← Chapters

(405) ပါရမီရှင်တစ်ဦး၏ ကျဆုံးခြင်း + ဖျက်ဆီးလိုမှုများ ဖြန့်ဝေခြင်း + အွန်လိုင်းမီဒီယာ (3)

Vol. 41 Ch. 45

(405) ပါရမီရှင်တစ်ဦး၏ ကျဆုံးခြင်း + ဖျက်ဆီးလိုမှုများ ဖြန့်ဝေခြင်း + အွန်လိုင်းမီဒီယာ (3)

Vol. 41 Ch. 45

မရေတွက်နိုင်သော ဆဲရေးတိုင်းထွာခြင်းများ၊ စွပ်စွဲချက်များက ဟဲကျောင်ရှန်းအား ဦးတည်ထိုးနှက်နေခဲ့သည်။

အဖေဟဲ ဆေးကုသမှုခံယူနေသော နေရာမှ ဒေသခံအချို့သည်လည်း ထိုဆေးရုံသို့ သွားရောက်၍ ဖခင်ဟဲ၏ အခန်းပေါက်တွင် သားဖြစ်သူအား အော်ဟစ်ဆဲဆိုခဲ့ကြသည်။

သူ့အား သေစေရန် ကျိန်ဆဲခဲ့ကြသည်။

ဒဏ်ရာများ အရှင်းမပျောက်ကင်းသေးသော ဖခင်ဟဲမှာ ထိုပြဿနာရှာသူများဖြင့် ငြင်းခုန်ရန်ဖြစ်နေစဉ် ဒေါသထွက်လွန်းသောကြောင့် နှလုံးဖောက်သွားခဲ့သည်။

ဟဲကျောင်ရှန်း သတင်းကြားရ၍ ဆေးရုံသို့ ရောက်ရှိလာချိန်တွင် ဖခင်ဖြစ်သူအား အသက်မကယ်နိုင်တော့ပေ။

အလုံးစုံ ပြိုလဲသွားခဲ့သော လူငယ်လေးမှာ ဒေါသတကြီး အော်ဟစ်ငိုယိုနေခဲ့ပြီး ဖခင်ဖြစ်သူအား သေစေခဲ့သူများကို သတ်ပစ်ချင်ခဲ့သည်။

သို့သော် သူ့အား ဆေးရုံဝန်ထမ်းများမှ တားမြစ်၍ နှစ်သိမ့်ပေးခဲ့ကြလေသည်။

ဟဲကျောင်ရှန်းာ ဖခင်ဖြစ်သူ၏ သက်မဲ့ကိုယ်ခန္ဓာအား ဖုတ်ကောင်တစ်ကောင်ကဲ့သို့ သယ်ဆောင်လာခဲ့သည်။ သူထံတွင် နောက်ဆံတင်းစရာ ကိစ္စမရှိတော့ပေ။

သူသည်က သေရွာလမ်းသို့ အမုန်းတရားများ အပြည့်ဖြင့် ဖြတ်လျှောက်သွားခဲ့သည်။

ကုကျစ်စုန့်နှင့် ရဲအရာရှိတို့၏ ရှာဖွေတွေ့ရှိချက်များအရ ဒေသခံ ဝက်ဘ်ဆိုက်ငယ်လေးတစ်ခုတွင်သာ ဖခင်ဟဲ၏ သေဆုံးမှုအကြောင်း သတင်းရေးသားထားခဲ့ပြီး ပို့စ်အောက်မှ မှတ်ချက်များသည်လည်း ‘သေသင့်လို့သေတာ’ ဆိုသော စကားလုံးများကသာ ပြည့်နှက်နေခဲ့သည်။

တစ်ဖက်တွင်တော့ တိတ်တဆိတ်‌ သတ်သေသွားခဲ့သည့် ဟဲကျောင်ရှန်း၏ သေဆုံးမှုမှာ အကြီးအကျယ် သတင်းပြန့်နှံ့သွားခဲ့သည်။

သတင်းဝက်ဘ်ဆိုက်များ၊ ကြော်ငြာအကောင့်များတွင် သူ သေဆုံးသည့် သတင်းက ပလူပျံနေခဲ့ပြီး မှတ်ချက်များတွင်လည်း ဆဲရေးတိုင်းထွာသူများသာ ပြည့်နှက်နေခဲ့သည်။

လမ်းမှားရောက်သွားရသော အရည်အချင်းရှိသည့် ပန်းချီဆရာငယ်လေးအတွက် စိတ်မကောင်းကြောင်း ရေးသားမိသူများသည်လည်း ဦးနှောက်မရှိသော၊ ဟဲကျောင်ရှန်း၏ အပြစ်အား ဖုံးကွယ်ရန် ကြံစည်နေသော လူများဟု နာမည်တပ်ခံရကာ ဆဲဆိုခံခဲ့ရရှာသည်။

မည်သူမျှ မသိသော အမှန်တရား၏ နောက်ကွယ်မှ အသားစားတိရိစ္ဆာန်တစ်ကောင်ကတော့ သူရရှိလိုက်သော အကျိုးအမြတ် စည်းစိမ်များကို ခံစားရင်း အသံတိတ်စောင့်ကြည့်နေခဲ့သည်။

အပြစ်မဲ့သော ဖခင်နှင့် သားငယ်တို့မှာ အသက်ဖြင့် ပေးဆပ်ခဲ့ရသည်။

လအနည်းငယ်ကြာပြီးနောက် ‘သေခြင်းမှတ်စု’များက အင်တာနက်ပေါ်တွင် ပျံ့နှံ့လာခဲ့ပြီးနောက် မတရားစွာ သေဆုံးခဲ့ရသော ဟဲကျောင်ရှန်းနှင့် ပတ်သတ်သည့် လူအများအပြား သေဆုံးခဲ့ကြသည်။

ကုကျစ်စုန့် ဖုန်းဖြင့် နံရံပေါ်မှ ပန်းချီကားအား ဓာတ်ပုံရိုက်ကူးလိုက်သည်။ ထို့နောက် ဖုန်းတစ်ဖက်မှ ရဲအရာရှိအား စကားပြန်လိုက်သည်။

“ကျွန်မ အခြေအနေကို သဘောပေါက်ပါပြီ ၊ဒီမှာလည်း ရှာတွေ့ထားတာလေးတွေ ရှိတယ် ကျွန်မတို့ ရဲစခန်းမှာပဲ ဆုံကြရအောင်ပါ”

နာရီဝက်ခန့်ကြာပြီးနောက်။

တာဝန်ကျရဲအရာရှိနှင့် ကုကျစ်စုန့်တို့ နှစ်ဦးလုံး ရဲစခန်းသို့ အချိန်ကိုက်ရောက်ရှိလာခဲ့ကြပြီးနောက် ကျန်အဖွဲ့ဝင်များကိုပါ ခေါ်ယူ၍ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံခန်းအတွင်းမှ ကျောက်သင်ပုန်းငယ်တွင် သေဆုံးသွားသူများ၏ ဓာတ်ပုံများ၊ သေဆုံးရသည့်အကြောင်းရင်းနှင့် ဟဲကျောင်ရှန်းနှင့် ပတ်သတ်မှုတို့အား ရေးသားထားခဲ့ကြသည်။

“အခုထိ သိရတဲ့ အချက်အလက်တွေအရ ကျွန်တော်တို့ လွန်ခဲ့တဲ့ သုံးလလောက်က သေဆုံးခဲ့တဲ့ ကောလိပ်ကျောင်းသားလေး ဟဲကျောင်ရှန်းကို ရှာတွေ့ခဲ့ပါတယ်”

“အခုလက်ရှိ ‘သေခြင်းမှတ်စု’တွေအရ သေဆုံးရသူတွေအားလုံးက သူသေဆုံးရခြင်းနဲ့ သွယ်ဝိုက်ပြီး ပတ်သတ်နေတယ်”

ပထမသေဆုံးသူ အန်းမိုသည်က ဟဲကျောင်ရှန်း၏ အခန်းဖော်ဖြစ်သည်။

သူသည်က ဟဲကျောင်ရှန်း၏ လွယ်အိတ်အား ရုံးခန်းမှ အဆောင်သို့ ယူလာပေးသူလည်းဖြစ်ပေသည်။

ပြဿနာတစ်ခုလုံးတွင် ဟဲကျောင်ရှန်းအား ပထမဆုံး နောက်ကျောကို ဓားဖြင့် ထိုးခဲ့သူဖြစ်ကာ အကျိုးအမြတ်ခံစားခဲ့ရသူလည်း ဖြစ်သည်။

တာဝန်ကျရဲအရာရှိက အန်းမို၏ ဓာတ်ပုံကို ထောက်ပြကာ ပြောလိုက်သည်။

“ဟဲကျောင်ရှန်း သူ့ရဲ့ ပို့စ်မှာ ရေးသားထားချက်အရ အန်းမိုက ဟိုင်မင်ရဲ့ ရုံးခန်းထဲကို ဝင်လိုက်တဲ့အချိန်တုန်းက သူ့ရဲ့လွယ်အိတ်နဲ့ ပန်းချီကားလိပ်ကို အတူတူချထားတယ်မြင်တယ်လို့ ပြောခဲ့တယ်တဲ့”

“ဒါပေမယ့် အဲဒီပို့စ်ကိုလည်း တင်ပြီးတာနဲ့ အန်းမိုက ချက်ချင်း ကျောင်းသားဂရုချက်ထဲမှ ဟဲကျောင်ရှန်းက လိမ်ပြောတာ၊ သူ ဘယ်တုန်းကမှ အဲဒီစကားကို မပြောခဲ့သလို ဘယ်ပန်းချီကားကိုမှလည်း မမြင်ခဲ့ပါဘူးဆိုပြီး ဝင်ပြောခဲ့တယ်”

“ဟဲကျောင်ရှန်းကသာ အမှန်တရားကို ပြောနေခဲ့တာဆိုရင် အန်းမိုရဲ့ လိမ်ရတဲ့အကြောင်းအရင်းက ထင်ရှားနေပြီ

သူ ကျောင်းကနေ သေချာပေါက် ဘွဲ့ရပြီး အောင်ချင်လို့ပဲ”

မူလတွင် ဟဲကျောင်ရှန်း၏ အဆင့်များသည်က အမြဲလိုလို ထိပ်ဆုံးသုံးဦးတွင် ပါဝင်နေခဲ့ပြီး ကျောင်းမှ သေချာပေါက် ဘွဲ့ရမည့် ကျောင်းသားစာရင်းတွင်လည်း ပါဝင်နေခဲ့ပြီးဖြစ်သည်။

ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် သူ၏ ဘွဲ့ရမည့် အခွင့်အရေးကိုလည်း ဆုံးရှုံးခဲ့ရပြီး ထိုအခွင့်အရေးအား ရရှိသွားသူက အန်းမိုပင်။

အန်းမိုက မသေဆုဲးခင်တွင် ဖန်းချန်းအနုပညာတက္ကသိုလ်တွင် တက်ရောက်နေသော ဘွဲ့လွန်ပထမနှစ်တက်နေသော ကျောင်းသားတစ်ဦးဖြစ်သည်။

ဒုတိယသေဆုံးသည့် လူမှုဆက်ဆံရေးကုမ္ပဏီမှ ဝန်ထမ်းဖြစ်သူက မားကတ်တင်းအကောင့်အများအပြား၊ သူ၏ ဖော်လိုဝါများအား အသုံးချ၍ ဟဲကျောင်ရှန်းအား ဆဲရေးတိုင်းထွာကြရန် နှိုးဆော်ပေးခဲ့သည်။

သတင်းမှားများဖြင့် အင်တာနက်အသုံးပြုသူများ၏ ဒေါသကို လှုံ့ဆွပေးခဲ့သည်။

လူထု၏ အတွေးအမြင်များက တဖက်သတ်ဆန်လွန်းသောကြောင့် ဟဲကျောင်ရှန်း၏ သတင်းသည်လည်း အင်တာနက်တစ်ခုလုံးတွင် ဆဲရေးတိုင်းထွာစရာတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် ထိုလူ၏ ‘သတင်းပျက်များ လွှင့်ခြင်း’သည်က ဟဲကျောင်ရှန်းသေဆုံးခဲ့ရသည့် အချက်များတွင် အဓိကတစ်ချက်လည်း ဖြစ်လာခါ်သည်။

ထိုသို့သော မားကတ်တင်းအကောင့်များက အကျိုးအမြတ်တစ်စုံတစ်ရာမရှိဘဲ လုပ်ဆောင်တတ်သူများမဟုတ်ပါချေ။

အနုပညာနယ်ပယ်အတွင်းမှ မဟုတ်သော၊ တီဗီရှိုးများတွင် မပါဝင်သော သာမန်ကျောင်းသားငယ်တစ်ဦးအား ဤမျှထိ နာမည်ပျက်အောင် လုပ်ဆောင်ခဲ့ကြခြင်းဆိုသည်မှာ တစ်စုံတစ်ယောက်မှ အခကြေးငွေပေးကာ ခိုင်းစေထားခြင်းကြောင့်သာ ဖြစ်ရမည်။

ထိုမားကတ်တင်းသမားအား ရှာတွေ့ခဲ့ချိန်တွင် သူက ကွန်ပြူတာရှေ့တွင် ရုတ်တရက် သေဆုံးခဲ့ရခြင်းဖြစ်ကာ မျက်လုံးများသည်လည်း ပြူးကျယ်နေခဲ့သည်။

တတိယမြောက် သေဆုံးသူက ဖန်းချန်းအနုပညာတက္ကသိုလ်မှ ပရော်ဖက်ဆာတစ်ဦးဖြစ်ပြီး သူသည်က သေဆုံးသူ အန်းမို၏ ဆရာဖြစ်သကဲ့သို့ ‘ကူးချခြင်း’ပြဿနာတွင် အဓိက ပါဝင်သူတစ်ဦးလည်းဖြစ်သည်။

သူသည်လည်း ဟဲကျောင်ရှန်းတက်ရောက်နေသော အတန်းတစ်ခုအား သင်ကြားပေးသူဖြစ်ကာ ဟဲကျောင်ရှန်းမှ သူ့၏အလုပ်များအား များစွာ ကူညီပေးခဲ့ဖူးသည်။

ဟဲကျောင်ရှန်း၏ ဘလော့ပို့စ်တွင် ရေးသားထားခဲ့သည်။ သူ၏ ပန်းချီကားကို ခိုးယူခံထားရသည်ဟု သိလိုက်ရပြီးနောက် ထိုဆရာဖြင့် သွားရောက်တွေ့ဆုံခဲ့ဖူးသည်။

ဆရာဖြစ်သူမှ ‘ရေဝဲဂယက်’မှာ ဟိုင်မင်ကျွမ်းကျင်သည့် စတိုင်မျိုးမဟုတ်။ ဟဲကျောင်ရှန်း၏ တင်ပြချက်အား သူ အပြည့်အဝယုံကြည်ကြောင်းဆိုခဲ့သည်။

အနုပညာအစည်းအရုံးထံမှ အကူအညီရယူပေးမည်ဖြစ်ကြောင်း၊ သူ့အား ကူညီပြီး သက်သေရှာပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် ပို့စ်တင်ပြီးချိန်တွင် ထိုဆရာဖြစ်သူသည်လည်း ဟဲကျောင်ရှန်းအား ‘အရှက်မရှိ’ဟု ဆူပူကာ၊ ထိုစကားအား သူမည်သည့်အချိန်ကမျှ မပြောဆိုခဲ့ဖူးကြောင့း ပို့စ်တင်လာခဲ့သည်။

သူက ဟိုင်မင်၏ အကျင့်စာရိတ္တအား ယုံကြည်ကြောင်း၊ ဟဲကျောင်ရှန်းသည် အတန်းထဲတွင်လည်း တစ်ယောက်တည်းနေတတ်သည့် ကျောင်းသားတစ်ဦး ဖြစ်၍ ကိုင်တွယ်ရန် ခက်ခဲသည့် ကျောင်းသားဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

နောက်ဆုံးတွင်တော့ မိသားစုလေးဦးစလုံး ဖန်းချန်းမြစ်ကူးတံတားပေါ်တွင် မရှုမလှ သေဆုံးခဲ့ရသည်။

လေးယောက်မြောက်သေဆုံးသူသည်က အိမ်ခြံမြေအကျိုးတော်ဆောင်ဖြစ်ပြီး သူက ‘ကူးချမှု’ပြဿနာမဖြစ်မီက ဟဲကျောင်ရှန်းထံမှ ပန်းချီကား ဆယ်ချပ်မှာယူထားခဲ့သည်။

ပြဿနာဖြစ်ပြီးချိန်တွင် သူက အော်ဒါများအား ပယ်ဖျက်ခြင်းမရှိဘဲ၊ ဟဲကျောင်ရှန်းအား ဆက်၍ ရေးဆွဲခိုင်းခဲ့သည်။

သို့သော် ဟဲကျောင်ရှန်း နေ့မနား၊ညမနား ကြိုးစားဆွဲပြီး ပန်းချီကားများ ပြီးဆုံးနောက် လာရောက်အပ်နှံသည့်အချိန်၌ သူက ရုတ်တရက် နောင်တရပြီး အော်ဒါများကို မလိုချင်တော့ဟု ဆိုခဲ့သည်။

သူက လုံခြုံရေးဝန်ထမ်းများကိုခိုင်းစေကာ ဒေါသထွက်နေသည့် ဟဲကျောင်ရှန်းကို ကုမ္ပဏီအတွင်းမှ ဆွဲထုတ်သွားစေခဲ့သည်။ သူက အကျင့်စာရိတ္တမကောင်းသော လူ၏ ပန်းချီကားများကို အလိုမရှိကြောင်း၊ စရန်ပေးထားသည့် ငွေများကို ပြန်မတောင်းသည်ကပင် သူ့ဘက်မီသဘောကောင်းလှပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးတွင်တော့ ထိုအိမ်ခြံမြေရောင်းဝယ်သူသည်လည်း တိုက်ပေါ်မှ ခုန်ချခဲ့သောကြောင့် တစစီ ဖြစ်သွားခဲ့ရသည်။

ယနေ့အချိန်ထိ ထိုတိုက်က သရဲခြောက်သည့် နေရာတစ်ခု ဖြစ်လာသောကြောင့် ရောင်းမထွက်သေးပေ။

ထိုလူများအကြောင်းကို နားထောင်ရပြီးနောက် စုံစမ်းစစ်ဆေးသူသုံးဦး၏ အတွေးများ အနည်းငယ် ပြောင်းလဲသွားခဲ့ကြသည်။

“ဟဲကျောင်ရှန်းက…. ဝိုင်းပြီး အလိမ်ခံလိုက်ရတာမဟုတ်ဘူးလား?”

“ဒါကသာ အမှန်ဆိုလို့ကတော့ ဒီကောင်လေးဘဝက တော်တော်ကို ဆိုးလွန်းတာပဲ!”

တစ်ချိန်လုံး အသံတိတ်နေခဲ့သော ကုကျစ်စုန့်က ခေါင်းမော့လာခဲ့ပြီး သူတို့ထင်မြင်ယူဆချက်များ အမှန်ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။

ဟဲကျောင်ရှန်းသည်က လူအများ၏ ဝိုင်းဝန်းလိမ်ညာခြင်း၊ ချောက်ချခံခဲ့ရပြီးနောက် အနိုင်ကျင့်ခံခဲ့ရခြင်းသာဖြစ်သည်။

ပို၍ တိတိကျကျပြောရပါက သူ၏ အနာဂတ်၊ အရည်အချင်း၊ ပညာရေးတွင် အောင်မြင်မှုများသည် ထိုလူများ၏ လက်ထဲတွင် အမြတ်ဝေခွဲသကဲ့သို့ ဝေခွဲကာ အသုံးချခံခဲ့ရခြင်းပင်။

ဟိုင်မင်က ကျော်ကြားမှု၊ ဂုဏ်သတင်းနှင့် စည်းစိမ်၊ အန်းမိုက ကျောင်းမှ ဘွဲ့ရမည်ဆိုသော အာမခံချက်၊ ကြော်ငြာကုမ္ပဏီမှ ဝန်ထမ်းသည်က ငွေကြေး၊ အိမ်ခြံမြေအကျိုးဆောင်သည်လည်း ဟိုင်မင်ထံမှ အခြားနာမည်ကြီး ပန်းချီဆရာများဖြင့် မိတ်ဆက်ပေးမည်ဆိုသော ကတိစကား ရရှိခဲ့ကြသည်။

ပရော်ဖက်ဆာသည်လည်း ဟိုင်မင်ကဲ့သို့ နာမည်ကြီးလူတစ်ယောက်ဖြင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်က အကောင်းဆုံးဖြစ်မည်ဟု တွေးခဲ့ခြင်းဖြစ်သည်။ဟဲကျောင်ရှန်း၏ တရားမျှတမှုအား ရှာဖွေခြင်းက ထိုလူများအတွက်တော့ ဟာသတစ်ခုသာ ဖြစ်ခဲ့ရသည်။

သူတို့က ဟဲကျောင်ရှန်းအား ကူညီ၍ ဟိုင်မင်ကို အပြစ်ပေးမည်ဟု ပြောဆိုခဲ့ကြသည်။

သို့သော် အမှန်တရားအား ဖော်ထုတ်နိုင်ရန် အသက်စွန့်၍ အစွမ်းကုန်ကြိုးစားနေသော လူငယ်လေးကို ဥပေက္ခာပြုကာ နောက်ကျော ဓားဖြင့် ထိုးခဲ့ကြခြင်းပင်။

နောက်ဆုံးတွင်တော့ အပြစ်မဲ့သော သားအဖနှစ်ဦးကိုသာ အသက်ဖြင့် ပေးဆပ်ခဲ့ရသည်ထိ သူတို့ဘက်မှ တွန်းအားပေးခဲ့ကြသည်။

ကုကျစ်စုန့်၏ အမြင်အရတော့ ထိုလူများက သေသင့်သူများသာ ဖြစ်ပေသည်။

*

All Chapters