← Chapters

အရာအားလုံးက နတ်ဘုရား

Vol. 41 Ch. 607

အရာအားလုံးက နတ်ဘုရား

Vol. 41 Ch. 607

ကျင့်ကြံသူများသည် နီးကပ်လာကြသော်လည်း သားစားကြူးနတ်ဘုရားကို ထုလုပ်ခဲ့သည့်လူမှာမူ ကောင်းမင်၏ လျှို့ဝှက်ချက်ကို သိမ်းပိုက်လိုစိတ် ပြင်းပြနေလေသည်။

“သူ့နောက်ကို ကြည့်လိုက်ကြစမ်း၊ အဲ့ဒါက... နတ်ဘုရားရောင်ဝါပဲကွ”

အမြင်စူးရှသော ကျင့်ကြံသူတစ်ဦးက ကောင်းမင်ကို သတိပြုမိသွားသည်။သူက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

သူတို့ ရိပ်မိသွားကြသဖြင့် ကောင်းမင်၏ အပြုံးမှာ ပို၍ပင် တောက်ပလာတော့သည်။

“စောစောက တက်လှမ်းနိုင်မယ့်နည်းကို ကျုပ်ပြောပြတုန်းက ခင်ဗျားတို့မှ နားမထောင်ခဲ့တာ၊ အခုတော့ ကြည့်စမ်း... ဒီတက်လှမ်းနိုင်မယ့် ကံကြမ္မာက ခင်ဗျားတို့အတွက် မဟုတ်ဘဲ တခြားလူတစ်ယောက်အတွက် ဖြစ်သွားပြီထင်တယ်”

ကောင်းမင်သည် အခြားလူများ ကြားစေရန် ရည်ရွယ်၍ အသံကို တမင်မြှင့်ပြောလိုက်ခြင်း ဖြစ်သည်။

“သူ ဘာကို ဆိုလိုတာလဲ၊ သူက နတ်ဘုရားနန်းတော်ရဲ့ အာရုံစိုက်တာ ခံခဲ့ရတဲ့သူလား၊ နတ်ဘုရားအလင်းတွေ ဝန်းရံနေရအောင် သူ့ရဲ့ နောက်ခံက ဘာများလဲ”

ရုတ်ရုတ်သဲသဲ ဖြစ်မှုသည် ပို၍ ကျယ်လောင်လာသည်။ ကျင့်ကြံသူက လျှို့ဝှက်ချက်သည် ပေါက်ကြားသွားပြီဖြစ်ကြောင်း သိရှိလိုက်ဖြင့် သူ့မျက်ဝန်းများ၌ သတ်ဖြတ်လိုစိတ်များ ယှက်သန်းလာတော့သည်။ သို့သော်လည်း သူလှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် အခြားလူများက သူ့ကို တားဆီးထားလိုက်ကြသည်။

“ဟားဟား … မသေမျိုး ဖြစ်ချင်ကြတာလား”

ကောင်းမင်သည် အလယ်ရှိ ဧရာမရုပ်ထုကြီးကို ကြည့်ကာ ဆိုလိုက်၏။

“ဒါဆို ဘယ်လိုလုပ်ရမလဲဆိုတာ ကျုပ် ပြောပြမယ်”

အစပိုင်းတွင်မူ ကောင်းမင်ကို ဘယ်သူမှ မယုံကြည်ကြပေ။ သူ ပြောသမျှသည် ရူးကြောင်ကြောင်နိုင်လှသည်။ သို့သော်လည်း ဖမ်းဆီးထားသော ကျင့်ကြံသူထံမှ အချက်အလက်များကို အတင်းအကျပ် မေးမြန်းကြည့်ပြီးနောက်တွင်မူ ကျင့်ကြံသူများသည် ကောင်းမင်ကို တဖြည်းဖြည်း ယုံကြည်လာကြတော့သည်။ အဘယ်ကြောင့်ဆိုသော် တက်လှမ်းနိုင်ရေးသည် သူတို့ဘဝ၏ တစ်ခုတည်းသော ပန်းတိုင်ဖြစ်နေသောကြောင့်ပင်။

သူ့သွေးကြောထဲတွင် နတ်ဘုရားရောင်ဝါများ စီးဆင်းနေပြီး သူ၏အကြံပေးမှုက လူတစ်ယောက်ကို နတ်ဘုရားနန်းတော်သို့ တက်လှမ်းနိုင်လုနီးပါး ကူညီပေးနိုင်ခဲ့သည်။သူ့စကားကို နားမထောင်ရင် ဘယ်သူ့စကားကို နားထောင်ရတော့မှာလဲ။

နောက်ကျိနေသော ရေများက သူ၏အဝတ်အစားများမှ တစက်စက် စီးကျနေ၏။ ကျင့်ကြံသူအချို့က ကောင်းမင်အား ရိုးရှင်းသော သစ်သားထမ်းစင်တစ်ခုပေါ်သို့ တင်၍ အခန်းအလယ်သို့ မယူလာခဲ့ကြသည်။

“ဆရာသခင်... နဝမထပ်က ဘယ်လိုပုံစံမျိုးလဲခင်ဗျာ၊ ကောင်းကင်နဲ့ ကြယ်တွေကို လက်နဲ့ လှမ်းထိလို့ ရပါသလား”

“မင်းတို့ ပိုသိလေလေ၊ ကမ္မအကျိုးပေးက ပိုလေးလံလေလေပဲကွ၊ ဆရာသခင်ကို မနှောင့်ယှက်ကြနဲ့”

သစ်သားထမ်းစင်ကို ညကင်းစောင့်ရုပ်တု၏ အရှေ့တွင် ချလိုက်ကြသည်။ ကောင်းမင်သည် အားယူ၍ ထထိုင်ရန် ကြိုးစားလိုက်သည်။ အလယ်ရှိ ရုပ်တုကြီးသည် လူတိုင်းကို ငုံ့ကြည့်နေလေသည်။၎င်းသည် အလွန်ပင် ထူးခြားဆန်းကြည်လှပြီး မြင့်မြတ်သန့်စင်နေသည်။

“သူက သေမျိုးတိုင်းရဲ့ စိတ်ထဲမှာရှိတဲ့ နတ်ဘုရားကိုသုံးပြီး သူ့ကိုယ်သူ ကျင့်ကြံချင်နေတာပဲ၊ သူ့အိပ်မက်ထဲမှာပေါ့”

ကောင်းမင်သည် ပတ်ဝန်းကျင်ကို တိတ်တဆိတ် အကဲခတ်ပြီးနောက် ကြေညာလိုက်သည်။

“ကျုပ် အစစ်အမှန်အင်မော်တယ်ကို မြင်ခဲ့ဖူးတယ် ၊ ခင်ဗျားတို့ရှေ့မှာ လမ်းကြောင်းနှစ်ခု ရှိတယ် ၊ ပထမတစ်နည်းကတော့ ကျောက်တုံးကုန်ကြမ်းတွေကို တူးယူပြီး ကျုပ်ညွှန်ကြားတဲ့အတိုင်း နတ်ဘုရားရုပ်တုတစ်ခုကို ထုလုပ်ဖို့ပဲ ၊ အဲ့ဒါက နတ်ဘုရားနန်းတော်ရဲ့ အာရုံစိုက်မှုကို ရစေလိမ့်မယ်၊ ဒါပေမဲ့ တက်လှမ်းနိုင်ဖို့ အခွင့်အရေးကတော့ နည်းတယ်”

“ဆရာသခင်... ကျေးဇူးပြုပြီး ဒုတိယနည်းလမ်းကိုလည်း ပြောပြပါ”

လူအချို့က ကောင်းမင်ကို အလောတကြီး တိုက်တွန်းကြ၏။

“ဒုတိယလမ်းကြောင်းကတော့ ရိုးရှင်းပါတယ် ၊ ခင်ဗျားတို့ရှေ့မှာရှိတဲ့ ဒီရုပ်တုကြီးဟာ ဒီအထပ်မှာရှိတဲ့ အကောင်းဆုံး ကျောက်တုံးကုန်ကြမ်းပဲ ၊ ဒါကို သုံးပြီး ပုံဖော်ထုဆစ်လိုက်ကြ၊ ခင်ဗျားတို့ အကန့်အသတ်မရှိ ကောင်းချီးပေးခံရလိမ့်မယ်၊ နတ်ဘုရားနန်းတော်ဆီကိုလည်း သေချာပေါက် ခေါ်ဆောင်ခံရလိမ့်မယ်”

ကောင်းမင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“လမ်းကတော့ ခင်ဗျားတို့ရှေ့မှာပဲ၊ ရွေးချယ်မှုကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်တယ်”

ကျင့်ကြံသူအချို့သည် သူတို့၏အဖိုးတန်ဆုံး ကုန်ကြမ်းများကို သွားယူရန် အလုပ်ရုံများသို့ ပြေးသွားကြသော်လည်း အများစုမှာမူ မလှုပ်မယှက် ရှိနေကြဆဲဖြစ်သည်။ သူတို့တွင် ကျောက်အတုံးသစ်များ ရှာဖွေရန် အချိန်မရှိသလို ထိုဧရာမရုပ်တုကြီးထံ ချဉ်းကပ်ရန်လည်း မဝံ့မရဲ ဖြစ်နေကြသည်။ သူတို့သည် ကျောက်ထွင်းဓားများကို ကိုင်ကာ တွေဝေနေကြသည်။

“ဘာလို့ ဒီအတိုင်း ရပ်နေကြတာလဲ၊ အချိန်က ခင်ဗျားတို့ကို စောင့်နေမှာ မဟုတ်ဘူးနော်”

ကောင်းမင်၏ မျက်လုံးများသည် တောက်ပနေ၏။ သူသည် ကျင့်ကြံသူများအား သားစားကြူးနတ်ဘုရားရုပ်ကို ထုဆစ်ခိုင်းရန် အစီအစဉ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းသည် သူ၏ကမ္မအကျိုးဆက်ကို ခံနိုင်ရည်ရှိလောက်အောင် အစွမ်းထက်သည်ဟု သူယုံကြည်သောကြောင့် ဖြစ်သည်။သူ့တွင် ပိုရူးသွပ်သော အကြံတစ်ခု ရှိနေသည်။ယင်းမှာ ထိုကျင့်ကြံသူများကို အသုံးချ၍ သွေးနီရောင်မြို့တော်ကို ထုလုပ်ခိုင်းရန်ပင် ဖြစ်သည်။

သူသည် အလယ်ရှိ ရုပ်တုကြီးကို အသုံးချကာ သူ့နှလုံးသားထဲမှ ဧရာမဂူသင်္ချိုင်းကြီးကို ထုဆစ်မည် ဖြစ်သည်။ ထိုသေဆုံးနေသော မြို့တော်အား နတ်ဘုရားနန်းတော်အဖြစ် ပြောင်းလဲပစ်မည် ဖြစ်သည်။

လူအုပ်ထဲမှ တစ်ဦးက စတင်လှုပ်ရှားလာသည်။ သူသည် နတ်ဘုရားရုပ်တုကို ပထမဦးဆုံး ကျောက်ထွင်းဓားဖြင့် ထိုးနှက်လိုက်သူ ဖြစ်သည်။ သူကား ကောင်းမင်ကို ပထမဆုံးပြန်ပေးဆွဲခဲ့သော ကျင့်ကြံသူပင်။ သူသည် ကောင်းမင် ယူဆောင်လာသော အံ့ဖွယ်ဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူဖြစ်၍ ကောင်းမင်ကို အပြင်းထန်ဆုံး ယုံကြည်သူဖြစ်လာလေသည်။ သူ၏ အကောင်းဆုံး ကုန်ကြမ်းများကိုလည်း အသုံးပြုပြီးသားဖြစ်သဖြင့် ဤတစ်ကြိမ်တွင်မူ အရာရာကို ပုံအောယုံကြည်ရန်သာ ရှိတော့သည်။

ကျင့်ကြံသူများ ပိုမို ပါဝင်လာကြ၏။ သူတို့သည် မျက်နှာပုံသဏ္ဍာန် မသဲကွဲသော ရုပ်ထုကြီးကို ဓားများဖြင့် ထိုးနှက်ကြတော့သည်။ ကောင်းမင် ကျေနပ်စွာ ပြုံးလိုက်သည်။

“မင်းကို ကျန်းမင်လီလို့ ငါယုံကြည်လို့ မင်းက ကျန်းမင်လီနဲ့ ပိုတူလာတာ၊ အခု ငါက မင်းကို သွေးနီရောင်မြို့တော်လို့ ယုံကြည်လိုက်ရင် မင်းက သွေးနီရောင်မြို့တော် ဖြစ်သွားမှာလား”

ကောင်းမင်သည် ကျင့်ကြံသူများကို သူတို့၏ လုပ်ရပ်များအပေါ် စဉ်းစားချင့်ချိန်ရန် အချိန်မပေးပေ။ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး မှတ်ဉာဏ်အပိုင်းအစများကို ပြန်လည်ရှာဖွေလိုက်သည်။ သူ့နှလုံးသားထဲရှိ အက်ကြောင်းတစ်ခုမှတစ်ဆင့် လှမ်းကြည့်လိုက်၏။ယင်းသည် သူ့အိပ်မက်ဆိုးထဲမှ မြင်ကွင်းများကို လူအများအပြားထံ ဖော်ပြပြောဆိုရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“အဲ့ဒါက ဆာလောင်တစ္ဆေပွဲတော်နေ့ပဲ၊ မင်းတို့ဟာ ဥမင်လိုဏ်ခေါင်းတစ်ခုထဲကို ဝင်သွားခဲ့ကြတယ်၊ အဲ့ဒီမှာ မြင်နေရတာက...”

စကားတစ်လုံးပြောတိုင်း ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်မှ သွေးနီရောင်မြို့တော်တက်တူးမှာ ပို၍ ထင်ရှားလာတော့သည်။ ဤစွမ်းအားသည် အစစ်အမှန်နှင့် အတုအယောင်ကို လျစ်လျူရှုထားသည်။ ၎င်းသည် အိပ်မက်ဆိုးထက်ပင် ကြောက်မက်ဖွယ် ကောင်းသည်။ တစ်နည်းအားဖြင့် သွေးနီရောင်မြို့တော်သည် အိပ်မက်ဆိုးအားလုံး၏ မြစ်ဖျားခံရာပင် ဖြစ်ပေသည်။

ကျင့်ကြံသူများသည် အလယ်ရှိ ရုပ်ထုကြီးကို ဝန်းရံထားကြသည်။သူတို့က ကောင်းမင်၏ ညွှန်ကြားချက်များအပေါ် အခြေခံ၍ သူတို့နားလည်သလို စတင်ထုဆစ်ကြတော့သည်။

“ပထမအဆင့်ကတော့ ကမ္ဘာမြေရဲ့ သွေးကြောတွေကို ရှာဖွေဖို့ပဲ”

ကောင်းမင်သည်လည်း ထုဆစ်နေခြင်းဖြစ်သည်။ သို့သော် သူသည် ကျောက်တုံးပေါ်တွင် ထုဆစ်ခြင်းမဟုတ်ဘဲ သူ့ခန္ဓာကိုယ်ပေါ်တွင် ထုဆစ်နေခြင်းဖြစ်သည်။ သူသည် သူ့ခန္ဓာကိုယ်ကို ကမ္ဘာကြီးတစ်ခုအဖြစ် စိတ်ကူးယဉ်ပုံဖော်လိုက်သည်။ သူ၏ သွေးကြောမှတ်များကို ရှာဖွေလိုက်ပြီး စွန့်ပစ်ဆေးလုံးများမှ ရရှိသည့် အဆုံးစွန်သော စိတ်ခံစားချက်များကို ထည့်သွင်းလိုက်သည်။ ထိုစိတ်ခံစားမှုများသည် သူ၏ ကုန်ကြမ်းပစ္စည်းများပင် ဖြစ်သည်။

“ဒုတိယအဆင့်… ဓားကိုဖွင့်ပြီး ကောင်းကင်ကို ပူဇော်မယ်”

ကျင့်ကြံသူများသည် သူတို့၏ သွေးများကို အသုံးပြု၍ ဓားများကို တိုက်ကျွေးလိုက်ပြီး ထုဆစ်ခြင်းကို စတင်ပြီးကြသည်။ လတ်ဆတ်သောသွေးများက ရုပ်ထုကို ထိတွေ့သွားသည်နှင့် သူတို့၏ ခေါင်းပေါ်ရှိ နတ်ဘုရားနန်းတော်ကို ဝန်းရံထားသော တိမ်တိုက်များမှာ ကွာကျလာတော့သည်။ ၎င်းကို မြင်တွေ့လိုက်ရသောအခါ ကျင့်ကြံသူများသည် စိတ်ဓာတ်တက်ကြွလာကြသည်။ သူတို့သည် ထိုအခွင့်အရေးကို လက်မလွှတ်လိုသဖြင့် ပိုမိုမြန်ဆန်စွာ အားစိုက်လုပ်ဆောင်ကြတော့သည်။

ကောင်းမင်ကား ယင်းကို သတိမထားမိပေ။ သူ၏ စိတ်ဝိညာဉ်သည် နှလုံးသားထဲသို့ နစ်မြုပ်ဝင်ရောက်သွားပြီး သူ၏ ကျောက်ထွင်းဓားကို ရှာဖွေနေ၏။ ခန္ဓာကိုယ်ကို ကမ္ဘာလောကအဖြစ်လည်းကောင်း စွန့်ပစ်မှတ်ဉာဏ်များကို ကုန်ကြမ်းအဖြစ်လည်းကောင်း အသုံးပြုထားသည့်အတွက် ကောင်းမင်၏ဓားသည် အခြားလူများထက် ထူးခြားနေရမည် ဖြစ်သည်။

“မှတ်ဉာဏ်တွေကို ထုဆစ်ဖို့အတွက် အဲ့ဒီဓားက လုံလောက်အောင် ထက်မြက်နေရမယ်”

ကောင်းမင်၏ ခန္ဓာကိုယ်ထဲတွင် ပြန့်ကျဲနေသော သားသတ်သမား၏ အသတ်အဖြတ် ဆန္ဒများက စုစည်းသွားသည်။ အသွေးအသားကို ဆေးဖိုအိုးအဖြစ် အသုံးပြု၍ သားသတ်သမား၏ အသတ်အဖြတ်ဆန္ဒကို ဓားတစ်လက်အဖြစ် သွန်းလုပ်သန့်စင်လိုက်သည်။ သို့သော် ထိုမျှနှင့် မလုံလောက်သေး။ ကောင်းမင်သည် သူ၏ ဝိညာဉ်မီးတောက်ကို ပို၍မြှင့်တင်လိုက်သည်။ သူ့နှလုံးသားထဲမှ ယိုစိမ့်ထွက်လာသော မှတ်ဉာဏ်များကို ပြန်လည်ကြည့်ရှုလိုက်သည်။ ထပ်ခါတလဲလဲ နာကျင်စွာသေဆုံးခဲ့ရခြင်းများ၊ အဆုံးမဲ့သော အမှောင်ထုများနှင့် အိပ်မက်ဆိုးများသည် လူသတ်ဓား၏ ဓားရိုးအဖြစ် နှောင်ဖွဲ့သွားကြသည်။

“ဆက်ကြည့်ထား… ငါ နောက်ဆုတ်လို့ မဖြစ်ဘူး၊ ဒါတွေက ငါ့ရဲ့ အတွေ့အကြုံတွေပဲ၊ ငါ ဒါတွေကို ကျော်ဖြတ်မှရမယ်”

ကျိုးပဲ့နေသော မှတ်ဉာဏ်အပိုင်းအစများမှာ တိုးဝှေ့ထွက်ပေါ်လာ၏။ အိပ်မက်ဆိုး၏ စိတ်ခံစားချက်များသည် ကောင်းမင်၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ရိုက်ခတ်လာ၏။ သူသည် သရဲတစ္ဆေများ လွှမ်းမိုးထားသော မြို့တော်ကြီးထဲတွင် မတ်တပ်ရပ်နေခဲ့သည်။ သူသည် အသက်ရှင်သန်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ မြို့တော်တစ်ခုလုံးကို ကယ်တင်ရန်အတွက် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို စတေးခဲ့သော်လည်း အပြန်အလှန်အားဖြင့် သူသည် သစ္စာဖောက်ခြင်းကိုသာ ခံခဲ့ရသည်။

သူ သေဆုံးပြီးနောက် မျက်လုံးပြန်ပွင့်လာသည့်အခါ အစသို့ ပြန်ရောက်သွားခဲ့သည်။ သူသည် လူများကို ပိုမိုကယ်တင်ရန်အတွက် သူ၏လျှို့ဝှက်ချက်များကို ဝေမျှရန် ထပ်မံရွေးချယ်ခဲ့ဆဲဖြစ်သည်။ သို့သော်လည်း သူ ပြန်လည်ရရှိခဲ့သည်မှာ စွန့်ပစ်ခံရခြင်းသာ ဖြစ်သည်။

သူသည် သူ့နှလုံးသားကို အခြားလူများအတွက် အကြိမ်ပေါင်းမည်မျှ ဖွင့်ပေးခဲ့သည်မှန်း သူကိုယ်တိုင်ပင် မသိတော့ချေ။ မြောက်မြားလှစွာသော သေဆုံးမှုများသည် သူ၏ကြင်နာမှုကို အကြိမ်တိုင်း မြေစာပင်အဖြစ် နင်းချေခံခဲ့ရခြင်းကို ကိုယ်စားပြုနေလေသည်။

ကြောက်ရွံ့မှု၊ ဆန္ဒမရှိမှု၊ မကျေနပ်မှုနှင့် နာကျည်းမှုများသည် မီးတောက်များထဲသို့ စီးဝင်သွားကြသည်။ ကောင်းမင်တစ်ဦးတည်းသာ ပိုင်ဆိုင်သော သွေးမီးတောက်တစ်ခုသည် အသွေးအသားမီးဖိုကြီးထဲတွင် တောက်လောင်လာတော့သည်။

All Chapters