← Chapters

(402) အစစ်အမှန်နှင့် အတုအယောင်ပန်းချီများ + ပူးတွဲစုံစမ်းစစ်ဆေးမှု (3)

Vol. 41 Ch. 402

(402) အစစ်အမှန်နှင့် အတုအယောင်ပန်းချီများ + ပူးတွဲစုံစမ်းစစ်ဆေးမှု (3)

Vol. 41 Ch. 402

ကုကျစ်စုန့်ကဲ့သို့ စိတ်ခံစားချက်၊ စွမ်းအားတို့အား အာရုံခံနိုင်စွမ်းမြင့်မားသော လူများက ထိုကဲ့သို့သော ပန်းချီဆရာများ၏ ခံစားချက်အား ဝင်ရောက်ခံစားနိုင်စွမ်းရှိသည်။

ပန်းချီကား၏ အောက်ခြေမှ ရေးသားထားသော မိတ်ဆက်စာတွင် ဟိုင်မင်၏ ဓာတ်ပုံတစ်ပုံ၊ သူ၏ ကိုယ်ရေးအကျဉ်းနှင့် ဤပန်းချီကား ပထမရခဲ့သော နိုင်ငံတကာဆုတံဆိပ်တို့ ပါဝင်သည်။

“ဟိုင်မင်၊ နာမည်ကျော်ပန်းချီဆရာနှင့် ဖန်းချန်မှ အနုပညာဆရာ၊ ရှား နိုင်ငံစာပေနှင့် အနုပညာအသင်းချုပ် ဥက္ကဌအဖွဲ့ဝင်သည် ပန်းချီအနုပညာရပ်နယ်ပယ်တွင် အမြင့်ဆုံးဆုတံဆိပ်တစ်ခုအား 2xxx ခုနှစ်တွင် ရရှိခဲ့ပြီး စိတ္တဇပန်းချီများနှင့် ဆီဆေးပန်းချီကားများအား တောက်ပသည့် ဆေးရောင်၊ ပြင်းပြသည့် ခံစားချက်များဖြင့် ပေါ်လွင်အောင် ရေးဆွဲနိုင်သူတစ်ဦးဖြစ်သည်

လက်ရှိတွင် ကျွန်ုပ်တို့ကျောင်း၏ ဆီဆေးပန်းချီဌာနမှူး၊ စီနီယာပရော်ဖက်ဆာတစ်ဦးအဖြစ် အလုပ်,လုပ်ကိုင်နေသည်”

“ဆုတံဆိပ်ရပန်းချီကား ‘ရေဝဲဂယက်’”

ထိုပန်းချီကားက နာမည်အတိုင်းပင်။ လူတိုင်း၏ အာရုံအား ဖမ်းစားနေသော blackholeတစ်ခုအလား ထင်ရသည်။

ပန်းချီကားများဖြင့် ပြည့်နှက်နေသော အခန်းတစ်ခုတွင် ချိတ်ဆွဲထားခြင်း ဖြစ်သော်ငြား လူတိုင်းက ဤအခန်းထဲသို့ ဝင်လာသည်နှင့် ထိုပန်းချီကားအား မကြည့်ဘဲမနေနိုင်ပေ။

ဖုန်းတစ်ဖက်မှ ရဲအရာရှိက ဆက်ပြောလိုက်သည်။

“အဲဒါက သူက သူများကို အတုခိုးတာမဟုတ်ဘူး၊ သူများတွေက သူ့ပန်းချီကို အတုခိုးတာလို့ ပြောရမလား? အဲဒီလိုလည်း မဟုတ်သေးဘူး၊

ပြောရရင် ဟိုင်မင်ရဲ့ တပည့်တစ်ယောက်က ဟိုင်မင် ‘ရေဝဲဂယက်’ပန်းချီကားနဲ့ နိုင်ငံခြားက အမြင့်ဆုံးဆုကို ရလာတဲ့အချိန်မှာ လူရှေ့ကို ထွက်လာခဲ့တယ်၊

ပြီးတော့ ဟိုင်မင်က သူ့ကို အတုခိုးပြီးတော့ သူ့ရဲ့ အနုပညာဒီဇိုင်းကို ခိုးချထားတာလို့ ပြောခဲ့တာ”

ရဲများ၏ စစ်ဆေးတွေ့ရှိချက်အရ ထိုကိစ္စက အနုပညာအသိုင်းအဝိုင်းအတွင်း အင်မတန် ဂယက်ထသွားစေခဲ့သည်။

ကျောင်းသားများအနေဖြင့် ဆရာများအား စွပ်စွဲတတ်သည်မှာ ထူးဆန်းသည့် ကိစ္စရပ်တော့မဟုတ်ပါချေ။

ယခုပန်းချီမှာ ထိုအချိန်က ကမ္ဘာ့အဆင့် ပန်းချီပြိုင်ပွဲမှာပင် ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အင်မတန် နာမည်ကြီးကာ ဆုရလိမ့်မည်ဟု လူအများထင်ကြေးပေးကြသော ပန်းချီကားဖြစ်သည်။

‘ရေဝဲဂယက်’ပန်းချီကား ရွေးချယ်ခံထားရသော ဆုပြိုင်ပွဲသည်လည်း အင်မတန် အဆင့်မြင့်သော ပြိုင်ပွဲတစ်ခုဖြစ်ခဲ့သည်။

ထိုကဲ့သို့သော ပြိုင်ပွဲမျိုးတွင် ဆန်ကာတင်စာရင်းဝင်ခြင်းသည်ပင် ‘ပညာရှင်များ’အဆင့်သို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။

ထိုကဲ့သို့သော ဆုမျိုး ရရှိခဲ့သည့် ပန်းချီဆရာများက လက်ချိုးရေ၍ ရနိုင်ပြီး ထိုဆုရပန်းချီဆရာများသည်လည်း နိုင်ငံတွင်း၌ အင်မတန် အောင်မြင်ကျော်ကြားလာသူများသာ ဖြစ်သည်။

သူတို့၏ ပန်းချီကားချပ်တိုင်းကလည်း အင်မတန် တန်ကြေးမြင့်မားကြသည်။

ထို့ကြောင့် ရှားကောင်အနုပညာနယ်ပယ်တစ်ခုလုံးက ‘ရေဝဲဂယက်’နှင့် ပတ်သတ်၍ အင်မတန် ဂရုစိုက်စောင့်ကြည့်နေခဲ့ကြသည်။

ထိုသို့အချိန်မျိုးတွင် ‘ကူးချခြင်း’ကိစ္စရပ်သည်က လူအများ၏ အာရုံစိုက်ခြင်းကိုလည်း ခံခဲ့ရသည်။

အနုပညာတက္ကသိုလ်များမှ ကျောင်းသားများ၊ ဆရာများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ဆွေးနွေးလာခဲ့ကြပြီး ထိုကိစ္စက ထိပ်တန်းရှာဖွေမှုမှာပင် ပါဝင်လာခဲ့သည်။

အနုပညာအသိုင်းအဝိုင်းမှ မဟုတ်သူများပါ ‘ပွဲကြည့်ရန်’ စိတ်ဝင်တစား စောင့်ကြည့်လာခဲ့ကြသည်။

ထို ‘စွပ်စွဲချက်’သည်လည်း မြန်မြန်ဆန်ဆန် အဆုံးသတ်သွားခဲ့သည်။

နှစ်ရက်အတွင်းမှာပင် ဟိုင်မင်က ပန်းချီကားမူရင်းအား ထုတ်ယူလာခဲ့ပြီး သူသည်က ‘ရေဝဲဂယက်’၏ ပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနိုင်ရန် မိတ္ထူများပင် ထုတ်ပြလာခဲ့သည်။

‘အမှန်တရား’ ပေါ်ပေါက်လာပြီးနောက် အင်တာနက်တစ်ခုလုံး ဆူပွက်သွားခဲ့ရသည်။

ဟိုင်မင်အား စွပ်စွဲခဲ့သော ကျောင်းသားသည်လည်း ပန်းချီလောက၏ ဝိုင်းဝန်းရှုံ့ချခြင်း ခံခဲ့ရပြီးနောက် လူအများ တံတွေးခွက်တွင် ပက်လက်မျောခဲ့ရသည်။

အင်တာနက်ပေါ်မှ လူများသည်လည်း သူ့အား အရှက်မရှိဘဲ ဆရာဖြစ်သူကို နာမည်ဖျက်ရန် ကြိုးစားနေသည်၊ ဆရာဖြစ်သူက နိုင်ငံဂုဏ်ဆောင်ရန် အနိုင်ယူနေခြင်းအား ဖျက်ဆီးသည်ဟူ၍ ဆူပူအပြစ်တင်ခဲ့ကြသည်။

ထိုဝိုင်းဝန်းပြောဆိုခြင်းများက ပြင်းထန်လွန်းသောကြောင့် ဆိုရှယ်မီဒီယာအများစုမှာပင် မြင်တွေ့လာခဲ့ရပြီး ရဲအရာရှိများပင် ထိုကိစ္စအကြောင်း သိထားခဲ့ကြသည်။

ထိပ်တန်းရှာဖွေမှုများအရ လူတိုင်းက ဟိုင်မင်အား နာမည်အရင်းဖြင့် စွပ်စွဲခဲ့သော ကျောင်းသားလေး၏ အကောင့်ထဲသို့ ဝင်ကြည့်ခဲ့သည်။

ထိုအကောင့်ထဲတွင် ထောင်ပေါင်းများစွာသော ဆဲရေးတိုင်းထွာထားကာ ကျိန်ဆဲထားသော မှတ်ချက်များရှိပြီး သူ၏ ဓာတ်ပုံအား အသုဘဓာတ်ပုံအဖြစ် ပြင်ဆင်ထားသည့် လူများလည်း ရှိကြသေးသည်။

နောက်ပိုင်းတွင် ‘ရေဝဲဂယက်’က ဆုရသွားပြီးနောက် ဟိုင်မင်၏ ပြည်တွင်း၊ ပြည်ပ အောင်မြင်မှုမှာလည်း တမဟုတ်ချင်း ထိုးတက်သွားခဲ့သည်။

သူ၏ ပန်းချီကားများက ယွမ်သိန်းချီတန်ကြေးပင် ရှိလာခဲ့သည်။အထူးသဖြင့် ဤ ‘ရေဝဲဂယက်’က ရှားနိုင်ငံတည်ထောင်ချိန်မှစ၍ ကမ္ဘာအနုပညာအသိုင်းအဝိုင်းမှ ‘ပြောင်မြောက်သော အနုပညာလက်ရာ’တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသော ပန်းချီဖြစ်လာခဲ့သည်။

မူလပန်းချီကားမှာလည်း ယွမ် ဆယ်သန်းခန့်ပင် တန်ကြေးရှိလာခဲ့သည်။

ကုကျစ်စုန့်၏ဝိဉာဉ်က ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ အချိန်မကြာသေးပေ။

ဟိုင်မင် ဆုလက်ခံရရှိသည့် အချိန်မှာ သူမ ‘ဝိဉာဉ်ရေးရာ’တွင် ပထမဆုံး ပါဝင်ရိုက်ကူးခဲ့သော အချိန်လည်း ဖြစ်သည်။

သူမ၏ နာမည်က ထိပ်တန်းရှာဖွေမှုတွင် ပါဝင်လာခဲ့ပြီး သူမ၏နာမည်နှင့် အပေါ်အောက်တွင် ရှိသော ရှာဖွေမှုများမှာ ‘ရေဝဲဂယက်’နှင့် သက်ဆိုင်သော သတင်းများသာ ဖြစ်သည်။

ဟိုင်မင်၏ နာမည်အား ပထမဆုံး မြင်လိုက်ရချိန်တွင် သူမအနေဖြင့် ရင်းနှီးနေသည်ဟု ခံစားမိသည်မှာ မထူးဆန်းတော့ပေ။

“ကျွန်တော် မှတ်မိသလောက်တော့ ဟိုင်မင် ဆုလက်ခံရပြီးတဲ့နောက် သူက အင်တာဗျူးတွေ၊ ရိုက်ကူးရေးအစီအစဉ်တွေမှာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောခဲ့ကြသေးတယ်

အဲဒါကြောင့်ပဲ ဒီကျောင်းသားလေး ရဲ့နာမည်က ပြန်ပေါ်လာပြီး တော်တော်ကို ဆိုးဆိုးရွားရွား တိုက်ခိုက်ခံခဲ့သေးတယ်..”

ပြဿနာက အချိန်ကြာသည်နှင့်အမျှ သွေးအေးသွားခဲ့ပြီးနောက် လူအများ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကာ အင်တာနက်ပေါ်မှ လူများသည်လည်း နောက်ဆက်တွဲဖြစ်ရပ်များကို မသိကြတော့ပေ။

‘သေဆုံးခြင်းမှတ်စု’ထဲတွင် သေဆုံးခဲ့ရသော လူများနှင့် ဟိုင်မင်၏ လူမှုဆက်ဆံရေးများအား စစ်ဆေးလိုက်ချိန်တွင် ရဲအရာရှိများ ရှာဖွေတွေ့ရှိခဲ့ရသည်မှာ ထိုအတိတ်မှ ဖြစ်ရပ်နှင့် ‘ကူးချမှု’တို့တွင် ပါဝင်ခဲ့သော လူငယ်လေးတို့က ယခုကိစ္စတွင်လည်း နက်နက်ရှိုင်းရှိုင်း ပါဝင်နေခဲ့ပြန်သည်။

တာဝန်ရှိ ရဲအရာရှိ၏ ရှာဖွေတွေ့ရှိချက်အရ ကျောင်းသားလေးက သေဆုံးသွားခဲ့ပြီးဖြစ်ပေသည်။

“သေသွားပြီ?”

ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်မိသည်။

“ဟုတ်ပါတယ်…”

ရဲအရာရှိ၏ အသံက အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်နှင့် နောင်တရနေဟန် ပေါ်သည်။

“ဒီကောင်လေးရဲ့ မျိုးရိုးနာမည်က ဟဲတဲ့၊ ပြီးတော့ သူက အထက်တန်းကျောင်းရောက်တော့ နာမည်ကို ဟဲကျောင်ရှန်းလို့ ပြောင်းခဲ့တယ်”

“သူ့ရဲ့ မွေးရပ်က ဖန်းချန်းက ရွာငယ်လေးတစ်ခုမှာပဲ၊ အဲဒါက မြို့နဲ့ဆိုရင် ကီလိုမီတာ တော်တော်လှမ်းတယ်

လွန်ခဲ့တဲ့ သုံးလလောက်က အိမ်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တာ၊ သူ သေရတာက …. တော်တော်လေးတော့ စိတ်မကောင်းစရာပဲ

ကောင်လေးက အိမ်မှာတင် ကြိုးဆွဲချ သေသွားတာလေ သူသေပြီး သုံးရက်လောက်ကြာမှ အိမ်နီးနားချင်းတစ်ယောက်က အပုတ်နံ့ရပြီး ရဲကို ခေါ်ခဲ့လို့ အလောင်းကို တွေ့ခဲ့ရတာ”

“အဲဒီအမှုက ဒေသခံရဲစခန်းကနေပဲ စစ်ဆေးပေးခဲ့တယ်၊ စစ်ဆေးပြီး၊ သက်သေယူပြီးတဲ့အချိန်ကျတော့ ဟဲကျောင်ရှန်းက တကယ်ပဲ ကိုယ့်ကိုကိုယ် သတ်သေသွားတာလို့ အဖြေထွက်လာတဲ့အတွက် အမှုကို ပိတ်လိုက်ရတယ်”

ရဲဿားများ၏ စုံစမ်းတွေ့ရှိချက်အရ ဟဲကျောင်ရှန်း၏ တိုတောင်းလှသော ဘဝမှာ ထူးချွန်ထက်မြက်သော ပညာရှင်လူငယ်လေးတစ်ဦးအဖြစ် သတ်မှတ်၍ ရနိုင်သည်။

သူသည်က ကလေးဘဝမှစ၍ ပန်းချီဆွဲရာတွင် သူမတူသော အရည်အချင်းရှိကြောင်း မြင်တွေ့နိုင်သည်။

မည်သို့သော အခြေခံမျှ မရှိပါဘဲနှင့် သူသည်က သရုပ်ပြစာအုပ်များကို ကြည့်ကာ တစ်ပုံစံတည်း တူညီအောင် ကူးဆွဲနိုင်သည်။

ဟဲကျောင်ရှန်း ကြီးပြင်းခဲ့သော ရွာငယ်သည်က ဖန်းချန်း၏ မဖွံ့ဖြိုးသေးသော ရွာငယ်တစ်ခုဖြစ်သည်။

ထိုနေရာသည်က ထျန်ယွင်ကျေးရွာနီးနီးပင် ခေတ်နောက်ပြန်နေပြီး သူတို့မိသားစုသည်လည်း ငယ်စဉ်ကတည်းက ဆင်းရဲသောကြောင့် ပန်းချီသင်တန်း တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။

သူ၏ စိတ်ဝင်စားမှုအရ ဟဲကျောင်ရှန်းက မူလတန်းကတည်းက ငွေကြေးစုဆောင်း၍ ရုပ်ပြစာအုပ်များ ဝယ်ယူကာ ပုံတူရေးဆွဲကျင့်လေ့ရှိသည်။

ဆယ်နှစ်ကျော်ကြာထိ သူက သရေစာမုန့်အား အကြိမ်အနည်းငယ်သာ ဝယ်စားခဲ့ဖူးသည်။

ဇွဲမလျော့ပဲ ကြိုးစားမှုနှင့် စိတ်အားထက်သန်မှုတို့ကြောင့် သူ၏ အရည်အချင်းက ပန်းချီသင်တန်း တက်ရောက်ထားသော ကလေးငယ်များထက် မနိမ့်ကျခဲ့ပေ။

အထက်တန်းကျောင်း ဒုတိယနှစ်သို့ ရောက်ချိန်တွင် ဝိဇ္ဇာ၊ သိပ္ပံ၊ အနုပညာနှင့် အားကစား မေဂျာများ ခွဲခြားကြချိန်၌ ဟဲကျောင်ရှန်းမှာ ယဉ်ကျေးမှုဘာသာများတွင် ထိပ်ဆုံးဖြစ်သော်လည်း အနုပညာအတန်း၏ ပိုစတာများ၊ ကြေငြာများကို မြင်လျှင် အင်မတန်စိတ်ဝင်စားတတ်သည်။

လေ့ကျင့်သည့် အတန်းများကိုလည်း မကြာခဏ တက်ရောက်ခဲ့သည်။

ပန်းချီဆွဲခြင်းနှင့် အခြေခံသဘောတရားများအား အနည်းငယ်ထိတွေ့ပြီးနောက် သူက ပန်းချီအား ကောင်းကောင်းဆွဲနိုင်ခဲ့လေသည်။

သင်ကြားပေးသည့် ဆရာကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရပြီး သူက အနာဂတ်တွင် အောင်မြင်လာနိုင်သည့် အဖူးအပွင့်ဖြစ်ကြောင်း သဘောပေါက်ကာ သူ့အား ပန်းချီပညာသင်ကြားရန် တိုက်တွန်းခဲ့သည်။

အနည်းငယ် စဉ်းစားတွေဝေနေခဲ့ပြီးနောက် ဟဲကျောင်ရှန်းက သူ၏ အိပ်မက်အား အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ပြီး ပန်းချီပညာသင်ကြားလိုကြောင်း မိသားစုအား ဖွင့်ပြောခဲ့သည်။

သူသည်က မိဘတစ်ပါးတည်းဖြင့် ကြီးပြင်းခဲ့ရသော ကလေးငယ်ဖြစ်ပေသည်။ မိခင်ဖြစ်သူက သူမူလတန်းအရွယ်က ကားအက်ဆီးဒင့်ဖြင့် သေဆုံးခဲ့ရသောကြောင့် ပစ္စည်းပို့ဆောင်သူအဖြစ် အလုပ်,လုပ်နေသည့် ဖခင်ကြီးကိုသာ မှီခိုနေခဲ့ရသူဖြစ်သည်။ဖခင်ဖြစ်သူမှာ သားဖြစ်သူ၏ အိပ်မက်အား ယခင်ကတည်းက သိရှိနားလည်ထားခဲ့သောကြောင့် ညလုံးပေါက် တိတ်တဆိတ် ဆေးလိပ်ထိုင်ဖွာနေခဲ့ပြီးနောက် သဘောတူခဲ့သည်။

သူက ဇနီးဖြစ်သူ၏ ကားအက်ဆီးဒင့်မှ ရသော လျော်ကြေးကို ထုတ်ယူကာ သားဖြစ်သူအား ပြောခဲ့သည်။

‘ဒီလမ်းကို မင်းကိုယ်တိုင် ရွေးချယ်ခဲ့တာ၊ ငါတို့မိသားစုမှ ငွေအများကြီးရှိနေတာမဟုတ်ဘူး၊ အဖေက အစကတော့ ဒီငွေကို နောက်နှစ်နည်းနည်းလောက်ထိ စုထားပြီး သားအိမ်ထောင်ကျမှ အိမ်ဝယ်ဖို့ စရန်ငွေအဖြစ် သုံးမယ်ဆိုပြီး တွေးထားတာ’

‘နောင်ကျရင်တော့ ကိုယ့်ရဲ့ရွေးချယ်မှုကို နောင်တမရစေနဲ့ပေါ့ကွာ’

နောက်ဆုံးတွင်တော့ ဟဲကျောင်ရှန်း အနုပညာအား‌ လေ့လာနိုင်ခဲ့သည်။

သူက အနုပညာအတန်းထဲမှ ကျောင်းသားများထဲတွင် ငွေသုံးအနည်းဆုံး၊ အချွေတာဆုံးဖြစ်သော်ငြား သူ၏ လက်ရာများက အမြဲတစေ ပထမရခဲ့လေသည်။

*

All Chapters