← Chapters

သစ်သားအလုပ်ရုံနှစ်လုံး

Vol. 4 Ch. 53

သစ်သားအလုပ်ရုံနှစ်လုံး

Vol. 4 Ch. 53

ကံကောင်းထောက်မစွာပင် သူတူးထားသော မြောင်းမှာ ရေတိုင်ကီနှင့် အလွန်နီးကပ်နေခဲ့သည်။

ရေတိုင်ကီကို ရေဖြည့်ပြီးနောက် ရှောင်းယီသည် သူ၏ကျွန်းကို ပြန်ကြည့်လိုက်၏။ ယခုတစ်ကြိမ် အရောင်းအဝယ်မှ ရရှိလာသော ရလဒ်ကို သူ အလွန်ကျေနပ်မိသည်။

ကျွန်း၏ ဧရိယာမှာ မူလ စတုရန်းမီတာ ၃၀၀ ကျော်မှ ယခုအခါ တိုက်ရိုက် လေးဆခန့် ကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။

“လက်ဝါးကြီးအုပ်ရတဲ့ ခံစားချက်က တကယ်ကို နေလို့ကောင်းတာပဲ။”

ရှောင်းယီ ရေရွတ်လိုက်၏။ ဆားရရှိနိုင်သော အခြားရှင်သန်ရေးကျွမ်းကျင်သူများလည်း ရှိနိုင်သော်လည်း သူ့လောက်တော့ လွယ်ကူမည်မဟုတ်ပေ။ သူတို့သည် မိမိကိုယ်တိုင်သုံးရန်ပင် မနည်းချွေတာနေရလောက်သည်။

သူသည် အသစ်ထပ်တိုးလာသော လွင်ပြင်အလွတ်ကြီးကို ကြည့်ကာ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ပြောလိုက်၏။

“သယံဇာတတွေ စိတ်ကြိုက် ပေါ်လာကြစမ်း။ ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစမ်း။”

သို့သော် နောက်တစ်စက္ကန့်မှာပင် ရှောင်းယီ ပြန်၍ စိုးရိမ်လာခဲ့ပြန်သည်။ ကျွန်းဧရိယာက ကျယ်ပြန့်လာသည်နှင့်အမျှ သူတစ်ယောက်တည်းက ထောင့်စေ့အောင် မစောင့်ကြည့်နိုင်တော့ပေ။ အကယ်၍ တစ်နေ့နေ့တွင် တစ်စုံတစ်ယောက်က သူ့ကျွန်းပေါ်သို့ တိတ်တဆိတ် တက်လာခဲ့လျှင် သူ သတိထားမိလိုက်မည်ပင် မဟုတ်ပေ။

ထို့ပြင် C အဆင့် ရွက်လှေနှစ်စီးမှာလည်း ကျွန်းပြန့်ကျယ်လာသည်နှင့်အမျှ သူ့ထံမှ ပို၍ ဝေးကွာသွားပြီဖြစ်သည်။ သူ မျက်ခြေမပြတ် ကြည့်မထားနိုင်တော့ရာ တစ်ယောက်ယောက်က လာခိုးသွားမည်လော။

ထိုသို့တွေးမိသောအခါ ရှောင်းယီသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်လိုက်မိ၏။ အခြားသူများက ကျွန်းသေးလွန်း၍ ရေနစ်မည်ကို စိုးရိမ်နေရချိန်တွင် ရှောင်းယီမှာမူ ကျွန်းကြီးလွန်း၍ စီမံခန့်ခွဲရခက်ခဲမည်ကို စိတ်ပူနေရသည်။

“ဝမ်ချိုင်”

ရှောင်းယီ လှမ်းခေါ်လိုက်သည်။

“ဝုတ် ဝုတ်”

ဝမ်ချိုင်သည် ချက်ချင်းပင် အထဲသို့ ပြေးဝင်လာ၏။

“ဒီနေ့ကစပြီး ကျွန်းတစ်ခုလုံးကို ကင်းလှည့်ဖို့ မင်းမှာ တာဝန်ရှိတယ် နားလည်လား။”

ရှောင်းယီက ကျွန်းပတ်ပတ်လည်ကို ညွှန်ပြရင်း ပြောလိုက်သည်။

“ဝုတ် ဝုတ်”

ဝမ်ချိုင်က တုံ့ပြန်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ပြေးထွက်သွားတော့သည်။ သူ၏အမိန့်ကို ခွေးလေး အမှန်တကယ် နားလည်ရဲ့လားဆိုသည်ကို သူ မသေချာသော်လည်း S အဆင့် ဝမ်ချိုင်မှာ ယုံကြည်စိတ်ချရလိမ့်မည်ဟု သူ မျှော်လင့်မိသည်။

ရှောင်းယီသည် အများသုံးချန်နယ်ကို ပြန်ကြည့်လိုက်ရာ ထုတ်လုပ်မှုပုံစံတစ်ခုက သူ၏အာရုံကို ဆွဲဆောင်သွားခဲ့၏။

“ဒါကို ဝယ်မယ့်သူဌေးကြီးတစ်ယောက်ယောက်ရှိလား။ 【သစ်သားအလုပ်ရုံ ထုတ်လုပ်မှုပုံစံ ၁။”

“ဒီလိုဟာမျိုးလည်း ရှိတာပဖြလား။ ဒါကိုတည်ဆောက်ဖို့ဆိုရင် သစ်သားတွေအများကြီး လိုမှာပဲ။”

“တကယ်ကို အများကြီးပဲ။ သစ်သား ၂၀၀၀ နဲ့ သံမှို ၅၀၀ လိုတယ်။”

“အဲဒီလောက်တောင်လား။ သစ်သားက ရဖို့လွယ်ပေမဲ့ နေ့တိုင်း သုံးနေရတာဆိုတော့ ၂၀၀၀ ပြည့်အောင် စုဖို့က မလွယ်ဘူး။”

“ဟုတ်တယ်။ သံမှို ၅၀၀ ဆိုတာကလည်း လူတိုင်းမှာ အဲဒီလောက် မရှိနိုင်ဘူး။ သူဌေးကြီးတွေလို လိုက်ဝယ်နေမှပဲရမယ်။”

“ဟုတ်တာပေါ့။ နောက်ပြီး ဒီအလုပ်ရုံက စတုရန်းမီတာ ၅၀ တောင် နေရာယူဦးမှာ။ ဘယ်သူဌေးရဲ့ ကျွန်းကမှ အဲဒီလောက် မကျယ်သေးဘူး ထင်တယ်။”

“တိလင်းထျန်းရှားကတော့ ရလောက်ပြီ။ သူက အဖွဲ့ဝင်တွေ အများကြီး စုထားတာဆိုတော့ အုတ်မြစ်ကျောက်တစ်ခုစီ ပေါင်းလိုက်ရင် အများကြီးပဲ။”

“ဟုတ်တယ်။ သူကမှ တကယ့်ကို သွေးစုပ်ဖုတ်ကောင်ပဲ။”

“နောက်ထပ် တစ်ယောက်လည်း အဲဒီလောက် ကျယ်နိုင်သေးတယ်။”

“ခုနက ဆားဖျော်ရည်ရောင်းတဲ့ သူဌေးကြီးလေ။”

“ဟုတ်သားပဲ။ ဒါပေမဲ့ သူက တစ်ဦးတည်းလား ဒါမှမဟုတ် အဖွဲ့အစည်းနဲ့လား မသိဘူး။ အဖွဲ့အစည်းဆိုရင် ကျွန်းက အရမ်းမကျယ်နိုင်ဘူး။ အကယ်၍ သူက တစ်ဦးတည်းဆိုရင်တော့ ဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ ကိစ္စပဲ။”

ထိုစကားဝိုင်းကို မြင်ပြီးနောက် ရှောင်းယီသည် ထိုပစ္စည်းပိုင်ရှင်ထံ တိုက်ရိုက်မက်ဆေ့ခ်ျ ပို့လိုက်သည်။

“မင်းရဲ့ သစ်သားအလုပ်ရုံထုတ်လုပ်မှုပုံစံကို ငါ စိတ်ဝင်စားတယ်။ ဘာနဲ့ လဲချင်လဲ။”

“အုတ်မြစ်ကျောက်၊ အစားအစာနဲ့ ရေ။”

တစ်ဖက်လူက ပြန်ဖြေလာခဲ့သည်။ ရှောင်းယီက မျက်မှောင်ကျုံ့လိုက်၏။

“အုတ်မြစ်ကျောက်တော့ မပေးနိုင်ဘူး။ အစားအစာနဲ့ ရေဆိုရင်တော့ စဉ်းစားပေးမယ်။ လဲချင်ရင် ပြောပါ။”

“လဲမယ်။ ရေ ၅၀ လီတာနဲ့ အစားအစာ ၅၀ ကီလိုဂရမ်။”

တစ်ဖက်လူက ဆိုသည်။

ဤပမာဏမှာ ရှောင်းယီအတွက် အများကြီးမဟုတ်သော်လည်း သူက ခေါင်းခါပြီး ပြောလိုက်၏။

“ရေ ၂၀ လီတာနဲ့ အစားအစာ ၁၀ ကီလိုဂရမ်ပဲ ပေးနိုင်မယ်။ လဲချင်ရင်လဲ၊ မလဲရင်လည်း နေတော့။ ငါ့ကျွန်းကလည်း ဒါကိုတည်ဆောက်ဖို့လောက်အထိ မကျယ်သေးဘူး။”

ရှောင်းယီသည် လူပါးဝကာ လှည့်ဖြားပြောလိုက်ခြင်းဖြစ်၏။ သူတို့ ဘယ်လိုထင်ထင် သူ ဂရုမစိုက်ပေ။ရှောင်းယီ၏ စကားကို ကြားသောအခါ တစ်ဖက်လူက ငြိမ်သက်သွားခဲ့သည်။

အရောင်းအဝယ် ပျက်သွားပြီဟု ရှောင်းယီ ထင်လိုက်စဉ်မှာပင် တစ်ဖက်လူက မက်ဆေ့ခ်ျ ပို့လာခဲ့သည်။

“လဲမယ်။”

“ကောင်းပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“【ရေနွေး】 ၂၀ လီတာ၊ 【ပင်လယ်ငါး】 ၁၀ ကီလိုဂရမ်: လဲလှယ်မည် -【သစ်သားအလုပ်ရုံ ထုန်လုပ်မှုပုံစံ】 ၁။”

ကံကောင်းထောက်မစွာဖြင့် ယနေ့မနက်က ငါးအကောင် ၄၀ ခန့် ချန်ထားမိခဲ့သည်။ တစ်ကောင်လျှင် ၂ ပေါင်ခန့် ရှိသဖြင့် ဤလဲလှယ်မှုအတွက် လုံလောက်ပေသည်။

တစ်ဖက်လူက အတည်ပြုလိုက်၏။

“ရရှိသောပစ္စည်း- 【သစ်သားအလုပ်ရုံ ထုတ်လုပ်မှုပုံစံ】 ၁။”

“နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်း - 【သစ်သားအလုပ်ရုံ ထုတ်လုပ်မှုပုံစံ】၂။”

“【သစ်သားအလုပ်ရုံ ထုတ်လုပ်မှုပုံစံ - သစ်သား ၂,၀၀၀၊ သံမှို ၅၀၀။】”

ရှောင်းယီသည် သူ၏ သယံဇာတများကို ကြည့်လိုက်ရာ သစ်သား မလုံလောက်ကြောင်း တွေ့လိုက်ရလေသည်။

သူသည် ဈေးကွက်ခန်းမတွင် ရေနွေးများကို တင်သွင်းကာ သစ်သားများကို ချက်ချင်း ဝယ်ယူလိုက်သည်။

“【ရေနွေး】 ၅၀ မီလီလီတာ: လဲလှယ်မည် - 【သစ်သား】 ၂၀။”

စုစုပေါင်း အစု ၁၀၀ တင်လိုက်၏။

ရှောင်းယီ စာရင်းတင်သွင်းလိုက်သည်နှင့် အများသုံးချန်နယ်တွင် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

“မြန်မြန်၊ ဈေးကွက်ခန်းမကို သွားကြတော့။ သူဌေးကြီးက ရေနွေးနဲ့ သစ်သား လဲနေတယ်။ အစု ၁၀၀ တည်း။”

လူတိုင်းတွင် သစ်သားများ ရှိနေကြသဖြင့် ချက်ချင်းပင် အစု ၁၀၀ လုံး ရောင်းကုန်သွား၏။ နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကြောင့် ရှောင်းယီ၏လက်ထဲသို့ သစ်သား ၄,၀၀၀ ရောက်ရှိလာခဲ့သည်။

“ဟာ... ဘယ်သူတွေက အဲ့လောက်တောင် လက်မြန်နေကြတာလဲ။ ကျုပ် ရေငတ်လို့ သေတော့မယ်။ တစ်စုလောက်တော့ ချန်ထားပေးကြပါဦး။”

“ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ အရောင်းအဝယ်က ပြီးသွားပြီ။”

“ဟားဟား ကျုပ်တော့ တစ်စုရလိုက်တယ်။ ဒီလိုပူပြင်းနေတဲ့အချိန်မှာ ရေနွေးအေးအေးလေး တစ်ငုံသောက်ရတာ တကယ့်ကို လန်းဆန်းသွားတာပဲ။”

ရှောင်းယီသည် သူတို့ပြောနေသည်ကို ကြည့်မနေတော့ဘဲ ဆောက်လုပ်ရေးစာမျက်နှာသို့ ကူးပြောင်းလိုက်၏။

အခုချက်ချင်း တည်ဆောက်မယ်။

သူသည် တိုက်ခန်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ မြေကွက်လပ်တွင် တစ်လုံးစီ တည်ဆောက်လိုက်သည်။ လိုအပ်သော ပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် တိုက်ခန်းထက် ပိုမြင့်သော အဆောက်အဦးနှစ်ခုသည် ဘေးတစ်ဖက်တစ်ချက်တွင် ပေါ်လာခဲ့၏။

“သစ်သားအလုပ်ရုံ - စတုရန်းမီတာ ၅၀ နေရာယူထားသည်။ ကုန်ထုတ်လုပ်သည့် စက်ရုံ သို့မဟုတ် ဂိုဒေါင်ကြီးအဖြစ် အသုံးပြုနိုင်သည်။ အနည်းဆုံး ပစ္စည်းများကို နေပူ၊ မိုးရွာဒဏ်မှ ကာကွယ်ပေးနိုင်သည်။”

“မဆိုးဘူး။”

ရှောင်းယီသည် သတိပေးချက်ကို ကြည့်ကာ ကျေနပ်စွာ ပြောလိုက်သည်။

ယခင် ဂိုဒေါင်မှာ သေးလွန်းသဖြင့် အစားအစာလောက်သာ ဝင်ဆံ့၏။ ကျောက်တုံး၊ သစ်သားပြားနှင့် ပလတ်စတစ်များမှာ ဘေးတွင် ပုံထားရပြီး သစ်သားပြားများဖြင့်သာ အပေါ်မှ အုပ်ထားရသည်။ယခုမူ စနစ်တကျ ဂိုဒေါင်ထဲတွင် ထားနိုင်ပြီဖြစ်သည်။

အလုပ်ရုံတစ်လုံးကို ကုန်ကြမ်းဂိုဒေါင်အဖြစ် သုံးပြီး နောက်တစ်လုံးကို ကုန်ထုတ်စက်ရုံအဖြစ် အသုံးပြုရပေမည်။ စက္ကူစက်၊ သားရေစက်နှင့် ကြိတ်ဆုံတို့ကို ထိုအလုပ်ရုံထဲတွင် ထားလိုက်၏။

အရာအားလုံး ပြီးဆုံးပြီးနောက် ရှောင်းယီသည် သစ်သားနှင့် ကျောက်တုံးများမှလွဲ၍ အခြားအခြေခံကုန်ကြမ်းများကို ဝယ်ယူရန် ရေနွေးအမြောက်အမြားကို ထပ်မံ တင်သွင်းလိုက်ပြန်သည်။

နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကို အလဟဿ အဖြစ်မခံနိုင်ပေ။

စာရင်းတင်သွင်းပြီးနောက် ဆုဝမ်ထံမှ မက်ဆေ့ခ်ျ ရောက်လာခဲ့သည်။

“ဒီနေ့ သေတ္တာ နှစ်လုံးပဲ ရတယ်။ အကုန်လုံး သာမန်ပစ္စည်းတွေချည်းပဲ။ ဒီတစ်ခါတော့ အုတ်မြစ်ကျောက်တွေ ပြန်မပေးနဲ့တော့။ ငါ လောလောဆယ် မလိုသေးဘူး။ နင့်ရဲ့ ကျွန်းကို အရင်တိုးချဲ့လိုက်ဦး။”

“【အုတ်မြစ်ကျောက်】 ၂၊ 【ပလတ်စတစ်】 ၁၊ 【ဖန်သား】 ၃၊... အခမဲ့လဲလှယ်မည်။”

ရှောင်းယီက “ကောင်းပြီ!” ဟု ပြန်ဖြေလိုက်၏။ ထို့နောက် လဲလှယ်မှုကို လက်ခံလိုက်သည်။

“နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - 【အုတ်မြစ်ကျောက်】 ၄၊ 【ပလတ်စတစ်】 ၂၊...။”

ထိုစဉ် ကျန်းယွင်ထျန်းသည်လည်း မက်ဆေ့ခ်ျ ပို့လာခဲ့သည်။

“လှေလေးနဲ့ဆိုတော့ သေတ္တာဆယ်ရတာ ပိုလွယ်သွားတယ်။ ဒီနေ့ သေတ္တာ လေးလုံးတောင် ရခဲ့တယ်။”

“【အုတ်မြစ်ကျောက်】 ၃၊ 【ခရမ်းချဉ်သီးမျိုးစေ့】 ၂၊ 【သစ်သား】 ၃၊... အခမဲ့ လဲလှယ်မည်။”

လဲလှယ်မှုကို လက်ခံလိုက်ပြီးနောက် နှစ်ဆရိတ်သိမ်းခြင်း အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်၏။ ရှောင်းယီသည် ပစ္စည်းများ ပြန်ပို့ပေးမည်အလုပ်တွင် ကျန်းယွင်ထျန်းက မက်ဆေ့ခ်ျ ထပ်ပို့လာခဲ့သည်။

“ငါ့ကို အုတ်မြစ်ကျောက်တစ်ခုပဲ ပြန်ပေးပါ။ မျိုးစေ့တွေလည်း မလိုဘူး။ ကျန်တဲ့ကုန်ကြမ်းတွေကို တစ်ဝက်စီခွဲမယ်။ ကျန်တာကို မင်းပဲ ယူထားလိုက်ပါ။”

“ကောင်းပြီ။”

ရှောင်းယီသည် ကျန်းယွင်ထျန်း၏ တောင်းဆိုချက်အတိုင်း ပစ္စည်းအချို့ကို ပြန်ပို့ပေးလိုက်၏။

ခရမ်းချဉ်သီးမျိုးစေ့ ၄ စေ့ ရထားသဖြင့် ရှောင်းယီသည် အပြင်သို့ ထွက်ကာ မြေကြီးထဲတွင် စိုက်ပျိုးပြီး A အဆင့်ရေသန့် အနည်းငယ် လောင်းပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် အစောပိုင်းက စိုက်ပျိုးထားသော စားကျက်မြက်များမှာ လုံးဝရင့်မှည့်နေပြီဖြစ်သည်။

“စားကျက်မြက်တွေ ရင့်မှည့်နေပြီပဲ။ နွားတွေကို လွှတ်ပေးဖို့ အချိန်တန်ပြီ။”

ရှောင်းယီက ရေရွတ်လိုက်သည်။ စနစ်ထဲတွင် သူသိမ်းထားသော နို့စားနွား ၄ ကောင် ရှိနေသေး၏။

All Chapters