← Chapters

စူပါလျှပ်ကူးပစ္စည်း

Vol. 44 Ch. 538

စူပါလျှပ်ကူးပစ္စည်း

Vol. 44 Ch. 538

​ရှောင်လုတစ်ယောက်တည်း အတွေးနက်နေစဉ်မှာပ င် သူ့ပုခုံးပေါ်သို့ ရုတ်တရက်ကျရောက်လာသော လ က်တစ်စုံနှင့်အတူ မေးမြန်းသံအား ကြားလိုက်ရ၏။

“ညီလု... ဘာတွေ ဒီလောက်တောင် စဉ်းစားနေတာ လဲကွ..”

​လှည့်ကြည့်လိုက်တော့ လူငယ်နည်းပညာရှင် လီဂျွန် ဟောင် ဖြစ်နေသည်အား လုကျားချိန် တွေ့လိုက် ရ သည်။လုကျားချိန်က သက်ပြင်းသဲ့သဲ့ချရင်း ပြုံးက ာ ပြန်ဖြေလိုက်သည်။

“စိတ်ရှုပ်စရာတွေ ဖြစ်နေလို့ပါဗျာ..ယူနီဗာဆဲလ်က မစ္စတာလျူက ငွေရောင်သတ္တုတစ်မျိုး ပို့လိုက်လို့ လေ..အဲဒါကို ငါတို့ သုတေသနလုပ်နေတာ..”

​ဖြစ်စဉ်အလုံးစုံကို ရှင်းပြလိုက်သောအခါ လီဂျွန် ဟောင်က ခေါင်းငြိမ့်ပြရင်း ပြောလိုက်၏။

“ဒီကိစ္စကို ငါတို့လည်း ကြားထားလို့ လာကြည့်တာ ပါ..ဒါနဲ့ ညီလု.ဒီသတ္တုရဲ့ လျှပ်စစ်စီးကူးနိုင်စွမ်းကို ရော မင်း တိုင်းတာပြီးပြီလား..”

​“အမ်..လျှပ်စစ်စီးကူးနိုင်စွမ်းလား..မတိုင်းရသေးဘူးအခုလောလောဆယ်တော့ မာကျောမှု၊ ခံနိုင်ရည်အာ း၊အရည်ပျော်မှတ်နဲ့ အက်တမ်ဖွဲ့စည်းမှုလိုမျိုး ရုပ် ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေကိုပဲ အဓိကထား တိုင်း နေတာ..”

​“ဒါဆိုရင်တော့ အဆင်ပြေပြီ..အကိုတို့ ဓာတ်ခွဲခန်း က သတ္တုတွေရဲ့ လျှပ်စစ်စီးကူးမှုပိုင်းမှာ အထူးပြု တယ်ဆိုတော့ အဲဒီကိုသွားပြီး စမ်းသပ်ကြည့်ကြရ အောင်..”

လုကျားချိန်၏ မျက်လုံးများလည်း တောက်ပလာ ကာ ချက်ချင်းပင် ထရပ်လိုက်သည်။

​လီဂျွန်ဟောင်က စားပွဲပေါ်ရှိ ပစ္စည်းကို ကြည့်ကာ မေးလိုက်၏။

“ညီလု..ဒါက အဲ့ဒီငွေဖြူရောင်သတ္တုလား”

​“ဟုတ်တယ်..အဲ့ဒါပဲ..ဆန့်နိုင်အားကတော့ တကယ့် ကို ထူးခြားတယ်..ကျွန်တော် နည်းနည်းဖြတ်ပြီး အ မျှင်လေးဖြစ်အောင် ဆွဲဆန့်ကြည့်ထားတာ..”

​လီဂျွန်ဟောင်က သေချာစိုက်ကြည့်ရင်း ရေရွတ်မိ လိုက်သည်။

“ဒီအမျှင်က တကယ်ပါးတာပဲ.. ဆံပင်တစ်မျှင်စာ လောက်တောင် မရှိတော့ဘူး..”

​“ကဲ... ခင်ဗျားတို့ ဓာတ်ခွဲခန်းကိုပဲ သွားကြစို့”

​လုကျားချိန်သည် မျှော်လင့်ချက်အပြည့်ဖြင့် သတ္တု ကိုယူကာ ရှေ့မှ ထွက်လာ၍ လီဂျွန်ဟောင်ကလည်း နောက်မှ အလျင်အမြန် လိုက်ပါလာသည်။

​

ဓာတ်ခွဲခန်းထဲသို့ ရောက်သောအခါ လီဂျွန်ဟောင်က ကိရိယာများကို ပြင်ဆင်ရင်း ပြောလိုက်၏။

“ညီလု..အကို အဆင်သင့်ဖြစ်ပြီ..”

​လုကျားချိန်က ခေါင်းငြိမ့်ပြလိုက်သည်။လျှပ်စစ်စီး ကူးနိုင်စွမ်းကို တိုင်းတာသည့်နေရာတွင် လီဂျွန်ဟော င်က ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပေလော။ ၎င်းသည် ငွေရောင်သတ္တုအမျှင်ကိုယူကာ ကတ် ကြေးဖြင့် သေသေချာချာ ဖြတ်တောက်ပြီး လျှပ်စ စ်ခုခံမှုတိုင်းတာသည့် အထူးကိရိယာဖြင့် ချိတ်ဆက် လိုက်သည်။

​စစ်ဆေးမှုများ မှန်ကန်ကြောင်း သေချာသွားချိန်တွ င်မူ လီဂျွန်ဟောင်က လှည့်မေးလိုက်သည်။

“ညီလု... အခု စတိုင်းလို့ရပြီ..ဒီလောက်ပါးတဲ့ ဝါ ယာမျှင်လေးရဲ့ ခုခံအားက ဘယ်လောက်ရှိမယ် ထ င်လဲ..တစ်အုန်း (1 ​Ω)လောက် ရှိမလား”

​လုကျားချိန်က တစ်မီတာရှည်ပြီး အချင်း ၀.၁ မီလီ မီတာသာရှိသည့် ထိုအမျှင်လေးကို ကြည့်ကာ တွေး မိလိုက်၏။သူ့အတွေ့အကြုံအရဆိုလျှင် တစ်အုန်း ထက် ပိုနိုင်ခြေရှိသည်။သို့သော်လည်း လီဂျွန်ဟောင် ကမူ ခေါင်းခါပြရင်း ပြောလိုက်၏။

​“အကို့အတွေ့အကြုံအရတော့ အဲ့ဒီလောက်တောင် ရှိမယ်မထင်ဘူး.မီလီအုန်း (m​Ω) ဆယ်ဂဏန်းလော က်ပဲ ရှိနိုင်မယ်..”

​“လုံးဝ မဖြစ်နိုင်တာ..အကယ်၍ မီလီအုန်း ဆယ်ဂ ဏန်းလောက်ပဲ ရှိတယ်ဆိုရင်တော့.ဒီပစ္စည်းရဲ့ လျှပ် စစ်စီးကူးနိုင်စွမ်းက ကမ္ဘာကျော်လောက်တဲ့ အဆင့် ပဲ..”

​“ယေဘူယျအားဖြင့်တော့ သတ္တုဝါယာတစ်ခုက ပိုရှ ည်ပြီး ပိုပါးလေလေ ခုခံအား ပိုများလေလေပဲ.. ပို တိုပြီး ပိုထူမှသာ ခုခံအားက နည်းသွားတာညီလုရ..”

​အခု စမ်းသပ်မယ့် သတ္တုဝါယာက ဆံပင်တစ်မျှင်စာ လောက်ပဲ ရှိသည့်အပြင် တစ်မီတာတောင် ရှည်လျာ းနေသည်။ထိုမျှလောက် ပါးလွှာသည့် ဝါယာမျှင် လေး၏ ခုခံအားက မီလီအုန်း ဆယ်ဂဏန်း လောက် ပဲ ရှိလိမ့်မည်ဟူသည့် အချက်အား လုကျားချိန် လုံး ဝ မယုံကြည်နိုင်သေးပေ။

​“ကဲ..ညီလု...တိုင်းတာကြည့်ရအောင်”

​“ကောင်းပြီ. အခုပဲ စလိုက်ပါ...”

​လီဂျွန်ဟောင်က ခလုတ်ကို နှိပ်လိုက်ပြီး ခုခံအားကို စတင်တိုင်းလိုက်၏။နှစ်ဦးသား တိုင်းတာရေးကိရိ ယာ၏ မျက်နှာပြင်အား စိုက်ကြည့်နေမိသည်။

​ခဏအကြာတွင် နှစ်ဦးသား မျက်လုံးပြူးသွားကြ၏ ။စမ်းသပ် ကိရိယာ၏မျက်နှာပြင်ပေါ်တွင် ပြနေသ ည့် ခုခံအားတန်ဖိုးက ‘၀’ (Zero) ဖြစ်နေသောကြော င့်ပင်။

​ဤကိရိယာသည် မိုက်ခရိုအုန်း (1 ​μ​Ω)အဆင့်အထိ တိကျစွာ တိုင်းတာနိုင်သည့် အဆင့်မြင့် ပရော်ဖက် ရှင်နယ် ကိရိယာတစ်ခုပင် ဖြစ်၏။တိကျမှုမှာ အလွ န်မြင့်မားသဖြင့် အမှားအယွင်းရှိရန်မှာမူ အလွန် ခဲ ယဉ်းလှပေသည်။

​ခဏကြာတော့ လုကျားချိန်က တိုးတိုးလေး ပြောလို က်၏။

“အကိုဟောင်... တစ်ခုခုတော့ မှားနေပြီ ထင်တယ်..”

​လီဂျွန်ဟောင်က ခဏစဉ်းစားကာ ပြန်ဖြေလိုက်၏။

"ဟုတ်တယ်...ဆယ်သွယ်ထားတဲ့ တစ်နေရာရာမှာ မှားနေတာ ဖြစ်နိုင်တယ်..ငါ အရင် စစ်ဆေးလိုက်ဦး မယ်”

​သူသည် ဝါယာကြိုးများနှင့် သတ္တုအား ချိတ်ဆက် ထားသည့်နေရာများအား ဂရုတစိုက် ပြန်လည်စစ် ဆေးပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။

“ညီလု... ဒီတစ်ခါတော့ အားလုံး အိုကေပြီ.. ထပ်ပြီး စမ်းသပ်ကြည့်ရအောင်..”

​“ကောင်းပြီ..ကျွန်တော်တို့ ထပ်စမ်းကြည့်ကြတာပေါ့ ”

​လီဂျွန်ဟောင်က တိုင်းတာသည့်ခလုတ်အား ထပ် နှိပ်လိုက်သည်။သူတို့သည် စမ်းသပ်ကိရိယာအား ကြည့်လိုက်သော်လည်း ရလဒ်သည် ပြောင်းလဲမလ ာခဲ့ပေ။နှစ်ဦးသား အံ့အားသင့်စွာဖြင့် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်မိလိုက်ကြ၏။

​“ညီလု... တကယ် စိတ်မကောင်းပါဘူး..ဒီစက်မှာ တ စ်ခုခု ချို့ယွင်းနေတာ ဖြစ်နိုင်တယ်..အကို.ဆရာကို ခေါ်ပြီး လာကြည့်ခိုင်းလိုက်မယ်..”

​လီဂျွန်ဟောင် အပြင်သို့ အပြေးအလွှား ထွက်သွား ချိန်တွင် လုကျားချိန်သည် ဆံပင်တစ်မျှင်လောက် သာရှိသည့် ငွေဖြူရောင်ဝါယာလေးကို ငေးကြည့် နေမိသည်။ထို့နောက် မျက်နှာပြင်ပေါ်က ‘၀’ ဆို သ ည့် ဂဏန်းကို ကြည့်ရင်း သူ့ ရင်ထဲ၌ လျှပ်စီး လက် သလို အတွေးတစ်ခု ဝင်လာသည်။

​“ဘုရားရေ..ဒါက..သာမာန်အပူချိန်မှာ သုံးနိုင်တဲ့ စူ ပါလျှပ်ကူးပစ္စည်းများလား”

​ထိုအတွေးကြောင့် သူ၏ တစ်ကိုယ်လုံး တုန်လှုပ်ခဲ့ ရသည်။အကယ်၍ ၎င်းသာ အမှန်တကယ် ဖြစ်ခဲ့ လျှင် သိပ္ပံလောကတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တု န်လှုပ်သွားမည်မှာ အသေအချာပင်။၎င်းသည် ကမ္ဘာ တစ်ဝှမ်းရှိ သိပ္ပံပညာရှင် မြောက်မြားစွာတို့ တစ်ဘဝ လုံး ပေးဆပ်၍ ရှာဖွေနေကြသည့် "ရတနာ"ပင် မဟု တ်ပေလော။

​လုကျားချိန် ထိုအကြောင်းကို စဉ်းစားကာ ရင်ခုန်နေ စဉ်မှာပင် လီဂျွန်ဟောင်သည် အလယ်အလတ် အရွ ယ် အမျိုးသားတစ်ဦးကို ခေါ်လာ၍ အပြေး အလွှား ရောက်လာ၏။

​"ကျွန်တော် နှစ်ကြိမ်တောင် စမ်းပြီးပြီ ဆရာ.ခုခံအာ းက 'သုည' ပဲ ပြနေတယ်..စက်မှာ တစ်ခုခု ချို့ ယွ င်းနေတာ ထင်တယ်..”

​“စိတ်မပူနဲ့... ငါ အရင် စစ်ဆေးကြည့်မယ်”

​ဆရာဖြစ်သူက တည်ငြိမ်စွာဖြင့် ကိရိယာများကို ဂ ရုတစိုက် စစ်ဆေးလိုက်သည်။ချိတ်ဆက်မှုများ၊ဝါ ယာကြိုးများနှင့် ကိရိယာ၏ Setting များကို သေ ချာကြည့်ရှုပြီးနောက် သူ မျက်မှောင်ကြုတ်သွား၏။

​“အမ်..စက်က ဘာမှ မမှားဘူး... အားလုံး ပုံမှန်ပဲဟ”

လီဂျွန်ဟောင်ကလည်း မယုံကြည်နိုင်စွာ ရေရွတ်လို က်မိသည်။

​“မဖြစ်နိုင်တာ..”

​ဆရာဖြစ်သူက ခဏမျှ တွေဝေသွားပြီးမှ ညွှန့်ကြား လိုက်၏။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..လျှပ်စီး ခုခံအားက ဘယ်လို လုပ်ပြီး လုံးဝ သုည ဖြစ်နေရတာလဲ .. လီ ဟောင်.. စံကြေးနန်းကြိုးတစ်မျှင် သွားယူလာခဲ့..”

​လီဂျွန်ဟောင်သည် ဆရာ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။စမ်းသပ်သည့် စက်ကို စမ်းသပ်ရန်အတွက် ငွေဖြူရောင်သတ္တုဝါယာအား ဖယ်ထုတ်ကာ သာမန်ကြေးနန်းကြိုးတစ်မျှင်နှင့် အ စားထိုးလိုက်၏။

"ကဲ စမ်းကြည့်ကြည့်လိုက်.."

​“ဟုတ်ကဲ့ ဆရာ... အခုပဲ စမ်းကြည့်ပါ့မယ်..”

​လီဂျွန်ဟောင်က ခလုတ်ကို နှိပ်လိုက်သည်။မကြာခ င်မှာပင် စမ်းသပ်ကိရိယာ၏ မျက်နှာပြင်ပေါ်တွင် ဂ ဏန်းများ ပေါ်လာသည်။

​“၅၀ မီလီအုန်း (50 m​Ω).."

​“ကိရိယာမှာ ပြဿနာမရှိတာ သေချာသွားပြီ ..ဒီ စံ ကြေးနန်းကြိုးရဲ့ ခုခံအားက ၅၀ မီလီအုန်း အတိအ ကျပဲ..”

​ဆရာဖြစ်သူရော လီဂျွန်ဟောင်ပါ ဆွံ့အနေ၏။သူ တို့၏ ရှေ့မှောက်တွင် ဖြစ်ပျက်နေသည်အား လုံးဝ နားမလည်နိုင်သလို ဖြစ်နေကြသည်။

​ထိုအချိန်တွင် လုကျားချိန်၏ နှလုံးသည် ရင်ဘတ် ထဲမှ ထွက်မတတ် ပြင်းထန်စွာ ခုန်နေကာ မျက်နှာ တစ်ခုလုံးလည်း နီမြန်းလာပြီး တစ်ကိုယ်လုံး တုန်ယ င်နေမိ၏။သူသည် စိတ်ထဲကနေ ရူးမတတ် အော်ဟ စ်နေမိသည်။

​“ဒါ... ဒါဟာ.သာမာန် အပူချိန်တွေမှာ သုံးနိုင်တဲ့ စူပါ လျှပ်ကူးပစ္စည်း အစစ်ပဲ..”

ယူနီဗာဆဲလ်က မစ္စတာလျူ ပို့လိုက်သည့် ထိုငွေဖြူ ရောင်သတ္တုသည် လူသားမျိုးနွယ်၏ သမိုင်းစာမျ က်နှာသစ်အား ဖွင့်လှစ်ပေးမည့် အံ့ဖွယ်ပစ္စည်း ဖြစ် နေပေသည်။

သူသည် လျင်မြန်စွာ အသက်ပြင်းပြင်းရှူသွင်းပြီး စိ တ်လှုပ်ရှားမှုအား ထိန်းချုပ်လိုက်၏။သို့သော်လည်း ၎င်းက အကျိုးသက်ရောက်ပုံမပေါ် ပဲ ခဏကြာမှသ ာ သာ လုကျားချိန် စကားပြောနိုင်ခဲ့သည်။

“ဖြစ်နိုင်တာက ဒါက သာမာန် အပူချိန်တွေမှာ သုံးနို င်တဲ့ စူပါလျှပ်ကူးပစ္စည်းပဲ..”

“ဘာ..”

လီဂျွန်ဟောင်နှင့် သူ့ဆရာသည် လုကျားချိန်အား မ ယုံကြည်နိုင်စွာ ကြည့်လိုက်ကြပြီး သူတို့အကြာကြီး အံ့အားသင့်နေကြသည်။

​တအောင့်ကြာမှ သူတို့သည် “ဖြစ်နိုင်ချေရှိတယ်” ဟူ ၍ တစ်ပြိုင်နက်တည်းနီးပါး ပြောလိုက်ကြ၏။

​နောက်ဆုံးတွင် လုကျားချိန်ကိုယ်တိုင် စမ်းသပ်ခလု တ်ကို နှိပ်၍ တိုင်းလိုက်သည်။ကိရိယာမျက်နှာပြင် ပေါ်တွင် ပေါ်လာသည့် ရလဒ်များက ဤငွေဖြူရော င်ဝါယာသည် သာမာန် အပူချိန်သုံး စူပါလျှပ်ကူး ပစ္စ ည်း အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေ၏။

၎င်း၏ ခုခံအားမှာ လုံးဝ မရှိသလောက်ဖြစ်နေသဖြ င့် မည်သည့် အဆင့်မြင့်ကိရိယာနှင့်မျှ တိုင်းတာ ၍ မရနိုင်အောင် ဖြစ်နေသည်။ယုံမှားသံသယဖြစ်စရာ လုံးဝမရှိတော့ပေ။ဤအရာသည် သိပ္ပံလောကအား ကိုင်လှုပ်မည့် သာမာန် အပူချိန်သုံး စူပါလျှပ်ကူး ပစ္စ ည်း အစစ်အမှန် ဖြစ်နေသည်။

လုကျားချိန်သည် အလွန်အမင်း စိတ်လှုပ်ရှားလွန်း သဖြင့် သူ့ အသက်ပင် ရှူရကျပ်လာသလို ခံစားနေ ရ၏။သူ၏ အသံများမှာလည်း တုန်ရီနေကာ ဘေးန ားမှ လီဂျွန်ဟောင်တို့ဆရာတပည့် နှစ်ဦးအား ပြော လိုက်သည်။

“ကျွန်တော် အခုပဲ ခေါင်းဆောင်ဟူကို သွားအစီရင် ခံလိုက်မယ်..ဒီအကြောင်းကို သူ ချက်ချင်း သိစေရ မယ်..”

​ပြောပြောဆိုဆိုနှင့်ပင် လုကျားချိန်သည် ငွေဖြူရော င်သတ္တုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ဓာတ်ခွဲခန်းအပြင်ဘက်သို့ အပြေးအလွှား ထွက်လာ ခဲ့သည်။ဓာတ်ခွဲခန်းထဲ၌ ကျန်ရစ်ခဲ့သော လီဂျွန်ဟေ ာင်နှင့်ဆရာဖြစ်သူမှာမူ ကျောက်ရုပ်များသဖွယ် ငို င်ဆဲပင်။

သူတို့မျက်စိရှေ့တွင် မြင်လိုက်ရသည့် မယုံနိုင်စရာ သိပ္ပံဖြစ်ရပ်ဆန်းကြီးကြောင့် ဖြစ်ပေါ်လာသည့် ထိ တ်လန့်တုန်လှုပ်မှုထဲမှ ယခုထိ နှစ်ဦးသား ရုန်းမထွ က်နိုင်သေးဘဲ ရှိနေကြသည်။

........

ရုံးခန်းထဲတွင်...

​ဟူကျန်းကော်နှင့်ကျင်းဝမ်းရှူ့တို့သည် စကားလက် စ မသတ်နိုင်သေးသော်လည်း ပတ်ဝန်းကျင်လေထု မှာမူ သိသိသာသာ တိတ်ဆိတ်နေ၏။သူ တို့နှစ်ဦး ကြားတွင် မလွဲမရှောင်သာ ဆွေးနွေးနေရသည့် အ ကြောင်းအရာမှာ ကျင်းဝမ်းရှူ့တာဝန်ယူထားသည့် အလွန်ကြီးမားသော စီမံကိန်းတစ်ခုအကြောင်းပင် ဖြစ်သည်။

​လက်ရှိတွင် နိုင်ငံ၏ အနောက်တောင်ပိုင်း၌ ကမ္ဘာ့ အကြီးဆုံး စာရင်းဝင် ရေအားလျှပ်စစ်စက် ရုံကြီး တစ်ရုံအား တည်ဆောက်နေ၏။ထိုစက်ရုံမှ ထွက်ရှိ မည့် နှစ်စဉ်ဓာတ်အားမှာ အလယ်အလတ်တန်းစား နိုင်ငံတစ်နိုင်ငံလုံး၏ လိုအပ်ချက်ကိုပင် အပြည့်အဝ ဖြည့်ဆည်းပေးနိုင်လောက်အောင် များ ပြားလှ၏။

​ထိုမျှကြီးမားသည့် လျှပ်စစ်စွမ်းအင်များကို အလယ် ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ ပို့လွှတ်ရန်မှာ အဓိ ကတာဝန် ဖြစ်သော်လည်း လျှပ်စစ်လိုင်းများ သွယ် တန်းရန် ဆွေးနွေးကြရာတွင် အငြင်းပွားစရာ များစွ ာနှင့် ရင်ဆိုင်နေရသည်။

​အနောက်တောင်ပိုင်းဒေသ၏ မြေမျက်နှာသွင်ပြင်မှ ာ တောင်ကုန်းတောင်တန်း အလွန်ထူထပ်လှသဖြင့် လျှပ်စစ်လိုင်းများ တည်ဆောက်ရေးမှာ သာမန်ထ က် များစွာခက်ခဲနေသည်။လျှပ်စစ်ဓာတ်အား ပို့လွှ တ်မည့် တာဝါတိုင်အချို့မှာမူ ကမ္ဘာ့အမြင့်ဆုံးနှင့် အ ကြီးဆုံး တိုင်များအဖြစ် စံချိန်တင်လာနိုင်သည်အ ထိ ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်နေ၏။

​ကျင်းဝမ်းရှူ့သည် အလွန်မြင့်မားသော ဗို့အားဖြင့် ပို့ လွှတ်သည့် UHV (Ultra-High Voltage) နည်းပညာ ကို အသုံးပြုရန် စဉ်းစားခဲ့သော်လည်း လုပ်ငန်းစဉ် ၏ ခက်ခဲလွန်းမှုကြောင့် လက်လျှော့ရန်ပင် ကြံစည် ခဲ့ဖူးသည်။သို့သော်လည်း လျှပ်စစ်ဗို့အားကို လျှော့ ချ၍ SHV (Sub-High Voltage) ဖြင့် ပို့လွှတ်မည် ဆိုပါကလည်း ခရီးဝေးပို့လွှတ်ရာတွင် လမ်းခုလတ် ၌ ဓာတ်အားဆုံးရှုံးမှုမှာ အလွန်အမင်း များပြားလာ ပေလိမ့်မည်။

​ဤကဲ့သို့ ပြတ်သားသော ဆုံးဖြတ်ချက်မချနိုင်ဘဲ စိ တ်ဖိစီးမှုများလာသဖြင့် ကျင်းဝမ်းရှူ့သည် အနားယူ ရန်နှင့် စိတ်အပန်းဖြေရန် ရည်ရွယ်ကာ ဟွာဟိုင်းမြို့ သို့ ရက်အနည်းငယ်ခန့် ခရီးထွက်လာခဲ့ခြင်း ဖြစ်ပေ သည်။

All Chapters