← Chapters

ခဗျား နောက်နေတာလား

Vol. 44 Ch. 540

ခဗျား နောက်နေတာလား

Vol. 44 Ch. 540

​ဟူကျန်းကော်သည် လေအဟုန်ဖြင့် ပြေးလွှားလာသ ကဲ့သို့ အလွန်ပင် လျင်မြန်လှသည်။

​မိနစ်နှစ်ဆယ်ခန့်အကြာတွင် လျူရောင်၏ရုံးခန်းသို့ ရောက်ရှိလာစဉ် သူ၏မျက်နှာထက်၌ ဖုံးဖိမရသော စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေ၏။

​“မစ္စတာလျူ... ခင်ဗျားပို့လိုက်တဲ့ ငွေရောင်သတ္တုက တကယ်ပဲ သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်း ဖြစ် နေတယ်ဗျ..ဒီသတင်းသာ ပျံ့သွားရင် သိပ္ပံ လောက တစ်ခုလုံး ငလျင်လှုပ်သလို တုန်လှုပ်ချောက်ချား သွားလိမ့်မယ်ဗျာ..”

​သူသည် တုန်ရင်နေသော လက်များဖြင့် အသေးစိ တ်စမ်းသပ်ချက် အစီရင်ခံစာအား လျူယောင်ထံ သို့ ကမ်းပေးလိုက်သည်။

​လျူယောင်သည်လည်း အစီရင်ခံစာကို အလောတ ကြီးပင် လှန်လှောဖတ်ရှုရင်း ဝမ်းသာအားရ ပြုံးမိ လိုက်၏။ဤသည်မှာ မျှော်လင့်ထားသည်ထက် ပိုမို ထူးကဲသော လက်တွေ့ဘဝ၏ အံ့သြစရာတစ်ခုပင်။

​“မစ္စတာဟူ.အရင်အတိုင်းပဲ ဒီအောင်မြင်မှုကို ခင်ဗျာ းတို့အဖွဲ့ရဲ့ သုတေသနရလဒ်အဖြစ် ကမ္ဘာကို ကြေ ညာလိုက်ရင် ဘယ်လိုနေမလဲ..”

​ထိုစကားကြောင့် ဟူကျန်းကော်သည် မိုးပေါ်က နတ် သုဒ္ဓါကျလာသလိုမျိုး အံ့ဩမှင်သက်သွားရသည်။

ထိုအောင်မြင်မှုအား မိမိတို့အဖွဲ့၏ အမည်ဖြင့် ထုတ် ပြန်ခွင့်ရခြင်းသည် မကုန်ခမ်းနိုင်သော ဂုဏ်သတင်း ကို ရရှိစေမည့်အပြင် နိုင်ငံတကာ နည်းပညာနယ်ပ ယ်တွင်လည်း သူ၏ အဆင့်အတန်းကို တစ်ဟုန်ထိုး မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

​ယခင်ကလည်း အနက်ရောင်သတ္တုကို မိမိတို့အဖွဲ့၏ သုတေသနရလဒ်အဖြစ် ကြေညာခဲ့စဉ်က ဟူကျန်း ကော်တစ်ယောက် နာမည်ဂုဏ်သတင်းများစွာ ရရှိခဲ့ သည်။

ယခုတစ်ကြိမ်တွင်မူ သိပ္ပံလောကအား အလှည့်အ ပြောင်းဖြစ်စေမည့် "သာမန်အပူချိန် စူပါလျှပ်ကူး ပ စ္စည်း"သာ ဖြစ်နေလျှင် သူရရှိမည့် ဂုဏ်ဒြပ်မှာ စိတ် ကူးကြည့်ရုံနှင့်ပင် ရင်ခုန်စရာ ကောင်းလှပေ၏။

​ဟူကျန်းကော်သည် တုန်လှုပ်နေသော စိတ်အား အ တတ်နိုင်ဆုံး ထိန်းချုပ်ကာ လေးနက်သောလေသံ ဖြင့် ပြောလိုက်သည်။

“မစ္စတာလျူ... ဒီကိစ္စက သိပ်ကို အရေးကြီးလွန်းပါ တယ်..ကျွန်တော့်ကို အချိန်နည်းနည်းလောက် ပေးပ ါဦး..သေချာစဉ်းစားပြီးမှ ခင်ဗျားကို ပြန်အကြော င်းကြားပါ့မယ်ဗျာ..”

​လျူယောင်က အေးအေးဆေးဆေးပင် ပြုံးလျက် ပြန်ဖြေလိုက်၏။

“ရပါတယ် မစ္စတာဟူ..ကျွန်တော့်ဘက်ကတော့ ဘာ မှ အရေးမကြီးပါဘူး.ခဗျား အဆင်ပြေသလိုသာဆုံ း ဖြတ်ပါ..”

​ခေတ္တမျှ စကားစမြည် ဆက်ပြောပြီးနောက် ဟူကျန် းကော်သည် နူတ်ဆက်ကာ ထွက်သွားခဲ့သည်။ လျူယောင်သည်လည်း လီချန်လဲ့ကို ကျောင်းကနေ သွားကြိုရန် တာဝါအပြင်ဘက်သို့ ထွက်လာခဲ့၏။

ယူနီဗာဆဲလ်တာဝါမှ ထွက်လာခဲ့သည့်တိုင် ဟူကျန်း ကော်၏ စိတ်အာရုံတို့မှာ မငြိမ်သက်နိုင်သေးပေ။သူ့ ခေါင်းထဲတွင်မူ အတွေးပေါင်းစုံ ဝင်နေ၏။

​

"မစ္စတာလျူရဲ့ ကမ်းလှမ်းချက်ကို ငါ လက်ခံသင့် လား.."

"တကယ့်လက်တွေမှာ ဒါကို ငါတို့ရှာဖွေတွေ့ရှိခဲ့တာ မဟုတ်ပဲနဲ့..ဒီလိုကြီးကျယ်တဲ့ အောင်မြင်မူကို ငါတို့ ရဲ့ သုတေသနရလဒ်အဖြစ် ကမ္ဘာကို လိမ်ညာပြီး ကြေညာသင့်လား"

ထိုမျှ ကြီးမားလှသည့် အခွင့်အရေးနှင့် ဂုဏ်သိက္ခာ တို့ သည် သူ့ရှေ့တွင် မက်လောက်စရာ ပန်းသီးတစ် လုံးလို ဆွဲဆောင်နေသော်လည်း ပညာရှင်တစ်ယော က်၏ ကျင့်ဝတ်နှင့် လောဘကြားတွင် သူ၏ စိတ်အ စုံမှာမူ လွန်ဆွဲနေပေသည်။

​ထိုစဉ်မှာပင် ကျင်းဝိန်ရူ့ထံမှ ဖုန်းဝင်လာ၏။

“လူအိုကြီးဟူ... ခင်ဗျား အလုပ်တွေပြီးပြီလားဗျ.. ဒီ ည အတူတူ ညစာစားကြရအောင်လေ..”

​ကျင်းဝမ်းရူ့၏ အသံကို ကြားမှပင် ဟူကျန်းကော် သည် မနက်က သူ့ကို ရုံးခန်းထဲတွင် အလျင်စလို ပ စ်ထားခဲ့မိသည်အား သတိရသွား၏။သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်း၏ ထူးခြားဆန်းပြားမှုက သူ့အ သိစိတ်တစ်ခုလုံးကို စိုးမိုးထားခဲ့သဖြင့် အခြားအရာ များအား သူ လုံးဝဘေးဖယ်ထားခဲ့မိခြင်း ဖြစ်သည် ။

​“အာ လူအိုကျင်း... တကယ် စိတ်မကောင်းပါဘူးဗျာ ကျွန်တော် အလုပ်တွေသိပ်များသွားလို့ ခင်ဗျားကို ပ စ်ထားခဲ့မိတယ်..ဒီအတွက် တောင်းပန်တဲ့အနေနဲ့ ဒီ ညညစာကို ကျွန်တော်ပဲ ဧည့်ခံပါရစေ..”

​“လူအိုဟူကလည်း... ကျွန်တော်တို့ကြားမှာ အားနာ စရာမလိုပါဘူး..ကျွန်တော်ပဲ ဖိတ်တာမို့ ကျွန်တော်ပဲ ကျွေးပါရစေ..ဆိုင်ကိုတောင် ဘိုကင် လုပ်ထားပြီးပြီ ဗျ..”

ဟူကျန်းကော်က အတင်း ပြန်ပြောလိုက်၏။

​“ဒါဆိုလည်း ခင်ဗျားကျွေးတာကို ကျွန်တော်က ပြန် ရှင်းပေးမယ်ဗျာ..ဒါတော့ ခွင့်ပြုမှဖြစ်မယ်..”

​ဖုန်းချပြီးနောက် ကျင်းဝမ်းရူ့ ချိန်းဆိုထားသည့် နေ ရာသို့ ဟူကျန်းကော် ကားမောင်း၍ ထွက်လာခဲ့သ ည်။ကျင်းဝိန်ရူ့ ရွေးချယ်ထားသော ဆိုင်မှာ တိတ်စိ တ်အေးချမ်းပြီး အဆင့်အတန်းမြင့်မားသည့် စား သောက်ဆိုင်တစ်ဆိုင်ဖြစ်ကာ သူတို့အတွက် သီးသ န့်နေရာမှာ ဆိုင်၏ တတိယထပ်တွင် ရှိနေ၏။

​ဟူကျန်းကော်သည်လည်း သူ၏လက်ထောက်နှင့်အ တူ သီးသန့်အခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် တ ပြိုင်နက် ကျင်းဝမ်းရူ့အား ထပ်မံတောင်းပန်လိုက် သည်။

“လူအိုကျင်း... စောစောကကိစ္စအတွက် တကယ် စိ တ်မကောင်းပါဘူးဗျာ..”

​ကျင်းဝမ်းရူ့ကတော့ ထိုကိစ္စကို အမှုထားပုံမရဘဲ ပြုံးရယ်ကာ ပြန်ပြောလိုက်၏။

“လူအိုဟူကလည်း... ဒီလိုအသေးအဖွဲလေးကို ဘာ လို့ ဒီလောက်ထိ စွဲလမ်းနေရတာလဲ..လာပါဦး... ခင် ဗျားကို ကျွန်တော့် လူတွေနဲ့ မိတ်ဆက်ပေးချင်လို့..”

​ထိုအခန်းထဲတွင် ကျင်းဝမ်းရူ့အပြင် အမျိုးသားသုံး ဦးနှင့် အမျိုးသမီးနှစ်ဦး ထိုင်နေကြသည်။၎င်းတို့ အားလုံးသည် ရှန်းယန်လျှပ်စစ်ဓာတ်အားလုပ်ငန်းစု မှ ကျင်းဝမ်းရူ့နှင့်အတူ လိုက်ပါလာသည့် အလယ် အလတ်အဆင့် မန်နေဂျာများ ဖြစ်ကြ၏။

​မိတ်ဆက်ပေးပြီးသည်နှင့် လူတိုင်းက လေးစားသမှု ဖြင့် မတ်တတ်ရပ်ကာ ဟူကျန်းကော်အား ရင်းရင်း နှီးနှီး လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။မကြာမီမှာပင် အနံ့အရသာနှင့် ပြည့်စုံသော ဟင်းပွဲများနှင့် အဖျော် ယမကာများ ရောက်လာကာ စားပွဲဝိုင်းအတွင်းရှိ အ ခြေအနေမှာ ပိုမိုပြည့်စုံလာခဲ့သည်။

​စားသောက်ရင်း စကားလက်ဆုံကျနေစဉ် ကျင်းဝမ်း ရူ့က သူ၏အစီအစဉ်အား ပြောပြလိုက်၏။

“လူအိုဟူ... မနက်ဖြန်မနက်တော့ ကျွန်တော်တို့ ယူနီ ဗာဆဲလ်တာဝါကိုပဲ အဓိကထားပြီး သွားလည်ကြမ ယ်ဗျ..အထူးသဖြင့် တာဝါရဲ့ ပထမထပ်ခန်းမမှာ ရှိ တဲ့ 'ရွှေနွားရုပ်ထုကြီးလေးကောင်' ကို ကျွန်တော် ကို ယ်တိုင် အားရပါးရ ကြည့်ချင်နေတာဗျာ..”

အလယ်အလတ်အဆင့် မန်နေဂျာ တစ်ဦးကလည်း ဖြတ်ပြောလိုက်၏။

“အဲ့ဒီရွှေနွားကြီးလေးကောင်က သာမန်မဟုတ်ဘူး. . တစ်ကောင်ချင်းစီက ရွှေ ၉၈ တန်နဲ့ ပြုလုပ်ထားတာ ဆိုပဲ..ကျွန်တော်လည်း ကြည့်ချင်နေတာ..”

“ကျွန်တော်ရောပဲ.. မနက်ဖြန်ကျရင် ခင်ဗျားတို့ ကျွန် တော့်ကို ဓာတ်ပုံများများရိုက်ပေးကြပါဦး.. အထူး သဖြင့် ရွှေနွားရုပ်ထုတစ်ကောင်ချင်းစီနဲ့ ဓာတ်ပုံ ရို က်ပေးကြပါ...”

ရွှေနွားကြီးလေးကောင်အကြောင်း ပြောသောအခါ လေထုအခြေအနေက ပိုနွေးထွေးလာကာ စကား ပြောဆိုမှုများ ပိုများလာ၏။

"တီ..တီ..တီ.."

ကံမကောင်းစွာဖြင့် ထိုအချိန်၌ ကျင်းဝမ်းရူ့၏ ဖုန်း မြည်လာပြီး နွေးထွေးပြီး အေးချမ်းသော လေထု အခြေအနေအား ဖြတ်တောက်လိုက်သည်။

ဖုန်းဖြေပြီးနောက် ကျင်းဝမ်းရူ့၏မျက်နှာအမူအရာ မှာမူ သိသိသာသာ ပြောင်းလဲလာကာ ယခင်လို သ က်သောင့် သက်သာမရှိတော့ပေ။

​ဟူကျန်းကော်က သူငယ်ချင်းဖြစ်သူ၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ကာ စိုးရိမ်တကြီး မေးမြန်းလို က်သည်။

“လူအိုကျင်း..ခဗျား. ကြည့်ရတာ တစ်ခုခု အဆင်မ ပြေဖြစ်နေသလိုပဲ..ဘာများဖြစ်လို့လဲဗျ..”

​သူငယ်ချင်းဟောင်း၏ ရင်းရင်းနှီးနှီး မေးမြန်းမှုကို ကြည့်ပြီး ကျင်းဝမ်းရူ့လည်း ဘာမှဖုံးကွယ်မထား တော့ဘဲ သက်ပြင်းချကာ ညည်းတွားမိသည်။

“ဟူး ငါ..ဟွာဟိုင်းမြို့မှာ ရက်အနည်းငယ်လောက် အေးအေးဆေးဆေး အနားယူမလို့ စိတ်ကူးထားတာ .အခြေအနေက ခွင့်မပြုဘူးထင်တယ်ကွာ. အလုပ် က ဖုန်းဆက်ပြီး သန်ဘက်ခါ အမြန်ပြန်လာဖို့ ပြော နေပြီ..လျှပ်စစ်လိုင်း အသစ်တည်ဆောက်ရေး ကိစ္စ အတွက် အဆင့်မြင့်အစည်းအဝေး ကျင်းပဖို့တဲ့”

​ဟူကျန်းကော်က ခေတ္တစဉ်းစားပြီးနောက် ​ပြောလို က်၏။

“ဒါဆို လူအိုကျင်း... ခင်ဗျားတို့အနေနဲ့ UHV (Ultra- High Voltage)အစား SHV ပို့လွှတ်မှုစနစ်ကို အသုံး ပြုဖို့ စဉ်းစားထားတာ ရှိလား..”

​“မစဉ်းစားရသေးဘူးဗျ..အနောက်တောင်ပိုင်းဒေသရဲ့ တောင်ထူထပ်တဲ့ မြေမျက်နှာသွင်ပြင်အရ လျှပ် စစ်လိုင်းဆွဲဖို့ ခက်ခဲတာကို တွက်ဆရင်တော့ SHV က ပိုအဆင်ပြေနိုင်တယ်.. ဒါပေမဲ့ ပြဿနာက အ ကွာအဝေး ဝေးလာတာနဲ့အမျှ လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုက ပိုကြီးမားလာလိမ့်မယ်..”

​အမှန်တကယ်တွင်မူ ပို့လွှတ်မည့် အကွာအဝေးနှင့် စွမ်း အင်ပမာဏ တူညီလျှင် UHV စနစ်သည် စွမ်း အင်ချွေတာရာတွင် ပိုမိုထိရောက်ပြီး လျှပ်စစ်ဆုံးရှုံး မှု နည်းပါးပေသည်။သို့သော်လည်း နည်းပညာလိုအ ပ်ချက် မြင့်မားလွန်းသည့်အပြင် ဆောက်လုပ်ရေးစ ရိတ်မှာလည်း အဆမတန် များပြားလှ၏။

​ထိုအခါ ဟူကျန်းကော်က သူ၏ အတွေးသစ်တစ်ခု အား အကြံပြုလိုက်သည်။

“လူအိုကျင်း... စူပါစွမ်းဆောင်ရည် ပို့လွှတ်မှုစနစ်ကို ရော ခဗျား စဉ်းစားကြည့်ပြီးပြီလား..ဒီနည်းလမ်းက ပို့ လွှတ်နိုင်စွမ်းအား 10,000 MVA အထိ ရောက်ရှိနို င်ရုံတင်မကဘဲ အဲဒီထက်တောင် ကျော်လွန်နိုင်တ ယ်လို့ ကျွန်တော် ကြားထားတယ်..ဒါက အနာဂတ် အတွက် တကယ့်ကို အလားအလာကောင်းတဲ့ နည်း ပညာပဲဗျ..”

ကျင်းဝမ်းရူ့မှာမူ ခေါင်းခါယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်၏။

“လူအိုဟူ.. စူပါ-စွမ်းဆောင်ရည် လျှပ်စစ်ပို့လွှတ်မှု စ နစ်က သီအိုရီအရပဲရှိသေးတယ်..အခြေအနေက သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်းတွေရှိဖို့ လိုတယ် ဗျ ..စူပါလျှပ်ကူးပစ္စည်းတွေမရှိဘဲ စူပါစွမ်းဆောင် ရည် လျှပ်စစ်ပို့လွှတ်မှုစနစ်အကြောင်း ဘယ်လိုလုပ် ပြောလို့ရမလဲဗျာ...”

ဟူကျန်းကော်က ပြုံးရယ်ကာ ပြန်ဖြေလိုက်၏။

“သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်းတွေက ပြဿ နာမရှိနိုင်ပါဘူး..ဒီနေ့တစ်နေကုန် ကျွန်တော် အလုပ် များပြီး ခင်ဗျားကို ရုံးခန်းမှာတောင် ထားခဲ့မိတယ်.. အဲ့ဒါ ဘာကြောင့်လဲဆိုတာ ခင်ဗျားသိလား..”

ဟူကျန်းကော်ကိုကြည့်ပြီး ကျင်းဝမ်းရူ့ခေါင်းခါယမ် း ယမ်းလိုက်၏။သူ တကယ်မသိပေ။

“ငါက သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်းတွေနဲ့ အ လုပ်များနေတာပါ. .ယူနီဗာဆဲလ်မှာ သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်းတွေရှိတယ်..ခင်ဗျားအနေနဲ့ ဒီ သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်းကို အသုံးပြုပြီး ကမ္ဘာ့ပထမဆုံး စူပါစွမ်းဆောင်ရည် လျှပ်စစ် ပို့ လွှ တ်မှုလိုင်းကို တည်ဆောက်နိုင်မယ်လို့ ကျွန်တော် ထ င်တယ်..”

“ဘာ..”

​“ယူနီဗာဆဲလ်လုပ်ငန်းစုမှာ သာမန်အပူချိန် စူပါ လျှ ပ်ကူးပစ္စည်းတွေ တကယ်ရှိနေတာလား...”

​ကျင်းဝမ်းရူ့မှာမူ မယုံကြည်နိုင်လွန်းသဖြင့် အံ့အား သင့်ကာ ရေရွတ်နေမိသည်။

“ဒါက အမှန်ပဲလား လူအိုဟူ... ကျွန်တော့်ကို ခဗျား နောက်နေတာတော့ မဟုတ်ဘူးမလား..”

​ဟူကျန်းကော်က အလေးအနက် ခေါင်းညိတ်ကာ ပြ န်ပြောလိုက်၏။

“ကျွန်တော်.. ခင်ဗျားကို လုံးဝမလိမ်ပါဘူးဗျာ.. မန က်ဖြန် ယူနီဗာဆဲလ်ကို ခဗျား သွားလည်တဲ့အခါ မစ္စ တာလျူနဲ့ ကိုယ်တိုင်တွေ့ပြီး စကားပြောကြည့်လိုက် လေ”

​ထိုစကားကြောင့် ကျင်းဝမ်းရူ့၏ ရင်ထဲ၌ စိတ်လှုပ် ရှားမှုလှိုင်းလုံးကြီးများ ရိုက်ခတ်လာခဲ့သည်။

"သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်းလေ.."

​အကယ်၍ ထိုပစ္စည်းသာ တကယ်ရှိနေလျှင် ၎င်းသ ည် စွမ်းဆောင်ရည်မြင့် လျှပ်စစ်ပို့လွှတ်မှုလိုင်းများ အတွက် အဖိုးမဖြတ်နိုင်သော ရတနာပင် ဖြစ်၏။စူ ပါစွမ်းဆောင်ရည် လျှပ်စစ်ပို့လွှတ်မှုလိုင်း တည် ဆောက်ခြင်းသည် နည်းပညာပိုင်းအရ အလွန်ခက် ခဲလှသည်တော့မဟုတ်ပေ။

အဓိက လိုအပ်ချက်မှာ အပူချိန်လျှော့ချစရာမလိုဘဲ လျှပ်စစ်စီးဆင်းနိုင်သည့် စူပါလျှပ်ကူးပစ္စည်းရှိနေဖို့ သာ ဖြစ်၏။

ဤပစ္စည်းသာ လက်ဝယ်ရှိပါကပို့လွှတ်နိုင်စွမ်းအား 10,000 MVA ထက်မက ကျော်လွန်သည့် စွမ်းအား မြင့် လျှပ်စစ်လိုင်းကြီးကို တည်ဆောက်နိုင်မည်ဟု ကျင်းဝမ်းရူ့ ယုံကြည်ချက်အပြည့် ရှိလာခဲ့၏သူ၏ မျှော်လင့်ချက်သည် သိသိသာသာ ပြင်းထန်လာကာ မျက်လုံးများမှာလည်း တောက်ပလာခဲ့သည်။

ကျင်းဝမ်းရူ့၏ ဘေးနားကလူတွေက ပို၍တောင် တုံ့ ပြန်ကြ၏။သူတို့အားလုံး အံ့အားသင့်နေကြကာ အ ချိန်အကြာကြီးကြာမှ သတိပြန်ရလာကြသည်။

“ဘုရားရေ..ကျွန်တော် အိပ်မက်မက်နေတာ မဟုတ် ပါဘူးနော်.. သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်းကို တကယ်ပဲ ယူနီဗာဆဲလ်က ထုတ်လုပ်လိုက်တာပဲ”

ဤပစ္စည်း ပေါ်ထွန်းလာမှုသည် လက်ရှိကမ္ဘာ့စက်မှု ကဏ္ဍ အသီးသီးအား အခြေခံမှစ၍ ပြောင်းလဲပစ်နို င်ပေသည်။

​သာမန်အပူချိန် စူပါလျှပ်ကူးပစ္စည်း၏ အသုံးဝင်ပုံမှ ာ အတိုင်းအဆမရှိ ကျယ်ပြန့်လှ၏။

လျှပ်စစ်ကေဘယ်ကြိုးများအပြင် စွမ်းဆောင်ရည် မြင့် မော်တာများ၊အမှုန်အရှိန် မြှင့်စက်များ၊လျှပ်စစ် ရထားများ၊ နူကလီးယား ပေါင်းစပ်မှုနှင့် ခေတ်မီစွမ် းအင်သို လှောင်မှုစနစ်များတွင်ပါ အဓိကကျသော အစိတ်အပိုင်းအဖြစ် ၎င်းအား အသုံးပြုနိုင်တော့မ ည်လေ။

​ထိုအချက်ကို သဘောပေါက်သွားကြသောအခါ စား ပွဲဝိုင်းမှာရှိသော လူတိုင်းသည် ငေးမောနေရာမှ သ တိပြန်ဝင်လာကာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးငြင်းခုံနေကြ၏။

တိတ်ဆိတ်နေသော လေထုအခြေအနေသည် ချက် ချင်းဆိုသလိုပင် ပြန်လည် အသက်ဝင်လာကာ အန ာဂတ်သိပ္ပံလောက၏ အလားအလာများအကြောင် းအား လူတိုင်းက ဆူညံစွာ ပြောဆိုနေကြပေသည်။

All Chapters