← Chapters

အခန်း (၁၁၅)

Vol. 12 Ch. 115

အခန်း (၁၁၅)

Vol. 12 Ch. 115

(115)

ဤနေရာတွင် လူအိုများ၊ မွေးကင်းစကလေးများနှင့် ဥပဒေနှင့်ဆန့်ကျင်သော အလုပ်များတွင် အလုပ်လုပ်ရန် တွန်းအားပေးခံရသည့်လူ စသည်ဖြင့် လူအမျိုးအစားပေါင်းစုံရှိလေသည်။

ယခင်က အသက်မွေးဝမ်းကြောင်းအတွက် အလုပ်လုပ်ဖူးသည်ဟု ပြောရပါက ယခုအချိန်တွင်‌တော့ ကိုယ့်အသက်ကိုပင် မကယ်တင်နိုင်တော့ချေ။

ကျိုထိုက်ကိုယ်တိုင်ပင်လျှင် သူတို့အား ရှောင်ရှားရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။

လက်ရှိအချိန် သစ်သားအိမ်ထဲတွင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့ပြီး ဤရူးသွပ်၊ ဆာလောင်နေသည့်သူများက သူ့ကိုနောက်ဆုံးတွင် ဖမ်းမိသွားခဲ့၏။

ရုတ်တရက်ပင် လူအုပ်ထဲမှ အလွန်ကျယ်လောင်သော သေနတ်သံ ထွက်လာကာ ချက်ချင်းပင် ဒေါသထွက်နေသော လူအုပ်ကြီးကို ငြိမ်းသက်လိုက်လေသည်။

ဒေါသထွက်နေသည့်သူများ အဝိုင်းခံထားရသော စက်ဝိုင်းထဲတွင် အပေါက်တစ်ခု တဖြည်းဖြည်းပေါ်လာခဲ့၏။

ထို့နောက် ပါးစပ်ထဲတွင် စီးကရက်တစ်လိပ်ကို ကိုက်ထားသော ရုန်ကျင်းဖင်းက အမျိုးသားတစ်ယောက်၏နဖူးကို ပစ္စတိုတစ်လက်ဖြင့် ချိန်ထားပြီး ရှေ့သို့ဆက်လျှောက်လာသည်။

ယခင်က အော်ဟစ်နေသော အမျိုးသားက ယခုအချိန်တွက် တုန်ရီစွာဖြင် နောက်ဆုတ်နေလေသည်။

“သေချင်နေတဲ့လူတွေနဲ့ လူသားစားချင်နေလူတွေရှိရင် လာခဲ့ကြ.. ငါဒီမှာရပ်နေတယ်.. ငါ့အချိန်တွေကို လာမဖြုန်းနဲ့!”

ယခုလေးတင် အော်ဟစ်နေကြေသော ဘေးပတ်လည်မှ လူများအားလုံးကလည်း သူတို့၏ပါးစပ်များကို ပိတ်သွားကြလေ၏။

ရုန်ကျင်းဖင်း ကျိန်ဆဲလိုက်အြီး သေနတ်ကို ခါးကြားထဲ ပြန်ထိုးထည့်ကာ အဝေးမှကျင်းယန်ကို ကြည့်လိုက်သည်။

နောက်ဆုံးတွင် လူအုပ်က ပြန့်ကျဲသွားသည်အား မြင်လျှင် ကျင်းယန်က သူ၏အသင်းဖော်များကို ကျိုထိုက်ဆီသို့ ဦးဆောင်သွားလေ၏။

“ဘာဖြစ်နေတာလဲ?”

သူ အေးစက်သောအသံဖြင့် မေးခဲ့သည်။

ကျိုထိုက်က သူတို့ကို ဝင်သွားရန် လက်ဟန်ပြလိုက်သည်။

“တစ်ယောက်ယောက် သေသွားတယ်.. ဝင်လာပြီး တစ်ချက်ကြည့်ကြည့်”

ကျင်းယန်က အတွင်းဘက်ကို တစ်ချက်ကြည့်လိုက်ပြီး အတွင်းဘက်မှ အခြေအနေကို မြင်ပြီးနောက် သူ မျက်မှာင်ကြုတ်ပြီး ခြေတစ်လှမ်းဆုတ်လိုက်၏။

သူက အတွင်းဘက်ကို အတင်းဝင်နေသော ယင်ရိလျိုကို တားလိုက်ပြီး တီတိုးပြောလိုက်သည်။

“ကျောင်းစီဟွေ့နဲ့အတူ တခြားနေရာ လျှောက်သွားလိုက်”

“မသွားချင်ပါဘူး”

ယင်ရိလျို နှုတ်ခမ်းဆူပြီး ကျင်းယန်ကို စိတ်ပိုင်းဖြတ်ထားသည့် အကြည့်ဖြင့် ကြည့်လိုက်ကာ သူမကလည်း ပါဝင်ချင်ကြောင်း ညွှန်ပြလိုက်၏။

သူမက ကျင်းယန် ဂရုစိုက်ခြင်းခံရသည့် ထိခိုက်လွယ်သော ပန်းပွင့်တစ်ပွင့်ဖြစ်သော်လည်း အမှန်တကယ်အားနည်းပြီး သူမ၏ပုခုံးပေါ်တွင် မည်သည့်အရာမှ ထမ်းပိုးနိုင်စွမ်းမရှိဟု မဆိုလိုပါချေ။

သူမက ကျင်းယန်၏နောက်တွင် အကြိမ်တိုင်း ပုန်းကွယ်နေရသည့်အစား ကျင်းယန်နှင့်ဘေးချင်းယှဥ်ကာ သားရဲလှိုင်းနှင့်ရင်ဆိုင်ပြီး ကမ္ဘာပျက်ကပ်ကိုလည်း ရင်ဆိုင်ချင်လေသည်။

ကျင်းယန် သူ၏အသံကို လျှော့လိုက်ပြီး ခေါင်းလေးကို ပုတ်လိုက်၏။

“ကောရဲ့စကားကို နားထောင်.. လိမ္မာနော်”

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ယင်ရိလျိုက ကျင်းယန်၏ညင်သာသော တိုက်ခိုက်မှုကြောင့် အနိုင်ယူခြင်းမခံလိုက်ရ‌ပေ။

သူမက ကျင်းယန်၏လက်ချောင်းများကို တင်းကြပ်စွာ ကိုင်ထားပြီး သူမ နေရန် ဆုံးဖြတ်ထားကြောင်း ဖော်ပြရန် မျက်နှာကို တင်းမာပြလိုက်သည်။

သူမ၏ခေါင်းပေါ်မှ ယုန်လေး၏နားရွက်များပင်လျှင် တန်းတန်းမတ်မတ် ထောင်နေလေ၏။

ကလေးမလေးက သူ၏လက်ချောင်းများကို အလွန်မြဲမြံစွာ ကိုင်ထားပြီး သူ သဘောမတူလျှင် ဘယ်တော့မှမလွတ်မည့်ပုံပင် သူ့ကိုစိုက်ကြည့်နေလေသည်။

အဆုံးတွင် ကျင်းယန်တစ်ယောက်သူမအား သစ်သားအိမ်ထဲသို့ ခေါ်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

သူတို့ဝင်လိုက်လျှင် ဝင်လိုက်ချင်း အလောင်းပုပ်နံ့နှင့်အတူ ရောနေသော သွေးနံ့ပြင်းပြင်းက သူတို့၏နှာခေါင်းထဲ ဝင်လာလေ၏။

ယင်ရိလျိုက အစာအိမ်ထဲမှ ရိုက်ခတ်လာသော ပျို့ချင်စဖွယ်ခံစားချက်ကို ဖိနှိပ်ပြီး အတွင်းဘက်ကို ကြည့်လိုက်သည်။

သစ်သားအိမ်မှာ အခြေခံအားဖြင့် အများဆိုင်အိပ်ဆောင်များသာ ဖြစ်၏။ သစ်သားအိမ်တစ်ခုတွင် အနည်းဆုံး လူခြောက်ယောက် ခုနှစ်ယောက် ဆန့်ပြီး ပိုကြီးသည့် သစ်သားအိမ်များတွင် လူဆယ်ယောက် သို့မဟုတ် အယောက်နှစ်ဆယ်ခန့် ဆန့်လေသည်။

ဤသစ်သားအိမ်က အလယ်အလတ် အရွယ်အစားဖြစ်ပြီး အတွင်းတွင် လူဆယ်ယောက်လောက် နေထိုင်၏။

ဘေးပတ်ပတ်လည်တွင် တခြားသစ်သားအိမ်များရှိပြီး ဤသစ်သားအိမ်ကမူ အလယ်တွင်တည်ရှိလေသည်။

အကျိုးသင့်အကြောင်းသင့် ပြောရလျှင် မတော်တဆတစ်ခု ဖြစ်ပျက်ခဲ့ပါက ခံရသူက အကူအညီအော်တောင်းခဲ့သရွေ့ ပတ်ဝန်းကျင်မှလူများက ကြားနိုင်လေ၏။

သို့သော် သစ်သားအိမ်ထဲမှ တခြားလူများက နံနက်ခင်း၌ နိုးလာပြီး တံခါးကိုဖွင့်လိုက်ချိန်မှသာ ဤနေရာမှ သွေးအစွန်းအထင်းများကိုရှာတွေ့ခဲ့ကြ၏။ မနေ့ညက မည်သူမှ သတိမထားမိခဲ့ကြ‌ပေ။

သစ်သားအိမ်ထဲမှ သွေးများက အတွင်းဘက်မှ အပြင်ဘက်ဆီ စိမ့်ထွက်လာပြီး မြေပြင်ပေါ်တွင် ခြောက်သွေ့၍ခဲသွားသည့် သွေးများက အနက်ရောင်ပြောင်းပြီး အနံ့ဆိုးထွက်နေပြီဖြစ်သည်။

သန္ဓေပြောင်းယင်ကောင်ကြီးများက အတွင်းဘက်တွင် လျှောက်ပတ်ပျံနေကာ တဝီဝီအသံများ ပြုလုပ်နေကြ၏။စီးကရက်သောက်နေသည့် ရုန်ကျင်းဖင်းက ကပ်ရပ်သစ်သားအိမ်မှ အမျိုးသားတစ်ယောက်ကို မေးလိုက်သည်။

“မနေ့ညက မင်းတစ်ခုခုကြားလိုက်သေးလား?”

“မကြားခဲ့ပါဘူး”

ကျိုထိုက်က သစ်သားအိမ်၏တံခါးကို လုံးလုံးလျားလျား ဖွင့်လိုက်ပြီးနောက်တွင် ဤလူများ၏အမူအရာက ပြောင်းလဲသွားပြီး တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်ကြလေ၏။

သစ်သားအိမ်ထဲမှ သန္ဓေပြောင်းအင်းစက်ပျံ အများအပြား ပျံထွက်လာပြီး အနီးအနားမှ လူအုပ်ဆီသို့ ဦးတည်၍ တဟုန်ထိုးပျံသွားကြသည်။

ကျင်းဖင်းအသင်းမှ တစ်ဦးတည်းသော အမျိုးသမီး၏နဖူးပေါ်တွင် ဟက်တက်ကွဲရာတစ်ခု ရုတ်တရက်ပေါ်လာပြီး‌နောက် ခေါင်း၏အလည်တွင် ဧရာမအစိမ်းရောင်အပင်ကြီးတစ်ခု အဖြစ် ရစ်လိမ်သွားပြီး သူမ၏လက်များကလည်း အပင်ငယ်လေး၏ ပင်စည်များအဖြစ် ပြောင်းလဲသွားခဲ့၏။

သူမ၏ခြေထောက်များက နှစ်ဖက်စလုံးကို ဆန့်ထွက်နေသည့် အပင်တစ်ပင်၏ အမြစ်များနှင့်တူနေသည်။ အနီးနားမှ လူအုပ်များက အကြောက်တရားကြောင့် အော်ဟစ်လာကြ၏။

ယင်ရိလျိုကလည်း မျက်စိရှေ့မှောက်တွင် စက္ကန့်အနည်းငယ်အတွင်း ပြောင်းလဲသွားပြီး အရပ်ရှည်လာသည့် ‘အမျိုးသမီး’ကြောင့် အံ့သြလွန်း၍ စကားပင်မပြောနိုင်ဖြစ်သွားသည်။

အပင်မျိုးစပ်တစ်ယောက်….

ဤအမျိုးအစားမျိုးစပ်လူများကို ဝတ္ထုထဲတွင်သာမြင်ဖူးပြီး ကမ္ဘာပျက်ကပ် နှောင်းပိုင်းနေ့ရက်များတွင် တချို့အသင်းကသာ ပိုင်ဆိုင်ကြ၏။

ဤအပင်မျိုးစပ်များက အလွန်အမင်း ရှားပါးသောကြောင့် တချို့သုတေသနပညာရှင်များက သူတို့ကို စမ်းသပ်ပစ္စည်းများအဖြစ် အသုံးပြုကြမည်ဖြစ်သည်။

လမ်းတစ်လျှောက် ဆင့်ကဲပြောင်းလဲသူအမျိုးအစား အားလုံးကို သူမ မြင်ခဲ့ဖူးသော်လည်း အပင်မျိုးစပ်လူတစ်ယောက်ကို ယခုအချိန်မှသာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။

အပင်မျိုးစပ်အမျိုးသမီး၏ သန္ဓေပြောင်းအသွင်က ရေတကောင်း(အင်းစက်စားပင်)အပင်တစ်ပင်ဖြစ်ကာ သူမ၏ခေါင်းက အဓိကရေတကောင်းအနေဖြစ်ပြီး ပို၍သေးငယ်သော ရေတကောင်းအများအပြားက သူမ၏ခြေလက်များမှ ဆန့်ထွက်လာလေသည်။

သူမက အပင်တစ်ပင်ဖြစ်သော်ငြား သူမ၏အာရုံခံစားမှုများက အလွန်ထက်မြက်ပြီး ပတ်ဝန်းကျင်မှ ပိုးကောင်များကို အလျှင်အမြန်ဖမ်းပြီး ရေတကောင်းထဲသို့ မြိုချနေလေ၏။

ယင်ရိလျို အနည်းငယ်ကြောက်ရွံ့မှုနှင့် စိတ်ဝင်စားမှုကို တစ်ချိန်တည်းတွင် ခံစားရလေသည်။

ဒီတော့ ဒီအမျိုးသမီးက တကယ်ကြီး ဒီသန္ဓေပြောင်းပိုးကောင်တွေကို စားမှာလား? သူမက ရွံ့ရှာတယ်လို့ မခံစားရဘူးလား? သူမက အဲဒီအကောင်တွေကို အစာချေနိုင်ပါ့မလား?

တခဏကြာပြီးနောက် အမျိုးသမီးက သူမ၏မူလအခြေအနေသို့ ပြန်ရောက်လာပြီး သူမ၏အမူအရာက တွန့်ဆုတ်သွားခြင်းမရှိ ကျန်နေဆဲပင်။

ကျောင်းချီယန် စုပ်သပ်လိုက်သည်။ ဤပုဂ္ဂိုလ်က အမှန်စင်စစ် စစ်သည်တစ်ယောက်ဟူ၍လည်း အတွင်းစိတ်မှ အံ့အားသင့်ပြောလိုက်မိသည်။

သူတို့လျှောက်ဝင်သွားပြီး နောက်ဆုံးတွင် အတွင်းဘက်မှ အလွန်ဆိုးဝါးသော မြင်ကွင်းကို မြင်လိုက်ရသည်။

သစ်သားအိမ်ထဲမှ နေရာအားလုံးက သွေးများဖြင့် အိုင်ထွန်းနေပြီး သေစေနိုင်သော ဓားဒဏ်ရာသို့မဟုတ် အချို့သောသားရိုင်းကောင်များ တိုက်ခိုက်ခံရခြင်းကြောင့် မဟုတ်ဘဲ အလောင်းအားလုံးက အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့သည်။

အရိုးစုအများစုတွင် ကပ်ညှိနေသော အသားအချို့နှင့် သွေးများရှိသော်ငြား အရိုးစုအနည်းငယ်ကိုတော့ သန့်ရှင်းသည်အထိ ကိုက်ဝါးထားကြလေသည်။

အနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ရောက်လာသော သန္ဓေပြောင်းယင်ကောင်များက အရင်စားသောက်ပွဲကျင်းပကြ၏။ ထို့နောက် ဥများဥကြပြီး ကျန်ရှိနေ‌သော အသားပုပ်များပေါ်တွင် အသိုက်များဆောက်ကြကာ သားပေါက်မြေအဖြစ် အသုံးပြုနေကြလေသည်။

ယင်ရိလျိုတွင် ကောင်းမွန်သော အမြင်အာရုံရှိသောကြောင့် အသားပုပ်များအကြားမှ ပြောင်းဖူးစေ့အရွယ်အစား နို့နှစ်ရောင်အင်းစက်ဥများကိုပင် သူမ မြင်နိုင်ပါ၏။

ထိုဥများ၏ ဖောက်ထွင်းမြင်နိုင်သော အစိတ်အပိုင်းက မြင့်တက်လာလိုက် ကျသွားလိုက်ဖြစ်နေကာ ပိုးကောင်အသစ်များက ၎င်းတို့၏ပိုးအိမ်ထဲမှ မကြာခင် ထွက်လာတော့မည်နှင့် တူနေသည်။

အပင်မျိုးစပ်က သူမကိုယ်သူမ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ပြီးဆုံးသွားသော်လည်း သစ်သားအိမ်ထဲဝင်ပြီးနောက် သူမ၏ရှေ့မှမြင်ကွင်းကို မြင်သည့်အခိုက် သူမ၏အစာအိမ်လှိမ့်သွားပြီး အန်မိလုနီးပါးပင်။

သူမ အလောတကြီးဖြင့် နောက်လှည့်ပြီး ပြေးထွက်လိုက်၏။

ယင်ရိလျိုသည်ကား သက်တောင့်သက်တာ မဖြစ်ဟု ခံစားရသော်လည်း သူမအတွက် လက်ခံနိုင်ဆဲဖြစ်သည်။ သူမ အသက်ပြင်းပြင်းရှူလိုက်မိကာ ပတ်ဝန်းကျင်မှ သွေးနံ့ပြင်းပြင်းကို ရရှိလိုက်၏။

သူမ၏ဘေးမှ အမျိုးသား၏စိုးရိမ်မှုကို ခံစားနိုင်သောကြောင့် ယင်ရိလျို ကျင်းယန်၏ လက်ချောင်းများကို ဆိတ်လိုက်ကာ သူမ အဆင်ပြေကြောင်းညွှန်ပြလိုက်သည်။

“ဒါက သာမာန်သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်ရဲ့ လုပ်ရပ် သေချာပေါက်ကို မဟုတ်ဘူး”

ဤကဲ့သို့ အခြေအနေတစ်ရပ်ကို ပက်ပင်းကြုံရခြင်းမှာ ရုန်ကျင်းဖင်းအတွက် ပထမဆုံးအကြိမ်ဖြစ်သော်ငြား ရွံ့ရှာသည်ဟု လုံးဝမခံစားရချေ။

သူက အနံ့ဆိုးသော အသားပုပ်များနှင့် သွေးအိုင်ထဲ ဆောင့်ကြောင်ထိုင်ကာ တချို့ကို လက်ချောင်းများဖြင့်ပွတ်လိုက်ပြီး အနံ့ခံရန်အတွက် လက်ချောင်းကို နှာခေါင်းနားကပ်လိုက်သည်။

“အရမ်းညှီစော်နံပြီး ချဥ်စုပ်စုပ်နံတယာ”

ကျိုထိုက်၏စိတ်အခြေအနေက ဤအခိုက်တွင် အနည်းငယ် မငြိမ်မသက်ဖြစ်နေ၏။

စိတ်ငြိမ်ငြိမ်ထားရန် သူ့ကိုယ်သူ ထပ်ခါထပ်ခါပြောနေသော်ငြား အခြေစိုက်စခန်းတွင် ထူးဆန်းသော အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပျက်နေပြီး ယခုအချိန်တွင်မူ ဤကဲ့သို့ ကြောက်စရာကောင်းသော သန္ဓေပြောင်းတိရစ္ဆာန်က ပေါ်လာခဲ့ကာ အသံတစ်စက်မှမထွက်ဘဲ လူတွေအများကြီးကို တိတ်တဆိတ်စားနေပြန်သည်။

သူဘယ်လိုလုပ်ပြီး မပြိုလဲဘဲနေပါ့မလဲ?

အပြင်ဘက်တွင် သန္ဓေပြောင်းတိရစ္ဆာန် အများအပြားရှိသော်ငြား သူတို့က လက်ဦးမှုယူ၍ တိုက်ခိုက်မည် မဟုတ်ချေ။

ဤကဲ့သို့ ဆိုးဝါးသော မကောင်းဆိုးဝါး အခြေစိုက်စခန်းထဲ ပေါ်လာခြင်းက ပို၍ပင် ကြောက်စရာကောင်းလေသည်။

All Chapters