ဟူကျန်းကော် အံ့အားသင့်သွားခြင်း
Vol. 44 Ch. 539
“လူအိုကျင်း..ခင်ဗျား နောက်ထပ် ဘာဆက်လုပ်ဖို့ စိ တ်ကူးထားလဲ..”
“ကျွန်တော်လည်း မသိသေးပါဘူးဗျာ.. ကြုံလာတဲ့ အတိုင်းပဲ ရင်ဆိုင်သွားရမှာပေါ့..”
လက်ဖက်ရည်အား နှစ်ကျိုက်ခန့် အရသာခံသောက် ပြီးနောက် နှစ်ဦးသား မနက်ဖြန်ခရီးစဉ်အကြောင်း ဆွေးနွေးရန် ပြင်လိုက်ကြသည်။
ထိုစဉ်မှာပင်
“ဒုန်း ”
ရုံးခန်းတံခါးသည် ဝုန်းခနဲ ပွင့်လာကာ လုကျားချိန် တစ်ယောက် အသည်းအသန် ပြေးဝင်လာ၏။သူသ ည် အသက်ရှူသံများ ဟောဟဲစိုက်လျက် အခြားအ ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ခေါင်းဆောင်.သူဋေးလျူ ပို့လိုက်တဲ့ အဲဒီငွေဖြူရေ ာင်သတ္တုက.အဲဒါ စူပါလျှပ်ကူးပစ္စည်းဗျ. သာမာန် အပူချိန်မှာတင် အလုပ်လုပ်တဲ့ စူပါလျှပ်ကူးပစ္စည်း ကြီးပဲ..”
“ဘာ.....”
ဟူကျန်းကော်နှင့် ကျင်းဝမ်းရူ့တို့ နှစ်ဦးသား လုကျ ားချိန်အား ကြောင်၍ ကြည့်မိနေ၏။သူတို့နှစ်ဦး၏ မျက်နှာထက်မှ အမူအရာများမှာမူ တစ်ယောက်တ စ်မျိုးစီပင်။
ကျင်းဝမ်းရူ့အတွက်မူ ထိုစကားလုံးများက နားမလ ည်နိုင်သော ပဟေဠိများ ဖြစ်နေသည်။
" မစ္စတာလျူဆိုတာ ဘယ်သူလဲ.. ငွေဖြူရောင်သ တ္တုကရော ဘာလဲ.. စူပါလျှပ်ကူးပစ္စည်းဆိုတာက ရော ဘာကိုပြောတာလဲ.."
သူ ဘာဆို ဘာမှမသိပေ။သို့သော်လည်း တံခါးကို ဝုန်း ဒိုင်းကြဲဖွင့်ဝင်လာသော ဤလူငယ်သည် ဘာ ကြောင့် ဤမျှအထိ တုန်လှုပ်ချောက်ချားနေရသန ည်း ဆိုသည်ကိုမူ သူ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်နေရ၏။
ဟူကျန်းကော်ကတော့ မတူပေ။ချက်ချင်းပင် အ သံကျယ်ကြီးနှင့် ထပ်မေးလိုက်သည်။
“ရှောင်လု..မင်းဘာပြောလိုက်တာလဲ..”
လုကျားချိန်က ထပ်ရှင်းပြလိုက်၏။
“မစ္စတာလျူပို့လိုက်တဲ့ ငွေဖြူရောင်သတ္တုက စူပါ လျှပ်ကူးပစ္စည်း ဖြစ်နေတယ်ဗျ..”
ဒီတစ်ကြိမ်တွင် ဟူကျန်းကော်တစ်ယောက် ရှင်းရှင်း လင်းလင်းကြားလိုက်ရသည်။သို့သော်လည်း သူသ ည် မယုံကြည်နိုင်သေးဘဲ စိတ်လှုပ်ရှားစွာ ပြန်မေးမိ ၏။
“တကယ်ပဲ စူပါလျှပ်ကူးပစ္စည်းလား..”
“ဖြစ်နိုင်ပါတယ် ခေါင်းဆောင် ..သာမာန်အပူချိန်မှာ တောင် လျှုပ်စစ်စီးဆင်းမူ ခုခံနိုင်စွမ်းကို ကျွန်တော် အကြိမ်ကြိမ်တိုင်းတာခဲ့တယ်.. စမ်းသပ်ကိရိယာရဲ့ မျက်နှာပြင်မှာ သုညလို့ပဲ အမြဲတမ်း ပြနေတာပါ..”
“ဝုန်း..”
ဟူကျန်းကော် တစ်ယောက် ထိုင်မနေနိုင်တော့ဘဲ ထ ရပ်လိုက်သည်။သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ် ရင်း လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။
“လာ... ဓာတ်ခွဲခန်းကို အခုချက်ချင်းသွားမယ်..”
ဟူကျန်းကော်သည် အခန်းပြင်သို့ နှစ်လှမ်းခန့် လှမ်း ပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခြေလှမ်း တန့်ကာ ပြန်လှည့်လာသည်။သူ၏မျက်နှာပေါ်တွင်မူ ဧည့်သည်ကို ပစ်ထားခဲ့ရသည့်အတွက် အားနာရိပ် များ ယှက်သန်းနေသော်လည်း စိတ်ကတော့ အဝေး သို့ ရောက်နေ၏။
“လူအိုကျင်း... ခင်ဗျား ကျွန်တော့်ရုံးခန်းထဲမှာပဲ ခ ဏစောင့်ပေးပါဦးဗျာ...ကျွန်တော် အမြန်ဆုံး ပြန် လာခဲ့ပါ့မယ်...”
ကျင်းဝမ်းရူ့က ခေါင်းငြိမ့်ပြလိုက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ နားမလည်နိုင်အောင် ဖြစ်နေဆဲပင် ။
'သာမာန်အပူချိန် စူပါလျှပ်ကူးပစ္စည်း' ဆိုသည့် စက ားလုံးအပေါ် သူ သံသယဖြစ်နေမိသည်။ကမ္ဘာ တစ် ဝှမ်းရှိ သိပ္ပံပညာရှင်ပေါင်းများစွာသည် ၎င်းအား ရှာ ဖွေတွေ့ရှိရန် ဘဝနှင့်ရင်း၍ ကြိုးပမ်းခဲ့ကြသော်လ ည်း ယနေ့ထက်တိုင် မည်သူမျှ မအောင် မြင်သေး ပေ။
အဆင့်မြင့် ဓာတ်ခွဲခန်း ရှိနေလျှင်တောင် စူပါလျှပ် ကူးနိုင်စွမ်း ရရှိရန်အတွက်မူ အပူချိန်အား အနုတ်နှ စ်ရာဒီဂရီစင်တီဂရိတ်ကအထိ(- 200° C) အစွန်းထိ ရောက်အောင် လျှော့ချရသည်မဟုတ်ပေလော။
ကျင်းဝမ်းရူ့သည် လက်ဖက်ရည်ကို သောက်ရင်း စဉ်းစားခန်းဖွင့်ကာ ကျန်နေခဲ့၏။
သို့သော်လည်း ဟူကျန်းကော်ကမူ ထိုသို့မဟုတ်ပေ ။သူသည် လုကျားချိန်၏ စကားအား ချက်ချင်းပင် အကြွင်းမဲ့ ယုံကြည်သွားသည်။အကြောင်းရင်းမှာ ထိုငွေရောင်သတ္တုကို သူ စတင်လေ့လာကတည်း က ၎င်း၏ အက်တမ်ဖွဲ့စည်းပုံမှာ အခြားသတ္တုများထ က် ထူးခြားဆန်းပြားနေသည်အား သူ သတိပြုမိပြီး သားဖြစ်၍ပင်။
ထိုသတ္တုကို မည်သည့်အရာက ဤမျှ တောက်ပအေ ာင် ပြုလုပ်ထားသနည်းဟု သူ တွေးတောနေခဲ့သ ည်မှာ ကြာလှပြီ ဖြစ်၏။
ယခုမူ အဖြေက ရှင်းလင်းသွား၏။၎င်းမှာ သာမန် အခန်းအပူချိန်တွင်ပင် လျှပ်စစ်စီးဆင်းမှု ခုခံအား သုညဖြစ်သွားသည့် စူပါလျှပ်ကူးပစ္စည်း၏ ထူးခြား သော ဂုဏ်သတ္တိများ ဖြစ်နေသည်လေ။
"တကယ်ကို အံ့မခန်းပါပဲလားကွာ..."
သူသည် ရင်ခုန်သံမြန်စွာဖြင့် ဓာတ်ခွဲခန်းအတွင်းသို့ ခြေလှမ်းကျယ်ကျယ် လှမ်းဝင်လိုက်၏။ခုခံနိုင်စွမ်း တိုင်းတာသည့် ကိရိယာဘေးတွင်မူ လူများစွာ ဝိုင်း အုံနေကြသည်။လူတိုင်းသည် 'သာမန်အပူချိန်၌ စူပ ါလျှပ်ကူးနိုင်စွမ်း' ဆိုသည်မှာ လူသားမျိုးနွယ်၏ သမိုင်းကို ပြောင်း လဲပစ်နိုင်လောက်သည့် ကြီးမား သော တွေ့ရှိချက်မှန်း သိထားကြသဖြင့် တစ်ယော က်ပြီးတစ်ယောက် အပြေးအလွှား ရောက်လာကြ ခြင်း ဖြစ်ပေသည်။
“ခေါင်းဆောင်ဟူ..”
“မစ္စတာဟူ..မင်္ဂလာပါ..”
လူအားလုံးသည် နေရာမှ ချက်ချင်းဖယ်ပေး၍ ဟူ ကျန်းကော်အား နှုတ်ဆက်လိုက်ကြ၏။
ဟူကျန်းကော်သည် လေးနက်သော အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လျှပ်စီးခုခံနိုင်စွမ်း စမ်း သပ်သည့် ကိရိယာဆီသို့ အပြေးအလွှား လျှောက် လာခဲ့သည်။သူ၏ အသံတွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလျက် မေးလိုက်၏။
“အခြေအနေ ဘယ်လိုရှိလဲ..မင်းတို့..ဘာတွေ တွေ့ထ ားလဲ..”
လီဂျွန်ဟောင်နှင့်ဆရာဖြစ်သူတို့မှာ ကိရိယာရှေ့တွင် အသင့်ရှိနေကြပြီး လီဂျွန်ဟောင်ကပင် လက်ရှိ စမ်း သပ်ထားသည့် ရလဒ်များအား အကျဥ်းချုပ် ရှင်းပြ လိုက်သည်။
“မစ္စတာဟူ... ဒီမှာ ကြည့်လိုက်ပါဦး”
ထိုရှင်းပြချက်ကို နားထောင်ပြီးနောက် ဟူကျန်းကေ ာ်၏ ရင်ဘတ်ထဲတွင် လှိုင်းထန်သလို ခံစားလိုက်ရ ၏။သူသည် လေကို ပြင်းပြင်းရှူလိုက်ပြီး လက်ဝှေ့ ယမ်းကာ အမိန့်ပေးလိုက်သည်။
“နောက်တစ်ခေါက် ထပ်ပြီး စမ်းသပ်ပြပါဦး ..ငါကို ယ်တိုင် မြင်ချင်တယ်...”
'မျက်မြင်ကိုယ်တွေ့မှ ယုံကြည်မည်' ဆိုသည့် အတို င်းပင်။ဤကိစ္စသည် သိပ္ပံလောကအတွက် မယုံကြ ည်နိုင်လောက်အောင် အလှမ်းဝေးခဲ့သည့် အရာဖြစ် ၍ ဟူကျန်းကော်သည် မိမိမျက်စိနှင့် တပ်အပ်မမြင် ရဘဲ မယုံရဲသေးပေ။
'သာမာန်အပူချိန် စူပါလျှပ်ကူးပစ္စည်း' ဆိုသည်မှာ ကမ္ဘာတစ်ဝှမ်းရှိ သိပ္ပံပညာရှင်ပေါင်းများစွာတို့၏ ဘဝတစ်ခုလုံး ပုံအောကာ လေ့လာလိုက်စားခဲ့ကြ သည့် အရာပင် မဟုတ်ပေလော။ထိုအရာက ယခု ကဲ့သို့ မမျှော်လင့်ဘဲ မိမိတို့ရှေ့သို့ ရောက်လာလိမ့် မည်ဟု မည်သူက ထင်ထားမည်နည်း။
လီဂျွန်ဟောင်တို့သည် စမ်းသပ်မှုအား အစကနေ ပြ န် လည်စတင်လိုက်ကြသည်။ဟူကျန်းကော်အပါအ ဝင် ဓာတ်ခွဲခန်းထဲရှိ လူအားလုံး၏ အကြည့်များမှာ မူ စမ်းသပ်သည့်ကိရိယာဆီသို့သာ ကျရောက်နေကြ သည်။
အခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး စ က္ကန့်အနည်းငယ်အကြာတွင် တိုင်းတာရရှိသော ကိန် းဂဏန်း အချက်အလက်များသည် ကွန်ပျူတာမျ က်နှာပြင်ပေါ်တွင် တဖြည်းဖြည်း ချိတ်ဆက်ကာ ပေါ်ထွက်လာ၏။
"ဘာလျှပ်စစ်စီးဆင်းမူ ခုခံနိုင်စွမ်း သုညလား.."
မျက်နှာပြင်ပေါ်တွင် ပြတ်ပြတ်သားသား ပေါ်လွင်နေ သော '0' ဂဏန်းများက အခန်းထဲရှိ လူတိုင်းအား ရ င်ခုန်သံ မြန်ဆန်သွားစေခဲ့သည်။ဟူကျန်းကော်သည် လည်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ လေကို ပြင်း ပြင်းရှူသွင်းလိုက်ပြီးနောက် ထပ်မံညွှန်ကြားလိုက် သည်။
“အပူချိန်ကို တဖြည်းဖြည်း မြှင့်ကြည့်ရအောင်.. ၂၅ ဒီဂရီစင်တီဂရိတ်၊ ၃၀ ဒီဂရီ၊ ၃၅ ဒီဂရီ... အဲဒီလိုမျိုး ငါးဒီဂရီစီ အလှည့်ကျ တိုးပြီး တိုင်းတာပေး .”
လီဂျွန်ဟောင်တို့က ဟူကျန်းကော်၏ ညွှန်ကြားချက် အတိုင်း စက်ခလုတ်များကို ကျွမ်းကျင်စွာ နှိပ်လိုက် ၏။မကြာမီမှာပင် ရလဒ်များ တစ်ခုပြီးတစ်ခု ထွက် ပေါ်လာသည်။
" ၂၅ ဒီဂရီစင်တီဂရိတ်အပူချိန်တွင် လျှုပ်စစ်စီးဆင် း မူခုခံနိုင်စွမ်း.. သုည။
"၃၀ ဒီဂရီစင်တီဂရိတ်တွင်လည်း... သုည.."
"၃၅ ဒီဂရီစင်တီဂရိတ်သို့ ရောက်သော်လည်း.."
သုည ဖြစ်နေဆဲပင်။
၄၀ ဒီဂရီစင်တီဂရိတ်သို့ မြှင့်လိုက်သည့်တိုင် အောင် 'သုည' ဆိုသည့် ဂဏန်းမှာမူ ပြောင်းလဲသွားခြင်း မရှိ ပေ။
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည် အား မည်သူမျှ သတိမထားမိကြချေ။တစ်နာရီကျေ ာ် ကြာမြင့်သွားသည့်တိုင် စမ်းသပ်မှုက ရပ်တန့်မ သွားဘဲ အပူချိန်အား ၇၀ ဒီဂရီစင်တီဂရိတ်အထိ မြှ င့်တင်ကာ တိုင်းတာနေကြသည်။
ထူးဆန်းသည်မှာ ယခင်တိုင်းတာခဲ့သည့် အပူချိန် အဆင့်တိုင်းတွင်လည်း လျှပ်စစ်စီးဆင်းမူခုခံနိုင်စွမ် းက သုညအဖြစ်သာ ခိုင်မြဲစွာ တည်ရှိနေခြင်းဖြစ် ၏။ဟူကျန်းကော်မှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့ အား သင့်နေမိသည်။
ယခု သူသိလိုက်ရသည်မှာ ဤမျှပါးလွှာသော ငွေ ဖြူရောင်သတ္တုနန်းကြိုးလေးတွင် လျှပ်စစ်စီးဆင်း မှု ခုခံအားစတင်ပေါ် ပေါက်လာစေရန်အတွက် အပူ ချိန်ကို မည်မျှအစွန်းထိ ရောက်အောင် မြှင့်တင် ပေး ရမည်နည်း ဆိုသည်ပင်။
.......
ရုံးခန်းထဲတွင်မူ...
ကျင်းဝမ်းရူ့သည် လက်ဖက်ရည်အား နှစ်ခွက်တိုင် တိုင် သောက်ပြီးသွားခဲ့သည်။သူသည် လက်ပတ် နာ ရီကို ပဉ္စမအကြိမ်မြောက် ငုံ့ကြည့်လိုက်မိသော အခ ါ မွန်းတည့် ၁၂ နာရီပင် ကျော်လွန်သွားပြီဖြစ် ကြေ ာင်း တွေ့လိုက်ရ၏။
သို့သော်လည်း ဟူကျန်းကော်ထံမှ ပြန်လာမည့် အရိ ပ်အယောင် မတွေ့ရသလို ဖုန်းမှတစ်ဆင့် စာတို ပေး ပို့ခြင်း သို့မဟုတ် WeChat မှ အသိပေးခြင်းမျိုးလ ည်း လုံးဝမရှိသေးပေ။
ကျင်းဝမ်းရူ့တစ်ယောက် ပေါ့ပေါ့ပါးပါးပင် ပြုံးလို က်မိသည်။ဟူကျန်းကော်ဆို့သည့် လူက သုတေသ နအလုပ်ထဲတွင် အာရုံနစ်ဝင်သွားပြီး အချိန်ကိုပါ မေ့ လျော့နေပြီဆိုသည်အား သူ နားလည်လိုက်၏။
ထိုသို့သော အခြေအနေမျိုးမှာ သူသည်လည်း မကြ ာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည် မဟုတ်ပေလော ။
“ဒီအဖိုးကြီးကတော့ တကယ်ကို အလုပ်အပေါ် စိတ် ရောကိုယ်ပါ ပုံအောထားတာပဲ..ငါလည်း သွားမှ ဖြစ် တော့မယ် ဟိုတယ်ကို အရင်ပြန်ပြီး တစ်ခုခု စားလို က်တော့မယ်..”
သူသည် ဟူကျန်းကော်ထံသို့ WeChat မှတစ်ဆင့် နှုတ်ဆက်စာတစ်စောင် ပေးပို့ထားခဲ့ပြီးနောက် ရုံး ခန်းထဲမှ ထွက်လာခဲ့သည်။
........
မွန်းလွဲပိုင်းသို့ ရောက်သောအခါ...
လျူယောင်သည် သူ့ ရုံးခန်းထဲ၌ အလုပ်မပြီးသေး ဘဲ ရှိနေဆဲဖြစ်၏။သူသည် အလုပ်ဆင်းချိန်ရောက် သည်နှင့် လီချန်လဲ့အား ကျောင်း၌ သွားကြိုရန်အ တွက်လည်း စိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားခဲ့သည်။
"တီ တီ..တီ.."
ထိုစဥ်မှာပင် ဖုန်းမြည်သံတစ်သံက လျူယောင့်၏ အတွေးများအား ဖြတ်တောက်လိုက်၏။ဖုန်းကိုင်လို က်သည်နှင့် ဟူကျန်းကော်ရဲ့ စိတ်လှုပ်ရှားနေသော အသံအား လျူယောင် ကြားလိုက်ရသည်။
“မစ္စတာလျူ..ခင်ဗျားပို့လိုက်တဲ့ ငွေဖြူရောင်သတ္တု ကို ကျွန်တော်တို့ စေ့စေ့စပ်စပ် စစ်ဆေးပြီးပါပြီ..”
ဟူကျန်းကော်၏ စကားများထဲမှ စိတ်လှုပ်ရှားမှုကို ခံစားမိလိုက်သည်နှင့် လျူယောင်၏ ရင်ထဲတွင်လ ည်း မျှော်လင့်ချက်ရောင်ခြည်များ သန်းလာ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သူသည် ဤကိစ္စကိုသာ ထပ်တလဲလဲ စဉ်းစားနေခဲ့ခြင်းဖြစ် သည်။ဤဆန်းကြယ်သော ငွေဖြူရောင်သတ္တုတွင် မည်သို့သော ဂုဏ်သတ္တိများ ကိန်းအောင်းနေသနည် းဆိုသည်အား သူ အကြိမ်ကြိမ် ခန့်မှန်းကြည့်ခဲ့ဖူး သည်။
ယခုမူ အဖြေက ထွက်ပေါ်လာပြီ ဖြစ်ဟန်တူ၏။မ ဟုတ်လျှင် ဝါရင့်သိပ္ပံပညာရှင်ကြီး ဟူကျန်းကော်၏ လေသံ၌ ဤမျှအထိ အံ့သြတုန်လူပ်နေစရာနေစရာ အကြောင်းမရှိပေ။
“မစ္စတာဟူ.မြန်မြန်ပြောပြပါဦးဗျာ..ခင်ဗျားက ဘ ယ်လို အံ့သြဖွယ်ရာတွေ တွေ့ရှိခဲ့လို့လဲ..”
“မစ္စတာလျူ... ဒီတွေ့ရှိချက်က တစ်ကမ္ဘာလုံးက သိ ပ္ပံပညာရှင်တွေကို ဆွံ့အသွားစေမှာ အသေအချာပါ ပဲ..ခင်ဗျားပို့လိုက်တဲ့ ငွေဖြူရောင်သတ္တုက.. သာမန် အပူချိန်မှာတင် အလုပ်လုပ်နိုင်တဲ့ စူပါလျှပ်ကူး ပစ္စ ည်းဗျ..အပူချိန် ၁၈၀ ဒီဂရီစင်တီဂရိတ်အထိ မြှင့်လို က်တာတောင် သူ့ရဲ့ လျှပ်ကူးနိုင်စွမ်းက လုံးဝမပျက် ပြယ်သွားဘူး..ကျွန်တော်တို့ ၃၀၀ ဒီဂရီစင်တီဂရိတ် အထိ အပူပေးပြီး ထပ်စမ်းကြည့်တော့လည်း သူ့ရဲ့ လျှပ်စစ်စီးကူးနိုင်စွမ်းက ‘ငွေ’ ထက်တောင် အဆ ပေါင်းများစွာ သာလွန်နေပါသေးတယ်..”
"သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်းလား.."
ထိုစကားလုံးကို ကြားရသောအခါ လျူယောင် မှင် သက်သွား၏။၁၈၀ ဒီဂရီစင်တီဂရိတ်ကဲ့သို့ အလွန် ပူပြင်းသော အခြေအနေတွင်ပင် လျှပ်ကူးနိုင်စွမ်း ရှိ နေရုံသာမက အပူချိန် ၃၀၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်သည့်တိုင် ကမ္ဘာပေါ်တွင် လျှပ်စစ်အကောင်း ဆုံးကူးနိုင်သည့် ‘ငွေ’ ထက်ပင် ပိုမိုစွမ်းဆောင်နိုင်သ ည့် ဤသတ္တုသည် လူသားတို့၏ နည်းပညာလောက အား တစ်ဆစ်ချိုး ပြောင်းလဲပစ်နိုင်တော့မည်လေ။
ငွေသည် လျှပ်စစ်စီးကူးမှု အကောင်းဆုံးသတ္တု ဖြစ် ကြောင်း လူတိုင်းသိထားကြ၏။ထို့ကြောင့်ပင် အဖိုး တန်ပြီး အကုန်အကျများသော်လည်း အဆင့်မြင့် လျှပ်စစ်ပစ္စည်းအချို့တွင် ငွေကို မဖြစ်မနေ ထည့် သွင်းအသုံးပြုကြရခြင်းဖြစ်သည်။
သို့သော်လည်း ယခုတွေ့ရှိချက်က ထိုအချက်ကိုပင် နောက်ကောက်ချသွားခဲ့ပြီဖြစ်ရာ လျူယောင်က ဝမ် းသာအားရဖြစ်ခဲ့ရ၏။
အထူးသဖြင့် အာကာသယာဉ်ပျက်ကြီး၏ ဧရိယာ အနှံ့တွင် ဤငွေရောင်သတ္တုများမှာ တောင်ပုံရာပုံ ရှိနေခြင်းဖြစ်သည်။အနည်းဆုံး တန်ချိန်ပေါင်း သန်း နှင့်ချီ၍ ရှိနိုင်သည်ဟု သူ တွေးမိလိုက်သောအခါ လျူယောင်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများမှာ ထိ န်းမနိုင်သိမ်းမရ ဖြစ်လာခဲ့၏။
“မစ္စတာဟူ... ဒါက တကယ်ကို မယုံနိုင်စရာကောင်း တဲ့ သတင်းပဲဗျာ..အဲဒီသတ္တုက ‘သာမန်အပူချိန် စူ ပါလျှပ်ကူးပစ္စည်း’ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် လုံးဝကို မမျှော်လင့်ထားခဲ့ဘူး..”
တစ်ဖက်မှ ဟူကျန်းကော်ကလည်း စိတ်အားထက် သန်စွာဖြင့် ပြန်ပြောလိုက်သည်။
“ကျွန်တော်တို့က အသေးစိတ် သုတေသနရလဒ်ကို အစီရင်ခံစာ ပြုစုပြီးပါပြီ..အခုပဲ ခင်ဗျားဆီ လာပို့ ပေးပါ့မယ်..”
လျူယောင် အချိန်ကို ကြည့်လိုက်ရာ ညနေ ၄ နာရီ ထိုးလုနီးပါး ရှိနေ၏။ဟူကျန်းကော်ဆိုသူက နာရီဝ က်အတွင်း ရောက်လာနိုင်မည်ဖြစ်ရာ အချိန်က အ တော်ပင် အဆင်ပြေလှသည်။
“ကောင်းပါပြီဗျာ.ရုံးခန်းထဲမှာပဲ ကျွန်တော် စောင့် နေပါ့မယ်..ခဗျား ရောက်လာရင် ကျွန်တော့်ရုံးခန်း ကိုသာ တိုက်ရိုက်လိုက်ခဲ့လိုက်ပါ..”