ဆရာတပည့်ရေစက် အချိန်တန်လာခြင်း
Vol. 15 Ch. 146
အတိုင်းအဆမဲ့တောင် ပျက်စီးသွားခြင်းသည် အရှေ့ပိုင်းဒေသတစ်ခုလုံးကို မုန်တိုင်းထန်သကဲ့သို့ လွှမ်းမိုးသွားပြီး အဆုံးမဲ့ လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။
မြင့်မြတ်နယ်မြေငါးခုသည် အမြဲတစေ အမြင့်ဆုံးနေရာတွင် ရှိနေခဲ့ပြီး လောကီရေးရာများနှင့် ကင်းကွာနေခဲ့ကြသည်။
သူတို့သည် အရှေ့ပိုင်းဒေသရှိ မရေမတွက်နိုင်သော အင်အားစုများအပေါ် လွှမ်းမိုးထားသည့် ကြီးမားသော တောင်ကြီးငါးလုံးပင်။
သို့သော် ထိုကဲ့သို့ သာလွန်ထူးကဲသော တည်ရှိမှုများအနက်မှ တစ်ခုသည် ရုတ်တရက် ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့သည်။
ဤအရာသည် လူများကို မည်သည်ကြောင့် မတုန်လှုပ်စေဘဲ နေမည်နည်း။ သူတို့ကို မည်သည်ကြောင့် မကြောက်ရွံ့စေဘဲ နေမည်နည်း။
ထိုအချိန်တွင် ရှန်ကျန်းဂိုဏ်း၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပေ၏။
မရေမတွက်နိုင်သော လူများသည် အတူတကွ စုရုံးရောက်ရှိနေကြသည်။
ဤအောင်ပွဲကို ဂုဏ်ပြုရန်အတွက် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးတစ်ခုကို ကျင်းပနေခြင်းပင်။
စားသောက်ပွဲအတွင်း၌...
ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် မတ်တတ်ရပ်လိုက်ပြီး ဝိုင်အရက်ခွက်ကို မြှောက်ကာ လူများအားလုံးကို ပြောဆိုလိုက်သည်။
"ဝေးလံခေါင်သီတဲ့ နေရာကနေ လာရောက်ကူညီပေးကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်... ရှန်ကျန်းဂိုဏ်းက မင်းတို့တွေကို အရမ်းကျေးဇူးတင်ပါတယ်..."
"ဒီနေရာကနေ မင်းတို့အားလုံးကို ငါက ကျေးဇူးတင်စကား ဆိုပါရစေ..."
"ပြီးတော့ မင်းတို့အားလုံးအတွက် ငါက ဂုဏ်ပြုလိုက်ပါတယ်..."
သူ၏စကားသံ ဆုံးသွားသည်နှင့်...
အောက်ဘက်ရှိ လူများသည် ခွက်များကို ဆက်တိုက်မြှောက်ကာ အတူတကွ သောက်လိုက်ကြသည်။
ထို့နောက် ချောင်ရှားတောင်ကြား၏ ဂိုဏ်းချုပ်ဖြစ်သူ မြင့်မြတ်အရှင်မလုချင်ရှားက အပြုံးနှင့် ပြောဆိုသည်။
"ဂိုဏ်းချုပ်ရွှမ်ယွမ်... ရှင်က ယဉ်ကျေးလွန်းနေပါပြီ..."
"အဲ့ဒီ အတိုင်းအဆမဲ့တောင်က မောက်မာတယ်... ဗိုလ်ကျတယ်... ပြီးတော့ တခြားသူတွေကို လုံးဝဂရုမစိုက်ခဲ့ဘူး... ဒါက နတ်ဆိုးလမ်းစဉ်နဲ့ ဘာများကွာခြားလို့လဲ... သူတို့က ကိုယ့်သေတွင်းကိုယ် တူးခဲ့ကြတာပါပဲ..."
"အရှင့်ရဲ့နောက်ကို လိုက်ပြီးတော့ ဒီလူယုတ်မာတွေကို ရှင်းလင်းခွင့်ရတာက ကျွန်မတို့ရဲ့ ဂုဏ်ယူစရာပါပဲ..."
"အမှန်ပဲ..."
ထိုအချိန်တွင် ဝူကျီဂိုဏ်း၏ဂိုဏ်းချုပ် အိုးယန်ဟောင်က ထောက်ခံလိုက်သည်။
"ပြောရရင် ဒီတိုက်ပွဲမှာ ဂိုဏ်းချုပ်ရွှမ်ယွမ်က မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ..."
ဤစကားများက ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်ကို အနည်းငယ် ဇဝေဇဝါဖြစ်သွားစေသည်။
'ငါက ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခဲ့လို့လဲ...'
ဂိုဏ်းချုပ် အိုးယန်ဟောင်က ဆက်လက်၍ ပြောဆိုသည်။
"ကျွန်တော် သိသလောက်ဆိုရင် ဒီတိုက်ပွဲမတိုင်ခင်မှာ ဂိုဏ်းချုပ်ရွှမ်ယွမ်က စွမ်းအားကြီးမားတဲ့ ရန်သူတွေကို ရင်ဆိုင်ရပေမယ့် ပြတ်သားပြီး မယိမ်းယိုင်တဲ့ စိတ်ဓာတ်ကို ပြသခဲ့တယ်... ဆင်းရဲဒုက္ခတွေက သူ့ကို မတုန်လှုပ်စေနိုင်သလို အခွင့်အာဏာကလည်း သူ့ကို ဦးညွတ်သွားအောင် မလုပ်နိုင်ဘူးဆိုတာ ပြသခဲ့တယ်..."
"သူက တကယ့်ကို ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ မီးရှူးတန်ဆောင်ပါပဲ..."
"ဒီမီးရှူးတန်ဆောင်ကြောင့်ပဲ မရေမတွက်နိုင်တဲ့ ဖြောင့်မတ်ခြင်းလမ်းစဉ်ကျင့်ကြံသူတွေ စုရုံးရောက်ရှိလာပြီးတော့ မကောင်းမှုတွေကို ပူးပေါင်းအပြစ်ပေးပြီး အတိုင်းအဆမဲ့တောင်ကို တစ်ချက်တည်းနဲ့ ဖယ်ရှားနိုင်ခဲ့ကြတာပေါ့..."
"ဂိုဏ်းချုပ်ရွှမ်ယွမ်ရဲ့စိတ်ဓာတ်က လေးစားဖို့ ကောင်းပါပေတယ်... ကဲ... ဂိုဏ်းချုပ်ရွှမ်ယွမ်အတွက် ဂုဏ်ပြုလိုက်ကြရအောင်..."
ထိုစကားများကို ပြောဆိုလိုက်သည်နှင့်...
စားသောက်ပွဲအတွင်းရှိ အခြေအနေသည် တဖြည်းဖြည်း လမ်းကြောင်းလွဲသွားတော့သည်။
လူများအားလုံးသည် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်ကို အကြီးအကျယ် ချီးကျူးကြပေ၏။
သူတို့သည် သူ့အား မိုးနှင့်မြေကြားတွင် ရှားပါးသော ရတနာတစ်ပါးအဖြစ် ချီးကျူးကြပြီး မကောင်းဆိုးဝါးများကို ချေမှုန်းသူ ဖြောင့်မတ်ခြင်းလမ်းစဉ်၏ကိုယ်ပွား သူတော်စင်တစ်ပါး ဝင်စားသူအဖြစ် ပုံဖော်ပြောဆိုနေကြသည်။
လူများအားလုံးသည် အလိုလိုက်ခံထားရသော ကလေးတစ်ယောက်ကို မြှောက်ပေးနေကြသကဲ့သို့ ဖြစ်နေသည်ဟု ဆိုရပေမည်။
သို့သော် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် အမှန်တကယ်ကို ထိုမြှောက်စားမှုများကို သဘောကျနေပေ၏။
သူသည် တိမ်တိုက်များပေါ်သို့ လွင့်မျောလုနီးပါး ဖြစ်နေလေပြီ။
ဤလူများသည် မည်သူမည်ဝါများ ဖြစ်သနည်း....
မြင့်မြတ်နယ်မြေများ၏ ဂိုဏ်းချုပ်များနှင့် အင်အားစုအသီးသီးမှ ဘိုးဘေးများပင်။
သူတို့အနက်မှ တစ်ယောက်ယောက်သည် ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် အရှေ့ပိုင်းဒေသတစ်ခုလုံးကို သုံးကြိမ်တိုင်တိုင် တုန်လှုပ်သွားစေနိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သူတို့သည် ယခင်က သူ မော်ကြည့်ရုံသာ တတ်နိုင်ခဲ့သော တည်ရှိမှုများပင်။
သို့သော် ယခုအချိန်တွင် သူတို့သည် သူ့အပေါ် ဖော်ရွေပျူငှာစွာ ဆက်ဆံနေကြပြီး မရပ်မနား ချီးကျူးစကား ဆိုနေကြကာ မသိမသာဖြင့် မျက်နှာလိုမျက်နှာရပင် ပြုလုပ်နေကြသည်။
ချဲ့ကားထားသော ချီးကျူးစကားများသည် နှင်းပွင့်များအလား ပျံဝဲရောက်ရှိလာသည်။
ထိုလူများ၏ မြှောက်ပင့်ခြင်းနှင့် ချဲ့ကားပြောဆိုခြင်းစွမ်းရည်သည် လူအများကို ကြက်သီးထစေလောက်သည်။
သို့သော် ဤသည်မှာ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားသော လျှပ်စီးကြောင်းတစ်ခုအလား သူ ယားယံသည့်နေရာကို ကုတ်ပေးလိုက်သလို ဖြစ်နေသဖြင့် သူ့ကို အလွန်အမင်း စိတ်ကျေနပ်အားရသွားစေသည်။
ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်သည် ဤလူများ၏ မြှောက်ပင့်မှုကို ခံယူရလောက်အောင် သူ့တွင် အရည်အချင်း ကြီးကြီးမားမား ရှိသည်ဟု လုံးဝမယုံကြည်ချေ။
ကျုံးချင်သာ မရှိလျှင် သူ့ကို မည်သူက သိမည်နည်း...
ကျုံးချင် ရှိနေသောကြောင့်သာလျှင် သူ့ကို မသိဘဲနေရန် မည်သူက နေဝံ့မည်နည်း...
လောကကြီး၏ အဖြစ်အပျက်များသည် အလွန် အံ့အားသင့်ဖွယ်ကောင်းသည်ဟုသာ ဆိုရပေမည်။
ရှန်ကျန်းဂိုဏ်းကဲ့သို့ ရေကန်ငယ်လေးထဲတွင် ကျုံးချင်ကဲ့သို့ ကြီးကျယ်ခမ်းနားသော အစစ်အမှန် နဂါးတစ်ကောင် ကိန်းအောင်းနေလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း...
စားသောက်ပွဲအတွင်း၌...
ဝိုင်အရက်နံ့များသည် လေထဲတွင် ပျံ့နှံ့နေကာ ခွက်ချင်းတိုက်သံများသည် မရပ်မနား ထွက်ပေါ်နေပေ၏။
ပျော်ရွှင်မြူးထူးသံများနှင့် စိတ်လှုပ်ရှားစွာ စကားပြောဆိုသံများသည် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။
ဤလူများအကြားတွင် ကျုံးချင်၏ ထူးခြားဆန်းပြားသော သဘာဝကို အနည်းနှင့်အများ နားလည်ထားပြီးသူများ ရှိကြသည်။
သို့သော် သူသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော ဩဇာအာဏာကို ပိုင်ဆိုင်ထားနိုင်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။
အထူးသဖြင့် ကျုံးချင်နှင့် ဆက်ဆံရေး သိပ်မကောင်းလှသော တန်ထင်းခန်းမဆောင်ပင်။
တန်ထင်းခန်းမဆောင်၏ ခန်းမဆောင်သခင်ငါးဦးသည် ကျုံးချင်၏ ပုံရိပ်ကို ကြည့်ရင်း သူတို့ထံ၌ သက်ပြင်းချသံများ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေကြသည်။
"မြင့်မြတ်နယ်မြေငါးခုထဲမှာ အသန်မာဆုံး အင်အားစုလို့ သတ်မှတ်ခံထားရတဲ့ အတိုင်းအဆမဲ့တောင်က ဒီလိုပဲ ပျောက်ကွယ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ..."
အတိုင်းအဆမဲ့တောင် ပျက်စီးခြင်းသည် သူတို့၏မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့ပြီး သူတို့ငါးဦး ကိုယ်တိုင် ပါဝင်ခဲ့ကြသော်လည်း...
ယခု ပြန်စဉ်းစားကြည့်လျှင် သူတို့အတွက် ယုံကြည်ရခက်နေဆဲပင်။
"ဒီနေ့ကစပြီး အရှေ့ပိုင်းဒေသရဲ့ အာဏာဖွဲ့စည်းပုံက ပြောင်းလဲသွားလောက်ပြီ..."
ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။
"နှစ်ပေါင်းများစွာကြာအောင် အမြစ်တွယ်ခဲ့တဲ့ မြင့်မြတ်နယ်မြေတစ်ခုမှာ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေ ပိုင်ဆိုင်ထားတယ်..."
"ဒီလို ခုလိုတည်ရှိမှုကြီးတစ်ခု ပြိုလဲသွားတာက ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ကြီးတစ်ခုကို မလွဲမသွေ ဖြစ်ပေါ်စေလိမ့်မယ်..."
"ဒီနေ့ကစပြီး နောက်ထပ် မြင့်မြတ်နယ်မြေတစ်ခု ပေါ်ထွန်းလာလိမ့်မယ်လို့ ကြိုတွေးလို့ရတယ်..."
သူ၏စကားများကြောင့် တခြားလူများသည် ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်ကို ကြည့်လိုက်ကြပြီး အားကျမှုနှင့်မနာလိုမှုများ ဖြစ်ပေါ်လာကြသည်။
အမှန်အားဖြင့် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏ စွမ်းအားနှင့် ရှန်ကျန်းဂိုဏ်း၏ အင်အားအတိုင်းအတာအရဆိုလျှင် သူတို့သည် မြင့်မြတ်နယ်မြေတစ်ခုဖြစ်ရန် လုံးဝအရည်အချင်းမမီချေ။
သို့သော် ကျုံးချင် ရှိနေခြင်းက အရာအားလုံးကို ပြောင်းလဲသွားစေသည်။
ကျုံးချင် ရှိနေသမျှ ကာလပတ်လုံး ရှန်ကျန်းဂိုဏ်း၏အတိုင်းအတာ သေးငယ်ပြီး စုပေါင်းအင်အားသည် နည်းပါးနေလျှင်ပင် မြင့်မြတ်နယ်မြေများနှင့် ပခုံးယှဉ်၍ ရပ်တည်နိုင်ပေမည်။
ဤသည်မှာ မြင့်မြတ်နယ်မြေများကို ကျော်လွန်သွားနိုင်သည်အထိပင်။
အကယ်၍ ရှန်ကျန်းဂိုဏ်းသည် အတိုင်းအဆမဲ့တောင်၏အမွေအနှစ်များကို သေသေချာချာ စုပ်ယူပြီး အသုံးပြုနိုင်ခဲ့လျှင် အချိန်အတိုင်းအတာတစ်ခုကြာသည်နှင့် ကျုံးချင် မရှိလျှင်ပင် အသစ်ထွက်ပေါ်လာသော မြင့်မြတ်နယ်မြေများအနက်မှတစ်ခု ဖြစ်လာပေလိမ့်မည်။
ခန်းမဆောင်သခင်တစ်ဦးက ခါးသီးသော အပြုံးဖြင့် ပြောဆိုသည်။
"အရင်တုန်းကတော့ ကျုံးချင်က အဆင့်ခြောက် အဆိပ်ဆေးလုံးကို ဖော်စပ်နိုင်တဲ့ အရည်အချင်းလောက်ပဲ ထူးခြားတယ်လို့ ငါ ထင်ခဲ့တာ..."
"ဒါပေမဲ့ သူက တန်ထင်းခန်းမဆောင်ရဲ့ ကမ်းလှမ်းမှုနဲ့ စေတနာကို ငြင်းပယ်ခဲ့တဲ့အတွက် ငါတို့အနေနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်စရာ အကြောင်းမရှိခဲ့ဘူး.."
"ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ တန်ထင်းခန်းမဆောင်က လောကီအငြင်းပွားမှုတွေမှာ ဘယ်တုန်းကမှ ဝင်မစွက်ဖက်ခဲ့ဘူး..."
"အခု ကြည့်ရတာတော့... ဆေးမြို့တော်အရှင်က တကယ့်ကို အမြော်အမြင် ကြီးမားတာပဲ..."
အကယ်၍ ဆေးမြို့တော်အရှင်ကသာ သူတို့ကို ကူညီရန် စေလွှတ်လိုက်ခြင်း မရှိခဲ့ပါက သူတို့သည် ဤခရီးကို လာခဲ့ကြမည် မဟုတ်ပေ။
သို့သော် ဆေးမြို့တော်အရှင်၏ အမိန့်ကြောင့်ပင် သူတို့သည် ကျုံးချင်နှင့် ဆက်ဆံရေးကို ပြေလည်အောင် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် သူတို့သည် ကျုံးချင်၏ ကြောက်မက်ဖွယ်ကောင်းသော ဆေးပညာပါရမီအပြင် သူ၏ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် စွမ်းအားကြီးမားသော နည်းလမ်းများကိုလည်း မျက်မြင်တွေ့ရှိခဲ့ရသည်။
ထိုကဲ့သို့ လူတစ်ယောက်သည် ဆန္ဒရှိပါက အရှေ့ပိုင်းဒေသ၏ အထွတ်အထိပ် ဧကရာဇ်တစ်ပါး ဖြစ်လာရန်မှာ စကားတစ်ခွန်းသာ လိုတော့သည်။
လူတိုင်းတွင် မတူညီသော အတွေးအမြင်များ ရှိကြပြီး စိတ်ခံစားမှု လှိုင်းဂယက်များ ပျံ့နှံ့နေကြသည်။
လူတချို့က တုန်လှုပ်နေကြပြီး တချို့က ကြောက်ရွံ့နေကြကာ တချို့ကမူ အံ့အားသင့်နေကြ၏။
ရောက်ရှိနေသော လူများအကြားတွင်...
ယခင်က ကျုံးချင်နှင့် သိသိသာသာ ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးသူ အမြောက်အများ ရှိကြသည်။
ထျန်းယွင်ဂိုဏ်းကဲ့သို့ပင်...
ထို့ပြင် ထျန်းယွင်ဂိုဏ်းခွဲမှ ရှဲ့ဟောင်နှင့် ဆွန်းဝမ်ရှန်းတို့ကဲ့သို့ပင်...
ယခုအချိန်၌ သူတို့သည် အကန့်အသတ်မဲ့သော စိတ်သက်သာရာရမှုကိုသာ ခံစားနေကြရသည်။
သူတို့ စောစီးစွာ လက်နက်ချခဲ့မိသည့်အတွက် စိတ်သက်သာရာ ရနေကြသည်။
ထို့ပြင် သူတို့သည် သူတို့၏အမှားများကို လျှင်မြန်စွာ ဝန်ခံခဲ့ကြ၏။
ထိုသို့မဟုတ်ပါက သူတို့၏လက်ရှိအခြေအနေကို မည်သို့ ရရှိနိုင်မည်နည်း။
အကယ်၍ သူတို့သာ အခြေအနေနှင့်အချိန်အခါကို သတိမပြုမိဘဲ နေခဲ့ပါက သူတို့သည်လည်း အတိုင်းအဆမဲ့တောင်ကဲ့သို့ ကံကြမ္မာမျိုးနှင့် ကြုံတွေ့နေရလောက်လေပြီ။
နေဝင်ချိန်၏အလင်းရောင်အောက်တွင် ကျုံးချင်၏ပုံရိပ်သည် လူများအားလုံး၏မျက်လုံးထဲ၌ မိုးထိအောင် မြင့်မားသော တောင်ကြီးတစ်လုံး ဖြစ်လာခဲ့သည်။
ဤသည်မှာ နက်ရှိုင်းပြီး ခန့်မှန်းရခက်ကာ လူအများ လက်လှမ်းမမီနိုင်သော တောင်ကြီးတစ်လုံးပင်။
သူသည် ထူးခြားဆန်းကြယ်ပြီး သာလွန်ထူးကဲသော ပုဂ္ဂိုလ်ပင်။
ဤကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးကို ရက်အနည်းငယ်ကြာအောင် ပြုလုပ်ခဲ့သည်။
စားသောက်ပွဲ ပြီးဆုံးပြီးနောက် အတိုင်းအဆမဲ့တောင်၏အရင်းအမြစ်များကို ခွဲဝေယူရန် အချိန်ကျရောက်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်နယ်မြေဂိုဏ်းတစ်ခု ပြိုလဲသွားခြင်းသည် အင်အားစုများစွာကို တစ်ညတည်းနှင့် ချမ်းသာသွားစေရန် လုံလောက်ပေ၏။
ထို့ပြင် ရှန်ကျန်းဂိုဏ်း၏ အတိုင်းအတာကိုလည်း အဆများစွာ ကြီးထွားလာစေနိုင်သည်။
သေချာသည်မှာ ဤကိစ္စများသည် ကျုံးချင်နှင့် မသက်ဆိုင်ခြင်းပင်။
သူသည် ထိုကဲ့သို့ ငြီးငွေ့ဖွယ်ကောင်းသည့် အလုပ်များတွင် ပါဝင်ရန် အမြဲတစေ ငြင်းဆန်လေ့ရှိသည်။
ကျွမ်းကျင်မှုဆိုင်ရာ ကိစ္စရပ်များကို ကျွမ်းကျင်သူများကသာ ကိုင်တွယ်ဖြေရှင်းသင့်သည်။
ဤအချိန်သည် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန် ဟန်ရေးပြပြီး အကျိုးပြုရမည့်အချိန်ပင်။
သူကမူ မူဖူတောင်ပေါ်သို့ ပြန်လာခဲ့သည်။
ထို့နောက် သူတောင်းစားအဘိုးအို ယွီဝမ်ကျွင်းနှင့်ကျုံးချန်ဖုန်းဟူသော မြင့်မြတ်နယ်မြေ ဘိုးဘေးသုံးဦးနှင့်အတူ မာကျောက်ကစားနေလိုက်သည်။
ခြံဝင်းငယ်လေးထဲတွင်...
လူလေးဦးသည် စားပွဲဝိုင်းတစ်ခုတည်း၌ ထိုင်နေကြ၏။
အတုံးမွှေသံများ ပုံကျသံများနှင့် နိုင်သွားသောအသံများ မရပ်မနား ထွက်ပေါ်နေသည်။
ကြိုးစားပမ်းစား ကျင့်ကြံနေကြသော လင်းဖုန်းနှင့်စုယဲ့တို့သည် ဝမ်းနည်းစွာဖြင့် သူတို့၏မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။
သူတို့သည် အိမ်စာလုပ်နေသော မူလတန်းကျောင်းသားလေးများအလား နတ်ဆိုးအသံများဖြင့် ဦးနှောက်ဆေးခြင်းကို ခံနေကြရပြီး 'ဆယ်သုံးချောင်း' 'ဝါးကိုးချောင်း' စသော စကားလုံးများသည် သူတို့၏ စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်လာပေ၏။
ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းကာ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
မြင့်မြတ်နယ်မြေ ဘိုးဘေးသုံးဦးသည် မူဖူတောင်ပေါ်တွင် လဝက်ခန့် နေထိုင်ပြီးနောက် မလိုလားစွာဖြင့် ကျုံးချင်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။
သူတို့ ထွက်ခွာသွားသည်နှင့် ကျုံးချင်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
အကြောင်းအရင်းမှာ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော စနစ်သည် ပြန်လည် လှုပ်ရှားလာသောကြောင့်ပင်။
"ပိုင်လင်းက အခွင့်အလမ်း ရရှိမယ့်နေရာကို ဝင်ရောက်တော့မယ်လို့ ထောက်လှမ်းမိပါတယ်... လက်ခံသူအနေနဲ့ အချိန်မီ သွားရောက်ပြီး သူ့ကို တပည့်အဖြစ် လက်ခံဖို့ အကြံပြုပါတယ်... မဟုတ်ရင် မမျှော်လင့်ထားတဲ့ အခြေအနေတွေ ပေါ်ပေါက်လာနိုင်ပါတယ်..."
စနစ်၏အသံ ထွက်ပေါ်လာသည်နှင့် ကျုံးချင်၏ မျက်နှာအမူအယာ တောင့်တင်းသွားသည်။
ဤချီးထုတ်စနစ်သည် ပုံမှန်ဆိုလျှင် အသံထွက်မလာချေ။
သို့ရာတွင် စနစ် အချက်ပေးလိုက်ပြီဆိုရင် အမြဲတစေအကြောင်းပြချက် ရှိနေတတ်သည်။
ကျုံးချင်သည် ဤတပည့်အကြောင်း ယခင်ကတည်းက စဉ်းစားနေခဲ့သည်။
ယခုချိန်၌ နောက်ဆုံးတွင် သူ သတင်းရလာခဲ့လေပြီ။
အရှေ့ပိုင်းဒေသမှ ကိစ္စရပ်များလည်း ပြီးဆုံးသွားပြီဖြစ်ရာ ဤဆရာတပည့် ရေစက်ကို ဖြည့်ဆည်းပေးရန် အချိန်တန်လေပြီ။
"စနစ်... ပိုင်လင်းရဲ့ တည်နေရာကို အတိအကျ ပြောပြနိုင်မလား..."
ကျုံးချင်က သူ၏စိတ်ထဲမှ မေးမြန်းလိုက်သည်နှင့် စနစ်က မြောက်ပိုင်းဒေသ ရှိရာဘက်သို့ အလျင်အမြန် ညွှန်ပြလိုက်၏။
"မြောက်ပိုင်းဒေသပေါ့... ဟုတ်လား..."
နောက်တစ်နေ့ နံနက်တွင်...
ကျုံးချင်သည် သူ၏ တပည့်နှစ်ဦးနှင့် အပြင်စည်းဂိုဏ်းသားနှစ်ဦးကို ခေါ်ယူလိုက်ပြီး သူ ခရီးရှည်တစ်ခု ထွက်ရမည်ဖြစ်ကြောင်း ပြောကြားကာ ဟေးပိုင်နှင့်အတူ ထွက်ခွာသွားတော့သည်။
သူသည် ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း အရှေ့ပိုင်းဒေသ အပြင်ဘက်ရှိ နေရာများသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးခဲ့ချေ။
ဤသည်မှာ အရှေ့ပိုင်းဒေသ အပြင်ဘက်ရှိ ရှုခင်းများကို ခံစားရန် ကောင်းမွန်သော အခွင့်အရေးပင်။
"ဝှစ်..."
ထိုသို့တွေးလိုက်ရင်း ကျုံးချင်သည် ဟေးပိုင်ကို ခေါ်ဆောင်ကာ လေဟုန်ကိုစီးနင်းပြီး မိုးကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။
အနက်ရောင်နှင့် အစိမ်းရောင် ပုံရိပ်နှစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ရှန်ကျန်းဂိုဏ်း၏ နယ်မြေမှ ထွက်ခွာသွားပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။