← Chapters

တတိယအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းခြင်း၊ ယောက်ျားက သိပ်ကိုသစ္စာရှိတဲ့သူပါ(၂)။

Vol. 36 Ch. 408

တတိယအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းခြင်း၊ ယောက်ျားက သိပ်ကိုသစ္စာရှိတဲ့သူပါ(၂)။

Vol. 36 Ch. 408

တစ်ရက်တာ ထပ်မံကုန်ဆုံးသွားခဲ့သည်။

သခင်မမက်မွန်ပွင့်သည်လည်း အင်မော်တယ်ရှားဂိုဏ်း၏ ပတ်ဝန်းကျင်ကို ရင်းနှီးလာခဲ့ပြီ ဖြစ်သည်။

သို့သော် သူမသည် သူမ၏ အစေခံမလေးများထံမှ ပိုမို အံ့သြဖွယ်ကောင်းသော သတင်းတစ်ခုကို ရရှိခဲ့သည်။

ယင်းမှာ ကျိုးစွေ့၏ ဘေးနားတွင် ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူ တစ်ဦးတည်းရှိသည် မဟုတ်ဘဲ၊ နှစ်ဦး ရှိနေခြင်းပင်။

ထိုအထဲမှ တစ်ဦးမှာ ကောင်းကင်မိစ္ဆာဂိုဏ်း၏ သူတော်စင်မ ချူတျဲယီ ဖြစ်သည်။

ချူတျဲယီနှင့် ပတ်သက်ပြီး သူမလည်း ကြားဖူးနားဝ ရှိထားသည်။

ကောင်းကင်မိစ္ဆာဂိုဏ်း ဂိုဏ်းချုပ်ချန်ဇီယွင်၏ အမွေခံတပည့်ဖြစ်ပြီး မြင့်မားသော အဆင့်အတန်းရှိကာ နောက်တက်မည့်ဂိုဏ်းချုပ်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်ဟု ဆိုကြသည်။

အထူးသဖြင့် တစ်ဖက်လူ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းသွားသည့် သတင်းသည် အဓိက ဝိညာဉ်သန္ဓေသားအင်အားစုများ၏ အထက်တန်းလွှာများကြားတွင် ပျံ့နှံ့နေခဲ့သည်။

သို့သော် ချူတျဲယီသည် ကျိုးစွေ့၏ တာအိုလက်တွဲဖော် ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရလျှင် ဤမျှ ယုတ္တိမရှိသောကိစ္စကို မည်သူ ယုံကြည်ပါမည်နည်း။

"ဒီအမျိုးသားက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သူလို့ နင်တို့ ပြောခဲ့တယ်မဟုတ်လား... ဘယ်လိုလုပ်ပြီး မိန်းမတွေ အများကြီးကို တစ်ယောက်ပြီးတစ်ယောက် ဆွဲဆောင်နေတာတုန်း..."

သခင်မမက်မွန်ပွင့် အံကြိတ်လိုက်သည်။

သူမသည် ချွင်းထောင်နှင့် အခြားသူများကို သံသယဖြင့် ကြည့်လိုက်ပြီး ချွင်းထောင်တို့ သူမကို လှည့်စားနေသလားဟု တွေးမိလိုက်သည်။

ဤသည်မှာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သူတစ်ဦး၏ အပြုအမူဟုတ်ပါ၏လော။

နေရာတကာတွင် ပရောပရည်လုပ်နေသည်မှာ နှာဘူးတစ်ယောက်နှင့် အတိအကျ တူနေသည်။

"ကျွန်းသခင်မ... ကျွန်မတို့ ပြောတာတွေ အကုန်အမှန်ပါ..."

"ယောက်ျားနဲ့ အတူနေခဲ့တဲ့ ဒီနှစ်တွေမှာ ယောက်ျားက အင်မော်တယ်ရှားတောင်ထွတ်ပေါ်မှာပဲ နေပြီး အမြဲတမ်း ကျင့်ကြံနေခဲ့တာပါ..."

"ပြောရမယ်ဆို.. မလိုအပ်ရင် အင်မော်တယ်ရှားဂိုဏ်းကနေ ထွက်ခွာလေ့ မရှိပါဘူး..."

"မမချူနဲ့ ဘယ်လိုသိကျွမ်းခဲ့လဲ ဆိုတာကိုတော့ ကျွန်မတို့ သိပ်မသိပါဘူး..."

"မတော်တဆမှုတစ်ခုကြောင့် သခင်လေးကျိုးက မမချူကို ကယ်တင်ခဲ့ဖူးပုံ ရပါတယ်..."

"ရလဒ်အနေနဲ့ မမချူက ယောက်ျားအပေါ် မှီခိုသွားပြီး... သွားရင်းလာရင်းနဲ့ နှစ်ယောက်သား အဆင်ပြေသွားကြတာပါ..."

ချွင်းထောင်က ကူရာမဲ့စွာ ပြောလိုက်သည်။

ရလဒ်ကိုကြည့်လျှင် သူမတို့၏ ယောက်ျားသည် ဇနီးမယား အများအပြားရှိသော နှာဘူးတစ်ယောက် ဖြစ်နေသော်လည်း၊ ဖြစ်စဉ်ကိုကြည့်လျှင် သူမတို့၏ ယောက်ျားသည် အလွန်သစ္စာရှိပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သူတစ်ဦး အစစ်အမှန် ဖြစ်ပေသည်။

ထိုသို့မဟုတ်ပါက ကျင့်ကြံခြင်းအဆင့်သည် ဤမျှလျင်မြန်စွာ တိုးတက်လာမည် မဟုတ်ဘဲ တိုးတက်မှုအရှိန်အဟုန် မြန်ဆန်လွန်းသည်ဟု ဆိုရပေမည်။

သူမတို့ပင်လျှင် သူမတို့ယောက်ျား၏ ကျင့်ကြံခြင်းအမြန်နှုန်းကို တိတ်တဆိတ် အံ့သြနေမိကြပြီး၊ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူများပင် ဤမျှသာရှိမည်ဟု ထင်မှတ်နေကြသည်။

"ဟုတ်ပါတယ်... တစ်ခုတည်းသော ရှင်းပြချက်က ယောက်ျားရဲ့ မေတ္တာရေးကံက အရမ်း ကောင်းလွန်းတာပါပဲ..."

"အိမ်ထဲက အိမ်ပြင် မထွက်ရင်တောင်မှ အမျိုးသမီးကျင့်ကြံသူတွေက တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတာလေ..."

"ရိုးရိုးသားသားပြောရရင် ယောက်ျားက အပြင်ထွက်သွားလာတာ မကြိုက်လို့ တော်သေးတယ်..."

"တကယ်လို့များ နေရာအနှံ့ လျှောက်သွားရတာ ကြိုက်ခဲ့ရင်... ဒီလောက် တာအိုလက်တွဲဖော် အရေအတွက်လောက်နဲ့ ပြီးမှာ မဟုတ်ဘူး..."

"တာအိုလက်တွဲဖော် ရာဂဏန်းလောက် ရှိနေရင်တောင်မှ လုံးဝ ထူးဆန်းမှာ မဟုတ်ဘူး..."

သူမတို့၏ယောက်ျား နေ့စဉ် ပြင်းပြင်းထန်ထန် ကျင့်ကြံပြီး အပြင်ထွက်ခဲသော်လည်း ဤမျှများပြားသော တာအိုလက်တွဲဖော်များ ရှိနေရခြင်းမှာ၊ မေတ္တာရေးကံ အလွန် ကောင်းမွန်လွန်းသောကြောင့် ဖြစ်သည်ဟု ရှထောင် ထင်မြင်မိသည်။

အိမ်ထဲက အိမ်ပြင် မထွက်ရင်တောင်မှ မရေမတွက်နိုင်သော အလှပဂေးများက သူတို့ဘာသာ ရောက်လာကြသည်။

"မေတ္တာရေးကံ ဟုတ်လား... အဲ့ဒါက ယုံတမ်းစကား ဆန်လွန်းမနေဘူးလား..."

ဤစကားကို ကြားသောအခါ သခင်မမက်မွန်ပွင့်လည်း တွန့်ဆုတ်သွားရသည်။

လောကကြီးတွင် အလားတူကံတရားမျိုး အမှန်တကယ် ရှိမရှိ သူမ သံသယ ဖြစ်မိသော်လည်း၊ ကျိုးစွေ့၏ အခြေအနေကို ကြည့်လျှင် ထိုကဲ့သို့သော အရာမျိုး ဖြစ်နိုင်ချေ မရှိသည်တော့ မဟုတ်ပေ။

မည်သို့ပင်ဆိုစေ လောကကြီးတွင် ထူးခြားသော ခန္ဓာကိုယ်အမျိုးမျိုး အမှန်တကယ် ရှိကြသည်။

၎င်းတို့အနက် မေတ္တာရေးကံ ပါလာသော ခန္ဓာကိုယ်မျိုး ရှိနေခြင်းမှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

"ကျွန်းသခင်မ... ဒါက တကယ်ပဲ ယုံတမ်းစကား မဟုတ်ပါဘူး..."

"ရိုးရိုးသားသား ပြောရရင် ယောက်ျားက အမျိုးသမီးကျင့်ကြံသူတွေကို အတော်လေး သဘောကျစေနိုင်ပါတယ်..."

"သူကိုယ်တိုင်က ပြိုင်ဘက်ကင်းတဲ့ ချောမောသူ ဖြစ်ပြီးတော့... ပုံမှန်အားဖြင့် စိတ်သဘောထား နူးညံ့ပြီး တခြားသူတွေကို ငြင်းပယ်လေ့ မရှိပါဘူး..."

"တကယ်လို့ ကိုယ့်ဘက်က ကပ်တွယ်လာတဲ့ အလှပဂေး အမျိုးသမီးကျင့်ကြံသူအချို့နဲ့ တွေ့ရင်... ယောက်ျားလည်း စိတ်ထိန်းနိုင်မှာ မဟုတ်ဘူး..."

"ဒါကလည်း မတတ်နိုင်တဲ့ ကိစ္စပါပဲ..."

ချုံးထောင်က အလွန် ကူရာမဲ့စွာ ပြောလိုက်သည်။

တကယ်တော့ သူမတို့ယောက်ျား၏ မေတ္တာရေးကံ အလွန် ကောင်းလွန်းသည်ကို မည်သို့ ရှင်းပြရမည်ကိုပင် မသိတော့ပေ။

သေချာသည်မှာ သူမတို့ယောက်ျား ဆွဲဆောင်မှုရှိခြင်းသည် လုံးဝ ကောင်းသောကိစ္စတစ်ခု ဖြစ်သည်။

၎င်းက သူမတို့ ယောက်ျားရွေးချယ်မှု မမှားကြောင်း ပြသနေသည်။

"အမှန်ပါပဲ... ယောက်ျားရဲ့ ဘေးနားမှာ ရွေးချယ်စရာပန်းပွင့်တွေ အများကြီး ရှိပေမယ့်... တာအိုလက်တွဲဖော် ဒီလောက်ပဲ ရှိတာပါ..."

"ယောက်ျားက အတော်လေး သစ္စာရှိပါတယ်..."

"တကယ်တော့... ကျွန်းသခင်မသာ ကျွန်မတို့ကို ယောက်ျားဆီ အတင်းအကျပ် ပို့မပေးခဲ့ရင်..."

"ကျွန်မတို့ ယောက်ျားနဲ့ ဘယ်လိုပတ်သက်မှုမှ ရှိလာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်..."

တုန်းထောင်က ခံစားချက်ပါပါ ပြောလိုက်သည်။

သူမကို သခင်မမက်မွန်ပွင့်က ကျိုးစွေ့ထံ ပေးအပ်လိုက်စဉ်က နားမလည်နိုင် ဖြစ်ခဲ့ရသော်လည်း၊ ရလဒ်ကိုကြည့်လျှင် အလွန်မှန်ကန်ပြီး သူမတို့လည်း အလွန်ပျော်ရွှင်ကာ သက်တောင့်သက်သာရှိသော မိန်းမသားတစ်ဦး၏ ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။

"ဒါက..."

ဤစကားကို ကြားသောအခါ သခင်မမက်မွန်ပွင့်ခမျာ ပြောစရာ စကားမဲ့သွားပြီး ဘာဆက်ပြောရမှန်း မသိတော့ပေ။

သူမ သဘောကျသော အမျိုးသား ဖြစ်ထိုက်သည်ဟုသာ ဆိုရပေမည်။

နှစ်အနည်းငယ်အတွင်း သူမအပေါ် သစ္စာရှိသော အစေခံများသည် မျက်စိတစ်မှိတ်အတွင်း ထိုအမျိုးသားကို ချစ်မိသွားကြသည်။

ထိုအမျိုးသားအတွက်နှင့် သူမကိုပင် ပြန်ပြောရဲနေကြသည်။

"ဒီအမျိုးသားရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့် ရောက်နေပြီလဲ..."

သခင်မမက်မွန်ပွင့်က ကျိုးစွေ့နှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုသဖြင့် မေးမြန်းလိုက်သည်။

"ယောက်ျားရဲ့ ကျင့်ကြံခြင်းက သဘာဝကျကျ အရှိန်အဟုန်နဲ့ တိုးတက်နေပြီးတော့... ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေပါပြီ..."

"ဝိညာဉ်သန္ဓေသားအဆင့်နဲ့တောင် သိပ်မဝေးတော့ပါဘူး..."

"ပိုအရေးကြီးတာက သူက ဘက်စုံတော်တဲ့ ကျင့်ကြံသူပါ... ကျင့်ကြံခြင်း အတတ်ပညာတစ်ရာကို အခြေခံအားဖြင့် တတ်မြောက်ထားပါတယ်..."

"အခု သူက စတုတ္ထအဆင့် အစီအရင်ပညာရှင်၊ စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်၊ တတိယအဆင့် အဆောင်ပညာရှင်၊ တတိယအဆင့် လက်နက်သွန်းလုပ်ပညာရှင် စသဖြင့် ဖြစ်နေပါပြီ..."

"အတိုချုပ်ပြောရရင် ယောက်ျားမတတ်တာ ဘာမှ မရှိပါဘူး..."

ချွင်းထောင်က အလွန် လေးစားအားကျစွာ ပြောလိုက်သည်။

ဤအမျိုးသားကို သူမ နားလည်လေလေ၊ ဤအမျိုးသားအပေါ် ပိုမို လေးစားလေလေ ဖြစ်သည်။

ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းလှသည်။

အကယ်၍ အနာဂတ်တွင် ချန်လန်ပင်လယ်၌ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ပေါ်ထွက်လာမည်ဆိုပါက သူမတို့၏ ယောက်ျားသည် သေချာပေါက် ထိုအထဲမှတစ်ဦး ဖြစ်ပေလိမ့်မည်။

မကြာမီ သူမတို့၏ ယောက်ျားသည် ချန်လန်ပင်လယ်၏ နံပါတ်တစ် ဖြစ်လာပေလိမ့်မည်။

ဤသည်မှာ ကြွားလုံးထုတ်ခြင်း မဟုတ်ဘဲ အမှန်တရားပင် ဖြစ်သည်။

"ဆိုလိုတာက ကြယ်သုံးပွင့်ကျွန်းစုရဲ့ စတုတ္ထအဆင့် ထိပ်တန်းအစီအရင် ရွှမ်ယင်လေးလံရေအစီအရင်က ရှေးဟောင်းခေတ်က ကျန်ရစ်ခဲ့တဲ့ အစီအရင် မဟုတ်ဘဲ... ဒီအမျိုးသားကိုယ်တိုင် တပ်ဆင်ခဲ့တာပေါ့..."

ဤစကားကို ကြားသောအခါ သခင်မမက်မွန်ပွင့် အလွန် အံ့သြသွားရသည်။

ယခင်က ဝူကျိမဟာမိတ်အဖွဲ့မှ ဝိညာဉ်သန္ဓေသားကျင့်ကြံသူ အများအပြားသည် ထိုစတုတ္ထအဆင့် အစီအရင်သည် ကုယုံဂိုဏ်းမှ ကျန်ရစ်ခဲ့သော ရှေးဟောင်းအစီအရင် ဖြစ်နိုင်ကြောင်းနှင့် အင်မော်တယ်ရှားမြို့တော်က ကံကောင်းထောက်မစွာ တွေ့ရှိပြီး အသုံးပြုနေခြင်းဖြစ်ကြောင်း ခန့်မှန်းခဲ့ကြသည်။

သို့သော် ယခုကြည့်လိုက်လျှင် လောကကြီး၌ ဤမျှ တိုက်ဆိုင်သော ကိစ္စမျိုး မရှိနိုင်ပေ။

ဤစတုတ္ထအဆင့် အစီအရင်ကို ကျိုးစွေ့တစ်ဦးတည်းက တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်သာ ကြယ်သုံးပွင့်ကျွန်းစုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရိုးရိုးသားသားပြောရလျှင် ဤအချက်က သူမကို တုန်လှုပ်သွားစေသည်။

ဤအမျိုးသား၏ ကျင့်ကြံခြင်းသည် မည်သည့်အဆင့်ထိ ရောက်ရှိနေပြီနည်း။

"ဟုတ်ပါတယ်... ယောက်ျားကိုယ်တိုင် စီစဉ်ခဲ့တာပါ..."

"ဒါကြောင့် ယောက်ျားက ဒီအစီအရင်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်တာပေါ့..."

"ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်နဲ့ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေကို ယှဉ်ပြိုင်နိုင်တာ..."

"ယောက်ျားက ရှေးယခင်ကနေ ယနေ့အထိ အစွမ်းအထက်ဆုံး အစီအရင်ပညာရှင်တွေထဲက တစ်ယောက်ဖြစ်မယ်လို့ ကျွန်မ ထင်တယ်..."

ရှထောင်၏ လှပသော မျက်လုံးများတွင် လေးစားအားကျသော အရိပ်အယောင်များ ပေါ်လာပြီး ဆွဲဆောင်မှု ရှိနေချေသည်။

အမျိုးသမီးတစ်ဦးအနေဖြင့် အားကိုးရသူကို သဘာဝကျကျ လေးစားအားကျတတ်သည်။

အထူးသဖြင့် ကျင့်ကြံခြင်းလောကတွင် အင်အားကြီးမားမှုသည် အဆုံးအဖြတ်ပေးသော အကြောင်းရင်း ဖြစ်သည်။

ဤစွမ်းအားသည် လုံခြုံမှုကို ပေးစွမ်းနိုင်ရုံသာမက ချမ်းသာကြွယ်ဝမှု၊ အာဏာနှင့် သက်တမ်းတို့ကိုလည်း ယူဆောင်လာပေးသည်။

အင်အားနှင့် ဗဟုသုတသည် အရာအားလုံးကို ကိုယ်စားပြုသည် မဟုတ်ပါလော။

All Chapters