← Chapters

အလယ်ရှိ ဝင်ပေါက်

Vol. 10 Ch. 140

အလယ်ရှိ ဝင်ပေါက်

Vol. 10 Ch. 140

အရုဏ်ဦး။

ရှန်းရင်နိုးလာချိန် ဖေဖေနျိုနဲ့ စားဖိုမှူးက သတ္တုအကျိုးအပဲ့ပုံကြီးထဲ တစ်ခုခုရှာနေတယ်။ ဖေဖေနျိုက တူးလေ ပိုပြီးစိတ်လှုပ်ရှား‌လာလေပဲ။ သူ့မျက်နှာပေါ်က အပြုံးကနေကြာပန်းလိုမျိုးပဲ။

"ဒီပစ္စည်းတွေက တကယ်ပဲ အဆင့်မြင့် ကုန်ကြမ်းတွေနဲ့လုပ်ထားတာပဲ ဟိုလီရှစ် ကောင်းကင်မီးတောက်ကျောက်တုံးတွေကနေ လုပ်ထားတာဟ၊ သူတို့ကိုသေချာသိမ်းရမယ်၊ ယိချင်း မင်းမှာ သိုလှောင်အိတ်ရှိလား၊ မြန်မြန်အထဲထည့်လိုက်၊ များလေကောင်းလေပဲ"

ရှန်းရင် ပျင်းကြောဆန့်ပြီးမှ လက်ယမ်းပြီးနှုတ်ဆက်လိုက်တယ်။

"မင်္ဂလာမနက်ခင်းပါ"

မွှေနှောက်ရှာယူပြီး အလုပ်များနေတဲ့လူနှစ်ယောက်က လှည့်လာပြီး သူမကို အထူးတဆန်း ကြည့်နေတယ်။

"ဘာလဲ" ဘာလို့ ဒီလိုအမူအရာနဲ့ သူမကိုကြည့်နေတာလဲ။ ရှန်းရင် အကျိုးအပဲ့ပုံ‌ဆီသွားပြီး တစ်ချက်ကန်လိုက်တယ်။

"ဒါဘာလဲ၊ ဘယ်ကရောက်လာတာလဲ" မနေ့က မမြင်မိပါဘူး။

"ဆရာ နိုးပြီလား" ယိချင်းက သူမဆီလျှောက်လာပြီး မရဲတရဲမေးလေတယ်။

"အင်း" သူမ ခေါင်းညိတ်ပြလိုက်တယ်။

"မြေကြီးထဲက ထွက်လာတာ" ကူယွဲ့ ဝင်ဖြေလိုက်တယ်။

"အသိဉာဏ်ရနေတဲ့ ကောင်းကင်လက်နက်တစ်မျိုးပဲ၊ အခုပျက်စီးသွားပြီဆိုပေမဲ့ ကုန်ကြမ်းတွေကို ပြန်သုံးလို့ရတယ်"

"အော်" ရှန်းရင်က ဆက်မနေဘဲ ဟိုဟိုဒီဒီကြည့်ရင်း ရုတ်တရက် ထိတ်လန့်တကြား ပြောတော့တယ်။

"ဥယျာဉ်မှူး သူဘယ်မှာလဲ၊ သူ့သစ်ပင်စိုက်ဖို့ အိမ်ပြန်သွားပြီလား"

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

နှစ်ယောက်က သူမကိုပြန်မဖြေဘဲ တစ်မူထူးတဲ့အကြည့်နဲ့ ကြည့်ပြီးတော့ ခေါင်းငုံ့ပြီး သူမခြေထောက်ဆီ လှမ်းကြည့်တော့တယ်။

"ဘာဖြစ်လို့လဲ" ရှန်းရင်က သူတို့အာရုံစိုက်ခံရလို့ နေမထိထိုင်မသာဖြစ်သွားတယ်။

"ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ" သူမက မေးပြီး သူတို့အကြည့်နောက် အလိုလိုခေါင်းငုံ့မိလိုက်တယ်။

"ငါ့ခြေထောက်အောက်မှာဘာ..."

ဟိုလီရှစ် တကယ်ပဲလူတစ်ယောက်ရှိနေတယ်ဟ ပြီးတော့ မြေကြီးထဲက အက်ကြောင်းထဲမှာ ညပ်နေတယ်။ သူ့တစ်ကိုယ်လုံးက ဘောလုံးလို ‌ဖူးယောင်နေလေရဲ့။

သူမဆောင့်ကြောင့်ထိုင်ပြီး ရှန်းရင် အဲလူရဲ့ လည်ထောင်ကို ဆွဲကိုင် အတင်း‌ဆွဲထုတ်လိုက်ရတယ်။ အဲလူက ခူးဆွတ်ခံလိုက်ရတဲ့ မုန်လာဥဖြူလို ထွက်လာတော့တယ်။ အနီးကပ်ကြည့်လိုက်တော့မှ တကယ်ကြီး ရဲဘော်ရဲဘက်ဥယျာဉ်မှူးဖြစ်နေမှန်း နားလည်သွားခဲ့တယ်။

"နင်အထဲမှာဘာလုပ်နေတာလဲ၊ နင့်ကြည့်ရတာ အရမ်းဖူးယောင်..." ခပ်မိုက်မိုက်ဖြစ်အောင် ဒီလိုလုပ်တာကတော့ သေချာပေါက်ကိုများသွားပြီ။ ကျွမ်းဝင်နေတဲ့ ဝတ်ရုံပြာကြောင့်သာ မဟုတ်ရင် သူမသူ့ကိုမှတ်မိမှာတောင်မဟုတ်။

"ငါပြောမယ် နင်..."

"အနားမလာနဲ့" ရွှင်ရှူးက ချက်ချင်းထရပ်ပြီး နောက်ဘက်မီတာနည်းနည်းဆီ လွှားခနဲ ဆုတ်သွားတော့တယ်။ သူ့မျက်နှာမှာ အရင်ကဆွဲဆောင်မှုအရိပ်အယောင်အားလုံး ပျောက်ဆုံးသွားပြီ။

သူမဆီကနေ အသည်းအသန် ဆုတ်ရင်း သူက အော်ပြောတော့တယ်။

"ငါနဲ့ဝေးဝေးနေ၊ ကြားလား၊ မင်း ငါ့နားလာရဲရင် ငါ... ငါ... ငါ... ငါ့ကိုယ်ငါ သတ်သေလိုက်မယ်"

ရှန်းရင် ။ ။ "..."

ကြောက်စရာ‌ခြိမ်းခြောက်မှုပဲ...။

-_-|||

"စားဖိုမှူး" ယိချင်းကို တံတောင်နဲ့တွတ်ပြီး ရှန်းရင်က ခပ်တိုးတိုးမေးလိုက်တယ်။

"သူဘာဖြစ်တာလဲ၊ ဘာလို့ရုတ်တရက်ကြီး ဒီလိုမျိုးထဖြစ်တာလဲ"

"ဘာမှ... ဘာမှမဖြစ်ပါဘူး" ယိချင်း နှုတ်ခမ်းတွေ မဆိုစလောက် တွန့်ချိုးသွားတယ်။

"ဘာလို့လဲဆိုတော့... မနေ့က အိပ်ရေးမဝလို့ထင်တယ်"

ဒါမှမဟုတ် အကြောင်းရင်းမရှိ ရိုက်ခံလိုက်ရလို့ ဖြစ်နိုင်တာပဲ...။

"အော်" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

အက်ကြောင်းထဲမှာအိပ်တာ မထူးဆန်းဘူးလား။ သူမ ဆက်မေးဖို့ပဲရှိသေး...။

ကူယွဲ့က ရုတ်တရက် ပြောလာတယ်။

"ဟုတ်ပြီ ငါတို့စုဆောင်းတာ လောက်သွားပြီ" ကြောက်လန့်တကြားဖြစ်နေတဲ့ ရွှင်ရှူးကိုကြည့်ပြီး ထပ်ပြောလိုက်တယ်။

"ရွှင်ရှူး သူ့သွေးကြောတွေကို ထိန်းညှိပြီးတာနဲ့ ထွက်ခွာကြမယ်"

တကယ်တော့ ရှန်းရင် မနေ့ညက ပြန်အိပ်မောမကျခင် ဆယ်မိနစ်လောက်ပဲနိုးနေခဲ့တာ။ သူ ဆိုးဆိုးရွားရွား ထောင်းခံလိုက်ရလို့ထင် ရွှင်ရှူး အက်ကြောင်းထဲ ထိုးသိပ်ခံလိုက်ရတဲ့အချိန် ထွက်လာဖို့ကို လုံးဝငြင်းတော့တယ်။ ယိချင်းနဲ့ ကူယွဲ့တို့ သူ့ကိုထုတ်ပေးဖို့ ကြိုးစားချိန် ထိတ်ထိတ်ပျာပျာဖြစ်ပြီး သူတို့ကို ဆဲပါဆဲတော့တယ်။

"ငါထွက်မလာဘူး၊ ငါရိုက်ခံရအောင် ထွက်လာဖို့ လှည့်စားလို့ရမယ်မထင်နဲ့ ခွေးကောင်တွေ"

သူ့သွေးကြောတွေကိုတောင် ထိန်းမညှိရဲဘဲ ရှန်းရင် နောက်နေ့နိုးလာတဲ့အချိန်ထိ နိုးနေအောင် အတင်းလုပ်ရတော့တယ်။

သူ ရခဲ့တဲ့ စိတ်ဒဏ်ရာက ဖော်မပြနိုင်အောင်ပဲ။

ကူယွဲ့က သူ့အကြံတွေကို ကြေညာပြီးချိန် ရွှင်ရှူးက နောက်ဆုံးတော့ စိတ်ပြန်ထိန်းနိုင်ပြီ။ ယိုင်တိုင်တိုင်နဲ့ နောက်ဆုတ်ပြီး သူထိုင်ချကာ သွေးကြောတွေကို စထိန်းညှိတော့တယ်။ အရင်က သူတစ်ခါမှ အဲလောက်ဆိုးဆိုးဝါးဝါး ထုထောင်းမခံရဖူးဘူး။ သူ ဉာဏ်ပြေးပြီး အက်ကြောင်းထဲသာ မဝင်ခဲ့ရင် သူ့အမတအရိုးတွေအကုန်လုံး သူမကြောင့်ကျိုးသွားလိမ့်မယ်။

ပြီးတော့ အဲဒါအကုန်လုံးက အိပ်နေတုန်း နှောင့်ယှက်ခံရလို့တဲ့လေ။ သူမရဲ့ အိပ်ရာနိုးတဲ့ဒေါသက တကယ်ကြောက်စရာကောင်းတာပဲ။

ဒါပေမဲ့ ရွှင်ရှူးက ကျင့်ကြံဆင့်မြင့်တဲ့ ဧကရာဇ်ငယ်ဆိုတော့ တစ်နာရီလောက် သွေးကြောတွေကို ထိန်းညှိပြီးတဲ့နောက် ဒဏ်ရာတွေ လုံးဝပျောက်ကင်းသွားပြီ။ အဲအတောအတွင်း ရှန်းရင်ကတော့ မနက်စာစားနေတာပေါ့။

"ထွက်ရအောင်၊ မြေပုံမှာမပါတဲ့ နယ်နိမိတ်က ရှေ့မှာတင်ရှိနေတယ်၊ အားလုံးပဲဂရုစိုက်ကြ" ကူယွဲ့ တိုက်တွန်းလိုက်တယ်။ သူတို့တွေ ရောက်ရောက်ချင်းပဲ အသိဉာဏ်ရှိတဲ့ ဓမ္မလက်နက်နဲ့ ကြုံခဲ့ရတာ။ နောက်ကျ တခြားဘာတွေကြုံဦးမလဲဆိုတာ ဘယ်သူသိမှာလဲ။

ကူယွဲ့ သူ့‌ဓားပေါ်တက်ပြီး ပျံသန်းလာခဲ့တယ်။ လေးယောက်သားရှေ့တည့်တည့် ပျံခဲ့ကြရင်း ကျတ်တီးမြေဆီ ရောက်လာခဲ့ကြတယ်။ နေရာက ကျောက်တောင်တွေအမျိုးမျိုးရှိပေမဲ့ အပင်ကတော့ အင်မတန်နည်းပါးတယ်။

ဒါပေမဲ့ ထူးဆန်းတာက သူတို့အရင်က ရောက်ခဲ့တဲ့ လက်နက်သွန်းလုပ်ဖို့ ကုန်ကြမ်းတွေ ပေါများတဲ့ နေရာတွေနဲ့ ယှဉ်ရင် ဒီနေရာက အတော်လေးကို... ရှင်းနေတာပဲ သူတို့ အဆင့်မြင့်လက်နက်သွန်းလုပ်ဖို့ ကျောက်တွေရော ဓမ္မလက်နက်တွေရော တွေ့ဖို့ နေနေသာသာ ပထမ၊ ဒုတိယအဆင့် ကုန်ကြမ်းတွေတောင် ရှာမတွေ့ဘူး။

အမတလေးယောက် လေးငါးရက်လောက် ဒီနယ်မြေမှာပျံသန်းခဲ့ပေမဲ့ အဖိုးတန်တာဘာမှမတွေ့။ ကူယွဲ့နည်းနည်းစိတ်မရှည်ဖြစ်လာတယ်။ တကယ်လို့ အထဲဆက်ဝင်လာလို့ အခြေအနေကဒီလိုမျိုးပဲဆို သူတို့ ပြန်လှည့်တာမှ ကောင်းဦးမယ်။

"ဖေဖေနျို..." ရှန်းရင်က ရုတ်တရက် မေးလာတယ်။

"ဘာလို့ ငါတို့ ဒီပြန်ရောက်လာတာလဲ"

"ဘာကို၊ ဒီပြန်ရောက်လာတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ငါတို့..."

သူ ဆက်မပြောဘဲ သူမနောက်လိုက်ကြည့်လိုက်တော့ သူ့ကို ကြောင်အသွားစေတဲ့ တစ်စုံတစ်ရာကို သတိထားမိသွားခဲ့တယ်။

"ဟိုလီရှစ်"

သူမြင်လိုက်ရတာ အရိုးတွေ၊ သားရဲမိစ္ဆာတစ်ကောင်ရဲ့ အရိုးတွေ။ ဒီလိုကျတ်တီးမြေမှာ အရိုးတွေ့တာက မထူးဆန်းပေမဲ့ အဓိကပြဿနာက... သူတို့တွေက အရိုးတွေကို စွန့်ပစ်ခဲ့တဲ့သူတွေမို့ပဲ။

ပြီးတော့ လွန်ခဲ့တဲ့၂ရက်က ညစာစားပြီးတော့ သူတို့ထားခဲ့တဲ့ အရိုးတွေ။

ကူယွဲ့က ပျံသွားပြီး အရိုးတွေကို စစ်လိုက်တယ်။ တကယ်ပဲလွန်ခဲ့တဲ့၂ရက်က သူတို့ထားခဲ့တဲ့ အရိုးပုံကြီး။

ဒါပေမဲ့ သူတို့ အဲနေ့ကနားဖို့ ရပ်နေခဲ့တဲ့နေရာမှမဟုတ်တာ။ ဒီလိုဆိုရင်တော့...။

ကူယွဲ့ အမူအရာပြောင်းသွားပြီး ယိချင်းကိုလှည့်ကြည့်လိုက်တယ်။

"ယိချင်း ဓာတ်ကြီးငါးပါးအစီအရင် အသက်သွင်း"

ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။ ဓားတစ်ချက်ဝှေ့ယမ်းတာနဲ့ မသေမျိုးချီကဖန်တီးထားတဲ့ ဓားငါးချောင်းက နေရာငါးမျိုးဆီ ချက်ချင်းစိုက်သွားခဲ့တယ်။ သိုင်းကွက်တစ်ခုဖော်ပြီး ကူယွဲ့ အင်းကွက်အစီအရင်ချလိုက်တယ်။ မျက်စိတစ်မှိတ်အတွင်း အလင်းတန်းတချို့လင်းလာပြီး သူတို့ပတ်ဝန်းကျင်က စတင်တုန်ခါကာ မြေကြီးက ကြေမွလာတယ်။

စက္ကန့်ပိုင်းအတွင်း သစ်ရွက်ခြောက်၊ ပေါင်းပင်၊ အသီးခွံ၊ အစားအသောက်အကြွင်းအကျန်နဲ့ အရိုးတွေလို အမှိုက်တွေ ပေါ်လာတော့တယ်။ ဒါလွန်ခဲ့တဲ့ရက်ပိုင်းက သူတို့ချန်ထားခဲ့သမျှဟာတွေပဲ။

အမှိုက်တွေအားလုံးက မီတာအနည်းငယ်အတွင်းမှာတင်ရှိနေတယ်။ တချို့ဆို ပေနည်းနည်းပဲကွာလေရဲ့။

"ဒါ..." ဘာဖြစ်တာလဲ။

သူတို့တစ်နေရာတည်းကိုပဲ ပတ်နေမိတယ်လို့တော့ မပြောနဲ့နော်။

အဓိကပြဿနာက သူတို့ တစ်ခုခုလွဲနေတယ်ဆိုတာ သတိမထားမိခဲ့တာပဲ။

"ဝိညာဉ်ဒုံမင်းအစီအရင်ပဲ" ရွှင်ရှူးက ရုတ်တရက်ပြောပြီး ရှေ့တက်လာတယ်။

"ဝိညာဉ်ဒုံမင်းအစီအရင်ကက စက်ဝိုင်းအတားအဆီးတစ်ခု ဖန်တီးနိုင်တယ်၊ ဘယ်လောက်ပဲသွားသွား နဂိုနေရာကိုပဲ ပြန်ရောက်မှာပေမဲ့ အထဲက မြင်ကွင်းတွေက ဆက်တိုက်ပြောင်းလဲနေမှာ၊ ငါတို့ ဒီအတားအဆီးထဲ ရောက်နေတာပဲဖြစ်ရမယ်"

သူ ဒီလိုပြောပြီး သိုင်းတစ်ခုထုတ်ကာ တီးတိုးရေရွတ်လိုက်တယ်။ ချက်ချင်း သူ့လက်ထဲကချိပ်က ပျံထွက်သွားတယ်။ သူတို့မျက်စိရှေ့ အလင်းဖြူကြီးနဲ့ အကြည်ရောင် အကာအရံတစ်ခုပေါ်လာတယ်။ နောက်တော့ သူတို့အပေါ်မှာ ရွှေရောင်ပစ္စည်းတွေ စတင်စုဆောင်းလာတော့တယ်။

သေချာစစ်ကြည့်လိုက်တော့ ဒါက လေးပွင့်ဆိုင်ပဲရိုင်းပင်ပုံစံ မြေပုံဖြစ်နေတာ သိလိုက်ရတယ်။

"ဒါ အမတနယ်မြေရဲ့ အလယ်ဗဟိုဆီ ဝင်ပေါက်ဖြစ်ရမယ်" ရွှင်ရှူးမျက်ဝန်းတွေ တောက်ပသွားတာက စိတ်လှုပ်ရှားမှုကိုတောင် မချုပ်တည်းနိုင်တော့ဘူး။ သူ့ဝတ်ရုံထဲကနေ ဆောင်းဝိညာဉ်သစ်ရွက်တစ်ခု ထုတ်ပြီး ကောင်းကင်က မြေပုံဆီ ပစ်လိုက်တယ်။

ချက်ချင်း သူတို့ရှေ့က အကာအရံက ရွေ့ပြီး အလယ်ခေါင်ကနေစကွဲလာတယ်။ စက္ကန့်ပိုင်းအတွင်း မုခ်ခုံးပုံစံ အသွင်ပြောင်းသွားပြီ။

"ဒါဝင်ပေါက်ပဲ" ရွှင်ရှူး ဝမ်းမြောက်စွာနဲ့ ပြောလိုက်တယ်။ မုခ်ခုံးကို လက်ညှိုးထိုးပြီး သူတို့ကို လောလိုက်တယ်။

"မြန်မြန်ဝင်ကြရအောင်"

"အိုး" ရှန်းရင် ရုတ်တရက်ပြောလိုက်တယ်။

"နင် အရင်က ဒီရောက်ဖူးတာပဲ"

"..."

ရွှင်ရှူးက ချက်ချင်း တောင့်တင်းသွားခဲ့တော့တယ်။

…

All Chapters