← Chapters

သွေးစွန်းနေသော ဘုရားကျောင်းပျက်

Vol. 15 Ch. 148

သွေးစွန်းနေသော ဘုရားကျောင်းပျက်

Vol. 15 Ch. 148

"ဒါဆိုရင် ကောင်းတာပေါ့..."

တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

သို့သော် သူတို့၏မျက်နှာအမူအယာများသည် သုန်မှုန်နေဆဲပင်။

သူတို့သည် မည်သည့်အဆင့်အတန်းမျိုး၌ ရှိနေသောလူများ ဖြစ်သနည်း...

ယင်သုံးပါးနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် လေးယောက်သည် မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည့်တိုင် မအောင်မြင်ခဲ့ချေ။

ဤသည်က သူတို့ကို အနည်းငယ် မျက်နှာပျက်ရစေသည်။

"ဒီကိစ္စပြီးသွားရင် အရှေ့ပိုင်းဒေသကို မြေလှန်ပစ်ဖို့ ငါ စီစဉ်ထားတယ်..."

ထိုအချိန်မှာပင် အစိမ်းရောင်နတ်ဆိုး အစောင့်အရှောက်က ပြောဆိုသည်။

"ကျားမရှိတဲ့ တောင်မှာ မျောက်က ဘုရင်လုပ်နေတာပဲ..."

"သေးငယ်တဲ့ အရှေ့ပိုင်းဒေသမှာ အတိုင်းအဆမဲ့တောင်လို အမှိုက်လောက်က ပျက်စီးသွားတာကို ဒီလောက်ထိ ကြီးကျယ်တဲ့ လှုပ်ရှားမှုကြီး ဖြစ်သွားစေတယ်..."

သိသာထင်ရှားသည်မှာ ပိုင်လင်းကို လိုက်လံဖမ်းဆီးနေစဉ်အတွင်း သူတို့သည် အတိုင်းအဆမဲ့တောင် ပျက်စီးသွားသော သတင်းကို ကြားသိခဲ့ရခြင်းပင်။

အသန်မာဆုံးလူသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်တွင်သာရှိသော ဂိုဏ်းတစ်ဂိုဏ်းက ကြီးမားကျယ်ပြန့်သော အရှေ့ပိုင်းဒေသကို လွှမ်းမိုးထားနိုင်ခဲ့သည် ဆိုသည်မှာ အစိမ်းရောင်နတ်ဆိုး အစောင့်အရှောက်၏ အမြင်အရ ယုံကြည်ရခက်နေသည်။

တစ်ချိန်တည်းမှာပင် ဤသည်မှာ အရှေ့ပိုင်းဒေသတွင် ဧကရာဇ်လုပ်ပြီး လွှမ်းမိုးချုပ်ကိုင်ချင်သော သူ၏ရည်မှန်းချက်ကို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

သူသည် တခြားလူသုံးယောက်ကို ကြည့်ပြီး ပြုံးလိုက်၏။

"ငါက အရှေ့ပိုင်းဒေသကို သိမ်းပိုက်ပြီး စုစည်းဖို့ စီစဉ်ထားတယ်..."

"အရှေ့ပိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်ပြီးရင် ငါ့ကိုယ်ငါ ထောက်ပံ့ဖို့ အရင်းအမြစ်တွေ အားလုံးကို စုဆောင်းမယ်... ဒါမှ အနာဂတ်မှာ ငါ နောက်ထပ်အဆင့်တစ်ခု ထပ်တက်နိုင်မှာ... အဲ့ဒီအချိန်ကျရင် မင်းတို့က ငါနဲ့ လာမလုကြနဲ့..."

တောင့်တင်းသန်မာသော အနီရောင်နတ်ဆိုး အစောင့်အရှောက်က ပြောဆိုသည်။

"အစိမ်းရောင်နတ်ဆိုး... အရာအားလုံးကို အရမ်းကြီး ရိုးရိုးရှင်းရှင်း မတွေးနဲ့..."

"အရှေ့ပိုင်းဒေသက ပတ်ဝန်းကျင်ဒေသတွေကြားမှာ ဆင်းရဲတယ်လို့ နာမည်ကြီးတယ်... ငါတို့လိုလူတွေ ကျင့်ကြံဖို့အတွက် သင့်တော်တဲ့ အရင်းအမြစ်တွေ သိပ်မရှိဘူး..."

"ဒါ့ပြင် နှစ်ပေါင်းများစွာကြာအောင် ဒေသအသီးသီးက ငြိမ်းငြိမ်းချမ်းချမ်း ဖွံ့ဖြိုးတိုးတက်ပြီးတော့ ဝင်မစွက်ဖက်ကြတာကို ကြည့်ရင် ဒါက အပေါ်ယံ မြင်ရသလောက် မရိုးရှင်းဘူးဆိုတာ ပြနေတာပဲ..."

"ဒီ အရှေ့ပိုင်းဒေသက အခြေအနေတွေက အရမ်းကြီး နက်ရှိုင်းကောင်း နက်ရှိုင်းနေနိုင်တယ်..."

"အခု အရေးတကြီး လုပ်ရမှာက အဲ့ဒီကောင်မလေးကို ဖမ်းပြီးတော့ သူ့ရဲ့သွေးမျိုးဆက်ကို ဖယ်ရှားပစ်ဖို့ပဲ... အဲ့ဒါက ထိပ်ဆုံး ဦးစားပေးပဲ..."

ဤစကားများသည် အစိမ်းရောင်နတ်ဆိုး အစောင့်အရှောက်ကို မကျေမနပ်ဖြင့် နှုတ်ခမ်းမဲ့သွားစေသည်။

အရှေ့ပိုင်းဒေသကဲ့သို့ ဆင်းရဲသောနေရာမျိုးတွင် အခြေအနေများ မည်မျှထိ နက်နဲသိမ်မွေ့နိုင်မည်နည်း...

သူ၏စွမ်းအားနှင့်ဆိုလျှင် အရှေ့ပိုင်းဒေသ တစ်ခုလုံးကို မြေလှန်ပစ်လျှင်ပင် ပြဿနာမရှိနိုင်ချေ။

သူတို့လေးယောက် စကားပြောနေစဉ်မှာပင်...

ဘုရားကျောင်းပျက် အပြင်ဘက်မှ ထူးဆန်းသော ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဘယ်သူလဲ..."

အနီရောင်နတ်ဆိုးအစောင့်အရှောက်က မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်လို နတ်ဆိုးသရဲတစ္ဆေက ငါတို့ရဲ့ရှေ့မှာ လာပြီး ရောင့်တက်ရဲတာလဲ..."

အစိမ်းရောင်နတ်ဆိုး အစောင့်အရှောက်၏ ကျားမျက်လုံးကဲ့သို့ စူးရှသော မျက်လုံးများသည် မည်းမှောင်သွားပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားပေ၏။

သို့သော် သူ၏အသံ အဆုံးသတ်သွားသည်နှင့် ကောက်ရိတ်ဓားတစ်ချောင်းသည် သူ၏လည်ပင်းပေါ်တွင် တင်လျက်သား ဖြစ်နေလေပြီ။

ထိုကောက်ရိတ်ဓားသည် ရှည်လျားပြီး အေးစက်စက် အလင်းတန်းများ ဖြာထွက်နေသည်။

ထိုအရာကို အမျိုးအမည်မသိရသော ပစ္စည်းဖြင့် ပြုလုပ်ထားပြီး ရှေးဟောင်းအငွေ့အသက်တစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။

အစိမ်းရောင်နတ်ဆိုး အစောင့်အရှောက်၏ နဖူးပေါ်မှ ချွေးစေးများ ချက်ချင်းယိုစီးကျလာသည်။

သူက ဘယ်သူလဲ...

ယင်သုံးပါးနယ်ပယ်မှာရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်လေ...

သို့ရာတွင် ယခုချိန်၌ သူ မည်သည့်အရာကိုမျှ သတိမထားမိဘဲ ကောက်ရိတ်ဓားတစ်ချောင်းက သူ၏လည်ပင်းပေါ်သို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။

အရှေ့ပိုင်းဒေသတွင် ဆရာသခင်မရှိဟု အစောပိုင်းက လှောင်ပြောင်ခဲ့သူသည် ယခုအချိန်တွင်မူ ပြင်းထန်သော ကြောက်ရွံ့မှုများကို ခံစားနေရလေပြီ။

ဤနက်မှောင်နေသော ကောက်ရိတ်ဓားပေါ်မှနေ၍ ပြင်းထန်သော သေခြင်းတရား အငွေ့အသက်ကို သူ ခံစားလိုက်ရသည်။

နှစ်ပေါင်း ဘယ်လောက် ကြာခဲ့ပြီလဲ...

သူ၏ကျင့်ကြံဆင့်က ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်ကို ကျော်လွန်ပြီးစဥ်မှစ၌ ခြိမ်းခြောက်မှုဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သူ မခံစားရသည်က အချိန်အလွန်ကြာမြင့်နေလေပြီ။

သို့သော် ဤတစ်ကြိမ်ခံစားရသော ခြိမ်းခြောက်မှုသည် သူ၏လက်ကျန်ဘဝအတွက် နောက်ဆုံးအကြိမ် ဖြစ်လာခဲ့သည်။

ဖြတ်တောက်သံတစ်သံ ထွက်ပေါ်လာသည်နှင့်...

အစိမ်းရောင်နတ်ဆိုး အစောင့်အရှောက်၏ ခေါင်း တိုက်ရိုက်ပြတ်တောက်သွားတော့သည်။

ပန်းကန်လုံးကြီးအရွယ်အစားရှိသော သူ၏ခေါင်းသည် လေထုထဲသို့ လွင့်စင်သွားပြီး ပူနွေးသော သွေးများသည် ရေပန်းအလား တခြား နတ်ဆိုးအစောင့်အရှောက် သုံးဦးအပေါ်သို့ ဖြန်းပက်သွားသည်။

ဤသည်မှာ သူတို့၏အာရုံကြောများကို ပြင်းထန်စွာ လှုံ့ဆော်လိုက်သည့်အလားပင်။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်ကြာမြင့်သော်လည်း သူတို့သည် သက်ရှိတစ်ဦး ချဉ်းကပ်လာသည်ကို တွေ့ရှိချိန်မှစ၍ ကောက်ရိတ်ဓားက အစိမ်းရောင်နတ်ဆိုး အစောင့်အရှောက်၏ လည်ပင်းပေါ် ရောက်ရှိသွားပြီး ခေါင်းပြတ်သွားသည်အထိ အချိန်ကာလသည် လျှပ်စီးတစ်ချက် လက်သည့်အလား လျှင်မြန်လွန်းသည်။

ထိုထက်ပို၍ ချဲ့ကားပြောဆိုရလျှင် အစိမ်းရောင်နတ်ဆိုး အစောင့်အရှောက် သေဆုံးပြီး လဲကျသွားသည့်တိုင် တရားခံသည် မည်သူမည်ဝါဖြစ်သည်ကို သူတို့ မမြင်တွေ့လိုက်ရခြင်းပင်။

ပြိုင်ဘက်၏အမြန်နှုန်းသည် အလွန်လျှင်မြန်ကာ သူတို့ လုံးဝမတုံ့ပြန်နိုင်လောက်အောင် မြန်လွန်းလှသည်။

"ဟီး ဟီး.."

ဘုရားကျောင်းပျက် အတွင်း ငရဲမှ လာသော နတ်ဆိုးတစ်ကောင်အလား ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

ထိုသို့မဟုတ်ပါက ဤသည်မှာ မရဏနိုင်ငံမှ တွားသွားထွက်လာသော အငြိုးကြီးစိတ်ဝိညာဉ်တစ်ကောင်အလားပင်။

ထိုရယ်သံသည် ဘုရားကျောင်းပျက်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး တဝေါဝေါ တိုက်ခတ်နေသော လေပြင်းသံနှင့် ပေါင်းစပ်ကာ အဆုံးမဲ့ သည့် တုန်လှုပ်ခြောက်ခြားမှုကို ပေးစွမ်းနေသည်။

"မင်းက ဘာကောင်လဲ..."

အနီရောင်နတ်ဆိုး အစောင့်အရှောက်၏ ခန္ဓာကိုယ်မှ နက်နဲသိမ်မွေ့သော စွမ်းအင်များ ထွက်ပေါ်လာပြီး အကာအကွယ်အလွှာတစ်ခု ဖြစ်ပေါ်လာသည်။

သူသည် အသံ၏ဇစ်မြစ်ကို ရှာဖွေရန် မျှော်လင့်ချက်ဖြင့် နေရာအနှံ့ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။

တခြားလူနှစ်ယောက်သည်လည်း ထပ်တူထပ်မျှပင်။

သူတို့အားလုံးသည် တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။

သူတို့သည် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ ဖြစ်ကြပြီး နတ်ဆိုးသွေး အနည်းငယ် ပါဝင်သောကြောင့် တခြားသူများအပေါ် ပြိုင်ဘက်ကင်းဖိအားနှင့် ကြောက်ရွံ့မှုများကို ပေးစွမ်းနိုင်သူများ ဖြစ်လေ့ရှိသည်။

သို့သော် ယခုအချိန်တွင်မူ အခြေအနေသည် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။

ယင်သုံးပါးနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည် ခုခံနိုင်ခြင်းပင် မရှိဘဲ ခေါင်းဖြတ်ခံလိုက်ရသည်။

ဤကိစ္စမှတဆင့် သူတို့ကို ဖြစ်ပေါ်စေသော ဖိအားသည် အလွန်ကြီးမားပေ၏။

သူတို့သုံးဦးသည် အပြန်အလှန် ကာကွယ်စောင့်ကြည့်နေစဉ်မှာပင် စာခြောက်ရုပ်သည် အနီရောင်နတ်ဆိုး အစောင့်အရှောက်၏ နောက်ကျောသို့ တိတ်တဆိတ် ရောက်ရှိလာသည်။

သူသည် တူတူပုန်းတမ်း ကစားနေသူတစ်ဦးအလား ခြေဖျားထောက်ကာ လျှောက်လှမ်းလာပြီး သူ၏ ကစားလိုသော မျက်နှာပေါ်တွင် မည်သူမျှ သတိမထားမိသော စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

အနီးရောင်နတ်ဆိုးအစောင့်အရှောက်၏အနီးသို့ ရောက်ရှိချိန်၌ စာခြောက်ရုပ်သည် သူ၏ကောက်ရိတ်ဓားကို ဆန့်တန်းလိုက်၏။

"မိပြီ... ဟီး ဟီး..."

ဤအသံသည် သူ၏ဘေးနားကပ်လျက်တွင် ရှိနေသည်။

ထိုအသံကြောင့် အနီရောင်နတ်ဆိုး အစောင့်အရှောက်၏ဦးရေပြား ထုံကျင်သွားသည်။

သူသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို လှည့်ပတ်လိုက်ပြီး ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်၏။

သို့သော် သူ မလှုပ်ရှားနိုင်သေးမီမှာပင်...

ကောက်ရိတ်ဓားက သူ့ထက်ပို၍ လျှင်မြန်နေသည်။ ကောက်ရိတ်ဓား ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ခေါင်း ပြတ်ထွက်သွားသည်ကို ခံစားလိုက်ရသည်။

စာခြောက်ရုပ်သည် သူ၏ကောက်ရိတ်ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး ချိတ်ပါလာသော စိတ်ဝိညာဉ်ကို မီးအိမ်ထဲသို့ ချောမွေ့စွာ ထည့်လိုက်သည်။

ထို့နောက် သူ၏ပုံရိပ်သည် ရိပ်ခနဲဖြစ်သွားပြီး ထပ်မံ၍ ပျောက်ကွယ်သွားသည်။

သွေးနတ်ဆိုး အစောင့်အရှောက်နှင့် အရူးနတ်ဆိုး အစောင့်အရှောက်တို့သည် အလွန်ကြောက်ရွံနေသဖြင့် လိပ်ပြာလွင့်ပါးလုမတတ် ဖြစ်သွားကြသည်။

အနီရောင်နတ်ဆိုး အစောင့်အရှောက်သည် သူတို့လေးယောက်အနက် အသန်မာဆုံးပင်။

သူသည် ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့်သို့ပင် ရောက်ရှိနေလေပြီ။

သို့သော် သူသည် ဤအတိုင်း ပျောက်ကွယ်သွားခဲ့သည်။

အစိမ်းရောင်နတ်ဆိုး အစောင့်အရှောက်ကဲ့သို့ပင် သူသည်လည်း မခုခံနိုင်ခဲ့ဘဲ ခေါင်းဖြတ်ခံလိုက်ရသည်။

တစ်ဖက်လူမှ သူတို့ကိုသတ်ရန်အခက်အခဲသည် မြက်ရိတ်သည့်အလား သို့မဟုတ် ဖရဲသီးလှီးသည့်အလား အလွန်လွယ်ကူနေသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့၏စိတ်ထဲတွင် အတွေးတစ်ခု တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

"ပြေး..."

'ဝေးနိုင်သမျှ အဝေးဆုံးကို ပြေးရမယ်...'

'ဒီနေရာက အရမ်း ကြောက်စရာ ကောင်းလွန်းတယ်...'

အကယ်၍ သူတို့ အသက်ရှင်ရက် ထွက်ပြေးနိုင်ခဲ့လျှင် ဤဘဝတွင် အရှေ့ပိုင်းဒေသကို ခြေမချတော့ဟု ကျိန်ဆိုရပေမည်။

ကြောက်စရာ ကောင်းလွန်းတယ်...

ယင်သုံးပါးနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် နှစ်ယောက်သည် အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် သူတို့၏အသက်များ တစ်ယောက်ပြီးတစ်ယောက် ရိတ်သိမ်းခံလိုက်ရသည်။ ထို့ပြင် တရားခံသည် မည်ကဲ့သို့ ပုံစံမျိုး ရှိသည်ကိုပင် သူတို့ မမြင်လိုက်ရချေ။

ပြိုင်ဘက်၏ ကြောက်မက်ဖွယ်ကောင်းမှုသည် သူတို့၏စိတ်ကူးယဉ်နိုင်စွမ်းကို လုံးဝကျော်လွန်နေပြီဖြစ်ရာ သူတို့ ယှဉ်ပြိုင်နိုင်စွမ်း မရှိသည်မှာ သေချာပေါက်ပင်။

"ဟီး ဟီး.."

ထိုအချိန်မှာပင် ရယ်သံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။

သွေးနတ်ဆိုး အစောင့်အရှောက်နှင့် အရူးနတ်ဆိုး အစောင့်အရှောက်တို့၏ မျက်နှာများသည် ကြောက်ရွံ့မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။

ဤအသံသည် သူတို့၏ဘဝတွင် ကြားဖူးသမျှ အဆိုးရွားဆုံးသော နတ်ဆိုးအသံပင်။

လေးလံသော ပဲ့တင်သံများနှင့် ရောနှောနေသည့် မကောင်းဆိုးရွားဆန်သော ရယ်သံသည် သေမင်း၏အချက်ပေးသံအလားပင်။

"ဝှစ်..."

ကောက်ရိတ်ဓား ပျံ့လွင့်လာသည်နှင့်...

လေထဲသို့ ပျံသန်းသွားသော ထိုလူနှစ်ယောက်၏ ပုံရိပ်များသည် ရုတ်တရက် ငြိမ်သက်သွားပြီး ခန္ဓာကိုယ်ကိုထိန်းချုပ်သည့် မှော်မန္တန်ဖြင့် ပြုစားခံလိုက်ရသကဲ့သို့ ဖြစ်သွားပေ၏။

ထို့နောက် သူတို့၏ခန္ဓာကိုယ်များ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

သူတို့၏ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားပြီး ပန်းထွက်လာသော သွေးများသည် မြေပြင်၏ နေရာအများအပြားကို စွန်းထင်းသွားစေသည်။

ဤအချိန်တွင် ခေါင်းမပါသော နောက်ထပ် အလောင်းနှစ်လောင်းသည် တောင်တန်းများထဲတွင် လဲလျောင်းနေလေပြီ။

ယင်သုံးပါးနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် လေးဦးသည် ပျက်စီးယိုယွင်းနေသော အမည်မသိ တောင်ပေါ် ဘုရားကျောင်းလေးထဲတွင် ဤကဲ့သို့ သေဆုံးသွားခဲ့ကြသည်။

သူတို့ သေဆုံးသွားချိန်အထိ တရားခံအစစ်အမှန်သည် မည်ကဲ့သို့ ပုံစံမျိုးရှိသည်ကို သူတို့ မမြင်တွေ့လိုက်ရချေ။

ထို့ပြင် သူတို့ သေဆုံးသွားချိန်အထိ တိုက်ခိုက်ခြင်း၏ခြေရာလက်ရာ တစ်ခုတစ်လေမျှ မကျန်ရစ်ခဲ့ချေ။

သူတို့သည် ကြီးကျယ်ခမ်းနားစွာ နေထိုင်ခဲ့ကြသော်လည်း ဆင်းရဲဒုက္ခရောက်ပြီး နာကျည်းစွာ သေဆုံးခဲ့ရသည်ဟု ဆိုရပေမည်။

"ဟီး ဟီး..."

ထိုလူလေးယောက် သေဆုံးသွားချိန်၌...

လေဟာနယ်ထဲတွင်ရှိနေသော စာခြောက်ရုပ်သည် စိတ်ဝိညာဉ်အနည်းငယ်ကို မီးအိမ်ထဲသို့ ပျော်ရွှင်စွာ စုဆောင်းလိုက်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ၏ ထူးဆန်းသောမျက်နှာပေါ်ရှိ မျက်တွင်းဟောင်းလောင်းပေါက်များသည် ရှင်းပြ၍မရနိုင်အောင် တောက်ပသွားသည်။

ထို့နောက် သူသည် ထူးခြားပြီး ခုန်ဆွခုန်ဆွ ခြေလှမ်းများဖြင့် အလောင်းလေးလောင်း၏ နံဘေးသို့ ရွေ့လျားသွားပြီးနောက် ပစ္စည်းများကို စတင်၍ ရှာဖွေလိုက်တော့သည်။

မကြာမီ...

ရွှေ ငွေ နှင့် ရတနာ တစ်ပုံကြီးကို သူတို့၏ သိုလှောင်လက်စွပ်များထဲမှ ဆွဲထုတ်လိုက်ရာ မငြိမ်းသေးသော မီးရောင်အောက်တွင် တောက်ပနေပေ၏။

"ဟီး ဟီး ဟီး..."

စာခြောက်ရုပ်၏ ခြောက်ခြားဖွယ် မျက်နှာမှ နတ်ဆိုးရယ်သံတစ်သံ ထွက်ပေါ်လာသည်။

အကြွေစေ့ တစ်ပြားမှ မကျန်ရစ်ကြောင်း သေချာစေပြီးနောက် သူသည် ခြေဖျားထောက်ကာ မြေကြီးပေါ်တွင် ဘယ်ယိမ်းညာယိမ်းဖြင့် လျှောက်လှမ်းပြီး ထွက်ခွာသွားတော့သည်။

All Chapters