← Chapters

အခန်း (၁၁၂)

Vol. 12 Ch. 112

အခန်း (၁၁၂)

Vol. 12 Ch. 112

(112)

ကျိုထိုက်က အခြေအနေကို အလုံးစုံရှင်းပြပြီးနောက် သူ့၏နောက်မှ လူနှစ်ယောက်ကို ကျင်းယန်နှင့် သူ၏အသင်းဖော်များထံသို့ မိတ်ဆက်ပေးလာခဲ့သည်။

ဤလူနှစ်ယောက်က River Glory အခြေစိုက်စခန်းရှိ ဆင့်ကဲပြောင်းလဲသူများထဲမှ အတော်ဆုံးသူများဖြစ်လေသည်။

ထို့အပြင် သူတို့က သူနှင့်အခြေစိုက်စခန်း နှစ်ခုလုံးကို အလွန်အမင်း သစ္စာရှိကြ၏။

သူတို့က ဤမစ်ရှင်တွင် ပါဝင်ပြီးနောက် ကျင်းယန်တို့အသင်းနှင့် လက်တွဲလုပ်ဆောင်ရမည် ဖြစ်သည်။

တစ်ယောက်ကို တစ်ယောက်နှုတ်ဆက်ပြီးနောက် ကျိုထိုက်နှင့်တခြားသူများက အိမ်ထဲမှထွက်လာကြ၏။

“ဒါဆို မင်းတို့ကို မနှောက်ယှက်တော့ပါဘူး.. နည်းနည်းလောက် နားလိုက်ကြပါဦး.. မြို့တော်Bက ဆင့်ကဲပြောင်းလဲသူတွေ ရောက်လာရင် လုပ်ဆောင်ရမယ့် အစီအစဥ်အတိအကျကို ဆွေးနွေးကြမယ်”

ကျောင်းမောင်နှမက လူတိုင်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် ကျိုထိုက်နှင့် သူ့လူများကို အိမ်အပြင်ဘက်သို့ လိုက်ပို့ခဲ့ကြသည်။

သူတို့တံခါးကို ပိတ်ပြီးနောက် သူတို့နှစ်ယောက်က ဟန်ဆောင်ထားသည့် လေးနက်သော အမူအရာများကို လျော့လိုက်၏။

“ဒီ River Glory အခြေစိုက်စခန်းက တကယ်ကို ကောင်းကောင်းမွန်မွန် လုပ်မနေဘူးပဲ..”

ကျောင်းချီယန်က ဆိုဖာပေါ်ခုန်ဝင်ရင်း ပြောလိုက်ပြီး ကျင်းယန်နှင့် သူ့အစ်မကို လှမ်းကြည့်လိုက်သည်။

မြို့တော်Z အခြေစိုက်စခန်းနှင့် နှိုင်းယှဥ်ရန် မပြောနှင့်။ သူတို့လည်ပတ်ခဲဲ့သည့် နဂါးပျံအခြေစိုက်စခန်းကပင် ဤနေရာထက် အစစအရာရာ ပိုကောင်းပေ၏။

လမ်းပေါ်မှ တက်ကြွမှုကင်းမဲ့ပြီး ပိန်လှီနေသော သာမာန်လူများနှင့် ညစ်ပတ်နေသော နေရာများကို တွေးမိလိုက်သည့်အတွက် သူတို့တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ထိုညတွင် ရှူးယန်အသင်းထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည့် ကျိုထိုက်က ကျိန်ဆဲကာ အိပ်ယာပေါ်မှ ထလိုက်၏။

ထိုအချိန် သူ့ဘေးမှဇနီးဖြစ်သူက အိပ်နေရင်းယောင်လာသဖြင့် ပို၍ပင် ဒေါသထွက်သွားစေလုနီးပါးပင်။

သူက သူ၏လက်အောက်ငယ်သားများကို ဆက်သွယ်ပြီး ကျူးကျော်လာသူ နှစ်ယောက်ကို ဆွဲထုတ်သွားရန် ညွှန်ကြားခဲ့သည်။

ထိုလူများမှာ ကျူးကျော်သူနှစ်ယောက်၏ ဒဏ်ရာများကို သေသေချာချာ ကုသမပေးဘဲ ဖြစ်သလို ပတ်တီးစီးပေးကာ သာမာန်လူများနေထိုင်သည့် စက်ရုံထဲသို့ ပြန်ပစ်ထည့်လိုက်ကြ၏။

“စိတ်မပူပါနဲ့”

ကျိုထိုက် သူတို့ကို အာမ‌ခံ‌၍ပြောလိုက်သည်။

“တံခါးလော့ခ်ကို မနက်ဖြန်နောက်ဆုံးထားပြီး ပြန်အစားထိုးပေးပါ့မယ်”

ကျင်းယန်က ထပ်မံ၍ အကျယ်မချဲ့ခဲ့ချေ။ သူက နားလည်ကြောင်း ခေါင်းညိတ်ပြလာသောကြောင့် ကျိုထိုက်၏ တင်းကြပ်နေသောစိတ်မှာ ပြေလျော့သွားခဲ့၏။

ထိုအကြောင်းကို သူတို့ဆွေးနွေးပြီးနောက်တွင် ညအချိန်ပင် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ကောင်းကင်မှ အပြာရောင်ဖျော့ဖျော့အလင်းတို့က ပေါ်ထွက်လာပြီး မကြာခင် အရုဏ်တက်တော့မည်ဖြစ်၏။

ဖောက်ထွင်းသူသုံးယောက်ကို သွားရောက်ဖြေရှင်းသည့် ကွေ့ပင်းပိုင်က အလောတကြီးပြန်လာပြီး ကျိုထိုက်၏ နားကိုကပ်ပြီး တီးတိုးပြောလိုက်သည်။

“သူတို့သုံးယောက်ကို ဘယ်လိုကိုင်တွယ်သင့်လဲ၊ အခု အနံ့ခံအာရုံမှာ ဆင့်ကဲပြောင်းလဲမှုရှိတဲ့လူရဲ့ မိသားစုက ပြဿနာရှာပြီး နစ်နာကြေး တောင်းနေကြတယ်”

ကျိုထိုက် သရော်လိုက်၏။

“ငါက သူတို့ကို တာဝန်မခံခိုင်းတာတောင်မှ ဂဂျီဂဂျောင် လာလုပ်နေကြတယ်ပေါ့.. သူတို့ကို ဆေးရော အစာရောမပေးနဲ့.. သူတို့ဘယ်လောက်ကြာကြာ ပြဿနာရှာနိုင်မလဲ ငါကြည့်ဦးမယ်!”

နောက်နေ့မနက်၌ ယင်ရိလျိုတစ်ယောက် အိပ်ယာပေါ်တွင် လှိမ့်ပြီး ပျင်းရိစွာသမ်းလိုက်မိသည်။

သူမ ဖြည်းညှင်းစွာ ထထိုင်လိုက်၏။ သူမ၏ခေါင်းပေါ်မှ နားရွက်များမှာ တစ်ဖက်က တွဲလောင်းကျကာ တစ်ဖက်က ထောင်နေ‌လေသည်။ သူမ၏ဆံပင်များက လျော့ရဲနေကာ အနည်းငယ် ရှုပ်ပွနေ‌ခဲ့သည်။။

သူမ၏ပန်းရောင်ဖိနပ်မှာ တစ်ဖက်သာ အိပ်ယာဘေးတွင်ရှိပြီး နောက်တစ်ဖက်ကို မနေ့ည အိပ်ယာဝင်စဥ်က ကန်ထုတ်လိုက်မိပုံရသည်။

သူမ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အိပ်ယာအောက်ကို ရှာကြည့်လိုက်လျှင် ဖိနပ်၏ အမွှေးပွပွပန်းရောင်အနားလေးကိုသာ မြင်ရလေသည်။

ဖိနပ်ကို သူမ၏လက်တံတိုတိုလေးဖြင့် လှမ်းယူရန်ကြိုးစားလိုက်သော်ငြား မမှီချေ။ ထို့ကြောင့် သူမ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကာ လက်လှမ်းလိုက်ပြီး ပို၍နီးအောင် ထပ်မံကြိုးစားလိုက်သည်။

သို့သော် သူမ မမှီနိုင်ခင် အနောက်ဘကာမှလက်ကြီးတစ်ဖက်က သူမ၏ခါးမှလှမ်းကိုင်ပြီး နောက်သို့ဆွဲလိုက်လေ၏။

ယင်ရိလျိုတစ်ယောက် လွယ်လင့်တကူ ဆွဲမ,ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး အိပ်ယာပေါ် တင်ခံလိုက်ရသည်။

သူမ နောက်ကို လှည့်ကြည့်လိုက်ပြီးနောက် မျက်လုံးများက တောက်ပသွားလေ၏။

ကျင်းယန်သည်က ယခုလေးတင် နိုးလာခြင်းဖြစ်၏။ ကလေးမလေးက ဘောလုံးလေးကဲ့သို့ ကွေးညွှတ်ပြီး အိပ်ယာဘေးတွင် ဒူးထောက်နေသည်အား မြင်လိုက်ရသည့်အတွက် လက်လှမ်းပြီး သူမကိုကောက်တင်လိုက်ခြင်းပင်။

“ဘာဖြစ်လို့လဲ?”

သူ၏ခန္ဓာကိုယ်ကို အနည်းငယ် ထောက်ထားသောကြောင့် ရင်ဘက်ပေါ်မှအင်္ကျီက ပို၍ပင် ဟိုက်ကျသွားလေ၏။

ယင်ရိလျို လှည့်ကြည့်လိုက်သည့်အခိုက်တွင် သူ၏တောင့်တင်းပြီး ချောမွတ်သော ပျားရည်ရောင်ရင်ဘတ်ကို မြင်လိုက်ရ‌သဖြင့် သူမ၏ပါးစပ်မှ သွားရည်ယိုလုနီးပါးဖြစ်သွားရသည်။ထို့အပြင် မနက်ခင်းနိုးခါစ အမျိုးသား၏အသံမှာ သြရှရှဖြစ်နေခဲ့ပြီး သောက်ကျိုးနည်းလောက်အောင် ချောမောနေလေသည်။

ယင်ရိလျို ချောင်းဟန့်ပြီး အကြည့်လွှဲလိုက်၏။ သူမ၏ခြေထောက်လေးကို လွှဲယမ်းလိုက်လျှင် တစ်ဖက်က ပန်းရောင်ဖိနပ်လေးနှင့်ဖြစ်ပြီး တခြားတစ်ဖက်မှာ ဖြူဖွေးနေသော ခြေခောက်လေးက ဗလာဖြစ်နေလေသည်။

သူမ ရှာနေသည့်အရာကို ကျင်းယန်နားလည်သွားပြီးနောက် ကလေးမလေး၏ ဒူးခေါင်းက အနည်းငယ်နီရဲနေကြောင်း သတိထားမိလိုက်၏။

သူ မျက်မှောင်ကြုတ်၍ ဒူး‌ခေါင်းကို လက်ဖြင့်အုပ်ပြီး လက်ဖဝါးမှအနွေးဓာတ်ဖြင့် ညင်သာစွာ ပွတ်ပေးလိုက်သည်။

“နာသွားလား?”

ယင်ရိလျို ခေါင်းယမ်းလိုက်၏။

“ကျွန်မက ကြွေနဲ့လုပ်ထားတာမဟုတ်ဘူးလေ.. ဘယ်လိုလုပ်ပြီး ဒီလောက်ကျိုးပဲ့လွယ်မှာလဲ”

သူမ မသိခဲ့သည်မှာ ကျင်းယန်၏နှလုံးသားထဲတွင် သူမက ကြွေထက်ပင် ပို၍ကျိုးပဲ့လွယ်ပြီး တစ်ချက်ထိရုံဖြင့် ကွဲကြေသွားမည်ဟု တွေးထားခြင်းကိုပင်ဖြစ်ပေသည်။

ကလေးမလေးက ဖိနပ်စီးပြီး အပြင်သို့ထွက်ရန် အလောတကြီးဖြစ်နေလေ၏။ ကျင်းယန်က အနည်းငယ်ဖွာနေသော ခေါင်းကိုလက်ဖြင့်သပ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

သူက ရိုးရှင်းထက်မြက်သည့် buzzcut စတိုင်ကို ထားခဲ့ဖူးသော်ငြား ကမ္ဘာပျက်ကပ်ဖြစ်ပြီးကတည်းက ဆံပင် မညှပ်ရသေးသောကြောင့် အရှေ့ဘက်နှင့်နောက်ဘက်တွင် အနည်းငယ်ပိုရှည်လာကာ သူ၏အမြဲအေးစက်နေသော မျက်နှာထားကို လျော့ပါးစေပြီး သူ၏မျက်နှာတွင် နူးညံ့မှုနှင့် အလှတရားကို ပေါင်းထည့်ပေးနေလေသည်။

သူက ကြမ်းပြင်ပေါ်တွင်ခြေဗလာရပ်လိုက်ပြီး လက်ဖျံကြွက်သားကို အသာအယာလှုပ်ရှားလိုက်ကာ လက်တစ်ဖက်ဖြင့် ပန်းရောင်အိပ်ယာ၏ တစ်ဖက်ကိုမလိုက်သည်။

ထို့နောက် အိပ်ယာအောက်တွင် အကန်ခံထားရသော ဖိနပ်လေးကို ကောက်ယူလိုက်၏။

ယင်ရိလျို အိပ်ယာပေါ်ထိုင်၍ သူအား စိုက်ကြည့်နေခဲ့သည်။

ဒီရွှေပေါင်လုံးကြီးက boyfriend material လိုမျိုး ဖြစ်နေတာကိုရပ်လို့ရမလား?

သူမတင်မဟုတ်ဘူး ။ ဘယ်ကောင်မလေးကမှ ဒါကို တောင့်မခံနိုင်လောက်ဘူး။

သူ၏ခေါင်းကို ဖွလိုက်ပြီးနောက်တွင် ကျင်းယန်၏ခေါင်းပေါ်၌ ဆံပင်တစ်စုက အနည်းငယ် ကွေးညွတ်ပြီးထောင်နေခဲ့ပြီး အလွန်ချစ်စရာကောင်းနေခဲ့သည်။

သူက အိပ်ယာလေးကို သေသေချာချာ ပြန်လည်းနေရာချပြီးနောက် နောက်သို့လှည့်လိုက်ပြီး ယင်ရိလျို၏ခြေထောက်ကို ဖိနပ်လေး ပြန်စီးပေးလိုက်သည်။

ယင်ရိလျိုမှာ အိပ်မွေ့ချခံလိုက်ရသကဲ့သို့ လက်လေးကို ဆန့်ထုတ်ပြီး ကျင်းယန်၏ခေါင်းပေါ်မှ ထောင်နေသောဆံပင်လေးကို အသာအယာပုတ်လိုက်မိ၏။ ဆံပင်စုလေးက လဲကျသွားခဲ့သော်လည်း နောက်တစ်ဖန် ပြန်ထောင်သွားလေသည်။

သူမ ကစားရန်အတွက် ဂိမ်းအသစ်တစ်ခုကို ရှာတွေ့သွားပြီပင်။

ကျင်းယန်တစ်ယောက် အနည်းငယ် ပြောစရာမဲ့သွားရသည်။ သူ၏ခေါင်းကို အသာအယာ ဖွလိုက်မိ၏။

“မင်းသွားပြီး ဆေးကြောချင်လား?”

“ အင်း”

ယင်ရိလျို ခေါင်းငြိမ့်၍ အိပ်ယာပေါ်မှ ခုန်ချပြီး ကွင်းထိုးဖိနပ်လေးကိုစီးကာ အပြင်ထွက်လိုက်သည်။

သူတို့နေသည့်နေရာက ပြောင်းလဲသွားသော်လည်း သူတို့၏ ပုံမှန်ဆံပင်ပုံသွင်းခြင်းကို လုပ်နေဆဲပင်။

ကျင်းယန်၏လက်ထဲတွင် သေးမျှင်သောအရောင်စုံသရေကွင်းများ ရှိပြီး လက်ကောက်ဝတ်တွင် တင်းကြပ်စွာ ရစ်ပတ်ထားခဲ့သည်။

သူက ယင်ရိလျို၏ ခေါင်းလေးပေါ်တွင် အမွှေးပွအလုံးလေးတစ်ခုကို ကျွမ်းကျင်စွာ ပုံသွင်းလိုက်၏။ ယနေ့တွင် ကလေးမလေး၏ဆံပင်ကို ဆံထုံးလေးတစ်ခုအဖြစ် ထုံးလိုက်သည်။

ယင်ရိလျိုက ဤအကြောင်းကို ယခင်က တွေးမိဖူးသည်။ ကျင်းယန်သူမ၏ဆံပင်ကို စဖြီးပေးချိန်က ပိုနီတေးလ်တစ်ခုကိုပင် သေချာမစီးပေးတတ်ချေ။

သူက ဒီလိုမျိုး လျင်မြန်တဲ့ ဆံပင်စီးပုံအဆင့်ဆင့်နဲ့ ဆံပင်စတိုင်အသစ်တစ်ခုကို ရက်နည်းနည်းလောက်နဲ့ ဘယ်လိုများ လုပ်တတ်ရတာလဲ?

နောက်ပိုင်း၌ ကျင်းယန် အမှတ်ခန်းမမှ လဲလှယ်ခဲ့သော စာအုပ်အပုံလိုက်ထဲမှ အပြာရောင်စာအုပ်တစ်အုပ်ကို မြင်လိုက်ရသည်။

အပြင်ဘက်အဖုံးတွင် ကာတွန်းပုံလေးပါပြီး အမေဖြစ်သူက သမီးဖြစ်သူကို ဆံမြီးကျစ်ပေးနေလေ၏။

သူမ စာအုပ်ကိုဖွင့်ပြီး အတွင်းဘက်အဖုံးကို ကြည့်လိုက်လျှင် ခေါင်းစဥ်ကိုမြင်တွေ့လိုက်ရသည်။

“မေမေတိုင်း သင်ထားရမယ့် ဆံပင်စတိုင် အမျိုးအစားသုံးဆယ်”

ယင်ရိလျို:...

သူမ သွားတိုက်နေရင်း ခေါင်းလှည့်ပြီး မှန်ထဲမှကျင်းယန်ကို ကြည့်လိုက်သည်။

အချိုးအဆစ်ကျသော လက်ဆစ်များနှင့်အတူ ရှည်လျားပြီး သွယ်လျသော ထိုအမျိုးသား၏လက်ချောင်းများက သူမ၏ဆံပင်များကြား အနုပညာတစ်ရပ်နှယ် ရောယှက်နေခဲ့၏။

သူက သူမ၏ဆံပင်ကို ခြောက်သွေ့အောင် မှုတ်ပေးနေေသော်လည်း သူ၏အနည်းငယ် ရှုပ်ပွနေသော ဆံပင်သည်က တဖြည်းဖြည်း နဖူးပေါ်ကျလာခဲ့သည်။ အကြည့်တစ်ချက်နှင့်ပင် သူက anime ထဲမှ ထွက်လာသော အမျိုးသားငယ်တစ်ယောက်နှယ် အလွန်ချောမောလွန်းသဖြင့် လက်တွေ့ဘဝထဲမှ လူနှင့်ပင်မတူညီနေခဲ့ချေ။

သူမ၏စိတ်က ကောင်းကင်းဘုံကိုးဆင့်သို့ လျှောက်လွင့်နေခဲ့သည်။

အသိပြန်ဝင်လာချိန်တွင်တော့ သူမ၏လက်ဖမိုးတွင် ပူပေါင်းများနှင့် ဖုံးအုပ်နေပေပြီ။ သူမ အလျင်အမြန် ပလုတ်ကျင်းလိုက်လေသည်။

ကျောင်းစီဟွေ့က အရင်နေ့များကဲ့သို့ မနက်စာမပြင်ဆင်ခဲ့ချေ။

သူမက ကြောင်အိမ်ထဲမှ ဖုန်တင်နေသည့် အလုံပိတ်ထားသော မုန့်အချို့ကို ယူပြီးစားပွဲပေါ်တင်လိုက်သည်။

“ဒါပဲ ကျန်တော့တယ် ဒါပေမဲ့ expire ဒိတ်က နှစ်ရက်လိုသေးတော့.. စားလို့ရသေးတယ်”

*

All Chapters