← Chapters

သတ်ဖြတ်ခြင်း

Vol. 15 Ch. 150

သတ်ဖြတ်ခြင်း

Vol. 15 Ch. 150

သူတို့သည် မည်သည့်အရာကို မြင်လိုက်ရသနည်း...

ဝင်္ကပါအတွင်း၌ ကျုံးချင်သည် လက်နောက်ပစ်ကာ လမ်းလျှောက်နေပေ၏။

ထို့နောက် သူသည် ထိုအတိုင်း တည်ငြိမ်အေးဆေးစွာ လျှောက်လှမ်းထွက်လာသည်။

ဤမြင်ကွင်းသည်...

သူတို့လူတစ်စုအတွက် မိုးပြိုကျပြီး မြေကျွံဝင်သွားသကဲ့သို့ ဖြစ်နေပြီး သူတို့၏ဦးရေပြားများ ထုံကျင်သွားသည်အထိ လန့်ဖျပ်သွားစေသည်။

ဤ 'အစွန်းနှစ်ဖက် ဖြားယောင်းသတ်ဖြတ်ခြင်း မဟာဝင်္ကပါ' သည် မြောက်ပိုင်းဒေသ၏ နာမည်ကျော် ဝင်္ကပါဆရာသခင် ချန်ပေရွှမ်း၏ မြေးတပည့်ကိုယ်တိုင် တည်ဆောက်ထားခြင်းပင်။

ဤအရာသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်အောက်ရှိ သက်ရှိဟူသမျှအတွက် သေမင်းတမန်ဝင်္ကပါကြီးဟု လူသိများကျော်ကြားသည်။

ဤဝင်္ကပါထဲသို့ ဝင်ရောက်မိသည်နှင့် အစွမ်းထက်သော မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးမှလွဲ၍ မည်သူမျှ ချိုးဖျက်နိုင်ခြင်း မရှိချေ။

သူတို့သည် ဤဝင်္ကပါကို အသုံးပြုပြီး ကျင့်ကြံသူ မည်မျှထိများများကို ထောင်ဖမ်းပြီး သတ်ဖြတ်ခဲ့ကြပြီးပြီနည်း....

ထိုလူများအနက် လမင်းနက်နဲသိမ်မွေ့နယ်ပယ်နှင့် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူအမြောက်များပင် ပါဝင်နေသည်။

သို့သော် ယခုအချိန်တွင် ကျုံးချင်၏လုပ်ရပ်သည် ဝင်္ကပါကို ချိုးဖျက်ခြင်းထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။

ဤမျှထိ ကြီးမားသော ဝင်္ကပါကြီးထဲမှ သူသည် မြေပြန့်လွင်ပြင်တွင် လမ်းလျှောက်နေသည့်အလား တည်ငြိမ်စွာ လျှောက်လှမ်းထွက်လာခဲ့သည်။

ဒါက... ဒါက ဘယ်လို လူမျိုးလဲ...

အဆင့် ၁၂ မုန်တိုင်းကဲ့သို့ လှိုင်းဂယက်များသည် သူတို့၏စိတ်နှလုံးသားထဲတွင် လှိုင်းထန်နေပြီး သူတို့ကို စကားပင် ကောင်းကောင်းမပြောနိုင်သည်အထိ ကြောက်ရွံ့သွားစေသည်။

"စီနီယာ... စီနီယာ... ကျွန်တော် ပြောပြမယ်...ကျွန်တော်တို့က စီနီယာကို စနောက်နေကြတာပါလို့ပြောရင်...စီနီယာ ယုံလား..."

လင်းပုဖန်သည် တံတွေးတစ်လုတ် မျိုချလိုက်ပြီး သွက်ချပါဒရောဂါကို ခံစားနေရသူတစ်ဦးအလား သူ၏အသံများ တုန်ရီနေသည်။

ကျုံးချင်သည် ထိုလူများကို ကြည့်လိုက်၏။

သူက လျစ်လျူရှုသောလေသံဖြင့် ပြောဆိုသည်။

"အော်... ဒါက နောက်ပြောင်တာ သက်သက်ပေါ့..."

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."

ထိုလူများသည် ကြက်ပေါက်လေးများ စပါးကောက်နေသည့်အလား ခေါင်းကို ဆက်တိုက် ညိတ်လိုက်ကြပြီး မိဘဆုံးပါးသွားသူများကဲ့သို့ ငိုမဲ့မဲ့အပြုံးများကို အတင်းအကြပ် ညှစ်ထုတ်လိုက်ကြသည်။

ကြောက်စရာ ကောင်းလွန်းတယ်...

ထိတ်လန့်စရာ ကောင်းလွန်းတယ်...

သူတို့၏ ဘဝသက်တမ်းတစ်လျှောက်တွင် ဝင်္ကပါတစ်ခုကို ဤမျှထိ ရိုးရှင်းပြီး အရိုင်းဆန်သော နည်းလမ်းဖြင့် ချိုးဖျက်နိုင်သူ ရှိသည်ဟု တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

"အကြွေးမဆပ်ရင် ယဉ်ကျေးရာမကျဘူးလို့ လူတွေ ပြောကြတယ်... ငါကရော မင်းတို့ကို ပြန်ပြီး နောက်ပြောင်ရင် ဘယ်လိုလဲ..."

"စီနီယာက ကျွန်တော်တို့ရဲ့အသက်ကို ချမ်းသာပေးမယ်ဆိုရင် ဘာမဆို ညှိနှိုင်းလို့ ရပါတယ်..."

"တကယ်ကို ကံမကောင်းတာပဲ... ငါက မင်းတို့ရဲ့ ခေါင်းတွေကို ခဏလောက် ငှားချင်နေတာ..."

"ဒီနောက်ပြောင်မှုကို မင်းတို့ ဘယ်လိုသဘောရလဲ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူငါးဦး၏ မျက်နှာအမူအယာများ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားတော့သည်။

"စီနီယာ... နောက်မနေပါနဲ့..."

လင်းပုဖန်က ဟန်လုပ်ထားသောအပြုံးဖြင့် ပြောဆိုလိုက်သည်။

သို့သော် နောက်ထပ်အချိန်တခဏတွင် သူ၏မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်နှင့် ပြတ်သားမှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"တိုက်ခိုက်ကြစမ်း..."

လင်းပုဖန်က ဟိန်းဟောက်ပြီးနောက် ချက်ချင်း လှုပ်ရှားလိုက်၏။

"တောင်ခွဲလက်ဝါး..."

"ဆင်တစ်သောင်း လက်သီး..."

"လေပြင်းတိုက်ခတ် တိမ်တိုက်ခြေကန်ချက်..."

"မာန်ဝင့်အေးစက် သတ်ဖြတ်ခြင်းသုံးပါး..."

"ဓားအလင်းတန်း အေးစက်အရိပ်..."

ထိုလူငါးဦးသည် သူတို့၏ အသန်မာဆုံး သတ်ဖြတ်ခြင်းနည်းစနစ်များကို ချက်ချင်း ထုတ်သုံးပြီး အစွမ်းကုန်တိုက်ခိုက်လိုက်ကြသည်။

ဤအရာများသည် သူတို့၏လျှို့ဝှက်နည်းစနစ်များပင်။

ထိုနည်းစနစ်များတွင် လက်သီးသိုင်း ခြေထောက်သိုင်း ဓားသိုင်း လှံသိုင်းနှင့် လက်ဝါးသိုင်းအစရှိသည်တို့ ပါဝင်သည်။

သေရေးရှင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် ထိုလူငါးဦးသည် သေရမည့်အချိန်ကို ထိုင်စောင့်နေရန် ဆန္ဒမရှိကြကြောင်း ထင်ရှားပေသည်။

ဤသတ်ဖြတ်ခြင်း နည်းစနစ်များဆက်တိုက် ထုတ်သုံးလိုက်ခြင်းဖြင့် သူတို့ မနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ပြိုင်ဘက်ကို ဖရိုဖရဲ ဖြစ်သွားစေနိုင်ပြီး အခွင့်ကောင်းယူကာ ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု သူတို့ ယုံကြည်ထားကြသည်။

သို့သော် သူတို့သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ကျုံးချင်ကို အလွန်အမင်း လျှော့တွက်ခဲ့ကြသည်။

မရေမတွက်နိုင်သော သတ်ဖြတ်ခြင်း နည်းစနစ်များအောက်တွင် ကျုံးချင်သည် လက်တစ်ဖက်ဖြင့် ညွှန်ပြကာ မမြင်နိုင်သော ဓားချီစွမ်းအင်တစ်လှိုင်းကို ပစ်လွှတ်လိုက်၏။

ထိုဓားချီသည် သူတို့၏ သတ်ဖြတ်ခြင်း နည်းစနစ်များကို တိုက်ရိုက်ချိုးဖျက်လိုက်ပြီး လူလေးဦးကို ချက်ချင်းသတ်ဖြတ်လိုက်သည်။

အခင်းဖြစ်ပွားရာနေရာတွင် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသာ ကျန်ရစ်ခဲ့ပြီး ကျုံးချင်ကို ထိတ်လန့်တကြား ကြည့်နေသည်။

တိုက်ကွက်တစ်ကွက်...

တိုက်ကွက်တစ်ကွက်တည်းဖြင့် သူတို့ငါးယောက်လုံး၏ တိုက်ခိုက်မှုများကို ချိုးဖျက်လိုက်ရုံသာမက သူမ၏ အပေါင်းအဖော်လေးယောက်ကိုပင် တိုက်ရိုက်သတ်ဖြတ်လိုက်သည်။

ဒါက... ဒီလူရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ထိတောင် ကြောက်စရာ ကောင်းနေတာလဲ...

ဤှတစ်ကြိမ်တွင် သူတို့သည် သံပြားကြီးကို ကန်မိလိုက်သည်ကို သူမ သိလိုက်သည်။

သို့သော် တိုက်ခိုက်မှုတစ်ကြိမ် ပြုလုပ်ပြီးနောက် ကျုံးချင်သည် ထပ်မံ၍ လှုပ်ရှားခြင်း မပြုတော့ချေ။

ဤအချက်က ထိုအမျိုးသမီးကို အသက်ရှင်နိုင်မည့် မျှော်လင့်ချက်ရောင်ခြည် သန်းလာစေသည်။

"စီနီယာ... ကျွန်မတို့က မသိနားမလည်ဘဲနဲ့ စီနီယာ့ကို ပြစ်မှားမိတာ ကျွန်မတို့ရဲ့ အမှားပါ..."

"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး စီနီယာက... ကျွန်မရဲ့အသက်ကို ချမ်းသာပေးပါ..."

"ကျွန်မကို မသတ်ဘဲ အသက်ချမ်းသာပေးတဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ စီနီယာ့ကို ပြုစုဖို့ ကျွန်မက အရာအားလုံးကို ပေးဆပ်ပါ့မယ်..."

ထိုစကားကိုပြောဆိုရင်း သူမသည် သူမ၏ အင်္ကျီကို ဆွဲချလိုက်ရာ ဖြူဖွေးသောရင်သားများ ပေါ်လွင်လာသည်။

သေရေးရှင်ရေးနှင့် ကြုံတွေ့ရချိန်တွင် လူအများစုသည် ဂုဏ်သိက္ခာနှင့် အရှက်တရားများအားလုံးကို စွန့်လွှတ်နိုင်သည်ဟု ဆိုကြသည်။

ထိုအမျိုးသမီးသည် အသက်ရှင်ခွင့်ရရန်အတွက် သူမ၏ခန္ဓာကိုယ်နှင့် လဲလှယ်လိုကြောင်း သိသာထင်ရှားသည်။

သူမသည် နည်းလမ်းစုံကို ထုတ်သုံးနေကာ တစ်ခါတစ်ရံ နူးညံ့သိမ်မွေ့သော ချစ်ခင်မှုပုံစံပြပြီး တစ်ခါတစ်ရံ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အနေအထားများဖြင့် ဖြားယောင်းနေသည်။

သူမသည် ကျုံးချင်၏ရှေ့မှောက်တွင် သူမ၏ ဂုဏ်ယူဖွယ်ရာ အလှတရားများကို ပြသရန် အစွမ်းကုန် ကြိုးစားနေပေ၏။

"မင်းရဲ့ အချိုးမပြေတဲ့ မြှူဆွယ်နည်းတွေကို ဖယ်ထားလိုက်စမ်း... ငါက မင်းကို စိတ်မဝင်စားဘူး..."

သို့သော် ကျုံးချင်၏ စကားတစ်ခွန်းတည်းက ထိုအမျိုးသမီး၏လှုပ်ရှားမှုများကို ချက်ချင်း တောင့်တင်းသွားစေပြီး ကြက်သေသေသွားစေသည်။

သူမသည် သူမ၏အလှအပအပေါ် အလွန်အမင်း ယုံကြည်မှု ရှိခဲ့သည်။

ထို့ပြင် ကျုံးချင်သည် ယောက်ျားလေးယောက်ကိုသတ်ပြီး သူမကိုသာ ချန်ထားခဲ့ပေ၏။ ဤသည်က သူမကို စိတ်ဝင်စား၍ဟူသည်မှာ အသိသာကြီး မဟုတ်လော...

သို့ရာတွင် ယခုချိန်၌ သူ၏လျစ်လျူရှုထားသော မျက်နှာထားကို မြင်တွေ့ချိန်၌ သူမ၏ဆွဲဆောင်မှုအပေါ် ယုံကြည်ချက်အနည်းငယ် လျော့ပါးသွားသည်။

တချို့မိန်းမများသည် အချိန်တော်တော်များများတွင် ရှင်းပြ၍မရသော ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်များဖြင့် ပြည့်နှက်နေတတ်ကြသည်။

ကျုံးချင်သည် သူမ မည်သည့်အရာအား တွေးတောနေသည်ကို ဂရုမစိုက်ချေ။

အစောပိုင်းက တိုက်ပွဲမှ အောင်ပွဲရပစ္စည်းများကို ဖြည်းဖြည်းချင်း လိုက်ကောက်နေရင်း သူက မေးမြန်းလိုက်၏။

"ငါ မင်းကို မေးစရာ မေးခွန်းနည်းနည်း ရှိတယ်..."

"တကယ်လို့ ကျွန်မ အမှန်အတိုင်း ဖြေရင် စီနီယာက ကျွန်မကို လွှတ်ပေးမှာလား..."

ထိုအမျိုးသမီးသည် အသက်ရှင်ရန် အခွင့်အရေးကို ထပ်မံ၍ မြင်တွေ့လိုက်ရသဖြင့် ဝမ်းသာသွားသည်။

"အဲ့ဒါက မင်းရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်တယ်..."

ထိုအမျိုးသမီးသည် ချက်ချင်းဆိုသလိုပင် သူမ၏ သဘောထားကို ပြောင်းလဲလိုက်သည်။

"မေးပါ စီနီယာ... ကျွန်မ သိသမျှ အကုန်လုံး ဘာကိုမှမချန်ဘဲ ပြောပြပါ့မယ်..."

"ဒီနေရာက ဘယ်နေရာလဲ..."

"စီနီယာ့ကို ဖြေပါရစေ... ဒီနေရာက ရွှယ်ဟန်တောင်ပါ..."

"မင်းတို့မှာ စုရပ်နေရာရှိလား..."

"ကျွန်မတို့က ရွှယ်ဟန်တောင် ဖူကွမ်လှိုဏ်ဂူရဲ့ တတိယအစောင့်အရှောက် လက်အောက်ကပါ...ဖူကွမ်လှိုဏ်ဂူက ကျွန်မတို့ရဲ့ ပင်မစခန်းပါ..."

"ဖူကွမ်လှိုဏ်ဂူက ဘယ်နားမှာလဲ..."

"ဒီကနေ အရှေ့ဘက်ကိုသွားပြီး တောင်နှစ်လုံးကျော်ရင် အဲ့ဒါက ကျွန်မတို့ရဲ့ ပင်မစခန်းပါပဲ..."

"စီနီယာ... ပြီးတော့ ကျွန်မတို့ရဲ့ ဖူကွမ်လှိုဏ်ဂူမှာ အစစ်အမှန် လျှို့ဝှက်နယ်မြေတစ်ခုကို မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မြေပုံတစ်ပိုင်းတစ်စတစ်ခု ရှိတယ်ဆိုတာကိုလည်း ကျွန်မ သိထားတယ်..."

"ဒီသတင်းအချက်အလက်တွေက ကျွန်မရဲ့အသက်ကို ဝယ်လို့ရမလား..."

ထိုအမျိုးသမီးသည် အားတက်သရော ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြောသင့်သည် မပြောသင့်သည် မစဥ်းစားဘဲ အရာအားလုံးကို ထုတ်ဖော်ပြောဆိုလိုက်၏။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ကျုံးချင်က ခေါင်းယမ်းလိုက်ခြင်းပင်။

ဤအမူအရာက ထိုအမျိုးသမီး၏ မျက်လုံးများကို ချက်ချင်းပြူးကျယ်သွားစေသည်။

"ရှင်... ရှင်က ကျွန်မရဲ့အသက်ကို ချမ်းသာပေးမယ် ပြောထားတယ်လေ..."

သို့သော် ကျုံးချင်သည် ရှင်းပြရန် ဆန္ဒမရှိချေ။ သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် စိတ်ဝိညာဉ်ဓားတစ်လက် ထွက်ပေါ်လာပြီး ထိုအမျိုးသမီးကို တိုက်ရိုက်ခုတ်ပိုင်းလိုက်ပေ၏။

ထိုအမျိုးသမီးသည် သူ့ရှေ့မှာပင် သူ့ကို "ငတုံး" ဟု ဗြောင်ကျကျ ခေါ်ဆိုရဲခဲ့သည်။ သူ ကျုံးချင်ထံတွင် ဒေါသမရှိဟု သူမ တကယ်ကြီး ထင်နေသလော...

ကျုံးချင်သည် သူ့ကိုယ်သူ လူကောင်းတစ်ယောက် မဟုတ်ကြောင်းနှင့် အနည်းငယ် ရန်ငြိုးထားတတ်သူ ဖြစ်ကြောင်း လက်ခံထားသည်။

ဤလူများသည် သူ့အပေါ် ရန်စလိုက်စဥ်ကတည်းက သူတို့၏အဆုံးသတ်သည် သတ်မှတ်ပြီးသား ဖြစ်သွားလေပြီ။

"ဘုန်း..."

ကျယ်လောင်သော အသံနှင့်အတူ အမျိုးသမီးသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူမ၏ မျက်လုံးများသည် သေဆုံးသည်အထိ ပြူးကျယ်နေပြီး အစွမ်းထက်သူတစ်ဦးအပေါ် ကြောက်ရွံ့မှုများ စွဲထင်ကျန်ရစ်ခဲ့သည်။

သေချာသည်မှာ သူမ၏မျက်လုံးများ မည်မျှထိ ပြူးကျယ်နေပါစေ၊ကျုံးချင်က သူမ၏ပစ္စည်းများကို သိမ်းယူခြင်းအား တားဆီးနိုင်မည် မဟုတ်ချေ။

လူသတ်ပြီး မီးရှို့ခြင်းက ချမ်းသာကြွယ်ဝမှုကို ယူဆောင်လာပေးတယ် ဆိုသည့်အတိုင်း ထိုလူငါးဦး၏ပိုင်ဆိုင်မှုမှာ အတော်လေး များပြားပေ၏။

ကျုံးချင်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားရလောက်အောင်ပင် များပြားနေသည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ထိုပစ္စည်းများအတွင်းတွင် ခြေလှမ်းတစ်ဝက် ဘုရင်အဆင့် နီးပါးသို့ ရောက်ရှိနေသော အရည်အသွေး အလွန်မြင့်မားသည့် စိတ်ဝိညာဉ်ရတနာ အနည်းငယ် ပါဝင်နေခြင်းပင်။

ဤအချက်က သူ့ကို ဖူကွမ်လှိုဏ်ဂူအပေါ် ပို၍ စိတ်ဝင်စားသွားစေသည်။

လက်အောက်ငယ်သား အနည်းငယ်ကပင် ဤမျှ ထိများပြားသော ချမ်းသာကြွယ်ဝမှု ရှိနေလျှင် ရုံးချုပ်ရှိ ဓားပြစခန်းတွင် မည်သို့သော ရတနာများ ရှိနေမည်ကို သူ သိချင်မိသည်။

ဤအကြောင်းကို တွေးတောရင်း ကျုံးချင်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက် အရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဟေးပိုင်... သွားကြစို့..."

သူ ခေါ်လိုက်သည်နှင့် ဝင်္ကပါထဲတွင် ရှိနေသော ဟေးပိုင်သည် မဟာဝင်္ကပါကြီး တစ်ခုလုံးကို လက်သီးတစ်ချက်တည်းဖြင့် တိုက်ရိုက် ဖျက်ဆီးလိုက်သည်။

ဟေးပိုင် စတင်ပေါ်ထွက်လာစဉ်က လမင်းနက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးရုပ်သာ ဖြစ်သော်လည်း ကျုံးချင်က သူ့ကို အကြိမ်ကြိမ် အဆင့်မြှင့်တင်ပေးခဲ့ပြီးနောက် ယခုအချိန်၌ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးရုပ် ဖြစ်လာခဲ့လေပြီ။

မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်အောက်မှ ကျင့်ကြံသူများကိုသာ ပိတ်လှောင်နိုင်သော ဝင်္ကပါတစ်ခုသည် သူ၏တိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်းမရှိပေ။

ဟေးပိုင် ထွက်လာသည်နှင့် သခင်နှင့် အစေခံတို့သည် ကောင်းကင်ယံသို့ ပျံသန်းသွားပြီး သူတို့၏ပစ်မှတ်ဖြစ်သော ဖူကွမ်လှိုဏ်ဂူဆီသို့ တန်းတန်းမတ်မတ် ဦးတည်၍ သွားလိုက်ကြ၏။

ထိုအချိန်တွင် ဖူကွမ်လှိုဏ်ဂူရှိ လူများသည် အန္တရာယ် ကျရောက်လာတော့မည်ကို မသိရှိကြသေးချေ။

သူတို့သည် အပျော်အပါး လိုက်စားပြီး ခမ်းနားထည်ဝါသော ဘဝတွင် သာယာနေကြဆဲပင်။

Thank For Reading.

All Chapters