← Chapters

အခန်း (၁၁၄)

Vol. 12 Ch. 114

အခန်း (၁၁၄)

Vol. 12 Ch. 114

(114)

အနက်ရောင်ဝံပုလွေက ပို၍ကြီးမားစွာ ထွားလာခဲ့ပြီး ယခုအချိန်၌ အသင်းကို ပထမဆုံးစဝင်ခဲ့စဉ်ကနှင့် လုံးလုံးလျားလျား ကွာခြားသွားပြီဖြစ်၏။

သူ၏ကြွက်သားများက တောင့်တင်းပြီး သားမွှေးက ချော့မွေ့တောက်ပြောင်နေကာ ယခင်ကနှင့် နှိုင်းယှဥ်လျှင် အရွယ်အစားမှာ နှစ်ဆရှိလုနီးပါးဖြစ်နေပြီပင်။

ဤအခိုက်အတန့်တွင် သူက ခန္ဓာကိုယ်ကို ရှေ့သို့ခုံးလျက် ဝပ်ထားပြီး လည်ချောင်းမှ ခြိမ်းခြောက်မာန်ဖီသံကို ညှစ်ထုတ်နေကာ ရန်လိုမှုနှင့် ပြည့်နှက်နေလေသည်။

ကနဦး၌ အနက်ရောင်ဝံပုလွေက သားရဲတစ်ကောင်၏ ပင်ကိုဗီဇအရ သန်မာသော ကျင်းယန်နောက်ကို လိုက်ချင်ခဲ့သော်ငြား ယခုချိန်တွင်မူ သူက ယုန်ဝတုတ်ကိုသာ အမှန်တကယ် ပို၍ဂရုစိုက်လာခဲ့သည်။

သူက ယုန်လေးကို အေးစက်သောမျက်နှာနှင့် မည်မျှပင် ကြမ်းကြုတ်စွာ ပြောခဲ့ပါစေ. ဤယုန်မကောင်းဆိုးဝါးကသာ သူ၏စကားလုံးများကို နားလည်နိုင်သည်။

ယုန်လေးက သူနှင့်နေ့တိုင်း ပြုံးရွှင်စွာကစား‌ပေးပြီး သူ၏သားမွှေးများကို နေ့တိုင်းဖီးပေးလိမ့်မည်။

သူကိုယ်တိုင်က ယုန်ဝတုတ်ကို အနိုင်ကျင့်နိုင်သော်လည်း တခြားသူများက လာအနိုင်ကျင့်၍မရချေ။

အမျိုးသားငယ်က သူ၏ထုံကျင်နေသော လက်သီးကို အသာအယာခါပြီး ယင်ရိလျို၏ရှေ့တွင် ရပ်နေသော ကျင်းယန်နှင့်တခြားသူများကို မျက်လုံးထဲမှ အကြောက်တရားဖြင့်ကြည့်နေခဲ့သည်။

ဒီအမျိုးသားက ဘယ်သူလဲ?

ထိုသူ၏ခွန်အားက အလွန်ကောင်းမွန်သဖြင့် သူတို့၏ခေါင်းဆောင်ထက်ပင် ပိုသန်မာသည်ဟု ခံစားရ၏။

သူ ထိုကလေးစုတ်လေးကို အမှန်တကယ် မည်သည့်အရာမှ လုပ်ရန်မရည်ရွယ်ထားခဲ့ပါချေ။

သူမကို ခြောက်လှန့်ချင်ရုံသာဖြစ်သော်ငြား တကယ်တမ်းတွင် သူကသာ အခြောက်လှန့်ခံရကာ အဓိပ္ပါယ်မရှိသည့်အရာအတွက် မျက်နှာဆုံးရှုံးသွားသည့် တစ်ယောက်ဖြစ်သွားမည်ကို မမျှော်လင့်ထားချေ။

သူ၏မျက်နှာပေါ်မှ မခံမရပ်နိုင်ဒေါသများဖွစ်လာခဲ့ကာ သူ့နောက်မှ အသင်းဖော်၏လက်ကို ခါချလိုက်၏။

တစ်ချိန်တည်းတွင် ကျိုထိုက်နှင့် လေယာဥ်ပေါ်မှ ဆင်းလာသော တခြားအသင်းဝင်များကလည်း အနားသို့ရောက်လာကြသည်။

“မင်းဘာလုပ်နေတာလဲ ချိုက်ယွီရှု၊ မင်းထွက်လာတာနဲ့ ငါ့ကိုပြဿနာပေးနေတာပဲ”

ကျိုထိုက်က အရှိန်အဝါမြင့်မားသော သက်လတ်ပိုင်း အမျိုးသားတစ်ယောက်နှင့် ဘေးချင်းယှဥ်လျက် လျှောက်လာခဲ့၏။

သူက ချိုက်ယွီရှုကို မျက်ခုံးများတွန့်ချိုး၍ ကြည့်လိုက်ပြီး သူ၏အကြည့်က ကျင်းယန်အပေါ်သို့ အတိအကျ ကျရောက်သွားသည်။

သူက တူညီသော ကာကီရောင် ဝတ်စုံ‌ပေါ်တွင် ရင်ဘက်အထိလုံသော ကျည်ကာအင်္ကျီနှင့် သားရေဖိနပ်ကို ဝတ်ဆင်ထား၏။

သူ၏ခါးဘေးဘက်မှ ဖောင်းထွက်လေသည်။ ပထမအကြည့်တစ်ချက်နှင့်ပင် အမျိုးသားက သူတို့ရှူးယန်အသင်းထက် မဆိုးသော လက်နက်ခဲယမ်း၊ ပစ္စည်းကိရိယာများဖြင့် ကောင်းမွန်စွာ လက်နက်တပ်ဆင်ထားကြောင်း ပြောနိုင်လေ၏။

အသင်းနှစ်သင်းကြားမှ တင်းအားကို ကျိုထိုက် ခံစားနိုင်လေသည်။ သူ ကြားဝင်ဖြန်ဖြေသူလုပ်ရန် ရှေ့သို့တိုးလိုက်၏။

အဖွဲ့နှစ်ဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ ချွမ်းရုန် အခြေစိုက်စခန်းကို ထောက်ပံ့ရန်ဖြစ်သည်။ သ

ားရဲလှိုင်းကိစ္စရပ်ကို မဖြေရှင်းနိုင်ခင် အသင်းနှစ်သင်းက တိုက်ခိုက်ခဲ့လျှင် အမှန်စင်စစ် ခေါင်းကိုက်စရာဖြစ်လိမ့်မည်ပင်။

“ဘယ်အရာမဆို စကားနဲ့ဖြေရှင်းလိုက်ရပါတယ်.. အရင်ဆုံး အထဲကိုဝင်ကြရအောင်.. မင်းတို့အသင်းအတွက် နေ‌ရာထိုင်ခင်းကို ငါစီစဥ်ထားပြီးပြီ”

ခေါင်းဆောင်ဖြစ်သူ၏ နာမည်က ရုန်ကျင်းဖင်း ဖြစ်သောကြောင့် မြို့တော်B ဤဆင့်ကဲပြောင်းလဲသူအသင်း၏ နာမည်မှာ ကျင်းဖင်း ဖြစ်လေ၏။ နာမည်က ရိုးရှင်းပြီး နားလည်ရန် လွယ်ကူလေသည်။

လမ်းတစ်လျှောက်တွင် ဤအသင်းမှ ဆင့်ကဲပြောင်းလဲသူ အများစုက နဖူးတွင် နှာခေါင်းတက်ပေါက်နေကြောင်း ယင်ရိလျို သတိထားမိပါ၏။

ချွမ်းရုန်( river glory) အခြေစိုက်စခန်းနှင့် ကျင်းယန်၏အသင်းဆီ ဦးတည်နေသည့် အထင်သေးသော သူတို့၏အကြည့်များကို ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ကြချေ။

အသင်းဝင်များကြားရှိ လေထုကလည်း ထူးဆန်သည်ဟု ခံစားရပြီး အတူတကွ တိုက်ခိုက်နေကြသော ရဲဘော်ရဲဘက်များနှင့် မတူပါချေ။

သူတို့ကြားမှ အဆင်မပြေဖြစ်မှုကို သူမ ရှင်းလင်းစွာ ခံစားနိုင်၏။

သို့သော်ငြား သူတို့တွင် တူညီဟောလက္ခဏာရပ်ရှိပြီး သူတို့၏ခေါင်းဆောင် ရုန်ကျင်းဖင်းကို အလွန်ကြောက်ကြလေသည်။

ကိုယ်ရေးကိုယ်တာအရ မည်မျှပင် ဆိုးရွားစွာတိုက်ခိုက်ပါစေ ရုန်ကျင်းဖင်းက ပါးစပ်ကို ဖွင့်လိုက်သရွေ့ မီးတောက်က ချက်ချင်း ငြိမ်းသေသွားမည်ပင်။

ရုန်ကျင်းဖင်းက သူ၏အသင်းတွင် ကျင်းယန်ကဲ့သို့ အာဏာမရှိသော်လည်း ခြိမ်းခြောက်နိုင်စွမ်းရှိလေ၏။ ဖြစ်နိုင်သည်မှာ သူ၏အသင်းဖော်များမှ သူ့ကို စိတ်ရင်းဖြင့် လေးစားအောင်မလုပ်နိုင်သော်ငြား သူ၏အသင်းဖော်များကို ကြောက်အောင် လုပ်ခဲ့ခြင်းဖြစ်နိုင်သည်။

ဤသည်မှာလည်း အသင်းတစ်ခုကို စီမံခန့်ခွဲရာတွင် နည်းစနစ်တစ်ခုဖြစ်၏။ သူက အကြင်နာတရားကင်းမဲ့သော လူတစ်မျိုးဖြစ်သည်။

လမ်းပေါ်မှ မသပ်မရပ်လူများနှင့် စုပုံနေသော မစင်ခြောက်များကို မြင်လိုက်သော အသင်းထဲမှ အမျိုးသမီးဆင့်ကဲပြောင်းလဲသူ တစ်ယောက်က ရွံ့ရှာမှုဖြင့် အင်္ကျီလက်များကို ယမ်းလိုက်၏။သူမ၏ရှေ့တွင် သူမ၏ခန္ဓာကိုယ်ပေါ်မှ သစ်သီးရေမွှေးရနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသော လက်ချောင်းနှစ်ချောင်း အရွယ်အစား သန္ဓေပြောင်းယင်ကောင် တစ်ကောင်ရှိလေသည်။

“အရမ်း ရွံ့စရာကောင်းတာပဲ!”

ကျိုထိုက်၏မျက်နှာပေါ်မှ အပြုံးက ပို၍ ပို၍ ကိုးယိုးကားယားဖြစ်လာခဲ့၏။ သူ မမြင်ချင်ယောင်ဆောင်လိုက်သော်ငြား သူ၏နှလုံးသားထဲတွင် မွန်းကြပ်မှုကို ခံစားလိုက်ရသည်။

ကျင်းဖင်းအသင်းက သူတို့အတွက် ပြင်ဆင်ပေးထားသော အိမ်ကိုရောက်ပြီးနောက် အပြစ်ရှာခြင်းနှင့် ထင်မြင်ချက်ပေးခြင်းများ နောက်ထပ်တစ်သုတ် ထပ်ထွက်လာလေ၏။

အိမ်ထဲတွင် လျှပ်စစ်မရှိကြောင်း သိလိုက်ရချိနိတွင်တော့ ဆင့်ကဲပြောင်းလဲသူတချို့က ချက်ချင်းပင် ဆူညံပူညံ ပြုလုပ်လာကြသည်။

“လျှပ်စစ်မရှိဘဲ ညဘက်ကို ဘယ်လိုလုပ် ရေပူချိုးလို့ရတော့မှာလဲ?”

“အမလေး ဘုရားရေ မီးဖိုတောင်ဖွင့်မရဘူးလို့ ငါ့ကိုလာမပြောနဲ့နော်!”

“….”

ကျိုထိုက်ကမူ စစ်ကူရှာမတွေ့ဘဲ ထို့အစား ဘိုးဘေးတစ်သိုက်ကို ရှာတွေ့ခဲ့သည်ဟု ခံစား‌နေရ၏။

မြို့တော်Bမှ ဤဆင့်ကဲပြောင်းလဲသူများက ချွမ်းရုန်ကဲ့သို့ အန္တရာယ်ထဲကျရောက်နေသော အခြေစိုက်စခန်း အသေးလေးတစ်ခုတင်မက မြို့တော်B အပြင်ဘက်မှ အခြေစိုက်စခန်းမှန်သမျှကို အထင်သေးသည့် အသိုင်းအဝိုင်းတစ်ခုကို ဖွဲ့စည်းထားပုံရသည်။

ကျင်းယန်နှင့်တခြားသူများက အသင်းကို အစောကတည်းက ဖောက်ထွင်းမြင်နေရ၏။

ချိုက်ယွီရှုအမည်ရသော တဏှာရာဂစိတ်လွန်ကဲသော အမျိုးသား၏ စကားလုံးများကြောင့် သူတို့မထွက်ခွာခင်အထိ ကျင်းယန်က အေးစက်သောမျက်နှာထားဖြင့် ရှိနေကာ လက်ဦးမှုယူပြ လာနှုတ်ဆက်သည့် ရုန်ကျင်းဖင်းကိုပင် လျစ်လျူရှုထားလေသည်။

သူက ယခု အလွန်ဒေါသထွက်နေသော စိတ်အခြေအနေတွင် ရှိနေသည်။

သူက ချိုက်ယွီရှု အမည်ရသော လူ ကို သင်ခန်းစာပေးရန် လက်သီးယားနေပြီပင်။ ထို့အပြင် သူ၏မကြိုက်နှစ်သက်မှုက အသင်းတစ်ခုလုံးကိုပင် ပျံ့နှံ့သွားခဲ့၏။

ကျင်းယန် ယင်ရိလျို၏ လက်လေးကို ကိုင်ပြီး သူတို့၏နေထိုင်ရာဆီ ပြန်သွားခဲ့သည်။

ကျင်းဖင်းအသင်းမှ တစ်ဦးတည်းသော အမျိုးသမီးဆင့်ကဲပြောင်းလဲသူက ကျင်းယန်၏အရပ်ရှည်၊ ဖြောင့်တန်းသော နောက်ကျောကို ကြည့်ပြီး တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

“ဒီရှူးယန်အသင်းရဲ့ ခေါင်းဆောင်က အတော်လေးခန့်ညားတာပဲ”

သူတို့၏အိမ်အပြန်လမ်းတွင် စိတ်အခြေအနေ ဆိုးရွားမှုများဖြင့် ဝန်းရံနေသောကျင်းယန်ကို ခိုးကြည့်လိုက်ပြီး ယင်ရိလျို သူ၏အင်္ကျီလက်ကို ဂရုတစိုက်ဆောင့်ဆွဲလိုက်သည်။

ကျင်းယန် ခေါင်းကိုငုံ့လိုက်လျှင် ကလေးမလေး၏ ယုန်နားရွက်များက မသက်မသာဖြစ်မှုအချို့နှင့် တွဲကျနေကြောင်း မြင်လိုက်ရ၏။

“ကော စိတ်ဆိုးနေတာလား? ကျွန်မ စိတ်ဆိုးပြီး ပေါက်ကွဲသွားမိဖို့ မရည်ရွယ်ပါဘူး”

သူမ ပြောလိုက်သည်။

ကျင်းယန်က ကလေးမလေး၏ အနည်းငယ်မဲ့နေသော မျက်နှာလေးနှင့် သူ၏အင်္ကျီလက်ကို မသက်မသာကိုင်ထားသော လက်ဖဝါးလေးများကို ကြည့်လိုက်၏။

ချက်ချင်းပင် သူ၏နှလုံးသား အနည်းငယ် နူးညံ့သွားသည်။ သူ ဆောင့်ကြောင့်ထိုင်ပြီး ကလေးမလေးကို ပွေ့ဖက်လိုက်၏။

“ကော မင်းကို စိတ်မဆိုးပါဘူး”

သူက ချိုက်ယွီရှုကိုသာမက သူ့ကိုယ်သူလည်း ဒေါသထွက်လေသည်။

ယင်ရိလျိုကို စိတ်မပူစေရန်အတွက် သူ၏မျက်နှာပေါ်မှ အမူအရာကို အကောင်းဆုံးကြိုးစားကာ ဖြေလျော့လိုက်ပြီး သူ၏လက်‌မောင်းထဲတွင် ကလေးမလေးကိုပွေ့ချီကာ အရှေ့လျှောက်သွားလိုက်၏။

ထိုအချိန်တွင် သူ့နောက်မှလျှောက်နေသော ကျောင်းချီယန်က ရုတ်တရက် အော်လိုက်လေသည်။

“ချီး! ဒါကြီးက သောက်ကျိုးနည်း ဘာကြီးလဲ?!”

ယင်ရိလျိုကို ပွေ့ထားသော ကျင်းယန်က နောက်သို့လှည့်ကြည့်လိုက်လျှင် ကျောင်းချီယန်၏ ဖိနပ်အောက်ခြေတွင် အစိမ်းရောင်အရည်များဖြင့် ပေပွနေကြောင်း တွေ့လိုက်ရသည်။

လက်ဖဝါးတစ်ဝက်အရွယ်အစား အနက်ရောင်အခွံမာ‌ကောင်က တက်နင်းခံရသောကြောင့် ပေါက်ထွက်သွားပြီး အစိမ်းရောင်အရည်က ဤအကောင်ဆီမှ ထွက်လာခြင်းဖြစ်၏

ငုံ့ကြည့်လိုက်မိသည့် ကျောင်းစီဟွေ့ကလည်း ရွံ့ရှာသွား၏။ သူမ ကတိုက်ကရိုက် တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“အဲ့တာက ပိုး‌ကောင်တစ်ကောင်ပဲ ဖြစ်မှာပါ”

ကျောင်းချီယန် တက်နင်းခဲ့သည့် ပိုးကောင်က မည်သည့်နေရာကမှန်းမသိ ထွက်လာသော အနက်ရောင်ပိတုန်းတစ်ကောင်ဖြစ်ပြီး ကံမ‌ကောင်းစွာဖြင့် သေသည်အထိ တက်နင်းခံလိုက်ရလေ၏။

အဖြူရောင်နှင့် အစိမ်းရောင်အရည်များ တစက်စက်စီးကျနေသော ခြေလက်များစွာက တဆတ်ဆတ်တွန့်နေဆဲဖြစ်ပြီး ၎င်း၏ပါးစပ်မှ အနက်ရောင်နှုတ်သီးများကလည်း ထပ်ခါ ထပ်ခါ အဖွင့်အပိတ် လုပ်နေခဲ့သည်။

ဤအကြောင်းကိစ္စအသေးလေးကို သူတို့အလေးအနက် မထားခဲ့ကြဘဲ သူတို့၏နေထိုင်ရာဆီသို့သာ တန်းတန်းမတ်မတ် ပြန်သွားခဲ့ကြ၏။

ကျောင်းချီယန်၏ဖိနပ်များက ပိတုန်းနက်၏သွေးနံ့ဖြစ်သည့် ချဥ်စော်နံ့ပြင်းပြင်း ထွက်နေလေသည်။

သူ နှာခေါင်းကို ဖိပိတ်ပြီး သူတို့၏နေအိမ်နှင့် သိပ်မဝေးသည့်နေရာက သစ်တော်ကတုံးဆီ ဖိနပ်ကို လွှင့်ပစ်လိုက်လေ၏။

ထို့နောက်တွင် ညနေဘက်အချိန်၌ သူ၏ ဖိနပ်များကို သစ်တောထဲမှ တစ်စုံတစ်ယောက် ကောက်ယူသွားခဲ့သည်။

နောက်နေ့မနက်၌ ချွမ်းရုန် အခြေစိုက်စခန်း၏ တိုင်တွင် ချည်ထားသော စပီကာကြီးမှ ရုတ်တရက် ဥသြသံအကျယ်ကြီး ထုတ်လွှင့်ခဲ့၏။တစ်ချိန်တည်းတွင် ကျင်းယန်ကလည်း ကျိုထိုက်မှ မက်ဆေ့ချ်တစ်ခု လက်ခံရရှိခဲ့သည်။

အခြေစိုက်စခန်းထဲတွင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့၏။

ထိုနေရာဆီ ကျင်းယန်နှင့် တခြားသူများ အပြေးအလွှားသွားလိုက်ကြပြီး ရောက်သွားချိန်တွင်တော့ မြင်ကွင်းက အနည်းငယ်ဖရိုဖရဲဖြစ်နေခဲ့သည်။

အခြေစိုက်စခန်းထဲမှ စုတ်ပြဲနေသော အဝတ်အစားများနှင့် ပိန်လှီနေသည့်သာမာန်လူများက အချို့ အကြောင်းပြချက်များကြောင့် ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်နေကြ၏။

သူတို့က ကျိုထိုက်နှင့် သူ၏လူများကို ဝိုင်းထားပြီး မည်သူကိုမှ ဖြတ်သန်းသွားခွင့်မပြုချေ။

“စစ်တပ်ရဲ့အလုပ်က ပြည်သူလုထုကို ကာကွယ်ဖို့မဟုတ်ဘူးလား? ငါတို့က သေတဲ့အထိ ဆာ‌နေကြပြီ”

“ဒီလိုဆက်ဖြစ်နေရင်.. ငါတော့လူသားအသားကို စားတော့မှာပဲ!”

သစ်သားအိမ်ထဲမှ ဖရိုဖရဲဖြစ်မှုကြောင့် ကျင်းယန်က မျက်မှောင်ကြုတ်ပြီး ယင်ရိလျိုနှင့် တခြားသူများကို အဝေးမှကြည့်ရန် ခေါ်သွားလိုက်သည်။

ဤသည်မှာ ချွမ်းရုန် အခြေစိုက်စခန်းထဲမှ စွမ်းရည်မရှိသည့် သာမာန်လူများအတွက် တည်‌ဆောင်ထားသော သစ်သားအိမ်များဖြစ်၏။

အနည်းဆုံး သူတို့တွင် နေစရာနေရာရှိပြီး လမ်းပေါ်တွင် အေးခဲသည်အထိ အိပ်ရန်မလိုချေ။

*

All Chapters