ခွင့်လွှတ်ပါ ကျွန်းသခင်မ၊ အဲ့ဒီအမျိုးသားရဲ့ ဆွဲဆောင်မှုက အရမ်းကြီးမားလွန်းတော့ ကျွန်မတို့ မထိန်းချုပ်နိုင်ခဲ့ကြဘူး(၄)။
Vol. 36 Ch. 404
ဘုန်း...
ဤအချိန်တွင် ကျိုးစွေ့သည် သတိလက်လွတ် မဖြစ်သေးပေ။ မည်သို့ပင်ဆိုစေ ဤသူများသည် ဝိညာဉ်သန္ဓေသား မိစ္ဆာကျင့်ကြံသူသုံးဦး ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် သေဟန်ဆောင်နိုင်သော အထူးလျှို့ဝှက်ပညာရပ်များ ရှိမရှိ မည်သူ သိနိုင်ပါမည်နည်း။
သူသည် ချက်ချင်းပင် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားကို အသုံးပြုပြီး ဤဝိညာဉ်သန္ဓေသား မိစ္ဆာကျင့်ကြံသူများ၏ ဝိညာဉ်များကို ဝါးမြိုလိုက်သည်။
တစ်ခဏချင်းတွင် ဝိညာဉ်သန္ဓေသား မိစ္ဆာကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားနှင့် မှတ်ဉာဏ်များသည် 'အိပ်မက်ဝိညာဉ်ကူ'၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
များပြားလှသော ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ၏ မှတ်ဉာဏ်များသည် ပူပေါင်းများအဖြစ် ပြောင်းလဲသွားပြီး 'အိပ်မက်ဝိညာဉ်ကူ'၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြလေသည်။
"ကောင်းတယ်... တကယ် သေသွားကြပြီပဲ..."
ကျိုးစွေ့သည် 'အိပ်မက်ဝိညာဉ်ကူ'ထံမှ ပေးပို့လာသော မှတ်ဉာဏ်များစွာကို အာရုံခံမိပြီး အလွန် ကျေနပ်သွားသည်။
ထင်ရှားသည်မှာ ဤတိုက်ခိုက်မှုပြီးနောက် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မိစ္ဆာကျင့်ကြံသူသုံးဦးသည် ထပ်မံ ထွက်ပြေးနိုင်ခြင်း မရှိတော့ဘဲ သေဆုံးသွားကြပြီ ဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်စွမ်းအားများကို 'အိပ်မက်ဝိညာဉ်ကူ'က ဝါးမြိုပြီး ကိုယ်ပိုင်အဖြစ် ရယူလိုက်သည်။
ရုတ်တရက် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီး ၎င်း၏ ခန္ဓာကိုယ်တွင်းရှိ နေရာလွတ်သည် သိသိသာသာ ကျယ်ပြန့်လာကာ အိပ်မက်ကမ္ဘာစွမ်းအားသည်လည်း မြင်နိုင်သည့်နှုန်းဖြင့် တိုးပွားလာနေသည်။
"တကယ်ကြီး အကုန်လုံးကို သတ်ပစ်လိုက်တာလား..."
ဘေးနားရှိ သခင်မမက်မွန်ပွင့်သည်လည်း မျက်လုံးအဝိုင်းသားဖြင့် ကျိုးစွေ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
မျက်မြင်ကိုယ်တွေ့မဟုတ်လျှင် ဤကဲ့သို့သော အရာမျိုး ဖြစ်ပျက်လိမ့်မည်ဟု သူမ ယုံကြည်မည် မဟုတ်ပေ။
သူမရှေ့ရှိ အမျိုးသားသည် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးသာ ဖြစ်ကြောင်း သိထားရမည်။ စတုတ္ထအဆင့်အစီအရင်၏ စွမ်းအားကို အားကိုးခဲ့ရသော်လည်း၊ ရွှေအမြုတေစွမ်းအားဖြင့် ဝိညာဉ်သန္ဓေသားကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူများ ဖြစ်ကြသည်။
အကယ်၍ ဤကိစ္စသာ ပျံ့နှံ့သွားပါက ချန်လန်ပင်လယ်ဒေသကို သေချာပေါက် တုန်လှုပ်သွားစေလိမ့်မည်။
မည်သို့ပင်ဆိုစေ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူသုံးဦးသည် ဂိုဏ်းကြီးများတွင်ပင် ထိပ်တန်းအဆင့် ဖြစ်တည်မှုများ ဖြစ်ကြသည်။
ယခု သူတို့အားလုံး တစ်ပြိုင်နက် သေဆုံးသွားခဲ့ကြပြီ ဖြစ်ရာ၊ ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်စေမည်မှာ သေချာသည်။
၎င်းသည် မိစ္ဆာဂိုဏ်းကြီးသုံးခု၏ မြေငလျင်ကို ဖြစ်ပေါ်စေပြီး အင်အားအသစ်ပြန်လည်ဖွဲ့စည်းခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။
"စတုတ္ထအဆင့် အစီအရင်စွမ်းအားကို အားကိုးလိုက်ရုံသက်သက်ပါ..."
"စတုတ္ထအဆင့်အစီအရင်ကြီးသာ မရှိရင် ဒီအဆင့်ထိ လုပ်နိုင်မှာ မဟုတ်ပါဘူး..."
"ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူသုံးဦးကိုလည်း ခုခံနိုင်မှာ မဟုတ်ဘူး..."
ကျိုးစွေ့သည် ကိုယ့်ကိုယ်ကိုယ် ကောင်းစွာသိရှိသည်။ ဤသည်မှာ သူ၏ ကိုယ်ပိုင်စွမ်းအား မဟုတ်ဘဲ အစီအရင်၏ စွမ်းအားကို အားကိုးထားခြင်းသာ ဖြစ်၏။
အစီအရင်နှင့် ကင်းကွာသွားသည်နှင့်တပြိုင်နက် မူလအခြေအနေသို့ ပြန်ရောက်သွားပေလိမ့်မည်။
မှန်ပေသည်၊ သူ ကြယ်သုံးပွင့်ကျွန်းစုမှ မထွက်ခွာသရွေ့ ကျင့်ကြံသူအနည်းငယ်ကသာ သူ့ကို ဒုက္ခပေးနိုင်မည် ဖြစ်သည်။
အတိုင်းအတာတစ်ခုအထိ ပြောရလျှင် သူသည် ချန်လန်ပင်လယ်ဒေသတွင် လုံးဝ ဘေးကင်းသွားပြီဟု ဆိုနိုင်သည်။
"ဒါတောင်မှ တော်တော်လေး အထင်ကြီးစရာကောင်းနေပါပြီ..."
"ကျွန်မလည်း စတုတ္ထအဆင့် အစီအရင်ပညာရှင်တချို့ကို သိပေမယ့်... ရှင်လုပ်သလိုမျိုးတော့ မလုပ်နိုင်ကြပါဘူး..."
"စတုတ္ထအဆင့်အစီအရင်ကို အစွမ်းကုန် ထုတ်ဖော်ပြသလိုက်တာပဲ..."
သခင်မမက်မွန်ပွင့် အလွန် စိတ်လှုပ်ရှားနေသည်။
သူမသည် စတုတ္ထအဆင့် အစီအရင်ပညာရှင်များကို မတွေ့ဖူးသည်တော့ မဟုတ်ပေ။ သို့သော် အများဆုံး ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်၊ ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူများကိုသာ ယှဉ်ပြိုင်နိုင်ကြသည်။ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကို ယှဉ်ပြိုင်ရန်မူ အလှမ်းဝေးနေသေးသည်။
ကျိုးစွေ့ ဤအချက်ကို လုပ်ဆောင်နိုင်ရခြင်းမှာ သဘာဝကျကျပင် 'အစီအရင်နှလုံးသားကူ'၏ စွမ်းအားကြောင့် ဖြစ်သည်။
'အစီအရင်နှလုံးသားကူ'၏ စွမ်းအားဖြင့် စတုတ္ထအဆင့်အစီအရင်၏ စွမ်းအားကို ပြီးပြည့်စုံစွာ ထုတ်ဖော်နိုင်သည်။
အခြားသော စတုတ္ထအဆင့် အစီအရင်ပညာရှင်များမူ စွမ်းအား၏ နှစ်ဆယ်၊ သုံးဆယ်ရာခိုင်နှုန်းခန့်သာ ထုတ်ဖော်နိုင်ကြပြီး၊ ထိုပမာဏသည်ပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
ထို့ကြောင့် နှစ်ဖက်စလုံးမှ ပေါက်ကွဲထွက်ပေါ်လာသော အစီအရင်စွမ်းအားသည် အဆပေါင်းများစွာ ကွာခြားသည်။
သဘာဝကျကျပင် ကျိုးစွေ့နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
"ကောင်းပြီ... ငါတို့ အရင် ပြန်ကြရအောင်... ဒီနေရာက စကားပြောဖို့ ကောင်းတဲ့နေရာ မဟုတ်ဘူး..."
ကျိုးစွေ့သည် သခင်မမက်မွန်ပွင့်၏ ခါးသိမ်သိမ်လေးကို ဖက်လိုက်ပြီး ခန္ဓာကိုယ် ရွေ့လျားလိုက်ရာ ချက်ချင်းပင် အင်မော်တယ်ရှားတောင်ထွတ်သို့ ပြန်ရောက်သွားလေသည်။
"ဒါ... ဒါ..."
သခင်မမက်မွန်ပွင့် မျက်နှာလေး ရဲသွားပြီး သူမတစ်ကိုယ်လုံး ပူထူနေသကဲ့သို့ ခံစားလိုက်ရသည်။
ဤအမျိုးသားသည် သိပ်ကို ရဲတင်းလွန်းနေချေပြီ။ သူမ၏ ခါးကို မည်သို့ စိတ်ရှိတိုင်း ဖက်ရဲရသနည်း။
သူမသည် ထိုကဲ့သို့ ပေါ့ပျက်ပျက်နေသော အမျိုးသမီးမျိုး မဟုတ်ပေ။
အကယ်၍ သူမအပေါ် တကယ်ကောင်းချင်လျှင် သူမ၏ ဖခင်ထံ တောင်းရမ်းပြီး တင်တောင်းလက်ဆောင်များ ပေးအပ်မှသာ ရနိုင်ပေမည်။
သို့သော် သူမခန္ဓာကိုယ်မှာမူ ပျော့ခွေနေပြီး မည်သည့်အားအင်မျှ ထုတ်မရသကဲ့သို့ ခံစားနေရသည်။
ငြင်းပယ်ချင်လျှင်တောင်မှ စကားတစ်ခွန်းမှ ပြောမထွက်တော့ပေ။
"ဟမ်..."
ထိုအချိန်တွင် ကျိုးစွေ့ မျက်ခုံးပင့်လိုက်မိသည်။ သူ၏ 'ချစ်ခြင်းမေတ္တာကူ'ထံမှ သတင်းအချက်အလက်တစ်ခု ရရှိလိုက်ပြီး၊ သူနှင့် သခင်မမက်မွန်ပွင့်၏ ရင်းနှီးမှုအဆင့်သည် ပြည့်စုံသွားပုံရသည်။
အကယ်၍ သူသာ ဆန္ဒရှိပါက ဤပြိုင်ဘက်ကင်း အလှပဂေးကို အချိန်မရွေး စားသုံးနိုင်ပြီ ဖြစ်၏။
ဖြစ်နိုင်သည်မှာ သူက သူမ၏ အသက်ကို ကယ်တင်ခဲ့သောကြောင့် သူမ၏ သဘောကျမှုကို အပြည့်အဝ ရရှိသွားပြီး အလိုအလျောက် ပုံအပ်သည့် အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်နိုင်သည်။
သို့သော် သူ သေချာ စဉ်းစားပြီးနောက် လောလောဆယ် လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သခင်မမက်မွန်ပွင့်၏ မူလယင်စွမ်းအားကို ရယူခြင်းသည် အလွန်ဖြုန်းတီးရာ ရောက်သောကြောင့် ဖြစ်သည်။
သူ ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ တက်လှမ်းပြီးမှ ရယူခြင်းက ပိုကောင်းပေလိမ့်မည်။
မည်သို့ပင်ဆိုစေ သူ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းရန်မှာ သိပ်မဝေးတော့ပေ။ နှစ်အနည်းငယ်သာ လိုတော့သည်။
"ကျွန်းသခင်မ..."
ဤအချိန်တွင် ချွင်းထောင်၊ ရှထောင်၊ ချုံးထောင်နှင့် တုန်းထောင်စသည့် ရွှေအမြုတေအစေခံလေးဦးသည် ကျိုးစွေ့ပေးပို့သောသတင်းကို လက်ခံရရှိပြီးဖြစ်ကာ လျင်မြန်စွာ ပျံသန်းရောက်ရှိလာကြပြီး သခင်မမက်မွန်ပွင့်ကို ဝမ်းသာအားရ ကြည့်လိုက်ကြသည်။
(ပြင်ဆင်ချက် - ယခင်က ညီမလေးဖော်ကို အသံထွက်အတိုင်း ကြည့်ကျက်နာမည်ပေးခဲ့ပါတယ်။ နာမည်တွေက အဓိပ္ပါယ်ပါလို့ ပြန်ပြောင်းလိုပါတယ်။ ချွင်းထောင်က နွေးဦးမက်မွန်၊ ရှထောင်က နွေမက်မွန်၊ ချုံးထောင်က ဆောင်းဦးမက်မွန်၊ တုန်းထောင်က ဆောင်းမက်မွန်လို့ အဓိပ္ပါယ်ရှိပါတယ်တဲ့)
အဘယ်ကြောင့်ဆိုသော် သူတို့ ကြယ်သုံးပွင့်ကျွန်းစုသို့ ရောက်ရှိပြီးကတည်းက သခင်မမက်မွန်ပွင့်နှင့် မတွေ့ဆုံရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
ရံဖန်ရံခါ ဆက်သွယ်ရေး တံဆိပ်ပြားမှတစ်ဆင့် စကားပြောဖြစ်ကြသော်လည်း အမှန်တကယ် တွေ့ဆုံခြင်း မရှိခဲ့ပေ။
"မင်းတို့ သခင်မမက်မွန်ပွင့်ကို ဂရုစိုက်ပေးလိုက်ကြပါ..."
"ဒီနေ့ သူ ဒဏ်ရာ အတော်လေး ရထားတယ်... သေချာ အနားယူဖို့ လိုတယ်..."
ကျိုးစွေ့က မှာကြားလိုက်သည်။
"ဟုတ်ကဲ့ပါ... ကျွန်မတို့ ကျွန်းသခင်မကို သေချာပေါက် ကောင်းကောင်း ဂရုစိုက်ပါ့မယ်..."
ဤစကားကို ကြားသောအခါ ချွင်းထောင်နှင့် အခြားသူများ ချက်ချင်း စိတ်ပူသွားကြပြီး သခင်မမက်မွန်ပွင့်ကို ဝိုင်းရံကာ ဂရုတစိုက် မေးမြန်းကြသည်။
"ကောင်းပြီ... ဒါဆို သူ မင်းတို့လက်ထဲမှာပဲ ထားခဲ့လိုက်တော့မယ်..."
ဤစကားများ ပြောပြီးနောက် ကျိုးစွေ့ ခြေလှမ်းစကာ ထွက်ခွာသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ အမြန်မထွက်ခွာပါက အလိုအလျောက် ပုံအပ်နေသော သခင်မမက်မွန်ပွင့်ကို ရင်ဆိုင်ရင်း သူ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
"သေစမ်း..."
ကျိုးစွေ့ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ သခင်မမက်မွန်ပွင့် မျက်နှာတွင် မကျေနပ်သော အမူအရာ ပေါ်လာသော်လည်း ဘာမှ မတတ်နိုင်ပေ။ သူမက စတင်ပြီး ဖွင့်ပြောရမည်လော။
သူမကို ရိုက်သတ်လျှင်တောင်မှ အမျိုးသားတစ်ဦးကို စတင်ဖွင့်ပြောမည် မဟုတ်ပေ။
"ကျွန်းသခင်မ... ကျွန်မတို့နောက် လိုက်ခဲ့ပါ... ဒါက နောင်ကျရင် သခင်မ နေထိုင်ရမယ့် အခန်းပါ..."
ထိုအချိန်တွင် ချွင်းထောင်နှင့် အခြားသူများက စိတ်အားထက်သန်စွာဖြင့် သခင်မမက်မွန်ပွင့်ကို အနီးနားရှိ ဧည့်သည်အခန်းသို့ ခေါ်ဆောင်သွားပြီး ဤနေရာ၏ အခြေအနေများကို မိတ်ဆက်ပေးလိုက်ကြသည်။
"မင်းတို့လေးယောက်... အဲ့ဒီယောက်ျားကို ဘယ်အချိန်တုန်းက ပုံအပ်လိုက်ပြီး မူလယင်စွမ်းအား ဆုံးရှုံးသွားကြတာလဲ..."
အခန်းထဲသို့ ပြန်ရောက်သည်နှင့် သခင်မမက်မွန်ပွင့် ရုတ်တရက် မေးလိုက်ပြီး သူမ၏ မြေခွေးမျက်လုံးများဖြင့် ချွင်းထောင်နှင့် အခြားသူများကို ကြည့်လိုက်သည်။
သူမ၏ ပန်းလိုလှသော အစေခံလေးဦး၌ မူလယင်စွမ်းအားများ ဆုံးရှုံးသွားသည်ကို သူမ စောစီးစွာကပင် သတိထားမိသည်။
မည်သို့ပင်ဆိုစေ ဤကဲ့သို့သော ကိစ္စမျိုးကို ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးထံမှ ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
"တောင်းပန်ပါတယ် ကျွန်းသခင်မ..."
"ကျွန်မတို့ ကျွန်းသခင်မရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်မိပါတယ်..."
"အစက ကျွန်မတို့လည်း ကျွန်းသခင်မရဲ့ တာဝန်ကို ကောင်းကောင်း လုပ်ဆောင်ချင်ခဲ့ကြတာပါ..."
"ဒါပေမဲ့ ကျွန်မတို့ ခဏတာ မထိန်းချုပ်နိုင်ခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်မိသွားပါတယ်..."
ဤစကားကို ကြားသောအခါ ချွင်းထောင်၊ ရှထောင်၊ ချုံးထောင်နှင့် တုန်းထောင်တို့ ချက်ချင်း ထိတ်လန့်သွားကြပြီး ကျွန်းသခင်မ စိတ်ဆိုးသွားပြီဟု ထင်မှတ်ကာ ဒူးထောက်ချလိုက်ကြပြီး မျက်နှာများတွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့သည်။
မူလက သူတို့သည် သခင်မမက်မွန်ပွင့်၏ အသစ္စာအရှိဆုံး အစေခံများ ဖြစ်ကြသည်။
ဤအမျိုးသား၏ ဆွဲဆောင်မှုကို ရင်ဆိုင်ရသောအခါ သူတို့ လုံးဝ မထိန်းချုပ်နိုင်ဘဲ ပစ်စလတ်ခတ် ပုံအပ်မိသွားလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။
ကျွန်းသခင်မ၏ တာဝန်ကိုပင် မေ့လျော့သွားပြီး သာယာမှု၌ လုံးဝ နစ်မြုပ်သွားခဲ့ကြသည်။
"ထားလိုက်ပါတော့... မင်းတို့ အဲ့ဒီယောက်ျားအကြောင်း ငါ့ကို ပြောပြကြပါဦး..."
သခင်မမက်မွန်ပွင့်ခမျာ ဘာပြောရမှန်း မသိတော့ပေ။
ဤအမျိုးသား၏ ဆွဲဆောင်မှုသည် ကြီးမားလွန်းလှပြီး သူမ၏ သစ္စာရှိအစေခံများကိုပင် ယဉ်ပါးအောင် လုပ်ဆောင်နိုင်ကာ အလိုအလျောက် ပုံအပ်စေခဲ့နိုင်သည်။
သို့သော် သူမအနေဖြင့် ချွင်းထောင်နှင့် အခြားသူများကို အပြစ်ပြောရန် မလွယ်ကူပေ။ သူမကိုယ်တိုင်လည်း မထိန်းချုပ်နိုင်လုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလော။
"ဟုတ်ကဲ့ပါ ကျွန်းသခင်မ..."
ဤစကားကို ကြားသောအခါ ချွင်းထောင်နှင့် အခြားသူများ ချက်ချင်း ဝမ်းသာသွားကြသည်။
ကျွန်းသခင်မက သူတို့ကို ခွင့်လွှတ်လိုက်ကြောင်း သူတို့ သိလိုက်ကြပြီး၊ ဤနှစ်များအတွင်း အင်မော်တယ်ရှားဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စတင် ပြောပြကြလေတော့၏။