← Chapters

ယုံကြည်မှုစွမ်းအား

Vol. 41 Ch. 613

ယုံကြည်မှုစွမ်းအား

Vol. 41 Ch. 613

“သားသတ်သမားက အိပ်မက်ချိုးဖျက်မြို့မှာ အရေးပါတဲ့ ယုံနတ်ဘုရားတစ်ပါး ၊ သူက ဝတ်ပြုဓလေ့ပွဲတွေအတွက် တိရစ္ဆာန်တွေကို ပြင်ဆင်ပေးရတဲ့ တာဝန်ရှိသူပဲ ၊ ဒါပေမယ့် တိရစ္ဆာန်တွေကို အကြင်နာဆုံးလူက သားသတ်သမား ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ရွာအဝင်ရှိ ကျောက်တုံးကြီးပေါ်တွင် နာမည်များ အပြည့်ရေးထွင်းထားသည်။ ညကင်းစောင့်အိုကြီးသည် မြို့သူမြို့သားများကို ကာကွယ်ရန်သာ စိတ်ဝင်စားပြီး တိရစ္ဆာန်များကိုမူ ဂရုမစိုက်ပေ။ သားသတ်သမားတစ်ယောက်သာ ထိုတိရစ္ဆာန်များကို မှတ်တမ်းတင်ထားပေသည်။ ပြန်စဉ်းစားကြည့်လျှင် သူနှင့် သားသတ်သမားတို့ ပထမဆုံး စတင်တွေ့ဆုံခဲ့စဉ်က ဆိုင်ရှင်ဝမ်သည် မြည်းနက်လေးတစ်ကောင်ကို နှိပ်စက်နေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် သားသတ်သမားက ဆိုင်ရှင်ကို ကြိတ်ဆုံထဲ ပစ်ထည့်လိုက်ပြီး စမ်းသပ်သူတစ်ယောက်အဖြစ်မှ ပြောင်းလဲသွားသော မြည်းလေးကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။

“ဖူရှုပြောတာ မှန်တယ်၊ သားသတ်သမားက ငါရှာတွေ့နိုင်သမျှ ဒီမြို့ထဲက လူတွေထဲမှာ အရိုးသားဆုံးလူပဲ”

ကောင်းမင်သည် ဝက်မျက်နှာဖုံးကို ကောက်ယူရင်း စဉ်းစားကြည့်နေသည်။ သားသတ်သမားသည် ကောင်းမင်ကို လိုက်လံတိုက်ခိုက်နေခဲ့သော်လည်း အမှန်တကယ်တွင် တစ်ခါမှ ထိခိုက်စေခဲ့ခြင်းမရှိပေ။ သူသည် ကောင်းမင်၏ အခက်အခဲများကိုပင် ကူညီဖြေရှင်းပေးခဲ့သေးသည်။

“ဒါပေမဲ့ အိပ်မက်ချိုးဖျက်မြို့က ရိုးသားတဲ့လူတစ်ယောက်ကိုတောင် ဒီလောက်ထိ အရူးအမူး သတ်ဖြတ်ချင်တဲ့ သားသတ်သမား အခြေအနေထိရောက်အောင် တွန်းပို့နိုင်တယ်ဆိုတော့ တကယ်ကြောက်စရာကောင်းတဲ့ နေရာတစ်ခုပဲ”

ကောင်းမင် နားမလည်နိုင်ဖြစ်နေမိသည်။ စိတ်အပန်းဖြေစရာ နေ့စဉ်ဘဝ(Iyashikei) ဂိမ်းတစ်ခုသည် အဘယ်ကြောင့် အဆုံးသတ်တွင် ထိုသို့ ဖြစ်သွားရသနည်း။

နတ်ဘုရားသရဲများသည် ကောင်းကင်ဘုံတံခါးက အစစ်အမှန်ဖြစ်ကြောင်း သိရှိသွားသောကြောင့် အထိန်းအကွပ်မဲ့လာကြပုံရသည်။ သူတို့သည် တက်လှမ်းနိုင်ရန်အတွက် ရှိသမျှ ခွန်အားများအားလုံး အသုံးပြု၍ ပြင်ဆင်လာနေကြသည်။

“အိပ်မက်ချိုးဖျက်မြို့မှာ ဝိညာဉ်ဘုရားကျောင်းတွေ အများကြီးရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲ့ဒါတွေကို သရဲတွေက သိမ်းပိုက်ပြီး သူတို့ရဲ့ အိမ်တော်တွေအဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်၊ ဒီ ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းကတော့ ရေနဂါးမင်းနဲ့ ပူးပေါင်းပြီး ရေအောက်မှာ ပုန်းအောင်းနေခဲ့ပြီး နောက်ဆုံးအချိန်ကျမှ ပေါ်လာတာပဲ၊ ဒါကို ကိုင်တွယ်ဖို့တော့ လွယ်မှာမဟုတ်ဘူး”

ကောင်းမင်သည် လောဘကြောင့် မျက်စိမကန်းသွားပေ။ ၎င်းပြင် သူသည် ကောင်းကင်ဘုံတံခါးကိုလည်း စိတ်မဝင်စားချေ။ စမ်းသပ်သူတစ်ယောက်အနေဖြင့် သူ့တွင် ဤအိပ်မက်ဆိုးမှ ထွက်ခွာရန် အခြားနည်းလမ်းများစွာ ရှိနေသည်။

“ဒီတိုက်ပွဲက သူတို့ကိစ္စပဲ”

မျက်နှာဖုံးကို ကိုင်ထားရင်း ကောင်းမင်သည် သမင်လေးကို ထွက်ခွာရန် အချက်ပြလိုက်သည်။ သူတို့ နတ်ရေတံခွန်မှ ဆုတ်ခွာလာပြီး သစ်ရွက်ခြောက်များနှင့် အသုဘငွေစက္ကူပုံများကြားတွင် ပုန်းအောင်းလိုက်ကြသည်။ သားသတ်သမား ပိုင်းဖြတ်လိုက်သော ရေတံခွန်သည်လည်း မကြာခင် နဂိုအတိုင်း ပြန်ဖြစ်သွားသည်။ နန်းတော်ထဲရှိ ကျောက်စိမ်းအဆောက်အဦးများမှာလည်း ထိခိုက်ပျက်စီးသွားပုံမရပေ။ ကောင်းကင်ဘုံတံခါးပေါ်တွင် သားသတ်သမား၏ ဓားတစ်လက် စိုက်ဝင်နေခြင်းသာ ရှိသည်။ ထိုတံခါးကြီးနှင့် ယှဉ်လျှင် ဓားက သေးငယ်လှသော်လည်း မည်သူမျှ လျစ်လျူရှု၍ မရပေ။ ၎င်းသည် ဝိညာဉ်ဘုရားကျောင်း၏ နှလုံးသားကို ရိုက်နှက်ထားသော သံမှိုတစ်ချောင်းကဲ့သို့ ဖြစ်နေလေသည်။

လေအဝှေ့တွင် အသုဘငွေစက္ကူများ လွင့်ပျံသွားပြီး အမည်မသိသူအတွက် နာရေးသီချင်းတစ်ပုဒ် ပဲ့တင်ထပ်လာသည်။ ပတ်ကြားအက် မြေကြီးထဲမှ လက်တစ်ဖက် ထွက်ပေါ်လာသည်။ ပုပ်ဆွေးနေသော အသားများကြားမှ အရိုးများ ပေါ်ထွက်လာသည်။ နာရေးသီချင်းသံ ကျယ်လောင်လာသည်နှင့်အမျှ အရိုးစုများ မြေကြီးထဲမှ တရွရွ တိုးထွက်လာကြ၏။ ၎င်းတို့သည် တစ်ခုပေါ်တစ်ခု ထပ်၍ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် အရိုးလှေကားတစ်ခုကို တည်ဆောက်လိုက်ကြသည်။ ထိုနတ်ဘုရားသရဲသည် ဂုဏ်ယူဝင့်ကြွားလှသည်။သူသည် နတ်ဘုရားနန်းတော်သို့ သွားမည့်လမ်းကြောင်းကို သူကိုယ်တိုင် ဖောက်နေခြင်း ဖြစ်၏။

အရိုးလှေကား၏ တောင်ဘက်တွင်မူ မြေကြီးများ တအိအိလှုပ်ခတ်လာသည်။မြေပြင်ပေါ်တွင် ဧရာမ သင်္ချိုင်းဂူကြီးတစ်ခု ပေါ်လျှိုးလာသည်။ လေပြင်းများသည် သင်္ချိုင်းဂူဘေးတွင် ဝိညာဉ်ခေါ် အလံများကဲ့သို့ တလွင့်လွင့် ဖြစ်နေတော့၏။ လေငြိမ်သွားချိန်တွင် မြေအောက်မြစ်သည် စတင်၍ ပြောင်းပြန် စီးဆင်းလာသည်။ အနက်ရောင် မြစ်ရေများသည် အနောက်ဘက်သို့ တဟုန်ထိုး စီးဝင်သွားသည်။ ရေသည် ကောင်းကင်ကို မထိနိုင်သော်လည်း ဝမ်းနည်းဖွယ် ဂီတသံများကြားတွင် အနက်ရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့သည် အမွှေးတိုင်မီးခိုးများနှင့် တူပြီး မြူခိုးများနှင့် ရောယှက်သွားကာ ကြည်လင်နေသော နတ်ဘုရားမြူခိုးများကို ညစ်ထေးသွားစေတော့သည်။

“မြို့ရဲ့ ကျိနတ်ဘုရားက လှုပ်ရှားလိုက်ပြီ၊ ဒါက ကြီးကျယ်တဲ့လုပ်ရပ်တစ်ခုပဲ”

သေခြင်းတရားအငွေ့အသက်သည် အရပ်သုံးမျက်နှာမှ ကောင်းကင်ယံထိ ထိုးဖောက်သွားသည်။ နတ်ဘုရားနန်းတော်မှာ ၎င်းတို့၏ ထိန်းချုပ်မှုအောက် ရောက်သွားဟန်တူသည်။

“မင်းတို့လို အလောင်းကောင်တွေကို စားနေတဲ့ ပိုးလောက်ကောင်တွေကများ…မင်းတို့ကိုယ်မင်းတို့ နတ်ဘုရားသရဲလို့ ခေါ်ဝံ့ကြသေးတယ်လား”

လရောင်နန်းတော်ထဲမှ ကောင်းမင်အတွက် အလွန်ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

ကောင်းမင်၏ မျက်နှာ ရှုံ့မဲ့သွားသည်။

“ကျန်းမင်လီလား”

ထိုသို့ သူတွေးလိုက်မိသည့်အချိန်တွင် အသံသည် ကျန်းမင်လီ၏ အသံနှင့် ပို၍ တူလာသကဲ့သို့ ရှိသည်။

“အိပ်မက်ဆိုတာ မပြောသင့်သူတစ်ယောက်ပဲ၊ မင်းတို့ သူ့ရဲ့အိပ်မက်ထဲမှာ ရှိနေကြကတည်းက အဆုံးသတ်က ပျက်စီးခြင်းတစ်ခုပဲ ရှိတယ်၊ နတ်အင်မော်တယ်အဖြစ် ပြောင်းလဲပြီး အသစ်တစ်ဖန် မွေးဖွားတာကို လက်ခံမှသာ အဲ့ဒီကံကြမ္မာကနေ လွတ်မြောက်နိုင်လိမ့်မယ်”

ကျန်းမင်လီ၏ အသံက ရှင်းပြနေသည်။ သို့သော် ကောင်းမင်မှာမူ ပို၍ သံသယဝင်လာမိ၏။

“ကျန်းမင်လီက ‘အိပ်မက်’ ပြန်ပေါ်လာမှာ စိုးရိမ်နေတာ မှန်ပေမယ့် အဲ့ဒါကို အကြောင်းပြပြီး နတ်ဘုရားအဖြစ်ကို ခံယူမယ့်လူစားမျိုး မဟုတ်ဘူး”

ကောင်းမင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

“ဒါက ကျန်းမင်လီ မဟုတ်ဘူး၊ ဝိညာဉ်ဘုရားကျောင်းက သူ့ကို အသုံးချပြီး ဟန်ဆောင်နေတာပဲ”

တကယ်တော့ သူသည် အခြားတစ်ခုကိုလည်း စဉ်းစားမိသေးသည်။ ဝိညာဉ်ဘုရားကျောင်းကို တည်ဆောက်ခဲ့သူက ကျန်းမင်လီကိုယ်တိုင် ဖြစ်နေရင်ရော။

သူသည် ကျန်းမင်လီကို ကယ်တင်ရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ ကျန်းမင်လီသည် မသေဆေးကုမ္ပဏီနှင့် ပဋိပက္ခဖြစ်နေသည် မှန်သော်လည်း ကောင်းမင်ကား ကျန်းမင်လီ၏ အတွေးအခေါ်နောက်သို့ လိုက်ရမည်ဟု မဆိုလိုပေ။ ကျန်းမင်လီသည် ‘အိပ်မက်’ က သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်မည် စိုး၍ ထိုစွမ်းအားကို တွန်းလှန်နေခြင်း ဖြစ်သည်။ သို့သော် ကောင်းမင်ကမူ ဂရုမစိုက်ပေ။ သူသည် အရာအားလုံးကို ပြောင်းလဲပစ်ရန် စွမ်းအားတစ်ခုကို အပူတပြင်း လိုအပ်နေခြင်းဖြစ်သည်။ ထိုစွမ်းအားသည် ‘အိပ်မက်’ ထံမှ လာခြင်းဖြစ်လျှင်ပင် အရေးမကြီးပေ။

“အိပ်မက်ချိုးဖျက်မြို့မှာ ရှိသမျှ အရာအားလုံးက ‘အိပ်မက်’ ဆီက လာတာပဲ၊ ငါက ‘အိပ်မက်’ ရဲ့ နှလုံးသားထဲမှာ မွေးဖွားလာတာ၊ မင်းတို့က ငါ့ကို ဖမ်းဆီးပြီး နှိပ်စက်နေကြပေမဲ့ အဲ့ဒါက ဘာတွေများ ပြောင်းလဲသွားမှာမို့လို့လဲ”

အရိုးလှေကားသည် နတ်ဘုရားနန်းတော် အစွန်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ ၎င်းသည် ပန်းတိုင်ဆီသို့ တစ်လက်မချင်း တိုးကပ်သွားသည်။

တစ်ဖက်တွင်လည်း ဧရာမသင်္ချိုင်းဂူကြီးထဲမှ တစ်စုံတစ်ခု ပေါက်ကွဲထွက်လာတော့မည့် အခြေအနေ ဖြစ်နေလေသည်။ လူတိုင်း ကျန်းမင်လီကို လျစ်လျူရှုထားကြသည်။

“မင်းတို့က ဒီအိပ်မက်ထဲက အရာအားလုံးကို ပုရွက်ဆိတ်တွေလို သဘောထားတယ်၊ ကြောက်ရွံ့မှုကို ဖြန့်ဝေပြီး မှတ်ဉာဏ်တွေကို စားသုံးနေကြတယ်၊ မင်းတို့ထဲက တစ်ယောက်မှ နတ်ဘုရားဖြစ်ဖို့ အရည်အချင်းမရှိဘူး၊ မင်းတို့အားလုံး အိပ်မက်ဆိုးတွေပဲ”

နတ်ဘုရားနန်းတော် တံခါးပွင့်လာပြီး တစ်ကိုယ်လုံးတွင် ချုပ်ရိုးများပြည့်နေသော ကျန်းမင်လီ ထွက်လာသည်။ သူသည် သာမန်အဝတ်အစားကိုသာ ဝတ်ထားသော်လည်း သူစကားတစ်ခွန်း ပြောလိုက်တိုင်း နတ်ဘုရားနန်းတော်ထဲတွင် နတ်ဘုရားအရှိန်အဝါများ ပိုမိုပြည့်နှက်လာလေသည်။ သူ့ခြေထောက်အောက်ရှိ မြေပြင်သည် ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားပြီး ဧရာမမှန်ချပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုမှန်ထဲမှတစ်ဆင့် အထပ်တိုင်းရှိ လူများသည် အပေါ်ဘက်တွင် ဖြစ်ပျက်နေသည်များကို မြင်တွေ့နိုင်ကြသည်။

“လူတိုင်း နတ်ဘုရားဖြစ်နိုင်တယ်၊ ငါဟာ ကျင့်ကြံသူအားလုံးကို တစ်ဖက်ကမ်းကူးနိုင်အောင် ကူညီပေးဖို့ ဆန္ဒရှိတယ်… အားလုံး ငါ့ရဲ့ ကောင်းချီးတွေကို ရရှိကြလိမ့်မယ်… မင်းတို့လို အိပ်မက်ဆိုးတွေကလွဲရင်ပေါ့”

ကျန်းမင်လီ၏ အသံသည် စွမ်းအားပြည့်ဝသည်။ယင်းသည် မိုးကြိုးသံကဲ့သို့ ဟိန်းထွက်နေသည်။

“နတ်ဘုရားတွေမှာ နတ်ဘုရားနဲ့တူတဲ့ ကျင့်ဝတ်တွေ မရှိတော့တာ မင်းတို့ကြောင့်ပဲ၊ မင်းတို့တွေကို အမြစ်ပြတ် မရှင်းနိုင်သရွေ့ ငါတို့ရဲ့လမ်းစဉ်က ဘယ်တော့မှ ဖြောင့်ဖြူးမှာ မဟုတ်ဘူး”

သူသည် လက်ဖဝါးကို ဖြန့်ချလိုက်ရာ နတ်ဘုရားအလင်းတန်းများ ဖြာကျလာသည်။ သို့သော်လည်း နတ်ဘုရားသရဲများမှာမူ သူ့ကို ဂရုမစိုက်ကြပေ။

ကျန်းမင်လီက ပြုံးလျက် သူ့လက်ဖဝါးကို ပြန်ဆုပ်လိုက်၏။

“ချစ်လှစွာသော ကျင့်ကြံသူအပေါင်းတို့၊ ဒီတရားခံတွေကို နှိမ်နင်းဖို့ ငါ့ကို ကူညီကြမလား”

ထိုအခိုက်အတန့်တွင် နတ်ဘုရားအလင်းတန်းများသည် ထက်ရှသော ဓားသွားများအဖြစ် ပြောင်းလဲသွားတော့သည်။

“ဟားဟား၊ ငါ အောင်မြင်ပြီ”

ကျန်းမင်လီသည် သူ့၏ဝတ်ရုံစကို ခါယမ်းလိုက်ရာ ကြယ်စင်စုများ စတင်လည်ပတ်လာလေသည်။ သူသည် ကြယ်တာရာများကို လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်ဟန် ရှိသည်။ ဘယ်သောအခါမှ မပြောင်းလဲခဲ့သော ညကောင်းကင်ယံကို သူက စိတ်ကြိုက် ခြယ်လှယ်နေလေသည်။ ထိုအချိန်တွင် နတ်ဘုရားနန်းတော်သည် အစစ်အမှန်အဖြစ် တည်ရှိလာတော့သည်။ ကြယ်အလင်းရောင်များသည် အဆောက်အဦးအစွန်းများမှ စီးကျလာပြီး ဂလက်ဆီမြစ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ဂလက်ဆီမြစ်ကြီးက အရိုးလှေကားကို တိုက်စားပစ်လိုက်တော့သည်။

“ဒါက အစစ်အမှန် ဖြစ်လာတာလား”

ကောင်းမင် မျက်လုံးပြူးသွားမိသည်။ ဂလက်ဆီမြစ်၏ အရှိန်အဝါကို မည်သူမျှ မတားဆီးနိုင်ပေ။ အရိုးလှေကားကြီး ပြိုလဲကျသွား၏။သူ့မျက်လုံးထဲရှိ အတိတ်နှင့် အနာဂတ်နတ်ဘုရားပုံရိပ်များကို မြင်ယောင်နေရင်း ကောင်းမင်သည် ကျန်းမင်လီခြေထောက်အောက်ရှိ မှန်ကို စိုက်ကြည့်လိုက်သည်။ ထိုမှန်ထဲတွင် အခြားအထပ်များမှ ကျင့်ကြံသူများကို မြင်တွေ့လိုက်ရသည်။

စက္ကူရုပ်များ၊ မြို့သူမြို့သားများနှင့် တိရစ္ဆာန်များအားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။သူတို့သည် သူတို့၏ ယုံကြည်မှုနှင့် စွမ်းအားများကို ကျန်းမင်လီထံ ပေးအပ်နေကြခြင်း ဖြစ်သည်။ နတ်ဘုရားသရဲများနှင့် ကောင်းမင်သည် နတ်ဘုရားနန်းတော်ကို မယုံကြည်ကြသော်လည်း ဝိညာဉ်ဘုရားကျောင်းထဲရှိ အခြားသူများမှာမူ ဦးနှောက်ဆေးခြင်း ခံထားရပြီးလေပြီ။သူတို့သည် များစွာသော ဆင်းရဲဒုက္ခများကို ခံစားခဲ့ကြရပြီးပြီ ဖြစ်သောကြောင့် နတ်ဘုရားအဖြစ် တက်လှမ်းနိုင်ရန်သာ မျှော်လင့်ချက်အပြည့် ထားနေကြခြင်းဖြစ်သည်။

ဝိညာဉ်ဘုရားကျောင်းသည် သူတို့ကို အဓမ္မမခိုင်းစေခဲ့ပေ။ တကယ်တမ်းတွင် သူတို့ကိုယ်တိုင်က အရာအားလုံး အစစ်အမှန်ဖြစ်စေရန် ဝိညာဉ်ဘုရားကျောင်းထက် ပို၍ပင် အပြင်းအထန် တောင့်တနေကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပြင်းပြသော ဆန္ဒများကြောင့် ဝိညာဉ်ဘုရားကျောင်း၏ စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ယင်းကား ယုံကြည်မှု၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင် ဖြစ်တော့သည်။

All Chapters