← Chapters

(401) အစစ်အမှန်နှင့် အတုအယောင် ပန်းချီများ + ပူးတွဲစုံစမ်းစစ်ဆေးမှု (2))

Vol. 41 Ch. 401

(401) အစစ်အမှန်နှင့် အတုအယောင် ပန်းချီများ + ပူးတွဲစုံစမ်းစစ်ဆေးမှု (2))

Vol. 41 Ch. 401

ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှ လူများမှာ အင်တာနက်ပေါ်တွင် ဟိုင်မင်ရေးသားထားသော ပို့စ်များကိုသာ မြင်တွေ့ခဲ့ကြပြီးနောက် သူနှင့် ဟောပြောချက်အတိုင်း အသက်ဆုံးရှုံးခဲ့ရသော သေဆုံးသူနှစ်ဦးက ဖန်းချန်း အပညာတနုက္ကသိုလ်မှ ဖြစ်နေကြောင်း သိရှိခဲ့ရသည်။

သူတို့၏ မသိစိတ်များက စဉ်းစားတွေးခေါ်နိုင်စွမ်းအား ဖုံးလွှမ်းသွားခဲ့ပြီးနောက် သံသယများ၊ ရှာဖွေလေ့လာချက်များအားလုံးကို ဟိုင်မင်ထံတွင်သာ ဦးတည်ထားခဲ့ကြသည်။

ထိုစကားအား ကြားရပြီးနောက် တစ်ချိန်လုံးမှုန်မှိုင်းနေခဲ့သည့် ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များ၏ အတွေးများက ရုတ်တရက် လမ်းစရှာတွေ့လိုက်သကဲ့သို့ပင် ကြည်လင်သွားခဲ့ကြသည်။

သူ ခေတ္တမျှ ကြက်သေ,သေသွားပြီးနောက် အနည်းငယ်လည်း ရှက်ရွံ့သွားခဲ့သည်။

“ကုတောက်ကျန့်ပြောတာ အမှန်ပါပဲ”

“အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ?”

“ကျွမ်းကျင်ပညာရှင်တွေ ကိုင်တွယ်ရမဲ့ ကိစ္စတွေကို ကျွမ်းကျင်ပညာရှင်တွေဆီကိုပဲ ပြန်လွှဲပေးရမှာပေါ့”

နာရီဝက်ခန့်ကြာပြီးနောက် ထိုအမှုအား ဖန်းချန်းရဲစခန်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ထိုကိစ္စအား တာဝန်ယူထားရသည့် ရဲအရာရှိများနှင့် ဝိဉာဉ်ဆိုင်ရာ အထူးအဖွဲ့တို့က တစ်ယောက်၏မျက်နှာကို တစ်ယောက်ကြည့်ကာ လက်ချင်းဆွဲ နှုတ်ဆက်လိုက်သည်။

“တကယ်တော့ အမှုကို လက်မလွှဲခင်တုန်းက ကျွန်တော်တို့တွေ သေဆုံးသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စုံစမ်းရင်း တစ်ချို့အရာလေးတွေ ရှာတွေ့ခဲ့သေးတယ်”

ဥပမာဆိုရလျှင် ဟိုင်မင်နှင့် အခြားသော ပရော်ဖက်ဆာတို့က ဆက်ဆံရေး အဆင်ပြေချောမွေ့ကြသည်။

လူများရှိလျှင် မြစ်၊ချောင်းများ ရှိကြစမြဲပင်။ ပန်းချီလောကတွင်လည်း အချင်းချင်း ပွတ်တိုက်မှုများ ရှိကြစမြဲဖြစ်သည်။

ထိုလူနှစ်ဦးသည်က အနုပညာနယ်ပယ်တစ်ခုတည်းမှ လူများ ဖြစ်ကြသော်လည်း သူတို့၏ ဆက်ဆံရေးသည်က ဝိဉာဉ်ဆိုင်ရာ အထူးဌာနဝင်များ ထင်ထားသကဲ့သို့ မဆိုးဝါးလှပေ။

ထို့အပြင် အန်းမိုက အနုပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်ပြီး သေဆုံးသွားသော အိမ်ခြံမြေပွဲစားသည်လည်း အနုပညာအသိုင်းအဝိုင်းဖြင့် အနည်းငယ်ပတ်သတ်မှုရှိနေခဲ့သည်။

သူသည်က ပညာအရည်အချင်းမြင့်မားသူတစ်ဦးမဟုတ်၊ ကိုယ်ထူကိုယ်ထ ကြိုးစားကာ ချမ်းသာလာခဲ့သူတစ်ဦးဖြစ်သည်။

ချမ်းသာလာချိန်တွင်လည်း သူသည် ရှေးဟောင်းအနုပညာများ၊ ကျောက်စိမ်း၊ ရှေးပန်းချီကားချပ်များ၊ ဆီဆေးပန်းချီကားများအား ကြွားဝါရန် ဝယ်ယူတတ်သူဖြစ်သောကြောင့် မကြာခဏ ငွေလိမ်ခံရတတ်သည်။

မိသားစု၏ ပြောစကားအရ သူသည်က ပန်းချီကားရောင်းဝယ်သူ အများစုဖြင့် ခင်မင်သောကြောင့် သူ့အား ပန်းချီပြပွဲများသို့ မကြာခဏ ဆွဲခေါ်ခံသွားရတတ်ပြီး ပန်းချီကားများ လိမ်လည်၍ ရောင်းချတတ်ကြသည်။

ထိုအရာများက အိမ်တွင် ပုံနေသော ‘စက္ကူအမှိုက်များ’သာ ဖြစ်နေပေသည်။

အသေးစိတ်အချက်အလက်များကို သိရှိနိုင်စေရန် ထပ်မံစုံစမ်းရန် ပြင်ဆင်ခဲ့သော်ငြား ထိုအမှုအား ဝိဉာဉ်ဆိုင်ရာအဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်သောကြောင့် သူတို့လည်း ဆက်၍ မစုံစမ်းခဲ့ကြတော့ပေ။

ထိုစကားအား ကြားရပြီးနောက် ဝိဉာဉ်ဆိုင်ရာအဖွဲ့၏ ခေါင်းဆောင်လည်း ပို၍ပင် အရှက်ရသွားခဲ့ရသည်။

“တောင်းပန်ပါတယ်.. စောစောက သိရရင် ကျွန်တော်တို့လည်း ဇွတ်အတင်း ဝင်နှောင့်ယှက်ပြီး ခင်ဗျားတို့ လုပ်ရိုးလုပ်စဉ်တွေကို နှောင့်နှေးစေမှာမဟုတ်ဘူး”

“မဟုတ်တာ၊ အကုန်လုံးက ဒီပြဿနာကို ဖြေရှင်းဖို့ လုပ်နေကြတာပဲလေ”

ရဲအရာရှိလည်း လက်ကို ရမ်းကာ ပြောလိုက်သည်။

“ဒါနဲ့ မစ်စ်ကု၊ ကျွန်တော် သိချင်လို့ပါ၊ ဒီကိစ္စမှာ သဘာဝလွန်ဖြစ်ရပ်တွေရော ပါနေသေးလား”

ရဲအရာရှိများသည်လည်း ထိုဟောကိန်းများသည် သာမန်မဟုတ်ကြောင်း သတိပြုမိကြပြီး ဆက်တိုက်သေဆုံးမှုများသည်လည်း ထူးဆန်းလှသည်ဟု တွေးမိခဲ့ကြသည်။

ရဲအရာရှိက ထပ်တိုးပြီးမေးမိသည်။

“စကားမစပ် ကျွန်တော်တို့တွေ ဖန်းချန်းပြင်ပကို စာတွေ ၊ပို့စ်တွေ ပို့ဖို့ ကြိုးစားခဲ့သေးတယ်၊ အဲ့တာက ပို့လို့တော့ ရပါတယ် ၊ ဒါပေမဲ့ ဒီနယ်ရဲ့ပြင်ပကလူတွေ အဲဒီကိစ္စကို နည်းနည်းလေးမှကို စိတ်မဝင်စားကြသလိုပဲ ထူးဆန်းလွန်းနေတယ် ဒါကလည်း မဟုတ်မှလွဲရော..?”

ကုကျစ်စုန့် ငြင်းဆိုခြင်းမရှိပေ။

“ရှင်တို့ထင်တဲ့အတိုင်းပါပဲ.. ဒါကြောင့် ဒီစုံစမ်းစစ်ဆေးမှုမှာ ကျွန်မတို့လည်း ကူညီပေးသွားမှာပါ”

ပထမ- ဖန်းချန်းပြည်နယ်ထက်မှ ကောင်းကင်သည်က မြူမှုန်၊ မြူခိုးများကဲ့သို့ အလွှာတစ်ထပ်ဖြင့် ဖုံးအုပ်ခံထားရသည်။

ထိုသို့သော ကောင်းကင်မျိုးက ‘အနက်ရောင်မြူခိုး’မှ ဖန်တီးထားခြင်းဖြစ်ကာ အချက်အလက်များ ကူးပြောင်းရာတွင်‌ နှောင့်နှေးစေသည့် စွမ်းအင်မျိုးရှိသည်။

ဥပမာဆိုရပါက တောင်ပိုင်းပြည်နယ်တွင် လူကုန်ကူးခြင်းက အင်မတန် ကြီးမားသော ကိစ္စတစ်ခုဖြစ်သော်ငြား တောင်ပိုင်းပြည်နယ်ဖြင့် ဝေးလံသော ဒေသများမှ သာမန်လူများသည် ထိုကိစ္စဖြင့် ပတ်သတ်၍ ကြားဖူးနားဝပင် မရှိကြပေ။

ဒုတိယအချက်မှာ ဖန်းချန်း၏ ကွန်ယက်စနစ်ဖြစ်သည်။

လက်ဆုပ်လက်ကိုင်ပြနိုင်သော အချက်အလက်မရှိသော်လည်း ကုကျစ်စုန့် အသေအချာ ခံစားနေနိုင်သည့်အရာရှုသည်။

အင်တာနက်ပေါ်တွင် ‘သေဆုံးခြင်းမှတ်စုစာအုပ်’ဖြင့် ပတ်သတ်သော အချက်အလက်များကို ရှာဖွေရာတွင် ပိတ်ဆို့ထားခြင်းနှင့်အတူ စိတ်မသက်မသာဖြစ်စေသည့် ခံစားချက်တို့ရှိနေသည်။

ထိုခံစားချက်က ‘ဝိဉာဉ်ရေးရာအစီအစဉ်’ တိုက်ရိုက်ထုတ်လွှင့်စဉ်က မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများ မှတ်ချက်များ ဝင်ရောက်ရေးသားချိန်တုန်းကထက်ပင် ပို၍ သိသာပေသည်။

ထို့ကြောင့် ဖန်းချန်း၏ ကွန်ယက်စနစ်တွင် တစ်ခုခုလွဲမှားနေကြောင်း သူမ အတပ်ပြောနိုင်သည်။

သူမ သံသယဝင်မိသည်မှာ ‘သေခြင်းမှတ်စုများ’သည်က လူတစ်ယောက်မှ ပို့ထားခြင်းပင် မဖြစ်နိုင်။

“သက်ဆိုင်ရာအရာရှိအဖွဲ့တွေသာ ဒီကိစ္စမှာ ပါဝင်နေသရွေ့ စုံစမ်းစစ်ဆေးတဲ့အချိန်မှာ ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့က အဖွဲ့ဝင်တစ်ယောက်လောက်ကိုတော့ ခေါ်သွားသင့်တယ်”

ထိုမှသာလျှင် စုံစမ်းစစ်ဆေးနေချိန်အတွင်း တစ်စုံတစ်ရာဖြင့် ကြုံတွေ့ရပါက သာမန်လူများကို ကာကွယ်ပေးနိုင်ကြလိမ့်မည်။

တာဝန်ကျ ရဲအရာရှိလည်း ချက်ချင်း သဘောတူလိုက်သည်။

လက်တွေ့မြင်နိုင်သည့် အရာများကိုသာ ယုံကြည်ခဲ့ကြသော သူတို့အတွက် ရုတ်တရက် နတ်ဘုရားများ ဖြစ်တည်မှု၊ သရဲတစ္ဆေများဖြင့် ပတ်သတ်သော ကိစ္စများအား အထူးစွမ်းအင်တစ်ချို့ဖြင့် လုပ်ကိုင်ရမည်ဆိုသော အချက်သည် တစ်သက်မှ တစ်ခါရနိုင်သော အခွင့်အရေးမျိုးသာဖြစ်သည်။

သို့သော် အမှုအား ဖြေရှင်းနိုင်ပြီး အမှန်တရားပေါ်ပေါက်နိုင်မည်ဆိုပါက ထိုအရာများသည်က ပြဿနာမဟုတ်ပေ။

ထို့ကြောင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိများပ စုံစမ်းစစ်ဆေးရမည့် အရာများအား အဆင့်ဆင့်၊ အစီအစဉ်တကျ တာဝန်ခွဲခြားလိုက်ပြီးနောက် စတင်စုံစမ်းခဲ့ကြသည်။

ဖန်းချန်းဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်များသည်လည်း အချိန်ဖြုန်းနေခြင်းမရှိပေ။

သူတို့သည်လည်း အဖွဲ့များခွဲ၍ ရဲအရာရှိများနှင့်အတူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ကုကျစ်စုန့် ဖန်းချန်းအနုပညာတက္ကသိုလ်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။

သူမက အန်းမိုသေဆုံးခဲ့ရသော နေရာအား ပို၍ စိတ်ဝင်စားသောကြောင့် ထိုနေရာသို့ သွားရောက်ကာ သဲလွန်စများ ရှာဖွေနိုင်ရန် သွားရောက်ခဲ့ခြင်းဖြစ်ပေသည်။

အနုပညာတက္ကသိုလ်သို့ ရောက်ရှိပြီးနောက် ကုကျစ်စုန့်က အန်းမို ပွဲချင်းပြီးသေဆုံးခဲ့ရသော နေရာသို့ အရင်ဆုံးသွား၍ ကြည့်ခဲ့သည်။

အန်းမို၏ အလောင်းကို သယ်ဆောင်သွားပြီးနေက် မြေပြင်ပေါ်မှ သွေးကွက်များအား ကျောင်းသန့်ရှင်းရေးဝန်ထမ်းများမှ အကြိမ်ပေါင်းများစွာ သန့်ရှင်းရေးလုပ်ဆောင်ထားပြီးဖြစ်သောကြောင့် ယခုအချိန်တွင် အရိပ်အယောင်တစ်စက်လေးမျှပင် မမြင်တွေ့နိုင်ပေ။

သို့သော် ကုကျစ်စုန့်အနေဖြင့် မြေပြင်ပေါ်တွင် ကျန်ရစ်သော ယင်စွမ်းအင်အကျွင်းအကျန်အား ခံစား၍ ရနိုင်သည်။

သူမက ပလာစတာရုပ်ထုပြုတ်ကျလာသော စာသင်ခန်းကိုလည်း သွား၍ ကြည့်ရှုခဲ့သည်။

သူမ အခန်းထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် သူမ၏ အင်မတန် စူးရှသော အာရုံခံစားမှုမှတဆင့် အခန်းတွင်းမှ ယင်စွမ်းအင်အား အာရုံခံလိုက်မိပြီးနောက် ယင်စွမ်းအင်ထွက်ပေါ်နေသည့် နေရာအား ကြည့်လိုက်မိသည်။

စာသင်ခန်းနံရံများတွင် ပုံတူပန်းချီများ၊ ခေတ်ပေါ်ပန်းချီများ မျိုးစုံချိတ်ဆွဲထားခဲ့ပြီး နာမည်ကြီးပန်းချီဆရာအချို့၏ ဓာတ်ပုံများလည်း ချိတ်ဆွဲထားသည်။

စာသင်ခန်းတစ်ခန်းလုံးတွင် ပန်းချီလက်ရာများဖြင့် ပြည့်နှက်ကာ အရောင်အသွေးစုံလွန်းပေသည်။

ထိုပန်းချီကားချပ်များထဲတွင် ရေဝဲဂယက်တစ်ခုသဖွယ်ရေးဆွဲထားသော ပန်းချီကားတစ်ချပ်ရှိပြီး ခိုပန်ချီကားမှ မီးခိုးရောင်၊ အနက်ရောင် ယင်စွမ်းအင်များ ဆက်တိုက် ဖြန့်ကျက်နေခဲ့သည်။

ပန်းချီကားတွင် ပန်းချီကားရေးဆွဲသူ၏ အမည်ကိုရေးခြစ်ဖော်ပြထားသည်။

ဟိုင်မင်..

ကုကျစ်စုန့်၏ မျက်ဝန်းအကြည့်များက စူးရှသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် သူမ၏ ဖုန်းက အသံမြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုသူမှာ စုံစမ်းစစ်ဆေးမှုတွင် တာဝန်ကျသော ရဲအရာရှိပင်ဖြစ်သည်။

ရဲအရာရှိက အင်မတန် စိတ်လှုပ်ရှားနေခဲ့ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

“မစ်စ်ကု၊ ကျွန်တော်တို့ သဲလွန်စအသစ်တစ်ခု ရှာတွေ့ခဲ့တယ်!”

“ဟိုင်မင်က လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက နိုင်ငံခြားကနေ ကျင်းပတဲ့ နာမည်ကြီးပန်းချီပြိုင်ပွဲတစ်ခုမှာ ပထမဆုရခဲ့တယ်ဆိုတာ သိထားသေးလား?”

“အရင်ကတော့ မသိဘူး၊ အခုတော့ သိသွားပါပြီ”

သိရုံသာမက၊ သူမ ယခုမြင်တွေ့နေရသော ပန်းချီကားက ထိုပထမဆုရထားသော ပန်းချီကား၏ မူပွားတစ်ခုပင် ဖြစ်ရမည်။

ရဲအရာရှိလည်း အသံကို လျှော့လိုက်ပြီးနောက် ဆက်ပြောသည်။

“မစ်စ်ကု ဒါဆိုရင် အဲဒီပန်းချီကားက အဲယီတုန်းက ခိုးချတယ်ဆိုပြီး ပြဿနာတွေ တက်သွားတာလည်း မသိလောက်သေးဘူး

အဲဒါက အင်တာနက်ပေါ်မှာ တော်‌တော်လေးကို ဟိုးလေးတကျော်ဖြစ်သွားခဲ့တာ”

ကုကျစ်စုန့် နံရံပေါ်မှ ပန်းချီကားမိတ္ထူကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“သူက ဘယ်သူ့ကို ကူးချတာလဲ?”

သူမ ထိုပန်းချီမှ ပေါ်ထွက်နေသော မီးခိုးရင့်ရောင်ယင်စွမ်းအင်များအား ဖယ်ပြီး ပန်းချီကားကိုသာ သီးသန့်ကြည့်လိုက်မိသည်။

ကုကျစ်စုန့်သည်က နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီး ရှုခင်းပန်းချီကားများ၊ လက်ရာမြောက်သော စုတ်ချက်များကိုသာ ကြည့်ရှုခံစားတတ်သော ရှေးကျသည့် လူတစ်ဦးပင်ဖြစ်သည်။

သူမက အနုပညာလက်ရာများအား နှလုံးသားဖြင့် ခံစား၍ ကြည့်ရှုတတ်သူတစ်ဦးလည်း ဖြစ်ပေသည်။

ဤပန်းချီကားက ပြောင်မြောက်သည့် လက်ရာတစ်ခုဖြစ်သည်။

အရောင်အသွေးစုံကာ ဆေးခြယ်ခားသည့် အရောင်များကလည်း အင်မတန် လင်းလက်သည့် အရောင်များဖြစ်သော်လည်း ထပ်ခါထပ်ခါ ရေးဆွဲပြီးနောက် ဆေးညှိချက်များ ရောစပ်လိုက်ချိန်တွင်တော့ ဤပန်းချီကားက လေးလံကာ သုန်မှုန်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည့် ပန်းချီတစ်ချပ်ဖြစ်လာခဲ့သည်။

ပန်းချီဆရာ ဖော်ပြလိုသော ခံစားချက်များအားလုံးက စုတ်ချက်တစ်ချက်ချင်းစီတိုင်း၊ ပန်းချီရေးဆွဲသည့် စာရွက်တစ်ရွက်တိုင်းတွင် ထင်ထင်ရှားရှား ပေါ်လွင်နေခဲ့သည်။

*

All Chapters