← Chapters

အခန်း (၁၁၆)

Vol. 12 Ch. 116

အခန်း (၁၁၆)

Vol. 12 Ch. 116

*(116)

ကျင်းယန်၏အမူအရာက မူလအတိုင်း လှုပ်ရှားရခြင်းမရှိ တည်ငြိမ်နေခဲ့၏။ သူက အလောင်းများကို အနီးကပ်စစ်ဆေးရန် ထိုင်လိုက်ကာ ရုတ်တရက်ပြောလိုက်သည်။

“ဒါက ပုံမှန်အမဲလိုက်မှုမဟုတ်ဘူး.. သန္ဓေပြောင်းတိရစ္ဆာန်က ဒီလူတွေရဲ့လျှာကို အရင်ဆွဲဖြုတ်ပစ်မှရမှာ ဒါမှ သူတို့ကအသံမထွက်နိုင်မှာ”

သူက ဆုတ်ပြဲနေသော လျှာ၏အကြွင်းအကျန်တို့ရှိနေသည့် အရိုးစုများထဲမှတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

ဤသည်က ဒဏ်ရာရသူအများအပြားရှိသော်ငြား အသံတစ်စက်မှပင်မထွက်လာသည့် အကြောင်းပြချက်ပင် ဖြစ်ပေ၏။

ဤစကားလုံးများ ထွက်လာသည့်ခဏတွင် လူတိုင်း တိတ်ဆိတ်သွားခဲ့သည်။

တခဏကြာပြီးနောက် ကျောင်းစီဟွေ့က လေးနက်သော အမူအရာနှင့်မဝံ့မရဲမေးလိုက်သည်။

“ကျင်းယန်ကော၊ ဆိုလိုတာက ချွမ်းရုန် ခြေစိုက်စခန်းထဲမှာ ပုန်းနေတဲ့ နောက်ထပ်သန္ဓေပြောင်းတိရစ္ဆာန် ရှိနေတယ်လို့ ဆိုလိုတာလား?”

ထိုအရာက သားကောင်များ အကူအညီ အော်မခေါ်နိုင်ရန်နှင့် သူတို့၏ ပန်းကန်ပြားပေါ်မှ အစားအစာဖြစ်လာစေရန်အတွက် လူတိုင်း၏လျှာကို အရင်ဆုံးကြိုတင်ဖြတ်ပစ်နိုင်လေသည်။

၎င်းသည်က သာမာန်တိရစ္ဆာန်တစ်ကောင်နှင့်မတူဘဲ ဉာဏ်ကောင်းသော သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်နှင့် ပို၍တူနေပုံရ၏။

ချွမ်းရုန် အခြေစိုက်စခန်းမှာ တကယ်ကြီး နောက်ထပ် သန္ဓေပြောင်းတိရစ္ဆာန်ရှိနေသေးတာလား။

သူ၏‌ရှေ့မှ အလွန်ဆိုးဝါးသော အခြေအနေကြောင့် ကျောင်းချီယန် မျက်မှောင်ကြုတ်လိုက်မိ၏။

ရုတ်တရက် သွေးအိုင်ထဲမှ သူတစ်စုံတစ်ခုကို မြင်လိုက်ရသည်။

၎င်းကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သူထိတ်လန့်သွားပြီး သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

“ကျင်း..ကျင်းယန်ကော ကျွန်‌တော်ရဲ့ဖိနပ်…”

သူက တုန်ရီနေသာ လက်ချောင်းဖြင့် ပြောင်စင်နေအောင် အစားခံထားရသည့် အလောင်းများ၏ အတွင်းဆုံးအပိုင်းကို ညွှန်ပြလိုက်သည်။

ဆုတ်ပြဲနေသောဖိနပ်တစ်စုံက မြေပြင်ပေါ်တွင် ကျနေကာ သွေးများစွန်းထင်းနေလေ၏။

သို့သော်ငြား ကျောင်းချီယန်က သူ၏ဖိနပ်ဖြစ်ကြောင်း သိသည်။ အကြောင်းမှာ ဤဖိနပ်များကို သူအလွန်ကြိုက်နှစ်သက်သောကြောင့် တစ်ဖင်ချင်းစီတွင် ပြုံးနေသောမျက်နှာလေးများကို ဆွဲထားခဲ့၏။

ဤအခိုက်တွင် ပြုံးနေသောမျက်နှာလေးက သွေးထဲတွင် နစ်မြုပ်နေပြီး အလွန်ကျောချမ်းဖွယ်ကောင်းနေခဲ့သည်။

ဘာလို့ သူရဲ့ဖိနပ်က ဒီသစ်သားအိမ်ထဲ ရောက်နေတာလဲ?

လူတိုင်းက သူ့ကိုကြည့်နေကြောင်းကို မြင်လိုက်ရသည့်အအတွက် ကျောင်းချီယန်က သူ၏လက်ကို ပြင်းထန်စွာ ခါရမ်းလိုက်၏။

“ခင်ဗျားတို့တွေ ဘာလို့ကျွန်တော့်ကို လာကြည့်နေတာလဲ? အဲဒါ ကျွန်တော်မဟုတ်ဘူးနော်.. မနေ့ကဖိနပ်တွေကို အိမ်နဲ့ မီတာနှစ်ရာလောက်ဝေးတဲ့ သစ်တောထဲကို လွှင့်ပစ်လိုက်တာ”

ကျင်းယန် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

“ဒီလိုမျိုးကိစ္စလုပ်နိုင်လောက်အောင် မင်းက မစွမ်းဆောင်နိုင်ပါဘူး.. ဖိနပ်တွေကို မင်း ဘယ်တုန်းက လွှင့်ပစ်လိုက်တာလဲ?”

ကျောင်းချီယန် သူ၏နှာခေါင်းကိုထိပြီး ခြောက်ကပ်ကပ်ပြုံးလိုက်၏။

“ကျွန်တော်တို့ အိမ်ပြန်လာတဲ့အချိန်မှာပဲ၊ ကျွန်တော့်ရဲ့ ဖိနပ်ပေါ်က အစေးတွေက အရမ်းရွံ့စရာကောင်းပြီး နံ့စော်နေလို့ သစ်တောထဲကို ဒီအတိုင်းပဲ လွှင့်ပစ်လိုက်တာ”

တခဏမျှ တိတ်ဆိတ်နေသော ကျိုထိုက်က ရုတ်ခြည်းမေးသည်။

“မင်းရဲ့ဖိနပ်က ပေလာတာလို့ ပြောလိုက်တာလား?”

“ပိုးကောင်တစ်ကောင်ကြောင့်လေ”

ကျောင်းချီယန် ဝေဝေဝါးဝါးဖြစ်သွား၏။ သူက ခေါင်းကိုကုတ်ကုတ်ပြီး သူ့ဘာသာ ပြင်ပြောခဲ့လေသည်။

“တိတိကျကျပြောရရင် ပိုးကောင်တစ်ကောင်ရဲ့ သွေးလေ.. ကျင်းယန်ကောနဲ့ ကျွန်တော့်အစ်မ နှစ်ယောက်လုံးမြင်ကြတယ်..

မနေ့ညနေခင်းက ကျွန်တော်တို့ လမ်းလျှောက်ရင်း ပြန်လာတုန်းက အနက်ရောင်ပိတုန်းကြီးတစ်ကောင်ပေါ်ကို တက်နင်းမိခဲ့ပြီး ဖိနပ်အောက်ခံက အစိမ်းရောင်အရည်တွေနဲ့ ပေပွကုန်ရော..

အဲဒါက အရမ်းနံ့လို့ ဖိနပ်တွေကို လွှင့်ပစ်လိုက်တာ.. ဖိနပ်တွေက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာလဲဆိုတာ ကျွန်တော်လည်းမသိဘူး”

နောက်ဘက်တွင် ရပ်နေသော ကွေ့ပင်းပိုင်က ပြောလိုက်၏။

“ဒီနားတစ်ဝိုက်လူတွေက သစ်တောဆီကိုသွားပြီး ချက်စားနိုင်တဲ့ အခေါက်တွေနဲ့ မြက်အမြစ်တွေကို သွားဖြတ်လေ့ရှိတယ်.. သူတို့ အဲဒီ ကိုရောက်တဲ့အချိန် ကောက်လာတာဖြစ်မယ်”

နောက်ဆုံး၌ ကျောင်းချီယန် ဖိနပ်များကိုလွှင့်ပစ်ခဲ့စဉ်က ဖိနပ်များက လုံးဝအကောင်းပတိဖြစ်နေပေ၏။

ရွံ့စရာကောင်းသော အရည်များကသာ အနည်းငယ် စွန်းထင်နေသည်မဟုတ်ပါလား။

သစ်သားအိမ်ထဲတွင် နေထိုင်သော သာမာန်လူများအတွက် ဤသည်က ကိစ္စကြီးမဟုတ်ချေ။

ကျိုထိုက်နှင့် ရုန်ကျင်းဖင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။

ထို့နောက် ကျင်းယန်ကို ကြည့်လိုက်ကာ သူတို့၏ခေါင်းထဲတွင် ခန့်မှန်းချက်တစ်ခု ဖြစ်လာခဲ့၏။

“ပိုးကောင်တွေဖြစ်နိုင်လောက်လား?”

ယင်ရိလျိုက လူတိုင်းတွေးနေသည့်အရာကို ရုတ်တရက် ထုတ်ပြောခဲ့သည်။

ရုန်ကျင်းဖင်းက စီးကရက်ဖင်ခံကို ပါးစပ်ထဲမှ ထုတ်လိုက်ပြီး နောက်ဆုံးသောမီးခိုးကွင်းကို မှုတ်ထုတ်လိုက်သည်။

“ဖြစ်နိုင်ချေရှိတယ်”

သူက ကျိုထိုက်ကို ကြည့်လိုက်လေ၏။ သူ၏အကြည့်တို့က စစ်ဆေးမေးမြန်းခြင်းတို့နှင့် ရောနှောနေသည်။ သူ၏မျက်လုံးကို အသာအယာမှေးလိုက်သည်။“ကျိုထိုက် မင်းက အရမ်းတော့မကောင်းဘူးပဲ.. မင်းရဲ့အခြေစိုက်စခန်းထဲမှာ ကြိုတင်အစီရင်မခံထားတဲ့ ဒီလိုအရာတွေ ရှိနေတယ်”

သူတို့လက်ခံရရှိခဲ့သည့် မစ်ရှင်မှာ သားရဲလှိုင်းကို တကွဲတခြား ဖြစ်သွားစေရန်သာဖြစ်ပေ၏။

ယခုအချိန်တွင် အပြောင်းအလဲတစ်ခုက ထပ်မံရောက်ရှိနေခဲ့ပေပြီ။

အင်းစက်များက တိတ်ဆိတ်ပြီး ခြေရာကောက်၍မရနိုင်သောကြောင့် အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်များထက် ပို၍ပင် အန္တရာယ်များနိုင်ချေရှိသည်။

ယနေ့ တွင်အခြေစိုက်စခန်းထဲမှ သာမာန်လူများက နစ်နာသူများ ဖြစ်သွားခဲ့၏။ ညအချိန်တွင် သူတို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်ခဲ့သော်လည်း မနက်ဖြန်တွင် သူတို့၏အလှည့်သို့ရောက်လာမည်လား ဆိုသည်ကို မည်သူမှအာမမခံနိုင်ချေ။

ကျိုထိုက်တစ်ယောက် မှားယွင်းစွပ်စွဲခံရသည်ဟု ခံစားရသဖြင့် သူ့၏ပေါင်ကို ပြန်ရိုက်လိုက်မိသည်။

ဤအချိန်တွင် သူ့အနေဖြင့် တခြားသူများ၏ ထင်မြင်ချက်ကို ဂရုမစိုက်နိုင်တော့ချေ။

ကျိုထိုက် စိတ်အနှောင့်အယှက်ဖြစ်သော အမူအရာနှင့်ပြောလိုက်၏။

“ငါ ဒီအကြောင်းကို သောက်ကျိုးနည်းထဲမှ လုံးဝမသိဘူး.. ဒီမတိုင်ခင် အခြေစိုက်စခန်းထဲမှာ ဒီလိုပိုးကောင်တွေအကြောင်း ဘယ်တုန်းကမှ မကြားဖူးဘူးလား.. ငါ သူတို့ကို မြင်ဖူးတာ ဒါက ပထမဆုံး အကြိမ်ပဲ”

တံခါးတွင် စောင့်ကြပ်နေသော ကျင်းဖင်းအသင်းမှ အဖွဲ့ဝင်က မကျေမနပ်ဖြစ်သွားခဲ့သည်။

“ဒါဆို ဒီအရာကို ငါတို့ယူလာတယ်လို့ မင်း‌ပြောချင်တာလား?”

“ငါ အဲဒီလိုမျိုး ဆိုလိုတာမဟုတ်ဘူး”

ကျိုထိုက် ထပ်ခါထပ်ခါ သက်ပြင်းချပြီး ရိုးရှင်းစွာပင် ပါးစပ်ပိတ်လိုက်၏။

ဤအချိန်တွင် ကွေ့ပင်းပိုင်က ကျောင်းချီယန်ကို ရုတ်တရက်စိုက်ကြည့်ပြီး မေးလိုက်သည်။

“မနေ့က အဲဒီပိုးကောင်ကို မင်းဘယ်လိုလုပ် တက်နင်းမိတာလဲ?

ကျောင်းချီယန် စိတ်ရှုပ်သွားရ၏။

ဘာလို့ မီးက သူ့ဆီကိုလှည့်လာရတာလဲ?

သူလက်သုံးထောင်ပြီး ကျိန်ဆိုလိုက်သည်။

“ဒါကြီးက ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလို့ ကျိန်ရဲတယ်.. ကျွန်တော်က ခင်ဗျားတို့ရဲ့အခြေစိုက်စခန်းထဲမှာ တက်နင်းမိခဲ့တာလေ..

တစ်ခုခုသာဆို အဲဒါက ခင်ဗျားတို့ ချွမ်းရုန် အခြေစိုက်စခန်းထဲမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်ပဲ”

ထိုသတ္တဝါအတွက်တော့ မည်သို့သော အကောင်မျိုးဖြစ်နေသည် နှင့် အရေအတွက် မည်မျှလောက်ရှိသည်ကို သူတို့သေသေချာချာမသိကြသေးပါချေ။

အဖွဲ့သုံးခုကြားမှ လေထုက တင်းမာလာခဲ့သည်။

ကျင်းယန် မျက်မှောင်ကြုတ်ပြီး ပြောခဲ့၏။

“ငြင်းခုန်နေတာကို ရပ်လိုက်တော့”

ယခု ဦးစားပေးရန်က မည်သူ၏အမှားဖြစ်ကြောင်းကို ရှာဖွေရန်မဟုတ်ဘဲ ဤသန္ဓေပြောင်းတိရစ္ဆာန်က မည်သည့်အကောင်ဖြစ်ကြောင်းနှင့် ၎င်းက အင်းစက်တစ်ကောင် ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန်သာဖြစ်သည်။

ထိုအရာက အင်းစက်တစ်ကောင်ဖြစ်လျှင် သူတို့မည်ကဲ့သို့ ရင်ဆိုင်သင့်သနည်း။

ကျိုထိုက် တခဏလောက် တိတ်တဆိတ် အံ့ကြိတ်လိုက်ပြီး သစ်သားအိမ်ထဲမှ ထွက်လာကာ အပြင်ဘက်အစွန်းတွင် သေနတ်များနှင့် စောင့်ကြပ်နေသော အမျိုးသားတချို့ကို လက်ရမ်းပြ၍ လာရန် အချက်ပြလိုက်သည်။

သူက မျက်ရိုးကို စိတ်ကုန်စွာနှိပ်လိုက်မိ၏။။

“ဒီနေရာကို သန့်ရှင်း‌ရေးလုပ်လိုက်.. သေသေချာချာ ရှင်းဖို့အမှတ်ရဦးသွေးအစွန်းအထင်းမကျန်စေနဲ့”

လက်အောက်ငယ်သားက ခေါင်းငြိမ့်လိုက်ကာ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောခဲ့သည်။

“ဗိုလ်ကြီး အပြင်ဘက်ကလူတွေက ဒီနေရာမှာ ထပ်မနေနိုင်တော့ဘူးလို့‌ ပြောနေရကြတယ်.. မကောင်းဆိုးဝါးတွေက..…”

အခြေစိုက်စခန်းထဲမှ သာမာန်လူများကလည်း ဤအချိန်တွင် ထိတ်လန့်တုန်လှုပ်နေကြ၏။

မနေ့ညက သစ်သားအိမ်တစ်ခုမှ လူအကုန်လုံးကတိတ်တဆိတ် သေသွားခဲ့‌ကြောင်းကို သူတို့အားလုံး သိကြလေသည်။

ဤနေရာတွင် မကောင်းဆိုးဝါးများရှိသည်ဟု ပြောနေကြပြီး ဤနေရာတွင် သူတို့ထပ်မနေနိုင်တော့ဟု ကျယ်လောင်စွာ မကျေမနပ်တိုင်တန်းနေကြ၏။

ကျိုထိုက် သရော်လိုက်သည်။

“သူတို့က သူတို့အတွက် ငါ့အခန်းကို ပေးစေချင်နေကြတာလား? ဒီနေရာမဟုတ်ရင် သူတို့က ဘယ်နေရာမှာ နေမှာလဲ? အခြေစိုက်စခန်း အပြင်ဘက်မှာလား?”

ယခုအချိန်တွင် ကျိုထိုက်က ယမ်းမှုန့်စည်ငယ်လေးတစ်ခုနှင့် တူနေပြီး လက်ချောင်းတစ်ချောင်းမြှောက်ရုံပင် ပေါက်ကွဲသွားမည်ဖြစ်ကြောင်း သိနေသောကြောင့် လက်အောင်ငယ်သားက တိတ်ဆိတ်နေခဲ့၏။

သူ ထပ်၍ စကားမပြောရဲတော့သည့်အတွက် အရိုအသေပေးပြီး သစ်သားအိမ်ထဲမှ ထွက်သွားလေသည်။

*

ထိုညတွင် ယင်ရိလျို မွေးပျံ့ ကောင်းမွန်သောရေဖြင့် ရေချိုးပြီးနောက် ညဝတ်အင်္ကျီလေးကို ဝတ်ဆင်လိုက်သည်။

သူမက ကွင်းထိုးဖိနပ်သေးသေးလေးကို ချွတ်ကာ ပွယောင်းယောင်းဆံပင်များ၊ နားရွက်များနှင့်အတူ မင်းသမီးအိပ်ယာလေးပေါ်သို့ တက်လိုက်၏။

ထိုအခိုက်တွင်ကျင်းယန်က အခန်းအပြင်ဘက်မှ လျှောက်ဝင်လာခဲ့ပြီး အိပ်ယာလေးပေါ်တွင် လိမ်လိမ်မာမာထိုင်ကာ အိပ်ရန်အသင့်ဖြစ်နေသော ကလေးမလေးကို မြင်လိုက်ရသည်။

သူသည်လည်း ရေချိုးခဲ့သောကြောင့် ဆံပင်က စိုစွတ်နေဆဲဖြစ်၏။ သူက ပုဝါကို ပုခုံးပေါ်တွင် အတွန့်အကွေးများဖြင့် တွဲလောင်းချထားပြီး အိပ်မက်ဆန်သော ပန်းရောင်အိပ်ယာဘေးသို့ လျှောက်သွားလိုက်သည်။

သူက ယင်ရိလျို၏ နူးညံ့သောလက်လေးကို ကိုင်ကာ နူးညံ့စွာ ပြောလိုက်၏။

“ဒီရက်ပိုင်း ကောနဲ့အိပ်လေ၊ ဟုတ်ပြီလား?”ယင်ရိလျိုတစ်ယောက် သူမ၏အကြားအာရုံနှင့် ပက်သက်၍ တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ထင်မိလေသည်။

ရွှေပေါင်လုံးကြီးက သူမကို သူနဲ့အတူအိပ်ဖို့ ခေါ်နေတာလား?

ချက်ချင်းပင် မသင့်တော်သော အတွေးများက သူမ၏စိတ်ထဲစီးဝင်လာပြီး သူမက “ကျွန်မတို့က မဖြစ်သင့်ဘူး”ဟူ၍ ပြောလုနီးပါးဖြစ်သွား၏။

သို့သော် ကျင်းယန်၏ နောက်ထပ်စကားက သူမကို ရုတ်ခြည်းရပ်တန့်သွားစေကာ စကားလုံးများကို အစာအိမ်ထဲ ပြန်မြိုချလိုက်ရသည်။

“မင်းတစ်ယောက်တည်း အိပ်ရင် စိတ်ချရမှာမဟုတ်ဘူး.. ဒီနေရာက မလုံခြုံဘူး”

ယင်ရိလျိုက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် အသာအယာချလိုက်သော်ငြား သူမ၏မတည်ငြိမ်သော အတွေးများကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သွားရကာ သူမကိုယ်သူမ ရွံ့ရှာသွားရလေ၏

သူမဘာတွေတွေးနေတာလဲ?

ရွှေပေါင်လုံးကြီးက သူမရဲ့လုံခြုံရေးအတွက် စိုးရိမ်နေတာလေ!

*

All Chapters