← Chapters

မမေးသင့်တဲ့ကိစ္စကို မမေးရဘူး

Vol. 16 Ch. 160

မမေးသင့်တဲ့ကိစ္စကို မမေးရဘူး

Vol. 16 Ch. 160

"မကောင်း‌တော့ဘူး ရန်သူတွေလာနေပြီ..."

တိတ်ဆိတ်နေသော မိုင်တွင်းထဲမှ ကြောက်မက်ဖွယ် အော်သံကြီးတစ်ခု ရုတ်တရက်ပျံ့နှံ့လာခဲ့သည်။

ဟူး

တောက်ပသော ဓားအလင်းတစ်ချက် အပြီးမှာပဲ ရွှေအမြုတေနယ်ပယ် နတ်ဆိုးကျင့်ကြံသူသည် ပြူးကျယ်နေသော မျက်လုံးများဖြင့် လည်ပင်းမှသွေးများ ဖြာကနဲဖြန်းထွက်ကာ မြေပြင်ပေါ်သို့ နောက်ပြန်လဲကျသွားခဲ့သည်။ တစ်စက္ကန့်အတွင်းမှာပဲ အေးခဲသော အလောင်းတောင့်တောင့်ကြီး ဖြစ်သွားလေ၏။

"သတ်"

စောင့်ကြပ်နေသော အပြင်ပတ်ဝန်းကျင်ရှိ အစောင့်များကို လျင်မြန်စွာ ရှင်းလင်းပြီးနောက်တွင် လူသတ်အရိပ်အငွေ့များ ပြည့်နှက်နေသော လင်လုံသန့်စင်နယ်မြေ၏ အမျိုးသမီးကျင့်ကြံသူများက မိုင်းတွင်း၏ အနက်ပိုင်းသို့ မိုးကြိုးလိုအလျင်ဖြင့် လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

ဗုန်း

ဆယ်ခုကျော်သော အင်အားကြီးတိုက်ချက်များက မိုင်းတွင်း၏ အကာအကွယ်အစီအရင်အပေါ် သက်ရောက်သွားခြင်းကြောင့် တန်ပြန်ဟစ်သံကြီး ဟိန်းထွက်လာခဲ့သည်။

မိုင်းတွင်းတစ်ခုလုံး ကြမ်းတမ်းစွာ တုန်ယင်သွားခဲ့ပြီး အပေါ်ဘက်မှ ကျောက်စရစ်ခဲများစွာ ပြိုကျလာခဲ့သည်။ ထိုသို့ဖြင့် ဖုန်မှုန့်လုံးကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

တိုက်ချက်များစွာကို တောင့်ခံပြီးနောက်ဆုံးတော့ မိုင်းတွင်း၏ ခုခံအစီအရင်လည်း ကျဆုံးရလေပြီ။ သန့်စင်သော အဖြူရောင် အကာအကွယ်စည်း၏ ပတ်ပတ်လည်တွင် အက်ကွဲကြောင်းများထလာရင်း စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားလေ၏။

အစီအရင် ပြိုကွဲသွားမှုကြောင့် အမျိုးသမီး ကျင့်ကြံသူများအားလုံး အားတက်သွားရင်း လူသတ်လိုစိတ်အပြည့်ဖြင့် အထဲသို့တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

"စစ်ထူယွင်ကလွဲလို့ ဒီထဲမှာရှိတဲ့ နတ်ဆိုးကျင့်ကြံသူတွေအားလုံးကို ချက်ချင်းသတ်ကြ"

ရုတ်တရက်ကျရောက်လာသော တိုက်ခိုက်မှုကြောင့် မိုင်းတွင်းထဲမှာရှိသော နတ်ဆိုးကျင့်ကြံသူများအားလုံး ထိတ်လန့်သွားကြသည်။ သို့သော် သူတို့တုံ့ပြန်နိုင်သည့် အချိန်မှာတော့ လွန်စွာ နောက်ကျသွားလေပြီ။

လင်လုံသန့်စင်နယ်မြေ၏ ကောင်းမွန်စွာ လေ့ကျင့်ပေးထားသော တပည့်များနှင့် နှိုင်းယှဉ်လိုက်ပါက ထိုနတ်ဆိုးကျင့်ကြံသူများသည် ခုခံမှုတစ်ခုတောင် မစွမ်းသာဘဲ ကြောက်ရွံ့စွာ အဘက်ဘက်သို့ ထွက်ပြေးကြရတော့သည်။

မကြာမီမှာပဲ တိုက်ပွဲသည် မျှချေပျက်စီးပြီး တစ်ဖက်သက်လိုက်လံသတ်ဖြတ်သော မြင်ကွင်းအဖြစ် ပြောင်းလဲလာတော့သည်။

"ဘာတွေဖြစ်နေတာလဲ။ မိုင်းတွင်းထဲက အလုပ်သမားတွေ ပုန်ကန်ကြတာများလား။"

အပြင်ဘက်က ထွက်ပေါ်နေသော ကမ္ဘာတုန်လှုပ်စေလောက်သည့် ဆူညံသံများကြောင့် အခန်းတွင်းထိုင်နေသော စစ်ထူယွင် အနည်းငယ် ကြောက်ရွံ့သွားခဲ့ပြီး ဖြူဖွေးနေသော မျက်နှာနှင့် တံခါးပေါက်ကို စူးစိုက်ကြည့်လိုက်သည်။

ဤဝေးလံခေါင်ခိုက်သော မိုင်းတွင်းသို့ မောင်းထုတ်ခံရစဉ်ကတည်းက ဤသို့သော နေ့ရက်မျိုး ရောက်လာလိမ့်မည်ကို ကြောက်ရွံ့နေခဲ့သော်ငြား ယခုလောက်ထိ မြန်ဆန်လိမ့်မည်လို့တော့ မမျှော်လင့်ခဲ့ပါချေ။

ယခုချိန်မှာတော့ စစ်ထူယွင်၏ နှလုံးသားထဲတွင် ပြန်တိုက်လိုစိတ် အနည်းငယ်သော်မှ မရှိတော့ပေ။ ထိုအစား အံဆွဲပေါင်းများစွာကို လျင်မြန်စွာရှာဖွေရင်း မဟူရာလျှို့ဝှက်လမ်းကြောင်း၏ ဝင်ပေါက်ကို ဖွင့်ဖို့ အသည်းအသန် ကြိုးစားတော့သည်။

"မကောင်းတဲ့ အယုတ်တမာကောင် ငါနောက်ဆုံးတော့တွေ့ပြီပဲ။"

ထိုဝင်ပေါက်မှတစ်ဆင့် လွတ်မြောက်လုဆဲဆဲမှာပင် အနောက်ဘက်မှ ရုတ်တရက် ထွက်လာသော စူးရှသည့် အော်ဟစ်သံကြောင့် စစ်ထူယွင် သေမတက် လန့်ဖြန့်သွားခဲ့သည်။ ထို့ကြောင့် ဒုတိယတစ်ကြိမ် မတွေးတော့ဘဲ ဝင်ပေါက်ထဲ ခုန်ဆင်းလိုက်တော့၏။ သို့သော်ငြား ခြေနှစ်လှမ်းတောင် မလှမ်းရသေးခင်မှာ အင်အားကြီး တိုက်ချက်တစ်ခု၏ တိုက်ခိုက်မှုကြောင့် သွေးအန်ထွက်ရင်း မြေပြင်ပေါ် ပြုတ်ကျသွားလေတော့သည်။

ထိုအချိန်မှာပဲ…

မိုင်းတွင်းတစ်ခုလုံး ရှုပ်ထွေးနေသော်ငြား ချီယွမ်ကတော့ တည်ငြိမ်စွာဖြင့် အချုပ်အနှောင်များကို ဖျက်ဆီးလိုက်ပြီး စိတ်အေးသက်သာစွာ လမ်းလျှောက်ထွက်လာခဲ့သည်။

မကြာမီမှာပဲ တိုက်ပွဲက ပြီးဆုံးသွားလေ၏။

ဘယ်နေရာကိုပဲ ကြည့်လိုက်ပါစေ နတ်ဆိုးကျင့်ကြံသူများ၏ အလောင်းများကို တွေ့မြင်ရလိမ့်မည်။ အလောင်းကောင်၏ ပုံစံကို ကြည့်ရသလောက် အများစုသည် တစ်ချက်တည်းနှင့် သတ်ဖြတ်ခံခဲ့ရပုံပင်။

ဤမြင်ကွင်းကို ကြည့်လိုက်လျှင် ဂုဏ်သိက္ခာရှိသော စစ်မှန်ဂိုဏ်းတစ်ခုဖြစ်သည့် လင်လုံသန့်စင်နယ်မြေသည် ရန်သူကို ရက်စက်စွာ မသတ်ဖြတ်မှန်း နားလည်နိုင်ပါသည်။ ဤနေရာတွင် အနိုင်ရသူက နတ်ဆိုးဂိုဏ်းတစ်ခုသာ ဖြစ်နေပါက သေဆုံးသူ၏ ခြေထောက်တစ်ဖက် လက်တစ်ဖက်တောင် ရှာတွေ့တော့မည် မဟုတ်ချေ။

ထိုအချိန်တွင် မိုင်းတွင်းအပြင်ဘက်ရှိ ကယ်ဆယ်ခံထားရသော လုပ်သားထောင်ချီသည် ဒူးထောက်ရင်း လင်လုံသန့်စင်နယ်မြေ၏ အမျိုးသမီး ကျင့်ကြံသူများကို အဆုံးမရှိသော ကျေးဇူးတင်မှုများဖြင့် အသီးသီး ချီးကျူးနေကြသည်။

"ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်သမီးတို့”

"ဒီမိုင်းတွင်းက တကယ်တော့ ငရဲတွင်းတစ်ခုပဲ။ နတ်သမီးတို့ရဲ့ ကြင်နာမှုသာ မရှိဘူးဆိုရင် ကျွန်တော်တို့တွေသေရတော့မှာ။"

"ဒီလိုအသက်ကယ်ပေးတဲ့ ကျေးဇူးကို ဒီဘဝလုံး ပြန်ဆပ်ဖို့ စွမ်းနိုင်တော့မယ်မထင်ပါဘူး။ ကျွန်တော့်ရဲ့ လေးစားစွာ အရိုအသေပေးမှုကို ကျေးဇူးပြုပြီး လက်ခံပေးပါ။"

"နတ်သမီးတို့က တကယ်ကို စစ်မှန်တဲ့ အသက်ရှိ နတ်ဘုရားမလေးတွေပဲ။"

ထိုမြှောက်ပင့် စကားလုံးများကို ခေါင်းဆောင်အမျိုးသမီးကျင့်ကြံသူက ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီလောက်ထိ ယဉ်ကျေးမှုပြနေဖို့ မလိုပါဘူး။ ကျွန်မတို့က ဂိုဏ်းရဲ့ အမိန့်အရ လာလုပ်တာမလို့ ကျေးဇူးတင်ဖို့ မလိုပါဘူးရယ်။"

"ဒီနေရာက နတ်ဆိုးပိုင်နက်ထဲမှာ ရှိနေဆဲပဲ။ အားလုံး မြန်မြန်ထွက်သွားသင့်တယ်။ အနာဂတ်မှာလည်း ဂရုစိုက်ကြပါ။ ဒီလိုမျိုးအဖမ်းမခံရစေနဲ့”

ထိုသတိပေးစကားကို ကြားသည်နှင့် အချင်းချင်း ကြောက်ရွံ့စွာ အကြည့်ဖလှယ်လိုက်ကြပြီး အကုန်လုံး လျှင်မြန်စွာ ထွက်သွားလိုက်ကြတော့သည်။ သေခြင်းတရားမှ ကံကောင်းစွာ လွတ်မြောက်ခဲ့ရသူများအဖို့ နတ်ဆိုးဂိုဏ်းထံတွင် ထပ်မံဖမ်းဆီးခံရနိုင်သည် ဟူသော စကားက သေရမှာထက် ပိုမိုကြောက်ရွံ့စေပါ၏။

"ဒါဆိုရင် လုပ်စရာတစ်ခုပဲ ကျန်တော့တယ်”

ကျေးဇူးတင်နေသော လုပ်သားအားလုံးကို သွားခိုင်းပြီးသည်နှင့် ခေါင်းဆောင်အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာထားက ချက်ချင်းဆိုသလို ခက်ထန်သွားခဲ့သည်။ ထို့နောက်တွင် သူမ၏ အနောက်တွင်ရှိနေသော အမျိုးသမီး ကျင့်ကြံသူများကို အမိန့်ပေးလိုက်သည်။

"အားလုံးဒီနေရာမှာ နေခဲ့ကြ၊ စစ်ထူယွင်ကို လွတ်မသွားစေနဲ့"

ထိုသို့ဖြင့် သတိမေ့နေသော စစ်ထူယွင်ကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး သူမက အနောက်လှည့်မကြည့်စတမ်း ပျံသန်းသွားခဲ့သည်။

ခဏမျှကြာပြီးနောက်တွင်…

မိုင်းတွင်းအပြင်ဘက်ရှိ နက်ရှိုင်းသော သစ်တော အတွင်း၌…

"ရှင်ကတကယ်ပဲ ဘယ်သူလဲ။"

သူမ၏ ရှေ့တွင်ရပ်နေသော ထူးဆန်းသည့် သူစိမ်းယောင်္ကျားလေးကို ကြည့်နေရင်း ထိုအမျိုးသမီးကျင့်ကြံသူက သံသယတစ်ချို့ဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဘာလို့ ဂိုဏ်းခေါင်းဆောင်က ရှင့်ရဲ့အမိန့်ကိုနာခံဖို့ ကျွန်မကို သီးသန့်အမိန့်ပေးခဲ့ရတာလဲ။"

ချီယွမ် တစ်ယောက် မျက်တောင် တဖြတ်ဖြတ်ခတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အမရေ.. မလိုအပ်တဲ့ကိစ္စတွေကို အာရုံစိုက်မနေပါနဲ့လား။ ကျွန်တော့်ရဲ့ သရုပ်မှန်က စစ်မှန်လမ်းကြောင်းမှာ ထိပ်သီးအဆင့် လျှို့ဝှက်ချက်တစ်ခုပဲ။ အမနားထောင်ချင်တာ သေချာရဲ့လား"

"ဘာ..”

ချီယွမ်၏ စကားကြောင့် ထိုအမျိုးသမီးကျင့်ကြံသူ၏ ပုံစံက ချက်ချင်းပင် လေးစားမှု အပြည့်ဖြစ်သွားခဲ့သည်။ သူမကလျှင်မြန်စွာဖြင့် တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး ရိုသေစွာ ပြောလာ၏။

"ကျွန်မရိုင်းပြသွားတာပဲ။ သခင်လေး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"

သူမသည် လင်လုံသန့်စင်နယ်မြေ၏ အပြင်အကြီးအကဲတစ်ဦး ဖြစ်သော်ငြား သန့်စင်နယ်မြေအတွင်း၌ အဆင့်မြင့်လူတစ်ဦးဖြစ်လာဖို့ လမ်းစမမြင်‌သေးပါချေ။ ကြီးမားသော လျှို့ဝှက်ချက်များကို နားထောင်ဖို့ သူမမှာ အခွင့်အရေး မရှိသေးဘူး။

ထို့အပြင် ဤကိစ္စသည် နတ်ဆိုးဂိုဏ်းနှင့် စစ်မှန်ဂိုဏ်းကြားက ကိစ္စဖြစ်သောကြောင့် ထပ်မံတူးဆွမိပါက ဆိုးရွားသော အကျိုးဆက်များ ရင်ဆိုင်ရနိုင်သည်။

ချီယွမ်က သူမ၏ အတွေးများကို သတိမထားမိစွာဖြင့် တိုက်ရိုက်ပြောလိုက်သည်။

"ဒီတစ်ခေါက် အမလုပ်ခဲ့တာတော်တယ်။ ဒါပေမယ့် နောက်တစ်ခေါက် လှုပ်ရှားမှုတွေ ရှိခဲ့ရင်တော့ အမ မပါရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် အတုအယောင်ဆန်လွန်းပြီး လူတွေသတိထားမိကုန်လိမ့်မယ်။ ဒီနေ့တခြားသူတွေကို အခွင့်အရေးရှာခိုင်းပြီး စစ်ထူယွင်ကို လွှတ်ပေးလိုက်ပါ။ သေချာပေါက် ပေါ်တင်ကြီးသွားမလုပ်နဲ့အုန်း။ အဲ့ဒီ့ကောင့်ကို ခက်ခဲမှုတွေအများကြီး ကြုံတွေ့ခဲ့ရပြီးမှ လွတ်မြောက်လာတယ်လို့ ခံစားရအောင် လုပ်ရမယ်”

ထိုသို့ဖြင့် ချီယွမ်သည် လင်လုံသန့်စင်နယ်မြေ၏ အမျိုးသမီးတပည့်များကို သရုပ်ဆောင်စကေး မြင့်တက်လာစေရန်အတွက် အစီအစဥ်ကို အသေးစိတ် ရှင်းပြပေးလိုက်သည်။

ချီယွမ်၏ ရှင်းပြမှုကြောင့် ထိုအမျိုးသမီးကျင့်ကြံသူက ခဏမျှ အံ့သြသွားခဲ့သော်ငြား တွန့်ဆုတ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပါပြီ။ ဒီကသခင်လေး ပြောတဲ့အတိုင်း လုပ်ပေးပါ့မယ်။"

ထိုသို့ဖြင့် ညဘက် ရောက်လာခဲ့သည်။

စစ်ထူယွင် တစ်ယောက် နိုးလာသည်နှင့် တဲတစ်ခုအတွင်း၌ တင်းကြပ်စွာ ချည်နှောင်ခံထားရမှန်း သတိထားမိလိုက်၏။ တဲအပြင်ဘက်တွင် လင်လုံသန့်စင်နယ်မြေ၏ အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်က စောင့်ကြပ်နေကြသည်။

ဘယ်လိုပင် ရုန်းကန်ခဲ့ပါစေ.. စစ်ထူယွင်တစ်ယောက် စိတ်ဝိညာဥ် စွမ်းအင် အနည်းငယ်သော်မျှ မထုတ်နိုင်ခဲ့ပေ။

(သွားပြီ.. အကုန်ပြီးသွားပြီ)

အခြေအနေကို သဘောပေါက်လိုက်သည်နှင့် စစ်ထူယွင်၏ မျက်နှာက ရုတ်ချည်း ဖြူဖတ်သွားပြီး စိတ်ပျက်သွားတော့သည်။

(ဒီမကောင်းတဲ့ တာအိုကျင့်ကြံသူတွေရဲ့ လက်ထဲမှာဆိုရင် ငါသေရင်တောင် ဖြောင့်ဖြောင့် သေရမှာမဟုတ်ဘူး)

ထိုသူတွေက သူ့ကိုဘာကြောင့် အသက်ရှင်လျက် ဖမ်းခဲ့မှန်း စစ်ထူယွင် နားလည်ပါသည်။

သူသည် ယင်ရှဂိုဏ်းအတွင်း၌ ရာထူးမမြင့်သော်ငြား လက်ရွေးစင် တပည့်တစ်ယောက်ဖြစ်သည့်အတွက် လုံလောက်သော သတင်းတချို့ သိရှိထားသည်။ ယင်ရှဂိုဏ်းဘက်ကလည်း လက်ရွေးစင်တပည့်ဖြစ်လာလျှင် တစ်ဖက်သူ၏ ဝိညာဥ်ရှာသိုင်းပညာမှ လွတ်မြောက်နိုင်ရန်အတွက် ခုခံသိုင်းတချို့ သင်ပြပေးကြသည်။

ထို့ကြောင့် လင်လုံသန့်စင်နယ်မြေ၏ တပည့်များက သူ့ကိုဝိညာဥ်ရှာနိုင်မှာ မဟုတ်ပေ။ သို့သော် ထိုအကြောင်းအရင်းကြောင့်ပင် သူသည် လင်လုံသန့်စင်နယ်မြေအထိ ခေါ်သွားခံရပြီး အဆင့်မြင့်အကြီးအကဲ၏ ရက်စက်သော စစ်မေးမှုများနှင့် စမ်းသပ်မှုများကို ကြုံတွေ့ရတော့မည်မှန်း ကံဆိုးစွာဖြင့် စစ်ထူယွင် သဘောပေါက်လိုက်သည်။

ရက်စက်သော အနာဂတ်ကို တွေးမိသည်နှင့် ရေခဲဂူထဲ ပြုတ်ကျသွားသည့်နှယ် စစ်ထူယွင် တစ်ယောက် ကြောက်ရွံ့မှုများ လွှမ်းခြုံသွားတော့သည်။

"ဂိုဏ်းတူအစ်မမန့် ကြည့်ရတာ အဲ့ဒီ့လူနိုးလာပြီနဲ့တူတယ်”

အထဲမှ အသံတစ်ချို့ကြားလိုက်ရသောကြောင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ခပ်တိုးတိုး မေးခွန်းထုတ်လိုက်သည်။

"ဒါဆိုရင် ညီမတို့စကြတော့မလား”

မန့်မျိုးရိုး ကျင့်ကြံသူက ခေါင်းရမ်းရင်း ခဏမျှစဉ်းစားလိုက်သည်။ ထို့နောက်မှ တည်ငြိမ်စွာ ပြောလိုက်၏။

"အလောတကြီး မလုပ်နဲ့အုန်း။ အကြီးအကဲလျန် အပြင်သွားနေသေးတယ်။ သူပြန်လာတဲ့အထိစောင့်ပြီးမှ ဆက်လုပ်ကြတာပေါ့”

(ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူ အကြီးအကဲ မရှိဘူးလား..)

ထိုသတင်းက စစ်ထူယွင်၏ စိတ်ဝိညာဉ်ထဲကို မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာစေခဲ့သည်။

စစ်ထူယွင် ခဏမျှ စဥ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ နောက်တစ်စက္ကန့်မှာပဲ အတင်းအကြပ်ရုန်းကန်ရင်း အသည်းအသန် အော်ဟစ်လေတော့သည်။

"မိန်းကလေးတို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကြိုးဖြည်ပေးလို့ရမလား။ ကျွန်တော် အပေါ့ သွားချင်တယ်"

"ပိတ်ထားစမ်း။ ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဒါလေးကို‌တောင် မထိန်းချုပ်နိုင်ဘူးလား"

မန့်မျိုးရိုး အမျိုးသမီး ကျင့်ကြံသူက မျက်နှာကို မဲ့ရွဲ့လိုက်သည်။

"ဉာဏ်နီဉာဏ်နက်တွေ သုံးမနေဖို့ ငါအကြံပေး လိုက်မယ်နော်”

စစ်ထူယွင်က ခြောက်ကပ်စွာ ပြုံးပြလိုက်ပြီး..

"တကယ်ပြောနေတာပါဗျာ.. ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင်က နည်းနည်းလေးတောင်မကျန်တော့ဘူးလေ။ ကျွန်တော်ကအခု သေမျိုးတစ်ယောက်နဲ့ ဘာမှမခြားနားတော့ဘူး။ ပြီးတော့ ကျွန်တော် အဖမ်းမခံရခင်က အခါးရည်တစ်အိုးလုံး သောက်ထားမိတယ်။ အခုတကယ်ကြီး အပေါ့သွားချင်နေလို့ပါ… ကျွန်တော့်ကို ကျေးဇူးပြုပြီး ကူညီပေးလို့မရဘူးလား"

"စောက်သုံးကို မကျဘူး"

မန့်မျိုးရိုး အမျိုးသမီး ကျင့်ကြံသူသည် မျက်ခုံးများစုကျုံ့ရင်း အေးစက်စွာပြောလိုက်၏။

"အိပ်မက်မက်နေလိုက်”

"ငါပြောမယ်။ နင်အခု အဲ့ဒီ့ထဲမှာ ပေါက်ချမယ်ဆိုရင်တောင်မှ ကြိုးဖြည်ပေးခံရဖို့ မျှော်လင့်မနေ…”

သို့သော် သူမ၏ စကားမဆုံးခင်မှာပဲ အနံ့ဆိုးတချို့ လှိုင်ထွက်နေသာ အဝါရောင် အရည်များသည် စစ်ထူယွင်၏ ဘောင်းဘီကြားမှ စီးကျလာခဲ့သည်။

"နင်...နင်တကယ်ကြီး ပေါက်ချရလား..”

ထိုအမျိုးသမီး ကျင့်ကြံသူနှစ်ယောက်လုံး စွန့်အ သွားတော့သည်။

အခြေအနေကို သဘောပေါက်သွားသည်နှင့် နီရဲနေသော မျက်နှာဖြင့် မုန့်မျိုးရိုးကျင့်ကြံသူက ဒေါသထွက်စွာ အော်ဟစ်လေတော့၏။

"ညစ်ပတ်ယုတ်မာတဲ့ကောင် တကယ်ကြီး သေးပေါက်ချတာပဲ”

သူမတို့နှစ်ယောက်လုံး၏ ပုံစံက ချက်ချင်းရှေ့တိုးကာ သင်ခန်းစာပေးချင်သော်ငြား ရွံ့ရှာ‌မှုကြောင့် တွန့်ဆုတ်နေဟန်ပင်။

(ငါတို့ရှေ့တိုးလိုက်လို့ စင်သွားရင် ဘယ်လိုလုပ်မှာလဲ)

"နတ်သမီးတို့ ခဏလေး.. အား”

ထိုအချိန်မှာပဲ စစ်ထူယွင်၏ မျက်နှာထားက ရုတ်ချည်း တောင့်တင်းသွားခဲ့ပြီး အံကြိတ်ထားသော လေသံဖြင့် ဆက်ပြောလာခဲ့သည်။

"ကြည့်ရတာ ကျွန်တော်ခုနက သောက်ခဲ့တဲ့ အခါးရည်က တစ်ခုခုမှားနေတဲ့ပုံပဲ။ ကျွန်တော်...ကျွန်တော် အလေးသွားချင်နေတယ်လို့ ခံစားနေရတယ်။ ကျွန်တော့်ကိုသာ ကြိုးဖြည်မပေးဘူးဆို ဒီနေရာမှာပဲ..."

"အာ"

အမျိုးသမီး ကျင့်ကြံသူနှစ်ယောက်လုံး သည်းမခံနိုင်တော့စွာ အချင်းချင်းအကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နောက်ဆုံးတော့ တစ်ယောက်က စကားဟလာလေ၏..

"ဂိုဏ်းတူအစ်မမန့် ဒီလူရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကိုလည်း ပိတ်သိမ်းထားပြီးပြီ၊ နတ်ဆိုးချုပ်နှောင်ကြိုး မပါရင်တောင်မှ ပြဿနာ မရှာနိုင်လောက်ပါဘူး”

“ ကြိုးဖြည်ပေးပြီး အပြင်ဘက်မှာ အရင် ဖြေရှင်းခိုင်းလိုက်ရအောင်လား၊ ဒီထဲကြီးမှာဆိုရင်….”

မန့်မျိုးရိုး ကျင့်ကြံသူက တွန့်ဆုတ်နေသော်ငြား နောက်ဆုံးမှာ ခေါင်းညိတ်လိုက်တော့သည်။

"ကောင်းပြီ။ ဒီကောင်တစ်ကယ်ကြီး ဒီထဲချီးပါချလို့ကတော့ ငါရွံလို့ သေတော့မှာပဲ။ ဖြည်ပေးလိုက် ဖြည်ပေးလိုက်။ ဒါပေမယ့်သူ့ကို အနီးကပ် စောင့်ကြည့်နေရမယ်”

…….

All Chapters