← Chapters

ကျောက်ကြိတ်ဆုံ၊ နှစ်ထပ်ကွမ်းပျော်ရွှင်မှုနှင့် အခက်အခဲများ

Vol. 4 Ch. 49

ကျောက်ကြိတ်ဆုံ၊ နှစ်ထပ်ကွမ်းပျော်ရွှင်မှုနှင့် အခက်အခဲများ

Vol. 4 Ch. 49

ပင်လယ်ထဲတွင် ငါးမန်းနှင့် တိုက်ခိုက်စဉ်က သူသည် ဓားမြှောင်ဖြင့် တစ်ချက်သာ ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ခြစ်မိရုံမျှသာရှိသော ထိုဒဏ်ရာကြောင့် ငါးမန်းက ဘာကြောင့် ဒီလောက် ပြတ်ပြတ်သားသား ထွက်ပြေးသွားရသနည်း။

ဒါက နောက်ထပ် စည်းမျဉ်းတစ်ခုလား။ ပထမအပတ်မှာ တစ်ချက်ထိရင် ထွက်ပြေးတယ်။ ဒီအပတ်ကျတော့ နှစ်ချက်ထိမှ ထွက်ပြေးတာလား။

ကျန်းယွင်ထျန်း မျက်မှောင်ကျုံ့ကာ စဉ်းစားနေမိသည်။ နောက်ထပ် ဘာတွေဖြစ်လာဦးမလဲဆိုသည်ကို စောင့်ကြည့်မှသာ သူ အတည်ပြုနိုင်မည်ဖြစ်သည်။

သူသည် ထိုအတွေးကို ခါထုတ်လိုက်ပြီး ထောက်ပံ့ရေးသေတ္တာကို ဖွင့်ကြည့်ရာ အုတ်မြစ်ကျောက် ၃ ခု၊ ရေသန့်တစ်ပုလင်း၊ ပေါင်မုန့်တစ်လုံးနှင့် ထုတ်လုပ်မှုပုံစံတစ်ခုကို တွေ့လိုက်ရသည်။

【လက်လှည့် ကျောက်ကြိတ်ဆုံ ထုတ်လုပ်မှုပုံစံ】

ထိုထုတ်လုပ်မှုပုံစံကို မြင်သည်နှင့် ကျန်းယွင်ထျန်းသည် ရှောင်းယီထံသို့ တိုက်ရိုက် ပို့ပေးလိုက်၏။ သူသည် စိုက်ပျိုးမြေကိုပါ လွှဲပေးထားပြီးသားဖြစ်၍ ဤအရာကို သိမ်းထားလည်း အပိုပင်ဖြစ်သည်။

“【လက်လှည့် ကျောက်ကြိတ်ဆုံ ထုတ်လုပ်မှုပုံစံ】၁၊ 【ပေါင်မုန့်】၅၀၀ ဂရမ် - အလဲအလှယ်ပစ္စည်း မလိုပါ။”

ရှောင်းယီသည် အိပ်ရာဝင်ရန် ပြင်နေစဉ် လဲလှယ်မှု အကြောင်းကြားစာ တက်လာခြင်းဖြစ်သည်။

“မင်း အဲ့ဒီသေတ္တာကို တကယ်ပဲ ဆယ်နိုင်ခဲ့တာလား။”

“ဒါပေါ့။ ဒီဒဏ်ရာတွေကို အလကား အဖြစ်မခံနိုင်ဘူးလေ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ ငါ ပုံစံတစ်ခုကို သတိထားမိခဲ့တယ်။ သေချာတော့ မပြောတတ်သေးဘူး။”

“အို...ပြောပြပါဦး။”

ကျန်းယွင်ထျန်းသည် သူတိုက်ခိုက်ခဲ့ပုံနှင့် သူ၏ ခန့်မှန်းချက်ကို ပြောပြလိုက်၏။

“ဖြစ်နိုင်ခြေ အရမ်းများတယ်။”

ရှောင်းယီက သဘောတူလိုက်သည်။

“ဒါပေမဲ့ မင်း ဒဏ်ရာရထားတာကို ဘာလို့ ရေထဲထပ်ဆင်းရတာလဲ။”

“ငါလည်း ဒဏ်ရာရထားတဲ့ ငါးမန်းနှစ်ကောင်က ထွက်မသွားဘဲ စောင့်နေလိမ့်မယ်လို့ မထင်ထားလို့ပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ကျွင်းကျွင်းတောင် ပါလာသေးတာ။”

“သူတို့ကို မောင်းထုတ်နိုင်ခဲ့တာ တော်သေးတာပေါ့။ ကလေးပါလာတဲ့အချိန် တစ်ခုခုဖြစ်သွားရင်...”

ရှောင်းယီ သက်ပြင်းချလိုက်မိ၏။

“နောက်ဆိုရင် လှေပေါ်ကနေပဲ လှမ်းပြီး ပိုက်ပစ်ပါတော့။ ငါးမန်းပေါ်လာရင်တောင် ကမ်းခြေကို အချိန်မီ ပြန်ရောက်နိုင်သေးတယ်။”

“နားလည်ပါပြီ။ ဒီတစ်ခါက ကံဆိုးသွားလို့ပါ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ အနားယူလိုက်ပါဦး။ မင်း အနားယူဖို့ လိုတယ်။”

ရှောင်းယီက ပြောပြီး လဲလှယ်မှုကို လက်ခံလိုက်၏။

“ရရှိသောပစ္စည်း - လက်လှည့် ကျောက်ကြိတ်ဆုံ ထုတ်လုပ်မှုပုံစံ ၁၊ ပေါင်မုန့် ၅၀၀ ဂရမ်။”

ရှောင်းယီ၏ ကျွန်းပေါ်ရှိ ဂျုံများမှာ မကြာမီ ရင့်မှည့်တော့မည်ဖြစ်သည်။ ဤတစ်ခေါက် ထွက်ရှိသမျှကို ကြိတ်မည်မဟုတ်သော်လည်း စိုက်ကွင်းများကို ချဲ့ထွင်လာသည်နှင့်အမျှ ကြိတ်ဆုံမှာ မရှိမဖြစ် လိုအပ်လာပေလိမ့်မည်။

“【လက်လှည့် ကျောက်ကြိတ်ဆုံ ထုတ်လုပ်မှုပုံစံ】- ကျောက်တုံး ၃၊ သစ်သား ၁။”

“ရိုးရိုးလေးပဲ။”

သူသည် ထုတ်လုပ်ရန် နှိပ်လိုက်ပြီး ကြိတ်ဆုံကို အိမ်အပြင်ဘက်ရှိ မီးဖိုဘေးတွင် ချထားလိုက်၏။ ထို့နောက် သူသည် အပြင်ထွက်ကြည့်လိုက်သည်။

“လက်လှည့် ကျောက်ကြိတ်ဆုံ - ကောက်ပဲသီးနှံများကို လက်ဖြင့် ဂျုံမှုန့်ဖြစ်အောင် ကြိတ်နိုင်သည်။ အလုပ်လုပ်နှုန်း နှေးသော်လည်း အိမ်တွင်းသုံးရန်အတွက် အဆင်ပြေသည်။”

“ပစ္စည်းကောင်းလေးပဲ။”

သူ တီးတိုးလေး ရေရွတ်လိုက်၏။

“ဂျုံတင်မကဘူး၊ ငရုတ်သီးခြောက်တွေကိုလည်း ကြိတ်လို့ရလောက်တယ်။”

ထိုအတွေးကြောင့် သူ စိတ်လှုပ်ရှားသွားခဲ့သည်။ အိပ်ရန် အိမ်ထဲသို့ ပြန်ဝင်လာစဉ် စိမ်ထားသော စတော်ဘယ်ရီစေ့နှင့် ငရုတ်သီးမျိုးစေ့ ဇလုံများကို ကြည့်လိုက်ရာ ဇလုံနှစ်ခုထဲရှိ အစေ့ကလေးများမှာ အဖြူရောင် အစက်ကလေးများနှင့် အညှောက်ကလေးများ ထွက်နေသည်ကို တွေ့လိုက်ရလေသည်။

သူသည် ယွမ်နွန်ထံသို့ ချက်ချင်း ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်၏။

“ဘာဖြစ်လို့လဲ။”

ယွမ်နွန်သည် ပင်လယ်ငါးရရန်အတွက် ချွေးပြန်နေအောင် ပိုက်ပစ်နေဆဲဖြစ်သည်။

လူအိုကြီးတွင် ချွေးများစိုရွှဲနေသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီ မျက်တောင်ခတ်မိသွားပြီး ‌မေးလိုက်၏။

“လေ့ကျင့်ခန်း လုပ်နေတာလား။”

“ဘယ်မှာ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရှိမှာလဲ။”

ယွမ်နွန်က ခါးသီးစွာ ပြုံးလိုက်သည်။

“အများသုံးချန်နယ်မှာ တစ်ယောက်ယောက်က ပင်လယ်ငါးဖမ်းမိတယ်လို့ ပြောနေကြလို့ ငါလည်း စမ်းကြည့်နေတာ။”

“ကောင်းပါတယ်၊ လေ့ကျင့်ခန်းဖြစ်တာပေါ့။ ဒါပေမဲ့ အရမ်းတော့ အားမစိုက်ပါနဲ့ဦး။”

ရှောင်းယီက ပြောလိုက်သည်။

“ပါမောက္ခယွမ် ကြည့်ပါဦး။ ဒီဇလုံနှစ်ခုက ရွှေ့စိုက်လို့ ရပြီလား။”

သူသည် စတော်ဘယ်ရီနှင့် ငရုတ်သီး ဇလုံများကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ မြှောက်ပြလိုက်၏။ ယွမ်နွန်မှာ ကြောင်အမ်းသွားခဲ့သည်။

“ဟုတ်တယ် ရပြီ။ ဒါက A အဆင့်ရေနဲ့ စိမ်ထားတဲ့ ဇလုံတွေလား။”

“အတိအကျပဲ။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။ ယွမ်နွန်က စဉ်းစားပြီး ပြောလိုက်သည်။

“ငါတို့ သိထားသလောက်ဆိုရင် A အဆင့်ရေက သာမန်ရေ မဟုတ်ဘူး။ ခန္ဓာကိုယ်ကို သန်မာစေရုံတင်မကဘူး။ မျိုးစေ့ရှင်သန်မှုနှုန်းကိုပါ မြှင့်တင်ပေးပြီး အညှောက်ပေါက်တာကိုလည်း လျင်မြန်စေတယ်။ အခွင့်အရေးသာ ရရင် အဲ့ဒီထဲမှာ ဘာတွေပါလို့ ဒီလောက် စွမ်းနေရတာလဲဆိုတာ ငါ ဓာတ်ခွဲပြီးစမ်းသပ်ကြည့်ချင်လိုက်တာ။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။

“အပြင်မှာ တိုက်ရိုက်စိုက်ထားတဲ့ အစေ့တွေကတော့ ဘာမှ မပေါ်လာသေးဘူး။ ဒီကမ္ဘာကြီးမှာ ကြီးထွားမှုနှုန်းက အပြင်က တစ်လကို ဒီမှာ တစ်ရက်နဲ့ ညီနေတာဆိုတော့ အခုဆို ပေါက်သင့်နေပြီ။”

“ဒါဆိုရင်တော့ သာမန်ရေနဲ့ စိမ်ထားတဲ့ အစေ့တွေကိုလည်း ဒီညပဲ အအေးခန်းထဲက ထုတ်လို့ရပြီ။ တစ်ရက်အပြည့် စောင့်နေစရာ မလိုတော့ဘူး။”

ယွမ်နွန်က အကြံပေးလိုက်သည်။

“ဟုတ်ကဲ့ လုပ်လိုက်ပါ့မယ်။ ပါမောက္ခ အနားယူလိုက်ပါဦး။”

ဖုန်းချလိုက်ပြီးနောက် ရှောင်းယီသည် အညှောက်ထွက်နေသော အစေ့များကို ပျိုးသေတ္တာ၏ ထောင့်တစ်နေရာတွင် ကြဲချလိုက်ပြီး မြေကြီးခပ်ပါးပါး ဖုံးကာ အပူရစေရန် အရွက်အချို့ဖြင့် ဖုံးအုပ်ထားလိုက်သည်။

ထို့နောက် သူ တစ်ခု စဉ်းစားမိသွား၏။

အပင်မပေါက်သေးတဲ့ အတန်းတွေကို A အဆင့်ရေ လောင်းပေးလိုက်လျှင် ပြန်ရှင်လာနိုင်မလား။

စမ်းကြည့်သင့်သည်။

သူ့တွင် A အဆင့် ရေ အများကြီး ရှိနေသေးသည်။ သာမန်အပင်များအတွက်တော့ ရေဘုံဘိုင်ရေနှင့်ပင် လုံလောက်၏။ သူသည် ရေများကိုယူလာပြီး မျိုးစေ့ချထားသော အတန်းများပေါ်တွင် ဖြန်းပေးလိုက်သည်။

“အပင်ပေါက်၊မပေါက်တော့ မနက်ဖြန် ကျရင် သိရမှာပါ။”

သူက ထိုသို့ပြောရင်း လက်မှ ဖုန်များကို ခါထုတ်ကာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

အများသုံးချန်နယ်တွင် သူ၏ နေ့စဉ်လုပ်နေကျဖြစ်သော ‘လူပျောက်ကြော်ငြာ’ ကို တင်ပြီးနောက် အခြားသူများ မြင်ခဲ့သည့် သင်္ဘောကြီးအကြောင်း၊ သူ၏ ကျွန်းကြီးထွားလာမှုအကြောင်းနှင့် အန်းရန်ကို မည်သို့ရှာရမည်နည်း ဆိုသည်တို့ကို တွေးတောရင်း အိပ်ပျော်သွားခဲ့တော့သည်။

မိုးလင်းသောအခါ သူသည် စောစောထပြီး မျက်နှာသစ်ကာ ပြောလိုက်သည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“တီ နှစ်ဆဆုလာဘ် အကျိုးသက်ရောက်မှုကို စတင်လိုပ်ပါပြီ။ တစ်ရက်တာ အကျုံးဝင်သည်။”

“ရရှိသောမွေးမြူရေးတိရစ္ဆာန် - နို့စားနွား (S အဆင့်) ၂။”

“နှစ်ဆ ရိပ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော မွေးမြူရေးတိရစ္ဆာန် - နို့စားနွား (S အဆင့်) ၄။”

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်းယီ အံ့ဩသွား၏။

“နောက်တစ်ခါ နှစ်ထပ်ကွမ်း ပျော်ရွှင်မှုလား။”

သို့သော် စနစ်၏ သိုလှောင်ခန်းထဲတွင် ရှိနေသော နွားလေးကောင်ကို ကြည့်ပြီး သူ စိုးရိမ်လာခဲ့သည်။

ပထမအချက်မှာ အစားအစာဖြစ်သည်။ နွားများသည် ကြက်များထက် အစာအများကြီး ပိုစား၏။ သူ၏ ကျွန်းတွင် မြက်ခင်းအလုံအလောက် မရှိသေးပေ။

ဒုတိယအချက်မှာ နွားတင်းကုပ် မရှိခြင်းပင်။

ကိုယ့်ဘာသာ ဆောက်ရမည်လား။

ဟိုတစ်ခါ သူကိုယ်တိုင် ဆောက်ကြည့်စဉ်က သစ်သားပြား ပြိုကျခဲ့သည်ကို မှတ်မိနေသေး၏။

တတိယအချက်မှာ သူသည် တိရစ္ဆာန်ကြီးများကို တစ်ခါမှ မွေးမြူဖူးခြင်း မရှိပေ။

ဒါက သူ့ကို ဒုက္ခပေးနေတာမဟုတ်ဘူးလား။

“ပါမောက္ခယွမ်ကိုသာ ငါ့ကျွန်းပေါ်ကို ခေါ်လို့ရရင် ဘ်ူလောက်ကောင်းလိုက်မလဲ။”

သူသည် သက်ပြင်းချလိုက်ပြီး နွားများကို သိုလှောင်ခန်းထဲမှာသာ ခဏထားလိုက်သည်။ ယနေ့၏ နှစ်ထပ်ကွမ်း ဆုလာဘ်က အဖြေတစ်ခုခု ပေးနိုင်မည်ဟု မျှော်လင့်မိသည်။

ထိုမျှော်လင့်ချက်ကလေးဖြင့် သူ အပြင်ထွက်ကြည့်လိုက်ရာ အိမ်ရှေ့ရှိ မြေကြီးထဲမှ နုပျိုသော အညှောက်ကလေးများ မြေကြီးမှ တိုးထွက်လာနေသည်ကို တွေ့လိုက်ရလေသည်။

“ရှုပ်ထွေးတဲ့ ပျိုးထောင်နည်းတွေ မလိုတော့ဘူး ထင်တယ်။ A အဆင့်ရေ ရှိရုံနဲ့တင် လုံလောက်သွားပြီ။”

သူက ပြုံးလျက် ရေရွတ်လိုက်၏။

All Chapters