← Chapters

ရွေးချယ်မှု

Vol. 69 Ch. 69

ရွေးချယ်မှု

Vol. 69 Ch. 69

ယီထျန်းယွမ်သည် ကြိုတင် ခန့်မှန်းထားခဲ့သော်လည်း အခြားသော ဗဟိုချက်တစ်ခုကို အမှန်တကယ် မြင်တွေ့လိုက်ရချိန်တွင်မူ သူ၏ရင်ထဲ၌ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ အရာအားလုံးမှာ တကယ့်ကို ရူးသွပ်စရာ ကောင်းလှပေ၏။ ဂြိုဟ်တစ်ခုတည်းတွင် ဗဟိုချက် သုံးခုအထိ ရှိနေခြင်းပင် ဖြစ်၏။

သို့သော်လည်း သေသေချာချာ အာရုံခံကြည့်မှသာ ဗဟိုချက် သုံးခု ရှိနေသည်ကို သိရှိနိုင်ပေသည်။ အပြင်ဘက်မှ အာရုံခံမည်ဆိုပါက ဗဟိုချက် တစ်ခုတည်းကိုသာ သိရှိနိုင်ပြီး လှုပ်ခတ်မှုမှာလည်း အလွန်ပင် အားနည်းလှပေသည်။

ထိုစဉ်က သူသည် ဗဟိုချက်မှာ သေးငယ်လွန်းသည်ဟု ထင်မှတ်ခဲ့မိသော်လည်း ယခုကြည့်ရသည်မှာ ဗဟိုချက်က သေးငယ်နေခြင်း မဟုတ်ဘဲ ချိပ်ပိတ်ခြင်း ခံထားရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ထွက်ပေါ်လာသော လှုပ်ခတ်မှုမှာ အားနည်းနေပြီး လူများကို ဗဟိုချက်မှာ အားနည်းသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေခြင်းပင် ဖြစ်၏။

ယုံမင်နတ်ဆိုးမျိုးနွယ်စုများအတွက်မူ ဗဟိုချက် ရှိနေလျှင်ပင် လုံလောက်လှပေသည်။ ကံကောင်းသည်မှာ ၎င်းတို့သည် ဤနေရာကို တူးဆွခြင်း မပြုခဲ့ကြချေ။ မဟုတ်ပါက ဤနေရာ၏ ထူးဆန်းသော အချက်များကို ၎င်းတို့ သိရှိသွားပေလိမ့်မည်။

ဗဟိုချက် နယ်မြေ သုံးခုလုံးကို နဝမအဆင့် နတ်ဘုရားအင်းဆရာကြီးက အကာအကွယ် ပေးထားသည်ဖြစ်ရာ အောက်ဘက်ရှိ ဗဟိုချက်များမှာ သာမန်အရာများ မဟုတ်ကြောင်း ခန့်မှန်းနိုင်ပေသည်။ အကယ်၍ ယုံမင်နတ်ဆိုးမျိုးနွယ်စုများကသာ ဤအချက်ကို သိရှိသွားမည်ဆိုပါက ၎င်းတို့သည် သေချာပေါက် လူအမြောက်အများကို စေလွှတ်ကာ အကြီးအကျယ် လာရောက် ဖိနှိပ်ကြပေလိမ့်မည်။

၎င်းတို့အနေဖြင့် မဖွင့်လှစ်နိုင်လျှင်ပင် တစ်နေ့နေ့တွင် ဖွင့်လှစ်နိုင်မည့် အချိန် ရောက်ရှိလာမည်သာ ဖြစ်၏။ နဝမအဆင့် နတ်ဘုရားအင်းဆရာကြီးက အကာအကွယ် ပေးထားသောအရာမှာ သာမန်အရာ ဖြစ်နိုင်ပါသလား။

ဤသည်ကို တွေးမိသည့်အခါ ယီထျန်းယွမ်သည် ဖိအားများ ပိုမို ပြင်းထန်လာသည်ဟု ခံစားလိုက်ရသည်။

“ဒီလို ပြဿနာတွေ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး... ပြောင်းရွှေ့လို့ မရတာက ထားလိုက်ပါဦး... ဒီထက် ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေ ရှိနေတာပဲ...”

ယီထျန်းယွမ်သည် ခေါင်းခါလိုက်မိ၏။ အကယ်၍ သူ အမှန်တကယ် ထွက်ခွာလိုပါက လူအချို့ကို ခေါ်ဆောင်သွားလျှင်ပင် လုံလောက်လှပေသည်။ သူသည် တစ်ကိုယ်ကောင်းဆန်သည်ဟု ဆိုလျှင်ပင် သူ ဂရုမစိုက်ချေ။ သူ၏ ဆွေမျိုးသားချင်းများ ဤနေရာမှ ဘေးကင်းစွာ ထွက်ခွာနိုင်လျှင်ပင် လုံလောက်လှပြီ ဖြစ်ပေသည်။

သို့သော်လည်း ယခုအခါတွင်မူ သူသည် ဤနေရာကို လုံးဝ မစွန့်ခွာနိုင်တော့ကြောင်း ခံစားလိုက်ရသည်။ ဤမျှ ထူးဆန်းသော သုံးဘုံလောက၏ အတွင်းပိုင်း၌ မည်သည့် လျှို့ဝှက်ချက်များ ရှိနေမည်ကို မည်သူ သိနိုင်ပါမည်နည်း။ ဤမျှ ပြင်းထန်သော ချိတ်ပိတ်မှုများနှင့် ဗဟိုချက် သုံးခု ရှိနေခြင်းမှာ တွေးကြည့်ရုံနှင့်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

ထို့နောက် သူသည် လက်ဖြင့် အပေါ်သို့ အုပ်မိုးလိုက်ရာ ခဏချင်းမှာပင် ယခင်ကဲ့သို့ပင် သူ၏ အသိစိတ်များ ပျောက်ကွယ်သွားခဲ့ရသည်။ သူ၏ အသိစိတ်များ ပြန်လည် ရရှိလာချိန်တွင်မူ ထိုကျေးရွာလေးအတွင်း၌ ပြန်လည် ပေါ်ထွက်လာခဲ့ပြန်သည်။

“တကယ်ပဲ အတူတူပါလား...”

ယီထျန်းယွမ်သည် အိမ်လေးအတွင်းမှ ထွက်လာပြီး ရှေ့ရှိ မြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် ချက်ချင်းပင် မှင်တက်မိသွားခဲ့ရသည်။ အရာအားလုံးမှာ အတူတူပင် ဖြစ်နေပြီး အောက်ဘက်ရှိ နယ်မြေနှင့် ကွဲပြားခြင်း မရှိချေ။

အိမ်လေးမှာ ထပ်တူကျနေခြင်း မဟုတ်ဘဲ လူများအားလုံးမှာလည်း ထပ်တူကျနေခြင်း ဖြစ်ပေ၏။ ဆိုလိုသည်မှာ သုံးဘုံလောက၏ ပြန်လည်ဝင်စားရာနေရာမှာ အတူတူပင် ဖြစ်ပြီး ၎င်းတို့ သုံးခုအကြား ကွဲပြားမှု မရှိချေ။ ထို့ပြင် နယ်မြေ သုံးခုလုံး၏ ဗဟိုချက်မှာ တစ်ခုတည်းအဖြစ် ဆက်သွယ်ထားပြီး ကမ္ဘာတစ်ခုအဖြစ် တည်ဆောက်ထားခြင်းပင် ဖြစ်ပေသည်။

သူသည် အောက်ဘုံလောက၏ ဗဟိုချက်သို့ သွားရောက်ခြင်း မရှိသေးသော်လည်း ဤနေရာ နှစ်ခုကို ကြည့်ခြင်းဖြင့် ဗဟိုချက်များမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြောင်း သိရှိနိုင်ပေသည်။ ဤသို့ လုပ်ဆောင်ခဲ့သော နတ်ဘုရားအင်းဆရာကြီးမှာ သုံးဘုံလောကကို သီးခြားစီ ခွဲထုတ်ထားလိုခြင်း မဟုတ်ဘဲ တစ်ခုတည်းအဖြစ် ဆက်သွယ်ထားလိုခြင်းသာ ဖြစ်ပေလိမ့်မည်။

ဤသည်မှာ ပြဿနာ မဟုတ်သော်လည်း အကြီးမားဆုံး ပြဿနာမှာ ဤသို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်က ဘာလဲဆိုသည်ပင် ဖြစ်၏။ ကြည့်ရသည်မှာ ထိတ်လန့်စရာ ကောင်းလှသော်လည်း ရည်ရွယ်ချက်ကိုမူ သူ မသိရှိရသေးချေ။ အကယ်၍ ပြန်လည်ဝင်စားခြင်း အတွက်ဆိုလျှင်မူ ရည်ရွယ်ချက်မှာ အောင်မြင်သည်ဟု ဆိုနိုင်ပေ၏။ ယင်းမှာ အမြဲတမ်း သံသရာ လည်ပတ်နေသော ပြန်လည်ဝင်စားရာ ကမ္ဘာတစ်ခု ဖြစ်နေသောကြောင့် ဖြစ်၏။

ဤသည်မှာ ထူးခြားချက်တစ်ခု ဖြစ်နိုင်သော်လည်း သုံးဘုံလောကအပေါ် သက်ရောက်မှုမှာမူ အနည်းငယ်မျှသာ ရှိပေသည်။

“ငါ မသိသေးတဲ့ အခြေအနေတွေ ရှိနေဦးမှာလား...”

ယီထျန်းယွမ်သည် မျက်မှောင်ကြုတ်လိုက်မိ၏။ သူ၏ အဆင့်မှာ မမြင့်မားသေးသဖြင့် စစ်မှန်သော ရည်ရွယ်ချက်မှာ ဘာလဲဆိုသည်ကို သူ မသိရှိနိုင်သေးချေ။

ရည်ရွယ်ချက်ကို သိရှိလိုပါက ထိုပူဆွေးမှုကင်းရာတံတားကို ဖြတ်ကျော်ကာ တစ်ဖက်ကမ်းသို့ သွားရောက်ကြည့်မှသာ သိရှိနိုင်ပေလိမ့်မည်ဟု သူ ခံစားမိနေသည်။

လက်ရှိတွင် သူ၏ ခွန်အားမှာ မလုံလောက်သေးသဖြင့် ထိုနေရာသို့ သွားရောက်ရန် မဖြစ်နိုင်သေးသည်မှာ ထင်ရှားလှပေ၏။ အကယ်၍ သူသာ အတင်းအကျပ် သွားရောက်မည်ဆိုပါက သေချာပေါက် ထိုနေရာ၌ လမ်းပျောက်သွားပေလိမ့်မည်။

သူသည် ပတ်ဝန်းကျင်ကို တစ်ပတ် လှည့်ကြည့်ပြီးနောက် ပြန်လည် ထွက်ခွာလိုသည့် အချိန်တွင် သူ၏ နားထဲ၌ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

- အထူးတာဝန် ‘ပူဆွေးမှုကင်းရာတံတားကို ဖြတ်ကျော်နိုင်သော ကျင့်စဉ်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံပြီး အမှန်တရားကို ရှာဖွေပါ’ ကို လက်ခံရရှိသဖြင့် ဂုဏ်ယူပါသည်။ တာဝန် ပြီးဆုံးပါက အတွေ့အကြုံအမှတ် ၁ ကွီရီလီယံ၊ ဆန်းကြယ်မှတ် ၁၀ ဘီလီယံ၊ ကျွမ်းကျင်မှုမှတ် ၁၀ ဘီလီယံ နှင့် အပြစ်မှတ် ၁၀ ဘီလီယံ တို့ကို ရရှိပါမည်။

ဤအထူးတာဝန် ပေါ်ထွက်လာသည့်အခါ ယီထျန်းယွမ်မှာ များစွာ တုန်လှုပ်သွားခဲ့ရသည်။

“တကယ်ပဲ မဆိုးပါလား... တာဝန် ပြီးဆုံးသွားရင် ဒီလောက်တောင် ဆုလာဘ်တွေ အများကြီး ရမှာပဲ...”

ယီထျန်းယွမ်သည် ထိုကိန်းဂဏန်းများကို ကြည့်ကာ ထိတ်လန့်သွားခဲ့ရသော်လည်း ခဏချင်းမှာပင် ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ခေါင်းခါလျက် ဆိုလိုက်သည်။

“အတွေ့အကြုံအမှတ် များလေလေ... အခက်အခဲကလည်း ကြီးမားလေလေပဲ...”

ဤကဲ့သို့သော ကိစ္စမျိုးနှင့် သူ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း မဟုတ်ချေ။ ဆုလာဘ်မှာ ထိတ်လန့်စရာ ကောင်းလေလေ အခက်အခဲမှာလည်း ထိတ်လန့်စရာ ကောင်းလေလေပင် ဖြစ်၏။ ဆိုလိုသည်မှာ ဤပူဆွေးမှုကင်းရာတံတားကို ဖြတ်ကျော်ရန်မှာ အခက်အခဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပေလိမ့်မည်။

“ကြည့်ရတာ လောလောဆယ်တော့ သွားလို့ မရသေးဘူးပဲ... ပြန်သွားပြီးမှပဲ အစီအစဉ် ဆွဲရတော့မယ်...”

ယီထျန်းယွမ်သည် လှည့်ပြန်လာခဲ့ပြီး အိမ်လေးအတွင်းသို့ ဝင်ရောက်ကာ ခဏချင်းမှာပင် အိပ်ပျော်သွားခဲ့၏။ သူ ပြန်လည် နိုးထလာသည့်အခါ နေရာမှာ ပြောင်းလဲခြင်း မရှိဘဲ ထူထဲသော မြေလွှာကြီး၏ အပြင်ဘက်သို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူ နိုးလာပြီးနောက် ထိုနေရာ၌လည်း ခုန်ကူးခြင်းကျောက်၏ တည်နေရာတစ်ခုကို သတ်မှတ်လိုက်ပြီး တားမြစ်ချက် အစီအရင်အချို့ကို ချမှတ်ကာ ထွက်ခွာလာခဲ့သည်။ ထို့နောက် သူသည် မင်လောက၏ ဗဟိုချက် နယ်မြေသို့ ထပ်မံ သွားရောက်ခဲ့ရာ ရလဒ်မှာ ပြောင်းလဲခြင်း မရှိဘဲ ထိုပြန်လည်ဝင်စားရာနေရာသို့ပင် ရောက်ရှိသွားခဲ့ရပြန်သည်။

သူသည် အပြင်ဘက်၌လည်း ခုန်ကူးရန်နေရာကို သတ်မှတ်လိုက်ပြီးနောက် ဖုံးကွယ်ခြင်း အစီအရင်များကို ချမှတ်ကာ ဤနေရာကို ချိပ်ပိတ်လိုက်တော့သည်။

“ဒီလောက်ဆိုရင်တော့ ရပြီ...”

ယီထျန်းယွမ်သည် ခေါင်းခါလိုက်မိ၏။ ယခုတစ်ကြိမ် ရရှိခဲ့သော အကျိုးကျေးဇူးမှာ မနည်းလှချေ။ အနည်းဆုံးတော့ သုံးဘုံလောက၏ ဗဟိုချက် ပြဿနာကို သူ သိရှိခဲ့ရသည် မဟုတ်ပါလား။ သို့သော် အကြီးမားဆုံး ပြဿနာမှာ ပြောင်းရွှေ့၍ မရနိုင်ခြင်းပင် ဖြစ်ပေသည်။

ဤအချက်ကို သူ ပြောင်းလဲ၍ မရနိုင်ချေ။ သူသည် သုံးဘုံလောကကိုလည်း လုံးဝ မစွန့်ခွာလိုချေ။ လူများကို ခေါ်ဆောင်သွားရန်မှာ လွယ်ကူသော်လည်း သုံးဘုံလောကကိုမူ ပြောင်းရွှေ့၍ မရနိုင်ချေ။ အထူးသဖြင့် ထိုဝိညာဉ်များပင် ဖြစ်၏။ အကယ်၍ လူများအားလုံး ပြောင်းရွှေ့သွားမည်ဆိုပါက ထိုဝိညာဉ်များမှာ ပြန်လည်ဝင်စားနိုင်ပါဦးမည်လား။

ဤသည်ကို တွေးမိသည့်အခါ မည်သို့ ဖြစ်ပျက်လာမည်ကို သူ မသိရှိချေ။ သို့သော် လက်ရှိ အခြေအနေအရ နောက်တစ်ဆင့်တွင် ယုံမင်နတ်ဆိုးမျိုးနွယ်စုများသည် သေချာပေါက် သန်မာသော စစ်တပ်ကြီးကို စေလွှတ်လာပေလိမ့်မည်။ ထိုအချိန်တွင် သူ တောင့်ခံနိုင်မလားဆိုသည်ကို အတတ်မပြောနိုင်ပေ။

ဤသည်က သူ့ကို များစွာ ခေါင်းခဲသွားစေခဲ့၏။ အမှန်တကယ် မည်သို့ လုပ်ဆောင်သင့်သနည်း။

“ထျန်းယွမ်... ဘာတွေ တွေးနေတာလဲ...”

ရှီရွှေယွမ်သည် ထိုစဉ် လျှောက်လာပြီး သူ၏ ဘေးနားတွင် အသာအယာ ထိုင်လိုက်သည်။

ယီထျန်းယွမ်သည် သက်ပြင်းချလိုက်ပြီးနောက် သူ၏ အတွေးများကို ရှီရွှေယွမ်အား အကြမ်းဖျင်း ပြောပြလိုက်ရာ ရှီရွှေယွမ်အနေဖြင့် သူ့ကို အကြံဉာဏ် ပေးရန် စဉ်းစားလေသည်။

“ဒါက တကယ့်ကို အရေးကြီးတဲ့ ကိစ္စပဲ... သုံးဘုံလောကမှာ ဒီလို ထူးဆန်းတဲ့ နေရာ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

ရှီရွှေယွမ်သည် သူ၏ ပုခုံးပေါ်သို့ အသာအယာ မှီလိုက်ပြီး ပြုံးလျက် ဆိုသည်။

“မင်းမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပေမဲ့ တကယ်တော့ မင်းရဲ့ ရင်ထဲမှာ ရည်ရွယ်ချက် တစ်ခု ရှိနေပြီးသားပဲ မဟုတ်လား...”

ယီထျန်းယွမ်သည် မှင်တက်မိသွားပြီးနောက် သူမ၏ နှာခေါင်းလေးကို အသာအယာ ဆိတ်လိုက်ကာ ပြုံးလျက် ဆို၏။

“ကြည့်ရတာ ဘယ်အရာမှ မင်းကို ဖုံးကွယ်ထားလို့ မရပါလား... မှန်ပါတယ်... ကိုယ် စဉ်းစားပြီးသားပါ...”

သူသည် အဝေးရှိ ကောင်းကင်ယံကို မျက်လုံးများ ကျဉ်းမြောင်းကာ ကြည့်လိုက်၏။ ဤမျှ လှပသော နေရာကို မည်သို့လျှင် စွန့်လွှတ်နိုင်ပါမည်နည်း။ တစ်ဖက်လူမှာ အလွန် သန်မာနေလျှင်ပင် သူသည် အမြန်ဆုံး သန်မာလာအောင် လုပ်ဆောင်ရုံသာ ရှိတော့၏။ ထိုသို့ဆိုလျှင် အရာအားလုံးမှာ အလိုအလျောက် ပြေလည်သွားပေလိမ့်မည် မဟုတ်ပါလား။

သူသည် မိမိကိုယ်ကိုယ် တစ်ဖက်လူ၏ ခွန်အားကို သေချာပေါက် ကျော်လွန်နိုင်မည်ဟု ယုံကြည်နေ၏။ အထူးသဖြင့် မကြာမီ ရောက်ရှိလာတော့မည့် နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲပင် ဖြစ်၏။ ထိုတိုက်ပွဲကို ဖြတ်ကျော်ပြီးနောက် သူသည် ကျင့်စဉ်အဆင့်ကို များစွာ တိုးမြှင့်နိုင်ပေလိမ့်မည်။ ထိုအချိန်တွင် ကောင်းကင်သခင် အထွတ်အထိပ် အဆင့်နှင့်ပင် သူ ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

နတ်ဘုရားအရှင်နှင့်အထက် ပုဂ္ဂိုလ်များ ရောက်ရှိမလာသရွေ့ သူသည် လုံးဝ ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း အကယ်၍ နတ်ဘုရားအရှင် အမှန်တကယ် ရောက်ရှိလာမည်ဆိုပါက သူသည် လူများကို ခေါ်ဆောင်ကာ ထွက်ပြေးရန်သာ ရွေးချယ်ရပေတော့မည်။ သူ၏ လက်ထဲတွင် ခုန်ကူးခြင်းကျောက် ရှိနေသဖြင့် ထွက်ပြေးရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။

ထို့နောက် သူသည် ရှီရွှေယွမ်၏ လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး လေးနက်စွာ ဆိုလိုက်၏။

“ကိုယ် မင်းတို့ကို ကာကွယ်ပေးပါ့မယ်...”

“အင်း...”

ရှီရွှေယွမ်သည် မည်သည့်အခါမျှ သံသယ မရှိခဲ့ချေ။ အစကတည်းက ယီထျန်းယွမ်၏ ဆုံးဖြတ်ချက်အပေါ် သူမ သံသယ မရှိခဲ့ဘဲ ယီထျန်းယွမ် ဘာပဲလုပ်လုပ် သူမသည် မည်သည့်အရာကိုမျှ မေးမြန်းခြင်း မရှိဘဲ အပြည့်အဝ ထောက်ခံပေးခဲ့သည်သာ ဖြစ်၏။

အကယ်၍ ဤမျှသော ယုံကြည်မှုပင် မရှိပါက သူမသည် ယီထျန်းယွမ်၏ ဘေးနားတွင် နေထိုင်ရန် အရည်အချင်း ရှိမည်မဟုတ်ချေ။

အခန်း ၉၇၇ ပြီးပါပြီ။

All Chapters