← Chapters

ဒီသတ္တုကို ဘာကြောင့် ဖန်တီးထားတာလဲ

Vol. 44 Ch. 537

ဒီသတ္တုကို ဘာကြောင့် ဖန်တီးထားတာလဲ

Vol. 44 Ch. 537

​ဟူကျန်းကော်က အနည်းငယ် အံ့အားသင့်သွားသော် လည်း ဤအခြေအနေမှာ သူကြိုတင်ခန့်မှန်းထားသ ည့် အတိုင်းပင် ဖြစ်သည်။

​လှုပ်လှုပ်ရှားရှား ဖြစ်သွားသဖြင့် ပတ်ဝန်းကျင်မှ လူ အချို့လည်း ဝိုင်းအုံလာကြ၏။လူအိုဝေနှင့် ရှောင် လုတို့သည် ဤငွေဖြူရောင်သတ္တုစအပေါ် သုတေ သနပြုနေကြကြောင်း သိထားကြသလို ယမန်နေ့ည ကလည်း ညဆယ်နာရီကျော်သည်အထိ အချိန်ပိုဆ င်းကာ ကြိုးစားခဲ့ကြသည်ကိုလည်း လူတိုင်း သိထာ းကြသည်။

​"လူအိုဝေ... ဘာဖြစ်လို့လဲ"

"တစ်ခုခု ထူးခြားတာ တွေ့လို့လား.."

​လုပ်ဖော်ကိုင်ဖက်များမှာ စပ်စုချင်စိတ် ပြင်းပြနေ ကြ ပြီး မေးခွန်းများ တရစပ် မေးမြန်းနေကြသော် လည်း လူအိုဝေကမူ ဘာမှပြန်မဖြေသေးဘဲ ဟူကျန် းကော်ကိုသာ လှမ်းကြည့်လိုက်သည်။ဟူကျန်းကေ ာ်က ​လေကို ခပ်ပြင်းပြင်းရှူသွင်းရင်း ခေါင်းညိတ် ပြလိုက်မှသာ လူအိုဝေက စကားစပြောလိုက်သည်။

​"ဒြပ်စင်ခွဲခြားတာကို ကျွန်တော် တာဝန်ယူခဲ့တာပါ .. ဒီပစ္စည်းက သတ္တုဒြပ်စင်အချို့နဲ့ ပေါင်းစပ်ထားတဲ့ သတ္တုတစ်ခုဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ် ဒါပေ မဲ့... အဲဒီထဲမှာပါတဲ့ ဒြပ်စင်နှစ်ခုကတော့ ကျွန်တော် တို့ တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးအစားတွေ ဖြစ်နေတ ယ်ဗျ.."

​"ဘာ.."

"အမည်မသိ ဒြပ်စင်တွေ ဟုတ်လား.."

"လူအိုဝေ... မင်းပြောတဲ့ ဒြပ်စင်နှစ်ခုက ဒြပ်စင်အ လှည့်ကျဇယားထဲမှာ မရှိဘူးလို့ ပြောချင်တာလား"

​"ဟုတ်ပါတယ်... အဲဒါတွေက Periodic Table ထဲမှာ မရှိပါဘူး..ကျွန်တော်တို့ လေ့လာထားတဲ့ ဒြပ်စင်ဇ ယားထဲမှာ တစ်ခါမှ မတွေ့ဖူးသေးတဲ့ ဒြပ်စင်အသစ် တွေပဲ.."

"ဘုရားရေ..ကျွန်တော်တို့ရဲ့ ဒြပ်စင်ပုံသေနည်းဇယာ းထဲကို ဒီဒြပ်စင်အသစ်နှစ်ခု ပြန်ထည့်ရေးရတော့ မယ်ထင်တယ်.."

"မစ္စတာလျူက တကယ်ကို မိုက်တာပဲဗျာ.. ဒီသတ္တု အပိုင်းအစကို သူ ဘယ်ကနေ ရတာလဲ.. ဂြိုလ်သား တွေဆီကလား.."

​ဟူကျန်းကော်က အသံကျယ်ကျယ်ဖြင့် သတိပေး လိုက်၏။

"ဒီငွေဖြူရောင်သတ္တုစ ဘယ်ကလာသလဲဆိုတာကို ဘယ်သူမှ ထပ်မမေးကြနဲ့တော့..လျှို့ဝှက်ချက်ထိန်း သိမ်းခြင်းဆိုင်ရာ အခြေခံစည်းမျဉ်းတွေကို ခင်ဗျား တို့အားလုံး နားလည်ထားပြီးသားလို့ ကျွန်တော် ယုံ ကြည်တယ်.."

​စပ်စုမိသည့် ထိုလူမှာလည်း မှားသွားမှန်း သိလိုက်ရ သဖြင့် လည်ပင်းကို ကျုံ့ကာ ခေါင်းငုံ့သွားပေသည် ။အမှန်စင်စစ် ဤမျှ ထူးခြားဆန်းကျယ်သည့် သတ္တု စ၏ အရင်းအမြစ်အား ပေါ့ပေါ့ဆဆခန့်မှန်း ပြော ဆိုရန် မသင့်တော်သည်မှာ အသေအချာပင်။

​

ဟူကျန်းကော်သည်လည်း လူအိုဝေ ရှာဖွေတွေ့ရှိထာ းသည့် ဒြပ်စင်ခွဲခြားမှု အချက်အလက်များအား ဂရုတစိုက် ကြည့်ရှုစစ်ဆေးပြီးနောက် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"ဒြပ်စင်ခွဲခြားခြင်း လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ ..ဒီ တစ်နေ့ထဲမှာပဲ စမ်းသပ်ထားတဲ့ အစီရင်ခံစာ အပြီး ထွက်လာအောင် ကြိုးစားပေးပါ.."

လူအိုဝေက ခေါင်းညိတ်ကာတုံ့ပြန်လိုက်၏။

​"ဟုတ်ကဲ့ပါ... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မ ယ်.."

​အခြားတစ်ဖက်တွင်လည်း ရှောင်လုသည် အက်တမ် ဖွဲ့စည်းပုံအား အသေးစိတ် ခွဲခြမ်းစိတ်ဖြာရန် အာရုံ စိုက်နေသည်။အီလက်ထရွန် မိုက်ခရိုစကုပ် အောက် တွင် ဤငွေဖြူရောင်သတ္တု နမူနာအစလေးကို အဆ ပေါင်း သန်းချီ၍ ချဲ့ကြည့်ရာ အက်တမ်တစ်ခုချင်း စီ၏ တည်ရှိပုံအား ရှင်းလင်းပြတ်သားစွာ သူ မြင် တွေ့နေရသည်။

ရှောင်လု၏အနီးသို့ ဟူကျန်းကော် လျှောက်လာကာ မိုက်ခရိုစကုပ်ထဲမှ မြင်ကွင်းအား အနီးကပ် ကြည့် လိုက်၏။

​ရှောင်လုက ချက်ခြင်းပင် အစီရင်ခံလိုက်သည်။

"ခေါင်းဆောင်.. ကြည့်ပါဦး.. အက်တမ်တွေရဲ့ ဖွဲ့ စ ည်းပုံတွေက တကယ်ကို ထူးခြားလွန်းတယ် ကျွန် တော် တို့ သိထားတဲ့ ဘယ်ပုံသေနည်းနဲ့မှ မတူဘူး.."

အမှန်ပင် ထိုသတ္တု၌ ​မတူညီသော အက်တမ်အမျိုး မျိုးအား စနစ်တကျ စီတန်းထားပုံမှာ အလွန်ပင် တိ ကျသေသပ်လှသည်။၎င်းမှာ လက်ရှိ ကမ္ဘာပေါ်တွင် ရှိနှင့်ပြီးသား သတ္တုပစ္စည်းများ တည်ဆောက်ပုံနှင့် လုံးဝကွဲပြားနေပြီး ယခင်က သူ တစ်ခါမျှ မမြင်ဖူး ခဲ့သည့် အနေအထားမျိုး ဖြစ်နေ၏။

ဟူကျန်းကော်မှာမူ တစ်စုံတစ်ရာကို အလေးအနက် စဉ်းစားနေဟန်ဖြင့် ထိုအက်တမ် ဖွဲ့စည်းပုံအား သေ ချာ စိုက်ကြည့်နေမိသည်။

​သို့သော်လည်း ဤမျှ ရှုပ်ထွေးဆန်းပြားသည့် ဖွဲ့ စ ည်းပုံမျိုးကို တစ်ထိုင်တည်း အဖြေရှာနိုင်ရန်မှာမူ လုံ းဝ မဖြစ်နိုင်သလောက်ပင်။ယင်းအတွက် အချိန်နှ င့်တကွ နက်ရှိုင်းသော သုတေသနပြုမှုများစွာ လိုအ ပ်မည်ဖြစ်သည်။ထို့ကြောင့် ဟူကျန်းကော်သည် ချ က်ချင်းအဖြေထုတ်ရန် ကြိုးစားနေမည့်အစား အနာ ဂတ်တွင် သီးခြားစီမံကိန်းဖြင့် အသေးစိတ် စူးစမ်း လေ့လာရန်သာ သူ ဆုံးဖြတ်လိုက်၏။

​ဤသို့ဖြင့် မနက်ခင်းမှသည် နေ့လယ်ခင်းတိုင်အော င် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

​နေဝင်ရီတရောအချိန်တွင်မူ လူအိုဝေနှင့် ရှောင်လု တို့သည် ၎င်းတို့၏ စမ်းသပ်ချက်ရလဒ်များကို အပြီ းသတ်ကာ အစီရင်ခံစာများဖြင့် တင်ပြလာကြ၏။ ဟူကျန်းကော်သည်လည်း ထိုအစီရင်ခံစာများမှ အ ချက်အလက်များကို ကြည့်ရင်း ခါးသက်သက် ပြုံး လိုက်မိသည်။

​ယနေ့တွေ့ရှိချက်များမှာ အံ့အားသင့်စရာကောင်းသ ည်ဟု ဆိုနိုင်သော်လည်း ထိုငွေဖြူရောင်သတ္တုအား လက်တွေ့အသုံးချမည့် အပိုင်းတွင်မူ အနှစ်သာရ မ ရှိသလောက် ဖြစ်နေသည်။

​အမည်မသိ ဒြပ်စင်သစ်နှစ်ခုနှင့် သူ တစ်ခါမျှ မမြင် ဖူးသော အက်တမ်ဖွဲ့စည်းပုံကို တွေ့ရှိခဲ့သည်မှာ မှန် သော်လည်း ထိုအချက်များက ဘာထူးခြားသွားသ နည်း။ငွေဖြူရောင်သတ္တု၏ အခြေခံဂုဏ်သတ္တိများ မှာမူ သိသိသာသာ ထူးခြားပြောင်းလဲနေခြင်း မရှိ ပေ။

​"ဟူး..ဒီကိစ္စကို ငါ ဘယ်လို ဆက်လုပ်ရမလဲ..."

​သူ့စိတ်ထဲတွင် မေးခွန်းပေါင်းများစွာနှင့်အတူ ဝေခွဲ မရဖြစ်နေ၏။

"ငါတို့ မသိသေးတဲ့ တခြားထူးခြားတဲ့ ဂုဏ်သတ္တိ တွေများ ရှိနေဦးမလား ဘာတွေများ ကျန်နေသေး လို့လဲကွာ..."

ဟူကျန်းကော်သည် ရုံးခန်းထဲမှာတစ်ယောက်တည်း ထိုင်ပြီး အချိန်အတော်ကြာအောင် စဉ်းစားနေမိသ ည်။ထိုသတ္တု၏ ဘယ်အရာတွေကို ထပ်ပြီး တိုင်းတ ာဖို့နှင့် သုတေသနလုပ်ဖို့ လိုအပ်နေသေးလဲဆိုသ ည်အား သူ ဂရုတစိုက် စီစဉ်လိုက်၏။

​ဟူကျန်းကော်သည် စာရွက်အလွတ်တစ်ရွက်ကို ထု တ်ကာ မနက်ဖြန်တွင် လက်အောက်ငယ်သားများကို ဆက်လက်လုပ်ဆောင်ခိုင်းရမည့် အချက်အလက်မျ ားအား စာရင်းပြုစုလိုက်သည်။မနက်ဖြန်တွင် သူ သည် ထိုအလုပ်များ၌ အချိန်အပြည့်အဝ ပေးနိုင်လိ မ့်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ သူငယ်ချင်းဟောင်း တစ်ဦး ရောက်လာတော့မည် ဖြစ်သောကြောင့်ပင်။

​ဟူကျန်းကော်နှင့် ကျင့်ဝမ်ရှူးတို့မှာ နှစ်ပေါင်း၂၀ ကျော် ရင်းနှီးလာခဲ့ကြသည့် မိတ်ဆွေရင်းချာများ ဖြစ်ကြ၏။အသက်အရွယ်ချင်းမှာလည်း ငါးဆယ် ကျော်တန်းတူဖြစ်သလို ဂုဏ်သိက္ခာနှင့် ရာထူးအဆ င့်အတန်းမှာလည်း သိပ်မကွာခြားလှပေ။

​ကျင်းဝမ်းရူ့သည် ရှန်ယန်လျှပ် စစ်စွမ်းအင်လုပ်ငန်း စု၏ အင်ဂျင်နီယာချုပ်ဖြစ်၏။ထိုလုပ်ငန်းစုသည် ယန်နိုင်ငံ၏ အလွန် မြင့်မားသော ဗို့အားသုံး လျှပ်စ စ်ဓာတ်အားပို့လွှတ်ရေးလိုင်းအား ဦးဆောင်တည် ဆောက်ခဲ့သည့် လုပ်ငန်းစုပင် ဖြစ်၏။၎င်းသည် နိုင် ငံအတွက် စံချိန်သစ်များနှင့် ပထမဆုံးသော နည်းပ ညာအောင်မြင်မှုများစွာကို ဖန်တီးပေးခဲ့သူလည်း ဖြစ်သည်။

​မနက်ခင်း အချိန်ရောက်သောအခါ ကျင်းဝမ်းရူ့ သ ည် ချိန်းဆိုထားသည့်အတိုင်း ဟူကျန်းကော်ဆီသို့ အချိန်အတိအကျ ရောက်လာ၏။

​နှစ်ပေါင်းများစွာ ခင်မင်လာသည့် သူငယ်ချင်းဟော င်းနှစ်ဦး ပြန်လည်ဆုံတွေ့ကြချိန်တွင် ဝမ်းသာအားရ ဖြစ်နေကြရသည်။ထိုအချိန်၌ သူတိုနှစ်ဦးသား အ လုပ်ကိစ္စများအား ခေတ္တဘေးဖယ်ထားလိုက်၏။ဟူ ကျန်းကော်သည်လည်း စိတ်ရှုပ်ထွေးနေရသော ငွေ ဖြူရောင်သတ္တုကိစ္စကို ခဏတာ မေ့ထားလိုက်ကာ သူ၏ အဖိုးတန်ဆုံး လက်ဖက်ခြောက်ကို ထုတ်၍ ဧ ည့်ခံလိုက်သည်။

ဟူကျန်းကော်က ဝမ်းသာအားရ တိုက်တွန်းလိုက် ၏။

​"လူအိုကျင့်.. ခင်ဗျား ဒီတစ်ခါ ဟွာဟိုင်းမြို့ကို ရော က်တုန်း ရက်နည်းနည်းလောက် ပိုနေပြီး လည်ပတ် သွားသင့်တယ်ဗျ.."

​ကျင့်ဝမ်ရှူးက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

"ဟုတ်ပါပြီဗျာ.. ကျွန်တော်လည်း ဒီတစ်ခါတော့ အ နားယူဖို့ သက်သက်ထွက်လာတာဆိုတော့ ဒီမှာလေး ငါးရက်လောက် နေဖို့ စီစဉ်ထားပါတယ်.. မနက်ဖြန် ကျရင်တော့ ဟွာဟိုင်းမြို့ရဲ့ အထင်ကရ အဆောက် အအုံတွေကို သွားကြည့်မလို့ပဲ.. ယူနီဗာဆဲလ်တာဝါ ရှေ့မှာ ရွှေနွားရုပ်ကြီးလေးကောင် ရှိတယ်လို့ ကြား တယ်..တကယ့်အစစ်အတိုင်း အသက်ဝင်တယ်ဆို လို့ သွားကြည့်ချင်နေတာ.."

​"အင်း ခဗျား..တကယ်ကို သွားကြည့်သင့်တာဗျ. ယူ နီဗာဆဲလ်တာဝါက ၉၈ ထပ်တောင် မြင့်တာဆိုတော့ တိမ်တိုက်တွေကြားထဲ မတ်မတ်ရပ်နေတဲ့ အတိုင်းပဲ ..ဒီဇိုင်းကလည်း ခေတ်မီပြီး အရမ်းလှတယ်.. ပထမ ထပ်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုပြီး ခ န်းမကြီး လေးခုရှိတယ်..အဲဒီ ခန်းမတိုင်းရဲ့ အလယ် ဗဟိုမှာ ရွှေနွားရုပ်ထုကြီး တစ်ကောင်စီ ရှိတာဗျ. . တစ်ကောင်စီကို ရွှေတန်ချိန် ၉၈ တန်နဲ့ သွန်းလုပ်ထ ားတာလေ.."

​ကျင်းဝမ်းရူ့က အံ့အားသင့်ကာ ပြန်ပြောလိုက်၏။

"ဟင်... တစ်ကောင်ကို ရွှေတန်ချိန် ၉၈ တန်တောင် သုံးထားတာလား.ကျွန်တော်က ဒါကို ကောလာဟ လပဲ ထင်နေတာဗျ.."

​"ကောလာဟလ မဟုတ်ပါဘူးဗျာ..ဒါက လုံးဝအစစ် အမှန်ပဲ.."

​ကျင်းဝမ်းရူ့က သက်ပြင်းချရင်း မှတ်ချက်ချလိုက် ၏။

"ယူနီဗာဆဲလ်လုပ်ငန်းစုက တကယ်ကို ချမ်းသာတာ ပဲ.. ချမ်းသာရုံတင်မကဘူး အင်အားလည်း အရမ်း ကြီးမားလွန်းတယ်ဗျာ.."

​"ချမ်းသာတာကတော့ ပြောစရာတောင် မလိုတော့ ဘူးဗျ..သူတို့ရဲ့ သတ္တုထုတ်လုပ်ရေးလုပ်ငန်း တစ်ခု တည်းနဲ့တင် တစ်လကို ဝင်ငွေ ဘီလီယံဆယ်ဂဏန်း ရှိတာလေ.. ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး.. သူတို့မှာ သင်္ဘောပို့ဆောင်ရေးလုပ်ငန်းနဲ့ စွမ်းအင်သ စ်လုပ်ငန်းတွေလည်း ရှိသေးတယ်.. တကယ်ကို မ ယုံနိုင်စရာ ကောင်းလောက်အောင် ကြီးကျယ်တဲ့ လု ပ်ငန်းစုကြီးပဲဗျ.."

​ရုံးခန်းထဲတွင် နှစ်ယောက်သား အေးအေးလူလူ လ က်ဖက်ရည်သောက်ရင်း စကားကောင်းနေကြသည်။

အောက်ထပ်မှ ဓာတ်ခွဲခန်းထဲတွင်မူ သုတေသီအား လုံးသည် စမ်းသပ်စစ်ဆေးမှုတွေနှင့် အလုပ်ရှုပ်လျ က် ရှိနေကြ၏။

​ရှောင်လုလည်း မနားရပေ။သူသည် လက်ထဲမှ ငွေ ဖြူရောင်သတ္တုစလေးကို ကိုင်ကာ ထပ်ခါတလဲလဲ အကဲခတ်နေမိသည်။

"အက်တမ်ဖွဲ့စည်းပုံက ဒီလောက်အထိ ထူးခြားဆန်း ပြားနေပါလျက်နဲ့ ဘာလို့ ဂုဏ်သတ္တိတွေက သာမန် သတ္တုတွေလိုပဲ ဖြစ်နေရတာလဲ.." ဆိုသည်အား သူ လုံးဝစဉ်းစားလို့ မရနိုင်အောင် ဖြစ်နေရ၏။

​စမ်းသပ်ချက်တွေအရ သတ္တု၏တခြား ဂုဏ်သတ္တိ များတွင် ထူးထူးခြားခြား ပြောင်းလဲမှု တစ်ခုမျှ မ တွေ့ရသေးတာကြောင့်ပင်။

​"ဒါက သံချေးမတက်တဲ့ ဂုဏ်သတ္တိမှာ စူပါအဆင့် ဖြစ်နေလို့လား.."

ရှောင်လုတစ်ယောက် နည်းမျိုးစုံ တွေးကြည့်မိ ပြန် သည်။

"ဒါပေမဲ့ သံချေးမတက်ရုံသက်သက်ဆိုရင်တော့ ဒါ က သိပ်ပြီး ထူးခြားလှတယ်လို့ မဆိုနိုင်ပါဘူး.. မှန်နဲ့ ကြွေထည်တွေကလည်း သံချေးမတက်သလို. အဆ င့်မြင့် သံမဏိတွေမှာလည်း ဒီဂုဏ်သတ္တိက ကောင်း မွန်ပြီးသား မဟုတ်လား.."

​သူ တကယ်ကို နားမလည်နိုင်တော့ပေ။

​"ဒါဆို ဒီသတ္တုရဲ့ ဆွဲဆန့်နိုင်စွမ်းက အလွန်အမင်း ကောင်းမွန်နေလို့လား.."

​စဉ်းစားရခက်လာသည့်အခါ ရှောင်လုသည် ထိုသ တ္တု၏ ဆွဲဆန့်နိုင်စွမ်းကိုပဲ ထပ်မံစမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။သူသည် ငွေရောင်သတ္တုစလေးအ ား အချောင်းပုံစံ ပြောင်းလဲပြီးနောက် စက်နဲ့ စတင် ဆွဲဆန့်လိုက်သည်။

​ရှောင်လုသည် ထိုနန်းကြိုးမျှင်လေးကို ပိုမိုပါးလွှာ အောင် ထပ်မံဆွဲဆန့်လိုက်ရာ နောက်ဆုံးတွင်မူ အ ချင်း ၀.၁ မီလီမီတာသာရှိပြီး မီတာဆယ်ဂဏန်းခန့် ရှည်လျားသည့် ငွေရောင်နန်းမျှင်လေးတစ်ချောင်း ဖြစ်လာ၏။

​ထိုငွေရောင်နန်းမျှင်လေးမှာ အလွန်တရာ လှပလွန်း လှသဖြင့် ငွေအစစ်ကိုပင် အစားထိုးနိုင်လောက်ပေ သည်။အကယ်၍ လက်ဝတ်ရတနာ ကျွမ်းကျင်ပညာ ရှင်များသာ ၎င်းအား မြင်တွေ့ပါက ဤပစ္စည်းသည် အနုစိတ်လှပသော လက်ဝတ်ရတနာများ ရက်လုပ် ရန် အကောင်းဆုံးသော ပစ္စည်းဖြစ်မည်ဟု တညီတ ညွတ်တည်း လက်ခံကြမည်မှာ အသေအချာပင်။

​ရှောင်လု၏ စိတ်ထဲတွင်လည်း အံသြစွာ တွေးမိလို က်၏။

"အိုး..ဒီပစ္စည်းက ငွေကို အစားထိုးပြီး အလှဆင်ပစ္စ ည်းတွေ လုပ်ဖို့အတွက်များ..သီးသန့် ဖန်တီးထားတ ာများလား.."

​သို့သော်လည်း မကြာမီမှာပင် ရှောင်လုက ခေါင်းခါ ယမ်းကာ ထိုအတွေးကို ငြင်းဆန်လိုက်သည်။ငွေကို အစားထိုးရုံသက်သက်အတွက်နှင့် ဤမျှ ရှုပ်ထွေး လှသော ဒြပ်စင်သစ်များ အက်တမ်ဖွဲ့စည်းပုံများကို ဖန်တီးရန် ထိုမျှအထိ ကြိုးစားအားထုတ်နေစရာ အ ကြောင်းမရှိပေ။

​"ဒါဆိုရင်.ဒီ သတ္တုဖန်တီးထားတဲ့ တကယ့်ရည်ရွယ် ချက်က ဘာဖြစ်မလဲ..ဘာအတွက် သုံးဖို့ ဒီလောက် အထိ ထူးခြားအောင် လုပ်ထားတာလဲ.."

​ရှောင်လု၏ စိတ်ထဲတွင်မူ ထိုသတ္တုအပေါ် မေးခွန်း များမှာ ပို၍ပင် နက်နဲလာပေသည်။

All Chapters