ရွှေရောင်ဖြင့် ဖုံးလွှမ်းသွားသည်
Vol. 44 Ch. 532
မနက်စောစောစီးစီး လူစည်ကားချိန် မရောက်သေး သော်လည်း ဟွာဟိုင်းကဲ့သို့ မြို့ပြကြီးတွင်မူ လမ်းမ ထက်၌ လူနှင့်ကားများစွာ ရှိနေကြပေသည်။
ထိုအချိန်တွင် လူတိုင်း၏အာရုံကို ဖမ်းစားလိုက်သ ည်မှာ လမ်းပေါ်၌ မောင်းနှင်လာသော ထူးခြားသည့် ယာဉ်တန်းကြီးပင်။
လမ်းဘေး၌ ကြည့်နေသူတစ်ဦးက အံအားသင့်ကာ ရေရွတ်လိုက်၏။
"အိုး ဒီလောက်အများကြီးပါတဲ့ ဘီးတွေကို ငါပထမ ဆုံးမြင်ဖူးတာပဲ..တန်ချိန် ၁၀၀၊ ၂၀၀ လောက် သယ် နိုင်တဲ့ အင်ဂျင်နီယာသုံးယာဉ်ကြီးတွေနဲ့ တူတယ်.."
"ကားထဲမှာ ဘာတွေပါတာလဲမသိဘူးနော်.."
"ငါလည်း သေချာမမြင်ရဘူး..အလုံပိတ်ပြီး တင်းတ င်းကြပ်ကြပ် ဖုံးအုပ်ထားတာပဲ..ဒါပေမဲ့ အထဲက ပစ္စ ည်းကတော့ အတော်ကြီးလောက်မယ်ဗျ..”
ထိုမြင်ကွင်းကြောင့် အချို့လူတွေကလည်း ဖုန်းကို ယ်စီထုတ်ကာ ဓာတ်ပုံရိုက်သူကရိုက်၊ဗီဒီယိုရိုက်သူ ကရိုက်နှင့် လူမှုကွန်ရက်ပေါ်သို့ အပြိုင်အဆိုင် တင် နေကြသည်။
ယူနီဗာဆဲတာဝါ၏ မနီးမဝေးမှာရှိသောလမ်းဆုံတစ် တစ်နေရာသို့ ရောက်သောအခါ ရှစ်လမ်းသွား လမ်း မကြီးပေါ်တွင် ကားများစွာမှာ မီးပွိုင့်စိမ်းရန် စောင့် ဆိုင်းနေကြ၏။ထိုယာဉ်တန်းကြီးသည်လည်း မီးနီ နေသောကြောင့် လမ်းဆုံတွင် ရပ်တန့်လိုက်ရသည်။
ထိုစဉ်မှာပင် လေပြင်းအချို့ ဝေ့ခနဲ တိုက်ခတ်သွား ၏။
"မိုးများ ရွာတော့မလို့လားမသိဘူး.."
"မရွာလောက်ပါဘူးဗျာ..ဟိုမှာ နေကြီး သာနေတာ ကို..”
လူများစွာမှာ အချင်းချင်း ပြောဆိုနေကြစဉ် ကား ပေါ်တွင် ဖုံးအုပ်ထားသော ဖျင်စမှာ လေတိုက်၍ အ စွန်းတစ်ဖက် လွင့်တက်သွားသည်။ထိုအခိုက် အတ န့်တွင် ဖျင်စအောက်မှ ဝင်းခနဲ တောက်ပသွားသော ရွှေရောင်အရာဝတ္ထုတစ်ခုအား လူအချို့ သတိထား မိလိုက်ကြသည်။
"ဟေး..ကြည့်စမ်း..အထဲမှာ နွားရုပ်ထုကြီးတစ်ကော င်ပဲ. ရွှေနဲ့ လုပ်ထားတာထင်တယ်"
"မဖြစ်နိုင်တာ..ရွှေဖြစ်ရင်တောင် ရွှေအများကြီးလို တယ်ဟ.."
...
မီးပွိုင့်စိမ်းလာကာ ကားတန်းကြီးသည် ယူနီဗာဆဲလ် တာဝါသို့ ဆက်လက် မောင်းလာခဲ့၏။ဖျင်စ၏ ထေ ာင့်တစ်နေရာသည် လေနဲ့လွင့်သွားပြီး ရွှေနွားရုပ် ထုကြီးအား နည်းနည်းမြင်ရသော်လည်း မည်သူက မျှ ရွှေအစစ်လို့ မတွေးမိကြပေ။
လူအများစုသည် ၎င်းသာ ရွှေအစစ်ဆိုရင် ရွှေဘယ် လောက်သုံးရမည်နည်းဟု တွေးနေကြကာ ဤသည် မှာ လုံးဝမဖြစ်နိုင်ဘူးလို့သာ ယူဆခဲ့ကြသည်။
နံနက် ၇ နာရီဝန်းကျင်၌ ထိုယာဉ်တန်းကြီးသည် ယူ နီဗာဆဲလ်တာဝါ၏ အဝင်ဝသို့ ဆိုက်ရောက်လာ၏။ ချန်ဟီဖေးကိုယ်တိုင် ရှေ့မှထွက်၍ ဦးဆောင်ညွှန်ကြ ားနေပြီး သူ၏လက်အောက်ငယ် သားများကမူ က ားပေါ်တွင် လုံခြုံစွာဖုံးအုပ်ထားသည့် ဖျင်စများအ ား စတင်ဖယ်ရှားလိုက်ကြသည်။
ဖျင်စများ ကွာကျသွားသည့်နှင့်အမျှ ဖုံးကွယ်ထား သော လျှို့ဝှက်ချက်သည်လည်း ပေါ်ထွက်လာပေ သည်။ထိုအရာမှာ အခြားမဟုတ်၊ ဧရာမ ရွှေနွားရုပ် ထုကြီး တစ်ရုပ်ပင် ဖြစ်၏။
ထိုရွှေနွားကြီးသည် ငါးမီတာခန့် မြင့်မားနေကာ အ လွန်ကြီးမားလှပြီး ကြည့်ရသည်မှာ အသက်ဝင် လှုပ် ရှားနေသည့်အလား ထင်မှတ်ရသည်။သေသပ်လှပ သော လက်ရာများကြောင့် အနုပညာမြောက်လှသ ည့် ကျောက်စာတိုင်ကြီးတစ်ခုပမာ ခန့်ညားထည်ဝါ နေပေသည်။
ချန်ဟီဖေးမှာမူ ထိုရွှေနွားရုပ်ထုကြီးကို မထိခိုက်စေ ရန် ဝန်ထမ်းများကို အထပ်ထပ်အခါခါ သတိ ပေး နေရ၏။ထိုရုပ်တုကြီးအတွင်း၌ ဟာလာ ဟင်းလင်း ဖြစ်နေသော်လည်း ရွှေစင်ရွှေသားအစစ်ဖြင့် ပြုလုပ် ထားကာ ထုထည် ကြီးမားလွန်းခြင်းကြောင့် စုစုပေ ါင်းအလေးချိန်မှာ (၉၈) တန် အထိ ရှိနေပေသည်။
ထိုအချိန်တွင် ရုံးတက်ရန် ရောက်ရှိလာကြသော ဝန် ထမ်းများနှင့် လမ်းသွားလမ်းလာများမှာ ထိုသို့အံ့ သြစရာ မြင်ကွင်းကြောင့် ခြေလှမ်းများ ရပ်တန့်သွာ း၏။
ဝန်ထမ်းများက တအံ့တဩ ရေရွတ်မိလိုက်ကြသ ည်။
"ဘုရားရေ တကယ့်ကို အကြီးကြီးပဲဗျာ..."
"ကြည့်စမ်းပါဦး..လက်ရာက အသက်ဝင်လိုက်တာ ဗျာ...."
မြင်တွေ့ရသူတိုင်းက ထိုရုပ်တုကြီး၏ အနုပညာလ က်ရာကိုသာ ချီးကျူးနေကြပြီး ရွှေအစစ်ဖြင့် ပြုလု ပ်ထားသည်ဟု မည်သူကမျှ မတွေးမိကြပေ။အက ယ်၍သာ ရွှေအစစ်မှန်း သိသွားကြပါက ထိုနေရာ တစ်ခုလုံးတွင် ဝရုန်းသုန်းကား ဖြစ်သွားကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းကြပြီးနောက် ဧရာမ ရွှေနွားကြီးအား သယ်ယူရေးယာဉ်ကြီးပေါ်မှ ဂရု တ စိုက် ဆွဲချနိုင်ခဲ့ကြသည်။ထိုမှတစ်ဆင့် ခန်းမထဲသို့ ရွှေ့ပြောင်းကြရာ ကံကောင်းထောက်မစွာပင် ယူနီဗ ာဆဲလ်တာဝါ၏ အဝင်တံခါးကြီးများနှင့် အတွင်းခ န်းမများမှာ ကျယ်ဝန်းသောကြောင့် ထိုမျှကြီးမားသ ည့် ရုပ်ထု ကြီးအား အဆင်ပြေချောမွေ့စွာ သယ်လာ နိုင်ခဲ့ပေသည်။
တဖြည်းဖြည်းနှင့် စိတ်ရှည်လက်ရှည် ရွှေ့ပြောင်းခဲ့ ကြရာ နောက်ဆုံးတွင်မူ ရွှေနွားရုပ်ထုကြီးသည် ခန်း မ၏ အလယ်တည့်တည့်တွင် ခန့်ညားထည်ဝါစွာ ထားနိုင်ခဲ့၏။ထိုရုပ်တုကြီး၏ အရှိန်အဝါကြောင့်ပင် ခန်းမတစ်ခုလုံး၏ ဂုဏ်ဒြပ်မှာ သိသိသာသာ မြင့်တ က်လာပြီး ပိုမိုခန့်ညားသော အသွင်ကို ဆောင်သွား ပေသည်။
ဧည့်ကြိုဝန်ထမ်းမလေးအချို့မှာလည်း အနားသို့ ရောက်ရှိလာပြီး ထိုနွားရုပ်တုကြီးအား မမှိတ်မသုန် ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။
"ကြည့်စမ်း... တကယ့်ရွှေအစစ်နဲ့တူလိုက်တာ.."
"ငါလည်း အဲဒီလိုပဲ ထင်တယ်.. ဒီမှာကြည့်... ငါ့လ က်ကောက်က ရွှေအရောင်နဲ့ ဒီရွှေနွားရုပ်တုကြီးရဲ့ အရောင်က တစ်ထပ်တည်းပဲဟယ်.."
ကောင်မလေးတစ်ဦးက သူမ၏လက်ကောက်ဝတ်မှ ရွှေလက်ကောင်နှင့် အနားကပ်၍ နှိုင်းယှဉ်ပြရင်း ပြောလိုက်သည်။
"ဝိုး... ဟုတ်ပ..အရောင်အသွေးက တကယ်ကို အ တူတူပဲနော်.."
သူတို့ အံ့ဩတကြီး ကြည့်ရှုနေစဉ်မှာပင် ဝန်ထမ်း အချို့က ရွှေနွားရုပ်ထုကြီးအား အနီးကပ်မထိတွေ့နို င်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွ က် ရုပ်တုပတ်ပတ်လည်တွင် ခိုင်ခံ့သော မှန်အကာအရံ များကို စနစ်တကျ တပ်ဆင်လိုက်ကြ၏။
မှန်ဘောင်များ ပတ်ပတ်လည် ဝန်းရံပြီးစီးသွားသည့် အခါတွင်မူ ရွှေရောင်စာလုံးများ ထွင်းထုထားသည့် ခန့်ညားလှသော စကျင်ကျောက် အောက်ခံပလ္လင် ကြီးမှာလည်း နေရာတကျ ရှိနေပေသည်။
"ဝိုး..တကယ့်ကို ခမ်းနားလိုက်တာဗျာ.."
"မနေ့က ကျွန်တော် ရုံးဆင်းတဲ့ချိန်အထိ ဘာမှမရှိ သေးပါဘူး..ဒီလောက်ကြီးတဲ့ နွားရုပ်ထုကြီးက ဘ ယ်အချိန်တည်းက ရောက်နေတာလည်းဗျာ.."
ခန်းမတစ်ခုလုံး ဝုန်းဒိုင်းကြဲ ဆူညံသွားကာ ရောက် လာသမျှ လူတိုင်း၏ အကြည့်တို့မှာမူ ရွှေနွားရုပ်ကြီ းထံတွင်သာ စွဲထင်နေ၏။ထိုစဉ်မှာပင် တစ်စုံ တစ် ဦးက ရုပ်တုအောက်ခြေရှိ မိတ်ဆက်ကမ္ပည်းစာအား အသံကျယ်ကျယ်ဖြင့် ဖတ်လိုက်သည်။
"ဘုရားရေ... ငါ ဖတ်နေတာ တကယ်ပဲလား"
"ဒီနွားရုပ်ကြီးကို ရွှေစင်ရွှေသား အစစ်နဲ့ သွန်းလုပ် ထားတာတဲ့..အသုံးပြုထားတဲ့ ရွှေအလေးချိန်က စုစု ပေါင်း (၉၈) တန် တောင်ဗျ.."
ထိုသတင်းစကားကြောင့် ခန်းမတစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်လာခဲ့၏။အပေါ်ထပ်ရှိ ဝန်ထမ်းများမှာလ ည်း သတင်းကြားသည်နှင့် အပြေးအလွှား ဆင်းလာ ကြရာ နံနက်ခင်း တစ်ချိန်လုံး ရွှေနွားရုပ်ထုကြီး၏ ပတ်ပတ်လည်တွင် လူများစွာ ပြည့်နှက်နေပေသည် ။
"တကယ့်ကို အမိုက်စားပဲဗျာ..ငါတို့ကုမ္ပဏီကတော့ တကယ်ကို အင်အားကြီးတာပဲ.."
"ဟားဟားဟား... ဒါမျိုးကို ကျွန်တော်.. တစ်သက် လုံး ကြွားလို့ရပြီဗျာ.."
"ဒီလောက်တင် ဘယ်ကမလဲ.. ဒါက ကမ္ဘာကျော်မဲ့ ကိစ္စကြီးပဲဥစ္စာ.."
ရုံးခန်းတိုင်းတွင်လည်း ဤအကြောင်းအရာကသာ အဓိက ခေါင်းစဉ်ဖြစ်နေပြီး ဝန်ထမ်းတိုင်း၏ မျက် နှာတွင် ဂုဏ်ယူမူများ ယှက်သန်းနေကြ၏။အထက် က်လူကြီးများကလည်း ထိုဆူညံမှုကို တားဆီးခြင်း မပြုဘဲ သူတို့ကိုယ်တိုင်ပင်လျှင် အံ့ဩဝမ်းသာခြင်း များနှင့်အတူ ထိုမြင်ကွင်းအား ကြည့်မဝ ဖြစ်နေကြ သည်။
ဤသတင်းဆန်းသည် တောမီးပမာ ဟွာဟိုင်းတစ် မြို့လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။
ယူနီဗာဆဲလ် တာဝါအတွင်းရှိ ဝန်ထမ်းများသာမက ပြင်ပမှ ပြည်သူများကလည်း ထိုသတင်းကြောင့် အ လုအယက် ရောက်လာကြပေသည်။ယူနီဗာဆဲလ်တ ဝါ၏ ခန်းမကြီးသည် ကျယ်ဝန်းလှသည်ဆိုသော် လ ည်း ယခုမူ လူအုပ်ကြီးဖြင့် တိုးမပေါက်အောင် စည် ကားလှသဖြင့် ခန်းမဧရိယာပင် ကျဉ်း မြောင်းသွား သယောင် ထင်ရ၏။
သတင်းထောက်များ၊လူမှုကွန်ရက်ပေါ်မှ နာမည် ကျော် Influencer များမှာလည်း ထိုထူးခြားသည့် သတင်းအား ဦးဦးဖျားဖျား တင်ဆက်နိုင်ရန် ယူနီဗာ ဆဲလ်တာဝါသို့ အပြေးအလွှား ရောက်လာကြသည် ။ထိုသို့ လူအုပ်ကြီးဖြင့် ပွဲတော်တစ်ခုပမာ စည်ကား နေသည့် မြင်ကွင်းမှာ ရက်အနည်းငယ်ကြာသည့် တိုင် အရှိန်မပျက်ဘဲ ရှိနေပေသည်။
"ကျွန်တော့် တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ရွှေတွေကို အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူးဗျာ.."
"တကယ်ကို မျက်စိပွင့်သွားတာပဲဗျာ..အံ့မခန်းပဲ"
"မှန်ဘောင်အပြင်ကနေ ကျွန်တော် လှမ်းကြည့်နေ ရတာတောင် ရွှေအရှိန်အဝါကြောင့် ရင်ထဲမှာ တလှ ပ်လှပ်နဲ့ ဆူပွက်နေတုန်းပဲဗျာ"
လာရောက်ကြည့်ရှုသူများမှာ မချီးကျူးဘဲ မနေနိုင် အောင် ဖြစ်နေကြသည်။
တစ်ဖက်တွင်လည်း အင်တာနက်နာမည်ကျော် အ ချို့က တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ကာ အွန် လိုင်းအသုံးပြုသူများအား ထိုရွှေနွားရုပ်ကြီးများ အ ကြောင်းကို အားတက်သရော မိတ်ဆက်ပေးနေကြ ၏။
"အားလုံးပဲ မင်္ဂလာပါ... အခု ကျွန်တော်ရောက်နေ တာကတော့ ယူနီဗာဆဲလုပ်ငန်းစုရဲ့ ခန်းမဆောင်ကြီ းထဲမှာပါဗျ.. ဒီနောက်က မြင်နေရတဲ့ ရွှေနွားရုပ်တု ကြီးကတော့ အားလုံးကို အံ့အားသင့်စေမယ့်အရာပ ါပဲ..ဒါမျိုးက တစ်ကောင်တည်း မဟုတ်ဘူးနော်. .စု စုပေါင်း (၄)ကောင်ရှိတာပါ..တစ်ကောင်ချင်းစီကို ရွှေစင်ရွှေသား (၉၈) တန်စီ အသုံးပြုထားတယ်လို့ သိရပါတယ်..."
ထိုသို့ တိုက်ရိုက်ထုတ်လွှင့်နေသည့် Live လွှင့်ခန်းမျ ားတွင်လည်း ကြည့်ရှုသူဦးရေမှာ တစ်ဟုန်ထိုး မြင့် တက်နေကာ မှတ်ချက်များ၊လက်ဆောင်များမှာမူ ဖု န်းစခရင်တစ်ခုလုံး ပြည့်နှက်နေပေသည်။
..........
ယူနီဗာဆဲလ် ကွန်ပျူတာသုတေသနစင်တာ၌
ယူလီရန် ဦးဆောင်သော သုတေသနအဖွဲ့သည် ဂြို လ်သားနည်းပညာသုံး ကွန်ပျူတာတစ်လုံးအား အာ ရုံစိုက်ကာ အစိတ်အပိုင်းအဖြစ် ဖြုတ်နေကြသည်။ ဤသည်မှာ သူတို့လက်ထဲတွင် တတိယမြောက် စမ် းသပ်စစ်ဆေးခံနေရသည့် ကွန်ပျူတာပင် ဖြစ်၏။
ယခုဖြုတ်လိုက်သည့် ကွန်ပျူတာမှ အစိတ်အပိုင်းမျ ားကို အသုံးပြု၍ ပျက်စီးနေသော အခြားကွန်ပျူ တာတစ်လုံးထဲတွင် အစားထိုးလဲလှယ်ကာ ဂြိုလ်သ ားကွန် ပျူတာအား ပြန်လည်အသက်သွင်းနိုင်ရန် သူတို့ မျှော်လင့်ထားကြသည်။
စမ်းသပ်ခန်းတစ်ခန်းလုံးတွင်မူ အပ်ကျသံပင် ကြား ရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပေသည်။
အနည်းငယ်သော အမှားအယွင်းလေးတစ်ခုကပင် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေနိုင်သဖြင့် လူတိုင်း သည် အသက်ရှူရန်ပင် မေ့လျော့နေကြသည့်အလား စိုးရိမ်တကြီး စောင့်ကြည့်နေကြ၏။ဖြုတ်ယူသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးကို နောင်တွင် ပြန်လည် လေ့လာနိုင်ရန် အရည်အသွေးမြင့် ဗီဒီယိုများနှင့် ဓာ တ်ပုံမှတ်တမ်းများအား တစ်ချိန်လုံး ရိုက်ကူးထား ပေသည်။
စက်ပစ္စည်းများကို အစိတ်အပိုင်းများအဖြစ် ခွဲထုတ် ပြီးနောက် ကျွမ်းကျင်ပညာရှင်အချို့က ဂရုတစိုက် သန့်စင်ကာ စစ်ဆေးလိုက်ကြ၏။ထိုစဉ်မှာပင် ကွန် ပျူတာပြန်လည်ပတ်နိုင်ရန် အဓိကလိုအပ်နေသည့် အရေးကြီးအစိတ်အပိုင်းနှစ်ခုအား သူတို့ တွေ့ရှိလာ ခဲ့သည်။
ထိုအရာများသည် ယခင်စမ်းသပ်မှုများတွင် ပျော က်ဆုံးနေခဲ့သော အဓိကသော့ချက်များပင် ဖြစ်၏။
ယူလီရန်သည်လည်း ထိုအစိတ်အပိုင်းများအား အ လွန်အမင်း တန်ဖိုးထားကာ ကိုယ်တိုင်ကိုယ်ကျ သ န့်စင်လိုက်သည်။သူသည် လက်တစ်ဖက်မှ မှန်ဘီလူ းကို ကိုင်၍ အနီးကပ်ကြည့်ရှုကာ ကျန်လက်တစ်ဖ က်က အမွေးနုစုတ်တံလေးဖြင့် အမှုန်အမွှားလေးပင် မကျန်အောင် ညင်သာစွာ သန့်စင်နေ၏။
တစ်ခါတစ်ရံတွင်မူ သူသည် ဂွမ်းစကို အရက်အနည် းငယ်ဆွတ်၍ အစိတ်အပိုင်းများပေါ်မှ အစွန်းအထ င်းများအား အသာအယာ ပွတ်တိုက်ပေးနေသည်။
နည်းပညာရှင်အဖွဲ့ဝင်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး မေးလိုက်၏။
"အခြေအနေ ဘယ်လိုရှိလဲ ဆရာ"
လူတိုင်း၏ မျက်လုံးထဲမှာလည်း မျှော်လင့်ချက်အ ရောင်အဝါများ တောက်ပနေပေသည်။
"အင်း..အပြင်ပန်းကြည့်ရသလောက်တော့ ပြဿနာ မရှိဘူး..သန့်စင်ပြီးသွားရင် စစ်ဆေးမှုလေးတွေ လု ပ်ကြည့်ရမယ်..ဒီအစိတ်အပိုင်းနှစ်ခုသာ အလုပ်လုပ် မယ်ဆိုရင်..."
ယူလီရန်က ခဏရပ်ကာ အားတက်သရော ဆက် ပြောလိုက်၏။
"အဲ့ဒါတွေသာ အလုပ်လုပ်မယ်ဆိုရင်တော့ ဒီကွန် ပျူတာကို ငါတို့ စတင်အသုံးပြုနိုင်တော့မှာပဲ.."
အခြားအဖွဲ့ဝင်တစ်ဦးကလည်း ဝမ်းသာအရာ ပြော လိုက်သည်။
"တကယ်ပဲ ပြန်အသုံးပြုနိုင်ဖို့ မျှော်လင့်ပါတယ် ဆ ရာ.. ဒါဆိုရင် ဂြိုလ်သားနည်းပညာရဲ့ လျှို့ဝှက်ချက် တွေကို ကျွန်တော်တို့ ဖော်ထုတ်နိုင်တော့မှာပဲဗျာ.."
စနစ်တကျ သန့်စင်စစ်ဆေးပြီးနောက်တွင်မူ သိသာ ထင်ရှားသည့် ချို့ယွင်းချက် တစ်စုံတစ်ရာ မတွေ့ရ တော့ပေ။ယူလီရန်သည် အစိတ်အပိုင်းများကို စ တ င်တပ်ဆင်ရန် ပြင်ဆင်လိုက်သည်။
ထိုအခါ ဘေးပတ်ပတ်လည်ရှိ အဖွဲ့ဝင်များသည် လ ည်း မိမိတို့၏အလုပ်များအား ခေတ္တရပ်နားကာ ထို သို့သမိုင်းဝင်အခိုက်အတန့်ကို မျက်ဝါးထင်ထင် မြ င်တွေ့ရန်အတွက် ပညာရှင်ယူလီရန်၏အနားသို့ တ စ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။