← Chapters

ရွှေနွားရုပ်ထုကြီးကို သယ်လာပြီ

Vol. 44 Ch. 531

ရွှေနွားရုပ်ထုကြီးကို သယ်လာပြီ

Vol. 44 Ch. 531

​လျူယောင် အသိချင်ဆုံးအရာမှာ တစ်ခုတည်းသာ ရှိသည်။

၎င်းမှာ ဤဂြိုဟ်သားကွန်ပျူတာများထဲမှ တစ်လုံး ကို အောင်မြင်စွာ ပြန်လည်အသုံးပြုနိုင်မည်လား ဆိုသည်ပင်။

တစ်လုံးတည်းဆိုလျှင်ပင် လုံလောက်လှပြီဖြစ်၏။ ဂြိုဟ်သားတို့၏ အဆင့်မြင့်နည်းပညာများ ကိန်း အောင်းနေမည့် ဤကွန်ပျူတာအတွင်းမှ အချက်အ လက်များသည် လူသားတို့၏ သိပ္ပံနှင့်နည်းပညာ လောကအား တစ်ဟုန်ထိုး တိုးတက်သွားစေနိုင်သ ည်မှာ မြေကြီးလက်ခတ်မလွဲပေ။

​အစီရင်ခံစာကို နားထောင်ပြီးနောက် လျူယောင်က စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်သည်။

​"ခင်ဗျားတို့က ပျက်စီးမှုအနည်းဆုံး ကွန်ပျူတာ တ စ်လုံးကို ရွေးထားတာ မဟုတ်လား..အခုဆိုရင် ဖွဲ့စ ည်းပုံနဲ့ လုပ်ဆောင်ချက်တွေကိုလည်း သေချာ နား လည်နေပြီဆိုတော့ အဲဒီကွန်ပျူတာကို စဖွင့်လို့လို့ရ ပြီလား"

​ထိုမေးခွန်းကြောင့် အစည်းအဝေးခန်းအတွင်းရှိ လူ အားလုံး၏ အကြည့်များသည် ယူလီရန် ထံသို့ စုပြုံ ရောက်ရှိသွားကြသည်။ယူလီရန်သည် ခေါင်းကို အ နည်းငယ်ငုံ့ထားရင်း ရှက်ရွံ့အားနာစွာဖြင့် ပြန်လည် ဖြေကြားလိုက်၏။

​"ကျွန်တော်တို့ အခု အခက်အခဲကြီးတစ်ခုနဲ့ ရင်ဆိုင် နေရပါတယ် သူဋေး.."

​သူက ခဏရပ်ကာ သက်ပြင်းတစ်ချက်ချပြီး ဆက် ပြောလိုက်သည်။

​"ဟူး.. အဲဒီကွန်ပျူတာက ပျက်စီးမှုအနည်းဆုံးလို့ဆို ရပေမယ့် အသုံးမပြုနိုင်တော့တဲ့ အစိတ်အပိုင်းတွေ အများကြီး ရှိနေသေးတယ်..ကျွန်တော်တို့ရဲ့ လက်ရှိ နည်းပညာအဆင့်နဲ့ အစားထိုးပစ္စည်းအသစ် ထုတ် လုပ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး..ဒါကြောင့် တခြား ကွန်ပျူတာတွေဆီက ပစ္စည်းတွေကို ဖြုတ်ယူပြီး အ စားထိုးဖို့ ကြိုးစားနေရတာပါ.သူဋေး.."

​"ဒါပေမဲ့ ကံမကောင်းတာက ကျွန်တော်တို့မှာရှိတဲ့ ကွန်ပျူတာအရေအတွက်က အကန့်အသတ်ရှိသလို ဖြုတ်ယူလို့ရတဲ့ အစိတ်အပိုင်းတွေကလည်း သိပ်မ ကျန်တော့ဘူး..အခုထိတော့ ပျက်စီးနေတဲ့ အစိတ် အပိုင်းအချို့အတွက် အစားထိုးစရာ ပစ္စည်းရှာမ တွေ့သေးပါဘူးခဗျ..."

​ပြောရင်းဖြင့် သူ၏အသံမှာ တဖြည်းဖြည်း တိုးဝင် ကာ ပျောက်ကွယ်သွားပေသည်။

တခြားသူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့လိုက်ကြ၏။သူတို့အားလုံးမှာမူ အစားထိုး ပစ္စည်းတွေ အလုံအလောက်မရှိရင် ထို​ကွန်ပျူတာ ကို စဖွင်နိုင်မည်မဟုတ်ဘူးဆိုသည်အား သိနေကြ သည်လေ။

အစည်းအဝေးအခန်းထဲတွင်မူ ငြီးငွေ့စရာကောင်း နေ၏။

လူတိုင်းက ခေါင်းငုံ့ထားကြပြီး ဘယ်သူမှ စကား မ ပြောဘဲ လူတိုင်းရဲ့စိတ်ထဲတွင်မူ လေးလံနေပေသ ည်။သူတို့အားလုံးက ဒီနယ်ပယ်တွင် ကျွမ်းကျင်သူ တွေ တွေ ဖြစ်နေသော်လည်း ဆန်မရှိလျှင် အချက် အပြုတ်ကောင်းမွန်သည့် အမျိုးသမီးတစ်ယောက် တောင် ချက်ပြုတ်လို့မရဘူးဆိုသည့် စကားအား သူ တို့ နားလည်ထား၏။

​"ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲသူဋေး.."

​လျူယောင်က အပြစ်တင်မည့်အစား ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း မေးခွန်းထုတ်လိုက်သည်။

"ခင်ဗျားတို့ဆီမှာ အစားထိုးဖို့ အပိုပစ္စည်းတွေ အလုံ အလောက်ရှိနေမယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ.."

​"ဗျာ..."

နည်းပညာရှင်တစ်ယောက်ကမူ မအောင့်နိုင်ဘဲ အာ မေဍိတ်သံ ထွက်သွားမိသည်။လျူယောင်၏ စကား က အံ့အားသင့်စရာ ကောင်းလွန်းနေ၍ ဖြစ်၏။

​ယူလီရန်မှာလည်း မတည်မငြိမ်ဖြစ်သွားပြီး စိတ်လှု ပ်ရှားမှုအပြည့်ဖြင့် လျူယောင်ကို စိုက်ကြည့်ကာ အ လောတကြီး ပြန်မေးလိုက်သည်။

"သူဋေး. ခင်ဗျားပြောတာက အဲဒီအစိတ်အပိုင်းတွေ ကို ထုတ်လုပ်နိုင်တဲ့ နည်းလမ်းရှိတယ်လို့ ဆိုလိုတာ လား.."

​လျူယောင်က ခေါင်းခါပြရင်း ပြန်ဖြေလိုက်၏။

"ငါ့မှာ အဲဒီလောက်အထိ အစွမ်းအစမရှိပါဘူး"

သူပြောပြီးသည်နှင့် ဘေးနားမှ ချန်းဟူဘက်သို့ လှ ည့်ကာ ပြောလိုက်သည်။

"လူအချို့ခေါ်သွား ကားထဲမှာပါလာတဲ့ ပစ္စည်းတွေ ကို ဒီထဲယူလာခဲ့ပေး.."

​ချန်းဟူနှင့် ကျောက်ဟုန်ဖူတို့သည် အစည်းအဝေး ခ န်းထဲမှ အမြန်ထွက်လာခဲ့ကြ၏။ယူလီရန်နှင့် မြောင် ကျန်းဖိန်တို့မှာမူ ထိုသူနှစ်ယောက် ဘာများသယ်လ ာမလဲဆိုသည်ကိုသာ စူးစမ်းလိုစိတ်ဖြင့် စောင့်ကြ ည့်နေမိသည်။လျူယောင်ကလည်း ဘာမှထပ်မပြေ ာဘဲ လျှို့ဝှက်ချက်တစ်ခုကို သိမ်းဆည်းထားသည့် အလား ပြုံးမြဲအတိုင်းသာ ရှိနေ၏။

​မကြာမီမှာပင် ချန်းဟူတို့သည် ပလတ်စတစ် အထ ပ်ထပ် တိပ်အလွှာလွှာဖြင့် တင်းတင်းကျပ်ကျပ် ထုပ် ပိုးထားသည့် ဂြိုဟ်သားကွန်ပျူတာ ဆယ်လုံးကျော် အား သယ်ဆောင်လာကာ အစည်းအဝေးစားပွဲပေါ် တင်လိုက်ကြသည်။

ပညာရှင်ယူလီရန်က သိချင်စိတ်ဖြင့် စိတ်ထဲမှ ရေရွ တ်မိလိုက်၏။

"ဒါတွေက ဘာတွေပါလိမ့်.."

​"ပစ္စည်းတွေ ရောက်ပြီပဲ..မစ္စတာယူ... ခင်ဗျားကိုယ် တိုင်ပဲ ဖွင့်ကြည့်လိုက်ပါဦး.."

​ယူလီရန်က ချက်ချင်းပင် ထရပ်ကာ ကိုယ်တိုင် ဖွင့် ကြည့်လိုက်သည်။တိပ်တွေကို ခွာ ပလတ်စတစ် အ လွှာတွေကို ဖယ်ရှားလိုက်သည့်အခါ အတွင်းမှ ပစ္စ ည်းများ ထွက်ပေါ်လာ၏။

​"ဘာ..ကွန်ပျူတာတွေပါလား.."

"ဘုရားရေ... ဒါ... ဒါကတော့.."

ထိုအချိန်တွင် လူတစ်ယောက်တည်းသာမကဘဲ လူ တိုင်းနီးပါး အော်ဟစ်လိုက်ကြပြီး တချို့လူတွေက လည်း တစ်ပြိုင်တည်း မတ်တပ်ရပ်မိလိုက်ကြသည် ။

လျူယောင်က အသံကျယ်ကျယ်နဲ့ ပြောလိုက်၏။

"ဟုတ်တယ်.. ဒါတွေက ကွန်ပျူတာတွေပဲ.. ခင်ဗျား တို့ကို အကုန် ပေးလိုက်မယ်.."

စုစုပေါင်း ဂြိုဟ်သားကွန်ပျူတာ ဆယ်လုံးကျော် ရှိ နေကာ လူတိုင်း၏ မျက်လုံးထဲမှာမူ ၎င်းတို့က ဘယ် အရာနှင့်မျှ မနှိုင်းယှဉ်နိုင်ဘဲ အဖိုးတန်ပေသည်။

ယူလီရန်က အသံကျယ်ကျယ်နှင့် ဝမ်းသာအားရ ပြောလိုက်၏။

"ကျွန်တော်တို့ အခု ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ပြေလည်သွားပါပြီ သူဋေး..ကျွန်တော်တို့ရဲ့ သတင်း ကောင်းကိုသာ စောင့်နေလိုက်ပါဗျာ"

လျူယောင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ..ခင်ဗျားတို့ရဲ့ သတင်းကောင်းကို ကျွန် တော်စောင့်နေမယ်.. ကွန်ပျူတာတွေထဲက တစ်လုံး ကို အမြန်ဆုံးအသုံးပြုနိုင်မယ်လို့ ကျွန်တော် မျှော် လင့်တယ်"

ယူလီရန်က ယုံကြည်မှုရှိစွာနဲ့ ပြန်ပြောလိုက်၏။

"အဲ့လို ဖြစ်လာမှာပါ ခဗျ"

လျူယောင်သည် ယူနီဗာဆဲလ်သုတေသနစင်တာမှာ တစ်နေကုန်နီးပါးနေပြီး ညနေပိုင်းမှ ထွက်လာခဲ့သ ည်။

သူသည် ယူလီရန်နဲ့ တခြားသူတွေ၏ အစီရင်ခံစာ ကို နားထောင်ရုံသာမကဘဲ ကွန်ပျူတာနည်းပညာ စ င်တာကိုလည်း သွားရောက်ခဲ့ပြီး ညနေပိုင်းတွင်မူ ယူနီဗာဆဲလ် စွမ်းအင်သစ် သုတေသနစင်တာကိုလ ည်း လျူယောင် သွားကြည့်လိုက်၏။

......

နောက်တစ်နေ့...

လျူယောင်က ပုံမှန်အတိုင်း သူ့ ရုံးခန်းကြီးထဲ ဝင်လ ာရာ ကြီးမားသည့်စားပွဲပေါ်တွင်မူ ဒီဇိုင်းစာရွက် စာတမ်းများရှိနေသည်အားတွေ့လိုက်ရသည်။အချို့ က ရောင်စုံပုံတွေပင်။

ကျိုးယန်က ရှင်းပြလိုက်၏။

"မနေ့ နေ့လယ်ပိုင်းကပဲ ချန်ဟီဖေးက ပို့ပေး လိုက် တာပါ သူဋေး..ဒီဇိုင်းပုံစံမျိုးစုံရှိပါတယ်ခဗျ သူဋေး ကုမ္ပဏီမှာ မရှိတာမို့ ကျွန်တော် စားပွဲပေါ်မှာပဲ ထား ခဲ့လိုက်တာပါ.."

လျူယောင် ခေါင်းညိတ်ပြလိုက်သည်။ရွှေနွား ရုပ် ထုကြီး၏ ဒီဇိုင်းက ပြီးစီးသွားသောကြောင့် ချန်ဟီ ဖေးက ပို့ပေးခြင်း ဖြစ်ပေလိမ့်မည်။ဒီဇိုင်း ပုံများစွာ ရှိနေကာ လျူယောင် ဂရုတစိုက် ကြည့်လိုက်၏။

လျူယောင် သေချာကြည့်ပြီးနောက် ကျိုးယန်အား မေးမြန်းလိုက်သည်။

"မင်း..ဘယ်လိုထင်လဲ..ဘယ်ဒီဇိုင်းပုံစံက ပိုသင့်တေ ာ်လောက်လဲ.."

ကျိုးယန်က အရင်ကတည်းက မြင်ထားသောကြော င့် သူ့စိတ်ထဲမှာ ရွေးချယ်ထားသည့်အတိုင်း ပြန်ဖြေ လိုက်၏။

"နံပါတ် ၂ ဒီဇိုင်းက ကောင်းတယ်လို့ ကျွန်တော် ထင် တယ် သူဋေး စုစုပေါင်း ရွှေနွားလေးကောင်ရှိပြီး တ စ်ကောင်ချင်းစီက တခြားပုံစံတွေနဲ့မတူဘူး..

"အင်း ငါလည်း ဒီလိုပဲ တွေးမိတယ်..နံပါတ် ၂ ပုံစံ က ကောင်းတယ်လို့ ငါထင်တယ်.."

"သူဋေးက နံပါတ် ၂ ဒီဇိုင်းပုံစံကို ရွေးလိုက်ပြီဆိုတာ ချန်ဟီဖေးကို အသိပေးလိုက်မယ်.."

"ကောင်းပြီ..မင်း သူတို့ကို ရွှေနွားကြီးလေးကောင်ရု ပ်ထုကို အမြန်ဆုံးပုံသွင်းဖို့ ပြောလိုက်..ငါတို့ရဲ့ ပထ မထပ် ခန်းမထဲမှာ စောစောလေးမြင်ချင်တယ်.."

ကျိုးယန်က ရိုသေစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့..ကျွန်တော် သူ့တိုကို ပြောလိုက်ပါမယ် ခ ဗျ.."

....

ချန်ဒါရှန်း ကျောက်မြတ်ရတနာကုမ္ပဏီ..

လျူယောင်က ဒီဇိုင်းပုံစံကို ရွေးချယ်ပြီးနောက် လူ အချို့ အလုပ်များလာကြသည်။ချန်ဟီဖေးကလည်း တစ်နေ့ကို အကြိမ်များစွာ လာကြည့်ပြီး ထိုကိစ္စအား အရမ်းအလေးအနက် ထားခဲ့သည်။

​ဤလုပ်ငန်းသည် အတိုင်းအဆမရှိ ကြီးမားလှသည့် အတွက် ပေါ့ပေါ့ဆဆ လုပ်၍မရနိုင်ပေ။

ထို့ကြောင့်ပင် ချန်ဟီဖေးသည် အကောင်းဆုံးဖြစ် စေရန် အစွမ်းကုန် ကြိုးပမ်းခဲ့ပြီး မိမိထံမှာရှိသော အထက်မြက်ဆုံး ပညာရှင်များများအား စုစည်းရုံ တင်မကဘဲ ပြင်ပမှ ကျွမ်းကျင်ပညာရှင်အချို့ကို ပင် ဖိတ်ခေါ် အကူအညီတောင်းခဲ့ရသည်။

​ယခုအခါတွင်မူ ရွှေနွားကြီးလေးကောင်အား ပုံသွင်း ခြင်းလုပ်ငန်း ပြီးစီးသွားခဲ့၏။တစ်ကောင်ချင်းစီမှာ အမြင့် (၅) မီတာကျော်ရှိပြီး အလေးချိန်အားဖြင့် (၉ ၈) တန်အထိ ရှိပေသည်။

​ချန်ဒါရှန်းရတနာကုမ္ပဏီ၏ အစည်းအဝေးခန်းမတွ င်မူ ချန်ဟီဖေးသည် အမှုဆောင်အရာရှိ ကြီးငယ် များနှင့်အတူ အရေးပေါ် အစည်းအဝေးတစ်ခု ထပ် မံကျင်းပလိုက်၏။ယခုတစ်ကြိမ် ဆွေးနွေးမည့် အ ကြောင်းအရာမှာ ရွှေနွားကြီးများ၏ ပုံသွင်းခြင်းအ ကြောင်း မဟုတ်တော့ဘဲ ၎င်းတို့ကို မည်သို့သယ် ဆောင်ကာ မည်သို့နေရာချထားမည်နည်းဟူသည့် ကိစ္စရပ်ပင် ဖြစ်သည်။

​ဤသည်မှာလည်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျ င်မူများစွာ လိုအပ်သည့် စိန်ခေါ်မှုကြီးတစ်ခုပင်။

​(၉၈) တန်မျှ လေးလံလှသော အရာဝတ္ထုကြီးများကို သယ်ယူပို့ဆောင်ရန်မှာ လိုအပ်ချက်များလွန်းလှ၏ ။သာမန်သယ်ယူပို့ဆောင်ရေး နည်းလမ်းများဖြင့် မ ဖြစ်နိုင်ဘဲ အထူးစီမံထားသည့် နည်းပညာနှင့် ယန္တရ ားယာဥ်ကြီးများ လိုအပ်နေပေသည်။

​ချန်ဖေးဟိုင်သည် သူ၏ လူမှုဆက်ဆံရေးကွန်ရက် ကို အသုံးပြုကာ အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ထံမှ တန် (၂၀၀)အထိ သယ်ဆောင်နိုင်သော အထူးသယ်ယူပို့ ဆောင်ရေးယာဉ်ကြီးတစ်စီးအား ငှားရမ်းနိုင်ခဲ့၏။

​

သယ်ယူပို့ဆောင်ရေးအတွက် အစီအစဉ်ချပြီးနော က်တွင်မူ နေရာချထားရေး အသေးစိတ်အစီအမံမျာ းအား အကြိမ်ကြိမ် ဆွေးနွေးလိုက်ကြသည်။

အလွန်လေးလံလှသော ရွှေနွားရုပ်ထုကြီးများကို သ ယ်ယူပို့ဆောင်ရေးယာဉ်ပေါ်မှ ဘေးကင်းစွာ ချပြီး နောက် ယူနီဗာဆဲလ်တာဝါ၏ ပထမထပ်ခန်းမ အ တွင်းသို့ စနစ်တကျ သယ်ပြီး နေရာချရန်မှာလည်း ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်နေပေသည်။

​ဤအရေးကြီးသည့် အစည်းအဝေးအား တစ်နေကုန် ကျင်းပခဲ့ကြပြီး အသေးစိတ်အချက်အလက်များအ ား အပြန်​​ပြန် အလှန်လှန် ဆွေးနွေးငြင်းခုံခဲ့ကြ၏။ နောက်ဆုံးတွင်မူ မည်သည့်အမှားအယွင်းမျှ မရှိနိုင် တော့ဘူးဟု ယူဆကာ အားလုံးက ယုံကြည်စိတ်ချ ရသည့်အခါမှသာ အပြီးသတ် ဆုံးဖြတ်ချက်ကို ချ မှတ်နိုင်ခဲ့ကြသည်။

​​...........

နောက်တစ်နေ့ နံနက်၌...

​ပထမဆုံး ရွှေနွားကြီးတစ်ကောင်ကို ချန်ဒါရှန်းရတ နာကုမ္ပဏီမှ စတင်သယ်ယူလာခဲ့၏။လမ်းတစ်လျှေ ာက်တွင်မူ ရှေ့ဆုံးမှ ဦးဆောင်လမ်းရှင်းပေးသည့် ကားများ၊အလယ်တွင် ခန့်ညားလေးလံလှသော အ ထူးသယ်ယူပို့ဆောင်ရေးယာဉ်ကြီးနှင့် နောက်မြီးဆွဲ အဖြစ် လိုက်ပါလာသည့် လုံခြုံရေးကားတန်းကြီးမှာ မူ ယူနီဗာဆဲလ်တာဝါသို့ ဦးတည်ကာ တရွေ့ရွေ့ သ ယ်လာခဲ့ပေသည်။

All Chapters