← Chapters

ညကင်းစောင့်၏ ကျောက်ဆစ်ရုပ်

Vol. 41 Ch. 605

ညကင်းစောင့်၏ ကျောက်ဆစ်ရုပ်

Vol. 41 Ch. 605

"ဒါက ခုနစ်ထပ်မြောက်ပဲ၊ မင်း ခေါင်းမော့ကြည့်လိုက်ရင် ခုနစ်ထပ်မြောက်မှာရှိတဲ့ နတ်ဘုရားနန်းတော်ကို တွေ့လိမ့်မယ်"

ထိုကျင့်ကြံသူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူသည် ဆရာသခင်တစ်ယောက်၏ အငွေ့အသက်မျိုး လုံးဝရှိမနေသော်လည်း တစ်နည်းနည်းဖြင့် ခုနစ်ထပ်မြောက်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

"အဲ့ဒါက ဘာမှအဓိပ္ပာယ်မရှိဘူး၊ ဘယ်နှစ်ထပ်မှာပဲရှိရှိ အဲ့ဒီအတုအယောင်ပုံရိပ်တွေကို မြင်နိုင်တာပဲ"

ကောင်းမင်သည် သားစားကြူးနတ်ဘုရားအား သူ၏ဦးခေါင်းကို အရင်ကုသခိုင်းလိုက်သည်။သူသည် ဆက်လက် လေ့လာစူးစမ်းရန် လိုအပ်ပေသည်။

"ဒါက မတူဘူး"

ကျင့်ကြံသူက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ဆိုသည်။

"ဒီအထပ်မှာဆိုရင် နတ်ဘုရားနန်းတော်ထဲက အင်မော်တယ်တွေကိုပါ မြင်နိုင်တယ်"

"အင်မော်တယ်တွေ ဟုတ်လား"

ကောင်းမင်၏ လည်ပင်းမှ ဒဏ်ရာမှာ ပွင့်ထွက်သွားသဖြင့် ပြန်လည်ကုသရန် လက်လျှော့လိုက်သည်။

"နတ်ဘုရားနန်းတော်မှာ ပေါ်လာတဲ့သူတိုင်းက မသေမျိုးတွေ မဟုတ်ပါဘူး"

"သိပ်မကြာသေးခင်က နတ်ဘုရားနန်းတော်ထဲမှာ ကျောက်စိမ်းဆောင်တစ်ခု ပြိုကျခဲ့တယ်၊ အသံက အရမ်းကျယ်တာပဲ ၊ တက်လှမ်းသွားတဲ့တစ်ယောက်က နတ်ဘုရားနန်းတော်ကို လက်ညှိုးထိုးပြီး အော်ဟစ်ခဲ့ပေမယ့် ဘယ်သူမှ သူ့အသံကို မကြားရဘူး ၊ နောက်တော့ သူက ဒီကျောက်တုံးတွေကိုသုံးပြီး သူမြင်ခဲ့ရတဲ့ အစစ်အမှန်အင်မော်တယ်ရဲ့ ပုံကို ထုဆစ်ခဲ့တယ် ၊ သူက အဲ့ဒီအင်မော်တယ်အတွက် ကမ္ပည်းတိုင်တစ်ခု တည်ဆောက်ခဲ့ပြီး ကမ္မကောင်းတစ်ခုကို ရခဲ့တယ် ၊ နတ်ဘုရားနန်းတော်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီးနောက်မှာ အခိုးအငွေ့တစ်စက သူ့ကို ဝန်းရံသွားပြီး နတ်ဘုရားနန်းတော်ထဲကို စုပ်ယူသွားခဲ့တယ်"

ထိုကျင့်ကြံသူ၏ စိတ်ထဲတွင် တက်လှမ်းခြင်းတစ်ခုသာ ရှိနေခြင်းဖြစ်သည်။

"အဲ့ဒီအစစ်အမှန်အင်မော်တယ်ရဲ့ ကျောက်ဆစ်ရုပ်က ဘယ်လိုပုံစံမျိုးလဲ ၊ အဲ့ဒီမသေမျိုးက ဘယ်သူလဲ"

ကောင်းမင်က အတင်းမေးလိုက်သည်။ ထိုကျင့်ကြံသူက ၎င်းကို ဖော်ပြနိုင်ခြင်းမရှိပေ။ သူသည် အချိန်အတော်ကြာအောင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေလေသည်။ နောက်ဆုံးတွင် သူက လှုပ်ရှားမှုကို ရပ်လိုက်သည်။

"ငါတို့ ရောက်ပြီ"

"ဘယ်နေရာလဲ"

"ငါ့ရဲ့ အလုပ်ရုံပဲ"

ကျင့်ကြံသူက သစ်သားတံခါးတစ်ခုကို တွန်းဖွင့်၍ ခြံဝင်းငယ်လေးတစ်ခုထဲသို့ ဝင်လိုက်သည်။ သူသည် ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင်ကြည့်ပြီးမှ ကောင်းမင်ကို ချပေးလိုက်သည်။ သူသည် မြက်ခြောက်များနှင့် အဝတ်စုတ်များကို အသုံးပြု၍ ပျက်စီးနေသော အမိုးကို ကာလိုက်သည်။

"မင်း ဒီမှာ အနားယူလို့ရတယ်"

ထိုကျင့်ကြံသူသည် ရုတ်တရက် အလုပ်များသွားတော့သည်။သူသည် အတွင်းအပြင် ပြေးလွှားနေတော့သည်။ သူက ခြံဝင်းထဲတွင် မီးမွှေးလိုက်ပြီး သူ့ကုတင်အောက်မှ အိုးကြီးတစ်လုံးကို ဆွဲထုတ်လိုက်သည်။ မီးတောက်များ တဖျစ်ဖျစ်တောက်လောင်လာပြီး အိုးထဲမှ ရေများ ဆူပွက်လာလေသည်။ အားလုံး အဆင်သင့်ဖြစ်သွားသောအခါ သူသည် ကျေးဇူးတရားများပြည့်နေသော စိတ်နှလုံးဖြင့် ဝင်းထဲသို့ ပြန်ဝင်လာပြီး ကောင်းမင်၏ ဝတ်ရုံကို ချွတ်လိုက်လေသည်။

"ငါ့ကို ဒီအခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နောင်တော် ၊ ငါ တက်လှမ်းသွားတဲ့အခါကျရင် မင်းအတွက် ဘုရားကျောင်းတစ်ခု ဆောက်ပေးပါ့မယ်"

ထိုကျင့်ကြံသူသည် အလွန်အမင်း ကျေးဇူးတင်နေလေသည်။သူက ကောင်းမင်ကို ကိုးကြိမ်တိုင်တိုင် ဦးချလိုက်သည်။

ကောင်းမင်သည် ထိုလူက သူ့အပေါ် အလွန်အမင်း ယဉ်ကျေးပြနေသည်မှာ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိလိုက်သည်။

"နေပါဦး ၊ ငါပြောတာ နားထောင်ပါဦး"

ကျင့်ကြံသူက သံချေးတက်နေသော ဓားမကြီးတစ်ချောင်းနှင့် ဆောက်တစ်ခုကို ထုတ်လိုက်သည်။

"နောင်တော်... ငါ့မှာရှိတဲ့ အကြီးဆုံးအိုးက မင်းနဲ့ မဆံ့တာလို့ အားနာပါတယ်ကွာ ၊ငါ မင်းကို စားပြီးသွားရင် မင်းရဲ့အရိုးတွေကို စုပြီး တစ်နေရာတည်းမှာ မြှုပ်နှံပေးပါ့မယ်"

"နတ်ဘုရားရောင်ဝါတွေက အဆိပ်အတောက်တွေပဲ ၊ မင်း လှည့်စားခံနေရတာ"

ကောင်းမင်၏ ချွေးများက သွေးများနှင့် ရောနှောနေလေသည်။

"တက်လှမ်းခြင်းဆိုတာ အလိမ်အညာတစ်ခုပဲ ၊ နတ်ဘုရားနန်းတော်ဆိုတာ မရှိဘူး"

"နောင်တော်... ငါ့ရဲ့ တာအိုနှလုံးသားက ခိုင်မာပြီးသားပါ ၊ မင်း ငါ့ကို လိမ်လို့မရပါဘူး"

ထိုကျင့်ကြံသူသည် ကောင်းမင်၏ ဒဏ်ရာများထဲမှ ယိုစိမ့်ထွက်နေသော နတ်ဘုရားရောင်ဝါများကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများပင် နီရဲလာလေ၏။

"မင်းက ကျောက်တုံးတစ်တုံး ဖြစ်နေရင်တောင် ငါက အမှုန့်ကြိတ်ပြီး စားမှာပဲ"

ထိုလူများသည် သူတို့၏ စိတ်ကို ဆုံးရှုံးနေကြပြီဖြစ်သည်။ သူတို့၏ ယခင်ဘဝများမှာ အလွန်ပင် ခက်ခဲခဲ့သဖြင့် မည်သည့် မျှော်လင့်ချက်အလင်းရောင် အသေးအမွှားလေးကိုမဆို အတင်းအဓမ္မ ဆုပ်ကိုင်ထားလိုကြခြင်း ဖြစ်သည်။

"ကောင်းပြီလေ၊ ငါ အမှန်တရားကို ပြောပြမယ်၊ မင်း ငါ့ကို သတ်လိုက်တာနဲ့ နတ်ဘုရားရောင်ဝါတွေ ပျောက်ကွယ်သွားလိမ့်မယ်"

ကောင်းမင်က ပြောလိုက်သည်။သူသည် ဒဏ်ရာများ ပြန်ကောင်းလာရန် အချိန် ပိုလိုအပ်နေခြင်းဖြစ်သည်။

"ဒါဆိုရင်လည်း ငါမင်းကို အရှင်လတ်လတ် စားရမှာပေါ့"

"ငါတို့က လူသားအချင်းချင်းတွေပဲလေကွာ"

ကောင်းမင်သည် ဒုတိယထပ်တွင် ဆေးလုံးသန့်စင်နေကြသည့် ရွာသားများကို သတိရသွားသည်။ အခမ်းအနားမှူးသည် ဘာမှမကျန်အောင် အစားခံခဲ့ရသော်လည်း ဆေးလုံးဖော်စပ်သူ အများအပြားမှာမူ တက်လှမ်းနိုင်ခြင်း မရှိခဲ့ချေ။ သူက ထိုယုတ္တိအတိုင်း လှည့်ပတ်ပြောဆိုလိုက်သည်။

"မင်း ငါ့ကိုစားလို့ နတ်ဘုရားရောင်ဝါကို ရမှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါ့ဆီမှာ တက်လှမ်းခြင်းရဲ့ လျှို့ဝှက်ချက်ရှိတယ် ၊ ငါတို့က ကံပါလို့ ဆုံတွေ့ကြတာပဲ ၊ ငါ အဲ့ဒီလျှို့ဝှက်ချက်တွေကို မင်းနဲ့ ဝေမျှပေးနိုင်တယ်"

ဆောက်ဖျားသည် ကောင်းမင်၏ နားထင်ပေါ်တွင် ရပ်တန့်သွားသည်။ ထိုကျင့်ကြံသူသည် တကယ်တမ်းတွင် လူသားအချင်းချင်း မစားချင်ပေ။ သူ၏ လူသားဆန်မှုက သူ့ကို ရပ်တန့်သွားစေသည်။

"တကယ်လား"

"ငါက ကိုးထပ်မြောက်ကနေ ပြုတ်ကျလာတာ၊ အင်မော်တယ်ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်၊ ငါ့ရဲ့ ခရီးစဉ်က အခုတော့ အဆုံးသတ်သွားပြီ၊ ဒါပေမဲ့ ငါ မင်းကို ကူညီပေးနိုင်တယ် ၊ မင်း တက်လှမ်းသွားပြီးရင် ငါ့အတွက် အချက်သုံးချက် လုပ်ပေးဖို့ပဲ လိုတယ်"

ကောင်းမင်က ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ပြောပြနေသည့်အလား ဖြည်းညင်းစွာ ဆိုလိုက်သည်။

"မင်းကို ကူညီဖို့ ငါအစွမ်းကုန် ကြိုးစားမှာပါ၊ ဘာလို့လဲဆိုတော့ မင်းသာ အင်မော်တယ်ဖြစ်မလာရင် ငါ့အတွက် ဘယ်သူမှ လက်စားချေပေးနိုင်မှာ မဟုတ်လို့ပဲ"

ကျင့်ကြံသူက ဆောက်ကို မဖယ်သေးပေ။ သူ၏ မျက်ဆံများက အနည်းငယ် တုန်ယင်နေလေသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက ခေါင်းခါလိုက်သည်။

"မင်း နတ်ဘုရားအရှိန်အဝါပါတဲ့ ရုပ်တုတစ်ခုကို ထုဆစ်မပြနိုင်မချင်း ငါမယုံဘူး ၊ မင်းက ကိုးထပ်မြောက်ကနေ ပြုတ်ကျလာပြီး နတ်ဘုရားနန်းတော်နဲ့ အရမ်းနီးစပ်ခဲ့တယ်ဆိုရင် အစစ်အမှန်အင်မော်တယ်ကို မြင်ခဲ့ရမှာပဲ ၊ မင်းရဲ့ ဖော်ပြချက်အတိုင်း ငါ ရုပ်တုထုမယ်၊ အဲ့ဒါဆိုရင် နတ်ဘုရားနန်းတော်က ငါ့ကို လက်ခံမှာပဲ"

ကျင့်ကြံသူ၏ အသံသည် အဆုံးပိုင်းနားတွင် ရူးသွပ်နေသကဲ့သို့ ထွက်ပေါ်လာသည်။ သူသည် မသေမျိုးများက သူ့ကို လက်ယပ်ခေါ်နေသည့် မျှော်လင့်ချက် စိတ်ကူးယဉ်မှုများထဲ နစ်မွန်းနေရှာခြင်းပင်။

"ပြဿနာမရှိဘူး၊ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် အရင်က တက်လှမ်းသွားတဲ့ ကျင့်ကြံသူရဲ့ လက်ရာကို သွားကြည့်ဖို့ ငါ့ကိုခေါ်သွားပေးရမယ်"

ကောင်းမင်က ကတိပေးလိုက်သည်။ နတ်ဘုရားရောင်ဝါများက သူ၏ ခန္ဓာကိုယ်ထဲတွင် အကြီးအကျယ် ဖရိုဖရဲဖြစ်နေဆဲဖြစ်သဖြင့် သူအချိန် ပိုလိုအပ်ပေသည်။

ထိုကျင့်ကြံသူက ကောင်းမင်ကို ဝတ်ရုံသစ်တစ်ခု ခြုံပေးလိုက်ပြီး ခုနစ်ထပ်မြောက်၏ အလယ်ဗဟိုသို့ သယ်ဆောင်သွားသည်။ ပထမထပ်နှင့် ဒုတိယထပ်၏ နံရံများတွင် နတ်ဘုရားပုံများကို ရေးဆွဲထားသည်။သို့သော်လည်း ခုနစ်ထပ်မြောက်၏ နံရံများမှာမူ အက်ကွဲနေလေသည်။ အလယ်တွင် ကျောက်ရုပ်တုတစ်ခု ရှိနေ၏။ ၎င်း၏ ပတ်ပတ်လည်တွင် ထူးဆန်းသော ရုပ်တုငယ်များစွာကို နေရာချထားသည်။

" အဲ့ဒီရုပ်တုတွေကို ဒီမှာ ထားဖို့ဆိုရင် နတ်ဘုရားနန်းတော်ရဲ့ သက်ရောက်မှု ခံထားရတာ ဖြစ်ရမယ်"

တခြားသူများ ကြားသွားမည်စိုးသဖြင့် ကျင့်ကြံသူက တိုးညင်းစွာ ပြောလိုက်သည်။

"ဒါဆို အလယ်မှာရှိတဲ့ ရုပ်တုက တက်လှမ်းသွားတဲ့ ကျင့်ကြံသူ ထုဆစ်ခဲ့တာပေါ့ ဟုတ်လား"

ကောင်းမင်သည် အမြင့်ဆုံးရုပ်တုကို စိုက်ကြည့်လိုက်သော်လည်း မျက်နှာကို မမြင်ရပေ။ ၎င်းက ဝေဝါးနေသော်လည်း ထိုပုံစံမှာ ကျန်းမင်လီနှင့်တူနေသည်ဟု ခံစားလိုက်ရသည်။

"မဟုတ်ဘူး၊ အဲ့ဒီရုပ်တုက အစကတည်းက ဒီမှာ ရှိနေတာ ၊ ဘယ်သူ ထားခဲ့တာလဲဆိုတာ ဘယ်သူမှ မသိဘူး၊ သူ့ရဲ့ အစစ်အမှန် အသွင်အပြင်ကိုလည်း ဘယ်သူမှ မမြင်ဖူးကြဘူး"

ထိုကျင့်ကြံသူက ကောင်းမင်ကို အမြင့်ဆုံးရုပ်တု၏ ခြေရင်းတွင် ချထားလိုက်သည်။ ထို့နောက် မီတာဝက်ခန့်ရှိသော ရုပ်တုတစ်ခုကို ကောင်းမင်ရှေ့တွင် ချပေးလိုက်၏။ ထုဆစ်သူ၏ ကိရိယာများမှာ ရိုးရှင်းသော်လည်း သူ၏ နည်းစနစ်မှာ အထင်ကြီးဖွယ်ရာဖြစ်သည်။ သာမန်ကျောက်တုံးတစ်ခုကိုပင် သက်ရှိတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

"နေဦး..."

ကောင်းမင်သည် သူ့မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။ ထိုကျောက်ဆစ်ရုပ်သည် ညကင်းစောင့်အိုကြီး၏ ပုံစံ ဖြစ်နေခြင်းဖြစ်သည်။

သူ၏ခါးတွင် မောင်းတစ်ခုနှင့် အချိန်တိုင်းနာရီတစ်ခု ရှိနေသည်။ ပုံမှန်အားဖြင့် သူ့လည်ပင်းတွင် ရှိနေတတ်သော အမွှေးတိုင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထား၏။ သူသည် ဆုတောင်းနေသကဲ့သို့ လက်ဖဝါးချင်း ပူးကပ်ထားသည်။ သူ့နောက်ကျောတွင် ဘိုးဘေးကမ္ပည်းတိုင်များမှာ လဲပြိုနေကြသည်။ သူ့ရှေ့တွင်မူ အကြေးခွံများ ကွာကျနေသော အနက်ရောင်မြွေအမြီးတစ်ခု ရှိနေလေသည်။

"ဒါက တက်လှမ်းသူ မြင်ခဲ့ရတဲ့ အင်မော်တယ်လား"

"ဟုတ်တယ်"

ကောင်းမင်သည် ပူးကပ်ခံထားရသော နောက်လိုက်များနှင့် မတူပေ။ ဝိညာဉ်ဘုရားကျောင်းထဲတွင် အစစ်အမှန်မသေမျိုးများ ရှိလိမ့်မည်ဟု သူမယုံကြည်ချေ။ ဤကျောက်ဆစ်ရုပ်က ယင်းကို သက်သေပြနေလေသည်။

"ညကင်းစောင့်က မြွေအမြီးကို ဖြတ်လိုက်တော့ နတ်ဘုရားနန်းတော် တုန်ခါသွားခဲ့တယ်၊ ညကင်းစောင့်က ဝိညာဉ်ဘုရားကျောင်းထဲမှာ တစ်ခုခုနဲ့ တိုက်ခိုက်နေတာ ဖြစ်ရမယ်"

ကောင်းမင်သည် ဝိညာဉ်ဘုရားကျောင်းထဲသို့ နောက်ဆုံးမှ ဝင်လာသူဖြစ်သည်။ ရေနဂါးမင်းသည် ဘုရားကျောင်း၏ အပြင်ဘက်နံရံမှ တက်လာသည်ကို သူမြင်ခဲ့ရသည်။ သူသည် အိပ်မက်ချိုးဖျက်မြို့တွင် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းရန် ကြံစည်နေခြင်း ဖြစ်သည်။

"ခုနစ်ထပ်မြောက်က ကျင့်ကြံသူ နတ်ဘုရားနန်းတော်ထဲကို ဆွဲခေါ်ခံလိုက်ရတာက အစစ်အမှန်နတ်ဘုရားကို ထုဆစ်နိုင်လို့ မဟုတ်ဘဲ သူမမြင်သင့်တဲ့ အရာတစ်ခုကို မြင်လိုက်လို့ပဲ ဖြစ်ရမယ်"

ကောင်းမင်သည် အစောပိုင်းက နတ်ဘုရားရောင်ဝါ၏ တားဆီးခြင်းကို ခံခဲ့ရဖူးသည်။ သူသည် 'တက်လှမ်း' လုနီးပါးဖြစ်ခဲ့သည်။ 'နတ်ဘုရား' တို့၏ ပရိယာယ်များကို သူ အလွန်ရင်းနှီးနေလေသည်။

All Chapters