← Chapters

အခန်း (၁၂၄၀-၁၂၄၂)

Vol. 83 Ch. 1240-1242

အခန်း (၁၂၄၀-၁၂၄၂)

Vol. 83 Ch. 1240-1242

အခန်း ၁၂၄၀: လက်ဖက်သူခိုးရဲ့ရည်ရွယ်ချက်! ၂

ထို့ကြောင့် နိုင်ငံတကာလက်ဖက်ရိုးရာပွဲရည်ရွယ်ချက်ကိုအားလုံးသိထားပြီး Robert မိသားစုက အိမ်ရှင်ဖြစ်သည်။

လက်ရှိ Robert မိသားစုကိုဦးဆောင်သူမှာ Robert Reg ဖြစ်၏။

Reg မှာ စီးပွားရေးအမြင်ရှိသူဖြစ်သည်။

မိသားစုအမွေဆက်ခံထားခြင်းကြောင့် လက်ဖက်ကြည့်တတ်သည်။ အရှေ့တိုင်းလက်ဖက်အသက်ဝင်မှုကိုလျှော့ချရန် ခေတ်သစ်သစ်သီးလက်ဖက်ကိုတောင်ထွင်ထားသည်။

နောက်ပြီး အာနိသင်အရမ်းကောင်းသည်။

အနည်းဆုံးတော့ လူငယ်မျိုးဆက်က ခေတ်ဟောင်းလက်ဖက်ထက် သစ်သီးလက်ဖက်ကိုပိုသဘောကျသည်။

သူအလုပ်ကြိုးစားလုပ်ခဲ့သည့်နှစ်များအတွင်း အရှေ့တိုင်းလက်ဖက်အကြောင်းပြောလျှင် အတော်များများက မျက်နှာထားပြောင်းသွားတတ်သည်။

ဒါလွှမ်းမိုးမှုအားကောင်းသည်။

ဒါပေမဲ့ မလုံလောက်သေး။

သူတို့ကိုလိုနီနယ်ချဲ့စဉ်က နေရာတစ်နေရာကိုအပြီးတိုင်သိမ်းပိုက်ချင်လျှင် သူတို့ယဉ်ကျေးမှုကိုဖျက်ဆီးပြီး ကိုယ့်ယဉ်ကျေးမှုနှင့်အစားထိုးပစ်သည်။

အခု သူဒီလိုလုပ်ချင်သည်။ အရှေ့တိုင်းလက်ဖက်ကိုအစားထိုးမည့် ရိုးရာလက်ဖက်တီထွင်ပြီး အသာလေးပထုတ်လိုက်မည်။

Robert က သူ့ရုံးခန်းထိုင်ခုံတွင်ထိုင်ပြီး ဓာတ်ပုံတစ်ပုံကိုကြည့်နေသည်။

လက်ဖက်ဖြန့်ဝေရေးနှင့်ရောင်းအားတန်ဖိုးမြေပုံဖြစ်၏။ သူ့အစီအစဉ်အတိုင်း တစ်ဆင့်ချင်းဖြစ်လာနေသည်။

အရင်က သူ့ဘိုးဘေးဖြစ်သူမှာ အရှေ့တိုင်းလက်ဖက်နှင့်စိုက်ပျိုးနည်းစနစ်ကိုအရင်ဆုံးခိုးယူပြီး လက်ရှိကမ္ဘာတွင်ကြီးပွားနေသောလက်ဖက်လုပ်ငန်းကိုဦးဆောင်နိုင်ခဲ့သည်။

လက်ဖက်လုပ်ငန်း၏အကျိုးအမြတ်ကို Robert မိသားစုက အများဆုံးရသည်။

အရှေ့တိုင်းလက်ဖက်အတွက်တော့ စိတ်မကောင်း၊ ဒါစျေးကွက်ဖြစ်သည်။

Robert တွေးတောနေစဉ် ဆံပင်ရွှေအိုရောင်နှင့်သူ့အတွင်းရေးမှူးခပ်သုတ်သုတ်ရောက်လာပြီး_

"လူကြီးမင်း.. ပြောစရာရှိပါတယ်... နိုင်ငံတကာလက်ဖက်ရိုးရာပွဲကျင်းပမယ်လို့ကြေညာပြီးတော့ အရှေ့တိုင်းကဘယ်လိုတုံ့ပြန်မလဲဆိုတာစောင့်ကြည့်ခိုင်းထားတယ်မလား?''

"လိုင်းပေါ်မှာ လက်ဖက်အကြောင်းသတင်းတက်နေတယ်... ကျွန်မဘာသာပြန်ကြည့်ခိုင်းတော့ ကင်ဆာနောက်ဆုံးအဆင့်နဲ့အရှေ့တိုင်းသားတစ်ယောက်က လက်ဖက်ရည်သောက်ပြီးပြန်ကောင်းသွားတယ်တဲ့''

"လာပြန်ပြီလား?''

ဒါနဲ့ပတ်သက်ပြီး သူသိပ်မပြောချင်။

သူမယုံသောကြောင့်ပင်။

အရင်က အရှေ့တိုင်းလက်ဖက်ကိုအဆိပ်ရှိသည်ဟုနာမည်ဖျက်တိုင်း သူတို့ကတုံ့ပြန်တတ်သည်။

ဥပမာ လက်ဖက်ကကင်ဆာကုနိုင်သည်ဟူသောကောလာဟလကို အရှေ့တိုင်းသားတွေဖြန့်ခဲ့သည်။

အနောက်တိုင်းသားတွေကစမ်းသပ်ပြီး အရှေ့တိုင်းလက်ဖက်က ကင်ဆာအပေါ်အာနိသင်မရှိကြောင်းသက်သေပြခဲ့တာ စိတ်မကောင်းစရာ။

အာနိသင်ရှိတယ်ဆိုရင် သူတို့လက်ဖက်ကအရှေ့တိုင်းကလာတာပဲ။ သူတို့မသိဘဲနေမလား?

ဒါကြောင့်လည်း နိုင်ငံတကာတွင် အရှေ့တိုင်းလက်ဖက်၏ဂုဏ်သတင်းထိုးကျသွားခဲ့သည်။ ကိုယ့်ရှူးကိုယ်ပတ်သလိုပင်။

အခုနိုင်ငံတကာလက်ဖက်ရိုးရာပွဲလုပ်တော့မည်ဆိုမှ လက်ဖက်ကကင်ဆာကုနိုင်ကြောင်း တဖက်မှသတင်းထွက်လာသည်။ ရယ်ချင်စရာကောင်းနေသေးတော့။

အဲဒါကြောင့် လက်ဖက်ကိုမထိန်းသိမ်းနိုင်ဘဲ ဘိုးဘေးတွေအခိုးခံရတာ။

အဲဒီကတည်းက လက်ဖက်ကတစ်ကမ္ဘာလုံးပြန့်သွားပြီး သူတို့လက်ရှိအခြေအနေရောက်လာခဲ့သည်။

"ဆက်စောင့်ကြည့်ထား... သူတို့ဒီဆင်ခြေကိုပဲဆက်သုံးနေရင် ကိုယ့်ရှူးကိုယ်ပတ်မှာ''

Robert က ပြောပြောဆိုဆိုမတ်တပ်ထရပ်ပြီးလမ်းလျှောက်ထွက်လာသည်။

နိုင်ငံတကာလက်ဖက်ကုန်သည်တွေရောက်လာကြပြီ။

အိမ်ရှင်အနေနှင့် သူထွက်ကြိုရမည်။

ရဲတိုက်ဧည့်ခန်းထဲရောက်သောအခါ နိုင်ငံတကာလက်ဖက်ကုန်သည်များကိုတွေ့ရသည်။

Robert ထွက်လာသောအခါ လက်ဖက်ကုန်သည်အားလုံးကနှုတ်ဆက်ကြ၏_

"မစ္စတာ Robert ပြန်ဆုံပြီနော်... ဒီတစ်ခါ နိုင်ငံတကာလက်ဖက်ရိုးရာပွဲလုပ်ဖို့အကြံပြုတာအရမ်းကောင်းတယ်!''

"ဟုတ်တယ်.. Robert က ဖိတ်ကြားတဲ့အတွက် ဂုဏ်ယူမိပါတယ်''

"Robert ရဲတိုက်က နာမည်ကြီးပဲ... နိုင်ငံတကာလက်ဖက်ရိုးရာပွဲလုပ်ပြီးရင် တို့လက်ဖက်လည်းနာမည်ကြီးလာမယ်လို့ယုံတယ်''

လက်ဖက်ကုန်သည်အများစုက Robert မိသားစုထက်ပိုပြီးအာဏာရှိကြသည်။

သို့သော်လည်း Robert အပေါ်ယဉ်ကျေးကြ၏။

ပထမအချက်၊ သူတို့ကဧည့်သည်ဖြစ်သည်။

ဒုတိယအချက်၊ Robert မိသားစုက အရှေ့တိုင်းလက်ဖက်အတွက်ရှေ့ပြေးတပ်ဖြစ်သောကြောင့် သူတို့ကအနောက်မှာနေရုံသာ။

သူတို့လက်ဖက်လုပ်ငန်းဘယ်လောက်ကောင်းကောင်း ပင်ရင်းပြဿနာကိုမရှောင်ရှားနိုင်။ သူတို့လည်း ပင်ရင်းကိုဖျောက်ပြီး သူတို့ကိုယ်တိုင်ပင်ရင်းဖြစ်ချင်သည်။

Robert ကထိုင်ချပြီး နှုတ်ဆက်သည်_

"အားလုံးကျုပ်ရဲတိုက်ကိုလာတယ်ဆိုကတည်းက နိုင်ငံတကာလက်ဖက်ရိုးရာပွဲဘယ်လောက်အရေးကြီးလဲသိသာနေပြီ... အရင်ဆုံး ဒီရိုးရာပွဲကိုဘယ်လိုပြင်ဆင်ရမလဲဆွေးနွေးကြမယ်''

ထို့နောက် သူတို့စဆွေးနွေးကြသည်။

"ထိုင်ခုံအရေအတွက်ကန့်သတ်သင့်တယ်ထင်တယ်''

တစ်ယောက်က ချက်ချင်းအကြံပြုသည်_

"တချို့နိုင်ငံကလက်ဖက်တွေ မပါသင့်ဘူး''

ဆွေးနွေးချက်က အရေမရအဖတ်မရ။ ဒီလက်ဖက်ရိုးရာပွဲရည်ရွယ်ချက်ကိုအားလုံးသိပြီးဖြစ်၍ အလိုလိုနားလည်ကြသည်။

ထို့ကြောင့် ဘယ်သူကမပါသင့်လဲ အားလုံးသိသည်။

ထိုလူများက ချက်ချင်းထောက်ခံကြ၏_

"ဒီအကြံပြုချက်ကိုထောက်ခံပါတယ်... ကန့်သတ်သင့်ပါတယ်!''

"ဟုတ်တယ် ထောက်ခံတယ်!''

"ထောက်ခံတယ်!''

Robert ရယ်လိုက်သည်။ လက်ဖက်ရိုးရာပွဲကအလုပ်ဖြစ်သော်လည်း အစကောင်းသာရှိသေးသည်။

ထိုအချိန်တွင် ဆံပင်ရွှေအိုရောင်နှင့်အတွင်းရေးမှူးက အမြန်ဝင်လာပြီး_

"မစ္စတာ Robert.. အရှေ့တိုင်းက သတင်းထွက်တယ်... ကြည့်ရတာ သူတို့မှာကင်ဆာနောက်ဆုံးအဆင့်သက်သာတဲ့လက်ဖက် တကယ်ရှိပုံပဲ''

ထိုစကားကြောင့် အားလုံးလန့်သွားသည်။

လက်ဖက်က ကင်ဆာနောက်ဆုံးအဆင့်ကုနိုင်လား?

ဒါမျိုးတကယ်ရှိရင် အကွက်ရွှေ့နေတာဘာအဓိပ္ပါယ်ရှိမလဲ?

Robert က သူ့အတွင်းရေးမှူးကိုအရင်မေးသည်_

"မင်းကို ဒါတွေဘယ်သူပြောခိုင်းလဲ? အရင်ကလည်း သူတို့ဒီနည်းသုံးပြီးကြော်ငြာခဲ့တာ... မဟုတ်တဲ့အကြောင်းလည်း သက်သေပြပြီးပြီ''

ဒီတော့မှ တခြားနိုင်ငံတကာလက်ဖက်ကုန်သည်များကသတိရပြီး သက်ပြင်းချလိုက်ကြသည်။

တကယ်ထင်တော့မလို့။

သို့သော် သူတို့သက်ပြင်းချမပြီးခင် ဆံပင်ရွှေအိုရောင်နှင့်အတွင်းရေးမှူးက_

"မစ္စတာ Robert.. ချင်းလင်ဓာတ်ခွဲခန်းက အသေးစိတ်ကြေညာချက်ထုတ်ထားတာ... ကင်ဆာနောက်ဆုံးအဆင့်ကုနိုင်တဲ့လက်ဖက်ပျိုးထောင်ထားတယ်တဲ့''

"ပြီးတော့ လက်တွေ့စမ်းသပ်ချက်လုပ်ထားတယ်တဲ့... လက်တွေ့စမ်းသပ်ချက်က ကင်ဆာနောက်ဆုံးအဆင့်လူနာကို လက်ဖက်ရည်တိုက်ပြီးပျောက်သွားတယ်လို့ လိုင်းပေါ်မှာပြောထားတယ်''

'ချင်းလင်ဓာတ်ခွဲခန်း'ဆိုသောစကားကြောင့် နိုင်ငံတကာကုန်သည်များ လည်ချောင်းဆို့သွားကြသည်။

အဲဒါ ချင်းလင်ဓာတ်ခွဲခန်း!

နိုင်ငံတကာမှာတောင် ချင်းလင်ဓာတ်ခွဲခန်းနာမည်ကိုသိသူများသည်။

မျက်စိကြည်ဂျင်ဆင်း၊ ရေပူစမ်းဆေးမှုန့်၊ သန့်စင်မြက်၊ သွေးခဲပလိပ်ရောဂါဆေး၊ အားလုံးက မယုံနိုင်လောက်စရာထုတ်ကုန်များဖြစ်သည်။

ဒီခေတ်မှာရှိနိုင်တဲ့ပစ္စည်းများမဟုတ်ဟုတောင်ထင်မိသည်။

သို့သော် ချင်းလင်ဓာတ်ခွဲခန်းက ဒီလိုပစ္စည်းများထုတ်နိုင်ခဲ့သည်။

ချင်းလင်ဓာတ်ခွဲခန်းက စက်ဆုပ်စရာလည်းကောင်းသည်။ ထုတ်ကုန်များကိုကန့်သတ်ပြီး တင်ပို့ခွင့်ပိတ်ပင်ထားသည်။

ကင်ဆာကုနိုင်သောသတင်းသက်သက်ဆို ဂရုမစိုက်။

သို့သော် ချင်းလင်ဓာတ်ခွဲခန်းထုတ်ကုန်ဖြစ်နေ၍ လျစ်လျူရှုမရတော့။

ဘာပဲဖြစ်ဖြစ် ချင်းလင်ဓာတ်ခွဲခန်းလေ။

တစ်ယောက်က မနေနိုင်ဘဲမေးသည်_

"ဒါအမှန်ပဲလား? သူတို့လက်ဖက်က ကင်ဆာကုနိုင်လား?''

"အမှန်ဆို သွားပြီ''

နောက်တစ်ယောက်က မျက်မှောင်ကြုတ်ပြောသည်။

တခြားတစ်ယောက်ကလည်း လောလောနှင့်_

"ဟုတ်ပါ့.. အဲဒါဆို နိုင်ငံတကာလက်ဖက်ရိုးရာပွဲဘာလို့လုပ်မလဲ? ဘယ်လိုလုပ်ရမလဲ စဉ်းစားကြဦး''

Robert ကနားထောင်ရင်း အတွင်းရေးမှူးကိုစောင်းကြည့်ကာ_

"အားလုံး စိတ်မလောကြနဲ့... သူတို့သတင်းကြောင့် ကျုပ်တို့အစီအစဉ်အပျက်မခံနိုင်ဘူး''

"ပြီးတော့ သတင်းမှန်မမှန်ပြောလို့မရသေးဘူး... အရှေ့တိုင်းက ကျုပ်တို့အကြောင်းကြားလို့ သူတို့လက်ဖက်ယဉ်ကျေးမှုကိုကာကွယ်ချင်တာဖြစ်မယ်... အဲဒါကြောင့် တမင်သက်သက် ချင်းလင်ဓာတ်ခွဲခန်းနာမည်ကိုသုံးတာ''

"ကျုပ်တို့ကိုစိတ်ရှုပ်အောင်လုပ်ပြီး လက်ဖက်ရိုးရာပွဲပျက်အောင်ဖျက်တာ... ဒီလိုဆို သူတို့ထောင်ချောက်ထဲရောက်သွားလိမ့်မယ်''

အခန်း ၁၂၄၁: သတင်းက အမှန်!

ထိုစကားကြောင့် နိုင်ငံတကာလက်ဖက်ကုန်သည်များနည်းနည်းစိတ်အေးသွားသည်။ ဖြစ်နိုင်သည်။

"ဟုတ်တယ်.. Robert ပြောတာဖြစ်နိုင်တယ်... Robert ရဲ့ဆုံးဖြတ်ချက်ကိုငါတို့ယုံကြည်သင့်တယ်''

ရုတ်တရက် သက်လတ်ပိုင်းလူတစ်ယောက်ကပြောသည်။

သူ့နာမည်က Hober ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးလက်ဖက်ထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

သူက Robert ကိုယုံပြီး အကြီးအကျယ်ထောက်ခံသည်။

သို့ရာတွင် ပြောရင်းဆိုရင်း ဖုန်းထုတ်ပြီးသူ့အတွင်းရေးမှူးဆီစာပို့လိုက်သည်:

'အရှေ့တိုင်းလက်ဖက်က ကင်ဆာကုနိုင်တဲ့သတင်းမှန်မမှန်အတည်ပြုပါ.. အမှန်ဆိုရင် အရှေ့တိုင်းကုန်သည်တွေကို နိုင်ငံတကာလက်ဖက်ရိုးရာပွဲတက်ဖို့ ငါ့နာမည်နဲ့ဖိတ်... သူတို့လက်ဖက်ယဉ်ကျေးမှုကိုငါကလေးစားတဲ့အကြောင်းပြောလိုက်'

စာပို့ပြီးဘာမှမဖြစ်သလိုဖုန်းပြန်သိမ်းလိုက်သည်။ တခြားသူများကိုတောင်_

"အားလုံး ဒီရောက်နေပြီဆိုမှတော့ Robert ကိုယုံရမယ်... နောက်ဆုံးအထိယုံပေးရမယ်''

Hober မှာ နိုင်ငံတကာလက်ဖက်ကုန်သည်များတွင်ဂုဏ်ကြီးသူဖြစ်၍ တခြားသူများကလည်း ချက်ချင်းသံယောင်လိုက်သည်_

"ဟုတ်တယ်.. သတင်းမှားဖြစ်ဖို့များတယ်''

"ငါတို့တွေဝေလို့မရဘူး... Robert ကိုယုံရမယ်''

"မှန်တယ်.. Robert ကိုယုံကြည်ပေးရမယ်''

Hober မြှောက်ပေးလိုက်သောကြောင့် Robert ကိုယုံကြည်ကြောင်းဝိုင်းပြော၍ Robert မှာ ယုံကြည်မှုရှိလာပြီး_

"ဒီလိုဆိုရင် နိုင်ငံတကာလက်ဖက်ရိုးရာပွဲအစီအစဉ်ကိုဆက်ဆွေးနွေးကြတာပေါ့''

"မင်းလည်း ဒီကိစ္စကိုဆက်ပြီးအာရုံစိုက်ထားလိုက်''

Robert က ဆံပင်ရွှေအိုရောင်နှင့်အတွင်းရေးမှူးကိုမှာပြီး ပြန်ထိုင်လိုက်သည်။ Hober ကဖုန်းထုတ်ပြီး မှတ်တမ်းတင်ထားသည်ကိုသူမသိချေ။

တရုတ်ပြည်၊ လိုင်းပေါ်တွင် ပွက်လောရိုက်နေသည်။

ကင်ဆာမှာ လူကိုမျက်နှာပျက်အောင်လုပ်နိုင်သောရောဂါတစ်ခုဖြစ်သည်။ မိသားစုကိုငွေကုန်ကြေးကျများစေသည့်အပြင် ခံစားရစေသည်။

ကင်ဆာက လူနာကိုအပြင်းအထန်နှိပ်စက်တတ်ပြီး အလူးအလှိမ့်ခံစားရသည်။ နာကျင်မှုကြောင့် ကောင်းကောင်းအနားမယူနိုင်၊ ဂနာမငြိမ်လူးလှိမ့်နေရပြီး အိပ်ပျော်ရန်ခက်သည်။

ဝေဒနာတိုးမလာအောင် တချို့လူနာများကငြိမ်ငြိမ်နေရ၏။ လှည့်ချင်တိုင်းမလှည့်နိုင်သလို ကိုယ်တိုင်အိပ်ရာပေါ်မှထပြီး လမ်းမလျှောက်နိုင်ကြ။

ကင်ဆာလိုနာတာရှည်ညှင်းဆဲခံရသူများမှာ ကိုယ့်ကိုယ်ကိုယ်သ*တ်သေချင်စိတ်ပေါက်ကြသည်။

ထို့ကြောင့် ကင်ဆာကုနိုင်သောဆေးမျိုးပေါ်လာခြင်းက လူသားများအတွက်ကောင်းချီးမင်္ဂလာတစ်ခုဖြစ်သည်။

အူလမ်းကြောင်းကင်ဆာဆေးမှုန့်ထွက်လာစဉ်က အားလုံးအံ့ဩခဲ့ရသည်။

အနည်းဆုံးတော့ ကင်ဆာတစ်မျိုးအတွက်စိတ်အေးရသည်။

သို့ရာတွင် ရုတ်ချည်းဆိုသလို ကင်ဆာနောက်ဆုံးအဆင့်လူနာကိုလက်ဖက်ရည်သောက်ပြီးကုနိုင်ကြောင်း လိုင်းပေါ်ဗီဒီယိုတက်လာသည်။

အစပိုင်း ဗီဒီယိုတွေ့သူတိုင်းက အဓိပ္ပါယ်မရှိဟုထင်ကြသည်။

လက်ဖက်ရည်သောက်ပြီး ကင်ဆာနောက်ဆုံးအဆင့်ကုနိုင်ရင် ကင်ဆာကဆေးမရှိတဲ့ရောဂါဖြစ်ပါ့မလား? အိမ်တွေကားတွေရောင်းပြီး ကုစရာလိုမလား?

အထူးသဖြင့် ဒီလူကအခြေအမြစ်မရှိ။ လက်ဖက်ရည်သောက်ပြီးကင်ဆာပျောက်တာ တစ်ယောက်လည်းမဟုတ်၊ လူတွေအများကြီးတဲ့။

နာမည်ကြီးအောင်လုပ်နေတာလား?

တချို့နာမည်ကြီးချင်သူတွေက အခြေအမြစ်မရှိကြ။

သို့သော် မြန်မြန်ဆန်ဆန်ပင် တစ်ခုခုတော့မဟုတ်ကြောင်းအားလုံးသိလာသည်။

ကင်ဆာနောက်ဆုံးအဆင့်ပျောက်သည်ဆိုသောဗီဒီယိုတချို့တွင် ချင်းလင်ဓာတ်ခွဲခန်းပါနေသည်။

လက်ဖက်ကိုချင်းလင်ဓာတ်ခွဲခန်းကပျိုးထောင်ထားသည်ဟုဆိုသည်။

'ချင်းလင်ဓာတ်ခွဲခန်း'ဆိုသောစကားထွက်လာပြီး အာရုံမစိုက်ဘဲမနေနိုင်ကြ။ အမှန်ဟုတ်မဟုတ် သိချင်လာကြသည်။

အခုချင်းလင်ဓာတ်ခွဲခန်းမှာ ဒီလိုဂုဏ်သတင်းမျိုးရှိသည်။

တခြားနေရာဆိုဘယ်သူမှမယုံသော်လည်း ချင်းလင်ဓာတ်ခွဲခန်းကမတူ။

ဘာပဲဖြစ်ဖြစ် ရှောင်ချင်နှင့်ပါမောက္ခလီခိုင်က ချင်းလင်ဓာတ်ခွဲခန်းမှဖြစ်သည်။

အပင်မျိုးစိတ်သုတေသနတွင် အထက်လူများက သူတို့နှစ်ဦးကိုအသိအမှတ်ပြုထားသည်။ ပညာရှင်အတော်များများက ဒီနယ်ပယ်တွင်ပါမောက္ခလီခိုင်ကဦးဆောင်ရှေ့ပြေးဖြစ်သည်ဟုဖော်ပြကြ၏။

ဓားနှစ်လက်ပေါင်းထားသလိုပင်။ ကင်ဆာကုနိုင်သောလက်ဖက်ခြောက်ကို ချင်းလင်ဓာတ်ခွဲခန်းကပျိုးထောင်နိုင်မည်ဟုယုံကြည်ကြသည်။

အားလုံးသို့လောသို့လောဖြစ်နေစဉ် ချင်းလင်စံအိမ်နှင့်ချင်းလင်ဓာတ်ခွဲခန်းပေါင်းပြီး လိုင်းပေါ်တွင်ကြေညာချက်ထုတ်ပြန်သည်။

"ကင်ဆာဆိုတာ အမြဲတမ်းမကောင်းဆိုးဝါးရဲ့ပြယုဂ်ပါပဲ... အခု အားလုံးကိုသတင်းကောင်းပြောပြပါရစေ... ကျွန်မတို့ချင်းလင်ဓာတ်ခွဲခန်းရဲ့ရှောင်ချင်က ကင်ဆာကုနိုင်တဲ့လက်ဖက်ခြောက်ကိုတီထွင်လိုက်နိုင်ပါပြီ''

"နားကြားမမှားပါဘူးနော်... ကင်ဆာကုဖို့ပါ... ကင်ဆာအမျိုးအစားအားလုံးအတွက်အာနိသင်ရှိပါတယ်... ကင်ဆာအမျိုးမျိုးမှာ နောက်ဆုံးအဆင့်ရောက်နေတဲ့လူနာ ၅ ဦးကို ကျွန်မတို့လက်တွေ့စမ်းသပ်ပြီးပါပြီ''

"အခု ၅ ဦးလုံးပြန်ကောင်းပြီး ဆေးရုံကဆင်းသွားပြီဆိုတော့ ရှောင်ချင်ရဲ့လက်ဖက်အောင်မြင်တဲ့အကြောင်းသက်သေပြနေပါပြီ... ချင်းလင်ဓာတ်ခွဲခန်းမှာလည်း လက်ဖက်ပင်တွေပျိုးထောင်နေပါတယ်ရှင်''

"ချင်းလင်ဓာတ်ခွဲခန်းမှာစိုက်ထားတဲ့လက်ဖက်ပင်တွေကြီးလာရင် ကင်ဆာကုနိုင်တဲ့လက်ဖက်ကိုကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်တော့မှာပါ''

ချင်းလင်စံအိမ်နှင့်ချင်းလင်ဓာတ်ခွဲခန်းကြေညာချက်က အရင်ဗီဒီယိုများမှန်ကန်ကြောင်းအတည်ပြုပေးလိုက်သည်။

ချင်းလင်ဓာတ်ခွဲခန်းမှလက်ဖက်ကြောင့် ကင်ဆာနောက်ဆုံးအဆင့်ပျောက်ခဲ့သည်။

ဒီလိုအံ့ဩစရာမျိုးက တစ်ကမ္ဘာလုံးတုန်လှုပ်သည်ထက်မလျော့။

ကင်ဆာမှာ လူသားအားလုံးကိုခြောက်လှန့်နိုင်သောရောဂါဆိုးဖြစ်သည်။ ဒီနေ့ခေတ်တိုးတက်သောဆေးသိပ္ပံပညာတောင် ဒီရောဂါဆိုးကိုမတွန်းလှန်နိုင်။

နေ့နေ့ညည အားလုံးကိုခြောက်လှန့်နေသည်။

နှစ်စဉ် ကမ္ဘာတဝှမ်းကင်ဆာဖြစ်သူဦးရေက သန်း ၂၀ နားကပ်နေသည်။

ကင်ဆာကြောင့်သေဆုံးသူအရေအတွက်ကလည်း ၁၅ သန်းနီးပါးရှိသောကြောင့် ပြည်တွင်းတွင် ကင်ဆာကြောင့်သေသူ ၅ သန်းကျော်ရှိသည့်သဘောပင်။

ကင်ဆာမျိုးစုံရှိပြီး တချို့သာကုသနိုင်၍ သိပ်ယုံကြည်ချက်မရှိကြ။ ကင်ဆာအများစုနှင့်ကြုံရသောအခါ လက်မှိုင်ချရသည်။

အခန်း ၁၂၄၂: သတင်းက အမှန်! ၂

အခုချင်းလင်ကြေငြာချက်အရ လူသားတွေက ကင်ဆာနိုင်ပြီဆိုတဲ့သဘောလား?

နောက်ပြီး နေ့တိုင်းလက်ဖက်ရည်သောက်ရင် ကင်ဆာကိုခေါင်းမထောင်နိုင်အောင် အပြီးတိုင်ကာကွယ်နိုင်တဲ့သဘောလား?

ကမ္ဘာကြီးတုန်လှုပ်သွားသည်။

အင်တာနက်တစ်ခုလုံး ပွက်လောရိုက်သွား၏။

"မယုံနိုင်စရာပဲ.. ရှောင်ချင်က အံ့ဩစရာပဲ.. ချင်းလင်ဓာတ်ခွဲခန်းက အံ့ရော!''

"ငါအိပ်ရာနိုးပြီထင်နေတာ.. အိပ်မက်မက်နေတုန်းလား.. မဟုတ်ရင် ဘာလို့မယုံနိုင်စရာသတင်းတွေကြားနေရတာလဲ?''

"အခုကစပြီး လက်ဖက်ရည်သောက်တော့မယ်... ရှောင်ချင်ရဲ့လက်ဖက်မျိုးပေါ့''

"အဲလိုလက်ဖက်မျိုးမစိုက်နိုင်ပေမဲ့ ဂုဏ်ယူတယ်ကွာ... ရှောင်ချင်နဲ့တနယ်တည်းသားဆိုတော့ သူစိုက်တာလည်း ငါစိုက်တာပဲ''

"မင်းစကားအတိုင်းပဲ ငါ့စိတ်ထဲမှာ... ရှောင်ချင်နဲ့ငါလည်းတနယ်တည်းသားပဲ!''

လိုင်းပေါ်တရုန်းရုန်းဖြစ်နေစဉ် တရုတ်သိပ္ပံအကယ်ဒမီတွင် ဝန်ကြီးလုတို့လည်းသတင်းရသည်။

နိုင်ငံတကာလက်ဖက်ရိုးရာပွဲနောက်ကွယ်မှ Robert မိသားစု၏ရည်ရွယ်ချက်ကို ဝန်ကြီးလုတို့လည်းရိပ်မိသည်။

တကယ်တော့ သူတို့ကိုကိုင်တွယ်ရန်တခြားနည်းလမ်းရှိသော်လည်း သူဌေးချင်ကလက်ဖက်နှင့်ကင်ဆာလက်တွေ့စမ်းသပ်ချက်ပြီးထားသောကြောင့် သူဌေးချင်အပေါ်လက်လွှဲပေးလိုက်သည်။

ဒီနိုင်ငံတကာလက်ဖက်ကုန်သည်တွေကိုကိုယ်တိုင်ကိုင်တွယ်ရင် နှံပြည်စုတ်ကိုအမြှောက်နှင့်ပစ်သလိုဖြစ်မည်။

သူဌေးချင်လက်နှင့် ဒီလူတွေအထိနာအောင်လုပ်နိုင်သည်။

"ဝန်ကြီးလု.. ချင်းလင်ဓာတ်ခွဲခန်းက သတင်းကြေညာထားပြီ''

လက်ထောက်က_

"ဒီလောက်ဆို လုံလောက်ပြီမလား? သူတို့သတင်းကြားပြီးရင် နိုင်ငံတကာလက်ဖက်ရိုးရာပွဲဆက်လုပ်မှာမဟုတ်ဘူးမလား?''

ဝန်ကြီးလုကခေါင်းခါပြီး_

"မရသေးဘူး... အနောက်တိုင်းသားတွေမယုံမှာစိုးရတယ်''

ချင်းလင်အပန်းဖြေစံအိမ်_

ရုံးခန်းထဲတွင် ချင်လင်နှင့်ယွမ်ရှန်တို့လက်ဖက်ရည်သောက်နေကြသည်။

အရင်က အပန်းဖြေစံအိမ်မှာ တော်ဝင်ပညာရှင်တချို့နှင့်လင်းလျိုတို့နှင့် အလွန်စည်ကားခဲ့သည်။

လင်းလျိုတို့က မင်မြို့တော်ပြန်သွားကြပြီ။ ဘာပဲဖြစ်ဖြစ် သူတို့မိသားစုကမင်မြို့တော်မှာဖြစ်သောကြောင့် သူတို့ခင်ပွန်းဆီပြန်ကြရမည်။

မဟုတ်ရင် သူတို့အထီးကျန်နေမှာပေါ့?

တော်ဝင်ပညာရှင်များပြန်သွားပြီးနောက် အပန်းဖြေစံအိမ်တွင် ယွမ်ရှန်သာကျန်ခဲ့သည်။

အခုလက်ဖက်နှင့်ကင်ဆာလက်တွေ့စမ်းသပ်ချက်အောင်မြင်သောကြောင့် မကြာခင် ယွမ်ရှန်ပြန်ရတော့မည်။

"သူဌေးချင်.. မင်းရဲ့လက်ဖက်ကကင်ဆာကုနိုင်ရုံတင်မကဘူး... အရမ်းလည်းကောင်းတယ်... အနည်းဆုံးတော့ အထက်လူတွေပေးတဲ့အထူးလက်ဖက်ထက်ပိုသောက်ကောင်းတယ်''

ယွမ်ရှန်စိတ်ကြည်နေသည်။ သူကလက်ဖက်ရည်သောက်ရင်း ချီးကျူးနေ၏။

ဘာပဲဖြစ်ဖြစ် ချင်းလင်ဓာတ်ခွဲခန်းက လက်ဖက်နှင့်လက်တွေ့စမ်းသပ်ချက်ကိုကြေညာထားပြီ။ လက်တွေ့စမ်းသပ်ချက်တာဝန်ခံက သူ။

ဒီလက်ဖက်က နိုင်ငံမှကမ္ဘာသို့ပြန့်သွားမည်ဟုသိသောကြောင့် သူနည်းနည်းဂုဏ်တက်မိသည်။

"တော်ဝင်ပညာရှင်ယွမ်ကြိုက်ရင် မသွားခင်နည်းနည်းထည့်ပေးလိုက်မယ်''

ချင်လင်က ပြုံးပြုံးနှင့်ပြောသည်။ လက်ဖက်ပင်နှစ်ပင်ရွှေ့စိုက်ပြီးနောက် အကြီးမြန်ရုံသာမက ရာသီမရွေးသောအာနိသင် +၂ လည်းရှိသည်။ ထို့ကြောင့် လက်ဖက်ကမပြတ်။

"ကျေးဇူးတင်ပါတယ် သူဌေးချင်''

ယွမ်ရှန်ကဝမ်းသာပြီး ကျေးဇူးတင်စကားပြောသည်။

ဒီလက်ဖက်က ပစ္စည်းကောင်း။ ပြန်ယူသွားရင် သောက်ဖို့တောင် အနိုင်နိုင်။

"သူဌေးချင်''

သူကဆက်ပြီး_

"အဲဒီနိုင်ငံတကာလက်ဖက်ကုန်သည်တွေအကြောင်းကြားတယ်... ကြည့်ရတာ ချင်းလင်ဓာတ်ခွဲခန်းရဲ့ကြေညာချက်နဲ့မရဘူးထင်တယ်?''

"အင်း.. ဘယ်ရမလဲ''

ချင်လင်ကပြုံးပြီးပြောသည်။

ယွမ်ရှန်ပြောတဲ့ပြဿနာကို သူလည်းနားလည်သည်။

အနောက်တိုင်းသားတွေကမောက်မာပြီး ခွဲခြားဆက်ဆံတတ်သည်။

တစ်ခါတလေ အမှန်အတိုင်းပြောတာတောင် မယုံတတ်ကြ။

"ကြည့်ရတာ သူဌေးချင်ပြင်ဆင်ထားပုံပဲ''

ယွမ်ရှန် ခေါင်းညိမ့်လိုက်သည်။

ချင်လင်ရယ်လိုက်သည်။ သူတို့ပြင်ဆင်ထားသည်။ ရန်သူကိုထောင်ချောက်ထဲခေါ်နေသည်နှင့်တူ၏။ ပြီးတော့ သေမှာမကြောက်ရင် မဝင်ဘဲနေလို့မရ။

ချင်လင်နှင့်ယွမ်ရှန်စကားစမြည်ပြောနေစဉ် ချင်းလင်ဓာတ်ခွဲခန်းက လိုင်းပေါ်ထပ်ကြေညာသည်:

"ချင်လင်ဓာတ်ခွဲခန်းရဲ့ကင်ဆာကုနိုင်တဲ့လက်ဖက်ပထမအသုတ်အောင်မြင်သွားပါပြီ... နောက် ချင်းလင်ဓာတ်ခွဲခန်းက လက်တွေ့စမ်းသပ်ချက်ဒုတိယအဆင့်ကိုဆက်လုပ်ပါမယ်''

"ဒီလက်တွေ့စမ်းသပ်ချက်မှာ ကင်ဆာနောက်ဆုံးအဆင့်လူနာ ၃၀ ရှာပါမယ်... နောက်ပြီး မတူကွဲပြားတဲ့လူနာတွေဖြစ်အောင် အယောက် ၂၀ ကိုတရုတ်ပြည်ကရှာပြီး ကျန်တဲ့ ၁၀ ယောက်ကို နိုင်ငံခြားကရှာပါမယ်... နိုင်ငံခြားလူနာတွေက နိုင်ငံအသီးသီးကသံရုံးမှတဆင့်ဆက်သွယ်နိုင်ပါတယ်''

"ဒီလက်တွေ့စမ်းသပ်ချက်က အခမဲ့မဟုတ်ပါဘူး... ပြည်တွင်းလူနာတွေက ပြည်သူခံစားခွင့်အလျောက် ကျန်းမာရေးအာမခံနဲ့ကုသပေးပါမယ်... ကျန်းမာရေးအာမခံမရှိတဲ့နိုင်ငံခြားသားတွေကတော့ စရိတ်ပေးသွင်းရပါမယ်... ပေးသွင်းပြီးရင် မျက်နှာချင်းဆိုင်အင်တာဗျူးပါမယ်''

ထိုကြေညာချက်ထွက်သည်နှင့် လိုင်းပေါ်ပွဲဆူပြန်သည်။

အထူးသဖြင့် ကင်ဆာလူနာတချို့က အပူတပြင်းဆွေးနွေးကြသည်။ အာဏာနှင့်ငွေရှိသူကင်ဆာလူနာများက အဆက်အသွယ်သုံးပြီး နေရာရအောင်လုပ်ကြသည်။

ဖြစ်ချင်တော့ ချင်းလင်ဓာတ်ခွဲခန်းကလူရွေးပြီးဖြစ်ကြောင်း သူတို့မသိ။ ငွေနှင့်အဆက်အသွယ်သုံးသူများကို အခွင့်အရေးပေးမည်မဟုတ်ပေ။

ဒီလူနာတစ်သုတ်အတွက် လူ့အဖွဲ့အစည်းကိုအကျိုးပြုသူများ သို့မဟုတ် ထိုအကျိုးပြုသူ၏မိသားစုဝင်များကိုသာ ချင်းလင်ဓာတ်ခွဲခန်းကရွေးချယ်မည်။

နောက်ပြီး ချင်းလင်ဓာတ်ခွဲခန်းကြေညာချက်ကို နိုင်ငံခြားနောက်ခံမီဒီယာတချို့တွင်လည်းထည့်ထားသည်။

ထို့ကြေညာချက်က နိုင်ငံတကာအတွက်ဖြစ်ကြောင်းပေါ်လွင်နေသည်။

ထို့ကြောင့် သတင်းကမြန်မြန်ဆန်ဆန် တစ်ကမ္ဘာလုံးပြန့်သွားသည်။

ဘာပဲဖြစ်ဖြစ် ကင်ဆာကုနိုင်သည်ဟူသောခေါင်းစဉ်မျိုးက ဘယ်နိုင်ငံမှာမဆိုနာမည်ကြီးလိမ့်မည်။

အကြောင်းရင်းက ရှင်းပါသည်။ လူတိုင်းကင်ဆာကြောက်ကြသည်။ ကင်ဆာဖြစ်သူဆို ပိုကြောက်သည်။

အင်္ဂလန်_

Robert ရဲတိုက်တွင် နိုင်ငံတကာလက်ဖက်ရိုးရာပွဲကျင်းပရန် Robert နှင့်နိုင်ငံတကာလက်ဖက်ကုန်သည်များဆွေးနွေးနေကြဆဲဖြစ်သည်။

All Chapters