← Chapters

မင်းရဲ့ဘိုးဘေးကို လာပြီး စကားပြောခိုင်းလိုက်... မင်းက ငါနဲ့ပြောဖို့ အရည်အချင်း မမီဘူး...

Vol. 15 Ch. 143

မင်းရဲ့ဘိုးဘေးကို လာပြီး စကားပြောခိုင်းလိုက်... မင်းက ငါနဲ့ပြောဖို့ အရည်အချင်း မမီဘူး...

Vol. 15 Ch. 143

ဤပုဂ္ဂိုလ်နှစ်ဦးနှင့်ရုပ်သေးရုပ်တစ်ရုပ်တို့သည် အတိုင်းအဆမဲ့တောင်၏ အခြေခံအုတ်မြစ်ကို ထင်ဟပ်ပြသနေခြင်းပင်။

မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် တိုက်ခိုက်ရေးသမား သုံးဦးတိတိ... ဤသည်မှာ မြင့်မြတ်နယ်မြေတစ်ခု၏ စစ်မှန်သော အင်အားပင်။

တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်သော အတိုင်းအဆမဲ့တောင်၏ ဘိုးဘေးကို ထည့်မတွက်လျှင်ပင် ဤမျှအင်အားအထိ ရှိနေပေ၏။

ထိုကဲ့သို့အင်အားကို မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးတည်းသာ မွေးထုတ်ပေးနိုင်သော ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းမှ လုံးလုံးလျားလျား နှိုင်းယှဉ်၍ မရနိုင်ချေ။

မဟာအကြီးအကဲနှင့် မဟာအစောင့်အရှောက် နှစ်ဦးလုံးသည် လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက အဆင့်တက်ခဲ့ကြပြီး မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။

သူတို့နှစ်ဦးလုံးသည် ကောင်းရှစ်ကျီး သို့မဟုတ် ရှဲ့ဟောင် ယှဉ်ပြိုင်နိုင်သူများ မဟုတ်ကြပေ။

ထို့ပြင် မြေကမ္ဘာအဆင့်ရုပ်သေးရုပ်သည် ရုပ်သေးရုပ်သာ ဖြစ်သော်လည်း ထိုအရာ၏တိုက်ခိုက်ရေးစွမ်းရည်သည် အစစ်အမှန် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးထက် မည်သည့်နည်းနှင့်မျှ နိမ့်ကျခြင်း မရှိချေ။

မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အစောပိုင်းအဆင့်သို့ ယခုမှ ရောက်ရှိထားသော ကောင်းရှစ်ကျီးနှင့် ရှဲ့ဟောင်ကဲ့သို့ ကျင့်ကြံသူများသည် ထိုရုပ်သေးရုပ်ကိုပင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် တိုက်ခိုက်ရေးစွမ်းရည်တွင် အပြတ်အသတ် အသာစီးရထားရုံသာမက ယခုတစ်ကြိမ် အတိုင်းအဆမဲ့တောင်မှ စေလွှတ်လိုက်သော နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူအရေအတွက်သည် ဟောက်ဟန်ဂိုဏ်းနှင့်ထျန်းယွင်ဂိုဏ်း နှစ်ခုပေါင်းထက် နှစ်ဆကျော် များပြားသည်။

ကောင်းရှစ်ကျီးနှင့် ရှဲ့ဟောင်တို့၏ မျက်နှာအမူအယာများသည် တည်ကြည်လေးနက်နေပြီး သူတို့ဂိုဏ်းနှစ်ဂိုဏ်းမှ လူများသည် ထိုဖိအားကို ခုခံရန်အတွက် အလိုအလျောက် စုရုံးလိုက်ကြသည်။

သို့ရာတွင် တိုက်ခိုက်ရေးစွမ်းရည် ကွာဟချက် ကြီးမားလွန်းလှသဖြင့် တိုက်ပွဲစတင်သည်နှင့် ဟောက်ဟန်ဂိုဏ်းနှင့် ထျန်းယွင်ဂိုဏ်းတို့တွင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိဟု ဆိုနိုင်ပေ၏။

ထိုအချိန်တွင် လူအများသည် ထင်ရှားသော အကြည့်များ တိတ်တဆိတ် စောင့်ကြည့်နေသော အကြည့်များဖြင့် ရှန်ကျန်းဂိုဏ်း၏ နံဘေးပတ်လည်မှ စောင့်ကြည့်နေကြလေပြီ။

ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့သည် သက်ပြင်းမချဘဲ မနေနိုင်ကြတော့ချေ။

"ဒီရှန်ကျန်းဂိုဏ်းက သူတို့ရဲ့အင်အားကို တော်တော်လေး ဖုံးကွယ်ထားတာပဲ..."

"ရှန်ကျန်းဂိုဏ်းက ကျုံးချင်ဆိုတာ ဘယ်သူများလဲ... ထျန်းယွင်ဂိုဏ်းနဲ့ ဟောက်ဟန်ဂိုဏ်းကို ပြိုင်တူ စည်းရုံးနိုင်တယ်ဆိုတော့ သူက တော်တော်လေး ထူးခြားတယ်..."

"ကံမကောင်းတာက မြင့်မြတ်နယ်မြေတစ်ခုဖြစ်တဲ့ အတိုင်းအဆမဲ့တောင်ကို သွားပြီး ရန်စမိလိုက်တာပဲ... ပထမတန်းစားဂိုဏ်း ဖြစ်နေရင်တောင် ဆိုးရွားတဲ့ ရှုံးနိမ့်မှုကိုပဲ ခံစားရလိမ့်မယ်..."

"မြင့်မြတ်နယ်မြေတစ်ခုရဲ့ စွမ်းအားကို မတွေ့ရတာ နှစ်တွေအများကြီး ကြာခဲ့ပြီပဲ..."

ပထမတန်းစားဂိုဏ်းနှစ်ဂိုဏ်း ပေါင်းစည်းထားလျှင်ပင် မြင့်မြတ်နယ်မြေတစ်ခု၏ ပြိုင်ဘက် မဟုတ်ချေ။ မြင့်မြတ်နယ်မြေတစ်ခုမှ အစွမ်းကုန် ထုတ်သုံးလိုက်ချိန်တွင် အလွန်ကြောက်မက်ဖွယ် ကောင်းနေပေ၏။

အကယ်၍သာ ထိုသို့မဟုတ်ခဲ့လျှင် သူတို့သည် အရှေ့ပိုင်းဒေသကို နှစ်ပေါင်းများစွာ မည်သည်ကြောင့် လွှမ်းမိုးချုပ်ကိုင်ထားနိုင်မည်နည်း။

ကျုံးတောက်ထျန်းက လှောင်ပြောင်လိုက်သည်။

"ဒီနေ့ ငါက မင်းတို့အားလုံးကို အတူတူ ခရီးဆက်ဖို့ ပို့ဆောင်ပေးလိုက်မယ်..."

"ငါ့ရဲ့ အတိုင်းအဆမဲ့တောင်ကို ရန်သူအဖြစ် သတ်မှတ်ခြင်းရဲ့ အကျိုးဆက်ကို ဒီလောကကြီးက သိသွားစေရမယ်..."

သို့သော် ထိုအချိန်မှာပင် အဝေးမှနေ၍ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟုတ်လို့လား..."

"အတိုင်းအဆမဲ့တောင်က တကယ်ကို မောက်မာတာပဲ... အရှေ့ပိုင်းဒေသမှာ မင်းတို့ဂိုဏ်းတစ်ခုတည်းကပဲ မြင့်မြတ်နယ်မြေ ဖြစ်နေတယ်လို့ ထင်နေပုံရတယ်..."

"ဒီလူအိုကြီးက ဒီနေ့ မင်းတို့မှာ ငါတို့ကို ခရီးလွန်အောင် ပို့ဆောင်ပေးနိုင်တဲ့ အရည်အချင်း ရှိမရှိ ကြည့်ချင်သေးတယ်..."

ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ကျုံးတောက်ထျန်း၏မျက်လုံးအကြည့် လှုပ်ရှားသွားသည်။

သူ ရုတ်တရက် လှည့်ကြည့်လိုက်ရာ တောင်ဘက်အရပ်မျက်နှာမှနေ၍ တောက်ပသော အလင်းတန်းများကို စီးနင်းကာ ကောင်းကင်ယံမှ ဆင်းသက်လာသော စွမ်းအားကြီးမားသည့် အရှိန်အဝါနှင့် ကျင့်ကြံသူတစ်စုကို တွေ့လိုက်ရသည်။

ဦးဆောင်လာသော အဘိုးအိုသည် အဖြူရောင် ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းဖြူ တံဆိပ်ပြား ချိတ်ဆွဲထားကာ အလွန်လွတ်လပ်ပေါ့ပါးသော စရိုက်သဘာဝ ရှိပုံရသည်။

"ကျုံးချန်ဖုန်း... မင်းလား..."

ကျုံးတောက်ထျန်း၏ မျက်နှာအမူအယာ အနည်းငယ် ပြောင်းလဲသွားသည်။

ယခုရောက်လာသူများမှာ ချောင်ရှားတောင်ကြား မြင့်မြတ်နယ်မြေမှ လူများမှတပါး အခြားမည်သူများ ဖြစ်နိုင်မည်နည်း။

"အဲ့ဒါက ချောင်ရှားတောင်ကြားက လူတွေပဲ..."

"ငါ အဲ့ဒီလူကို မြင်ဖူးတယ်...သူက ချောင်ရှားတောင်ကြားရဲ့ တတိယဘိုးဘေး ကျုံးချန်ဖုန်းပဲ... ပြီးတော့ သူ့ရဲ့ဘေးကတစ်ယောက်က ဂိုဏ်းချုပ် လုချင်ရှားပဲ..."

"အိုး ဘုရားရေ... ချောင်ရှားတောင်ကြားကပါ ပါဝင်ပတ်သက်နေတာလား..."

"ရှန်ကျန်းဂိုဏ်းက ချောင်ရှားတောင်ကြားနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ ကောလာဟလက တကယ်ကြီး ဖြစ်နေတာလား..."

ချောင်ရှားတောင်ကြားမှ လူများ ရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ မူလက မောက်မာပြီး အရာရာကို အထင်သေးနေခဲ့သော အတိုင်းအဆမဲ့တောင်မှ လူများသည် ရုတ်တရက် တည်ကြည်လေးနက်သွားကြသည်။

အတိုင်းအဆမဲ့တောင်သည် ဟောက်ဟန်ဂိုဏ်းနှင့် ထျန်းယွင်ဂိုဏ်းကို အရေးမလုပ်ဘဲ နေနိုင်သော်လည်း မြင့်မြတ်နယ်မြေတစ်ခုဖြစ်သော ချောင်ရှားတောင်ကြားကိုမူ လျစ်လျူရှု၍ မရနိုင်ချေ။

ကျုံးတောက်ထျန်းသည် ထိုလူအုပ်စုကို စိုက်ကြည့်ရင်း အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ကျုံးချန်ဖုန်း... မင်း ဒီမှာ ဘာလုပ်နေတာလဲ... ဒီကိစ္စက မင်းတို့ ချောင်ရှားတောင်ကြားနဲ့ ဘာမှမဆိုင်ဘူး..."

ကျုံးချန်ဖုန်း၏ ကျင့်ကြံဆင့်မှာ သာမန်သာဖြစ်ပြီး သူ့ထက် များစွာမသာလွန်သော်လည်း သူ၏ရာထူးမှာမူ ချောင်ရှားတောင်ကြား၏ ငြင်းမရနိုင်သော ဒုတိယခေါင်းဆောင်ဖြစ်ပြီး သူသည် ချောင်ရှားတောင်ကြား ဘိုးဘေး၏ ဆန္ဒကို ကိုယ်စားပြုသည်ဟု ဆိုနိုင်သည်။

ကျုံးချန်ဖုန်းက အေးစက်စက် နှာမှုတ်လိုက်သည်။

"ဘာမှမဆိုင်ဘူး ဟုတ်လား... ကျေးဇူးရှင်ကျုံးချင်နဲ့ ပတ်သက်တဲ့ ကိစ္စက ငါတို့ ချောင်ရှားတောင်ကြားရဲ့ ကိစ္စပဲ..."

"အတိုင်းအဆမဲ့တောင်... မင်းတို့က တကယ်ကို မောက်မာနေတာ ကြာလှပြီ... အရှေ့ပိုင်းဒေသမှာ မင်းတို့က ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား..."

"ငါတို့ ချောင်ရှားတောင်ကြားရဲ့ ကျေးဇူးရှင်ကို လက်ဖျားနဲ့ ထိရဲရင် ထိကြည့်စမ်း..."

ကျုံးချန်ဖုန်းက အော်ငေါက်လိုက်သည်။

"အရှင်ရှား... ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ..."

မိုးနှင့်မြေ တုန်ခါသွားစေသော ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာပြီး နဂါးပျံသဏ္ဍာန်ရှိကာ တောက်ပသော အလင်းရောင်များဖြင့် ရစ်သိုင်းလွှမ်းခြုံနေသော သားရဲကြီးတစ်ကောင်မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။ ထိုသားရဲ၏အရှိန်အဝါသည် အလွန်အစွမ်းထက်လှသဖြင့် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများစွာကို ကြောက်ရွံ့သွားစေသည်။

"အဲ့ဒါက တောက်ပနဂါးပျံကြီးပဲ..."

"သူတို့က တောက်ပနဂါးပျံကြီးကိုတောင် စေလွှတ်လိုက်တာလား..."

ဤတောက်ပနဂါးပျံကြီးသည် ချောင်ရှားတောင်ကြား၏ ဂိုဏ်းစောင့်နတ်ဘုရားသားရဲ ဖြစ်ပြီး အတိတ်တွင် ချောင်ရှားတောင်ကြား ဘိုးဘေးကိုယ်တိုင် အနိုင်ယူထားခဲ့သော စွမ်းအားကြီးမားသည့် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် သားရဲတစ်ကောင်ပင်။

ချောင်ရှားတောင်ကြား တစ်ခုလုံးတွင် ဘိုးဘေးနှင့် တတိယဘိုးဘေး ကျုံးချန်ဖုန်းတို့သာလျှင် ထိုသားရဲကို အမိန့်ပေးရန် အရည်အချင်း ပြည့်မီကြသည်။

ထို့ကြောင့်ပင် ကျုံးချန်ဖုန်း ပိတ်မိနေစဉ်က ချောင်ရှားတောင်ကြားမှ လူများသည် တောက်ပနဂါးပျံကြီးကိုပင် ဆက်သွယ်၍ မရခဲ့ဘဲ ကျုံးချင်ထံမှ အကူအညီတောင်းခံရန်သာ တတ်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ချောင်ရှားတောင်ကြားရဲ့ ကျေးဇူးရှင် ဟုတ်လား...

ကျုံးတောက်ထျန်းသည် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်သကဲ့သို့ လန့်ဖျပ်သွားသည်။

သို့သော် ဤအချိန်၌ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ရာ သူ ဆက်လက်၍စဉ်းစားရန် အချိန်မရှိတော့ဘဲ ထိတ်လန့်တကြားနှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းတို့ ချောင်ရှားတောင်ကြားက ငါ့ရဲ့ အတိုင်းအဆမဲ့တောင်ကို ရန်သူလုပ်ချင်တာလား... မြင့်မြတ်နယ်မြေချင်း ပဋိပက္ခဖြစ်တာက ကိစ္စအသေးအဖွဲ မဟုတ်ဘူးနော်... မင်း ကျုံးချန်ဖုန်းက ဒီတာဝန်ကို ယူနိုင်လို့လား..."

သို့သော် အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။

"ဟမ့်.. မြင့်မြတ်နယ်မြေချင်း ပဋိပက္ခ ဟုတ်လား... မင်းက ဒီနာမည်ကြီး တပ်ပြီးတော့ ဘယ်သူ့ကို ခြိမ်းခြောက်ချင်နေတာလဲ..."

"ဒီ သူတောင်းစားအိုကြီးက မင်းတို့ အတိုင်းအဆမဲ့တောင်က ဘယ်လို ယှဉ်ပြိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်..."

အတိုင်းအဆမဲ့တောင်မှ လူများ၏ နှလုံးခုန်သံများ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့ ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။

ပျံ့လွင့်နေသော တိမ်တိုက်ပုံများ ပန်းထိုးထားသည့် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော နောက်ထပ်ကျင့်ကြံသူတစ်စုသည် အရှေ့မြောက်ဘက်မှနေ၍ မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။

ဦးဆောင်လာသူမှာ စုတ်ပြတ်သတ်ပြီး ညစ်ပတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးဖြစ်ပြီး သူတောင်းစားတစ်ယောက်နှင့် တူညီနေသည်။

ဤသည်မှာ ဖူယွင်ဂိုဏ်း အဖွဲ့သားများနှင့်အတူ ရောက်ရှိလာသော ဖူယွင်ဂိုဏ်း၏ဘိုးဘေး သူတောင်းစားအဘိုးအိုမှတပါး တခြားလူ မဟုတ်ချေ။

"အဲ့ဒီအဝတ်အစားတွေအရ... ဖူယွင်ဂိုဏ်းက လူတွေပဲ..."

အဝေးမှ ကြည့်ရှုနေသူများအနက်မှ တစ်စုံတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်သည်။

"ဖူယွင်ဂိုဏ်းလည်း ရောက်လာတာလား..."

"နောက်ထပ် မြင့်မြတ်နယ်မြေတစ်ခုပဲ..."

"ဒီနေ့ကတော့ တကယ်ကို မျက်စိပွင့်သွားစေတာပဲ..."

ကျုံးတောက်ထျန်း၏ မျက်နှာသည် ယခုတစ်ကြိမ်၌ လုံးလုံးလျားလျား ပြောင်းလဲသွားလေပြီ။

ဖူယွင်ဂိုဏ်းလည်း ပါဝင်ပတ်သက်လိမ့်မည်ဟု သူ ဘယ်သောအခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ထို့ပြင် ဖူယွင်ဂိုဏ်း၏ ဘိုးဘေးကိုယ်တိုင် ဦးဆောင်လာခြင်းပင်။

ဒီ ရှန်ကျန်းဂိုဏ်းက ကျုံးချင်ရဲ့ နောက်ခံက ဘာများလဲ...

ကျုံးတောက်ထျန်းသည် မည်းမှောင်နေသော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။

"စီနီယာ... ဖူယွင်ဂိုဏ်းက ဒီကိစ္စနဲ့ ဘာမှ မပတ်သက်ပါဘူး... ဘာလို့ ဝင်ပါချင်ရတာလဲ..."

"ရှန်ကျန်းဂိုဏ်းက ကျုံးချင်က ငါ့ရဲ့သား ကျုံးမင်လွေ့ကို သတ်ခဲ့တဲ့အတွက် ငါ့ရဲ့ အတိုင်းအဆမဲ့တောင်နဲ့ ကြီးမားတဲ့ အငြိုးအတေး ရှိနေတယ်... ဖူယွင်ဂိုဏ်းအနေနဲ့ အတိုင်းအဆမဲ့တောင်ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီကိစ္စမှာ ဝင်မပါဖို့ မျှော်လင့်ပါတယ်..."

သူ၏ အတိုင်းအဆမဲ့တောင်သည် မည်မျှပင် မောက်မာထောင်လွှားပါစေ မြင့်မြတ်နယ်မြေနှစ်ခုကို တပြိုင်နက်တည်း ရင်ဆိုင်ဖြေရှင်းနိုင်သည်ဟု သူ မပြောရဲချေ။

လက်ရှိအခြေအနေသည် သူ၏ထိန်းချုပ်မှုအောက်မှ လုံးလုံးလျားလျား လွတ်ကင်းသွားခဲ့လေပြီ။

သို့သော် သူတောင်းစားအိုကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ကျုံးတောက်ထျန်း... မင်းမွေးထားတဲ့ ခွေးတိရစ္ဆာန်လေးရဲ့ ဂုဏ်သတင်းကို ငါ ကြားဖူးပါတယ်... သူက ကောင်းတာဆိုလို့ ဘာမှမလုပ်ဖူးဘူးလေ..."

"ညီလေးကျုံးချင် သူ့ကိုသတ်လိုက်တာက သူ့အပြစ်နဲ့သူ ခံရတာပဲ... အဲ့ဒါကို မင်းက ဒီနေရာထိ လာပြီးတော့ ဖြေရှင်းချက် တောင်းဆိုရဲသေးတယ်ပေါ့..."

"ညီလေးကျုံးချင်ကို ဆန့်ကျင်တာက ဒီ သူတောင်းစားအိုကြီးကို ဆန့်ကျင်တာပဲ..."

"ငါ့ရဲ့ ဖူယွင်ဂိုဏ်းက ဝင်ပါမယ်ဆိုရင်ရော မင်းက ဘာလုပ်ချင်လဲ... မြင့်မြတ်နယ်မြေချင်း ပဋိပက္ခဆိုပြီး လူတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတုန်းလား... မင်းရဲ့ဘိုးဘေးကို လာပြီး စကားပြောခိုင်းလိုက်... မင်းက ငါနဲ့ပြောဖို့ အရည်အချင်း မမီဘူး..."

ထိုအချိန်တွင် ကျုံးတောက်ထျန်းသည် နောက်ဆုံး၌ ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

ဒီ ကျုံးချင်က တကယ်ပဲ ဘယ်သူလဲ...

ချောင်ရှားတောင်ကြား တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ဖူယွင်ဂိုဏ်း၏ဘိုးဘေးကလည်း သူ့ကို ညီလေးဟု ခေါ်ပြီး သူ့ဘက်က ရပ်တည်ပေးနေသလော...

ပထမဦးစွာ သူတောင်းစားအိုကြီးသည် ဖူယွင်ဂိုဏ်း၏ ဘိုးဘေးဖြစ်သည့်အတွက် ကျင့်ကြံခြင်းနှင့် ဝါရင့်မှုပိုင်းတွင်

သူ၏ဘိုးဘေးနှင့် ယှဉ်နိုင်ပြီး သူ၏ဂုဏ်ဒြပ်မှာ ကျုံးတောက်ထျန်း နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။ တောက်ပနဂါးပျံကြီးနှင့် သူတောင်းစားအိုကြီး ပူးပေါင်းလိုက်သည်ကို ထည့်တွက်လိုက်ရုံဖြင့် တစ်ဖက်တွင် ယခုအချိန်၌ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် တိုက်ခိုက်ရေးသမား စုစုပေါင်းလေးဦး ရှိနေလေပြီ။ ထိုဂိုဏ်းနှစ်ဂိုဏ်းမှ မြောက်မြားစွာသော နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင်ကြံသူများလည်း ပါဝင်နေသည်။

သူတို့အတိုင်းအဆမဲ့တောင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သိသာထင်ရှားစွာပင် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားလေပြီ။

All Chapters