အခန်း (၁၂၃၇-၁၂၃၉)
Vol. 83 Ch. 1237-1239
အခန်း ၁၂၃၇: စိတ်ကူးအစွမ်း! လက်ဖက်ခြောက်သူခိုး! ၃
"အင်း!''
ချင်လင်ကအမှတ်တမဲ့ မနေ့ညက ရုံးပတီသီး၊ဟိုင်ကွားနှင့်ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုတွေးမိသည်။
သုံးခုပေါင်းလိုက်ရင် အရမ်းအစွမ်းမထက်ဘူးလား?
အစ်ကိုလီက ဆေးရုံမှာတဲ့!
ဒါမှမဟုတ် အစ်ကိုလီကအားနည်းလွန်းလို့ ပြန်မထနိုင်တာလား?
ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အစ်ကိုလီက သူ့ခါးကိုကိုင်ကိုင်နေတတ်သည်။
အသက်ငယ်တာကောင်းသည်ဟု သူချက်ချင်းတွေးမိသည်။
ထို့နောက်_
ချင်လင်က သူ့ရုံးခန်းထဲပြန်လာပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ကာ နေ့စဉ်တာဝန်များအပြီးသတ်သည်။
ထို့နောက် ဖုန်းထုတ်ပြီးသတင်းများကြည့်သည်။
ဟွရှင်းလေအေးပေးစက်က နာမည်ကြီးနေဆဲ။
ဒီတစ်ခါ သူတို့ပစ်မှတ်ထားတာလုံးဝအောင်မြင်သွားပြီ။
ဒီလိုဆက်သွားရင် ဟွရှင်းက Meide နှင့် Gri ကိုကျော်ပြီး လေအေးပေးစက်လုပ်ငန်းမှာထိပ်တန်းဖြစ်တော့မည်။
ထို့အပြင် ဆန်မျိုးအသစ်သတင်းနှင့်သုံးရောင်စပ်ဖရဲသီးလည်း နာမည်ကြီးနေဆဲပင်။
သတင်းအားလုံး ချင်းလင်စံအိမ်နှင့်ဆက်စပ်နေသည်ဟုဆိုရမည်။
ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် သတင်းတစ်ပုဒ်ကိုသူစိတ်ဝင်စားမိသည်။
ရေပန်းစားနေသောဗီဒီယိုဖြစ်သည်:
'အသစ်ထွက်လာသောကမ္ဘာ့လက်ဖက်ရောင်းအားအဆင့်သတ်မှတ်ချက်။ ကျွန်ုပ်တို့နိုးထသင့်ပြီ။ တကယ့်အခြေအနေပါ။'
ခေါင်းစဉ်ဖတ်ပြီး ချင်လင်စိတ်ဝင်စားသွားသည်။
သူလက်ဖက်မကြိုက်သော်လည်း သူ့မှာလက်ဖက်ကောင်းရှိသည်။ ကင်ဆာတောင်ကုနိုင်သောလက်ဖက်မျိုးပင်။
နောက်ပြီး လက်ဖက်က တရုတ်ယဉ်ကျေးမှုအမွေခံတစ်ခုအမြဲဖြစ်ခဲ့သည်။ ထို့အပြင် သမိုင်းအစဉ်အလာမြင့်မားသည်။
သူတို့သာကမ္ဘာမှာဒုတိယလို့ကြေညာလိုက်ရင် ပထမနေရာကိုယူရဲသူမရှိဟုတောင်ဆိုနိုင်သည်။
သို့ရာတွင် ဗီဒီယိုဖွင့်ကြည့်လိုက်သောအခါ ဗီဒီယိုပါအကြောင်းအရာကြောင့် သူ့အထင်လုံးလုံးလွဲသွားသည်။
"တကယ်တော့ လက်ရှိနံပါတ်တစ်လက်ဖက်ထုတ်လုပ်ရေးဆိုတာကလွဲပြီး တခြားရှုထောင့်တွေမှာ ကျွန်တော်တို့က သူများနိုင်ငံတွေလောက်မကောင်းပါဘူး''
"စိတ်မကောင်းပါဘူးဗျာ.. ကျွန်တော်တို့နိုင်ငံဟာ လက်ဖက်ပေါတဲ့နိုင်ငံ.. လက်ဖက်က ကျွန်တော်တို့ရိုးရာလို့အားလုံးထင်ကြမှာပါ... စိတ်မကောင်းစွာနဲ့ပဲ ရက်စက်တဲ့အမှန်တရားတစ်ခုပြောပြရပါဦးမယ်''
"ကျွန်တော်တို့က လက်ဖက်ထုတ်လုပ်ရေးမှာနံပါတ်တစ်ဆိုပေမဲ့ ထိပ်တန်းလက်ဖက်နိုင်ငံအဆင့်ထဲမဝင်ပါဘူး... လက်ဖက်ရောင်းအားမှာလည်း အဆင့် ၅ ပဲရှိပါတယ်!''
"တနည်းပြောရရင် ကျွန်တော်တို့ရိုးရာအမွေခံကိုကိုယ်စားပြုတဲ့လက်ဖက်က သူများကိုရှုံးနေပါပြီ''
"အရမ်းဝမ်းနည်းစရာကောင်းတဲ့ကိစ္စပါ... နိုင်ငံ့သမိုင်းကြောင်းကြောင့်ဖြစ်လာတဲ့ကိစ္စလည်းဖြစ်ပါတယ်''
"၁၈၄၈ မှာ အင်္ဂလန်တွေက လက်ဖက်ရဲ့ကောင်းကျိုးကိုသိပြီးတော့ တော်ဝင်ဥယျာဉ်မှူး Robert ကိုလက်ဖက်ခိုးဖို့လွှတ်လိုက်တယ်''
"၁၈၄၈ မေလမှာ Robert ရှန်ဟိုင်းရောက်လာတယ်... ကုတ်အင်္ကျီဝတ် ခေါင်းတုံးတုံးပြီးတော့ ကျစ်ဆံမြီးအတုတောင်တပ်ခဲ့တယ်... တရုတ်စကားနည်းနည်းသင်တယ်... လက်ဖက်ကုန်သည်ဝမ်မိုနောက်လိုက်ပြီး ပိုင်ကုန်းတောင်ကလက်ဖက်ဥယျာဉ်ထဲရောက်သွားတယ်... လက်ဖက်လုပ်နည်းကိုအကြာကြီးသင်ယူခဲ့ပြီးတော့ လက်ဖက်မျိုးနဲ့ပျိုးပင်တွေအများကြီးဝယ်တယ်''
"နှစ် ၂၀ ကျော်ကြာပြီးနောက်မှာ ဒါဂျီလင်လက်ဖက်ကိုစိုက်ပြီး သူတို့ကိုယ်ပိုင်လက်ဖက်ရှိလာတယ်... ပြည်တွင်းလက်ဖက်ကိုလည်း ဘေးဖြစ်စေတဲ့ပစ္စည်းတွေပါတဲ့အကြောင်း အဆိပ်တောင်ပါကြောင်းပြောပြီး နာမည်ဖျက်ခဲ့တယ်... ဒီနည်းနဲ့ ပြည်တွင်းလက်ဖက်စျေးကွက်ကိုထိုးဖောက်လာတာပဲ''
"အဲဒီအတောအတွင်း အင်္ဂလန်အပြင် အိန္ဒိယ ဗီယက်နမ် ရွှမ်ကျီလိုတခြားနိုင်ငံတွေကလည်း လက်ဖက်ယူဖို့စိတ်ကူးရလာတယ်... သူတို့ကလည်းလက်ဖက်ခိုးပြီး သူတို့ကိုယ်ပိုင်လက်ဖက်မျိုးစိတ်ထုတ်ကြတယ်''
သတင်းဗီဒီယိုကြည့်ပြီး ချင်လင်နည်းနည်းအံ့ဩသွားသည်။
လက်ဖက်မှာ ဒီလိုသမိုင်းကြောင်းမျိုးရှိပြီး လက်ရှိဒီလိုအခြေအနေမျိုးရောက်နေမည်ဟုမထင်မိ။
အရင်က လက်ဖက်ကိုတရုတ်၏ဝိသေသဟုထင်ခဲ့သော်လည်း သူဇဝေဇဝါဖြစ်သွားသည်။
တရုတ်မှာ သူလိုလူတွေအများကြီးရှိလိမ့်မည်။
ထို့ကြောင့် သူမျက်မှောင်ကြုတ်ပြီး မျက်နှာထားနည်းနည်းတင်းသွားသည်။
ဒီလိုအခြေအနေဖြစ်လာခြင်းမှာ ကျွန်ုပ်တို့သတိမထားမိဘဲ ကိုယ့်ကိုယ်ကိုယ်အစအဆုံးလှည့်စားနေခြင်းကြောင့်သာ။
လက်ဖက်လုပ်ငန်းက အမှန်ပင်နက်နဲပြီး အကြောင်းရင်း၊သက်ရောက်မှုများစွာရှိသည်။
လူတွေက ကျန်းမာရေးလက်ဖက်ခြောက်ကိုလိုချင်ကြသော်လည်း ကျန်းမာရေးနှင့်ညီသောလက်ဖက်လုပ်ငန်းကိုလွတ်လမ်းမပေးချင်ခဲ့ကြ။ ဒီအချက်က လက်ဖက်လုပ်ငန်းဖွံ့ဖြိုးရေးတွင် အကြီးမားဆုံးအဖျက်ဖြစ်သည်။
ဒါကြောင့်လည်း လက်ဖက်သူခိုးတွေစိတ်တိုင်းကျ အခွင့်အရေးရသွားခြင်းဖြစ်မည်။
ရုတ်တရက် ချင်လင်ဖုန်းမြည်လာသည်။
ဝန်ကြီးလုပင်။
သူအမြန်ကိုင်လိုက်သည်။
ဝန်ကြီးလု၏အသံဩဩကိုကြားရသည်_
"သူဌေးချင်.. ဒီနေ့သတင်းကြည့်ပြီးပြီလား? လက်ဖက်ခြောက်အကြောင်းလေ''
"ကြည့်ပြီးပါပြီ.. လက်ဖက်ခြောက်က ဒီလောက်ရှုပ်ထွေးမယ်မထင်မိဘူး''
ချင်လင် ခေါင်းညိမ့်လိုက်သည်။
ဝန်ကြီးလုကသက်ပြင်းချပြီး_
"အဲဒီနိုင်ငံတွေက လက်ဖက်ရသွားပြီးတော့ ပြည်တွင်းလက်ဖက်လုပ်ငန်းကိုလုံးဝဖယ်ထုတ်ချင်နေတာ... ပြည်တွင်းလက်ဖက်ကုမ္ပဏီတွေနဲ့လုပ်ငန်းတွေအတော်များများကို အဲဒီနိုင်ငံကအရင်းရှင်တွေထိန်းချုပ်ထားပြီ''
"ကမ္ဘာ့တန်ဖိုးကြီးလက်ဖက်ကြေညာတဲ့အခါကျရင် သူတို့ကနိုင်ငံတကာလက်ဖက်ရိုးရာပွဲကျင်းပပြီး တကယ့်လက်ဖက်အမွေခံစစ်စစ်ဖြစ်တဲ့ငါတို့ကိုဖယ်ထားမယ်လို့တောင်သတင်းရတယ်... အခုအဲဒီနည်းနဲ့ ငါတို့လက်ဖက်ရိုးရာကိုဖျက်စီးဖို့လုပ်နေကြတာ''
"သူဌေးချင်.. မင်းဒီတစ်ခါ တစ်ခုခုလုပ်ရတော့မယ်ထင်တယ်... သူတို့ကို ဒီလက်ဖက်ရိုးရာပွဲလုပ်ခွင့်ပေးလို့မဖြစ်ဘူး... ဒီပွဲလုပ်တာ မျက်နှာပြောင်လွန်းတယ်''
အခန်း ၁၂၃၈: ကင်ဆာနောက်ဆုံးအဆင့်! လက်ဖက်ကောင်း!
"နားလည်ပါပြီ ဝန်ကြီးလု''
ဝန်ကြီးလုပြောတာ ချင်လင်သဘောပေါက်သည်။
လက်ဖက်သူခိုးတွေ ဒီလက်ဖက်ရိုးရာပွဲလုပ်တာ မျက်နှာမပြောင်လွန်းဘူးလား?
အဲဒီနိုင်ငံကလက်ဖက်ကုန်သည်တွေ သူတို့လက်ဖက်ကိုနာမည်ဖျက်တဲ့နေရာမှာတော်တယ်လား? အဲဒါအပြင် သူတို့ဘာတတ်နိုင်လဲ?
ဘာပဲဖြစ်ဖြစ် နာမည်ဖျက်လိုကဖျက်။ ရှေ့လျှောက် ဒီကလက်ဖက်မှာ ကင်ဆာကုနိုင်စွမ်းရှိပြီ။
ဒီလက်ဖက်က ကင်ဆာကိုကာကွယ်နိုင်၊ကုသနိုင်တယ်ထင်လား?
သောက်ချင်လား?
သောက်ခွင့်ရှိမရှိက ဒီကပေးမပေးအပေါ်မူတည်နေပြီ။
အထူးသဖြင့် လက်ဖက်သူခိုးတွေပေါ့။
ချင်လင်ဖုန်းချပြီးမကြာမီ ယွမ်ရှန်ရောက်လာပြီး_
"သူဌေးချင်.. ဒါဝန်ကြီးလုပေးခိုင်းတဲ့လက်တွေ့စမ်းသပ်ချက်နဲ့အချက်အလက်တွေ''
ချင်လင် သဘောပေါက်သည်။ လက်တွေ့စမ်းသပ်ချက်ကြောင့် လူထုပိုပြီးယုံကြည်စိတ်ချသွားမည်။
"တော်ဝင်ပညာရှင်ယွမ်.. ဒါလက်တွေ့ပျောက်ကင်းတဲ့လူနာတွေလား?''
ချင်လင်လည်း စူးစမ်းလိုက်သည်။
လက်တွေ့စမ်းသပ်ချက်ကို သူသိပ်အာရုံမထားခဲ့။
မျိုးပြောင်းလက်ဖက်၏ကင်ဆာကာကွယ်နိုင်သောအရည်အသွေး +၂ က လူနာများကိုကုနိုင်ကြောင်း သူသိသောကြောင့်ပင်။ အချိန်ကစကားပြောလိမ့်မည်။
"လုံးဝပြန်ကောင်းသွားပြီ''
ယွမ်ရှန်ကရှင်းပြသည်_
"နှစ်ရက်အတွင်း နောက်ဆုံးစမ်းသပ်ချက်ကိုကြည့်ရုံပဲ''
ချင်လင်: “အင်း!”
မြန်မြန်ဆန်ဆန် နှစ်ရက်ကုန်လွန်သွားသည်။
ရုံချန်းစီရင်စုဆေးရုံသီးသန့်နေရာတွင် အသည်းအသန်လုပ်နေကြသည်။
အထူးသဖြင့် ဒါရိုက်တာနှင့်လက်ထောက်ဒါရိုက်တာကိုယ်တိုင် မနက်အစောကြီး သီးသန့်နေရာသို့ခပ်သုတ်သုတ်ရောက်လာပြီး သွေးထုတ်ကာစမ်းသပ်ရန်ပို့ကြသည်။
သူတို့နှစ်ဦး ဒီလိုဖြစ်လည်းဖြစ်လောက်စရာ။
ယွမ်ရှန်၏လက်တွေ့စမ်းသပ်ချက်အဓိပ္ပါယ်ကို သူတို့အားလုံးသိသည်။
ထို့ကြောင့် ကင်ဆာလူနာ ၅ ယောက်၏စမ်းသပ်မှုတိုင်းကိုအာရုံစိုက်ပြီး တစ်ဆင့်ချင်းကောင်းလာသည်ကိုစောင့်ကြည့်သည်။
ဒါနောက်ဆုံးစမ်းသပ်ချက်ဖြစ်မည်။
အချက်အလက်ပုံမှန်ဖြစ်ရင် ၅ ယောက်လုံးပျောက်ကင်းသည့်သဘောဖြစ်သည်။
ထို ၅ ယောက်လုံး ကင်ဆာနောက်ဆုံးအဆင့်လူနာများပင်။
နှစ်ယောက်လုံး ဒီသဘောကိုနားလည်သည်။ လက်တွေ့စမ်းသပ်သောနေရာဖြစ်၍ ရုံချန်းဆေးရုံအတွက်အကျိုးအမြတ်များစွာရှိသည်။ သူတို့ဒါရိုက်တာနှင့်လက်ထောက်ဒါရိုက်တာမှတ်တမ်းအတွက်တောင်အကျိုးရှိသည်။
လက်တွေ့စမ်းသပ်သောနေရာတွင် ယွမ်ရှန်အစောကြီးရောက်နေသည်။
ရုံချန်းမှာနေရခြင်းက ဒီအတွက်တာဝန်ခံရန်ဖြစ်သည်။
ဒီနေ့လူနာ ၅ ယောက်ရလဒ်ကို သူလည်းမျှော်နေသည်။
ဒီလူနာ ၅ ယောက်ကိုကုနိုင်ရင် လက်တွေ့စမ်းသပ်ချက်လုံးဝအောင်မြင်ပြီ။ အဲဒီကျရင် သူဌေးချင်ရဲ့မျိုးပြောင်းလက်ဖက်ပင်နှစ်ပင်တန်ဖိုးကို တွက်ဆမရနိုင်တော့။
ကုသခံရသောကျောက်ချွန်းဟယ်တို့လူနာ ၅ ယောက်လည်း မျှော်နေသည်။
ကျောက်ချွန်းဟယ်မှာ လက်ရှိသူ့ခံစားချက်ကိုဖော်မပြနိုင်အောင်ပင်။ ကင်ဆာနောက်ဆုံးအဆင့်ဟုသိရစဉ်က အိမ်ကမတတ်နိုင်သောကြောင့် သေဖို့သာစောင့်နေခဲ့သည်။
ရုတ်တရက်ကြီး သူ့အိမ်ကိုတံခါးလာခေါက်ပြီး ကင်ဆာကုသမည့်လက်တွေ့စမ်းသပ်ချက်တွင်ဝင်ပါရန်လာခေါ်မည်ဟုမထင်မိ။ လျှို့ဝှက်သဘောတူညီချက်တောင် လက်မှတ်ထိုးခိုင်းသည်။
သေဖို့ထိုင်စောင့်နေသူက ဒါမျိုးကြုံလာ၍ နောက်ဆုံးကောက်ရိုးဖြစ်ဖြစ်ဆွဲမည်ဟုစိတ်ဆုံးဖြတ်ကာဝင်ပါခဲ့သည်။
အစပိုင်း ရုံချန်းဆေးရုံအပို့ခံရစဉ်က လှည့်စားခံရသည်ထင်ပြီးစိတ်ပျက်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် ရုံချန်းဆေးရုံက စီရင်စုဆေးရုံသေးသေးလေး။ တတိယအဆင့် A ဆေးရုံတောင်မဟုတ်ဘဲ ကင်ဆာဘယ်လိုလုပ်ကုနိုင်မှာလဲ?
အဲဒီနောက် သူနာပြုပေးသောဆေးကြောင့် ပိုသေချာသွားသည်။ ဆေးက လက်ဖက်ရည်ဖြစ်နေသောကြောင့် ဒီလက်တွေ့စမ်းသပ်ချက်ဆိုတာ အဓိပ္ပါယ်မရှိဟုထင်မိသည်။
သူ့တစ်ဘဝလုံး လက်ဖက်ရည်သောက်ပြီးကြီးလာတာ။
လက်ဖက်ရည်သောက်ပြီး ကင်ဆာနောက်ဆုံးအဆင့်ကုနိုင်မှာလား? အိမ်မှာနေပြီးသေဖို့ပဲစောင့်နေသင့်တာ။ အိမ်မှာသေဖို့စောင့်နေတော့ရော?
သို့သော် မကြာမီ လက်ဖက်ကသူ့အထင်နှင့်လွဲနေသောကြောင့် အံ့ဩမိသည်။
လက်ဖက်ရည်သောက်ပြီး သူနေသာထိုင်သာရှိလာသောကြောင့်ပင်။
ပထမဆုံးအကြိမ်သောက်တာတောင် ကင်ဆာနောက်ဆုံးအဆင့်မှာခံစားရသောဝေဒနာများ ပေါ်မလာတော့။
နောက်ရက်များတွင် လက်ဖက်ရည်သောက်ရင်း ကြာလေသက်သာလေဖြစ်လာသည်။
နောက်ဆုံး ပထမအကြိမ်စမ်းသပ်ကြည့်ရာ ကင်ဆာအရေအတွက်များကျပြီး တိုးတက်လာကြောင်းသိရသည်။
အဲဒီအချိန်က သူ့ခံစားချက်ကိုပြောမပြနိုင်။
ပထမအချက်၊ သူသက်သာသည်။ ဒီလက်တွေ့စမ်းသပ်ချက်က သူ့ကင်ဆာနောက်ဆုံးအဆင့်ကိုတကယ်ကုနိုင်သည်။
ဒုတိယအချက်၊ လက်ဖက်က တကယ်အာနိသင်ရှိသောကြောင့် အံ့ဩရသည်။ သူတို့ကိုယ်တွေ့မဟုတ်ရင် လက်ဖက်ကကင်ဆာကုနိုင်မယ်လို့ဘယ်ယုံမလဲ?
နောက်ဆုံး ဒီလက်ဖက်ကိုချင်းလင်ကုမ္ပဏီကပျိုးထောင်သည်ဟုသိလိုက်ရသည်။ သူအကြောင်းရင်းသိသွားပြီ။
ရုံချန်းသားတစ်ယောက်ဖြစ်၍ ချင်းလင်ကုမ္ပဏီအကြောင်းသူသိသည်။
ဒီအံ့ဖွယ်ကုမ္ပဏီက ရုံချန်းသားတွေကိုချမ်းသာစေရုံသာမက အံ့ဖွယ်ထုတ်ကုန်များလည်း အကြိမ်ကြိမ်ထွက်သည်။
တခြားကုမ္ပဏီနှင့်ယှဉ်လျှင် ချင်းလင်ကုမ္ပဏီ၏ကင်ဆာကုနိုင်သောလက်ဖက်ကို လက်သင့်ခံနိုင်သည်။
အဲဒီနောက် စိတ်အေးလက်အေးကုသမှုခံယူသည်။ နောက်ပြီး စမ်းသပ်ချက်ရလဒ်တိုင်းက သူ့မျှော်လင့်ချက်ကိုအားရှိစေသည်။
စစ်ဆေးတိုင်း ပိုကောင်းလာသောကြောင့်လည်း သူ့ရောဂါပျောက်ကင်းမည်ဟုယုံကြည်ချက်ရှိလာသည်။
အခုဒီစမ်းသပ်ချက်က ပြန်ကောင်းမည့်သဘော။ သူစိတ်မလှုပ်ရှားဘဲနေမလား?
တခြားလူနာများလည်း ဒီလိုစိတ်အခြေအနေရှိကြသည်။
အတွင်းရေးသဘောတူညီချက်လက်မှတ်ထိုးထားသောကြောင့် အပြင်လူတွေကိုပြောမပြနိုင်။ သူတို့ကိုပြုစုသောမိသားစုဝင်သာ ဒီအကြောင်းသိကြသည်။
ဆေးရုံမှအမြန်ဆုံးဆင်းပြီး သူတို့လုံးဝပြန်ကောင်းသွားပြီဟု မိသားစုဆွေမျိုးများ၊မိတ်ဆွေများကို လိုက်ပြောပြချင်သည်။
အခုတော့ စောင့်ရုံသာ။
အချိန်ကုန်လွန်သွားသည်။
ကျောက်ချွန်းဟယ်တို့စောင့်နေစဉ် ရလဒ်များထွက်လာသည်။
ရုံချန်းဆေးရုံဒါရိုက်တာနှင့်လက်ထောက်ဒါရိုက်တာဝင်လာသည်နှင့် ယွမ်ရှန်ကတန်းမေးသည်_
"ရလဒ်က ဘယ်လိုလဲ?''
နှစ်ယောက်သား စိတ်လှုပ်ရှားသံနှင့်_
"တော်ဝင်ပညာရှင်ယွမ်.. မယုံနိုင်စရာပဲ.. ၅ ယောက်လုံးပြန်ကောင်းသွားပြီ''
"ဟုတ်တယ်.. စရောက်လာတုန်းက ပြန်ကောင်းမယ်လို့ဘယ်သူမှမထင်ကြဘူး... အခုလက်ဖက်က အစွမ်းပြလိုက်ပြီ''
ဆေးလောကတွင် နောက်ထပ်ရိုက်ခတ်မှုရှိလာမည်ဟုနှစ်ယောက်သားသိကြသည်။
ဒီလက်ဖက်ကြောင့် တလောကလုံးတုန်လှုပ်သွားလိမ့်မည်။
"ငါကောင်းသွားပြီ.. တကယ်ကောင်းသွားပြီ''
ကျောက်ချွန်းဟယ်က သတင်းကြားပြီး မဖုံးမဖိနိုင်ပျော်ရွှင်၍ သူ့ကိုပြုစုပေးနေသောသူ့မိန်းမကိုဖက်လိုက်သည်။
ထို့နောက် ယွမ်ရှန်တို့ဘက်လှည့်ကာ_
"ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်ပါတယ်!''
တခြားလူနာ ၄ ယောက်ကလည်း ထိုနည်းတူကျေးဇူးတင်ကြသည်။ ကျေးဇူးတင်စကားမှလွဲပြီး မပြောတတ်တော့။
"ကုသမှုပြီးသွားတာကောင်းတာပဲ!''
ယွမ်ရှန်လည်း သက်ပြင်းရှည်ကြီးချလိုက်သည်။
ဒီလိုနှင့် သူ့တာဝန်ပြီးသွားသည်။ တချိန်တည်းမှာ သူဌေးချင်၏လန့်လောက်စရာလက်ဖက်အာနိသင်ကိုလည်း သက်သေပြပြီးသားဖြစ်သွားသည်။
ယွမ်ရှန်က ကျောက်ချွန်းဟယ်တို့ကိုသုံးလေးကြိမ်ထပ်စမ်းသပ်ပြီး မှတ်တမ်းတင်ခိုင်းသည်။ ထို့နောက် ရုံချန်းဆေးရုံကိုကိစ္စအပြီးသတ်စေသည်။
၃ ရက်ကြာပြီးနောက်_
ကျောက်ချွန်းဟယ်က သူ့မိန်းမနှင့်အတူ ရုံချန်းဆေးရုံအပြင်ထွက်လာသည်။ ဆေးရုံအပြင်ရောက်ရောက်ချင်း ကမ္ဘာကြီးကပြောင်းလဲသွားသလို ကျောက်ချွန်းဟယ်ထင်မိသည်။
တနည်းပြောရရင် သူ့ဘဝသစ်စသလိုပင်။
ထို့နောက် သူတို့လင်မယားလောလောလတ်လတ်စျေးဝယ်ထွက်ရသည်။ သူတို့အိမ်က သူတို့ပစ္စည်းများကိုရှင်းလိုက်သောကြောင့် လိုချင်တာဝယ်ပြီး ရွာပြန်မည်။
ကန်းတုံ့ရွာမှာ ရုံချန်းတွင်နာမည်ကြီးမဟုတ်။
သို့ရာတွင် ချင်းလင်ဖရဲသီးစိုက်ပြီး ရွာသားများပိုအဆင်ပြေလာသည်။
ရုံချန်း၏ချင်းလင်ဖရဲသီးတိုးတက်လာသည့်သဘောက ရုံချန်းသားများပိုအဆင်ပြေလာသည့်သဘောပင်။
ရွာသားများပြောစရာအကြောင်းတစ်ခုရှိခဲ့သည်။
ကျောက်ချွန်းဟယ်ပင်။
ရွာထဲတွင် ကင်ဆာနောက်ဆုံးအဆင့်ဟုရောဂါတွေ့ထားသူဖြစ်သည်။ အဲဒီတုန်းက သူအတော်အားနည်းနေခဲ့သည်။
ထို့ကြောင့် ရွာသားများအာရုံစိုက်မိပြီး ပြောစရာ၊စိတ်မောစရာဖြစ်ခဲ့သည်။
စရိုက်မကောင်းသူများက စားပွဲတစ်ဝိုင်းကိုလူဘယ်နှစ်ယောက်သုံးသင့်သည်ဟုတောင်ပြောကြသည်။
ဒီလိုလူတွေမရှိဘူးမထင်နှင့်။ တောကျလေ စရိုက်ကြမ်းလေပင်။
ခွဲခြားပြောဆိုခြင်းမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိမှန်သည်။
ကန်းတုံ့ရွာဝင်ပေါက်_
ဒီနေ့အားနေသောရွာသားများက ဆံပင်ကောက်ကောက်နှင့်လူနားဝိုင်းနေသည်။
"ကြားပြီးပြီလား? ကျောက်ချွန်းဟယ်အိမ်ရှင်းလိုက်ပြီတဲ့!''
"အင်း.. တွေ့တယ်... ကျောက်ချွန်းဟယ်ရဲ့ပစ္စည်းတွေပစ်လိုက်ပြီ''
"ကျောက်ချွန်းဟယ်ရောဂါတွေ့တာ လပိုင်းပဲရှိသေးတယ်ဆို? အချိန်ကုန်သွားပြီ''
"ကျောက်ချွန်းဟယ်က လူနာတင်ကားနဲ့လိုက်သွားပြီးကတည်းက ပြန်မလာတော့ဘူး... သူနဲ့ပါသွားတဲ့မိန်းမတောင် ပေါ်မလာဘူး''
"သူ့ရောဂါသွားကုတာနေမှာ... ပြီးတော့ သူ့ရောဂါကပျောက်ဖို့မဖြစ်နိုင်ဘူး... သေခါနီးဖြစ်နေပြီ... အခုသူ့ပစ္စည်းတွေပစ်လိုက်ပြီဆိုတော့ သေပြီထင်တယ်... သူ့နာရေးလုပ်ပေးရမယ်... အခုပြင်ဆင်ချိန်တန်ပြီ''
တခဏအတွင်း ပတ်ဝန်းကျင်က ကိုးရိုးကားရားဖြစ်သွားသည်။ စကားပြောနေသူကို ပတ်ပတ်လည်ရှိလူများက အမှတ်တမဲ့နှစ်ခါပြန်ကြည့်လိုက်ကြသည်။
ထိုအချိန် ရွာဝင်ပေါက်တွင်ကားတစ်စီးလာထိုးရပ်သည်ကိုတွေ့ရသည်။
တစ်ယောက်ယောက်ရွာပြန်လာတာဖြစ်မည်။ ကားလေးများနှင့်ပြန်လာတတ်တာ မထူးဆန်း။
ကားရပ်သွားသည်။
အထဲမှကျောက်ချွန်းဟယ်ထွက်လာသောကြောင့် အားလုံးအံံ့ဩသွား၏။
"ကျောက်ချွန်းဟယ်ပဲ''
"တကယ်သူပဲ.. မသေဘူးလား?''
"ဒါဆို မသေဘူးပေါ့? ကင်ဆာနောက်ဆုံးအဆင့်နဲ့တူရဲ့လား?''
ကျောက်ချွန်းဟယ်က ကားထဲပစ္စည်းအစုံသယ်လာသောကြောင့် အားလုံးအံ့ဩနေသည်။ ဒါသူ့နောက်ဆုံးအချိန်လို့ယူဆရမလား?
ကျောက်ချွန်းဟယ်က ကားထဲမှထွက်လာပြီး ကားဆရာကိုငွေရှင်းသည်။ ထို့နောက် ရွာဝင်ပေါက်မှလူများကိုမြင်သွားသည်။
သူကစမ်းသပ်ချက်ယူပြီး ထိုလူများဆီဝမ်းသာအားရပြေးသွားကာ_
"အားလုံးရောက်နေကြတာလား? မတွေ့တာကြာပြီ''
ထို့ကြောင့် ရွာသားများပိုအံ့ဩသွားသည်။ ကျောက်ချွန်းဟယ်ကအားသွန်ခွန်စိုက်ပြေးလာသောကြောင့် သူတို့ထက်ပိုသန်စွမ်းနေပုံရ၏။
ဘယ်လိုဟာသလဲ? ကင်ဆာနောက်ဆုံးအဆင့်လူနာက ဒီလိုတဲ့လား?
ရွာသားတစ်ဦးက မမေးဘဲမနေနိုင်တော့_
"ချွန်းဟယ်.. မင်းနေမကောင်းဘူးမလား? ရောဂါအရမ်းသည်းတယ်ထင်တယ်''
အလိုက်သိသောမေးခွန်းပင်။
"ဟုတ်တယ်''
ကျောက်ချွန်းဟယ်ကပြုံးပြီး_
"ကင်ဆာနောက်ဆုံးအဆင့်လေ... အဲဒီတုန်းက သေဖို့ထိုင်စောင့်နေတာ''
"ဒါဆို အခုကရော?''
နောက်တစ်ယောက်က မေးသည်။
"အခုကောင်းတယ်''
ကျောက်ချွန်းဟယ်က_
"ငါနေမကောင်းတဲ့ပုံပေါက်လို့လား?''
"အာ.. ပျောက်သွားပြီလား? ကင်ဆာနောက်ဆုံးအဆင့်လေ''
ရွာသားတစ်ဦးက ရေရွတ်လိုက်သည်_
"ဘယ်လောက်ကုန်သွားလဲ?''
ထိုအမေးကြောင့် အားလုံးကျောက်ချွန်းဟယ်ကိုကြည့်လိုက်ကြသည်။
အမှန်ပင်။ ကင်ဆာနောက်ဆုံးအဆင့်ကုရင် ဘယ်လောက်ကုန်လိုက်မလဲ?
တနည်းပြောရရင် သူတို့အမြင်မှာ ကင်ဆာနောက်ဆုံးအဆင့်ကိုကုဖို့မဖြစ်နိုင်။ ကျောက်ချွန်းဟယ်ရောဂါအခြေအနေနှင့်မိသားစုအခြေအနေအရ ကင်ဆာနောက်ဆုံးအဆင့်ကိုကုဖို့မဖြစ်နိုင်။
ကျောက်ချွန်းဟယ်ကဆက်ရှင်းပြသည်_
"ပိုက်ဆံမကုန်ဘူး... လက်တွေ့စမ်းသပ်ချက်တစ်ခုမှာဝင်ပါလိုက်တာ... မဝင်ခင် အတွင်းရေးသဘောတူညီချက်လက်မှတ်ထိုးရတယ်... အဲဒါကြောင့် ပြောပြလို့မရဘူး... အခုစမ်းသပ်ချက်ပြီးသွားပြီ... အဆင်ပြေတယ်''
"အလကားလား? ချွန်းဟယ် မင်းကံကောင်းလိုက်တာ''
နောက်ရွာသားတစ်ယောက်ကပြောသည်။
တကယ့်အရေး။ သူကံမကောင်းဘူးလား?
မဟုတ်ရင် ကင်ဆာနဲ့သေအံ့ဆဲဆဲလူနာက ဘယ်လိုလုပ်ဒီလိုကောင်းနေမှာလဲ? အလကားတောင်ကုပေးသေး။
"ချွန်းဟယ်.. ဘယ်လိုကုလဲ ပြောပြလို့ရလား? ဘာဆေးသုံးလဲ?''
အရင်ဆုံးမေးသောရွာသားက အလွန်သိချင်နေသည်။ ဘာပဲဖြစ်ဖြစ် ကင်ဆာနောက်ဆုံးအဆင့်ကိုကုနိုင်ခဲ့တဲ့ဆေးမဟုတ်လား?
ဒီလိုဆေးမျိုးရှိသည်ဆိုသောကြောင့် အားလုံးပိုသိချင်လာသည်။
ကျောက်ချွန်းဟယ်ကသိချင်အောင် မူလိုက်ပြီး_
"ငါ့ကင်ဆာဘယ်လိုပျောက်သွားလဲ မင်းတို့တွေးမိမှာမဟုတ်ဘူး... လက်ဖက်ရည်တစ်နေ့သုံးကြိမ်သောက်ပြီး ပျောက်သွားတယ်ဆိုရင်ယုံလား?''
သူပြောပြီးပြီးချင်း ရွာသားများက တအံ့တဩကြည့်လိုက်ကြသည်။
ရွာသား ၁: ''ကျွတ် ကျွတ်''
ရွာသား ၂: ''ကျွတ် ကျွတ်''
ရွာသား ၃: ''ကျွတ် ကျွတ်''
ကင်ဆာနောက်ဆုံးအဆင့်ကို လက်ဖက်ရည်နဲ့?
နောက်နေတာလား?
အခန်း ၁၂၃၉: လက်ဖက်သူခိုးရဲ့ရည်ရွယ်ချက်!
လက်ဖက်ရည်သောက်ပြီး ကင်ဆာနောက်ဆုံးအဆင့်ကိုကုတယ်?
ဒါမျိုး ဘယ်သူယုံမှာလဲ?
"ချွန်းဟယ်.. မင်းတကယ်လက်ဖက်ရည်သောက်ပြီး ကင်ဆာပျောက်ခဲ့တာလား?''
တစ်ယောက်ကမေးသည်။
ကျောက်ချွန်းဟယ်က ခေါင်းညိမ့်အတည်ပြုပြီး_
"အင်း.. လက်ဖက်ရည်သောက်တာ တကယ်ကောင်းတယ်... အစက မယုံနိုင်ဘူး... ဒါပေမဲ့ ချင်လင်ဓာတ်ခွဲခန်းကထုတ်တဲ့လက်ဖက်ရည်လေ''
ဒီလိုနှင့် ရွာသားများညံပွက်လာသည်။
"ချင်းလင်ဓာတ်ခွဲခန်း!''
"ချင်းလင်ဓာတ်ခွဲခန်းကထုတ်တဲ့လက်ဖက်ဆို ဖြစ်နိုင်တယ်''
"ချင်းလင်ဓာတ်ခွဲခန်းက ဒီလိုဆန်းကြယ်တဲ့လက်ဖက်မျိုးပျိုးထောင်လိုက်ပြန်ပြီလား?''
ချင်းလင်ဓာတ်ခွဲခန်းဆိုသည်နှင့် အားလုံးစိတ်ဝင်စားသွားကြသည်။
အများစုက ချင်းလင်ဓာတ်ခွဲခန်းအားကိုးနှင့် ဖရဲသီးစိုက်ပြီးဝင်ငွေရနေကြသည်။ အထူးသဖြင့် အခုသုံးရောင်စပ်ဖရဲသီးကြောင့် ဝင်ငွေပိုကောင်းလာသည်။
ထို့ကြောင့် ချင်းလင်ဓာတ်ခွဲခန်းကိုအာရုံစိုက်ထားကြသည်။ ချင်းလင်ဓာတ်ခွဲခန်းက အုတ်အော်သောင်းဖြစ်စေသောထုတ်ကုန်များစွာထုတ်ဖူးကြောင်း သူတို့လည်းသိသည်။
ဒါသူတို့ဂုဏ်ယူစရာကိစ္စပင်။
ပထမအချက် ချင်းလင်ဓာတ်ခွဲခန်းက ရုံချန်းမှာရှိသည်။
ဒုတိယအချက် ချင်းလင်ဓာတ်ခွဲခန်းအတွက်အလုပ်လုပ်သည် ဒါမှမဟုတ် ချင်းလင်ဓာတ်ခွဲခန်းမှဝန်ထမ်းများဖြစ်သည်ဟု ဂုဏ်ယူစွာပြောနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူတို့ကချင်းလင်ဓာတ်ခွဲခန်းအတွက်ဖရဲသီးစိုက်ပြီး ချင်းလင်ဓာတ်ခွဲခန်းမှအမှန်တကယ်ဝင်ငွေရနေသည်။
ဒါ Ali ကုမ္ပဏီနှင့်ဆက်စပ်သောဝန်ထမ်းများက Ali ဝန်ထမ်းဖြစ်သည်ဟုပြောကြသည်နှင့်တူသည်။
လူအများစုအာရုံကိုဖမ်းစားနိုင်သောကြောင့်ပင်။
Ali ဝန်ထမ်းဖြစ်ရင် အများကြီးဂုဏ်ရှိသယောင်ယောင်ထင်ရသည်။
အခုချင်းလင်ဓာတ်ခွဲခန်းလည်း ဒီလိုဖြစ်နေသည်။
"ချွန်းဟယ်.. မင်းရဲ့ကင်ဆာက တကယ်ကောင်းသွားပြီလား?''
"မပြောလည်း သိသာနေတာပဲ... ငါ့မှာစမ်းသပ်ချက်ရှိတယ်''
ကျောက်ချွန်းဟယ်ကပြောရင်းဆိုရင်း သူ့စမ်းသပ်ချက်နှင့် X-ray များထုတ်ပြသည်။
အချက်အလက်အရ အစပိုင်းတွင် ပြင်းထန်အကြိတ်အရွယ်အစားကိုသေချာမြင်ရသည်။ နောက်ပိုင်း တဖြည်းဖြည်းမမြင်ရတော့သည်အထိပျောက်ကွယ်သွားသည်။
ကျောက်ချွန်းဟယ်ဆေးစစ်ချက်ကိုအတည်ပြုပြီးနောက် ရွာသားများမအောင့်နိုင်တော့။ ကျောက်ချွန်းဟယ်နှင့်ဆေးစစ်ချက်ကိုဓာတ်ပုံများရိုက်ကြသည်။
ဒါမျိုးက သူတို့လိုသာမန်လူများအဖို့အံ့ဩစရာကောင်းလွန်းသည်။ သေချာပေါက်ဓာတ်ပုံရိုက်ပြီး Wechat အခိုက်အတန့်များမှာတင်ရမည်။ ဒီအံ့ဩစရာသတင်းကို အဖွဲ့တွေထဲလိုက်ပို့ပြီးဖြန့်ရမည်။
ဒီလိုအဖြစ်အပျက်မျိုးက ကန်းတုံ့ရွာမှာတင်မဟုတ်။ တခြားရွာ ၄ ရွာမှာလည်းဖြစ်သွားသည်။
ကင်ဆာနောက်ဆုံးအဆင့်နှင့်သေအံ့ဆဲဆဲလူနာက ရုတ်တရက်ပြန်ရောက်လာပြီး ကင်ဆာမရှိတော့သည့်သတင်းကြောင့် အိမ်နီးချင်းများမဆူဘဲမနေ။
ထို့ကြောင့် မကြာမီ လိုင်းပေါ်တွင် ကင်ဆာနောက်ဆုံးအဆင့်ကိုလက်ဖက်ရည်သောက်ပြီးပျောက်သွားကြောင်းတင်သူရှိလာသည်။
အထူးသဖြင့် ချင်းလင်ဓာတ်ခွဲခန်းအကြောင်းထည့်ပြောထားသောဗီဒီယိုတချို့က ရေပန်းစားလာသည်။
တချိန်တည်း၌_
အင်္ဂလန်ရဲတိုက်တစ်ခုတွင် ဝတ်စုံပြည့်ဝတ်ပြီး သားရေရှူးဖိနပ်များနှင့်လူတစ်စု စုဝေးနေသည်။
သူတို့ကိုသိသူရှိရင် ဒီလူတွေက ကမ္ဘာ့အကြီးဆုံးလက်ဖက်ခြောက်ထုတ်သူများဟုသိကြလိမ့်မည်။
သူတို့လက်ဖက်ခြောက်ကို အရှေ့တိုင်းမှခိုးလာပြီး သုတေသနလုပ်ရန်ပျိုးထောင်ခဲ့သည်။
အင်္ဂလန်တွင်စုဝေးပြီး နိုင်ငံတကာလက်ဖက်ရိုးရာပွဲအကြောင်းဆွေးနွေးကြသည်။
သူတို့မိသားစုမှာ လက်ဖက်ကြောင့် နိုင်ငံတကာဆယ်လီပုံရိပ်တစ်ခုဖြစ်လာသည်။
သို့ရာတွင် လက်ဖက်ကိုအမှန်တကယ်ခိုးခဲ့သည်က ဖျက်မရသောအမဲစက်ဖြစ်နေသည်။ တချို့နိုင်ငံများတွင် သူတို့ဘိုးဘေးက အရှေ့တိုင်းမှလက်ဖက်ခိုးခဲ့သည်ဟုမှတ်တမ်းရှိနေဆဲပင်။
ထို့ကြောင့် နာမည်ကြီးလာသောအခါ ဒီအမဲစက်မျိုးမရှိချင်၊ သူတို့မိသားစုမှာလည်း မကျန်စေချင်ပေ။
အကောင်းဆုံးက အရှေ့တိုင်းလက်ဖက်ကို နိုင်ငံတကာစျေးကွက်မှာ တန်ဖိုးမရှိအောင်၊မှေးမှိန်သွားအောင်လုပ်ရမည်။
ထိုအကြောင်းကြောင့် အမှောင်ထဲမှာအများကြီးလှုပ်ရှားထားသည်။
ဒီနှစ်များတွင် သူတို့လက်ဖက်ထုတ်လုပ်ရေးက အရှေ့တိုင်းလောက်မကောင်းသော်လည်း လက်ဖက်အရောင်းတန်ဖိုးက အရှေ့တိုင်းထက်ကျော်နေပြီဖြစ်သည်။
ထို့ကြောင့် နောက်တစ်ဆင့်တက်ပြီး သူခိုးဟူသောအမဲစက်ကိုဖျက်ရမည်။
နိုင်ငံတကာလက်ဖက်ရိုးရာပွဲကျင်းပပြီး အရှေ့တိုင်းကိုဖယ်ကျဉ်ထားမည်။ အဲဒီနောက် အကွက်တချို့သုံးကာ သူတို့လက်ဖက်ယဉ်ကျေးမှုကိုအပြီးတိုင်ဖျက်ဆီးပစ်မည်။
သူတို့လက်ဖက်ရိုးရာပွဲက လူတွေရင်ထဲစွဲကျန်ပြီး နိုင်ငံတကာအသိအမှတ်ပြုရင် ဒါသူတို့ရိုးရာဖြစ်ပြီ။
အရှေ့တိုင်းရဲ့လက်ဖက်ယဉ်ကျေးမှုလို့ထပ်မပြောကြတော့ရင် သူတို့ဟာမဟုတ်တော့။
ဒါကြောင့် အင်္ဂလန်မှာစုဝေးနေကြခြင်းပင်။
ပထမအချက် နိုင်ငံတကာလက်ဖက်ရိုးရာပွဲကိုအကြံပြုသူက Robert ဖြစ်သည်။
ဒုတိယအချက် Robert မိသားစုလည်းပါနေသည်။
စစ်ပွဲအတွင်းက လက်ဖက်၏ထူးခြားသောအာနိသင်ကိုသိပြီးခိုးယူသွားသူမှာ Robert ဖြစ်သည်။
လက်ဖက်ကိုခိုးယူပြီး ကမ္ဘာအနှံ့အင်္ဂလန်လက်အောက်ခံနယ်မြေများတွင်စိုက်ပျိုးသောကြောင့် လက်ဖက်ခိုးယူမှုရေပန်းစားလာပြီး တစ်ကမ္ဘာလုံးပြန့်သွားသည်။
အဲဒီအချိန်က တခြားနိုင်ငံများမှလက်ဖက်ထုတ်လုပ်ရေးကလည်း အရှေ့တိုင်းထက်သာခဲ့သည်။
သူတို့လက်ဖက်ထုတ်လုပ်ရေးကိုကျော်အောင် နှစ်ပေါင်း ၁၃၀ ကျော်အချိန်ယူခဲ့ရ၏။
ဘာမှထပ်ဖြစ်ခွင့်မပေးတော့။
ရလေလိုလေဖြစ်လာပြီး အဆုံးရှုံးမခံချင်။
ဒါကြောင့်လည်း Robert မိသားစုက အရှေ့တိုင်းလက်ဖက်ကိုပစ်မှတ်ထားခြင်းဖြစ်သည်။ အရှေ့တိုင်းလက်ဖက်အပေါ်မကြာခဏထိပါးခြင်းကို အင်္ဂလန်တိုင်းမ်ကမကြေညာခဲ့။
Robert မိသားစုရဲတိုက်ကိုတောင် အရှေ့တိုင်းလက်ဖက်ခိုးပြီးဆောက်ထားခြင်းဖြစ်သည်။