← Chapters

ယောက်ျားစစ်တစ်ယောက်က ပေါက်ကွဲမှုတွေကို ဘယ်တော့မှ လှည့်မကြည့်ဘူးကွ)

Vol. 16 Ch. 152

ယောက်ျားစစ်တစ်ယောက်က ပေါက်ကွဲမှုတွေကို ဘယ်တော့မှ လှည့်မကြည့်ဘူးကွ)

Vol. 16 Ch. 152

ချီယွမ်သည် အလင်းအဖြစ်ပြောင်းလဲရင်း တာအိုနတ်ဆိုး၏ မှတ်ဉာဏ်များအရ ဗဟိုချက်နေရာသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။

လေဟာနယ်အတွင်း တည်ရှိနေသော ဤလှိုဏ်ဂူသည် လှိုဏ်ဂူတစ်ခုဆိုသည်ထက် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ဖန်တီးထားသော သေးငယ်သည့်ကမ္ဘာနှင့် ဆင်တူသည်။

ကျင့်ကြံသူတစ်ဦးအနေနှင့် ဤနေရာအတွင်း တည်ငြိမ်စွာ ကျင့်ကြံနိုင်ရုံသာမက အထဲတွင် နတ်ဆိုးသားရဲများ မွေးမြူနိုင်သည်။ စိတ်ဝိညာဉ်ဆေးပင်များ စိုက်ပျိုးကျင့်ကြံ နိုင်သည်။ ထို့အပြင် အနာဂတ်မျိုးဆက်များကို ကာကွယ်ရန်အတွက် မြို့များရွာများပင် တည်ဆောက်နိုင်၏။

ဤတာအိုနတ်ဆိုး၏ လှိုဏ်ဂူတွင်လည်း ချွင်းချက်မရှိပါချေ။ တစ်ချိန်က လူတိုင်းအားကျစရာ နိဗ္ဗာန်ဘုံတစ်ခုလိုမျိုး ခမ်းနားခဲ့သော်ငြား အခုတော့ နှစ်ပေါင်းများစွာ စွန့်ပစ်ခြင်းကြောင့် လေဟာနယ်၏ တိုက်စားနိုင်သော မုန်တိုင်းများ၏ လွှမ်းမိုးခြင်းခံလိုက်ရကာ အထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များလည်း ယုတ်လျော့သွားရင်း အခုလိုမျိုး ခြောက်သွေ့သော အခြေအနေကို ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပဲ ပွက်ပွက်ဆူနေသော သွေးနီရောင် တိမ်စိုင်များ ဝန်းရံထားသော ကြီးမားသည့် နန်းတော်တစ်ခုကို ချီယွမ် မြင်တွေ့လိုက်ရသည်။ ထိုခမ်းနားသော နန်းတော်၏ပုံစံသည် ဝန်းရံထားသော တိမ်နီများကြောင့် ကြောက်မက်ဖွယ်ကောင်းနေလေ၏။

"ဒါပဲ"

အဝေးမှ ကြီးမားသော အဆောက်အဦးကို ကြည့်နေရင်း ချီယွမ်၏ မျက်နှာထားသည် အနည်းငယ် ပေါ့ပါးလာတော့သည်။ လျင်မြန်စွာ အရှိန်မြှင့်တင်လိုက်သောကြောင့် သွေးနီရောင် တိမ်စိုင်များ၏ အစွန်းပိုင်းသို့ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။

ချဉ်းကပ်လိုက်သည်နှင့် ထူထဲကာ ပြင်းထန်သော သွေးညှီနံ့က နှာခေါင်းဝသို့ တိုက်ရိုက် တိုက်ခတ်လာတော့၏။ ထိုသွေးမြူခိုးထဲတွင် နတ်ဆိုးစွမ်းအင်အပြင် ကျိန်စာတစ်ချို့နှင့် မကောင်းသော ဓာတ်ပေါင်းများစွာ ရောနှောနေဟန်ပင်။

အလွန်အမင်း ပြင်းထန်နေသော ထိုစွမ်းအင်များက အသက်ရှိသည့် သတ္တဝါတစ်ကောင်နှယ် ချီယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ဖောက်ထွင်းနိုင်အောင် အရိုင်းဆန်စွာ ကြိုးစားနေကြသည်။ သို့သော် ကံကောင်းသည်မှာ ချီယွမ် ဝတ်ဆင်ထားသည့် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်နိုင်သော အဝါရောင် အကာအကွယ်ဝတ်စုံက တားမြစ်ပေးထားလို့ပင်။

သို့တိုင်အောင် ထူးခြားကောင်းကင်သန့်စင်နယ်မြေမှ ဖန်တီးခဲ့သော ဤအင်မတန်မှ ကောင်းလှသည့် အကာအကွယ်ဝတ်စုံသည်ပင် စွမ်းအား၏ အဆက်မပြတ် တိုက်စားမှုကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်လာခဲ့သည်။

"နှစ်တွေအများကြီး ကြာသွားတာတောင်မှ သွေးမိစ္ဆာအစီအရင်က ဆောင်ရွက်နိုင်နေတုန်းပဲ"

"တာအိုနတ်ဆိုး မသေမချင်း အားဖြည့်ပေးသွားတဲ့ ဒီသွေးမိစ္ဆာက နှစ်ပေါင်းများစွာ ပျက်စီးတာတောင်မှ ကျန်နေသေးတဲ့ အစွမ်းက အထင်သေးလို့မရဘူးပဲ၊ အချိန်ကြာလာရင် ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ဦးတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး"

ချီယွမ် မျက်မှောင်ကြုတ်သွားကာ ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက်တွင် ကိုယ်ပိုင်ဧရိယာအတွင်းမှ နင်ယွမ်ဓားကို ထုတ်ယူကာ တည်ငြိမ်စွာ ပြောလိုက်၏။

"မင်း ဒီနေရာကို မှတ်မိသေးလား"

နင်ယွမ်ဓားက အနည်းငယ် တုန်ယင်သွားရင်း ခပ်ဖျော့ဖျော့အသံကို ထုတ်ပေးလာသည်။

"သခင်ကြီး၊ မတွေ့ရတာ ရက်နည်းနည်းပဲရှိသေးတာကို သခင်ကြီးရဲ့ပုံစံက တော်တော်လေး ဖြူဖတ်နေတယ်နော်… ဟမ်၊ ဒါက ဟန်လဲ့ရဲ့ လှိုဏ်ဂူ မဟုတ်ဘူးလား"

ထို့နောက်တွင် နင်ယွမ်ဓားက စိတ်လှုပ်ရှားစွာဖြင့် နှစ်ကြိမ်မျှ လှုပ်ရှားလိုက်သည်။

"နင်ယွမ် နားလည်ပါပြီ၊ သခင်ကြီးက အထဲမှာရှိတဲ့ ပစ္စည်းကို လိုချင်နေတာမလား၊ လွယ်ပါတယ်၊ ကျွန်တော် သွားယူပေးမယ်"

နင်ယွမ်ဓား၏ စကားမဆုံးခင်မှာပဲ ချီယွမ်က ခိုင်မာစွာဖြင့် ဓားထိပ်ကို ဖိချလိုက်ရင်း အေးစက်စွာ ပြောလိုက်၏။

"မလိုဘူး၊ ဒီသွေးမိစ္ဆာရဲ့ အစီအရင်စွမ်းအင်ကို မောင်းထုတ်ဖို့ပဲ မင်းက ကူညီပေး၊ မင်း လျှောက်သွားရဲလို့ကတော့ ငါ့ကို မယဥ်မကျေးပြုမူတယ်ဆိုပြီး ပြီးမှအပြစ်လာမတင်နဲ့"

ထိုဓားစုတ် ဘာလုပ်မလဲဆိုသည်ကို ချီယွမ် ကောင်းစွာ သိနေပါသည်။ နန်းတော်အတွင်းထဲတွင် သွေးရေကန်တစ်ခုရှိလေရာ ဤဓားစုတ်အား သွားခွင့်ပေးလိုက်ပါက သွေးအားလုံး သောက်သုံးပြီး ချက်ချင်းပင် ပြင်းထန်သော စွမ်းအင်ကြောင့် ပုန်ကန်မှု ပြုလာလိမ့်မည်။

နင်ယွမ်ဓားခမျာ ချက်ချင်း ညှိုးငယ်သွားခဲ့ပြီး စိတ်ပျက်စွာ ပြောလိုက်သည်။

"ဟူး၊ ကောင်းပါပြီ သခင်ကြီးချီ အလိုရှိတဲ့အတိုင်းပေါ့"

နင်ယွမ်ဓား၏ စကားသံဆုံးသည်နှင့် ပတ်ပတ်လည်မှ အနက်ရောင်အလင်းတန်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာကာ အနီးရှိ သွေးမိစ္ဆာကို မိုင်ပေါင်းများစွာ အဝေး လွင့်သွားစေလိုက်သည်။

တည်နေရာ အတည်ပြုပြီးသည်နှင့် ချီယွမ်က နင်ယွမ်ဓားကို ညာလက်မှာ ကိုင်ဆောင်ရင်း သွေးမိစ္ဆာအစီအရင်အတွင်းသို့ သတိကြီးစွာ ဝင်ရောက်လိုက်၏။ အဆောက်အဦးအတွင်းရှိ အစီအရင် ပင်မဗဟိုချက်နေရာကို ဖျက်ဆီးနိုင်မှသာ အစီအရင်တစ်ခုလုံး ပျက်စီးသွားမည် ဖြစ်သည်။

ဖျပ်၊ ဖျပ်..

အနက်ပိုင်းသို့ ရောက်လာသည်နှင့် ဝန်းရံထားသော ကျောချမ်းဖွယ် အရှိန်အဝါက ပိုမိုပြင်းထန်လာတော့သည်။ မရေမတွက်နိုင်သော တစ္ဆေသတ္တဝါမျိုးစုံက အဆက်မပြတ် ချဉ်းကပ်နေသည့်နှယ် အသံများကိုပင် ခပ်ဖျော့ဖျော့ ကြားနိုင်သည်။

ဟူး..

ထိုအချိန်မှာပဲ နင်ယွမ်ဓား၏ စူးရှသော ဓားစွမ်းအင်က ရုတ်တရက် ထွက်ပေါ်လာသော သွေးမိစ္ဆာရုပ်သေးရုပ်ကို နှစ်ပိုင်းဖြတ်ချလိုက်သည်။ နံဟောင်နေသော ပြစ်ချွဲချွဲအရည်များက အဘက်ဘက်သို့ ပျံ့နှံ့သွားလေ၏။ ထိုရုပ်သေးရုပ် အလောင်းက မြေပြင်ပေါ်သို့ ပြုတ်မကျခင်မှာပဲ မြူခိုးများအဖြစ် အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့သည်။

"ဂါး"

ထိုသွေးမိစ္ဆာ၏ သေဆုံးမှုက အစီအရင်ကို ဒေါသထွက်သွားစေဟန်ရှိပြီး ပိုမိုများပြားသော သွေးမိစ္ဆာရုပ်သေးရုပ်များကို အဘက်ဘက်မှ ထွက်ပေါ်စေလိုက်သည်။

ရုပ်‌သေးရုပ်များ၏ သွေးနီရောင် မျက်လုံးများက အမုန်းတရားများနှင့် ပြည့်နှက်နေခဲ့သည်။

"သေလမ်းရှာနေတာပဲ"

ချီယွမ် အေးစက်စွာ မျက်နှာကို မဲ့လိုက်သည်။ ချက်ချင်းဆိုသလို ချီယွမ်၏ အဖြူအမည်းမျက်ဆံအတွင်းသို့ ပုံစံကွက်များ ပြည့်နှက်လာတော့၏။ သွေးနတ်ဘုရား၏ သန့်စင်ခြင်း အဆင့်နှစ်ကို မြှင့်တင်လိုက်သည့်အတွက် ချီယွမ်၏ အရှိန်အဝါက ကြမ်းတမ်းစွာ တိုးတက်လာတော့၏။ ထိုသို့ဖြင့် နှိုင်းယှဉ်၍မရနိုင်အောင် ထက်ရှသော နတ်လက်နက်တစ်ခုနှယ် ပင်မခန်းမအတွင်းသို့ အကြမ်းပတမ်း တိုးဝင်သွားတော့သည်။

ဖျပ်၊ ဖျပ်၊ ဖျပ်၊ ဖျပ်..

တိုက်စားနိုင်သည့် ဒီရေလှိုင်းတစ်ခုနှယ် ဓားစွမ်းအင်များက ပတ်ဝန်းကျင်တစ်ခွင်သို့ ရိုင်းစိုင်းစွာ သက်ရောက်နေခဲ့သည်။ ထိုသို့ဖြင့် အသက်တစ်ရှူစာ အချိန်အတွင်းမှာပဲ ရွှေအမြုတေနယ်ပယ် သွေးမိစ္ဆာရုပ်သေးရုပ်များအားလုံး အပိုင်းပိုင်းပြတ်သွားလေ၏။

သို့သော် ချီယွမ်လည်း တစ်ချိန်တည်းမှာ မောပန်းလာတော့သည်။ ကိုယ့်ကိုယ်ကိာ အားတင်းရင်း ဝန်းရံထားသော သွေးမိစ္ဆာရုပ်သေးရုပ်များအတွင်းမှ လမ်းကြောင်းကို အတင်းအကြပ် ဖန်တီးလိုက်သည်။

ဂွမ်း၊ ဖျပ်၊ ဖျပ်။

ချီယွမ်၏ဓားချက် ကျရောက်လာသည်နှင့် ရက်စက်ကာ ကြောက်မက်ဖွယ်ကောင်းသော သွေးမိစ္ဆာရုပ်သေးရုပ်များလည်း တစ်ခုပြီးတစ်ခု အပိုင်းပိုင်းပြတ်ကာ အမှုန်များအဖြစ် ပျောက်ကွယ်ရသည်။

ထိုကြမ်းတမ်းသော တိုက်ပွဲကို အဓိကတိုက်ခိုက်နေရသော နင်ယွမ်ဓားကတော့ စိတ်လှုပ်ရှားမှုကြောင့် ပျော်ရွှင်နေလေ၏။

"ဟားဟား၊ သတ်၊ သတ်ကြစမ်း၊ သတ်ရတဲ့အရသာက စောက်ရမ်းမိုက်တာပဲ၊ ဒီခံစားချက်ကို ငါလွမ်းနေတာ"

"သတ်၊ အကုန်လုံးကို သတ်ပစ်၊ ဒီရုပ်သေးရုပ် တွေအားလုံးက အစီအရင်စွမ်းအင်ကနေ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေပဲ ဖြစ်နေတာတော့ တကယ်စိတ်မကောင်းစရာပဲ၊ တကယ့်သက်ရှိတွေသာဆိုရင် သွေးကိုစုပ်ယူပြီး ငါ အချိန်ကောင်းတွေ ရနေတော့မှာ"

အဆုံးမရှိသော သတ်ဖြတ်မှုများအတွင်းကနေ ပင်မခန်းမနှင့် ချီယွမ် နီးကပ်သထက် နီးကပ်လာသည်နှင့် သွေးမိစ္ဆာရုပ်သေးရုပ်များ၏ သန်မာမှုကလည်း ပိုမိုပြင်းထန်လာတော့သည်။ ဝိညာဉ်အခြေတည်နယ်ပယ် ထိပ်သီးအဆင့် သွေးမိစ္ဆာရုပ်သေးရုပ်များပင် ပါလာတော့၏။

ပြင်းထန်လာသော ဖိအားများကြောင့် ချီယွမ် မျက်လုံးကို ကျဉ်းမြောင်းလိုက်တော့သည်။ ခံစားချက်မဲ့စွာဖြင့် သိုလှောင်ဧရိယာအတွင်းမှ ဖျက်စီးနိုင်သော အရှိန်အဝါများ ဖြာထွက်နေသည့် ရွှေရောင်မန္တန်ာစာရွက်များစွာကို ထုတ်ယူလိုက်သည်။ ထို့နောက် အသက်သွင်းပြီးသည်နှင့် ကောင်းကင်ပေါ် ပြန့်ကျဲစေလိုက်၏။

ဟူး..

ယန်ပေါက်ကွဲခြင်း မန္တာန်စာရွက်များစွာကို တစ်ပြိုင်နက်တည်း ပစ်ချလိုက်သည့်အတွက် ချီယွမ်လည်း ထိုနေရာ၌ မနေရဲတော့ချေ။ လွတ်မြောက်အစွမ်းကို အစွမ်းကုန် အသက်သွင်းရင်း နောက်မလှည့်ကြည့်တော့ဘဲ အရှိန်အဟုန်အပြည့် ပြေးဝင်သွားလိုက်သည်။

[စစ်မှန်တဲ့ ယောက်ျားတစ်ယောက်က ပေါက်ကွဲနေတဲ့ နေရာတစ်ခုကို ဘယ်တော့မှ မကြည့်ဘူးကွ]

မကြာမီမှာပဲ...

ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း။

ကောင်းကင်ထက်မှ အဆက်မပြတ် မိုးခြိမ်းချလိုက်သည့်အတိုင်း မန္တာန်စာရွက်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်တော့၏။ ကြီးမားသော သွေးနီရောင် တိမ်စိုင်အတွင်းတွင် ရွှေရောင်အလင်းက ကောင်းကင်အထက်သို့ ရုတ်ချည်း ဖောက်ထွက်သွားကာ အဘက်ဘက်ကို ပျံ့နှံ့စေလိုက်သည်။

ပေါက်ကွဲထွက်လာသော ယန်စွမ်းအင်က အပြင်ဘက်သို့ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် လွင့်ပျံသွားရင်း မိုင်ပေါင်းများစွာအတွင်းရှိ သွေးမိစ္ဆာရုပ်သေးရုပ်များအားလုံးကို ရှင်းလင်းပစ်လိုက်သည်။

ထိုအခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး အလင်းတန်းအရှိန်ဖြင့် ချီယွမ်သည် ခန်းမဆောင်ထဲသို့ လျှင်မြန်စွာ ဝင်သွားလိုက်သည်။

ဝင်ပေါက်အတွင်း ခြေချလိုက်သည်နှင့် အပြင်ဘက်က တိုက်ခိုက်နေသော ပြင်းထန်သည့် အစီအရင်စွမ်းအင်များအားလုံးက ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။ ထို့ကြောင့် ချီယွမ် အနည်းငယ် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

သူ အစောပိုင်းက သုံးခဲ့သော ထိပ်သီးအဆင့် ယန်ပေါက်ကွဲခြင်း မန္တာန်စာရွက်တစ်ရွက်သည် အလယ်အဆင့် စိတ်ဝိညာဉ်ဝိညာဉ်ကျောက်တုံး သောင်းချီပြီး တန်သည်။ ဆိုလိုရင်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းပေါင်းများစွာနှင့် ညီမျှသော ပမာဏကို တစ်စုံတစ်ယောက်က ဖောက်ခွဲပစ်လိုက်ခြင်းပင်။

ကြီးမားသော မီးရှူးမီးပန်းပြပွဲကို ကြည့်ဖို့ရန်အတွက်နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းပေါင်းများစွာကို ဖျက်ဆီးခြင်းသည် တာအိုစုစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးအတွက်တောင်မှ ဖြုန်းတီးခြင်းဟု ခေါင်းစဉ်တပ်ချင်စရာပင်။

သို့သော် ကျင့်ကြံရေးလောက၏ အရင်းအမြစ် အပေါများဆုံးဖြစ်သော ချီယွမ်ကတော့ ငွေကြေးနှင့် ပတ်သက်ပြီး ဘယ်တော့မျှ ဂရုစိုက်မည် မဟုတ်ချေ။ သူ ဂရုစိုက်တာဆိုလို့ အကျိုးကျေးဇူးသာ ရှိသည်။

ချီယွမ် အပေါ်မော့ကြည့်လိုက်သည်နှင့် ရွှေကျောက်တုံးများဖြင့် အလှဆင်ထားသော ကျောက်စိမ်းထောက်တိုင်ကြီးများနှင့် ခန်းမတစ်ခုကို တွေ့လိုက်ရသည်။ လှေကားထစ်တစ်ထောင်၏ ထိပ်ဆုံးတွင် ဗလာဖြစ်နေသော ထိုင်ခုံကြီးတစ်ခု ရှိနေသည်။

ချီယွမ် အနည်းငယ် တွန့်ဆုတ်စွာဖြင့် နင်ယွမ်ဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ထိုထိုင်ခုံရှိရာသို့ ချက်ချင်း ပျံသန်းသွားလိုက်ကာ ဖုံးကွယ်ထားသော စက်ယန္တရားကို ကျွမ်းကျွမ်းကျင်ကျင် အသက်သွင်းလိုက်သည်။

ဖျပ်။

ခန်းမတစ်ခုလုံး အနည်းငယ် တုန်ယင်ပြီးနောက်မှာ လေးလံသည့် ထိုထိုင်ခုံက ဘေးဘက်သို့ ရွေ့သွားရင်း အောက်တွင်ရှိနေသည့် လျှို့ဝှက်ခန်းတစ်ခုကို ဖော်ထုတ်လိုက်သည်။

အထဲဝင်လိုက်သည်နှင့် ဖြာထွက်နေသော ရတနာပေါင်းများစွာ၏ အလင်းကြောင့် ချီယွမ် ချက်ချင်းပင် မူးဝေသွားလေတော့၏။

ရှားပါးကာ အဖိုးတန်သော ရတနာပေါင်းများစွာက မြေပြင်ပေါ်တွင် အဘက်ဘက်သို့ ပြန့်ကျဲနေ၏။ မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများက တောင်များနှယ် အစုလိုက်အပုံလိုက် ရှိနေကာ ထိပ်သီးအဆင့် ဝိညာဉ်ကျောက်တုံးများပင် ပါဝင်သည်။

အခန်းအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် သိပ်သည်းပြီး ကျင့်ကြံသူများအတွက်တောင် စုပ်ယူမှုများပြားလွန်းသော ပမာဏကို ဖြစ်စေနိုင်သည်။

တာအိုနတ်ဆိုး၏ မှတ်ဉာဏ်များအရ ထိုသူသည် မျက်စိပဓာနဖြစ်စေရန်အတွက် ထိုရတနာများအားလုံးကို စုဝေးထားမှန်း ချီယွမ် နားလည်ထားသည်။

[ဒီဟန်လဲ့ ဒီလိုမျိုး ချမ်းသာလာအောင် လူတွေဘယ်လောက်တောင် သတ်ပြီး ဘယ်လိုတွေ လုယူထားလဲမသိဘူး၊ ဒါကြောင့် သန့်စင်နယ်မြေကြီး ၇ ခုက ဒီကောင့်ကို လိုက်သတ်ကြတာနေမယ်၊ ဒီချမ်းသာမှုနဲ့တင် ငါ ထိပ်သီးအဆင့်ဂိုဏ်းတစ်ခု တည်ထောင်ဖို့အတွက် လုံလောက်နေပြီ]

သို့သော် ချီယွမ်က သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်လေရာ သူ့အတွက် အံ့ဩမှုက ကြာရှည်မခံခဲ့ချေ။

ချီယွမ်သည် ရတနာသိုက်အတွင်းမှ တစ်စုံတစ်ခုကိုသာ သီးသန့်ရှာဖွေခဲ့သည်။

[ဒီပစ္စည်းကို ယူသွားပြီလား]

ရုတ်ချည်း ချီယွမ်၏ မျက်နှာက ပြောင်းလဲသွားလေတော့၏။ သူ၏ နှလုံးသားထဲ၌ ဆိုးရွားသော ခံစားချက်များ စတင်မြင့်တက်လာတော့သည်။

နောက်တစ်စက္ကန့်မှာပဲ ကလိမ်ကကျစ် အသံတစ်ခုကို ကြားလိုက်ရ၏။

"ဟား၊ ငါ့ရဲ့ ထောင်ချောက်ထဲကို နောက်တစ်ယောက် တိုးဝင်လာတာပါလား"

All Chapters