← Chapters

မီး‌တောင်ဓားသင်္ချိုင်း

Vol. 10 Ch. 141

မီး‌တောင်ဓားသင်္ချိုင်း

Vol. 10 Ch. 141

ဟဲ... ဟဲဟဲ... ဟဲဟဲဟဲ...။

ရွှင်ရှူး ခြောက်ကပ်ကပ်ရယ်လိုက်တယ်။ စက္ကန့်နည်းနည်းကြာတော့ သူက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောတော့တယ်။

"ဘယ်... ဘယ်လိုလုပ်... ဒီနေရာကိုရောက်ဖူးမှာလဲ၊ ဟားဟား ငါ... ကခန့်မှန်းနေတာလေ၊ ဟုတ်တယ်၊ ငါခန့်မှန်းနေရုံပဲ၊ ဟဲဟဲဟဲ..."

သုံးယောက်သား သူ့ကို အူကြောင်ကြောင် ကြည့်နေပြီးတော့ ပြိုင်တူ "အော်..." ဆိုပြီး ပြန်ဖြေလေတယ်။

ရွှင်ရှူး ။ ။ "..." "အော်" ဆိုတာ ဘာအဓိပ္ပာယ်လဲ။

သူတို့ သူ့ကိုယုံတာလားမယုံတာလား။ ရွှင်ရှူး ရင်ထဲ သွေးပျက်မှုက မြင့်တက်လာတယ်။ ငါတော့သွားပြီ၊ ငါတော့သွားပြီ။ ငါပေါ်သွားပြီလား

"သွားကြစို့" ရှန်းရင်က ရုတ်တရက် ရှေ့တက်လာတယ်။

ဟမ်။

"ဒါဝင်ပေါက်လို့ နင်ပြောတယ်မဟုတ်လား" သူမက ယိချင်းနဲ့ ကူယွဲ့ကို နောက်ကလိုက်ခဲ့ဖို့ အမူအရာပြပြီး မုခ်ခုံးဆီလျှောက်လာခဲ့တယ်။

"စားဖိုမှူး၊ ဖေဖေနျို သွားကြရအောင်"

သူမက မုခ်ခုံးကိုဖြတ်သွားတော့ နှစ်ယောက်သားက အကြည့်ချင်းဖလှယ်ပြီး လိုက်သွားကြတယ်။

သူတို့ မယုံကြည်နိုင်ဖြစ်နေတဲ့ ရွှင်ရှူးကိုချန်ထားခဲ့လေရဲ့။ အဲဒါ... ပဲလား။ သူတို့ သူ့ကိုထပ်မမေးကြတော့ဘူးလား။ ရုတ်တရက် အဖြစ်အပျက်တွေရဲ့ ဒီအချိုးအကွေ့အပေါ် သူအတော်လေးစိတ်ပျက်သွားတယ်။

သူ မုခ်ခုံးကိုဖြတ်နေပြီဖြစ်တဲ့ လူသုံးယောက်ကို လှမ်းကြည့်လိုက်တယ်။

လက်သီးဆုပ်ပြီး သူ သူတို့နောက်ကနေလိုက်ခဲ့တယ်။

သူ ဝင်ပေါက်‌ကဖြတ်ဖြတ်ချင်း သူတို့ရှေ့က ရှုခင်းက ကန့်လန့်ကာလိုမျိုး ပွင့်လာတယ်။ မြင်ကွင်းက လုံးဝပြောင်းလဲသွားလေရဲ့။ တောက်လောင်ပူမြနေတဲ့ အငွေ့အသက်က သူတို့‌ဆီ ပြေးဝင်လာတယ်။ နေရာအနှံ့မှာ သွေဖည်ကျောက်ရည်ပူတွေရှိနေပြီး အပူချိန်ကမြင့်လွန်းလို့ဇ‌ယားအပြင်တောင်ထွက်နေပြီ။ သူတို့ကြည့်ရတဲ့ နေရာတိုင်းမှာ လောင်ကျွမ်းနေတဲ့ မြေဆီလွှာတွေ။ မီးတောင်ကြီးတစ်ခုက မြင့်လွန်းလို့ ကောင်းကင်နဲ့မြေကြီးကိုဆက်ထားတဲ့ပုံ။ နေရာအနှံ့မှာ ဓားတွေ မြေကြီးထဲစိုက်နေလို့ လမ်းလျှောက်ဖို့နေရာဆိုတာ မရှိသလောက်။ မီးတောင်လို့ခေါ်တာထက် ပိုခေါ်သင့်တာက...။

"ဓားသင်္ချိုင်းပဲ" ကူယွဲ့ ပင့်သက်ရှိုက်မိလိုက်တယ်။ နေရာအနှံ့မှာ ဓားအမတတွေ - သူ့အတွက် ပိုက်ဆံဘယ်လောင်တောင် ရလိုက်ပါ့မလိမ့်။ ဖြစ်ချင်တော့ ဓားတွေက စည်းပိတ်ပြီးသားတွေ။ တခြားလူကို ပိုင်ရှင်အသစ် မမှတ်ယူသရွေ့ ဘယ်သူမှ ယူသွားလို့မရဘူး။ သူတို့က ကုန်ကြမ်းတွေလောက် အသုံးမဝင်ဘူးပေါ့။

သွေဖည်မီးလျှံတွေလည်း အများကြီး။ တချို့က ဓားတွေပေါ်စီးပြီးမှ ရွှေ့နိုင်တယ်။ သူတို့ ဓားတွေပေါ်က ပျံသန်းလာချိန် ဓားတွေရဲ့ အော်သံကို ကြားလိုက်ရတယ်။ ကြည့်ရတာ ဓားသင်္ချိုင်းပေါ် ဘယ်သူမှမရောက်တာကြာပြီထင်တယ်။ ဒါကြောင့် ဒီအမတဓားတွေ အရမ်းကိုပြင်းပြင်းထန်ထန် တုံ့ပြန်နေတာပဲ။

"ဓားအခန်းက အဲမှာ၊ သွားကြရအောင်"

ရွှင်ရှူးက မီးတောင်ကြီးတစ်ခုရဲ့ အောက်ခြေို လက်ညှိုးထိုးပြတယ်။ သူလှည့်ကြည့်လိုက်တော့ သုံးယောက်သားက သူ့ကိုသံသယတွေနဲ့ ကြည့်နေတာမြင်လိုက်ရတော့ ရင်ထိတ်သွားပြီး ထပ်ဖြည့်ပြောလိုက်တယ်။

"ထင်တာပဲ"

"အော်" ရှန်းရင် ဖြေပြီး စားဖိုမှူးကို ရွှင်ရှူးညွှန်ပြတဲ့ဘက် ပျံသန်းခိုင်းလိုက်တယ်။ တစ်ခဏပျံသန်းပြီးတဲ့နောက် သူတို့နားက အပူချိန်က သိသိသာသာ ကျဆင်းလာတယ်။ အဲတော့မှ နားလည်လိုက်တာက မီးတောင်အောက်ခြေက ရေခဲနံရံတစ်ချပ်ဝိုင်းထားတာခံရတာပဲ။ အထဲကလောကနဲ့ အပြင်ကို ကာထားတဲ့ ချောက်နက်ကြီးလိုပဲ။

သူတို့တွေ အောက်ကို ဆင်းလာခဲ့ပြီး ရေခဲပေါ် တက်နင်းလိုက်တယ်။ အမှန်တကယ်ပဲ သူတို့နဲ့ သိပ်မဝေးတဲ့နေရာမှာ ဝင်ပေါက်တစ်ခုရှိနေတယ်။ ရေခဲနဲ့လုပ်ထားတဲ့ ဝင်ပေါက်။ ဒါက မီးတောင်ထဲကို ဦးတည်နေတယ်။ ဒါပေမဲ့ အထဲမှာ ဘာရှိနေလဲဆိုတာ မြင်ရလောက်တဲ့အထိတော့ နီးမနေဘူး။

သူတို့ လမ်းလျှောက်လာတုန်းရှိသေး ခြေထောက်အောက်က တစ်စုံတစ်ရာကိုကြားလိုက်ရတယ်။ မြေကြီးက တုန်ရီလာပြီး သူတို့အရပ်လောက်ရှည်တဲ့ ပူစီဖောင်းတွေ ရုတ်တရက် ထွက်လာတယ်။ ပူစီဖောင်းတွေက လေထဲပျံတက်လာပြီး အမြန်ပဲ ရေခဲပြင်ပေါ် ဖုံးအုပ်သွားခဲ့တယ်။

"အာ ရေခဲက ပူစီဖောင်းမှုတ်နိုင်လို့လား" ဆပ်ပြာနဲ့လုပ်ထားတာလား။

"မသွားနဲ့ ဒါ ဓားမြှောင်တစ်ထောင်အစီအရင်ပဲ" ရွှင်ရှူးက မျက်မှောင်ကြုတ်ပြီး သူတို့သုံးယောက်ကို တားလေတယ်။

"ဒီလိုနေရာမှာ ဓားမြှောင်တစ်ထောင်အစီအရင်ရှိနေမယ်လို့ မထင်ခဲ့ဘူး၊ ဒါတွေက ပူစီဖောင်းနဲ့ တူပေမဲ့ သူတို့က ငွေ့ရည်ဖွဲ့ထားတဲ့ မသေမျိုးချီနဲ့လုပ်ထားတာမို့ ဖျက်ဆီးလို့မရဘူး၊ ပူစီဖောင်းတစ်ခုစီမှာ ဓားချီတွေပါနေတာ၊ ထိမိလိုက်ရင် အထဲမှာ ပိတ်မိသွားနိုင်တယ်၊ ဘယ်လိုတိုက်ခိုက်မှုကိုမဆို စုပ်ယူနိုင်တယ်၊ ငါတို့ ပတ်လျှောက်သွားတာ ပိုကောင်း... အာ မင်းဘာလုပ်နေတာလဲ"

သူ စကားပြောနေတုန်းမှာတင် ယိချင်းက ဓားကိုထုတ်ပြီး ပူဖောင်းတွေဆီ လျှောက်သွားခဲ့တယ်။

"ခဏ သာမန်ဓားသိုင်းက ‌ဖြိုခွင်းနိုင်လောက်တဲ့အထိ မလုံလောက်..."

သူ စကားပြောတာ မဆုံးခင်မှာတင် ယိချင်းကိုယ်ထဲက မသေမျိုးချီတွေထကြွလာတာ အာရုံခံမိလိုက်တယ်။ သူ့တစ်ကိုယ်လုံးကနေ ‌ရွှေရောင်တွေထွက်လာပြီး ဓားကြီးတစ်ခုပုံစံဖြစ်သွားတယ်။ သူ လက်မြှောက်ချိန် ဓားချီတွေ ပေါက်ကွဲကုန်တယ်။

ဝုန်းခနဲအသံကျယ်ကြီးနဲ့အတူ ခပ်ထူထူအဝတ်စတစ်ခု ပြဲသွားသံကပ်ပါလာတယ်။ မြေကြီးပေါ်က ပူစီဖောင်းတွေရော ရေခဲပါ အပိုင်းပိုင်းကွဲကုန်တယ်။ ဓားမြှောင်တစ်ထောင်အစီအရင်က ချက်ချင်း ပျက်ယွင်းသွားတော့တယ်။

ပျက်... ပျက်သွားပြီ

အဲဒါ... အရမ်းကိုမြန်လွန်းတယ် မဟုတ်ဘူးလား။

(⊙ o ⊙)

ပူစီဖောင်းတွေပ ဘယ်လိုတိုက်ခိုက်မှုကိုမဆို စုပ်ယူတယ်လို့ပြောကြတယ်မဟုတ်လား။ သောက်ကျိုးနည်း ငါ့ကိုလာစားနေတာပဲ။

"ဆရာက သန်မာတဲ့လူတစ်ယောက်က ဆယ်ယောက်ကို အနိုင်ယူနိုင်တယ်လို့ ပြောဖူးတယ်" ရွှင်ရှူး ဇဝေဇဝါဖြစ်နေတာ အာရုံခံမိတဲ့ပုံနြဲ ယိချင်းက ရှင်းပြလာတယ်။ ဒီနောက်တော့ ရှန်းရင်ဘက် လှည့်ပြီး ပြောလိုက်တယ်။

"ဆရာ၊ ကျွန်တော်တို့ အခုဆက်သွားလို့ရပါပြီ"

"အိုး ကြိုးစားပေးလို့ ကျေးဇူးပါ" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ တည်တည်ငြိမ်ငြိမ်နဲ့ သူက မြေကြီးပေါ်က တစစီအပိုင်းအစတွေအပေါ် အေးဆေးလျှောက်သွားတော့တယ်။

ရွှင်ရှူး ။ ။ "..."

ကူယွဲ့ နားလည်တဲ့ အကြည့်နဲ့ သူ့ပခုံးကိုပုတ်ပေးလိုက်တယ်။

"ခင်ဗျားကျင့်သားရသွားရင် အဆင်ပြေသွားပါလိမ့်မယ်" သူတို့က cheat အကြီးနဲ့ cheat အသေးလေးပဲ။ ခင်ဗျား cheat အကြီးကို မြင်ဖူးပြီးပြီပဲ မဟုတ်လား။ အသေးလေးကို ဘာရေးကြီးခွင်ကျယ် လုပ်တော့မှာလဲ။

သူတို့ ‌မီးတောင်ထဲ အင်မတန်ရှည်လျားတဲ့လမ်းကြောင်းအတိုင်း ဝင်လာခဲ့တယ်။ အတော်ကြာတဲ့အထိအောင် သူတို့မြင်နေရတာက အမှောင်ပဲ။ လမ်းထဲ ‌ဖုန်တွေနဲ့ ပြည့်နေတာက အချိန်တော်တော်ကြာတဲ့အထိ ဘယ်သူမှ ရှိမနေခဲ့သလိုပဲ။

ကူယွဲ့ လက်ကောက်ဝတ်ကိုလှည့်ပြီး လျှောက်လမ်းကိုအလင်းပေးဖို့ မီးတောက်သိုင်းတစ်ခု ဖန်တီးလိုက်တယ်။ သူတို့ဝင်ဝင်လာချင်း ကုန်ကြမ်းပစ္စည်းတွေကို ရှာနေမိတယ်။ ဘယ်မှာရပ်ပြီး တူးရင်ကောင်းမလဲပေါ့။

ကံမကောင်းချင်တော့ လမ်းက ဟောင်းနွမ်းနေပေမဲ့ အသေးစိတ်ပြင်ဆင်ထားတာ အသိသာကြီး။ အားလုံးကို သပ်သပ်ရပ်ရပ်စီရီထားပြီး လမ်းခွဲတစ်ခုတောင် မတွေ့ရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေးတန်ဖိုးမရှိဘူးပဲ။ သူတို့ မီးတောင်ထဲ ရောက်လာလေလေ နံရံတွေက ပိုချောမွတ်လာပြီး လမ်းကလည်းကျယ်လာတယ်။

ကြည့်ရတာ မီးတောင်က ဗလာကျင်းတဲ့အထိ တူးခံထားရတဲ့ပုံမျိုး။ သူတို့တွေ ကျောက်တိုင်ကြီးတွေပြည့်နေတဲ့ နေရာကျယ်ကြီးဆီ ရောက်လာခဲ့တယ်။ သူတို့ ရပ်နေတဲ့ နေရာရဲ့ အဆုံးကိုမမြင်ရဘူး။ မီးတောင်ထဲ ဘယ်လောက်ကျယ်လဲဆိုတာ အတိအကျမှန်းဖို့ခက်တယ်။

"သတိထား" ရွှင်ရှူး လှမ်းအော်ပြီး အရှေ့က လျှောက်နေတဲ့ကူယွဲ့ကို နောက်ပြန်ဆွဲလိုက်တယ်။

သူတို့ တင်းခနဲအသံကြားလိုက်ရပြီး ဓားအမတတစ်ချောင်းက ကူယွဲ့ရှေ့ကမြေကြီးပေါ် စိုက်သွားတယ်။

ကူယွဲ့ ထခုန်မိလိုက်တယ်။ ဘာဖြစ်တာလဲ။

သူ့ ပါးစပ်က မေးခွန်းထွက်ပြီး သိပ်မကြာခင်မှာတင် အမတဓားကနေရာမှာ အသက်သွင်းခံလိုက်ရသလိုမျိုး လှုပ်လာတယ်။ ပတ်ပတ်လည်မှာ အမတဓားတွေပေါ်လာပြီး တစ်နေရာတည်းမှာတင် လည်ပတ်နေကာ ဆိုင်ကလုန်းမုန်တိုင်းလိုမျိုး ဖြစ်ပေါ်လာလေရဲ့။ ဓားချီအလိမ့်လိုက် သူတို့ဆီ ဦးတည်လာတော့တယ်။

သူတို့တွေ ရွေးစရာမရှိဘဲ ပြန်ဆုတ်ရတော့တယ်။ အလင်းတန်းတချို့ကိုမြင်လိုက်ရပြီးတဲ့နောက် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်ကုန်တယ်။ အဲတော့မှပဲ ဘာတွေဖြစ်နေလဲဆိုတာ သူတို့ အတိအကျမြင်ရတော့တယ်။

ဓားတွေ နေရာတိုင်းမှာ အမတဓားတွေ။ မရေမတွက်နိုင်အောင်ရှိနေပြီး အားလုံးက အသက်ဝင်နေတဲ့ပုံ။ သူတို့ရှေ့က နေရာကျယ်ကြီးမှာ သူတို့ကို ရန်စနေပြီး အနားကပ်လာရဲရင် အပိုင်းပိုင်း ပိုင်းခုတ်ပစ်ဖို့ခြိမ်းခြောက်နေတဲ့ပုံနဲ့ အန္တရာယ်ကြီးစွာ ကနေကြတယ်။

"နောက်ထပ်ဓားအစီအရင်ပဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ အဲဒါကို တိုက်ခိုက်ဖို့တော့ လွယ်မယ်မထင်ဘူး။

"ဒါက အနန္တပုံရိပ်ဓားအစီအရင်ပဲ" ရွှင်ရှူး ရှင်းပြလိုက်တယ်။

"အနန္တပုံရိပ်" ကူယွဲ့မှင်တက်သွားပြီး နောက်တော့ အမူအရာပျက်ယွင်းသွားခဲ့တယ်။

"ဒါက ကောင်းကင်မျိုးနွယ်တောင် မဖယ်ရှားနိုင်တဲ့ ဒဏ္ဍာရီလာ ဓားအစီအရင်မလား"

ကူယွဲ့ ချင်းထုံးအမတဘုံဗိမာန်မှာ ရှေးဟောင်းသမိုင်းတွေကို ဖတ်ခဲ့တုန်းက ဒီအစီအရင်ကြောင်း သိခဲ့ရတာပဲ။ ဒဏ္ဍာရီဆိုတာထက် ပိုတာလား။

"ဟုတ်လောက်တယ်" ရွှင်ရှူး ခေါင်းညိတ်ပြလိုက်တယ်။

"ဒီအစီအရင်ကို ဘာ်လိုဖယ်ရမလဲ ငါမသိဘူး၊ အားကုန်ထုတ်သုံးဖို့ကလွဲ မရှိတော့ပုံပဲ"

"အော် အင်း..." ကူယွဲ့ ထူထဲနေတဲ့ဓားအစီအရင်ကိုကြည့်ပြီး တစ်ဖက်လှည့်ကာ ပြတ်ပြတ်သားသား ကြေညာလိုက်တယ်။

"ပြန်လှည့်ကြရအောင်"

"ဘာ၊ ခဏ" ရွှင်ရှူး လုံးဝမယုံကြည်နိုင်စွာနဲ့ သူ့ကို ပြန်ဆွဲထားလိုက်တယ်။

"မင်း... မင်း အဲလိုမျိုးနဲ့တင် လက်လျှော့လိုက်ပြီလား၊ မင်းအထဲဝင်ပြီး တစ်ချက်မကြည့်ချင်တာ သေချာပြီလား"

"ဟုတ်တယ်" ကူယွဲ့က ဒါသိသာနေတာပဲဆိုတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

"မသွားသင့်ဘူးလို့ခင်ဗျားပဲပြောတယ်မဟုတ်လား၊ ဘယ်လိုပဲဖြစ်ဖြစ် အချိန်သိပ်မကျန်တော့ ပြန်သင့်ပြီ ပြီးတော့ ဒီလာတဲ့လမ်းမှာ ဘာကုန်ကြမ်းပစ္စည်းမှ မတွေ့ခဲ့ဘူးလေ၊ အထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူသိမှာလဲ" ဒီမှာ အချိန်ဖြုန်းမဲ့အစား သူတို့တွေ အပြင်ကအမှိုက်ကုန်ကြမ်းတွေကို ကောက်တာ ပိုကောင်းဦးမယ်။

ကူယွဲ့ တခြားနှစ်ယောက်ကို အမူအရာပြလိုက်တယ်။

"သွားကြရအောင် ရှန်းရင်နဲ့ယိချင်း"

…

All Chapters