← Chapters

အခန်း (၁၉၃)

Vol. 20 Ch. 193

အခန်း (၁၉၃)

Vol. 20 Ch. 193

အခန်း။ ၁၉၃

ဝီ... ဝီ..

ကျန်းနန်မြို့ပြနယ်မြေ၏ အပြင်ဘက်တွင် ရဟတ်ယာဉ်တစ်စင်းမှာ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်။ မကြာမီမှာပင် ၎င်းသည် မြေပြန့်သော မြက်ခင်းပြင်တစ်ခု၏ အထက်၌ ဝဲပျံရပ်တန့်လိုက်သည်။ ရဟတ်ယာဉ်၏ ပန်ကာခပ်သံကြောင့် ထွက်ပေါ်လာသော လေပြင်းများမှာ အောက်ဘက်ရှိ ခြောက်သွေ့နေသော မြက်ပင်များနှင့် သစ်ပင်များကို တရစပ် လှုပ်ခါသွားစေတော့သည်။

နောက်တစ်ခဏတွင် ရဟတ်ယာဉ်ပေါ်မှ ရှည်လျားသော ကြိုးငါးချောင်းကို အောက်သို့ ပစ်ချလိုက်ရာ မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဆင့်ကဲပြောင်းလဲသူငါးဦးသည် ရဟတ်ယာဉ်ပေါ်မှ ဆင်းသက်လာကာ ကြိုးများကို အသုံးပြု၍ မြေပြင်ပေါ်သို့ လျင်မြန်စွာ လျောဆင်းလာကြသည်။

ဖတ်... ဖတ်...

မြေပြင်ပေါ်သို့ ရောက်ရှိပြီးနောက် သူတို့ငါးဦးသည် ခါးရှိ ချိတ်များကို အမြန်ဖြုတ်လိုက်ကြပြီးနောက် အသင့်ပါလာသော လက်နက်များကို ဆွဲကိုင်လျက် ပတ်ဝန်းကျင်ကို အထူးသတိဖြင့် အကဲခတ်နေကြတော့သည်။

ဤငါးဦးပါဝင်သော အဖွဲ့မှာ ကျန်းနန်မြို့ပြနယ်မြေအား ကင်းထောက်ရန် ကျန်းဟိုင်

အခြေစိုက်စခန်းမှ စေလွှတ်လိုက်သော ကိုယ်ပျောက်တပ်ဖွဲ့ပင်။

အဖွဲ့ဝင်ငါးဦးစလုံးမှာ ကိုယ်ပျောက်နိုင်စွမ်းရှိသော စွမ်းရည်ရှင်များ ဖြစ်ကြသည်။ သူတို့၏ တာဝန်မှာ ကိုယ်ပျောက်စွမ်းရည်၏ အားသာချက်ကို အသုံးချကာ ကျန်းနန်မြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်နှင့် လိုအပ်သော သတင်းအချက်အလက်များကို စုဆောင်းရန် ဖြစ်သည်။

အထူးသဖြင့် ဤတစ်ခေါက် ကျန်းနန်မြို့အတွင်း၌ ဆင့်ကဲဇွန်ဘီများ အဘယ်ကြောင့် ပျောက်ကွယ်နေရတာလဲဆိုသည့်အချက်နှင့် ဇွန်ဘီများ၏ အသိဉာဏ်ရှိမှုအခြေအနေတို့ကို အဓိကထား၍ စုံစမ်းရမည်ဖြစ်သည်။

ထိုအဖွဲ့ဝင်ငါးဦးထဲတွင် ယခင်က ချင်းရွှေ ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ဖူးပြီး ကျိရုရွှယ်၏ လက်ထဲမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့သည့် လီယင်းလည်း ပါဝင်နေသည်။ စင်စစ်အားဖြင့် လီယင်းသည် ဤတာဝန်ကို စတင်လက်ခံရရှိစဉ်က အလွန်ပင် ငြင်းဆန်လိုစိတ် ဖြစ်ပေါ်ခဲ့သည်။ သူသည် အခြေစိုက်စခန်းအတွင်း၌ ဘေးကင်းစွာ နေထိုင်နေရသူတစ်ဦးပင်။

သူသည် ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သဖြင့် အခြားသော ဒုက္ခသည်များထက် များစွာသာလွန်သော ခံစားခွင့်များကို ရရှိထားသည်။ မြို့တွင်းပိုင်းဒေသ၌ နေထိုင်ခွင့်ရထားရာ ကမ္ဘာပျက်ကပ် မတိုင်မီအချိန်နှင့် မယှဉ်နိုင်သော်လည်း လက်ရှိအခြေအနေမှာပင် သူ ကျေနပ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကျန်းနန်မြို့ပြနယ်မြေသို့ နောက်တစ်ကြိမ် ပြန်လည်ခြေမချလိုတော့ခြင်းပင်။

ဤနေရာသည် လီယင်းအတွက် စိတ်ပိုင်းဆိုင်ရာ အမာရွတ်ကြီးမားစွာ ကျန်ရစ်ခဲ့သော နေရာတစ်ခုပင်။

ကံဆိုးစွာပင် ယခုတစ်ကြိမ် တာဝန်မှာ အခြေစိုက်စခန်းမှ ထုတ်ပြန်သော မဖြစ်မနေ လိုက်နာရမည့် အမိန့်ဖြစ်ရာ သူကဲ့သို့ သာမန်ဆင့်ကဲပြောင်းလဲသူတစ်ဦးအဖို့ ငြင်းဆန်ရန် အခွင့်အရေး မရှိခဲ့ပေ။ အကယ်၍ မလိုက်နာပါက ခံစားခွင့်အားလုံး ရုပ်သိမ်းခံရမည့်အပြင် အခြေစိုက်စခန်းမှပါ နှင်ထုတ်ခံရမည် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် လီယင်းသည် ဤတာဝန်ကို မလွဲမရှောင်သာ လက်ခံခဲ့ရတော့သည်။

ဤနေရာသို့ ပြန်လည်ရောက်ရှိလာသည်နှင့် လီယင်းသည် ခြံဝင်းအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော ထိုမိန်းကလေးငယ်ကို သဘာဝအတိုင်းပင် ပြန်လည်သတိရမိသွားသည်။ သူမသည် သူ၏အသက်ကို လက်ဝါးကြီးအုပ်ထားဆဲပင်။ ထိုစဉ်က သူမသည် သူ့အား အခြေစိုက်စခန်းအတွင်း ထိုးဖောက်ဝင်ရောက်ကာ သတင်းအချက်အလက်များ စုဆောင်းရန် ခိုင်းစေခဲ့ဖူးသည်။

“အဲဒီ မိန်းကလေးငယ်ကတော့...”

လီယင်းသည် ချင်းရွှေ ခြံဝင်းရှိရာဘက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်မိသည်။ သူ၏ရင်ထဲတွင် ဝေခွဲမရသော တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ဘေးနားရှိ အသင်းဖော်များ သတိမထားမိစေရန် အမူအရာကို ထိန်းထားရသည်။ သူသည် သူမထံသို့ သတင်းသွားပို့သင့်သလားဟု တွေးတောနေမိသည်။ ယခုတစ်ကြိမ် စစ်ဆင်ရေးသည် သေချာပေါက် သူမတို့နှင့် ဆက်နွှယ်နေမည် ဖြစ်သည်။

လီယင်းမှာ များစွာ စိတ်အကျပ်အတည်း ဖြစ်နေရသည်။ အခြေစိုက်စခန်းတွင် တည်ငြိမ်သော ဘဝကို ပိုင်ဆိုင်ထားသည့် လူသားတစ်ဦးအနေဖြင့် သူသည် စခန်းဘက်မှ ရပ်တည်သင့်

သော်လည်း သူ၏အသက်မှာ သူမ၏လက်ထဲတွင် ရှိနေသည်ကိုလည်း မေ့ပျောက်၍မရပေ။ အကယ်၍ သူမဘက်မှ တစ်စုံတစ်ခု ဖြစ်သွားပါက သူလည်း ကောင်းစားမည်မဟုတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။

ပတ်ဝန်းကျင်၌ သိသာထင်ရှားသော အန္တရာယ်မရှိသည်ကို မြင်ရသောအခါမှသာ ငါးဦးပါအဖွဲ့မှာ အနည်းငယ် စိတ်သက်သာရာရသွားကြသည်။ သူတို့အနက် မျက်နှာတွင် အမာရွတ်ပါရှိသော ထွားကြိုင်းသည့် အသက်လတ်ပိုင်းအမျိုးသားက တည်ကြည်သော မျက်နှာထားဖြင့် အခြားသူများကို ကြည့်ကာ “အားလုံး... ငါ့နားကို စုလိုက်ကြ” ဟု အမိန့်ပေးလိုက်သည်။

လီယင်းသည်လည်း သတိပြန်ဝင်လာပြီး ရင်ထဲမှ ရှုပ်ထွေးမှုများကို ဖိသိပ်ကာ ပုံမှန်အမူအရာဖြင့်ပင် ခေါင်းဆောင်ဖြစ်သူ၏အနားသို့ လျှောက်လှမ်းသွားခဲ့သည်။ ဤအမာရွတ်နှင့် အမျိုးသားမှာ ကိုယ်ပျောက်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့၏ လှုပ်ရှားမှုအားလုံးမှာ သူ၏ စီစဉ်ညွှန်ကြားမှုအပေါ်တွင်သာ မူတည်သည်။ ကျန်ရှိသော အဖွဲ့ဝင်သုံးဦးမှာလည်း လျင်မြန်စွာပင် စုရုံးရောက်ရှိလာကြတော့သည်။

“အခု ငါတို့တွေ ကျန်းနန်မြို့ပြနယ်မြေနဲ့ ဆယ်ကီလိုမီတာခန့်ပဲ ဝေးတော့တာ။ မထွက်ခွါခင် စခန်းကနေ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အားလုံးကို ဖတ်ရှုပြီးသား ဖြစ်လိမ့်မယ်။ ဒီတာဝန်က အန္တရာယ်များလို့ ထိုးဖောက်ဝင်ရောက်တဲ့အခါကျ လူတိုင်း သတိထားဖို့လိုအပ်တယ်”

ခေါင်းဆောင်ဖြစ်သူသည် ကျန်အဖွဲ့ဝင်လေးဦးကို ကြည့်ကာ ပြတ်သားသောလေသံဖြင့် မှာကြားလိုက်သည်။ ထိုလေးဦးမှာလည်း ခေါင်းညိတ်ထောက်ခံကြပြီး စိုးရိမ်စိတ်များမှာ မြင့်တက်လာခဲ့သည်။

စခန်း၏ မှတ်တမ်းများအရ ဝမ်လေး၏အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးမှာ လျှို့ဝှက်ဆန်းပြားစွာ သေဆုံးခဲ့ရသည်။ သူတို့သည် အားနည်းသော ဆင့်ကဲပြောင်းလဲသူများ မဟုတ်သော်လည်း မည်သည့်

အသံမျှ မထွက်နိုင်ဘဲ တိတ်ဆိတ်စွာ အသက်ပျောက်ခဲ့ရကာ ပြန်လည်တွေ့ရှိချိန်တွင် အလောင်းများက ချိတ်ဆွဲထားခြင်း ခံခဲ့ရသည်။

“နောက်တစ်ခုက... ငါတို့ရဲ့ ဒီတစ်ခေါက်တာဝန်က သတင်းအချက်အလက် စုဆောင်းဖို့ပဲ။ တာဝန်ကို အောင်မြင်ဖို့က အဓိကပဲ။ ဘေးချော်တဲ့အလုပ်တွေ လုံးဝမလုပ်ကြဖို့ ငါသတိပေးချင်တယ် နားလည်ကြလား”

ခေါင်းဆောင်ဖြစ်သူ၏ စကားမှာ နောက်ပိုင်းတွင် ပိုမိုလေးနက်လာပြီး သတိပေးချက်များဖြင့် ပြည့်နှက်နေသည်။

“စိတ်ချပါ ခေါင်းဆောင်ကျွန်တော်တို့ မှတ်သားထားပါ့မယ်”

အဖွဲ့ဝင်လေးဦးက ပြိုင်တူ ဖြေကြားလိုက်ကြသည်။

“ကောင်းပြီ... ချီတက်ကြမယ်”

အဖွဲ့ဝင်များ၏ တုံ့ပြန်မှုကို ကြားသောအခါ ခေါင်းဆောင်၏ မျက်ဝန်းတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။ သူ စိုးရိမ်နေသည်မှာ ဤလူငယ်များမှာ နုံအလွန်းပြီး ကျန်းနန်မြို့အတွင်း၌ ဒုက္ခရောက်နေသော အသက်ရှင်ကျန်ရစ်သူများကို မြင်ပါက သနားစိတ်ဝင်၍ တာဝန်ကို ပျက်ကွက်မည်ကိုပင်။

ကိုယ်ပျောက်စွမ်းရည်မှာ အသုံးဝင်သော်လည်း အခြားသော စွမ်းရည်များကဲ့သို့ပင် အချိန်အကန့်အသတ်မရှိ အသုံးမပြုနိုင်ပေ။ ၎င်းသည် အသုံးပြုသူ၏ စွမ်းအင်ကို အဆက်မပြတ် စားသုံးနေသည်ဖြစ်ရာ မိမိတို့၏ စွမ်းအင်အားလုံးကို တာဝန်အတွက်သာ အသုံးချရမည်ဖြစ်ပြီးအကျိုးမရှိသော သာမန်လူများကို ကယ်တင်ခြင်းဖြင့် အရင်းအမြစ်များကို မဖြုန်းတီးသင့်ပေ။

အနည်းဆုံးတော့ ဤလေးဦးမှာ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ပုံရသည်။ ကမ္ဘာပျက်ကပ်၏ လောကဓံကို ကြုံတွေ့ခဲ့ရပြီးသူများပီပီ ဤကဲ့သို့သော ကိစ္စများတွင် အမှားအယွင်း မရှိနိုင်ကြသော်လည်း သူက ကြိုတင်၍ သတိပေးထားခြင်း ဖြစ်သည်။ ဤတာဝန်မှာ အဆင့်မြင့်အမိန့် ဖြစ်သဖြင့် အမှားအယွင်း ဖြစ်ပေါ်ပါက ရလာမည့် အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိချေ။

ထို့နောက်တွင် ပါလာသော ပစ္စည်းကိရိယာများကို စစ်ဆေးပြီးနောက် ငါးဦးပါအဖွဲ့သည် ကျန်းနန်မြို့ပြနယ်မြေဆီသို့ လျင်မြန်စွာ ဦးတည်ချီတက်သွားကြတော့သည်။

ကျန်းနန်မြို့ပြနယ်မြေ၊ အားကစားကွင်း။

ဂါးးးဂါးးးးး...

အားကစားကွင်းအတွင်းမှ နားမခံသာသော ဟိန်းဟောက်သံများ အစီအရီ ထွက်ပေါ်နေပြီး ပုပ်စပ်စပ်အနံ့အသက်ဆိုးများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

ဤအချိန်တွင် လုချွမ်းသည် သူ၏ ဇွန်ဘီရုပ်သေးများကို စေခိုင်း၍ အသစ်ဖွဲ့စည်းထားသော ဇွန်ဘီစစ်တပ်ကို အစာကျွေးနေခြင်း ဖြစ်သည်။

ဂျိမ်း...

အားကစားကွင်း၏ ပင်မတံခါးကြီးကို ဧရာမဇွန်ဘီ ၁ က ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ မျိုးရိုးဗီဇပြောင်း သားရဲအသားများ တင်ဆောင်ထားသော လက်တွန်းလှည်းများကို ဇွန်ဘီရုပ်သေးများက အတွင်းသို့ တွန်းပို့လိုက်ကြသည်။ ဧရာမဇွန်ဘီ ၁ ၏ ခြောက်လှန့်နေသော အရှိန်အဝါကြောင့် အားကစားကွင်းအတွင်းရှိ ဇွန်ဘီများမှာ သိတတ်စွာဖြင့် နောက်ဆုတ်ပေးကြတော့သည်။

ထို့နောက် လုချွမ်းသည် ဧရာမဇွန်ဘီ ၁ အား အသားများကို ဇွန်ဘီအုပ်စုအတွင်းသို့ ပစ်ထည့်ရန် ညွှန်ကြားလိုက်သည်။ အသားနံ့ကို ရရှိသည်နှင့် ဇွန်ဘီများသည် အရူးအမူး ခုန်အုပ်ကြကာ တစ်ဦးနှင့်တစ်ဦး လုယက်၍ကိုက်ခဲကာ စားသောက်ကြတော့သည်။

“စားကြ... အားရပါးရ စားကြစမ်း။ နောက်တစ်ကြိမ် အမြုတေတွေ ရိတ်သိမ်းရဖို့ သိပ်မဝေးတော့ဘူး ထင်တယ်”

လုချွမ်းသည် ရုန်းရင်းဆန်ခတ် ဖြစ်နေသော ဇွန်ဘီအုပ်ကြီးကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်

လိုက်မိသည်။ ဤဇွန်ဘီများသည် သူ၏ အမြုတေထုတ်လုပ်ပေးမည့် အရင်းအမြစ်များ ဖြစ်သဖြင့် သူတို့ကို ကောင်းမွန်စွာ ကျွေးမွေးပြုစုရန် လိုအပ်ပေသည်။

ချင်းရွှေ ခြံဝင်းအတွင်း၌ ပုံမှန်အတိုင်းပင် ငြိမ်သက်အေးချမ်းလျက် ရှိသည်။

ယခုအချိန်တွင် ကျိရုရွှယ်သည် အခန်းအတွင်း၌ တင်ပလ္လင်ခွေထိုင်၍ တရားမှတ်နေပြီး သူမ၏ ကျင့်စဉ်ကို လှည့်ပတ်ကာ နယ်ပယ်အဆင့်ကို တည်ငြိမ်အောင် ပြုလုပ်နေသည်။ သူမ၏ ပတ်ဝန်းကျင်ရှိ စွမ်းအင်ဓာတ်များသည် မမြင်ရသော ဆွဲအားတစ်ခုအောက်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန် စီးဝင်သွားကြသည်။ မကြာမီမှာပင် ယခင်က မတည်မငြိမ်ဖြစ်နေသော သူမ၏ အရှိန်အဝါမှာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်အဟုန်ဖြင့် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

ရုတ်တရက် ကျိရုရွှယ်သည် မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ မျက်ဝန်းအတွင်း၌ စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူမနှင့် ဆက်နွှယ်မှုရှိသော တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုမှာ ကျန်းနန်မြို့ပြနယ်မြေဆီသို့ အဆက်မပြတ် ချဉ်းကပ်လာနေသည်ကို သူမ ခံစားလိုက်ရသည်။

နောက်တစ်ခဏတွင် ကျိရုရွှယ်သည် အခြေအနေကို နားလည်သွားပြီး သူမ၏ မျက်ဝန်းအစုံမှာ အေးစက်သော အရောင်အဝါများဖြင့် တောက်ပသွားတော့သည်။ ၎င်းမှာ အဘယ်သူဖြစ်ကြောင်း သူမ သိရှိလိုက်ပြီ ဖြစ်သည်။

၎င်းမှာ ကိုယ်ပျောက်စွမ်းရည်ရှင် လီယင်းပင်။

သူ နောက်ဆုံးတော့ ပြန်လာရဲပြီပေါ့။

သူမသည် လီယင်းကို ထိန်းချုပ်ပြီးနောက် ကျန်းဟိုင်အခြေစိုက်စခန်းအတွင်းသို့ စေလွှတ်ခဲ့သည်မှာ အတော်ပင် အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

All Chapters