← Chapters

ငွေဖြူရောင်သတ္တု အသစ်တစ်မျိုးအ ား တွေ့ရှိခြင်း

Vol. 44 Ch. 534

ငွေဖြူရောင်သတ္တု အသစ်တစ်မျိုးအ ား တွေ့ရှိခြင်း

Vol. 44 Ch. 534

​လိပ်ကြီးသည် အစပိုင်းတွင် တံခါးကို အားကုန်သုံး ကာ တွန်းကြည့်သော်လည်း တုန့်ပြန်မှုမရှိပေ။ထို့ နောက် သူ အားစိုက်ကာ ပြန်ဆွဲကြည့်သော်လည်း တံခါးမှာ ကျောက်စိုင်ကြီးတစ်ခုလို ခိုင်မြံနေဆဲပင်။

​စိတ်မရှည်တော့သည့်အဆုံး လိပ်ကြီး၏ ဒေါသတို့ က ပေါက်ကွဲလာကာ ဧရာမလှံကြီးကို ကျစ်ကျစ်ပါ အောင်ဆုပ်ကိုင်ရင် သူသည် တံခါးကြီးအား အားဖြ င့် ထုရိုက်ပစ်လိုက်၏။

"ဒုန်း..ဒုန်း.."

ထိုအခါ ​ပင်လယ်ရေအောက် ကြမ်းပြင်တစ်ခုလုံး တုန်ခါသွားလောက်သည့် အသံများ ထွက်ပေါ်လာ သ ည်။

အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ မနားတမ်း လိပ်ကြီးထု ရိုက်လိုက်သည့်အခါ တံခါးပေါ်တွင် ကပ်ငြိနေသော အညစ်အကြေးများနှင့် အကာအရံများမှာမူ ကွာကျ ကျလာကာ တံခါး၏ မူလပုံစံမှာ ထင်ထင်ရှားရှား ထွက်ပေါ်လာ၏။

လိပ်ကြီး၏ အကြမ်းပတမ်း လုပ်ရပ်အား လျူယော င် တိတ်တိတ်လေး စောင့်ကြည့်နေမိသည်။သူ လုံးဝ မတားမြစ်ခဲ့ပေ။အကြောင်းရင်းမှာ ထိုနည်းလမ်းထ က် ပိုကောင်းသည့် နည်းလမ်းမရှိသောကြောင့် ဖြစ် ၏။လျူယောင် စိတ်ထဲမှ ရေရွတ်မိလိုက်သည်။

"တံခါး ပျက်သွားလည်း ကိစ္စမရှိဘူး..ဒါက ပျက်စီး နေတဲ့ အာကာသယာဉ် အဟောင်းကြီးပဲဟာ.."

ရိုက်ချက်များ ပြင်းထန်လွန်းသဖြင့် လိပ်ကြီး၏ ဧရ ာမလှံကြီးမှာ ကောက်ကွေး ပုံပျက်သွားပြီး အသုံး မဝင်တော့သည့် သံတိုသံစတစ်ခုအဖြစ်သို့ ပြောင်း လဲသွား၏။မိမိလက်နက် ပျက်စီးသွားသည်ကို မြင် သောအခါ လိပ်ကြီးမှာ ပို၍ပင် ဒေါသထွက်လာကာ လှံဟောင်းကို ဘေးသို့ လွှင့်ပစ်လိုက်သည်။

ထို့နောက် ဘေးနားမှ မီးခိုးနက်ရောင်သန်းနေသော သတ္တုချောင်းတစ်ချောင်းအား ကောက်ယူလိုက်၏။

​လိပ်ကြီး ကောက်ကိုင်လိုက်သော မီးခိုးနက်ရောင် သတ္တုချောင်းကြီးမှာ အလေးချိန်အားဖြင့် တန် ၂၀၀ ခန့် ရှိသည်။ယခင်လှံကြီးနှင့် အလေးချိန်ချင်း တူညီ သော်လည်း အရွယ်အစားမှာမူ ပိုမိုကြီးမားပြီး ခိုင်ခံ့ ပုံရ၏။လိပ်ကြီးသည် ထိုသတ္တုချောင်းကြီးကို အား ကုန်လွှဲယမ်းကာ တံခါးကြီးကိုထပ်မံထုနှက်ပြန်သ ည်။

လိပ်ကြီး၏ ပြင်းထန်သော ရိုက်ချက်များကြောင့် နောက်ဆုံးတွင် တံခါးကြီးမှာ ပုံပျက်လာကာ တံခါး ကြားထဲတွင် အဟတစ်ခု ပေါ်လာ၏။

လျူယောင်က ဘေးမှ အကြံပေးလိုက်သည်။

​"မင်းဆက်ပြီး ထုနေဖို့ မလိုတော့ဘူးထင်တယ် အား နဲ့ပဲ ဆွဲဖွင့်ကြည့်လိုက်ရင် ပိုမကောင်းဘူးလား.."

​

လျူယောင်၏ စကားကို နားထောင်ကာ သတ္တုချော င်းကို ချလိုက်ပြီး သူ၏ ဧရာမလက်သည်းကြီးများ ဖြင့် ထိုတံခါးချပ်အား အားရပါးရ စုံကိုင်ကာ ဆွဲဖွင့် လိုက်၏။

"ဂျိန်း... ကရက်..."

ဟူသော မြည်သံနှင့်အတူ ခိုင်မာလှသည့် တံခါးကြီး မှာမူ အက်ကွဲကာ ပွင့်ထွက်လာသည်။

အခန်းထဲတွင်မူ ဒီသတ္တုချောင်းတွေက မီးခိုးနက်ရေ ာင်နှင့် အမည်းရောင် သတ္တုများစွာရှိနေ၏။၎င်းတို့ သည် ဘယ်လောက်ပဲ သုံးဖြုန်းပါစေ မကုန်သည့် ပ မာဏမျိုးပင်။

​သို့သော်လည်း ထိုအထဲတွင် တစ်စုံတစ်ခုအား လျူ ယောင် သတိပြုမိလိုက်၏။

"အာ... မဟုတ်သေးဘူး"

​တစ်ခုခုလွဲချော်နေသည်အား သူ ချက်ချင်း သိလိုက် ရသည်။ယခုတွေ့ရှိရသည့် လုံးဝန်းသော သတ္တုချော င်းများ၏ အရွယ်အစားမှာမူ အပြင်က မီးခိုးနက်ရေ ာင် သတ္တုချောင်းများနှင့် မတူပေ။၎င်းတို့က သိသိ သာသာ ပို၍ သေးငယ်နေ၏။

​"ဒါ..တခြားသတ္တုအသစ်များလား..."

​ဤသို့ ခန့်မှန်းမိလိုက်သည်နှင့် လျူယောင်၏ စိတ် ထဲ၌ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားမှုများ ဝင် ရောက်လာခဲ့သည်။

​ဤပစ္စည်းများသည် ပင်လယ်အောက်ခြေတွင် နှစ် ပေါင်း ၅၀,၀၀၀ ခန့် စုပုံနေခဲ့ခြင်း ဖြစ်၏။လုံခြုံစွာ ပိတ်လှောင်ထားသည့် နေရာဖြစ်သဖြင့် ပင်လယ်ရေ မှာ ကြည်လင်နေသော်လည်း သတ္တုချောင်းများပေါ် တွင်မူ ရွှံ့နွံကဲ့သို့ ပါးလွှာသော အနည်အနှစ်အလွှာ လေးများ ဖုံးအုပ်နေသည်။

လိပ်ကြီးက ထိုသတ္တုချောင်းတစ်ချောင်းအား ကော က်ယူလိုက်ပြီး အံအားသင့်ကာ အော်ပြောလိုက်၏။

"အိုး သခင်ရ.. ဒီကောင်က တော်တော်ပေါ့တာပဲဗျ"

ယခင်က မီးခိုးနက်ရောင် သတ္တုနှင့်ယှဉ်လျှင် ထို သ တ္တုချောင်းမှာမူ သိသိသာသာကို ပေါ့ပါးနေသည်။

လိပ်ကြီးက ဧရာမလက်သည်းကြီးများဖြင့် သတ္တု ချောင်းမျက်နှာပြင်ပေါ်က အနည်အနှစ်များအား ပွ တ်တိုက်သန့်စင်လိုက်ရာ ခဏလေးအတွင်းမှာပင် သတ္တုချောင်း၏ မူလအရောင် ထွက်ပေါ်လာသည်။

​

၎င်းမှာ ငွေရောင်သန်းနေသော အဖြူရောင် သတ္တု တစ်မျိုး ဖြစ်၏။အလေးချိန် အလွန်ပေါ့ပါးနေ၍သာ "ငွေ" မဟုတ်မှန်း သိသာနေခြင်းဖြစ်ပြီး မြင်ရုံမျှဖြင့် ငွေနှင့် အလွန်တူလှသည်။နှစ်ပေါင်း ၅၀,၀ ၀၀ ကြာ ပင်လယ်အောက်ခြေတွင် ရှိနေခဲ့သော်လည်း သံချေး တက်ခြင်း၊အရောင်မှိန်ခြင်း အလျင်းမရှိဘဲ အသစ် စက်စက်အတိုင်း တောက်ပနေဆဲပင်။

​"လခွမ်း..ဒါက ဘယ်လိုသတ္တုမျိုးပါလိမ့်..."

​လျူယောင် တစ်ယောက် အလွန်အမင်း သိလိုစိတ် ပြင်းပြလာကာ ထိုငွေဖြူရောင် သတ္တုချောင်းအား သေချာ စိုက်ကြည့်နေမိသည်။အကယ်၍သာ ဤ အရာများသည် အမှန်တကယ် "ငွေ" များသာ ဖြစ်ခဲ့ လျှင် ထိုမျှများပြားသည့် ပမာဏမှာ သူ့အတွက်မူ တန်ဖိုး ဖြတ်၍ မရနိုင်သော စည်းစိမ်ဥစ္စာကြီးပင် ဖြစ်လာပေလိမ့်မည်။

​လိပ်ကြီးက ထိုငွေဖြူရောင်သတ္တုချောင်းကိုကိုင်က ာ သုံးသပ်ပြလိုက်၏။

"ဒါက ငွေတော့ မဖြစ်နိုင်လောက်ဘူး သခင်ရ တော် တော်လေးကို ပေါ့နေတာပဲ..အထဲမှာ ဟာလာဟင်း လင်း ဖြစ်နေရင်တော့ တစ်မျိုးပေါ့လေ.."

​သို့သော်လည်း ဂြိုဟ်သားတို့၏ နည်းပညာအရ ဤ ကဲ့သို့သော သတ္တုချောင်းများအား အခေါင်းပွ ပြုလု ပ်ထားရန် အကြောင်းမရှိပေ။

နောက်ဆုံးတော့ လျူယောင်က ညွှန်ကြားလိုက်၏။

​"ငါ့ကောင်ကြီး ဒီသတ္တုချောင်းတစ်ချောင်းကို ငါတို့ ရဲ့ ပင်လယ်ကမ်းခြေနားက ဂိုဒေါင်ဆီ ပို့ပေးပါဦး.. ဒါကို ငါကိုယ်တိုင် သေချာလေ့လာကြည့်ချင်တယ်”

​ထိုဧရာမအခန်းကြီးထဲတွင် သတ္တုချောင်းများမှလွဲ ၍ အခြားထူးခြားသည့်အရာ မရှိတော့ကြောင်း တ စ်ချက်ကြည့်ရုံနှင့် သိသာနေသည်။သတ္တုချောင်း တ စ်ချောင်းချင်းစီ၏ အချင်းမှာ ၅၀၀ မီလီမီတာ ခန့်ရှိ ပြီး အလျားမှာမူ မီတာ ၂၀ ခန့် ရှည်၏။

၎င်းတို့သည် မီးခိုးနက်ရောင် သတ္တုချောင်းများထ က် သေးငယ်သော်လည်း အမည်းရောင်သတ္တုချော င်းများထက်မူ ပိုမိုကြီးမားနေသည်။

​

လိပ်ကြီးသည် ပုံပျက်ရှုံ့တွကာ အသုံးမဝင်တော့သ ည့် သူ၏ဧရာမလှံဟောင်းကို ထိုနေရာတွင်ပင် ပစ် ထားလိုက်၏။ထို့နောက် ငွေဖြူရောင်သတ္တုချောင်း အား လက်သည်းတစ်ဖက်ဖြင့် မြဲမြံစွာဆုပ်ကိုင်ကာ အာကာသယာဉ်ပျက်ကြီးထဲမှ ပြန်လည် ထွက်ခွာလ ာခဲ့သည်။

လိပ်ကြီးက ဝမ်းနည်းစွာ တောင်းဆိုလိုက်၏။

​"ကျွန်တော့်လက်နက်ကတော့ သုံးစားမရတော့ဘူး သခင်ရ..ခဗျား.ကျွန်တော့်အတွက် နောက်ထပ်လက် နက် အသစ် တစ်ခု လုပ်ပေးရမယ်နော်.."

လျူယောင်လည်း ထိုအတွေးရှိပြီးသားပင်။ယခင်လှံ ကြီးကို ပြုလုပ်စဉ်က လိပ်ကြီး၏အလေးချိန်မှာ တ န်ရာဂဏန်းသာ ရှိသည်။ထိုစဉ်က မီတာ ၆၀ ရှည်ပြီး တန် ၂၀၀ လေးသော လှံမှာ လုံလောက်ခဲ့သော်လည် း ယခုအခါမှာမူ လိပ်ကြီး၏အလေးချိန်မှာ တန် ၁, ၈၀၀ နီးပါးအထိ ရှိနေ၏။

လိပ်ကြီး၏ ခွန်အားမှာလည်း အဆမတန် ကြီးထွား လာခဲ့ပြီဖြစ်ရာ ထိုလက်နက်ဟောင်းမှာ မည်သို့မျှ အ သုံးမဝင်တော့ပေ။

​လျူယောင်က ချက်ချင်းပင် သဘောတူလိုက်ပြီး ကတိပေးလိုက်၏။

"အေးပါ. ဒါက ပြဿနာမဟုတ်ပါဘူး..မင်းရဲ့ ခွန်အ ားနဲ့ ကိုက်ညီမယ့် လက်နက်အသစ်ကို ငါကိုယ်တိုင် လုပ်ပေးမယ်"

​လက်နက်သစ်ရတော့မည်ဟူသော သတင်းကြောင့် လိပ်ကြီး၏ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီ း ငွေဖြူရောင်သတ္တုချောင်းကြီးကို ဆွဲကိုင်ကာ ဟွ ာဟိုင်းမြို့တည်ရှိရာဘက်သို့ အားအင်အပြည့်ဖြင့် လျင်မြန်စွာ ကူးခတ်လာခဲ့သည်။

.........

နောက်တစ်နေ့ နံနက်စောစော၌..

​လျူယောင်သည် ကားပေါ်သို့ တက်လိုက်ပြီးနောက် ကားမောင်းနေသည့် ကျောက်ဟုန်ဖူအား ညွှန်ကြား လိုက်၏။

​"အရင်ဆုံး ပင်လယ်ကမ်းခြေက ဂိုဒေါင်ကို မောင်း လိုက်..."

​ကျောက်ဟုန်ဖူက ခေါင်းညိတ်ကာ ကားအား စတင် မောင်းလိုက်သည်။ဘေးခုံတွင် ထိုင်နေသော ချန်းဟူ မှာမူ ရင်ထဲ၌ မသိမသာ လှုပ်ရှားသွားရသည်။သူဋေ းဖြစ်သူက ဂိုဒေါင်သို့ သွားမည်ဆိုလျှင် ထူးခြားသ ည့် အရာတစ်ခုခု ရှိနေပြီဆိုသည်အား သူ ရိပ် မိနေ သည်။

​သူ၏ စိတ်ထဲတွင်လည်း အတိတ်က ဖြစ်ရပ်များကို ပြန်လည်မြင်ယောင်နေမိ၏။ပထမတစ်ခါ သူ ရော က်တုန်းက ရွှေတုံးရွှေခဲများနှင့် တန်ဖိုးကြီး ကျောက် မြတ်ရတနာများကို သူ တွေ့လိုက်ရပြီး ဒုတိယတစ်ခ ါတွင်မူ ကွန်ပျူတာဟု ယူဆရသည့် ထူးဆန်းသည့် ပစ္စည်းဆယ်ခုကျော်အား တွေ့လိုက်ရသည်။

​"အင်း..ဒီတစ်ခါကရော ဘာတွေများ ဖြစ်မလဲ.."

သို့သော်လည်း သူဋေးဘက်က ဘာမှ ထုတ်မပြော သေးသဖြင့် ချန်းဟူသည်လည်း လိမ္မာပါးနပ်စွာဖြင့် ဘာမျှမမေးမြန်းဘဲ သူ၏ သိချင်စိတ်ကိုသာ ဖုံးဖိထ ားလိုက်ရ၏။

"ကျွီ.."

​မကြာမီမှာပင် ပင်လယ်ကမ်းခြေဂိုဒေါင်သို့ လျူယေ ာင်တို့ ရောက်လာခဲ့သည်။ဂို ဒေါင်တံခါးကြီးမှာ ပွင့် လာကာ လျူယောင်တို့ စီးလာသည့် လမ်းကြမ်းမော င်းကားကြီးမှာမူ ကျယ်ဝန်းလှသည့် ဂိုဒေါင်ကြီးထဲ သို့ မောင်းဝင်လာခဲ့သည်။

ကျယ်ဝန်းလှသော ဂိုဒေါင်ကြီးထဲသို့ မောင်းဝင်လို က်သည်နှင့် ချန်းဟူနှင့် ကျောက်ဟုန်ဖူတို့ နှစ်ယော က်စလုံးသည် ဂိုဒေါင်အလယ်ရှိ နေရာလွတ်တွင် ထူးဆန်းသောအချောင်းအား မြင်လိုက်ရ၏။

​

၎င်းမှာ ငွေဖြူရောင်တောက်ပနေကာ ရှည်လျား သ ည့် ဆလင်ဒါပုံသဏ္ဌာန် သတ္တုချောင်းကြီး တစ်ချော င်း တး်ချောင်းဖြစ်နေသည်။

​ကားပေါ်မှ ဆင်းပြီးနောက် လူတိုင်းက ထိုသတ္တုချေ ာင်းဆီသို့ စူးစမ်းစွာ လျှောက်လာကြ၏။ချန်းဟူက ထိုအရာ၏ တောက်ပမှုကို ငေးကြည့်ရင်း မနေနိုင်ဘဲ မေးမိလိုက်သည်။

"သူဋေး. ဒါက ငွေနဲ့လုပ်ထားတာလားဗျ .. အရမ်းလှ တာပဲဗျာ.."

လျူယောင်က ပြုံးစိစိဖြင့် ပြန်ပြောလိုက်၏။

​"ငွေမဟုတ်လောက်ဘူး..ဒီဟာက အရမ်းပေါ့တယ် .. မင်းရဲ့ အားနဲ့ ရွှေ့ကြည့်နိုင်မလားဆိုတာ စမ်းကြည့် လိုက်.."

​အကယ်၍သာ ဤသတ္တုချောင်းကြီးသည် အမှန်တ ကယ် ငွေဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်ပါက ချန်း ဟူကဲ့သို့ သန်မာသူပင် မောဟိုက်သွားနိုင်ပါသည်။ အကြောင်းရင်းမှာ ငွေ၏ သိပ်သည်းဆသည် အလွန် မြင့်မားသဖြင့် ဤမျှကြီးမားသော အရွယ်အစားဆို လျှင် ၎င်း၏အလေးချိန်မှာ တန် ၂၀၀ နီးပါး ရှိနိုင် သောကြောင့် ဖြစ်သည်။

သိချင်စိတ်နှင့်အတူ ချန်းဟူက အင်္ကျီလက်ကို ပင့်၍ ထိုသတ္တုချောင်းရဲ့ အစွန်းတစ်ဖက်ကိုကိုင်ကာ မြေ ပြင်ကနေ မြှောက်လိုက်သည်။

ဘေးနားမှာရှိသော ကျောက်ဟုန်ဖူက အံ့အားသင့်စွာ ပြောလိုက်၏။

"ဝိုး..အစ်ကိုချန်း..ခင်ဗျားက အရမ်းသန်မာတာပဲဗျ”

ချန်းဟူက ပြုံးပြီး ပြန်မေးလိုက်သည်။

"မင်းရော စမ်းကြည့်မလား.."

ကျောက်ဟုန်ဖူသည်လည်း စူးစမ်းလိုစိတ် ပြင်းပြနေ သဖြင့် ချက်ချင်းဆိုသလိုပင် ရှေ့သို့ ထွက်လာ၍ သ တ္တုချောင်း၏ အစွန်းတစ်ဖက်ကိုကိုင်ကာ မ ကြည့် လိုက်၏။သို့သော်လည်း ထိုသတ္တုချောင်းကြီးမှာမူ နည်းနည်းလေးပင် ရွေ့လျားမလာခဲ့ပေ။

All Chapters