲ ယွီဟုန်က အပြေးဝင်လာတယ်။

"ဆရာ၊ သတင်းဆိုးပဲ၊ အကြီးအကဲကူယွဲ့ တစ်ခုခုဖြစ်နေပါတယ်"

အဆာပြေမုန့်

မျက်လုံးပြူးသွားပြီး သူမ ညွှန်ကြားလိုက်တယ်။

"သွားကြရအောင်" သူမ ရှေ့လှမ်းလိုက်ပေမဲ့ ရုတ်တရက် ပြန်လှည့်ပြီး မျောလွင့်ကို ကောက်ချီလိုက်တယ်။ နောက်တော့ သူမနဲ့အတူ သယ်လာခဲ့ပြီး ဖေဖေနျု့အခန်းဆီ ယွီဟုန်နဲ့ ထွက်လာခဲ့တယ်။

ဖေဖေနျိုက မနိုးသေးရုံတင်မက သူမ မထွက်သွားခင်ကထက်တောင် အခြေအနေပိုဆိုးနေပြီ။ သူ့မျက်နှာက ချွေးစေးတွေပြန်နေပြီး သွေးတွေပ နှုတ်ခမ်းထောင့်ဖျားကနေ ကျဆင်းနေတယ်။

"တစ်ချက်ကြည့်ပါဦး၊ သူဘာဖြစ်နေတာလဲ"

ရှန်းရင် မျောလွင့်ကို လွှတ်ပြီး မေးလိုက်တယ်။

"ဒါက..." အံ့ဩတကြီး မျက်လုံးပြူးပြီး ပိထောင်အိပ်ရာပေါ်က လူ‌ကို ရှေ့တိုးကြည့်မိတယ်။

"သူ မသေမျိုးတက်လှမ်းမှု ဖြတ်... ဖြတ်သန်းထားတာလား"

"ဟုတ်တယ်" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

အသက်ဝဝရှူပြီး ပိထောင် အိပ်ရာပေါ်ကလူရဲ့သွေးကြောကို ချက်ချင်းစမ်းကြည့်လိုက်တယ်။ ကူယွဲ့အခြေအနေကို စစ်ဆေးရင်း သူ့မျက်နှာပေါ်က အမူအရာက ချက်ချင်း လေးနက်လာတော့တယ်။

"သူ့အမတအရိုးတွေက ဖန်တီးပြီးပြီဆိုပေမဲ့ ဘာလို့မသေမျိုးချီ‌တစ်စက်တောင် မရှိရတာလဲ" ပိထောင်က မေးရင်း ကူယွဲ့ကို မသေမျိုးချီ လွှဲပေးလိုက်တယ်။ အဲတော့မှ ဖြူဖပ်ဖြူရော်ဖြစ်တာက ချက်ချင်းသက်သာလာတယ်။

"၈၃ချက်မြောက် ကောင်းကင်မိုးကြိုးကိုခံနိုင်ရည်ရှိဖို့လေ" ယိချင်း ရှင်းပြလိုက်တယ်။

"သူက နောက်ဆုံး ကောင်းကင်မိုးကြိုးကို ကျော်လွှားနိုင်ဖို့ မိုးကြိုးဝဋ်ကြွေးရဲ့ မသေမျိုးချီအားလုံးကို သုံးခဲ့ရတာ"

"၈၃ချက်လား" ပိထောင်ပိုပြီးတောင်မှင်တက်သွားတဲ့ပုံ။

"ဒါဆို မိုးကြိုးဝဋ်ကြွေးရဲ့ မိုးကြိုးအပိုတွေက ဘာအတွက်လဲ" ယိချင်းက ဆက်ပြောတယ်။

"တကယ်လို့ အမတသွေးကြောကို အားဖြည့်ဖို့က ရည်ရွယ်ချက်ဆို ဘာလို့ လူတိုင်းကို မသေမျိုးတက်လှမ်းမှုကနေ တားဆီးထားရတာတုန်း" အထက်ဘောကက ထျန်းလန်လောကရဲ့ လျှို့ဝှက်ချက်ကို သိသွားမှာစိုးရိမ်နေတာလား။ ဒါပေမဲ့ သူ ယိချင်းတောင် သိတယ်ဆိုရင် ဒါက အမတဘုံမှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်တာ သိသာတယ်။

"ဘာကြောင့်လဲဆိုတော့... နိယာမတွေကြောင့်" ပိထောင်က မျက်မှောင်ကြုတ်ပြီး တစ်ခဏနေတော့ ဆက်ပြောတယ်။

"ဒီနေရာကို ထျန်းလန်လောကလို့ ခေါ်ပေမဲ့ အထက်ဘုံအတွက်တော့ ဒါက ဗိမာန်သခင်ဖန်တီးတဲ့ သေးငယ်ဆန်းပြားတဲ့ ဘုံတစ်ခုထက်မပိုဘူး၊ ဒါကြောင့် အတားအဆီးမရှိ သူလုပ်ချင်တာ လုပ်လို့ရတယ်၊ ဒါပေမဲ့ မသေမျိုးတက်လှမ်းတာကတော့ တခြားကိစ္စဖြစ်သွားပြီ..."

ကောင်းကင်ကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။

"တကယ်လို့ တစ်ယောက်ယောက်သာ ဒီဘုံကနေ တက်လှမ်းသွားရင် ကောင်းကင်တာအိုကနေ သူ့ကို လက်ခံဖို့ ၊ အထက်လောကမှာ လက်ခံဖို့အတွက် နိယာမတွေကို အသက်သွင်းပြီး ကောင်းကင်အလင်းတန်းတစ်ခု ပို့လွှတ်လိမ့်မယ်၊ လူတစ်ယောက် တက်လှမ်းသွားပြီဆိုတာနဲ့ ဒီနေရာက အမှီအခိုကင်းတဲ့ ကမ္ဘာငယ်လေးဖြစ်ပြီး တခြားကမ္ဘာသုံးထောင်နဲ့ အဆင့်အတန်းတူသွားလိမ့်မယ်၊ အဲလိုဖြစ်ရင် ဗိမာန်သခင် ထိန်းချုပ်ထားတဲ့ ဆန်းပြားတဲ့ဘုံဆီ သွားတဲ့တံခါးက ပိတ်သွားမှာ၊ တံခါးကို အတင်းမဖွင့်သရွေ့ အထက်လောကက မသေမျိုးတွေတောင် ဝင်လို့မရဘူး"

"ဒါဆို လူတွေကို ဒီကမ္ဘာကနေ မသေမျိုးတက်လှမ်းတာကို ပိတ်ပင်ဖို့..." ယိချင်း စကားဆက်ရင်း အမူအရာက ပိုမာကြောလာတယ်။

"ဗိမာန်သခင်က ကိုးနဲ့ကိုး မိုးကြိုးဝဋ်ကြွေးမှာ နောက်ထပ်မိုးကြိုးထပ်ထည့်တာပေါ့"

ပိထောင် ခေါင်းညိတ်လိုက်တယ်။

"အမှန်ပဲ၊ ဘုံဗိမာန်သခင်က ကောင်းကင်မိုးကြိုးကို မသေမျိုးတက်လှမ်းဖို့ ကြိုးစားတဲ့ ဘယ်သူမဆိုရဲ့ အသစ်ဖန်တီးထားတဲ့ အမတအရိုးတွေကိုဖျက်ဆီးတဲ့နေရာမှာသုံးဖို့ ညွှန်ကြားထားတာပဲ၊ ဒါက ကောင်းကင်အလင်းတန်း သူ့ကိုလက်ခံတာကို အသက်သွင်းမှာကနေ တားဆီးဖို့ပဲ၊ အရင်က ငါ့ကို... ဖြစ်ခဲ့သလိုပေါ့"

"ရှင်... ရှင်က မသေမျိုးဖြစ်နေပြီမဟုတ်လား" ယွီဟုန်က မနေနိုင်ဘဲ မေးလိုက်တယ်။ သူ မသေမျိုးချီတွေ ဝိုင်းထားတယ်ဆိုတာ လူတိုင်းမြင်နိုင်တယ်လေ။

"အမတဖွဲ့စည်းခြင်းဆေးလုံးကြောင့်လား" ယိချင်း ရုတ်တရက် ပြန်သတိရသွားတယ်။

"ဟုတ်တယ်" ပိထောင် အသည်းအသန် ခေါင်းညိတ်ပြလိုက်တယ်။

"ဒီဆေးလုံးကြောင့်ပဲ၊ ငါက အမြုတေကျင့်ကြံသူလေ၊ မသေမျိုးတက်လှမ်းမှုမှာ ငါ့အမတအရိုးတွေ ဖျက်ဆီးခံခဲ့ရပြီး ခရီးသွားမသေမျိုးအဖြစ် ပြောင်းလဲသွားခဲ့တယ်၊ အဲကတည်းက ငါက အမတအရိုးတွေ ဘယ်လိုပြန်ထွက်လာအောင် လုပ်ရမလဲ လေ့လာနေခဲ့တယ်၊ နှစ်သောင်းချီလောက် ကြာသွားပြီးတဲ့နောက် ငါ့သက်တမ်းမကုန်ခင်လေးတင် အမတဖွဲ့စည်းခြင်းဆေးလုံးကို ဖော်နိုင်ခဲ့တယ်"

ပိထောင် အတိတ်က ဖြစ်ရပ်တွေကို သတိပြန်ရသွားသလိုမျိုး အမူအရာက မှုန်မှိုင်းသွားခဲ့တယ်။ အနည်းငယ်တုန်ရီစွာနဲ့ သူကပြောလာတယ်။

"ငါ တရားကျင့်ကြံပြီးထွက်လာချိန် ငါ့အမတအရိုးတွေကို ဖွဲ့စည်းပြီးနေပြီ၊ ကောင်းကင်အလင်းတန်းက ငါ့ကိုကြိုဆိုဖို့ ဆင်းသက်လာချိန် ဗိမာန်သခင်ရွှင်လိက ဒီကိစ္စကို ကောင်းကင်တာအိုကနေ ဖုံးကွယ်ဖို့အတွက် ငါ့အသက်ဝိညာဥ်ကို ဆွဲထုတ်ပြီး ဆေးလုံးသိုလှောင်ရုံမှာ ပိတ်ခဲ့တယ်၊ နောက်တော့ ထျန်းလန်လောကရဲ့ လျှို့ဝှက်ဆန်းကြယ်ဘုံဆီ နှင်ထုတ်ခဲ့တာပဲ"

သူ့ကိုယ်သူစိတ်ငြိမ်အောင် အသက်ပြင်းပြင်းရှူပြီး ပိထောင်က ဆက်ပြေလေတယ်။

"သူက ငါနဲ့ထျန်းလန်လောကရဲ့ ပတ်သက်မှုကို ဖြတ်ဖို့ ငါ့ရဲ့ အသက်ကင်းမဲ့လုနီးပါး ရုပ်သေးရုပ်လိုခန္ဓာခွံကြီးကို ယူပြီး အမတလောကဆီ ပြန်သွားခဲ့တယ်၊ ဆေးလုံးသိုလှောင်ရုံက အသက်ဝိညာဉ်က မပြည့်စုံတာမို့ မှတ်ဉာဏ်တွေက ရှုပ်ထွေးပြီး ဆေးလုံးဖော်နည်းတွေပဲ မှတ်မိတော့တာ၊ အဲဒါကြောင့် သူ့ကိုယ်သူသေပြီးပြီလို့ ထင်နေခဲ့တာပဲ"

အဲဒါကြောင့် ပိထောင်က ဆေးနည်းတွေကို သူတို့ဆီ အတင်းလက်ဆင့်ကမ်းနေခဲ့တာကိုး။ ဒါက စူမှတ်မိတဲ့တစ်ခုတည်းသောအရာပဲ။

"ကြီးမြတ်တဲ့နတ်ဒေဝါ..." ရှန်းရင်ကို တည်ငြိမ်တဲ့ အမူအရာနဲ့လှမ်းကြည့်ပြီး ပိထောင်ပြောလိုက်တယ်။

"မင်းရဲ့ဒီသူငယ်ချင်းက အမတချီတွေ ဘာမှမရှိတော့ဘူး၊ ဒါကြောင့် အမတလောကဆီ သူ့ကိုခေါ်သွားပေးမဲ့ နိယာမကို အစပျိုးပြီး အသက်သွင်းတာမျိုး လုပ်ပေးလို့မရဘူး၊ ပြီးတော့ သူ့အမတအရိုးတွေကိုဖန်တီးပြီးပြီမို့ အမတလောကဆီသာ မသွားရရင် စိုးမိတာက..."

"ငါတို့ဘယ်လိုတက်လှမ်းကြမလဲ" ရှန်းရင် မျက်မှောင်ကြုတ်ပြီးမေးလိုက်တယ်။

"ဒီဘုံမှာ အမတလောကဆီ သွားတဲ့ ဝင်ပေါက်ရှိတယ်" ပိထောင်က ဆက်ပြောတယ်။

"ဒါက အမတတွေ ဒီဘုံဆီဆင်းလာဖို့ သုံးတဲ့ဟာပဲ၊ ပွင့်နေလောက်သေးတယ်..."

"အဲဒါလား" ရှန်းရင် ပြတင်းပေါက်ဖွင့်ပြီး ကောင်းကင်ထဲက တစ်ခုသော အစက်အပြောက်ကို လက်ညှိုးထိုးပြလိုက်တယ်။

"ပိတ်သွားပြီပဲ" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပိထောင် အံ့အားသင့်သွားတယ်။

"ပြန်လည်ရိတ်သိမ်းနေ့က မကျော်သေးဘူးလေ၊ ပုံမှန်ဆို ဝင်ပေါက်ကို မြေကြီးအမတက ကာကွယ်ရတာ၊ မဖြစ်သင့်..."

ရှန်းရင် မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတယ်။ မကြာခင်မှာပဲ လူတစ်ယောက်ကိုချီပြန်လာပြီး မြေကြီးပေါ် ပစ်ချလေတယ်။

"ဒီလူ့ကိုပြောတာလား"

ပိထောင် ။ ။ "..."

ဘာလို့မြေကြီးအမတတံခါးစောင့်က ဒီမှာရှိနေရတာလဲ

∑(゚Д゚ノ)ノ

တံခါးစောင့်က ဝင်ပေါက်ရှေ့က အင်းကွက်အစီအရင်ဗဟိုမှာရှိနေသင့်တာ မဟုတ်ဘူးလား။ စိတ်တန်ခိုးအမတတောင် အဲဒီအင်းကွက်အစီအရင်ကို ‌မဖောက်နိုင်ဘူး၊ ဘယ်လိုလုပ်...။

"ဒါ... ဒါ..." ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ။ ပျာယာခတ်သွားတဲ့ ပိထောင် ဒယ်အိုးပေါ်က ပုရွက်ဆိတ်လိုမျိုး ချာချာလှည့်နေတော့တယ်။

"မြေကြီးအမတ‌တံခါးစောင့်က ဒီကိုရောက်နေပြီဆိုတော့ ချင်းထုံးအမတဘုံဗိမာန်က တစ်ခုခုလွဲနေပြီဆိုတာ ချက်ချင်းသိပြီး စုံစမ်းဖို့ တခြားမသေမျိုးတွေ လွှတ်တော့မှာပဲ၊ ပြီးတော့ ဒီတစ်ကြိမ် သူတို့လူအင်အားပိုများမှာ၊ ဗိမာန်သခင်တောင် ကိုယ်တိုင်ဆင်းလာလောက်တယ်... ငါတို့တော့ သွားပြီ၊ ဘဝပျက်ပြီ"

"တံခါးကဘယ်လိုဖွင့်လို့ရလဲ" ရှန်းရင် ဆက်မေးလိုက်တယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါက နားမလည်သေးဘူးပဲ" ပိထောင် စိတ်ပူပန်စွာ ရှင်းပြလိုက်တယ်။

"တံခါးက အမတလောက ကနေပဲ ဖွင့်လို့ရတယ်ဆိုတဲ့ အချက်ကလွဲရင် ဖွင့်လို့ရရင်တောင် အခုဖွင့်လို့မရဘူး"

သူမ ဘယ်လောက်ပဲ ခွန်အားကြီးကြီး ပကတိပြည့်စုံစိတ်တန်ခိုးအမတဘုံဗိမာန်သခင်ကို ဘယ်ယှဉ်နိုင်မှာလဲ။

ထျန်းလန်လောကက လောကသေးလေးတစ်ခုပဲဆိုပေမဲ့ မသေမျိုးတွေအများကြီးရဲ့ ဝင်ရောက်လာမှုကို တောင့်မခံနိုင်တဲ့ သေမျိုးဘုံပဲ၊ ဒါကြောင့် ပုံမှန်ဆို မြေကြီးအမ‌တတွေပဲ စိတ်တိုင်းကျ ဝင်လာနိုင်တယ်။ တခြားသူတွေက အမတသွေးကြော ခွန်အားအထွတ်အထိတ်ရောက်ပြီး တံခါးဖွင့်ချိန် နှစ်ပေါင်းထောင်ချီကြာမှ တစ်ခါဝင်လာနိုင်တာ။ အဲလိုနေ့ကို ပြန်လည်ရိတ်သိမ်းနေ့လို့ခေါ်တာပဲ။

ပိထောင် နဂိုက သူတို့ ဒီနေ့ကိုဖြတ်သန်းနိုင်တာနဲ့ သူရယ်ရှန်းရင်ရဲ့ ခွန်အားပေါင်းတာနဲ့ဆို ထျန်းလန်လောက သုတ်သင်ခံရမှာကိုစိုးရိမ်ဖို့မလိုဘူးတွေးထားတာ။ အချိန်ကျလာရင် ဖြေရှင်းဖို့ နည်းလမ်းရှာတွေ့မှာပဲ။ ဒါပေမဲ့အပေါက်စောင့်ကဘဒီနေရာရောက်နေတော့ တံခါးက ကြည့်နေမဲ့သူမရှိတဲ့အတွက် အလိုလိုပိတ်သွားပြီ။ အမတဘုံဗိမာန်က တစ်ယောက်ယောက်တော့ သေချာပေါက် သတိထားမိသွားမှာပဲ။ တကယ်လို့ ဗိမာန်သခင်သာ ကိုယ်တိုင် ဒီကို တကယ်ဆင်းလာရင်...။

ငါတို့တော့သွားပြီ၊ တကယ်သွားပြီ..

"ဝင်ပေါက်က တကယ်ပဲ အမတလောက ကနေပဲဖွင့်လို့ရတာလား"

"ဒါပေါ့"

"ဒါဆို..." အိပ်ရာပေါ်ကလူကို တစ်ချက်ပြန်လှမ်းကြည့်ပြီး ရှန်းရင် ရုတ်ချည်း ယိချင်းဘက်လှည့်မေးလိုက်တယ်။

"စားဖိုမှူး၊ နင်တက်လှမ်းဖို့ ကြိုးစားကြည့်ရင်ရော"

ယိချင်း ။ ။ "..."

ပိထောင် ။ ။ "..."

ယွီဟုန် ။ ။ "..."

တပည့်အားလုံး ။ ။ "..."

∑(゚Д゚ノ)ノ

...

All Chapters