အံ့အားသင့်စရာ တွေ့ရှိချက်
Vol. 44 Ch. 536
ဓာတ်ခွဲခန်းထဲ၌ သုတေသီများသည် ကိုယ်စီအလုပ် ရှုပ်လျက်ရှိကာ သုတေသနလုပ်ငန်းများကို အားတ က်သရော လုပ်ကိုင်နေကြသည်။ထိုသူတို့သည် စား ပွဲပေါ်ရှိ အမည်းရောင်သတ္တု နမူနာများပေါ်တွင်သာ ရှိနေ၏။
ငွေဖြူရောင်သတ္တုတုံးအား ဟူကျန်းကော်ကိုင်လာ တာ မြင်တော့ သုတေသီ တစ်ယောက်က စပ်စုလိုက် သည်။
"မစ္စတာဟူ.. ဒါက ဘယ်လိုပစ္စည်းမျိုးလဲ"
နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်၏။
"ငွေတော့ မဖြစ်နိုင်ဘူး..ဒီလောက်အရွယ်အစားရှိတဲ့ ငွေတုံးဆိုရင် အလေးချိန်က အနည်းဆုံး (၁၀) ကီလို လောက် ရှိရမှာ.."
ထို့နောက် သူတို့အားလုံးသည် မစ္စတာဟူကို ဝိုင်းကြ ည့်လိုက်ကြ၏။
"ဟေး ကြည့်ဦး..မစ္စတာဟူ လက်ထဲမှာကိုင်ထားတာ လုံးဝကို ပေါ့ပါးနေသလိုပဲအလေးချိန်ရှိတဲ့ပုံ လုံးဝ မ ပေါက်ဘူး"
...
ဟူကျန်းကော် ကိုင်ထားသည့် ငွေဖြူ ရောင်သတ္တု လေးကို မြင်လျှင် မြင်ချင်းပင် လူတိုင်း၏ စပ်စုချင် စိတ်က နိုးကြားလာကြသည်။၎င်းသည် ငွေရောင် တောက်ပနေသော်လည်း ဟူကျန်းကော်၏ လက်ထဲ တွင်မူ မည်သည့်အလေးချိန်မှ မရှိသကဲ့သို့ ပေါ့ပါး လွန်းနေပုံရ၏။
ဟူကျန်းကော်က အသံကျယ်ကျယ်ဖြင့် ရှင်းပြလိုက် သည်။
"ဒါက ယူနီဗာဆဲလ်လုပ်ငန်းစုက မစ္စတာလျူကိုယ် တိုင် ပေးပို့လိုက်တာပါ..ကျွန်တော်တို့က ဒါကို အ သေးစိတ်လေ့လာပြီး ဒီပစ္စည်းရဲ့ ထူးခြားချက်တွေ ကို ဖော်ထုတ်ပေးဖို့ သူက တောင်းဆိုထားတယ်.."
သူဋေးလျူယောင်ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ကြာ းလိုက်ရသည်နှင့် လူတိုင်း၏ မျက်လုံးများက အ ရောင်တောက်လာကြ၏။ဤသတ္တုသည် သာမန် ပ စ္စည်းတစ်ခု မဟုတ်နိုင်ကြောင်း အားလုံးက ရိပ်မိလို က်ကြသည်။
"အိုး..မစ္စတာလျူကိုယ်တိုင် ပို့ပေးတာဆို ဒီပစ္စည်း က တကယ်ပဲ ထူးခြားနေတာပေါ့.."
လူတိုင်းသည် မိမိတို့လက်ကျန် အလုပ်များကို ခဏ ဘေးဖယ်ထားလိုက်ကာ ငွေရောင်သတ္တုတုံးလေးအ နီးသို့ စိတ်ဝင်တစားဖြင့် ဝိုင်းအုံလာ၏။
"အားလုံးပဲ သိချင်နေကြပြီမလား... ကဲ.အနီးကပ် ကြည့်လိုက်ကြရအောင်.."
ဟူကျန်းကော် ပြောပြီးသည်နှင့် သတ္တုတုံးလေးကို စားပွဲပေါ်သို့ အသာအယာ တင်ပေးလိုက်သည်။တစ် စုံတစ်ယောက်ကမူ မအောင့်နိုင်တော့ဘဲ ထိုပစ္စည်း အား ချက်ချင်းကောက်ယူကာ စစ်ဆေးကြည့်လိုက် ၏။
"ဝိုး..အရမ်းပေါ့တာပဲ ဒါကကျွန်တော် စိတ်ကူးထား တာထက် ပိုပေါ့နေတယ်.."
"ငွေနဲ့ အတူတူပဲနီးပါးပဲ.သိပ်သည်းဆ အရမ်းနည်း တာသာမဟုတ်ရင်..ဒီဟာကို ငွေလို့ ကျွန်တော် ထင် မိမှာ.."
"ကျွန်တော့်လည်း ကြည့်ပါရစေဦး.."
...
မူလက တိတ်ဆိတ်နေတဲ့ ဓာတ်ခွဲခန်းသည် တဖြည်း ဖြည်း ဆူညံလာကာ လူတိုင်းက ထို ငွေဖြူရောင်သ တ္တု အပိုင်းအစအား စိတ်ဝင်တစားဖြင့် ထပ်ခါတလဲ လဲ ကြည့်နေကြသည်။
"မင်းတို့ ခန့်မှန်းကြည့်ကြစမ်း... ဒီသတ္တုမှာ ဘာထူး ခြားတာတွေ ရှိနိုင်မလဲ"
ဟူကျန်းကော် စကားစလိုက်သည်နှင့် ခန့်မှန်းချက် အမျိုးမျိုး ထွက်ပေါ်လာ၏။
"သူ့ရဲ့ မာကျောမှုနှုန်းက အလွန်အမင်း မြင့်မားနေ တာကြောင့်လား.."
"ဒါမှမဟုတ် သံချေးမတက်အောင် အထူးပြုပြင်ထာ းတဲ့ စူပါသတ္တုတစ်မျိုးများလား"
"ကျွန်တော့်အထင်တော့ ဒါက တကယ့်ကို ခိုင်ခံ့လွန်း တဲ့ စူပါပစ္စည်းတစ်မျိုး ဖြစ်နိုင်တယ်.."
"အပူဒဏ်ကို အလွန်အမင်း ခံနိုင်ရည်ရှိတဲ့ အရည် ပျော်မှတ် မြင့်မားတဲ့ ပစ္စည်းလည်း ဖြစ်နိုင်တာပဲ"
လူတိုင်းက ထိုသတ္တုကိုကြည့်ကာ သူတို့၏ အမြင်မျ ားအား အသီးသီး ဆွေးနွေးငြင်းခုံနေကြသည်။ဟူ ကျန်းကော်က သူ၏လက်ပတ်နာရီကို ကြည့်လိုက် ပြီး အလုပ်လုပ်ရန် အချိန်တန်ပြီဖြစ်ကြောင်း ဆုံးဖြ တ်လိုက်၏။
"ကဲ... တော်ကြတော့"
သူက အသံကျယ်ကျယ်ဖြင့် အချက်ပေးရင်း ညွှန် ကြားလိုက်သည်။
"အခုချိန်ကစပြီး ဒီပစ္စည်းကို အသေးစိတ် စမ်းသပ် စစ်ဆေးကြမယ်.."
"လူအိုဝေ၊ရှောင်လူ လာပြီး ကျွန်တော့်ကို ကူညီကြ ပါဦး.."
ဟူကျန်းကော်သည် ထိုပစ္စည်းအား သူ့ကိုယ်တိုင် သု တေသနပြုတော့မယ်ဆိုတာ သိသာလှသည်။
ကမ္ဘာ့ထိပ်တန်း သတ္တုဗေဒပညာရှင်တစ်ဦးဖြစ်သည့် ဟူကျန်းကော်ကိုယ်တိုင် လက်တွေ့ကွင်းဆင်း အလု ပ်လုပ်သည်ဆိုသည်မှာ အလွန်ပင် ရှားပါးလှသော ဖြစ်ရပ်တစ်ခုဖြစ်၏။ထို့ကြောင့်လည်း သူ၏ လက် ရွေးစင်တပည့်များဖြစ်သော လူအိုဝေ နှင့် ရှောင်လူ တို့သည် ဆရာ့ထံမှ တာဝန်ပေးချက်များ ရရှိသော အခါ အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေကြသည်။
ဟူကျန်းကော်က တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။
"ကဲ ပထမဆုံးအနေနဲ့ ဒီသတ္တုရဲ့ ရုပ်ပိုင်းဆိုင်ရာ ဂု ဏ်သတ္တိတွေကို စစ်ဆေးကြည့်ကြစို့"
တပည့်နှစ်ဦးလုံးက ခေါင်းညိတ်ပြလိုက်ကာ သတ္တု ၏ သိပ်သည်းဆ၊ မာကျောမှုနှင့် ကြံ့ခိုင်မှု တို့ကို စန စ်တကျ စတင်တိုင်းတာလိုက်သည်။သို့သော်လည်း သတ္တု၏ စမ်းသပ်မှုရလဒ်များ ထွက်ပေါ်လာချိန်တွ င်မူ သူတို့၏ မျက်နှာများ၌ အံ့အား သင့်မှုများ ပြည့် နှက်လာ၏။
သုတေသီ တစ်ယောက်က အံအားသင့်ကာ ရေရွတ် လိုက်သည်။
"ဟင်... သူ့ရဲ့ ဗစ်ကာမာကျောမှုက 75 HV ပဲ ရှိတာ လား..ဒါက ပျော့တဲ့ ကြေးဝါတစ်တုံးရဲ့ မာကျောမူ လောက်ပဲ ရှိတယ်.. အနည်းဆုံး 150 လောက် ရှိမယ် လို့ ကျွန်တော် ထင်ထားခဲ့တာ.."
ဟူကျန်းကော်သည်လည်း မယုံနိုင်ကြည်နိုင်စွာ ဝင် ပြောလိုက်သည်။
"သိပ်သည်းဆကလည်း 2.18 ပဲ ရှိတာလား. ဒါက အလူမီနီယမ်ထက်တောင် ပေါ့နေပါလားဟ"
သတ္တု၏ တိုင်းတာရရှိသော ကိန်းဂဏန်းများမှာ အောက်ပါအတိုင်း ဖြစ်နေ၏။
ဗစ်ကာမာကျောမှု- 75 HV ကြေးဝါကဲ့သို့ ပျော့သည်။
သိပ်သည်းဆ - 2.18 g/cm³ အလူမီနီယမ် (2.70) ထက် ပေါ့ပါးသည်။
ဆွဲဆန့်ခံနိုင်ရည်- 650 MPa အလူမီနီယမ်ထက် အနည်းငယ်သာ မြင့်သည်။
အပူဒဏ်ခံနိုင်ရည်- 535 MPa
ဟူကျန်းကော်၊လူအိုဝေနှင့် ရှောင်လူတို့သည် စမ်းသ ပ်နေမှုအား နေ့လယ်မှ ညမိုးချုပ်သည်အထိ စိတ်ရှ ည်လက်ရှည် စောင့်ကြည့်နေခဲ့သည်။သို့သော်လည်း ထွက်ပေါ်လာသော အချက်အလက်များကို ပြန်လ ည်သုံးသပ်ကြည့်သည့်အခါတွင်မူ ဟူကျန်းကော် ကို ယ်တိုင်ပင် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရ၏။
သူ့ရှေ့တွင် ရှိနေသည့် ထို ငွေဖြူရောင်သတ္တုအပိုင်း အစအား စမ်းသပ်ထားသည့် အချက်အလက်များ အရကြည့်လျှင် မည်သည့်နေရာမှာမှ ထူးခြားချက် မရှိသော သာမန်သတ္တုတစ်ခုကဲ့သို့သာ ဖြစ်နေသော ကြောင့်ပင်။
ဤငွေဖြူရောင်သတ္တုတွင် ထူးခြားချက်ဟူ၍ ရှာကြံ ကြည့်ရလျှင် နှစ်ချက်သာ ရှိနေသည်။ပထမအချက် မှာ ထိုသတ္တုအား မည်သည့်အက်ဆစ် သို့မဟုတ် အ ယ်လ်ကာလီအရည်နှင့် ထိတွေ့စေကာမူ လုံးဝ ဓာတ် မပြုဘဲ ဖုံးလွှမ်းတိုက်စားခြင်းအား အံ့အားသင့်ဖွယ် ခုခံနိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။ဒုတိယအချက်မှာမူ အလူမီနီယမ်နှင့် ကြေးနီတို့ထက်ပင် သာလွန်သည့် ဆွဲဆန့်မူခံနိုင်ရည်စွမ်း ရှိနေခြင်းပင်။
သို့သော်လည်း ဤအချက်နှစ်ခုမှလွဲလျှင် ကျန်သည့် ဂုဏ်သတ္တိများမှာ စိတ်ပျက်စရာ ကောင်းလှ၏။သ တ္တု၏ ခိုင်ခံ့မှုမှာ များများစားစားမရှိသည့်အပြင် အ ရည်ပျော်မှတ်မှာလည်း 1000°C ဝန်းကျင်သာ ရှိနေ သည်။
ဟူကျန်းကော် တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် စိတ်ထဲမှ တွေးမိလိုက်၏။ဤမျှသာမန်ဆန်သည့် ဂု ဏ်သတ္တိများဖြင့်ဆိုလျှင် ထိုသတ္တုသည် လက်တွေ့ နယ်ပယ်တွင်မူ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ခဲ ယဉ်းလှသည်။ယခင်က မစ္စတာလျူ ပေးပို့ခဲ့ဖူးသေ ာ မီးခိုးနက်ရောင်သတ္တုနှင့် အနက်ရောင်သတ္တုတို့ ၏ စွမ်းဆောင်ရည်ကို မဆိုထားနှင့်အနားတောင် က ပ်နိုင်စွမ်းမရှိပေ။
အစောပိုင်းက ဟူကျန်းကော်သည် ထိုသတ္တုအပေါ် ကြီးမား သည့် မျှော်လင့်ချက်များ ထားရှိခဲ့သမျှ အ ရာအာလုံးမှာမူ ပြိုလဲသွားခဲ့ရသည်။ည ၉ နာရီကျေ ာ်သွားသည်ကို မြင်သောအခါ ဟူကျန်းကော် လက် ဝှေ့ ယမ်းကာ သက်ပြင်းချရင်း ပြောလိုက်သည်။
"ဟူး.. အားလုံးပဲ နားကြတော့..မနက်ဖြန်မှပဲ ဒါကို ဆက် လုပ်ကြတာပေါ့.."
လူအိုဝေနှင့် ရှောင်လူတို့မှာလည်း ခေါင်းငုံ့ကာ နှုတ် ဆိတ်နေကြ၏။ဤမျှ တောက်ပနေသည့် ငွေဖြူရော င် သတ္တုအပိုင်းအစလေးသည် တကယ့်လက်တွေ့ တွင်မူ အသုံးမဝင်သော ပစ္စည်းတစ်ခုဖြစ်နေလိမ့်မ ည်ဟု အိပ်မက်ထဲတောင် သူတို့ ထည့်မမက်ခဲ့ဖူးပေ။
ထိုသတ္တုအပေါ် အားတက်သရော ရှိခဲ့သမျှ သူတို့၏ စိတ်လှုပ်ရှားမှုတို့သည်လည်း ညအမှောင်နှင့်အတူ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသည်။
......
အလုပ်ဆင်းသွားသော်လည်း ဟူကျန်းကော်မှာမူ အိ ပ်ရာပေါ်တွင် ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင်အေ ာင် ဖြစ်နေသည်။သူ့ စိတ်ထဲတွင်မူ မေးခွန်းတစ်ခု ကသာ ပဲ့တင်ထပ်နေ၏။
"ဘာကြောင့်များလဲကွာ.."
သတ္တု၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိအားလုံးကို စစ် ဆေးပြီးသော်လည်း မည်သည့်ထူးခြားချက်မှ ရှာမ တွေ့ခဲ့ခြင်းမှာ သူ့အား စိတ်မသက်မသာ ဖြစ်စေခဲ့ရ သည်။
"ထားလိုက်တော့ကွာ... မနက်ဖြန်ကျရင်တော့ ဒီသ တ္တုရဲ့ ဓာတုဖွဲ့စည်းပုံနဲ့ အက်တမ်ဖွဲ့စည်းပုံကို အသေ းစိတ် စမ်းသပ်ကြည့်ရမယ်..အဲဒီမှာတော့ အံ့အား သင့်စရာတစ်ခုခု တွေ့နိုင်ကောင်းပါရဲ့.."
သူသည် ကိုယ့်ကိုယ်ကိုယ် အားပေးရင်း သတ္တု၏ ဂုဏ်သတ္တိအပေါ် ကျိတ်၍ မျှော်လင့်နေမိ၏။
နောက်တစ်နေ့ နံနက်၌ ဟူကျန်းကော်သည် ဓာတ်ခွဲခ န်းသို့ စောစီးစွာ ရောက်လာကာ ထိုငွေဖြူရောင် သ တ္တုအပိုင်းအစကို သုတေသနပြုလုပ်ရန် တပည့်များ ကို ဦးဆောင်ကာ ပြင်ဆင်လိုက်သည်။သို့သော်လည် း သူ စမ်းသပ်မှုမစတင်မီမှာပင် သူငယ်ချင်းဟောင် းတစ်ဦးထံမှ ဖုန်းဝင်လာ၏။
"ဟေ့ လူအိုကြီးကျန်း... မနက်ဖြန် ဟွာဟိုင်းမြို့ကို ငါ လာခဲ့မလို့မင်းကို ခဏလောက် လာနှောင့်ယှက် ဦးမယ်နော်.." တစ်ဖက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဟူကျန်းကော်က ဝမ်းသာအားရ ပြန်ပြောလိုက်၏။
"အိုလူအိုကျင်း..ငါတို့ကြားမှာ ဘာတွေ အားနာနေ တာလဲကွာ..မင်း ဘယ်အချိန် လေယာဉ်နဲ့ လာမှာလဲ သာပြော..ငါ လေဆိပ်ကို လူလွှတ်ပြီး ကြိုခိုင်းလိုက် မယ်.."
"နေပါစေကွာ..မလိုပါဘူး..ငါတို့ဘာသာ Taxi နဲ့ပဲ လ ာခဲ့မယ်..ဒီတစ်ခေါက်က ဘာအလုပ်မှ မရှိပါဘူး. အလုပ်ကိစ္စ အမည်ခံပြီး အနားယူဖို့ သပ်သပ်လာခဲ့ တာပါကွာ ဟားဟားဟား.."
"အာ ဘာဖြစ်လို့လဲ... မင်းအလုပ်မှာ တစ်ခုခု အဆင် မပြေတာ ရှိလို့လား.."
"အား... မပြောပါနဲ့တော့ကွာ..ပြောလိုက်ရင် စိတ်တို ဖို့ ကောင်းတယ်..စိတ်ဖိစီးလွန်းလို့ ထွက်လာခဲ့တာပ ါကွာ.."
"အေးအေး... ဒါဆိုရင်လည်း အလုပ်အကြောင်းတွေ ထားလိုက်ပါတော့..မနက်ဖြန် မင်းလာမှာကို ငါ စော င့်နေမယ်.."
ဖုန်းချလိုက်ပြီးနောက် ဟူကျန်းကော် မျက်နှာပေါ်တွ င် အပြုံးပန်းများ ပွင့်လာခဲ့၏။နှစ်ပေါင်းများစွာ ခင် မင်လာခဲ့သည့် မိတ်ဆွေဟောင်း ကျင်းဝမ်းရူ့ တစ် ယောက် အနားယူရန် ရောက်လာမည်ဆိုသည့် သတ င်းက သူ့အား ခဏတာ စိတ်ပေါ့ပါးသွားခဲ့ရသည်။
ဟူကျန်းကော် မိမိကိုယ်ကိုယ် သတိပေးလိုက်၏။
"မနက်ဖြန် ငါ.. သူငယ်ချင်းတွေနဲ့ တွေ့ဖို့ရှိတယ်.. ဒါ ကြောင့် ဒီငွေဖြူရောင်သတ္တုကိစ္စကို ဒီနေ့ အပြီးပြ တ်အောင် လုပ်ရမယ်.."
စမ်းသပ်ချက်တွေအရ ထူးခြားမှုမရှိလှသည့် ထိုသ တ္တုကိုကြည့်ရင်း ဟူကျန်းကော်တစ်ယောက် ခေါင်း ခဲနေရသည်။
"ငါ ဘာလို့ မစ္စတာလျူကို အလျင်စလို ပြောလိုက်မိ တာပါလိမ့်ကွာ.."
ဤကဲ့သို့ သူ တွေးလိုက်ကာ နောင်တအနည်းငယ် ရ မိလိုက်၏။ထိုသတ္တုသည် အသုံးမဝင်လှသော်လည် း စွန့်ပစ်ရန်နှမြောစရာကောင်းသည့် "ကြက်သားနံ ရိုး" ကဲ့သို့ ဖြစ်နေမည်အား သူ အစိုးရိမ်ဆုံးပင်။
ဟူကျန်းကော် ခါးခါးသီးသီး ပြုံးလိုက်ရင်း တပည့် ဖြစ်သူများအား တာဝန်တွေ ခွဲဝေပေးလိုက်သည်။
"လူအိုဝေ... မင်းက ဒီသတ္တုရဲ့ ဒြပ်စင်ဖွဲ့စည်းပုံကို စ စ်ဆေးဖို့ အဖွဲ့ကို ဦးဆောင်လိုက်..ရှောင်လူ... မင်းက တော့ အက်တမ်ဖွဲ့စည်းပုံကို တာဝန်ယူ.. ဒီနေ့ပဲ ရလ ဒ်ထွက်အောင် လုပ်ကြမယ်.."
"ဟုတ်ကဲ့ပါ ဆရာ.."
နှစ်ယောက်လုံးက ယုံကြည်မှုအပြည့်ဖြင့် ပြိုင်တူ ပြောလိုက်၏။သူတို့၏ ဓာတ်ခွဲခန်း၌ နိုင်ငံ၏ အဆ င့်မြင့်ဆုံး စက်ကိရိယာများ စုံလင်စွာရှိနေသဖြင့် မ ည်သည့်သတ္တုကိုမဆို အဖြေထုတ်နိုင်မည်ဆိုသည် အား သူတို့ ရဲရဲကြီး အာမခံထားကြသည်။
မကြာခင်မှာပင် ဓာတ်ခွဲခန်းတစ်ခန်းလုံး အလုပ်များ သည့် အသံများဖြင့် ဖုံးလွှမ်းသွား၏။လူအိုဝေနှင့်ရှေ ာင်လုတို့သည် သတ္တုအပိုင်းအစမှ နမူနာငယ်များ အသီးသီးယူကာ စမ်းသပ်စစ်ဆေးမှုများ စတင်လို က်ကြသည်။
သတ္တုထဲရှိ ဒြပ်စင်များကို ခွဲခြမ်းစိတ်ဖြာနေသည့် လူအိုဝေသည် ရုတ်တရက် အလွန်အံ့အားသင့်သွား ကာ အော်ဟစ်မိလိုက်၏။
"ဆရာ...ဆရာဟူ..တစ်ခုခုတော့ မှားနေပြီထင်တယ် .. ဒီမှာ လာကြည့်ပါဦး.."
တပည့်ဖြစ်သူ၏ အလန့်တကြား အော်သံကြောင့် ဟူကျန်းကော် လျင်မြန်စွာ ပြေးလာခဲ့သည်။စမ်းသ ပ်ကိရိယာ၏ မျက်နှာပြင်ပေါ်မှ အချက်အလဒ်များ အား မြင်လိုက်ရချိန်တွင်မူ ဟူကျန်းကော်၏ မျက်နှာ ပေါ်တွင်လည်း အံ့ဩတုန်လှုပ်မှုများ အထင်းသား ပေါ်လာခဲ့၏။