← Chapters

အခန်း (၁၂၄၃-၁၂၄၅)

Vol. 83 Ch. 1243-1245

အခန်း (၁၂၄၃-၁၂၄၅)

Vol. 83 Ch. 1243-1245

အခန်း ၁၂၄၃: သတင်းက အမှန်! ၃

နောက်ပြီး သူတို့မှာအကြမ်းဖျင်းအစီအစဉ်တစ်ခုရှိသည်။

"အရှေ့တိုင်းကအသုံးမကျလို့ လက်ဖက်နာမည်ပျက်တယ်ဆိုတာ အားလုံးသိထားရမယ်... လက်ရှိလက်ဖက်ကိုကူထိန်းသိမ်းပေးတာ ကျုပ်တို့ဘိုးဘေးတွေပဲ''

အမှန်ပင်။ အရှေ့တိုင်းက ညံ့လွန်းသောကြောင့် အရှေ့တိုင်းတွင် လက်ဖက်ပျက်စီးလုနီးပါးဖြစ်ခဲ့သည်။ သူတို့ဘိုးဘေးများကကူထိန်းသိမ်းပေး၍သာတော်တော့သည်။

သူတို့ဘိုးဘေးများကိုကျေးဇူးတောင်တင်သင့်သည်။ မဟုတ်ရင် ဒီလက်ဖက်တွေပျောက်ကွယ်သွားတော့မည်။ ဒီလက်ဖက်ကြောင့် ဘိုးဘေးများက အခက်အခဲမျိုးစုံကြုံခဲ့သည်။

'အဖြူအမည်းပြောင်းပြန်လှန်ခြင်း'နှင့်'လုပ်ကြံဇာတ်'ဟူသော ဆိုရိုးစကားရှိသည်။

ဒီစာကြောင်းနှစ်ကြောင်းကို သူတို့ကအပြည့်အဝဖော်ပြနေ၏။

"အချိန်ကျရင် ဇာတ်လမ်းပိုပြည့်စုံသွားအောင် စာရေးဆရာတွေခေါ်ရမယ်''

Robert ကပြုံးပြုံးနှင့်ပြောနေသည်။ ဘိုးဘေးများကြောင့်သာ ဒီလက်ဖက်တွေက ကမ္ဘာမှာတောက်ပြောင်လာခြင်းဖြစ်သည်။

Robert က အားတက်သရောပြောနေစဉ် ဆံပင်ရွှေအိုရောင်အမျိုးသမီးကအပြေးအလွှားဝင်လာပြီး_

"မစ္စတာ Robert.. အရှေ့တိုင်းက သတင်းတက်လာတယ်... ချင်းလင်ဓာတ်ခွဲခန်းက ကင်ဆာကုနိုင်ရုံတင်မကဘူး... ဒုတိယအကြိမ်ကမ္ဘာလုံးဆိုင်ရာလက်တွေ့စမ်းသပ်ချက်လုပ်မယ်တဲ့''

"ပြီးတော့ Carlton က သတင်းရပြီး သံရုံးကိုဆက်သွယ်နေတယ်လို့ကြားတယ်... သူကတစ်နေရာရအောင်စီစဉ်နေတာ''

"ဘာ?''

ဒီတစ်ခါ Robert ကမျက်စိမျက်နှာပျက်ပြီး အလန့်တကြားမတ်တပ်ထရပ်သည်။

တခြားနိုင်ငံတကာလက်ဖက်ကုန်သည်များလည်း ဆူညံသွားကာ အမှတ်တမဲ့မတ်တပ်ထရပ်လိုက်ကြသည်။

ကြေညာချက်သက်သက်တင်ဆို ကိစ္စမရှိ။ တဖက်ကအကွက်ရွှေ့တာ၊ သူတို့မယုံဟုတွေးကြမည်။

သို့ရာတွင် ကမ္ဘာအနှံ့မှလူနာများကိုလက်တွေ့စမ်းသပ်မည်ဆိုသောအခါ တစ်မျိုးဖြစ်သွားသည်။

တဖက်မှာဒီလိုယုံကြည်ချက်မျိုးရှိရင် သူတို့ထင်သလိုကြွားလုံးထုတ်နေတာမဟုတ်။ ကင်ဆာကုနိုင်တဲ့လက်ဖက်ကို တကယ်ပျိုးထောင်နိုင်တာဖြစ်မည်။

ဘယ်လိုလုပ်ဒါမျိုးဖြစ်လာတာလဲ?

Hober က နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

Robert တို့ထိတ်လန့်တုန်လှုပ်နေသည်ကို သူကမတုံ့ပြန်ဘဲ အသာလေးဖုန်းကိုင်ပြီး အရှေ့တိုင်းအားပစ်မှတ်ထားနေသော Robert တို့အုပ်စုကိုဗီဒီယိုရိုက်ထားလိုက်သည်။

ဒီအတောအတွင်း သူတစ်လုံးမှမပြော။

သူကချက်ချင်း အတွင်းရေးမှူးဆီဗီဒီယိုပို့ပြီး စာရေးလိုက်သည်:

'ဒါကို အရှေ့တိုင်းကလူတွေဆီအမြန်ပို့... နိုင်ငံတကာလက်ဖက်ရိုးရာပွဲမှာ ငါတို့မပါဘူး ငါတို့နဲ့မဆိုင်ဘူးလို့ပြောလိုက်... အရှေ့တိုင်းကလူတွေလုပ်တဲ့လက်ဖက်ရိုးရာပွဲကိုစောင့်နေမယ်... သူတို့ပူးပေါင်းဖို့လည်းမျှော်လင့်တယ်လို့'

ညွှန်ကြားပြီး သူကသက်ပြင်းသာချလိုက်သည်။

Robert ကခေါင်းတွင်တွင်ခါပြီး အတွင်းရေးမှူးကိုအော်လိုက်သည်_

"မဟုတ်နိုင်ဘူး.. မဖြစ်နိုင်ဘူး.. ဆက်စောင့်ကြည့်ထား''

ချင်းလင်ဓာတ်ခွဲခန်း၏ကြေညာချက်အသစ်မှာ အမြန်နှုန်းနှင့်တစ်ကမ္ဘာလုံးပြန့်သွားသည်။ အဆက်အသွယ်ကောင်း၊ ငွေရှိ၊ အာဏာရှိသောကင်ဆာလူနာများ စလှုပ်ရှားကြသည်။

ရက်ပိုင်းအကြာ_

တန့်ကွမ်းမှာ စာဖိုင်တထပ်ကြီးနှင့် ချင်လင်ရုံးခန်းထဲရောက်လာသည်။

လက်တွေ့စမ်းသပ်ရန် နိုင်ငံခြားမှလျှောက်တင်လာသောကင်ဆာနောက်ဆုံးအဆင့်လူနာများဖြစ်သည်။

ပိုက်ဆံရှိ၊အာဏာရှိသူများသာ သံရုံးနှင့်ချင်းလင်ဓာတ်ခွဲခန်းသို့ ဆေးဘက်ဆိုင်ရာအချက်အလက်များအမြန်ဆုံးပို့နိုင်သည်။

မဟုတ်ရင် တော်ရုံနိုင်ငံခြားသားမတတ်နိုင်။

ထို့ကြောင့် ချင်လင်ကစာဖိုင်အပုံကြီးကြည့်ပြီး အကြည့်ပြောင်းသွားသည်။

ဒါဘယ်လိုလုပ်ကင်ဆာလူနာတွေဖြစ်မလဲ? အသတ်ခံရဖို့စောင့်နေတဲ့သိုးဝတုတ်တွေမလား?

အခန်း ၁၂၄၄: မညှာမတာ!

ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_

တန့်ကွမ်းက စာဖိုင်တထပ်ကြီးချပြီး_

"ဥက္ကဌချင်.. နိုင်ငံခြားလူနာတွေအကုန်ကြည့်ပြီးပြီ... တစ်ယောက်မှသာမန်မဟုတ်ဘူး... အမေရိကန်သူဌေးကြီး Carlton တောင်ပါတယ်''

“Carlton?”

ထိုနာမည်ကြားပြီး ချင်လင်နည်းနည်းအံ့သြသွားသည်။

ဟောလိဝုဒ်ကြယ်ပွင့်များနှင့်ပါတီပွဲလုပ်သော နာမည်ကျော်အမေရိကန်သူဌေးကြီးဖြစ်သည်။

ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီး သူ့အသက်ကိုဆွဲဆန့်ရန် နှစ်တိုင်းပိုက်ဆံအများကြီးသုံးရသည်ဟုကောလာဟလထွက်နေသည်။ ထိုးဆေးတစ်ချောင်း အနည်းဆုံးဒေါ်လာသန်းချီသည်။

ထို့ကြောင့် လက်ရှိဆေးပညာနှင့်ကင်ဆာနောက်ဆုံးအဆင့်ကိုလုံးဝမတတ်နိုင်။ အနည်းဆုံးသန်းချီထိုးဆေးကိုတတ်နိုင်လျှင် တစ်နှစ်ပတ်လုံးပုံမှန်ထိုးပြီး အသက်ကိုဆွဲဆန့်နိုင်သည်။ ကင်ဆာနောက်ဆုံးအဆင့်တွင် သာမန်လူထက်အသက်ပိုရှည်နိုင်သည်။

ပြီးတော့ Carlton က ဘယ်လောက်ချမ်းသာလဲ?

US ဒေါ်လာ ၆၃ ဘီလီယံ။

အမေရိကန်အချမ်းသာဆုံးစာရင်းတွင် အဆင့် ၁၅ ဖြစ်သည်။

Carlton အချက်အလက်ကိုကြည့်ပြီး ချင်လင်မျက်စိကျယ်သွားသည်။

လူချမ်းသာတွေများလေ ကောင်းလေ။

တန့်ကွမ်းကမေးသည်_

"ဥက္ကဌချင်.. ပြည်တွင်းကလူ့အကျိုးဆောင်လူနာတွေ မိသားစုဝင်တွေကိုရွေးပြီးပါပြီ... ချင်းလင်ဓာတ်ခွဲခန်းက ဆန်းစစ်ပြီးပြီ... နိုင်ငံခြားလူနာတွေကစရိတ်ပေးရမယ်ဆိုတော့ ဘယ်လောက်သွင်းစေချင်လဲ?''

ချင်လင်ကနားထောင်ရင်း တွေဝေခြင်းမရှိဘဲ_

"ကုသမှုအတွက် သူတို့ပိုင်ဆိုင်မှုရဲ့ ၁၀% ကိုလှူဖို့စာချုပ်ချုပ်ခိုင်းပါ''

“အာ!!!!”

တန့်ကွမ်းလန့်သွားသည်။

သူဌေးချင်က နိုင်ငံခြားလူနာများကိုစရိတ်သွင်းစေချင်သောကြောင့် တန်ဖိုးကြီးမည်မှန်းသူသိသည်။ သို့သော် ပိုင်ဆိုင်မှု ၁၀% လှူခိုင်းမည်ဟုမထင်မိ။

ဒီလိုဆိုရင် Carlton ရဲ့ပိုင်ဆိုင်မှု US ဒေါ်လာ ၆၃ ဘီလီယံက ၆.၃ ဘီလီယံလှူရမှာပေါ့။

မညှာမတာ!

ဒါပေမဲ့ ပြန်တွေးကြည့်ရင် ပိုက်ဆံနဲ့အသက် ဒီလိုအခြေအနေမျိုးမှာ ဘယ်ဟာကိုရွေးမလဲ?

ဒါဒဿနဆိုင်ရာမေးခွန်းဖြစ်သည်။

သေခြင်းနှင့်ရှင်ခြင်းမှာ ရှင်ခြင်းကိုရွေးသူများလိမ့်မည်။ နောက်ပြီး ပိုင်ဆိုင်မှုအားလုံးမဟုတ်။

ချင်လင်ကဆက်ပြီး_

"ဒါပေမဲ့ တဖက်ကလိုလိုလားလားလှူအောင် ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းက နောက်ထပ်ပျိုးထောင်တာ အောင်မြင်ဖို့မသေချာတဲ့အကြောင်းပြောထားရမယ်... မအောင်မြင်ရင် နိုင်ငံခြားကလူတွေကိုပေးတဲ့အခွင့်အရေးက ဒီတစ်ကြိမ်ပဲရမယ်''

"ဒါဆို သူတို့ကြောက်သွားမှာပေါ့! ကိုယ့်အသက်ကိုကယ်ဖို့ ဒီတစ်ခါပဲအခွင့်အရေးရမယ်လို့တွေးလိမ့်မယ်''

တန့်ကွမ်းကပြုံးပြီးပြောသည်။

“အင်း!”

ချင်လင် ခေါင်းညိမ့်လိုက်သည်။

"ဥက္ကဌချင်.. တစ်ခုရှိသေးတယ်... ဒီလူတွေက သူတို့ပိုင်ဆိုင်မှု ၁၀% လှူရင် အဲဒီပိုက်ဆံကိုဘာလုပ်မလဲ?''

တန့်ကွမ်းကမေးသည်။

အဲဒီကျရင် Carlton က ၆.၃ ဘီလီယံ၊ တခြားလူတွေပါပေါင်းလိုက်ရင် မတွေးဝံ့စရာပင်။

ချင်လင်က ခဏတွေးကြည့်ပြီး_

"အဲလိုပိုက်ဆံမျိုး ကျွန်တော်တို့မလိုဘူး... ပထမအချက် ကျွန်တော်တို့ကပိုက်ဆံမလိုဘူး... ဒုတိယအချက် ပြဿနာတက်လိမ့်မယ်... အဲဒီတော့ အဲဒီပိုက်ဆံနဲ့ဆေးပဒေသာပင်ထူပြီး အထက်လူတွေကိုစီမံခိုင်းမယ်''

ဆေးပဒေသာပင်ဆိုသည့်သဘောက ရှင်းသည်။ စ*စ်ပွဲဖြစ်ရင် အထိအခိုက်ရှိသည်။ အထိအခိုက်ရှိရင် မသန်မစွမ်းတွေရှိမည်။

ထိခိုက်ဒဏ်ရာဖြစ်လျှင် ကုသမှု၊ ပစ္စည်းကိရိယာများ၊ မသန်မစွမ်းလျော်ကြေးပေးရန်လိုသည်။

ဒီလိုအခြေအနေမျိုးမှာ အသုံးချနိုင်သည်။

ထို့ကြောင့် ဒီလိုမတော်တဆဖြစ်ခဲ့လျှင် ရံပုံငွေတစိတ်တပိုင်းကို စ*စ်သားများလျော်ကြေးရနိုင်သည်။ တပ်မှထွက်ပြီးတစုံတရာဖြစ်ခဲ့လျှင်လည်း ရံပုံငွေမှပေးနိုင်သည်။

ဘယ်လိုပြောမလဲ? အထက်လူတွေကိုပေးတာ ဦးနှောက်မရှိတဲ့လုပ်ရပ်လို့ထင်ကြမလား?

သို့သော် ချင်လင်ဂရုမစိုက်။ ပထမအချက်၊ သူကပိုက်ဆံမလို။ ဒုတိယအချက်၊ သူဒီလိုလုပ်တာ လုပ်ရသည့်အကြောင်းရှိသည်။

အနည်းဆုံးတော့ ဒီရံပုံငွေက သူတို့ဘဝကိုပိုလုံခြုံအောင်၊သတ္တိပိုရှိအောင်စောင့်ရှောက်ပေးနေသောစ*စ်သားများကိုပေးနိုင်သည်။

ဒီရံပုံငွေက အမေရိကလိုနိုင်ငံများအတွက်ဝိရောဓိဖြစ်နေခြင်းသာ။

ဘာပဲဖြစ်ဖြစ် Carlton တို့အားလုံးက လူချမ်းသာများဖြစ်သည်။ ဒီလိုရံပုံငွေမျိုးဖြစ်လာဖို့ သူတို့လှူရမည်။

ချင်းလင်ကုမ္ပဏီမှဒီလိုရံပုံငွေမျိုးကို တန့်ကွမ်းမကိုင်တွယ်နိုင်သောကြောင့် အထက်လူများကိုကိုင်တွယ်စေခြင်းဖြစ်သည်။

ထို့ကြောင့် ချင်လင်ကဖုန်းထုတ်ပြီး ဝန်ကြီးလုကိုဆက်လိုက်သည်။

ဖုန်းဝင်ဝင်ချင်း ဝန်ကြီးလုအသံထွက်လာသည်_

"သူဌေးချင်.. လက်ဖက်လက်တွေ့စမ်းသပ်ချက်အတွက်ဆက်တာမလား?''

ချင်လင်ကပြုံးပြီး_

"ဝန်ကြီးလုမှန်ပါတယ်... အမှန်ပါပဲ... နိုင်ငံရပ်ခြားကလူနာတွေနဲ့ပတ်သက်ပြီးလုပ်စရာရှိလို့''

သူကဝန်ကြီးလုအား လှူဒါန်းငွေ၊ရံပုံငွေအကြောင်းပြောပြသည်။

တဖက်တွင် ဝန်ကြီးလုမှာ ချင်လင်စကားနားထောင်ရင်း အလန့်တကြားမတ်တပ်ထရပ်လိုက်ပြီး_

"သူဌေးချင်.. အတည်ပြောတာလား?''

"ဝန်ကြီးလု.. ကျွန်တော်က ညာပြောနေတယ်ထင်လို့လား?''

ချင်လင်ကမေးသည်။

"အင်း.. သိပြီ.. ငါစီစဉ်လိုက်မယ်!''

ဝန်ကြီးလုမှာ မျက်နှာမည်သို့ထားရမည်မသိဘဲ ဖုန်းချလိုက်သည်။

အခုဖြစ်နေတဲ့ခံစားချက်ကို ဘယ်လိုမှမပြောပြတတ်။

သူဌေးချင်ပြောတဲ့အတိုင်းဆို နိုင်ငံခြားသူဌေးတွေလှူတဲ့ပမာဏက ကြောက်စရာကောင်းလောက်အောင်များမည်။ ပြည်တွင်းထိပ်တန်းသူဌေးအယောက် ၃၀ လောက်ရှာနိုင်တဲ့ပမာဏမျိုးရမည်။

ဒီလောက်များတဲ့ငွေမက်လုံးကို တော်ရုံလူရုန်းမထွက်နိုင်။ အခုသူဌေးချင်က ဒီလိုရံပုံငွေမျိုးလုပ်ပြီး စိတ်ပြတ်သားကြောင်းပြခဲ့သည်။

"ဝန်ကြီးလု.. အဲဒါသူဌေးချင်လား?''

ဘေးမှလက်ထောက်ကမေးသည်။

ဝန်ကြီးလုခေါင်းညိမ့်ပြီး_

"ဟုတ်တယ်.. ချင်းလင်ဓာတ်ခွဲခန်းရဲ့ကြေညာချက်က မလုံလောက်သေးဘူးထင်တယ်... အနောက်တိုင်းသားတွေရဲ့ထောင်လွှားမှုတွေ ခွဲခြားဆက်ဆံမှုတွေကိုဖျက်ဆီးဖို့မလုံလောက်သေးဘူး''

"သူဌေးချင်ရဲ့နောက်ဆုံးအကွက်က ဒီလောက်ရက်စက်မယ်မထင်မိဘူး... အသေသ*တ်တာပဲ''

အခန်း ၁၂၄၅: မညှာမတာ!

သူဌေးတစ်ယောက်က သူအသက်ရှင်ဖို့ သူ့ပိုင်ဆိုင်မှုတွေလှူဒါန်းတာနဲ့ နိုင်ငံတကာလက်ဖက်ကုန်သည်တွေနာမည်ဖျက်တာအလကားဖြစ်ပြီ။ သူတို့မှာကင်ဆာကုနိုင်တဲ့လက်ဖက်ရှိကြောင်း အားလုံးသိသွားပြီ။

မဟုတ်ရင် ဒီလူချမ်းသာတွေက အရူးလား?

အဲဒီအချိန်ကျရင် လက်ဖက်ကုန်သည်တွေ အတော်မျက်နှာပျက်ကုန်မည်။

အထူးသဖြင့် ဒီလောက်များတဲ့ငွေပမာဏ ပြည်တွင်းကိုစီးဝင်မှာ၊ အမေရိကန်တွေ စိတ်မထိခိုက်ဘဲနေမလား?

ဒါမှအသေသတ်တာမဟုတ်ရင် ဘာလဲ?

သူကတွေးတောရင်း ရုံးခန်းအပြင်ခပ်သုတ်သုတ်ထွက်လာသည်။

သူဌေးချင်ပြောတဲ့ရံပုံငွေက ပေါ့သေးသေးမဟုတ်။ အထက်လူကိုတင်ပြပြီး ချက်ချင်းဖြေရှင်းရမည်။

အချိန်မြန်မြန်ဆန်ဆန်ကုန်လွန်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ရက်ပိုင်းကုန်လွန်သွား၏။

ဒီရက်ပိုင်း ဆေးကုသခွင့်ရရန်လျှောက်ထားသောလူချမ်းသာများ စိတ်မောမောနှင့်စောင့်နေရသည်။

အမေရိကန်ဇိမ်ခံစံအိမ်တစ်ခုတွင် Carlton မှာ ဝှီးချဲပေါ်ထိုင်ပြီး စိတ်မောနေရသည်။

သူ့မှာ ဆေးပုလင်းချိတ်နေရဆဲ။

ဒါပုံမှန်ပင်။

ဆေးမချိတ်ရတဲ့နေ့ရယ်လို့ တစ်နေ့မှမရှိ။

နောက်ပြီး ကင်ဆာနောက်ဆုံးအဆင့်တွင် ဆေးဘယ်လောက်သုံးပြီးထိန်းထားထိန်းထား၊ လူနာအခြေအနေပိုဆိုးလာတတ်သည်။

ဘာပဲဖြစ်ဖြစ် လူ့ခန္ဓာကိုယ်နှင့်ကင်ဆာဆဲလ်က ဆေးကိုခုခံနေသည်။

ထိုဆေးတောင် ဒေါ်လာသန်းချီတန်သည်။

အခုအရှေ့တိုင်းရဲ့ကင်ဆာကုနိုင်တဲ့လက်ဖက်က သူ့အတွက်အခွင့်အရေးပင်။

အာနိသင်မှန်ရင် သူပြန်ကောင်းနိုင်သည်။

ထို့ကြောင့် ချက်ချင်းသူ့အဆက်အသွယ်အကုန်သုံးပြီး လျှောက်လွှာတင်သည်။

ဒီကမ္ဘာမှာ အားလုံးအရင်းရှင်ချည်း။ ပိုက်ဆံရှိရင် ဘာမဆိုရနိုင်သည်။ ဒီ ၁၀ နေရာလုံး ပိုက်ဆံရှိသူ၊အာဏာရှိသူများသာရလိမ့်မည်။

သာမန်လူတွေရဲ့လျှောက်လွှာက သံရုံးမှာပေါ်လာမှာမဟုတ်။

"သတင်းမကြားသေးဘူးလား?''

Carlton ကမျက်မှောင်ကြုတ်ပြီး အတွင်းရေးမှူးကိုမေးသည်။

"မစ္စတာ Carlton''

အတွင်းရေးမှူးက ချက်ချင်းပင်_

"ရှင့်အဆက်အသွယ်တွေအရဆို သတင်းထွက်တာနဲ့တန်းသိမှာပါ''

အတွင်းရေးမှူးစကားပြောနေစဉ် အပြင်မှတစ်ယောက်ဝင်လာပြီး_

"မစ္စတာ Carlton.. ဟိုဘက်က သတင်းရတယ်''

Carlton မျက်စိကျယ်သွားပြီး အမြန်မေးသည်_

"ဘာတဲ့လဲ? ကုသခွင့်ရလား? ဘယ်လောက်ဖြစ်ဖြစ်ပေးမယ်ကွာ''

"မစ္စတာ Carlton.. သူတို့က ကုသခွင့်တစ်နေရာပေးမယ်တဲ့''

ထိုလူကပြောရင်း တဖြည်းဖြည်းမျက်မှောင်ကြုတ်လာပြီး_

"ဒါပေမဲ့ မစ္စတာ Carlton ရဲ့ပိုင်ဆိုင်မှု ၁၀% ကိုအရှေ့တိုင်းကိုလှူရမယ်လို့ပြောတယ်''

"ဘာ?''

Carlton မှာ အံ့ဩလွန်းပြီး ဝှီးချဲပေါ်ထိုင်နေရာမှမတ်တပ်ထရပ်မည်အပြုတွင် လူကအားမရှိဘဲ စိတ်ရှုပ်သံနှင့်_

"ဘယ်လိုများတောင်းဆိုရဲတာလဲ? ငါ့ပိုင်ဆိုင်မှု ၁၀% က ဘယ်လောက်ရှိလဲသိရဲ့လား?''

ထိုလူက မျက်နှာပျက်ပျက်နှင့်_

"မစ္စတာ Carlton.. ဒါသူတို့ရည်ရွယ်ချက်ထင်တယ်... ပြီးတော့ သူတို့ကပြောသေးတယ်... လက်တွေ့စမ်းသပ်ချက်ပထမအသုတ်အောင်မြင်တယ်ဆိုပေမဲ့ ရွှေ့ပြောင်းစိုက်ပျိုးထားတဲ့ရလဒ်ကမထွက်သေးဘူး... စိုက်ပျိုးတာ အောင်မြင်ချင်မှအောင်မြင်မယ်... မအောင်မြင်ရင် ကင်ဆာကုသခွင့်နည်းသွားမယ်... နောက်တစ်ကြိမ်ကျရင် နိုင်ငံရပ်ခြားကိုကုသခွင့်မပေးတော့ဘူး... ဒီတစ်ခါ ၁၀ နေရာကလည်း ဦးသူယူစနစ်တဲ့''

ထိုစကားကြောင့် Carlton တဆတ်ဆတ်တုန်သွားသည်။

ဒီလိုဆို သူ့မှာအခွင့်အရေးလုံးဝမရှိတဲ့သဘောလား?

သူပြန်မကောင်းနိုင်တော့ဘူးလား?

ရုတ်တရက် Carlton စိတ်ထွေသွားသည်။ သူ့ပိုင်ဆိုင်မှုတွေလှူဒါန်းရမှာ ရင်နာစရာ။ သူမလှူရင်လည်း ကင်ဆာနောက်ဆုံးအဆင့်ကိုကုနိုင်မှာမဟုတ်။

အဓိကက ၁၀ နေရာကိုအရင်ဆုံးအတည်ပြုမည်။ သူနည်းနည်းနောက်ကျရင် နေရာမရနိုင်။

အခု စည်းစိမ်နဲ့ဘဝ လွန်ဆွဲရတော့မည်။

ဒါပေမဲ့ ဘဝနဲ့ယှဉ်ရင် စည်းစိမ်ကဘာမှမဟုတ်။

နောက်ဆုံး Carlton က ဒေါသံမောသံနှင့်_

"အဲဒီလက်ဖက်က ကင်ဆာအတွက်တကယ်ထိရောက်တယ်လို့သက်သေမပြနိုင်ရင် ငါလွယ်လွယ်နဲ့လှူမှာမဟုတ်ဘူး''

သတင်းပေးသူက_

"မစ္စတာ Carlton.. တဖက်ကပြောထားတယ်... အရှေ့တိုင်းမှာအရင်ဆုံး စာချုပ်လက်မှတ်လာထိုးရမယ်တဲ့... သူများတွေရောက်နေမှာစိုးရတယ်''

ထိုစကားကြောင့် Carlton က လောလောနှင့်_

"မြန်မြန်လက်မှတ်ဖြတ်ပေး... အရှေ့တိုင်းကို အခုချက်ချင်းသွားချင်တယ်... ပြီးတော့ ငါ့ဒေါက်တာကိုအသိပေးလိုက်ပါ... လက်ဖက်အာနိသင်ကို သူကိုယ်တိုင်အတည်ပြုပေးစေချင်တယ်လို့''

"ကောင်းပါပြီ မစ္စတာ Carlton''

ထိုလူက ခေါင်းညိမ့်ပြီး ချက်ချင်းထွက်သွားသည်။

Carlton လိုလူချမ်းသာမျိုးမှာ မိုးနှင့်လေကိုဆင့်ခေါ်နိုင်သောတည်ရှိမှုမျိုးဖြစ်သည်။

အမေရိကတွင် လူအများစု၏သေရေးရှင်ရေးကိုတောင် ထိန်းချုပ်နိုင်စွမ်းရှိသည်။

သို့သော် တစ်ခါတလေ ဒီလိုဖြစ်တတ်သည်။ အသက်ကိုထိခိုက်လာသည်နှင့် ဘယ်လောက်အာဏာရှိရှိ သူများထိန်းချုပ်ခံရတော့သည်။

အခုသူ့ဘဝက သူများလက်ထဲရောက်နေတဲ့ဘဝ။

Carlton တစ်ယောက်တည်းမဟုတ်။ လူချမ်းသာတချို့လည်း ဒီလိုဆုံးဖြတ်ချက်ချပြီး အရှေ့တိုင်းသို့အပြေးလာကြသည်။

ပိုင်ဆိုင်မှု ၁၀% ပေးရရင်တောင် အများစုက ပိုင်ဆိုင်မှုထက် ဘဝကိုရွေးကြမည်။

နောက်ပြီး တွေဝေနေဖို့အချိန်မရ။ စုစုပေါင်းမှ ၁၀ နေရာတည်း။ လက်နှေးနေရင် သူများဦးသွားမည်။ နောက်ဆုံး 'လှူမလား၊မလှူဘူးလား'က ပြဿနာမဟုတ်တော့ဘဲ 'လှူလို့ရလား၊မရဘူးလား'က ပြဿနာဖြစ်သွားမည်။

ရုံချန်းစီရင်စုဆေးရုံ_

ဒါရိုက်တာနှင့်လက်ထောက်ဒါရိုက်တာ စိတ်လောရပြန်သည်။

လက်တွေ့စမ်းသပ်ချက်ပထမအကြိမ်ပြီးသောအခါ သီးသန့်နေရာကိုရှင်းချင်ခဲ့သည်။ နေရာလွတ်ထား၍မရ။ သို့သော် သူတို့ဆေးရုံတွင် ဒုတိယအကြိမ်စမ်းသပ်မည်ဟုမထင်မိပေ။ အထူးသဖြင့် ဒီတစ်ခါနေရာပိုကျယ်ရဦးမည်။

အသစ်ဆောက်ထားသောတိုးချဲ့အပိုင်းရှိ၍သာတော်တော့သည်။ မဟုတ်ရင် သူတို့အတွက်နည်းနည်းကြပ်သည်။

မကြာမီ_

မင်မြို့တော်လေယာဉ်ကွင်းတွင် Carlton မှာ လူတစ်စုနှင့်အတူ လေယာဉ်ပေါ်မှဆင်းလာသည်။

လေယာဉ်စင်းလုံးငှားလာခြင်းပင်။ သူလိုသူဌေးအဖို့ ဒါမျိုးကပုံမှန်ဖြစ်သည်။

All Chapters