ငွေဖြူရောင် သတ္တုအား စမ်းသပ်ခြင်း
Vol. 44 Ch. 535
ကျောက်ဟုန်ဖူတစ်ယောက် မျက်နှာတစ်ခုလုံး နီမြန် သည်အထိ အားစိုက်ထုတ်သော်လည်း သတ္တုချောင် းမှာမူ နည်းနည်းလေးမှ လှုပ်မလာခဲ့ပေ။
ဤသည်မှာ စွမ်းရည်ကွာဟမှုကြောင့်ပင်။
ချန်းဟူ၏ ခွန်အား၊သွက်လက်မှုနှင့် ခန္ဓာကိုယ်ကြံ့ ခိုင်မှုတို့သည် စုစုပေါင်းအမှတ် ၈၀၀ ဝန်းကျင်မှာ ရှိနေချိန်တွင် ကျောက်ဟုန်ဖူ၏ စွမ်းရည်မှာမူ အမှ တ် ၂၀၀ ပင် မပြည့်သောကြောင့် သူတို့နှစ်ဦး၏ ခွန် အားမှာ အတော်လေး ကွာခြားလွန်းနေ၏။ချန်းဟူ အသာလေး မြှောက်နိုင်သည့် ထိုသတ္တုချောင်းသည် ကျောက်ဟုန်ဖူအတွက်မူ မဖြစ်နိုင်သည့် အရာတစ်ခု ပင်။
"ရှောင်ကျောက်... ဖယ်လိုက်တော့..ငါပဲ လုပ်လိုက်မ ယ်.."
လျူယောင်က ဝင်ပြောရင်း သတ္တုချောင်းအား မတ င်လိုက်၏။မ နေရင်းဖြင့် ထို သတ္တုချောင်း၏ အ လေးချိန်ကို ခန့်မှန်းကြည့်ရင်း လျူယောင် စိတ်ထဲ ကနေ ရေ ရွတ်လိုက်သည်။
"အင်း..လိပ်ကြီးပြောတာ မှန်တယ်.ဒီ သတ္တုက တ ကယ်ကို ပေါ့နေတာပဲ..ဒီလောက်အရွယ်အစားရှိတဲ့ သံချောင်းဆိုရင်တောင် တန် ၁၀၀ ကျော် အလေးချိ န်ရှိရမယ်.. ဒါပေမဲ့ ဒီဟာက တန် ၃၀ ဝန်း ကျင်လော က်ပဲ ရှိတယ်.."
ယခင်က သူ တွေ့ဖူးသည့် မီးခိုးနက်ရောင် သတ္တုအာ း လျူယောင် သတိရမိလိုက်သည်။ထိုသတ္တုသည် အလွန်ပေါ့ပါးပြီး သိပ်သည်းဆမှာ အလူမီနီယမ်ထ က်ပင် နည်းပါးလှ၏။
လျူယောင် စိတ်ထဲမှ သိချင်စိတ်ဖြင့် ရေရွတ်လိုက် သည်။
"ဒီငွေဖြူရောင်သတ္တုကရော သိပ်သည်းဆ နည်းနေ တာလား."
ပုံမှန်အားဖြင့် ထူးခြားသည့် သတ္တုစပ်များတွင် သိပ် သည်းဆ နည်းပါးသော်လည်း ခိုင်ခံ့မှု မြင့်မားခြင်း၊ မာကျောခြင်း၊သံချေးမတက်ခြင်းနှင့်အရည်ပျော်မှတ် မြင့်မားခြင်း စသည့် ထူးကဲသော ဂုဏ်သတ္တိများ ရှိတတ်ကြသည်။
လောလောဆယ်တွင်မူ ဤသတ္တု၏ ပေါ့ပါးသည့် ဂု ဏ်သတ္တိတစ်ခုကိုသာ အတည်ပြုနိုင်သေးပြီး ခိုင်ခံ့ မှုနှင့် မာကျောမှုကဲ့သို့သော အခြား အချက်အလက် များကိုမူ လျူယောင် မသိရသေးပေ။
ထို့ကြောင့် ဘေးနားမှ ချန်းဟူအား လျူယောင် ခိုင်း လိုက်၏။
"တူတစ်လက် သွားယူလာခဲ့.."
ချန်းဟူက တူတစ်လက်ကို ချက်ချင်းယူလာပေးရာ လျူယောင်က ထိုတူကို လှမ်းယူလိုက်ပြီး သတ္တု ချောင်းအား အားရပါးရ ထုချလိုက်သည်။
"ဒေါင်..""ဒေါင်"
သတ္တုချောင်းကို ထုလိုက်သည့်အသံမှာ အလွန်ပင် ကြည်လင်လှ၏။သို့သော်လည်း လျူယောင်ကို အံ့ အားသင့်သွားစေသည်မှာ ထိုအသံကြောင့် မဟုတ် ဘဲ သူ၏ ထုချက်အောက်တွင် ပေါ်လာသည့် အရာ ကြောင့် ပင်။
သူ အကြိမ်အနည်းငယ် ထပ်မံထုရိုက်ကြည့်လိုက်သ ည့်အခါ သတ္တုမျက်နှာပြင်ပေါ်တွင် ထုရာများပေါ် လာ၏။၎င်းမှာ ဤသတ္တုသည် ထင်သလောက် မမာ ကျောဘဲ အနည်းငယ် ပျော့ပျောင်းနေသည်အား သ က်သေပြနေခြင်းပင်။
ဤသည်မှာ လျူယောင် လုံးဝကို မျှော်လင့်မထား သော ကိစ္စပင် ဖြစ်၏။ဤသတ္တုသည် အလွန်မာ ကျောလိမ့်မည်ဟုသာ သူက တစ်ထစ်ချ တွေးထား ခဲ့သည်။
အကြောင်းရင်းမှာမူ သူ အရင်က တွေ့ခဲ့ရသည့် မီး ခိုးနက်ရောင် သတ္တုများနှင့် အမည်းရောင် သတ္တုမျ ားသည် မာကျောမှု အလွန်မြင့်မားနေသောကြောင့် ဖြစ်၏။အထူးသဖြင့် အမည်းရောင် သတ္တုသည် မာ ကျောရုံတင်မကဘဲ ပွန်းပဲ့မှုကိုပါ ခံ နိုင်ရည်ရှိသဖြင့် လက်ရှိတွင် "သတ္တုစပ်ဓား" များ ပြုလုပ်ရန်အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံး သတ္တုအဖြစ် သ တ်မှတ်ထားခြင်းခံရသည်။
ဤငွေဖြူရောင်သတ္တုမှာမူ မထင်မှတ်ထာလောက် အောင် ပျော့ပျောင်းလွန်းလှရာ အလူမီနီယမ်သတ္တု နှင့် ခပ်ဆင်ဆင်တူနေ၏။၎င်းက အလူမီနီယမ်ထက် ပိုမာသည်ဆိုဦးတော့ အကန့်အသတ်တစ်ခု အထိသ ာဖြစ်နိုင်၍ ကြေးဝါ၏ မာကျောမှုကိုပင် မှီနိုင်မည် မဟုတ်ကြောင်း လျူယောင် ခန့်မှန်းမိလိုက်သည်။
"ဒီဟာက တော်တော်လေး ပျော့တာပဲ... အပိုင်းအစ တချို့ကို ဖြတ်ယူပြီး အရင်လေ့လာကြည့်တာ ပို ကောင်းမယ်.."
ထို့နောက် လျူယောင်သည် သံဖြတ်လွှတစ်ချောင်း ယူလာခိုင်းလိုက်ပြီး ၎င်းငွေရောင်သတ္တုချောင်းကို အပိုင်းအစကြီးတစ်ပိုင်းနှင့် အသေးတစ်ပိုင်းဟူ၍ နှ စ်ပိုင်း ဖြတ်တောက်လိုက်သည်။
အသေးစားအပိုင်းမှာ အလေးချိန် ငါးဆယ်သား ခန့် သာရှိပြီး အကြီးစားအပိုင်းမှာမူ ၂ ကီလိုဂရမ်မှ ၃ကီ လိုဂရမ် ဝန်းကျင်အထိ ရှိ၏။ထိုသတ္တုအပိုင်း အစ နှစ်ပိုင်းအား ကားပေါ် တင်ပြီးနောက် လျူယောင် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"လာ ကားပေါ်တက်ပြီး ကုမ္ပဏီကို အရင်ပြန်ကြရ အောင်..."
........
ယူနီဗာဆဲလ်သို့ ပြန်ရောက်သည်နှင့် လျူယောင် သ ည် အီလက်ထရွန်နစ် ချိန်ခွင်၊တိုင်းတာရေး ဆလင်ဒ ါ၊ဘီကာခွက်၊ဆာလဖျူရစ်အက်ဆစ်နှင့် တူ စသ ည့် လိုအပ်သော ကိရိယာတန်ဆာပလာများအား တ စ်ခုချင်း ထုတ်ယူလိုက်သည်။
ဤပစ္စည်းများသည် ယခင်က သူ မီးခိုးနက်ရောင် သတ္တုကို လေ့လာစဉ်က အသုံးပြုခဲ့တာဖြစ်ပြီး သူ က စနစ်တကျ သိမ်းဆည်းထားတတ်သူဖြစ်၍ ယခု အခါ ပြန်လည်အသုံးတည့်လာခဲ့ခြင်း ဖြစ်၏။
လျူယောင် အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပင် စ မ်းသပ်မှုအား စတင်လိုက်သည်။
ထိုသတ္တုစအား အီလက်ထရွန်နစ် ချိန်ခွင်ဖြင့် ဂရုတ စိုက် ချိန်တွယ်ကြည့်သည့်အခါ ထိုငွေရောင်သတ္တု ၏ သိပ်သည်းဆမှာ 2.1 ဝန်းကျင်သာ ရှိကြောင်း လျူယောင်သိလိုက်ရ၏။
ထို့နောက် ဆာလဖျူရစ်အက်ဆစ်၊နိုက်ထရစ်အက် ဆစ်စသည့် ပြင်းအားကောင်းသော အက်ဆစ်များ နှင့် ထိတွေ့စေကာ သံချေးတက်ခြင်း ရှိ၊မရှိ စမ်း သ ပ်ကြည့်ရာ ထိုသတ္တု၏ ဓာတ်ပြုမှုအား ခံနိုင်ရည် ရှိ ပုံမှာ အလွန်ပင် ကောင်းမွန်လွန်းနေသည်အား လျူ ယောင် အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
၎င်းက သူ ခန့်မှန်းထားသည့် အတိုင်းပင်။အကယ်၍ သံချေးတက်မည် ဆိုလျှင်မူ ပင်လယ်အောက်ခြေတွ င် နှစ်ပေါင်း ၅၀,၀၀၀ ကြာအောင် ရှိနေပြီးနောက် ဘာမှကျန်တော့မှာ မဟုတ်ပေ။
ထိုသတ္တု၏ မျက်နှာပြင်မှာမူ အသစ်လိုပင် တောက် ပနေကာ သဲချေးတက်ခြင်း လုံးဝမရှိသလို ဆာလ ဖျူရစ်အက်ဆစ်ဖြစ်စေ၊နိုက်ထရစ်အက်ဆစ်ရည်ထဲမှာ စိမ်ထားသည်ဖြစ်စေ ဘာပြောင်းလဲမှုမှ မရှိပေ။
ထိုသတ္တု၏ ဆွဲဆန့်နိုင်စွမ်းမှာလည်း အံ့မခန်းကောင် းမွန်နေသည်အား လျူယောင်ထပ်မံတွေ့ရှိခဲ့သည်။ ၎င်းအား သတ္တုနန်းကြိုးအမျှင်လေးများဖြစ်အောင် ဆွဲဆန့်လျှင်ပင် အလွယ်တကူ ပြတ်တောက်သွားမ ည့်ပုံ မပေါ်ပေ။
သို့သော်လည်း ၎င်း၏ အရည်ပျော်မှတ်မှာမူ ထင်ထ ားသလောက် မမြင့်မားခဲ့ပေ။
လျူယောင်က ဂတ်စ်မီးတောက်ဖြင့် ထိုးကြည့်လိုက် သည့်အခါတွင်မူ မြင့်မားသောအပူချိန်အောက်တွင် သတ္တုသည် သိသိသာသာ အရည်ပျော်ကျလာခဲ့၏။ ၎င်း၏ အရည်ပျော်မှတ်မှာ အများဆုံး 1000° c ဝန်း ကျင်ခန့်သာ ရှိနိုင်ပြီး ဤသည်မှာ သာမန်သံမဏိမျာ း၏ အရည်ပျော်မှတ်ထက် အများကြီး ပိုမိုနိမ့်ကျ နေပေသည်။
ယူနီဗာဆဲလ်တာဝါသို့ လျူယောင် ပြန်ရောက်လာပြီ း မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ နှစ်နာရီ ကျော်ကြာအောင် အပူတပြင်း လေ့လာပြီးနောက်တွ င်မူ သူ အနည်းငယ် စိတ်ပျက်ခဲ့ရ၏။
အကြောင်းရင်းမှာ ဤသတ္တုတွင် အထူးတလည် ချီး ကျူးလောက်သည့် စွမ်းဆောင်ရည်မျိုး မတွေ့ရဘဲ အရာအားလုံးက သာမန်ဆန်လွန်းနေသောကြောင့် ပင် ဖြစ်သည်။
၎င်းတွင်ရှိသည့် ထူးခြားချက်များကို ထုတ်နုတ်ပြရ လျှင် သိပ်သည်းဆ နည်းပါးခြင်း၊ အလွန်ပေါ့ပါး ခြင်း၊ဆွဲဆန့်နိုင်စွမ်း ကောင်းမွန်ခြင်း၊ဓာတ်ပြုမှုကို အလွန်ခံနိုင်ရည်ရှိခြင်း၊သံချေးမတက်ခြင်း တို့သာ ဖြစ်၏။
ထိုလုံးဝအသစ်စက်စက်ဖြစ်သည့် သတ္တုအား စတင် တွေ့ရှိစဉ်က သူ အလွန်ပင် စိတ်လှုပ်ရှားကာ အံ့အား သင့်ခဲ့ရသည်။၎င်းအပေါ် ကြီးမားသော မျှော်လင့်ချ က်များ ထားရှိခဲ့သလောက် ယခုကဲ့သို့ စိတ်ပျက်စရ ာ ရလဒ်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်မှ တ်ထားခဲ့ပေ။
လျူယောင် သက်ပြင်းချရင်း ရေရွတ်လိုက်၏။
"ဟူး ကျွမ်းကျင်သူတစ်ယောက်ယောက်ကိုပဲ ငါ အ ကူအညီတောင်းကြည့်ရမယ်..အံ့အားသင့်စရာ တစ် ခုခု ရှိပါစေလို့ မျှော်လင့်ရတာပဲ တကယ်လို့ ဘာထူး ခြားချက်မှ ထပ်မတွေ့တော့ဘူးဆိုရင်တော့ ဒီသတ္တု က 'စားရခက်၊ ပစ်ရခက်' တဲ့ အသုံးမဝင်တဲ့ဟာ ဖြ စ်သွားတော့မှာပဲ.."
"ဒါက တကယ်ပဲ တန်ဖိုးမရှိတဲ့အရာ မဟုတ်ဘဲ နော က်ကွယ်မှာ တစ်ခုခုကျန်နေဦးမယ်လို့ ငါ မျှော်လင့် မိတယ်ကွာ.."
ကျွမ်းကျင်သူတစ်ဦးအား ရှာဖွေရန် လျူယောင် စဥ် းစားလိုက်သည့်အခါ သူ့စိတ်ထဲ၌ သတ္တု ပစ္စည်းမျ ား ဆိုင်ရာ သုတေသနဌာနမှ ဟူကျန်းကော် ဆိုသူမှ ာ ချက်ချင်းပင် ပေါ်လာသည်။
"ဟုတ်တယ်..ဒီလူပဲ"
မွန်းလွဲပိုင်းတွင်မူ လျူယောင်သည် ချန်းဟူနှင့် ကျေ ာက်ဟုန်ဖူတို့ကိုသာ ခေါ်လာကာ ဟူကျန်းကော်၏ ရုံးခန်းသို့ တိုက်ရိုက်မောင်းလာခဲ့သည်။
လျူယောင် ရောက်လာခြင်းကြောင့် ဟူကျန်းကော် သည် အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ လှိုက်လှို က်လှဲလှဲ ကြိုဆိုခဲ့၏။ဟူကျန်းကော်၏ စိတ်ထဲတွင် မူ လျူယောင်သည် သူ၏ အကြီးမားဆုံးသော ကျေ းဇူးရှင်ပင် ဖြစ်သည်။အကယ်၍ ထိုစဉ်က လျူ ယောင်သာ မီးခိုးနက်ရောင် သတ္တုအပိုင်းအစအား သူ့ထံ ယူမလာခဲ့ပါက ယနေ့ကဲ့သို့ အ ဆင့်အတန်း မျိုးအား သူ လုံးဝ ရောက်ရှိနိုင်မည်မဟုတ်ပေ။
ယခုမူ ဟူကျန်းကော်သည် နိုင်ငံတကာ၌ သြဇာ ရှိ သော သတ္တုဗေဒပညာရှင်များထဲမှ တစ်ဦးဖြစ်လာခဲ့ ၏။ကမ္ဘာတစ်ဝန်းကလည်း ထိုမီးခိုးနက်ရောင် သ တ္တုနှင့်ပတ်သက်သာ့် သုတေသနရလဒ်များအား ဟူ ကျန်းကော်၏ သုတေသနအဖွဲ့က ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟုသာ အသိအမှတ်ပြုထားကြသည်။
"အိုး... မစ္စတာလျူ..ရှားရှားပါးပါး ဧည့်သည်တော် ကြီးပါလား... တကယ်ကို တွေရခဲတဲ့ ဧည့်သည်ပါပဲ ဗျာ.."
ဟူကျန်းကော်သည် စိတ်လူပ်ရှားစွာဖြင့် လျူယော င် အား လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ၏ ဝမ်းသာ ပီတိဖြစ်မှုမှာ စကားလုံးဖြင့် ဖော်ပြ၍မရနိုင်အောင် ပင်။
လျူယောင်ကလည်း အချိန်မဆွဲဘဲ ပွင့်ပွင့်လင်းလင် းပင် ပြောလိုက်၏။
"မစ္စတာဟူ... ကျွန်တော်ကတော့ ထုံးစံအတိုင်း အ ကြောင်းကိစ္စမရှိဘဲ ခင်ဗျားဆီ မလာပါဘူး.. ဒီနေ့ တော့ အလုပ်ကိစ္စတစ်ခုနဲ့ ရောက်လာတာပါ.."
ဟူကျန်းကော်သည်လည်း တက်ကြွစွာဖြင့် ပြန်မေး လိုက်သည်။
"မစ္စတာလျူရဲ့ ကိစ္စဆိုရင်တော့ ကျွန်တော် အစွမ်း ကုန် ကူညီပေးရမှာပေါ့..ကဲ... ပြောပါဦး ကျွန်တော် ဘာ ကူညီပေးရမလဲ.."
လျူယောင် လက်ဟန်ပြလိုက်သည်နှင့် ချန်းဟူက ငွေဖြူရောင် သတ္တုအပိုင်းအစအား ချက်ချင်းထုတ် ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။
"မစ္စတာဟူ... ဒီသတ္တုအပိုင်းအစကို ကျွန်တော့်အတွ က် သေချာလေး သုတေသနလုပ်ပေးလို့ ရမလား.."
ဟူကျန်းကော်သည် ထိုသတ္တုအား ကြည့်လိုက်ပြီး တည်ငြိမ်နေသော သူ၏နှလုံးခုန်သံမှာလည်း သိသိ သာသာ မြန်ဆန်လာခဲ့သည်။
လျူယောင်က သူ့ထံ ပထမဆုံးအကြိမ် သတ္တုအပိုင် းအစတစ်ခု ယူဆောင်လာခဲ့စဉ်က အခြေအနေအာ း သူ ချက်ချင်း သတိရမိလိုက်၏။ထိုစဉ်က မီးခိုးန က်ရောင် သတ္တုဖြစ်ပြီး ယခုတစ်ကြိမ်မှာမူ ငွေဖြူ ရောင် တောက်ပနေသော သတ္တုအသစ် တစ်မျိုး ဖြ စ်နေသည်။
ထိုသတ္တုအား ဟူကျန်းကော် ကြည့်လိုက်ရာ ငွေနှင့် ပင် ဆင်တူလှ၏။
သို့သော်လည်း ၎င်းသည် ငွေမဟုတ်မှန်း ဟူကျန်း ကော်အတပ်သိနေသည်။လျူယောင်ကဲ့သို့သော ပု ဂ္ဂိုလ်မျိုးက သာမန်ငွေအပိုင်းအစတစ်ခုအား စမ်းသ ပ်ခိုင်းရန်အတွက် သူ့ဆီသို့ ယူဆောင်လာစရာ အ ကြောင်းမရှိပေ။
ဟူကျန်းကော်သည် စူးစမ်းလိုစိတ်ကို မအောင့်နိုင် တော့ဘဲ ထိုငွေဖြူရောင်သတ္တုတုံးအား ကောက်ကိုင် လိုက်ရာ မမျှော်လင့်ဘဲ သူ့ပါးစပ်မှ အာမေဍိတ်သံ ထွက်လာခဲ့၏။ထိုသတ္တုတုံးသည် သူထင်ထား သ ည်ထက် များစွာ ပေါ့ပါးနေသောကြောင့်ပင်။
"ဟင်.."
"ဒါ... ဒါက တကယ်ကို ပေါ့လှချည်လား"
"ဟုတ်တယ်.. ဒီဟာက တော်တော်လေးကို ပေါ့တယ် မာကျောမှုလည်း သိပ်မရှိဘူး..နည်းနည်းတောင် ပျေ ာ့နေသလိုပဲ..အရည်ပျော်မှတ်လည်း သိပ်မြင့်မယ် မထင်ဘူးဗျ..."
လျူယောင်က သူစမ်းသပ်ထားသမျှကို အကျဉ်းချု ပ် ရှင်းပြလိုက်ရာ ဟူကျန်းကော်က စိတ်အားထက် သန်စွာ ပြောလိုက်၏။
"မစ္စတာလျူ... ဒီဟာ ကျွန်တော့်ကိုသာ လွှဲထားလို က်ပါ..ကျွန်တော်..အခုချက်ချင်းပဲ သုတေသနလုပ် ငန်းတွေ စတင်ပြီး စမ်းသပ်ထားတဲ့ ရလဒ်အစီရင်ခံ ခံစာ ထွက်လာအောင် အမြန်ဆုံးလုပ်ပေးပါ့မယ်.."
"ဒါဆိုရင်တော့ ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ရ မှာပဲဗျာ.."
လျူယောင် ပြန်ရန် ထလိုက်သောအခါ ဟူကျန်းကေ ာ်က ဂိတ်ဝအထိ လိုက်ပို့ပေးခဲ့သည်။ လျူယောင် ပြန်သွားသည်နှင့် သူသည် တစ်စက္ကန့်မျှပင် အချိန် ဆွဲမနေတော့ဘဲ ထိုငွေဖြူရောင်သတ္တုကို ပိုက်ကာ ဓာတ်ခွဲခန်းရှိရာသို့ အမြန်လျှောက်လာခဲ့ပေသည်။