ကြီးမားလှသော တံခါး
Vol. 44 Ch. 533
ယူလီရန်သည် ပျက်စီးမှုအနည်းဆုံးဖြစ်သည့် ဂြိုလ် သားကွန်ပျူတာတစ်လုံးကို ရွေးချယ်ကာ စိတ်ရှည် လက်ရှည် စတင်တပ်ဆင်နေ၏။
သူသည် ပျက်စီးနေသော အစိတ်အပိုင်းများကို ဂရု တစိုက် ဖယ်ရှားပြီး အခြားကွန်ပျူတာများမှ ကော င်းမွန်သည့် အပိုပစ္စည်းများဖြင့် အစားထိုးလိုက်ရာ အခုဆိုလျှင် ပြင်ဆင်မှုအားလုံးမှာ ပြီးပြည့်စုံသွား ခဲ့ သည်။
ထိုမြင်ကွင်းအား ဘေးပတ်ပတ်လည်မှ လူများက ရ င်တထိတ်ထိတ်ဖြင့် ဝိုင်းအုံကြည့်နေကြ၏။
လွန်ခဲ့သော လအနည်းငယ်အတွင်း သူတို့သည် ထို ဂြိုလ်သားကွန်ပျူတာ၏ ဖွဲ့စည်းပုံအား အကြမ်းဖျင် း နားလည်ခဲ့ကြသော်လည်း ၎င်းတို့၏ နောက်ကွ ယ်မှ နက်နဲသော သိပ္ပံသီအိုရီများနှင့် အခြေခံဖွဲ့စည်း ပုံအား ဆက်လက်လေ့လာနေရဆဲပင်။
ယူလီရန်၏ လက်လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းပြီး ကျွမ်းကျင်လှသည်။အစိတ်အပိုင်းတစ်ခုချင်းစီကို အမှားအယွင်းမရှိ တိကျစွာ တပ်ဆင်နေပုံမှာ အနုပ ညာတစ်ခုကို ဖန်တီးနေသကဲ့သို့ပင်။
မကြာခင်မှာပင် နောက်ဆုံးအစိတ်အပိုင်းအား တပ် ဆင်၍ ပြီးစီးသွားခဲ့သည်။ထိုအချိန်တွင်မူ တိတ်ဆိ တ်ငြိမ်သက်နေသော အခန်းတစ်ခုလုံးမှာ ရုတ်ချည်း ဆိုသလို ဆူညံလာ၏။
"ဝိုး..နောက်ဆုံးတော့ အားလုံး ပြီးသွားပြီ.."
"စိတ်လူပ်ရှားစရာ ကောင်းလိုက်တာဗျာ..”
"ဒီကွန်ပျူတာ စဖွင့်လိုက်တဲ့အခါ ဘာတွေထူးခြား လာမလဲဆိုတာ ကျွန်တော် မြင်ချင်လှပြီ.."
......
အပြင်ပန်းတွင် ယူလီရန်၏ မျက်နှာမှာ ကျောက်ရုပ် ကဲ့သို့ တည်ငြိမ်အေးဆေးနေသော်လည်း အတွင်း စိ တ်ထဲတွင်မူ သူ ရင်အရမ်းခုန်နေ၏။လနှင့်ချီ၍ သူ မနားတမ်း ကြိုးစားခဲ့သမျှ ရလဒ်အား မြင်တွေ့ရ တော့မည့် အခိုက်အတန့်ဖြစ်၍ စိတ်လှုပ်ရှားမှုအား သူ အတင်းအကျပ် ထိန်းချုပ်ထားရသည်။
ကျွမ်းကျင်သော ကွန်ပျူတာပညာရှင်တစ်ယောက် အနေဖြင့် ဤဂြိုလ်သားကွန်ပျူတာသည် မည်မျှ အ ဆင့်မြင့်ကြောင်း သူကောင်းစွာသိနေ၏။၎င်းတို့ထဲ၌ မည်ကဲ့သို့သော လျှို့ဝှက်ချက်များနှင့် အဆင့်မြင့်န ည်းပညာများ သိမ်းဆည်းထားမည်နည်းဆိုသည်အ ား သူ အရမ်း သိချင်နေမိသည်။
ယူလိီရန်သည် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်း လိုက်ပြီး စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ပြင်ဆ င်လိုက်သည်။ထို့နောက် လူပေါင်းများစွာ စူးစိုက်ကြ ည့်နေမှုအောက်တွင် ကွန်ပျူတာ၏ ပါဝါခလုတ်ကို အားယူကာ သူ နှိပ်လိုက်၏။
သို့ပေမဲ့…
အားလုံး၏ မျှော်လင့်ချက်တို့မှာ ရုတ်ချည်းဆိုသလို အရောင်မှိန်သွားခဲ့ရသည်။ကွန်ပျူတာမှာမူ မည်သ ည့်တုံ့ပြန်မှုမျှ မရှိဘဲ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲ ပင်။
"ဘာလို့လဲကွာ..."
ယူလိီရန်၏ မျက်နှာပေါ်တွင်မူ ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်တို့ ထင်ဟပ်လာ၏။သူသည် ခုနက တပ်ဆင်ခဲ့သည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား မှတ် ဉာဏ်ထဲတွင် အလျင်အမြန် ပြန်လည် ဆန်းစစ်ကြ ည့်နေမိသည်။သူ၏ ကျွမ်းကျင်မှုအရ မည်သည့် နေ ရာတွင်မျှ အမှားအယွင်း မရှိခဲ့သည်မှာ သေချာသ လောက်ပင်။
ပါဝါခလုတ်အား သူ ထပ်နှိပ်လိုက်၏။သို့ပေမဲ့ ဘာ တုံ့ပြန်မှုမျှ မရှိသေးပေ။
ယူလိီရန် သက်ပြင်းချလိုက်ပြီး ဝမ်းနည်းစွာ ပြောလို က်၏။
"ဟူး..ကျွန်တော်တို့ စိတ်ဓာတ်တွေ အရမ်းတက်ကြွ နေလို့နဲ့တူတယ်..ဒီကွန်ပျူတာမှာ ကျွန်တော်တို့ မသိ သေးတဲ့ ချို့ယွင်းချက်တွေ ရှိနိုင်လောက်မယ်."
နည်းပညာရှင်တစ်ယောက်က စိတ်ပူပန်သွားပြီး အ သံကျယ်ကျယ်နဲ့ မေးမြန်းလိုက်သည်။
"မစ္စတာယူ ဒါဆို ကျွန်တော်တို့ နောက်ထပ် ဘာဆ က်လုပ်ရမလဲ.."
ယူလီရန်က လူတိုင်းကို နှစ်သိမ့်ပေးလိုက်၏။
"ကျွန်တော်တို့ အားမလျှော့သင့်ဘူး..ဆက်ပြီး ကြိုး စားကြရအောင်.ဒီကွန်ပျူတာက နောက်ဆုံးမှာ ချော မွေ့စွာ အသုံးပြုလာနိုင်မယ်လို့ ကျွန်တော်ထင်တယ် ..."
"တစ်ခုခု မှားနေပြီထင်တယ်ဗျာ..."
ယူလီရန် တိုးတိုးလေး ရေရွတ်ရင်း ကွန်ပျူတာအား တစ်စစီ ပြန်ဖြုတ်ရန် ပြင်ဆင်လိုက်သည်။အစိတ်အ ပိုင်းတစ်ခုချင်းစီအား သူကိုယ်တိုင် စေ့စေ့စပ်စပ် ပြ န်လည်စစ်ဆေးပြီး ပါဝါမပွင့်လာရသည့် အကြောင်း အရင်းအား မရမက ရှာဖွေရန် သူ ဆုံးဖြတ်လိုက်၏ ။
ဝိုင်းအုံကြည့်နေသော အဖွဲ့ဝင်များသည်လည်း စိတ် ပျက်လက်ပျက်ဖြင့် တစ်ယောက်တစ်ပေါက် ရေရွ တ်ရင်း မိမိတို့နေရာအသီးသီးသို့ ပြန်သွားကြသည်။
ရိုးရိုးသားသား ပြောရလျှင်မူ လူတိုင်း၏ စိတ်နှလုံး ထဲ၌ အတော်လေး ထိခိုက်သွားကြ၏။
လနှင့်ချီ၍ ကြီးမားသော မျှော်လင့်ချက်များဖြင့် အ ပင်ပန်းခံ ကြိုးစားခဲ့ကြသော်လည်း ရလဒ်က သုည ဖြစ်နေသည့်အတွက် သူတို့အားလုံးမှာ စိတ်မကော င်းဖြစ်ခဲ့ရသည်။
သို့ပေမဲ့ ပညာရှင်ယူလီရန်မှာမူ ထိုသူများနှင့် မတူ ပေ။
သူသည် ယန်နိုင်ငံ၏ ထိပ်တန်းကွန်ပျူတာပညာရှင် ဟူသော ဂုဏ်ပုဒ်နှင့်အညီ အားလျှော့ခြင်း၊စိတ်ပျက် ခြင်း အလျဉ်းမရှိဘဲ အစိတ်အပိုင်းများရှေ့၌ မလှုပ် မယှက် ထိုင်ကာ အလေးအနက် စဉ်းစားနေခဲ့သည်။
သူ၏ မျက်လုံးများတွင်မူ နောက်ဆုတ်မည့် အရိပ် အယောင် မရှိဘဲ ခိုင်မာသော အရောင်များ တောက် နေဆဲဖြစ်၏။
...
လျူယောင်ထံမှ အထူးတလည် တာဝန်ပေးထားခြင် း မရှိသော်လည်း လိပ်ကြီးမှာမူ အားယားနေခြင်း မရှိပေ။သူသည် မှောင်မည်းနေသော ချောက်နက် ကြီးထဲသို့ နောက်တစ်ကြိမ် ကူးခတ်လာခဲ့သည်။
ရေလမ်းတစ်လျှောက်တွင် ဧရာမရေဘဝဲအချို့နှင့် ထိပ်တိုက်တွေ့ခဲ့သော်လည်း လိပ်ကြီးကမူ အရေးပ င်မလုပ်ဘဲ လျစ်လျူရှုထားလိုက်သည်။
အကြောင်းရင်းမှာ သူ၏ ဝမ်းဗိုက်ထဲတွင် လွန်ခဲ့သေ ာ နှစ်ရက်က စားထားသည့် စူပါရေဘဝဲကြီး၏ အ သားများအပြင်၊အလေးချိန် တန် ၄၀၀ ကျော်ရှိသော အခြားဧရာမရေဘဝဲကြီးတစ်ကောင်ကိုပါ စားထား ပြီးသား ဖြစ်နေလို့ပင်။
ဤချောက်နက်ပိုင်းကြီးသည် လိပ်ကြီးအတွက်မူ စာ းကျက်မြေတစ်ခုနှင့် တူလှသည်။အစားအစာအတွ က် ပူပန်စရာ လုံးဝမရှိဘဲ မနေ့ကပင် သူသည် ထို ချောက်ကြီးထဲမှ ဧရာမရေဘဝဲနှစ်ကောင်ကို အမဲ လိုက်ထားကာ ပြန်လည်သယ် ဆောင်လာနိုင်ခဲ့သေး သည်။
အခု လိပ်ကြီး၏ လိုဏ်ဂူထဲ၌ တန် ၃၀၀ ကျော် အ လေးချိန်ရှိသည့် ဧရာမရေဘဝဲတစ်ကောင်ရှိနေကာ သူ မစားရသေးပေ။လိပ်ကြီးက ချောက်၏ အနက် ဆုံးနေရာအထိ ကူးခတ်လာရာ မကြာခင်မှာပင် ချေ ာက်နက်ကြီး၏ အောက်ခြေသို့ သူ ရောက်လာသ ည်။
အကျွမ်းတဝင်ရှိလှသော ရေလမ်းကြောင်းအတိုင်း စူပါရေဘဝဲကြီး နေခဲ့သော လိုဏ်ဂူထဲသို့ လိပ်ကြီး တစ်ဟုန်ထိုး ကူးဝင်လာခဲ့၏။ထိုလိုဏ်ဂူ၏ အနက် ဆုံးအပိုင်းတွင် အဖိုးတန်ပစ္စည်းအမြောက်အမြား ရှိ နေပြီး လိပ်ကြီးမှာမူ ၎င်းတို့အား တစ်ခုမကျန် သ ယ်ယူရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။
သူ ပထမဆုံး စတင်ရွှေ့ပြောင်းသည်မှာ မီးခိုးနက် ရောင်နှင့် အမည်းရောင် သတ္တုအပိုင်းအစကြီးများ ဖြစ်၏။ထိုအရာများမှာ အရွယ်အစားအမျိုးမျိုးရှိ ပြီး အကြီးဆုံးအပိုင်းအစများမှာမူ တန်ရာချီထိ အ လေးချိန် ရှိနေသည်။
အပိုင်းအစ အသေးလေးများကိုလည်း လိပ်ကြီးက လျစ်လျူမရှုခဲ့ပေ။
သူသည် ထိုသတ္တုအပိုင်းအစအားလုံးကို မနားတမ်း သယ်လာကာ အာကာသယာဉ်ပျက်ကြီး၏ အနီးအန ားမှာရှိသော ရေတိမ်ပိုင်းနေရာသို့ စုပုံထားလိုက်၏ ။
ယခုဆိုလျှင် အာကာသယာဉ်ပျက်ကြီး၏ ဘေး၌ မီး ခိုးနက်ရောင်နှင့် အမည်းရောင် သတ္တုများမှာမူ တေ ာင်ကုန်းငယ်တစ်လုံးပမာ ရှိနေသည်။၎င်းတို့ အား လုံးကို လိပ်ကြီးက အာကာသယာဉ်ပျက်ကြီးထဲမှ ဂ ရုတစိုက် ရှင်းလင်းထုတ်ယူကာ စနစ်တကျ စုပုံထာ းလိုက်၏။
ယခုမူ လိပ်ကြီးသည် လိုဏ်ဂူအတွင်းရှိ မီးခိုးနက်ရေ ာင်နှင့် အနက်ရောင် သတ္တုအပိုင်းအစ အားလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် မနားမနေ ခေါက် တုံ့ခေါက်ပြန် သယ်ယူနေရသည်။ထိုသို့ ပင်ပင်ပန်း ပန်း သယ်ယူရင်း စုပုံနေသော သတ္တုပုံကြီးကို ကြည့် ကာ လိပ်ကြီးသည် နဂါးနက်အား သတိရလာကာ စိ တ်ထဲမှ ကျိန်ဆဲလိုက်၏။
" ဟိုကောင် နဂါးနက်သာ ဒီမှာရှိရင် ကောင်းမှာပဲ .. အဲ့ဒီကောင်က အလကားခိုင်းလို့ရမဲ့ ကုန်ထမ်း သမာ းပဲ..ဒီသတ္တုတွေကို ဒီကောင့် ကျောပေါ်တင်ပြီး သ ယ်ခိုင်းရမှာကွာ.."
သို့သော်လည်း နဂါးနက်ကြီး မရှိသည့်အတွက် လိပ် ကြီးသည် မိမိဘာသာသာ ဆက်လက်သယ်ယူ နေရ သည်။အမှန်စင်စစ်တွင်မူ လိပ်ကြီး၏ အမြန်နူန်းမှာ နဂါးနက်ကြီးထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန် လှ၏။နာရီအနည်းငယ်အတွင်းမှာပင် သူသည် ထို သတ္တုအပိုင်းအစများအား ဟွာဟိုင်းမြို့နှင့် ရေမိုင် ၁,၀၀၀ အကွာအဝေးမှာရှိသော ရေတိမ်ပိုင်းနေရာသို့ သယ်လာနိုင်ခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် လိပ်ကြီးသည် စုစု ပေါင်း အလေးချိန် တန်ချိန် ၂၀,၀၀၀ မှ ၃၀,၀၀၀ ခန့်ရှိသော မီးခိုးနက်ရောင်နှင့်အမည်းရောင် သတ္တု များအား သယ်ထားနိုင်ခဲ့၏။
သယ်ယူပို့ဆောင်ရေး တာဝန်ကြီးကို အောင်မြင်စွာ အဆုံးသတ်ပြီးနောက် လိပ်ကြီးသည် အာကာသယာ ဥ်ပျက်ကြီးအနီးသို့ ပြန်လာခဲ့သည်။ထို့နောက် သူ၏ ကိုယ်ပိုင်လိုဏ်ဂူထဲသို့ ဝင်ကာ ဧရာမရေဘဝဲတစ် ကောင်လုံးအား အားရပါးရ အဝအပြဲ စားပစ်လိုက် ၏။
သူသည် အလေးချိန် တန်၄၀၀ ခန့်ရှိသည့် ဧရာမရေ ဘဝဲတစ်ကောင်လုံးအား တစ်ခါတည်းဖြင့် အပြောင် ရှင်းလိုက်ခြင်းပင်။
စားပြီးနောက် လိပ်ကြီးသည် အနားယူရန် အစီအစဉ် မရှိသေးဘဲ ပျက်စီးနေသော အာကာသယာဉ်ပျက် ကြီးထဲသို့ နောက်တစ်ကြိမ် ကူးဝင်လာ၏။
သူ အခု ရောက်နေသည့်နေရာမှာ ဘောလုံးကွင်းများ စွာထက် ကျယ်ဝန်းလှသည့် ဧရာမခန်းမကြီး တစ် ခန်းပင် ဖြစ်သည်။ထိုခန်းမကြီးအတွင်း၌ မီးခိုးနက် ရောင်နှင့် အမည်းရောင်ချောင်းများမှာမူ တောင်ပုံရ ာပုံ ရှိနေ၏။
လိပ်ကြီးသည် ပစ္စည်းအတော်များများကို သယ်ထု တ်ပြီးဖြစ်သော်လည်း ကျန်နေသည့် သတ္တုပုံကြီးမှာ လျော့ပါးသွားခြင်းမရှိဘဲ ခန့်မှန်းရခက်လောက်အေ ာင် များပြားနေဆဲပင်။
ထူးခြားသည်မှာ အမည်းရောင် သတ္တုချောင်းများမှ ာမူ အခြားသတ္တုများထက် အရေအတွက် သိသိသ ာသာ နည်းပါးနေခြင်းဖြစ်၏။၎င်းတို့မှာ ရှားပါးလှ သည့် ပစ္စည်းများဖြစ်ကြောင်း လိပ်ကြီးက ရိပ်မိနေ ပုံရသည်။
ဤတစ်ကြိမ်၌ လိပ်ကြီးသည် ပစ္စည်းသယ်ရန် မဟု တ်ဘဲ စူးစမ်းလေ့လာရန်အတွက်သာ ဧရာမခန်းမ ကြီးအတွင်းသို့ ကူးဝင် လာခြင်းဖြစ်၏။ထိုမျှ ကျယ် ဝန်းလှသော နေရာသည် သီးခြားဖြစ်နေစရာ အ ကြောင်းမရှိဘဲ အခြားအခန်းများနှင့်လည်း ချိတ်ဆ က်ထားသည့် လျှို့ဝှက်လမ်းကြောင်းများ ရှိရမည် ဟု လိပ်ကြီးက အခိုင်အမာ ယုံကြည်နေမိသည်။
လိပ်ကြီးသည် ဤနေရာသို့ အကြိမ်ကြိမ်ရောက်ဖူး သဖြင့် ပတ်ဝန်းကျင်အား အကျွမ်းတဝင်ရှိလှ၏။ အချိန်အနည်းငယ်ကြာ စေ့စေ့စပ်စပ် ရှာဖွေပြီးနော က် တစ်နေရာအရောက်တွင်မူ သူ၏ အကြည့်များ ရပ်တန့်သွားသည်။
ခန်းမကြီး၏ နံရံတစ်ဖက်တွင် ဧရာမတံခါးကြီးတစ် ချပ်ဟု ယူဆရသည့် အရာတစ်ခု ရှိနေ၏။သို့သော် လည်း ၎င်းသည် နံရံနှင့် တစ်သားတည်းဖြစ်နေအော င် တင်းတင်းကြပ်ကြပ် ပိတ်ထားသဖြင့် သေချာဂရု စိုက်၍ မကြည့်မိပါက ရှာတွေ့နိုင်ရန် အလွန်ပင် ခက် ခဲလှပေသည်။
ချက်ခြင်းဆိုသလိုပင် လိပ်ကြီးက စိတ်ချင်းဆက်သွ ယ်၍ လျူယောင့်အား မေးကြည့်လိုက်၏။
"သခင်ရေ... ဒီဟာက တံခါးတစ်ချပ်ဖြစ်မယ်ထင်တ ယ်..ခင်ဗျားရော ဘယ်လိုထင်လဲ.."
လိပ်ကြီး၏ ဆက်သွယ်မူကြောင့် လျူယောင်သည် ချက်ချင်းပင် သူ၏ တတိယအမြင်အား ဖွင့်ကြည့် လိုက်ရာ အာကာသယဥ်ပျက်ကြီး၏ ခန်းမထဲမှာ ရှိ နေသော လိပ်ကြီးအား မြင်လိုက်ရသည်။
လျူယောင်လည်း အခြေအနေအား ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန်အတွက် မြင်ကွင်းအား အနီးကပ် ချဲ့ကြ ည့်လိုက်၏။ထိုအခါ သူ၏ နှလုံး ခုန်သံများ ရုတ်တ ရက် မြန်ဆန်လာခဲ့သည်။၎င်းသည် အမှန်တကယ်ပ င် အခြားအခန်းသို့ ဦးတည်နေသည့် တံခါးကြီးတစ် ချပ်နှင့် တူနေသောကြောင့်ပင်။
"အိုး..ဒါသာ တံခါးအစစ်ဆိုရင်..အထဲမှာ ဘာတွေရှိ လဲ မသိဘူး.."
လျူယောင်သည် စိတ်လှုပ်ရှားမှုအား ထိန်းချုပ်ရင်း ပြန်ဖြေလိုက်၏။
"အဲ့ဒါ တံခါးဖြစ်ဖို့ များတယ် ငါ့ကောင်ကြီး... မင်း အဲဒါကို ဖွင့်လို့ရနိုင်မလား.."
"ကျွန်တော် ကြိုးစားကြည့်လိုက်မယ် သခင်ရ.."
လိပ်ကြီးက တိုတိုတုတ်တုတ် ပြန်ပြောကာ ကြီးမား လှသည့် တံခါးချပ်ကြီးဆီသို့ ကူးခတ်လာပေသည်။